• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 17, February 28, 2023)

၁။ AFP ပါတီရပ်တည်ရေးအတွက် AA နှင့်ဆက်စပ်သူများ ပါတီမှ နှုတ်ထွက်ပေးရန် ဒေါက်တာအေးမောင် ပြော
February 28, 2023

ရခိုင့်ဦးဆောင်ပါတီ AFP တွင် ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် ULA/AA နှင့် ဆက်စပ်မှုရှိပါက ပါတီရပ် တည်ရေးအတွက်နှုတ်ထွက်ကြရန်နှင့် လက်ရှိပါတီကို မှတ်ပုံတင်လိုက် ကြောင်း ပါတီခေါင်းဆောင်ဖြစ်သူ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောသည်။ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်ဦးဆောင်ပါတီမှာ မကြာသေးခင်က စစ်ကောင်စီမှ ပြဌာန်း ထားသည့် နိုင်ငံပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်အရ ပါတီအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှတ်ပုံတင်လိုက်ခြင်းဖြစ်သည်။ သို့ကြောင့် ပါတီမှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် မတရားအသင်း၊ အကြမ်းဖက် အသင်းတို့နှင့် ဆက်သွယ်သူများကို ပါတီဝင်အဖြစ်လက်ခံ၍ မရသည့် ပြဌာန်းချက်ကြောင့် ပါတီဝင်များထဲတွင် ထိုသို့ဆက်သွယ် မှုရှိပါက ပါတီအတွက် နှုတ်ထွက်ပေးကြရန် ဒေါက်တာအေးမောင် က ပြောသည်။ “နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ် အရပြောထာဖြစ်တယ်။ ရခိုင်ဒေသကမွန်၊ ကရင်၊ ရှမ်းတို့နဲ့မတူဘူး။ ရခိုင်မှာ လက်နက်ကိုင်အဖွဲ့ထဲက မတရားအသင်း၊ အကြမ်းဖက်စသည်ဖြင့် ကြေညာထားတဲ့အဖွဲ့တွေရှိတယ်။ အဲ့အဖွဲ့တွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်သွယ် လို့ရှိရင် ပါတီဝင်အဖြစ်လက်မခံရဘူးလို့ ပြဌာန်းချက်ရှိတယ်။ ဒီလိုဆိုတော့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ့်ဘာသာ သုံးသပ်ကြဖို့ အကယ်၍ဆက်သွယ်လို့ရှိရင် သူတို့ကို SP တို့ စရဖတို့က စစ်လိမ့်မယ်။ အဲ့တော့မှ UEC ကိုတင်ပြတဲ့အခါ ရှင်းမယ်။ ဒါကြောင့် AFP မှာ အဲ့လိုများရှိခဲ့ရင် ပါတီမှတ်ပုံတင်ဥပဒေသစ်အရ ပါတီတည်မြဲ ရေးအတွက် လိုအပ်လာတဲ့အတွက် ကိုယ့်ဟာ ကိုယ် လမ်းရွေးကြရတော့မယ်” ဟုပြောသည်။

AFP ပါတီမှာ မိမိတို့လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းနေခြင်းဖြစ်ပြီး မည်သည့်အဖွဲ့စည်းနှင့်မှ ဆက်သွယ်ခြင်းမရှိဟု ဒေါက်တာအေးမောင် က ဆက်ပြောသည်။ “ဒေါ်အေးနုစိန်တို့၊ ဒေါက်တာအောင်‌ကျော်မင်း တို့ ဦးဦးမင်းအောင် တို့နဲ့ ကျနော်နဲ့တူလား။ အဲ့ဒါတွေသုံးသပ်ဖို့လိုတယ်။ လစာယူထားလား ဝန်ကြီးချုပ်ရာထူးတောင်းထားလား။ Dr သက်သက်ခိုင်လို ရာထူးမျိုး AFP ကိုပေးခဲ့တာရှိတယ်။ ယူခဲ့လို့လား။ တလောက AA ကဖမ်းတယ်ဆိုပြီး လာမေးကြတဲ့ သူတွေရှိတယ်။ AA ကဘာလို့ဖမ်းမှာလဲ။ AA နဲ့ကျနော်နဲ့က ရန်သူလား။ ကိုယ်က နိုင်ငံတော်သစ္စာဖောက်မှုဥပဒေနဲ့ ပြစ်ဒဏ်ကျခဲ့ တယ်။ အဲ့ပြစ်မှုက လက်ကျန်ရှိသေးတယ်။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ အရလည်း ရွေးကောက်ပွဲဝင်ခွင့် တားဆီးခံထားရဆဲပဲ။ ဒီကြားထဲ ဘယ်လုံခြုံရေးအဖွဲ့စည်းက ‌ကိုယ့်ကိုစောင့်ရှောက်လဲ မပြောတတ်ဘူးလေ။ စောင့်ရှောက်တာလား၊ ထွက်ပြေးမှာ ကြောက်လို့ စောင့်ကြည့်တာလားပေါ့။ ကိုယ်ကတော့ ငြိမ်းချမ်းရေးနည်းပဲသွားနေတာ လက်ရှိအကျည်းကျပ်ကို ထွက်ပေါက်‌ ပေးဖို့ ဒါပဲ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် မဟုတ်ရင် လူထုဒုက္ခရောက်တယ်” ဟုပြောသည်။ စစ်ကောင်စီမှ ပြဋ္ဌာန်းသည့် ပါတီ မှတ်ပုံတင်ခြင်းဥပဒေသစ်နှင့်ပတ်သက်၍ ရခိုင်ကပါတီအများစုမှာ ဆွေးနွေး နေကြဆဲဖြစ်ပြီး ထိုအထဲမှ ALD မှာ မှတ်ပုံမတင် ရန်ဆုံးဖြတ်ထားကာ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှာ မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။ https://www.facebook .com/westernnewsagency/photos/a.119286173211229/721752886297885/

၂။ စစ်ကောင်စီရဲ့ ရိက္ခာကားတန်းကို KA ၊ KNDF က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေဆုံး
February 27, 2023

ဖေဖော်ဝါရီ ၂၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်ခန့်က တာတမောစခန်းကနေ ရှားတောဗျူဟာကုန်းကို အိမ်စီးကားများနဲ့ ရိက္ခာသယ်ယူလာတဲ့ စစ်ကောင်စီယာဥ်တန်းကို KA KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KMIC က ထုတ်ပြန် ပါတယ်။ “သူတို့က လွိုင်ကော်ကနေ ကားလမ်းအတိုင်း ရိက္ခာပို့လို့ မရတော့ဘူးလေ၊ အဲ့တာကြောင့် ရှမ်းပြည်အထိကို စက်လှေနဲ့ မြစ်အတိုင်းသယ်ရတယ်၊ အရှေ့လထဲက အဲ့လိုသယ်နေတာပေါ့၊ မြစ်ကမ်းခြေက တာတမောစခန်း ကနေ သူတို့စခန်းထိုင်တဲ့ ဗျူဟာကုန်းနဲ့ အန္တရာယ်ကွေ့စခန်းတွေဆီကျ ဖိုးဝှီးနဲ့ ပြန်သယ်တာပေါ့၊ အဲ့ဒီကားတွေက လူထုဆီက ချောဆွဲလာသလား၊ ဘယ် လိုလဲတော့မသိဘူး၊ မိုးမလင်းသေးတဲ့ အချိန် လှုပ်ရှားကြတာ၊ ကျတော်တို့တပ်ဖွဲ့တွေက လှုပ်ရှားမှု သတင်းရတော့ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ တိုက်ပွဲနဲ့ပက်သက်ပြီး KA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ လွိုင်ကော်ကနေ ရှားတောကို ကား လမ်းအတိုင်း ရိက္ခာမပို့နိုင်တော့တဲ့ စစ်ကောင်စီဟာ ရှမ်းပြည် တာတမောစခန်းအထိ သံလွင်မြစ်အတိုင်း စက်လှေနဲ့ ရိက္ခာပို့ ဆောင်နေရပြီး ရှားတောဗျူဟာ ကုန်းနဲ့ အန္တရာယ်ကွေ့စခန်းတွေဆီ အိမ်စီးကားတွေနဲ့ ရိက္ခာသယ်ယူနေစဥ် ကြားဖြတ်တိုက်ခိုက် ခံရတာဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲဟာ ၁ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ KA ရဲဘော်တဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။ “တိုက်ပွဲဖြစ်တဲ့ အချိန်က မိုးမလင်း သေးဘူး၊ ပထမကားတစီးက ပျက်စီးသွားတယ်၊ အဲ့ဒီမှာ စစ်သား ငါးယောက် သေတယ်၊ ကျတော်တို့ နောက်မှ အဲ့ဒီကားပြန်ယူဖို့ လာတော့ သူတို့ လမ်းကင်းလုံခြုံရေးကနေ eighty one မမ လက်နက်ကြီးနဲ့ ပစ်ကြတယ်ပေါ့၊ အဲ့ဒီမှာ ရဲဘော်တယောက် ခြေသလုံးကို ကျည်စထိသွားတယ်၊ အသက် အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ၎င်းက ဆက်လက်ပြောပြပါတယ်။ ယခုတလအတွင်း ကရင်နီတပ်မတော်နဲ့ ပူးပေါင်းတပ်များ ဟာ ရှားတောအရှေ့ဘက်ခြမ်းအတွင်း စစ်ကောင်စီရဲ့ ရိက္ခာပို့ယာဥ်တန်းကို ၄ ကြိမ်ထပ်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်သား ၅ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=216753474210586&set=a.1699 94352219832

၃။ ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်
February 28, 2023

တရုတ် – မြန်မာ ကုန်သွယ်ရာလမ်းဖြစ်တဲ့ ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက် ရှုခင်းသာနားက ပြည်ထောင်စုလမ်းမ ပေါ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခန့်ကစပြီး စစ်တပ်နဲ့ ကေအိုင်ကေတို့ တိုက်ပွဲဖြစ်ပွားနေလို့ လမ်းပိတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံ လူငယ်တဦးက “ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား။ ရှုခင်းသာနားမှာလေ။ နမ့်တွန်းချောက် လို့လည်း ခေါ်ကြတယ်။ အဲဒီနားမှာ ဖြစ်တာ”လို့ ပြောပါတယ်။ ဒီမနက် ၁၀ နာရီလောက်ကတည်း တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသွားကားတွေ လမ်းမှာ ပိတ်မိ နေလို့ ဆက်သွားလို့ရတော့ဘူးလို့ ‌ပိတ်မိနေသူ ခရီးသွားတဦးက ပြောပါတယ်။

ရှုခင်းသာနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီ မကြာခဏ တိုက်ပွဲဖြစ်လို့ ကားအသွားအလာ ရပ်ထားရတာမျိုး မကြာခဏ ကြုံရတယ်လို့ ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ “ဒီမှာ ခဏခဏ ဖြစ်တယ်လေ။ ချလိုက်၊ ဆက်ကြေးကောက်လိုက်။ ဟိုကောင်တွေက လာတွယ်လိုက်။ ပြီးရင် ထွက်သွားလိုက်နဲ့။” ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၇ ရက်အထိ KIA တပ်ရင်း ၉ နဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် နဲ့ ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ http://burmese.dvb.no/archives/581190

၄။ စစ်ကောင်စီ၏ အပြုအမူမပြင်ဆင်ပါက တိုက်ပွဲဖြစ်မည်ဟု AA ပြော
February 27, 2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည် တောင်ကုတ်၊ သံတွဲနှင့် အခြားသော မြို့နယ်များက ကျေးရွာများအတွင်း သွားလာလှုပ်ရှားကာ ရက္ခိုင့်တပ်တော် (ULA/AA)နှင့် ပတ်သက်ဆက်ဆံမှု မပြုလုပ်ရန်နှင့် ထောက်ပံ့မှု မပေးရန် ဒေသခံများ ဖိအားပေးပြောဆိုနေခြင်းသည် တိုက်ပွဲကို ဦးတည်နေကြောင်း ရက္ခိုင့်တပ်တော်က ပြောသည်။ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် လှုပ်ရှားမှု မှန်သမျှကို အချိန်ပြည့် အထူးသိထားစောင့်ကြည့်လျက်ရှိကြောင်း ယနေ့ဖေဖော်ဝါရီ ၂၇ ရက် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ “မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်အပြုအမူ တွေကို ဆက်လို့ ဆိုးဆိုးရွားရွားလုပ်လာ မယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်ပါတယ်” ဟုပြော သည်။ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့စတင်ခဲ့ပြီး သုံးလကြာ အပစ် အခတ်ရပ်စဲထားသည့်ကာလအတွင်း ၁၇ (၁) နှင့်ဖမ်းဆီးခံထားရသူများ၊ တရားစွဲခံထားရသူများ၊ အချုပ်နှင့် ထောင်ဒဏ်ကျခံ နေရသူများအားလုံးကို ပြန်မလွှတ်ပေးရမည့် ကတိရှိသည်ဟုဆိုသည်။ “လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်က အခုဆို သုံးလ ပြည့်သွားပါပြီ။ မတရားဖမ်းဆီးထားတဲ့ အာရက္ခပြည်သူပြည်သားတွေကို ပြန်လွှတ်ပေးရမယ် ဆိုတဲ့ ကတိကဝတ်ရှိပါ တယ်။ အခုအချိန်ထိတော့ ပြန်လည်လွှတ်ပေးတာမျိုး မရှိသေးဘူး။ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ မလွတ်မြောက် သေးဘဲနဲ့ နောက်တဆင့်တက်ဖို့က အတားအဆီးကြီးဖြစ်တယ်။ မတရားဖမ်းဆီးခံထားရတဲ့ အာရက္ခပြည်သူတွေ ပြန်လွတ် မြောက်လာမှာသာ နောက်ထပ်ဘာတွေ ဆက်လုပ်သွား မယ်ဆိုတာကို ကျနော်တို့က ဆုံးဖြတ်မယ်” ဟု ပြောသည်။

ထို့အပြင် သဘောတူညီမှုနောက်တစ်ခုဖြစ်သည့် အပစ်ရပ်ကာလအတွင်း ရခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းများအားလုံး ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာကုန်သွယ်ခွင့်ကို ဆောင်ရွက်ပေးရန်လည်း စစ်ကောင်စီဘက်က လုပ်ပေးရန်လိုအပ်သည်ဟု ဦးခိုင်သုခ က ပြောသည်။ “လူသားချင်စာနာမှုဆိုင်ရာအပစ်ရပ်ကာလမှာ မတရားဖမ်းဆီးခံထားရသူ တွေကို ပြန်လွှတ်ပေးဖို့နဲ့ ကုန်စည်စီးဆင်းမှုကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုဖို့ ဒီနှစ်ချက် ကတိကဝတ်ရှိ တယ်။ စစ်ကောင်စီဘက် ဒီနှစ်ချက်ကို မလုပ်ပေးဘူးဆိုရင် ရှေ့ဆက်အခက်အခဲရှိတယ်” ဟု ပြောသည်။ စစ်ကောင်စီဖက်မှ AA နှင့်ဆက်စပ်မှုဖြင့် ဖမ်းဆီး အကျည်းချထားသူများထဲမှ တစ်ချို့ကို နေ့ကြီးရက်ကြီးများတွင် လွှတ်ပေးခြင်းရှိသော်လည်း ပြန်လည်လွတ်မြောက်ရန် ရခိုင် ပြည်သူများ အများကြီးကျန်ရှိနေသေး၍ ထပ်မံလွှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။ https://www.faceboo k.com/westernnewsagency/photos/a.119286173211229/721183559688151/

၅။ နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး
February 23, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့ ရက်ပေါင်း (၆၀) တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့ သည်ဟု Chinland defense Force-Thantlang ကထုတ်ပြန်သည်။ Tilim Operation အဖြစ် Chinland defense Force-Thantlang နှင့် Chin National Army တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ၂၉ ရက် ည ၁၁နာရီမှ စတင်ကာ ရက်ပေါင်း (၆၀) အ တွင်း စစ်ဆင်လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ နေရာယူထားသည့် ရဲစခန်းအတွင်းရှိ နေအိမ် ၅ လုံးကို ဖျက်ဆီးခဲ့သလို ဇန်နဝါရီ ၂ ရက်တွင်လည်း နေအိမ် ၂ လုံးကို ထပ်မံဖျက် ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် ဖေဖော်ဝါရီ ၁ ရက်၊ ၈ ရက် ၊ ၉ ရက်နေ့များတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ နေရာယူထားသာည့် CB Bank နှင့် ထန်တလန်မြို့ ရဲစခန်း နေရာများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းမိခဲ့ပြီး လက်နက် ၅၀ နီးပါး သိမ်းဆည်း ရမိခဲ့သည်။ ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ များတွင် ထောက်ပို့လာသည့် စစ်ကောင်စီ လေကြောင်း သုံးရဟတ်ယာဉ် MI – 17 ၏ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ Tilim Operation စပြီး ရက်ပေါင်း ၆၀ အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး Chinland defense Force-Thantlangမှ ရဲဘော် ၄ ဦးနှင့် Chin National Armyမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် အကြိမ်ပေါင်း ၉၅ ကြိမ်ကျော်ပစ်ခဲ့သည်ဟု ဆိုသည်။လတ်တလောတွင် တိုက် ပွဲများ ဆက်လက် ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားသွားလာရန် ကာကွယ်ရေးအဖွဲ့ များက သတိ ပေးထားသည်။ https://www.facebook.com/th anlwinkhetnews/photos/a.213591732406733/16757214228604

၆။ ဒီးမော့ဆိုတွင် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၂ ဦး သေဆုံး
February 28, 2023

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့၌ အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်မှုကြောင့် အရပ်သား ၂ ဦး ထိမှန်သေဆုံးပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း ကျေးရွာများအား လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ရာ စစ်ဘေးရှောင်များနေထိုင် ရာသို့ ကျရောက်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး သေဆုံးကာ ၎င်း၏ခင်ပွန်းဖြစ်သူနှင့် အခြားသော အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ သေဆုံးသူတွင် အသက် နှစ်နှစ်ခွဲခန့်အရွယ် သား ၁ ဦး ကျန်ရစ်ခဲ့ပြီး ၎င်း၏ အသက် ၇၀ ခန့်အရွယ် မိခင်ဖြစ်သူမှာ လည်း လက်နက်ကြီး ထိမှန် သေဆုံးရသည့် ဖြစ်စဉ်များကြောင့် နှလုံးရောဂါဝေဒနာ ပြန်လည် ခံစားနေရကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ဘော်လခဲအခြေစိုက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇၀ ခန့်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး အခြားသူ ၂ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။ ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ဖယ်ခုံမြို့အခြေစိုက် စကခ-၇ တပ်မှ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တောင်စလုံးကျေးရွာမှ အသက် ၄၆ နှစ်အရွယ် အရပ်သားအမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ သည်။ https://www.facebook.com/theirrawaddyburmes e/photos/pcb.6537977689579661/6537970846247012/

၇။ ရွှေကူတွင် စစ်ကောင်စီ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ ၂ ဦးသေဆုံး
February 27, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် တစ်စီး ဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်း ၃ နာရီ အချိန် ငပေါက်ကျေးရွာ၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီး ဧရာဝတီမြစ်ကမ်း နဘေးတွင် လက်လုပ်လက်စား ရွှေတူးဖော်းနေသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လာရောက် တိုက်ခိုက်ခဲ့ပြီး ထိုနေရာတွင် အမျိုးသား ၂ ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “လေယာဉ်ကတစ်စီးထဲပဲလာဝဲပြီး ဗုံးကျဲသွားတာ ငပေါက်ရွာရဲ့ ရှေ့တည့်တည့်မှာဟုတ်တယ်။ သင်္ဘောအင်းဘက်ကိုကျဲတာ သူတို့က အဲ့ဒီနေရာမှာ လက်လုပ်လက်စား ရွှေလုပ်ကိုင်နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားလို့ကို လာပစ်ကြတာ။ အဲ့နားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူးလေ။ အဲ့နားတဝိုက်က ရွှေတူးဖော်တဲ့သူတွေ လောက်ပဲရှိ တာ စက်ယန္တရားကြီးတွေနဲ့လည်းမဟုတ် ဘူး။ တစ်ရက် တစ်ရွေးရရ နှစ်ရွေးရရ ဆိုပြီးလာလုပ်ကြတဲ့သူတွေပဲ အဲ့နေရာမှာ လာပစ်သွားတော့ ၂ ယောက်ကတော့ ပွဲချင်းပြီး ဖြစ်သွားတယ်”ဟုပြောသည်။

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးသည့်အပြင် ပြည်သူအများအပြား လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီး ဆေးကုသခံယူနေရကြောင်း သိရသည်။ ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အရပ်သား ပြည်သူများရှိသည့်နေရာတွင် လာရောက် တိုက်ခိုက်မှုသည် စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် လုပ်ငန်းရှင်များ၏ တိုင်တန်းချက် ကြောင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု နောက်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ “အခုကြားနေရတာ ရွှေဖောင် ကြီးတွေနဲ့ တူးနေတဲ့ လူတွေက စစ်တပ်ကို ပိုက်ဆံတွေပေးပြီး တူးခဲ့တဲ့နေရာလည်းဖြစ်တယ်။ အဲ့ခါတုန်းကတော့ ဒီကဒေသခံ တွေ၊ ဘုန်းတော်ကြီးတွေခဏခဏ ကန့်ကွက်တာတွေ ဖြစ်တဲ့နေရာဖြစ်တယ်။ သူတို့လွတ်လွတ်လပ်လပ်မလုပ်ရလို့ဆိုပြီးတော့ စစ်တပ်ကိုတိုင်တာတဲ့။ ဒီနေ့ ရွှေကူမှာအစည်းအဝေးလုပ်တယ်ပြောကြတယ်။ အဲ့အစည်းအဝေး ပြီးတာနဲ့ တစ်ခါထဲလာပစ်တာ ဖြစ်နိုင်တယ်”ဟုပြောသည်။ စစ်ကောင်စီ၏ လက်ချက်ကြောင့် ဗုံးစထိမှန်သေဆုံးသွားသည့် အရပ်သား၂ ဦးအနက် တစ်ဦးမှာ မိုးစစ်ကျေးရွာဒေသခံတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ပေါက်ကုန်းကျေးရွာမှ ဖြစ်ကြောင်းသိရသည်။ https://burmese.kachin news.com/2023/02/27/az2-21-2/

၈။ စစ်ကောင်စီရွေးကောက်ပွဲကို မကူညီဘူးလို့ AA ပြော
February 27, 2023

စစ်ကောင်စီ စီစဥ်‌နေတဲ့ ရွေးကောက်ပွဲကို ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပံ့ပိုးကူညီမှာ မဟုတ်ဘူး လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခ က ဖေဖော်ဝါရီ ၂၇ ရက်နေ့ အွန်လိုင်းကပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေဆက် အဖမ်းခံနေရမယ်ဆိုရင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဦးခိုင်သုခ က ပြောပါတယ်။ “ကျနော်တို့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေမယ်၊ ပြည်သူတွေ ဆက်ပြီး အဖမ်းခံ နေရမယ်၊ တိုက်ခိုက်ခံနေရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲအဆင်ပြေမှာမဟုတ်ဘူး။ ဒီလိုဆိုရင် ရွေးကောက်ပွဲ က ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ULA/AA အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပါပဲ” မြန်မာ အစိုးရအဆက်ဆက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေရဲ့ ဘဝတိုးတက်ရေး အတွက် တစ်စုံတစ်ရာ အထောက်အကူမပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာလည်း တောင်ကုတ်၊ သံတွဲ၊ မောင်တော စတဲ့ မြို့နယ် တွေက ပြည်သူတွေကို ULA/AA နဲ့ မပတ်သက်ဖို့၊ အဆက်အသွယ် အထောက်အပံ့တွေ မပေးဖို့နဲ့ AA ဟာ တရားမဝင်အဖွဲ့ ဖြစ်တယ်လို့ တစ်ရွာဝင် တစ်ရွာထွက် ပြောဆိုနေတယ် လို့လည်း ဦးခိုင်သုခ က စွပ်စွဲခဲ့ပါတယ်။ AA အနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အထူးသတိထားစောင့်ကြည့် နေပြီး အခုလို လုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို အချိန်မရွေး ပြန်ရောက် သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစလို့ လူသားချင်းစာနာမှုအရဆိုပြီး ယာယီအပစ်ရပ်ခဲ့ကြတာပါ။ အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူဦးရေ စာရင်းတွေ ကွင်းဆင်းကောက်ခံနေပါတယ်။ https://www.rfa.org/burmese/news/aa-junta-election-02272023022425.

၉။ မင်းတပ် အမ်လောင်းရွာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအ၀င် လေးဦးသေဆုံး
February 27, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမ်လောင်းရွာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် မိသားစု သုံးဦးနဲ့ CDF တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ သေဆုံးသူတွေဟာ ကလေးငယ်၊ ကလေးရဲ့မိဘနှစ်ဦးနဲ့ မင်းတပ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ သေဆုံးတဲ့ မိသားစုဝင် အရပ်သား သုံးဦးရဲ့ အမည်နဲ့ အသက်အရွယ်ကို လုံခြုံရေး အခြေအနေရ ဖော်ပြနိုင် ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ CDF တပ်ဖွဲ့ ဝင်ကတော့ ဗိုလ်အဆင့်ရှိ မင်းတပ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ချင်းအမျိုးသား ဆလိုင်းဘီလီအောင်ထန်း ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က သူဟာ မင်းတပ်မြို့ က ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကနေ အမ်လောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးတဲ့အပြင် ကလေးငယ် နှစ်ဦး အပါအဝင် နောက်ထပ် ရွာသား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က မင်းတပ်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကနေ ဒေသခံတွေ ရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www .rfa.org/burmese/news/chin-weapon-02272023032635.html

၁၀။ လဝါးကျေးရွာတွင် လူသတ်မှုကျူးလွန်သူများကို KIA ဖမ်းဆီးစစ်ဆေးနေသည်ဟုဆို
February 28, 2023

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် ပြည်သူကိုးဦး ဖမ်းဆီး သတ်ဖြတ်ခံခြင်းနှင့် ပတ်သက် ပြီး ကျူးလွန်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့က အုပ်စုလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ UG Black K အဖွဲ့ဝင် အချို့နှင့် ကေအိုင်အေ တပ်မဟာ (၂)၊ တပ်ရင်း (၂၀) မှတပ်သားများ အပါအဝင် ၂၀ ဦးခန့်ကို ကေအိုင်အေဌာနချုပ်တွင် ဖမ်းဆီး ထားသည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ဒီဖြစ်စဉ်မှာပါဝင်တဲ့တချို့တပ်သားတွေက ကျင်းတူးတယ်၊ အဓိက ကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့၊ ဒလန်ဆိုတဲ့စကားလုံးကြားတာနဲ့ အရမ်းထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ဒလန် ထင်တယ်ဆိုတဲ့ ’ထင်’တစ်လုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့” ဟုပြောသည်။ လူသတ် အလောင်းဖျောက်မှုကျူးလွန်ခဲ့ပြီး တစ်လအကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အမှုမှန်ပေါ်ပေါက် ရေးကော်မရှင်နှင့်အတူ မိသားစုဝင်များက အလောင်းများကို ပြန်လည်တူးဖော်ခဲ့ကာ မီးရှို့သင်္ဂြိုလ် ခွင့်ရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။ “အသတ်ခံရတဲ့ကိုးယောက်ရဲ့ အလောင်းတွေကို ကျင်းထဲကနေထုတ်တယ် မီးသင်္ဂြိုဟ်တယ်၊ ကောင်းကောင်းပြန်ပြီး မြုပ်လိုက်တာပေါ့။ ရုပ်အလောင်းမြုပ်ထားတာကတော့ လဝါးရွာမှာပဲ၊ ရွာရဲ့ ချောင်ကျတဲ့နေရာဘက်မှာ မြုပ်ထားတာ” ဟုသူကပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့၊ ဆားမှော်ကျေးရွာ၊ မိုးကောင်းမြို့၊ ဖားကန့်မြို့နှင့် နမ္မတီးမြို့တို့မှ အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ကချင်လွတ်မြောက်ရေးတပ်နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှုများပြုလုပ်နေကြောင်း သိရသည်။ သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနှစ်ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန်နှစ်ဦးကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ဒေသခံတစ်ဦးက ပြောသည်။ “သူတို့မောင်နှမတွေ (ဦးလဇွမ်တူးလွမ်) က ကျွန်တော်တို့ ဗန်းမော်က ဟုတ်တယ်။ သူတို့က မဂေါင်းတောင်ရွာမှာ ၂၀၁၉ လောက်ကတည်းက ခြံလုပ်တာ ဖားကန့်မှာလည်း အလုပ်လုပ် တယ်။ အဲ့ဒီညက သူတို့မိသားစုဝင် တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ။ ငါးမျှားကြ၊ ကြက်သတ်စားကြတာပေါ့။ အသက်နည်းနည်း ငယ်တဲ့ နှစ်ယောက်ကိုတော့ ညကျရင် ပေါ်တာဆွဲမှာစိုးလို့ ရွာထဲပြန်အိပ်ခိုင်းတယ်” ဟု သူကပြောသည်။ ပြစ်မှုကျူးလွန်ခဲ့သည့် မိုးကောင်းမြို့ပြပြောက်ကျား UG Black K အဖွဲ့မှ တပ်သားအချို့လည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ထိုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဦးဂျန်မောလဆိုသူကိုလည်း လူသတ်မှုကျူးလွန်ခဲ့သောအဖွဲ့က လိုက်လံရှာဖွေနေသောကြောင့် ထွက်ပြေး တိမ်းရှောင်နေပြီး သေဆုံးသူမိသားစုဝင်များနှင့် ရပ်ရွာလူကြီးများက လုံခြုံသောနေ ရာသို့ ပို့ဆောင်ထားသည်။ သေဆုံးသူများ တွင် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ပြီး ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံ၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ်ရှိ ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၇)နှစ်ခန့်အရွယ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်၊ အသက် (၂၈) နှစ်ခန့်အရွယ်ရှိ ဒေါ်ဖောင်မားခေါန်ဘူနှင့် အသက် (၄၉) နှစ်ခန့်အရွယ်ရှိ ဦးကျော်စိုး ဆိုသူတို့ဖြစ်ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/pcb.7555 26472633543/755526272633563/

၁၁။ ကရင်ပြည်နယ်တွင် အိုင်ဒီပီဦးရေ ၅ သိန်းကျော်အထိ တိုးလာ၊ အရေးပေါ်အကူအညီ လိုအပ်နေ
February 27, 2023

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေအတွင်း ကရင်စစ်ဘေး ရှောင် ဦးရေ ၅၃၀,၀၀၀ ကျော်အထိ တိုးလာနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ပါတယ်။ ဒီလို စစ်ဘေးရှောင်ဦးရေ တိုးပွားလာရတဲ့ အဓိကအကြောင်းအရင်းမှာ အာဏာသိမ်း စစ်ကောင်စီ ကနေပြီး ကော်သူးလေနယ်မြေတွေထဲကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်လက်နက်ကြီး တွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်မှု တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းအငယ် က ကော်သူးလေနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး လူထုတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဖော်ပြပါတယ်။ အထူးသဖြင့် ညောင်လေးပင်ခရိုင် တခုတည်းမှာ စစ်ကောင်စီရဲ့ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ နီးပါးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၀ နဲ့ ဒရုန်း နဲ့ တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ကာ အရပ်သား ၂၉ ဦး သေဆုံးခဲ့ရကြောင်း KPSN ရဲ့ အစီခံစာမှာ ဖော်ပြပါတယ်။

သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက စစ်ရှောင် ၇၄,၀၀၀ ကျော်ကနေ အခု ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ် အထိ ၁၂၈,၀၀၀ ကျော်အထိ တိုးမြင့်လာသလို ညောင်လေးပင်ခရိုင်မှာ လည်း ပြီးခဲ့တဲ့နှစ်က စစ်ရှောင် ၆၁,၀၀၀ ကျော်ကနေ အခု ၁၄,၀၀၀ ကျော်အထိ တိုးမြှင်လာခဲ့ ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင်နှစ်က ဘားအံခရိုင်အတွင်း အိုင်ဒီပီမရှိခဲ့ပေမဲ့ အခု ၁၀,၀၀၀ ရှိနေကြောင်း ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်ဦးရေ များပြားလာမှုကြောင့် လာမယ့် ၁၂ လတာကာလအတွင်း အခြေခံစားသောက်ကုန်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်း အရေးပေါ် လိုအပ်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ http://burmese.dvb.no/archives/580952

၁၂။ ပင်လောင်းမြို့နယ်စစ်ရှောင်များအတွက် နေထိုင်ရေး၊ စားသောက်ရေးအစ အရေးပေါ် လိုအပ်
February 27, 2023

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊လုံးပျဥ်ကျေးရွာ နန်းနိန်ကျေးရွာ တောင်စလုံး မြောက် စလုံးကျေးရွာ တစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများစွာဘေးကင်း ရာသို့ ထပ်မံထွက်ပြေးခဲ့ရ ကြောင်းဒေသခံပြောပြ ချက်အရသိရသည်။ ထိုစစ်ရှောင်များအတွက် စားသောက်ရေး၊ နေထိုင်ရေး၊ ရေ အစ အရေးပေါ်လိုအပ် နေကြောင်းသိရသည်။ ” မနေ့က တောင်မဲသင်းနဲ့ လုံပျဥ်ရွာသားနည်းနည်းဘဲ ဒီနေ့ကျ နမ်းနိန်ရွာအဲဘက်ရွာ အကုန်လုံးထွက်ပြေးရ တော့ စစ်ရှောင်အရမ်း များတယ် တစ်ချို့က ဘုန်းကြီးကျောင်းမှာနေတယ် တစ်ချို့ကဆွေမျိုး အိမ်မှာနေတယ် ဆောင်းပြောင်းရွာနား လမ်းပေါ်မှာ အလံဖြူထောင်ပြီး စစ်ရှောင်တွေအပြည့်ပဲ “ဟု ဆောင်းပြောင်းကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။

ထိုကျေးရွာဘက်တွင် ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြပြီး ယခုတွင်ရွာလုံးကျွတ် ထွက်ပြေး နေရပြီးထွက်ပြေးတိမ်းရှောင် ရသူ လူဦးရေစုစုပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ် ကြောင်းသိရ သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ တောင်မဲသင်း-လုံးပြင် လမ်းပေါ် ရှိ စစ်ကောင်စီနှင့် PNO စစ်ဆေးရေးဂိတ်လမ်းပိတ် ထားသောကြောင့် ရွာသားများ မထွက်နိုင်ကြဘဲ တောတောင်ထဲ တစ်ည အိပ်ရပြီး မနက်လမ်းဖွင့်ပြီးနောက်တစ်ခဲနက် စစ်ရှောင်များလာကြောင်းသိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဆောင်းပြောင်း ကျေးရွာအကျော် လုံးပျဥ်-တောင်းမဲသင်း ကားလမ်း ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူ့ကာကွယ်ရေး ဝင်ရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်စလုံးရွာနေ ဒေသခံ တစ်ဦးသေဆုံး ပြီး တောင်မဲသင်းရွာ ဒေသခံနေအိမ်လေးလုံးလည်း လက်နက်ကြီးထိမှန်ပျက်စီး သွားကြောင့်သိရသည်။ https://www.faceboo k.com/KhamSarNgor/photos/pcb.228243509 5259733/2282434915259751/

၁၃။ ရခိုင်တွင် ရိုဟင်ဂျာအမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများရှိနေ
26 February, 2023

ရခိုင်တွင် ရိုဟင်ဂျာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် အဓမ္မပြုကျင့် ခံရမှုများရှိနေသော်လည်း ထိရောက်သည့် ကာကွယ်စောင့်ရှောင့်မှုများနှင့် အကူအညီများ မရရှိကြကြောင်း ကာယကံရှင်များက ဆိုကြသည်။ ရခိုင်ပြည် နယ်၊ စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်း ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာအမျိုးသမီးများသည် အဓမ္မပြုကျင့်ခံရမှုများမှာ အချိန်အတန်ကြာ ရှိနေပြီဖြစ်ကာ ဥပဒေအရ အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်ကြသော်လည်း ထိရောက်မှုမရှိကြောင်း ဆိုကြသည်။ ”ရဲစခန်းမှာ တိုင်ထားပါတယ်။ အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူတာမရှိပါဘူး။ ကျမတို့ပဲ ဖိအားပေး ခြိမ်းခြောက် ခံနေရပါတယ်။ တကယ့် အကာ အကွယ် အကူအညီပေးမယ့်သူ မရှိသလိုပါ”ဟု ကာယကံရှင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို ဖွဲ့ရာကုန်းရိုဟင်ဂျာကယ်ဆယ်ရေးစခန်းနေ ရိုဟင်ဂျာအမျိုးသမီး ၄၅ ဦးအထိကို စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ က ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ဆယ်နှစ်တာ ကာလတွင် ၎င်းကြိုက်နှစ်သက်သည့် အမျိုးသမီးများအား အတင်း အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း ကာယကံရှင်များက ဆိုကြသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများကို အရေးယူနိုင်ရန် INGO၊ NGO နှင့် ပြည်နယ်စစ်ကောင်စီ၏ တာဝန်ရှိသူများအထိ လူကိုယ်တိုင်နှင့် စာရေးသားပေးပို့ တိုင်တန်းခြင်း များ ပြုလုပ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရခိုင်အရပ်ဘက်အမျိုးသမီး များအဖွဲ့ အကူအညီနှင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားရသည်ဟု ဆိုကြသည်။ “ကျွန်မ တို့ကလည်း အခုလိုလုပ်ရပ်ဟာ လုံးဝကျေအေးပေးနိုင်လို့ မဖြစ်ဘူး။ နောက်ထပ် လူတွေကို မလုပ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် တရားဥပဒေက ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ထိုကိစ္စများကို လိုက်ပါဆောင် ရွက်ပေးနေသည့် လူသားများ အတွက် ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို ရိုဟင်ဂျာ အမျိုးသမီးများထဲတွင် အသက်မပြည့်သေးသူများ၊ မသန်စွမ်းသူများအပြင် အိမ်ထောင်သည် ကလေးမိခင်များ ပါဝင် သော်လည်း ဖိအားပေးခြိမ်းခြောက်မှုများနှင့် ဘာသာရေးအရ ပြောဆိုမှု များကြောင့် ရိုဟင်ဂျာအမျိုးသမီးကိုးဦးသာ လာရောက် အကူအညီတောင်းခံလာခဲ့သည်ဟု ရခိုင်အမျိုးသမီးအဖွဲ့များက ဆိုကြသည်။ ရိုဟင်ဂျာတစ်သိန်းကျော်သည် ယာယီကယ်ဆယ် ရေးစခန်းများတွင် မလုံခြုံမှုများ၊ စားဝတ်နေရေး အခက်အခဲများဖြင့် နေထိုင်နေကြရပြီး ထိုအထဲ တွင် အမျိုးသမီးများမှာ မလုံခြုံသည့် အိမ်သာများ၊ နေအိမ်များကို အသုံးပြုနေကြရသည်ဟု ဆိုကြသည်။ https://www.facebook.com/mmpressph oto/photos/a.87437 8089269886/8911136585593956/

၁၄။ ဖယ်ခုံ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNA တပ်သား ၉ ဦးသေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရမိ
February 28, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနဲ့ PNA တပ်သား ၉ ဦးသေဆုံးကာ သေနတ် ၈ လက်နဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန် ပါတယ်။ မနေ့က KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား တပ်မတော်-PNA (ပအိုဝ်းပြည်သူ့စစ်) ပူးပေါင်းအဖွဲ့ကို ဖယ်ခုံမြို့နယ်၊ ပြည်လုံးရွာအနီးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်း အဖွဲ့ဘက်က ၉ ဦး သေဆုံးကာ ဒဏ်ရာရသူတွေ ရှိခဲ့သလို သေနတ် M-16 ၃ လက်၊ AK တစ်လက်၊ 9 MM ၄ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ သလို ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က ဖရူဆိုမြို့နယ်၊ အမှတ် (၁၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းရှိ စစ်ကောင်စီ အဖွဲ့တွေ အသုံးပြုနေ တဲ့ သောက်သုံးရေပိုက်ကို တော်လှန်ရေးအင်အားစုတွေက ဖျက်ဆီးခဲ့ရာ ရေပိုက်ပြင်ဆင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ ကို လောဂျာကျေးရွာအနီး KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ပေမယ့် စစ်ကောင်စီတပ်ဖက် မှ လုံးဝပြန်လည်ပစ်ခတ်တာမပြုဘဲ လက်နက်ကြီးတွေနဲ့သာ အဆက်မပြတ်ပစ်ခတ်တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေပြန်လည် ဆုတ်ခွာစဉ် KNDF တပ်ရင်း (၁၅) မှ စစ်သည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။ https://www.faceboo k.com/MeKongNewsMM/photos/pcb.118866324 5126944/1188663148460287/

၁၅။ စားသောက်ကုန် ပြတ်လပ်မှုများနဲ့ ရင်ဆိုင်နေရသည့် မတူပီမြို့နယ်
February 28, 2023

ချင်းပြည်နယ်၊ မတူပီမြို့အတွင်း ဆန်များ ပြတ်လပ်မှုများနဲ့ ရင်ဆိုင်နေရသောကြောင့် ပြည်သူများ အလွန်အခက်ကြုံနေ ရကြောင်းသိရသည်။ မတူပီမြို့တွင်း ဆန် ပြတ်လပ်နေသည်မှာ (၃)လ ကျော် ခန့် ရှိလာပြီဖြစ်၍မတူပီမြို့နေဒေသခံပြည်သူများ အခက်ကြုံနေရကြပြီး ဆန်ပြုတ်စားနေရတဲ့ သူတွေပါ ရှိလာပြီဖြစ်ကြောင်း သိရသည်။ “ဈေးဆိုင်တွေမှာ ဆန်မရှိတေ့ာဘူး ဒီဇင်ဘာလ လောက်ကတည်းက ကြိုဝယ်ထားတဲ့သူတွေအတွက်တေ့ာ ဆန်‌တွေရှိနေအုံးမှာဖြစ်‌ပေမဲ့ ကြိုတင် ဝယ်မထားတဲ့ အိမ်တွေနဲ့ တစ်ရက်လုပ်မှ တစ်ရက်စားတဲ့သူ (နေ့စား သမား) တွေအတွက် တော်တော် အခက်ကြုံနေပြီး တစ်ချို့အိမ်တွေဆို ဆန်ပြုတ် စားနေရပြီလို့လည်းကြားနေတယ်”ဟူ ၍ ပြည်သူတစ်ဦးမှ၎င်း၊ “အရင်ဆန်မပျက်ခင် မတူပီမှာ ရှိတယ် ဆန်တွေ အစာခြောက်တွေ စစ်သားတွေက ငွေပေးပြီးတော်တော်များများ ဝယ်သွားကြတယ်။ နောက်ပိုင် ပြည်မဘက်က နေဝင်လာတဲ့ ဆန် မရှိသလောက်ဖြစ်သွားတယ်။ မတူပီအဝင် ဂိတ်မှာလည်း စစ်သားတွေက ဆန်တွေ၊ အစာခြောက်တွေ သိမ်းသွားတယ် ကြား တယ်။ သိမ်းသွားတယ်ဆိုပေမဲ့ ကုန်သည် တွေဆီ ငွေပေးဝယ်တာလားတေ့ာ ကျတော်တို့လည်းသေချာမသိဘူး” ဟု ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီရက်ပိုင်းတေ့ာ ကားထွက်တာများတယ် ဝါဉတွေ အပြည့်တင်ပြီး ကုန်ကားတွေလည်း ထွက်ဖို့ ပြင်နေတယ် ထောက်ခံ စာ တွေလည်းရထားကြပြီး ဆိုတေ့ာ ဒီကုန်ကားတွေ ပြန်ဝင်လာရင် ဆန်သည်လာမယ်လို့ မျှောါလင့်နေကြပြီး ပြည်မဘက်က နေ ဆန်မဝင်လာသေးပေမဲ့ ဖနိုင်ကျေးရွာနှင့် တစ်ခြားကျေးရွာမှ ပြည်သူတွေက ဆန်လာရောင်းကြတယ် တစ်ချို့က အုပ်ချုပ် ရေးမှူးထံ ထောက်ခံစာယူပြီး ကိုယ်တိုင်သွားဝယ်ကြတယ်။ ကျေးရွာတွေကနေ သယ်လာတဲ့ ဆန်တွေကိုတေ့ာ စစ်သားတွေက မဖမ်းဘူး ဝင်လာလို့ရတယ် ဆန်တစ်ပုံးကို ၃၅,၀၀၀/- ၄၀,၀၀၀/- ကျပ်လောက် နဲ့ဝယ်ရတယ် ဈေးကြီးပေမဲ့ ဝယ်နေကြကြောင်း သိရသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသော မြို့နယ်ဖြစ်၍ ဆက်သွယ် ရေးအတွက် အလွန်ခက်ခဲသော မြို့နယ်ဖြစ်သည်သာမက စာသုံးကုန် ဆန် များပါ ပြတ်လပ်နေသော ဒေသဖြစ်လာပါသည်။ https://www.facebook.com/photo?fbid =6491072605 52384&set=a.499340615529050

၁၆။ ပုဏ္ဏားကျွန်း ကံသစ်ဒုက္ခသည်စခန်း စားနပ်ရိက္ခာ ပြတ်လပ်နေ
February 28, 2023

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်စစ်ဘေးဒုက္ခသည်ခစန်းမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေ အရေး ပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ အဲဒီစခန်းမှာ လက်ရှိအိမ်ထောင်စု ၅၀ ခန့်နဲ့ လူဦးရေ ၂၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာမရှိတော့လို့ ဒုက္ခသည်တွေ ထမင်းငတ်မယ့်အခြေအနေ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးကြံထွန်းအောင် က ပြောပါတယ်။ “စခန်းမှာ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ အရင်တစ်ခေါက်က ICRC က တစ်အိမ်ထောင်ကို ဆန်တစ်အိတ် ပေးခဲ့တာ ရှိတယ်။ အဲဒါ ကုန်သွားတာကြာပြီ။ အခု အလှူရှင် တွေလည်းမရှိဘူး။ မိသားစုနည်းတဲ့ သူတွေက ခံသာ သေးတယ်။ များတဲ့သူတွေက ကုန်ပြီ။ ချေးငှားလို့လည်း မရတော့ဘူး။ ဒီအတိုင်းဆို ဒုက္ခသည်တွေ ထမင်းငတ်တော့မယ်” ဒါ့အပြင် ဆေးဝါးနဲ့သောက်သုံးရေပါ ခက်ခဲနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေအနေနဲ့ အရေးပေါ် အကူအညီ ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေဟာ ဗုဒ္ဓေါရွာကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန် တိုက်ပွဲအတွင်း ရွာတွေ အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စက်တင်ဘာလကတည်းက ဒုက္ခသည် စခန်းကိုထွက်ပြေးလာကြတာပါ။ လက်ရှိ ရခိုင်ပြည်နယ် မှာ နှစ်ဖက်တိုက်ပွဲတွေရပ်နေပေမယ့် ရွာအနီးက တောင်တန်းမှာ စစ်ကောင်စီတပ်သားတွေ စခန်းချထားဆဲ ဖြစ်တာကြောင့် နေရပ်ကို မပြန်ရဲကြတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ခုနစ်ထောင်နီးပါး ရှိပါတယ်။ https://www.faceboo k.com/rfaburmese/photos/pcb.10162 464113593128/10162464113083128/

၁၇။ ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
February 28, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ၅၈၃ တပ်ရင်းကို ဖေဖော်ဝါရီ ၂၈ ရက် မနက် ၈ နာရီ ၂၀ မိနစ်မှာ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ ကျောင်းရွာ ၅၈၃ တပ်ရင်းကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိမရှိကိုတော့ လောလောဆယ် အတိအကျ မသိရသေးဘူး လို့ ဆိုပါတယ်။ “စစ်တပ်ဘက်မှာ မနက်က ပေါက်ကွဲခဲ့တဲ့အသံတချက် ကြားရတယ်။ စစ်တပ်အနားကို PDF တွေ မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိတယ်” လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို စစ်တပ်ဘက် က တိုက်ခိုက်ခံရရပြီးနောက် ကျေးရွာ ဘက်တွေမှာ အရင်လို အသွားအလာတွေ မရှိကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကျောင်းရွာအခြေစိုက် ခလရ ၅၉၁ တပ်ရင်း ကိုလည်း ပြီးခဲ့တဲ့လတွေ ထဲမှာ ရေးဘီလူးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို အခုလည်း ထပ်မံတိုက်ခိုက်ခဲ့တာပါ။ အဆိုပါ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။ http://burmese.dvb.no/a rchives/581263

၁၈။ မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အိမ်ငှားနေထိုင်သူများထံမှ ငွေကြေး ကောက်ခံနေ
February 27, 2023

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သည့် မိသားများထံမှ လစဉ် တစ်အိမ်လျင် တစ်သောင်းကျပ် နှုန်းဖြင့် လိုက်လံကောက်ခံနေကြောင်းသိရသည်။ မြို့ဦးရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းခေါ်သူက ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သည့် မိသားစုများကို လစဉ် ဧည့်စာရင်း တိုင်ခိုင်းပြီး တစ်လလျင် ငွေကျပ် ၁၀၀၀၀ ပေးဆောင်ခိုင်းနေကြောင်း အိမ်ငှားနေထိုင်သူနှင့် ရင်းနှီးသည့် ပြည်သူ တစ်ဦးကပြောသည်။ “ဧည့်စာရင်းကို တစ်လကိုတစ်ကြိမ် ပုံမှန်တိုင်ခိုင်းတယ် ပြီးတော့ စာရွက်စာတမ်းဖိုးဘာညာဆိုပြီး အိမ်ငှား တစ်ယောက်ကို တစ်သောင်းမပေးမနေရ တောင်းတယ်။ အမှန်တော့ လတိုင်း ဧည့်စာရင်းတိုင်စရာမလိုပါဘူး။ အိမ်ငှားဆီက ပိုက်ဆံတောင်း စားချင်လို့ သက်သက်လုပ်နေကြတာ။ သူတို့တောင်းတဲ့ တစ်သောင်းဆိုပေမယ့် လက်လုပ်လက် စားတွေအတွက် က အဆင်မပြေဘူးလေ”ဟုပြောသည်။

မိုးကောင်းမြို့တွင် ရပ်ကွက်ပေါင်း ၁၄ ခုရှိသည့်အနက် မြို့ဦးရပ်ကွက် တစ်ခုတည်းသာ ယခုကဲ့သို့ ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ ငွေကြေးကောက်ခံမှုကြုံနေရသည်ဟု သူကဆက်ဆိုသည်။ “ကျန်တဲ့ ရပ်ကွက်တွေတော့ မတောင်းဘူး ဒီရပ်ကွက် တစ်ခုပဲတောင်းတာ တစ်ခြားရပ်ကွက်ပြောင်း နေမယ်ဆိုရင်လည်း သူတို့အတွက်အခက်အခဲရှိတယ်။ အိမ်ငှားမရှိဘူးလေ သူများတွေ ငှားထားကြပြီနေရာမရှိတော့နောက်ဆုံး တစ်သောင်းပေးပြီးနေရတာပေါ့။ လက်လုပ်လက်စား သမားတွေဆို အိမ်ငှားခ ပေးရ၊ အုပ်ကြီးကိုပေးရနဲ့ဆိုတော့ အခက်အခဲတွေဖြစ်တာပေါ့”ဟု ပြောသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ခေါ်သူသည် မြို့ဦးရပ်ကွက်နေထိုင်သူများအား ငွေကြေးကောက်ခံနေသည်မှာ ၂၀၂၂ ခုနှစ် ဇွန်လခန့်ကတည်းက သိရသည်။ https://burme se.kachinnews.com/2023/02/27/az1-137/

၁၉။ စုကလိမြို့ခံ လေးထောင်ကျော် သောင်ရင်းမြစ်ဘေးမှာ သောင်တင်နေ
February 27, 2023

ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ ၆ နယ်မြေထဲက စုကလိမြို့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒေသခံ လေးထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင် ကြသေးဘဲ သောင်ရင်းမြစ်ဘေးမှာ ဖြစ်သလိုနေထိုင် နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ၂၄ ရက်နေ့ အထိ စုကလိမြို့မှာရှိတဲ့ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO၊ KTLA အပါအဝင် PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် ဘလဲ့ဒို၊ မော်ခီ၊ ဥကရစ်ခီး၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုးနဲ့ ထီးသဲလယ် အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံလေးထောင်ကျော် ဘေးလွတ်ရာထွက်ပြေး နေရတာလို့ ကူညီပေးနေသူတွေက ဆိုပါတယ်။ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်ကလည်း လက်မခံတာကြောင့် သောင်ရင်းမြစ် ကမ်းဘေး မှာ နေထိုင်နေကြရပြီး ဆေးဝါးတွေပါ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေစဖြစ်ကတည်းက ထွက်ပြေးနေကြရတာ။ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ လည်း လာလာပစ်ကြ တယ်။ လက်နက်ကြီးတွေကလည်း နေ့ရော၊ ညရောပစ်နေတော့ ပြန်လို့မရကြသေးဘူး။ ဒီမြစ်ဘေးမှာက နေထိုင်ရတာ ခက်ခဲ တယ်။ ကလေးတွေလည်း ပါလာတော့ နေမကောင်း၊ ဖျားနာတာတွေ အားကြီးဖြစ်ကြတယ်။ အစားအသောက်ထက် ကျန်းမာရေး က ပိုအရေးကြီးတယ်” ရက်ကြာလာတာနဲ့အမျှ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ စတာတွေ အဖြစ်များလာကြသလို ဆေးဝါး တွေလည်း မရှိသလောက်ဖြစ်လာပြီလို့ ဒေသခံတွေ က ပြောပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က ရွာတွေထဲကို လေကြောင်းအပါ အဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်ဖို့ မရသေးတာလို့ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံး က ပြောပါတယ်။ https://www.rfa.org/burm ese/news/karen-refugees-022720 23035759.html

၂၀။ ပုလောမြို့နယ်အတွင်း စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်
February 28, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က စပြီး စက်သုံးဆီသယ်ယူခွင့် ကန့်သတ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီက ပုလောမြို့နယ်ထဲမှာရှိတဲ့ ပုလော၊ ပလ၊ ပလောက်နဲ့ တခြားမြို့ ကျေးရွာတွေမှာ ဓာတ်ဆီသယ်ယူခွင့် ကန့်သတ်ထားပြီး ဓာတ်ဆီတလီတာထက်ပိုပြီး သယ်ယူပါက ဖမ်းဆီးအရေးယူတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပြီးခဲ့တဲ့ တရက် လောက်ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဂျင့်ဂါရွာမှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ ဓာတ်ဆီပုံးတပုံးနဲ့ ဓာတ်ဆီ ၁၀ ဘူးတွေ့လို့ စစ်ကောင်စီတပ်သားတွေက ဒေသခံတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။” စစ်ကောင်စီက လောင်စာဆီယာဉ်တွေကို ပုလောမြို့နယ်ကနေ ဖြတ်သန်းခွင့်မပြုဘူးလို့လည်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီက ပုလောမြို့နယ်အတွင်း ကျေးရွာတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီအပြင် အနွေးထည်အင်္ကျီ တွေပါ ကန့်သတ်လာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါ တယ်။ ပုလောမြို့နယ်အတွင်းရှိ ဆီဆိုင်ပိုင်ရှင် တွေဘက်ကလည်း စစ်ကောင်စီကို ကြောက်လို့ သတိကြီးစွာနဲ့ ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ ရောင်းချနေရပြီး ဒေသခံ ပြည်သူတွေကလည်း ဓာတ်ဆီမလုံလောက်မှုကြောင့် ခရီးသွားလာရတာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပုလောမြို့ခံ တဦးက ပြောပါတယ်။ စစ်ကောင်စီက ပုလောမြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။ http://burm ese.dvb.no/archives/581260

၂၁။ မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးတွင် လူ ၃ဝ ကျော် ဖမ်းဆီး ရိုက်နှက်ခံရ
February 27, 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ မှစ၍ မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေသခံ ၃ဝ ဦးကျော် ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။ ညနေ ၆ နာရီ မှ နံနက် ၆ နာရီအတွင်း အပြင်ထွက် သွားလာသူများအား မြို့စောင့်စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များမှ သေနတ်ဖြင့် ခြိမ်း ခြောက်ပစ်ခတ် သည့်အပြင် ရိုက်နှက်ဖမ်းဆီး အရေးယူနေလျက်ရှိသည့်အတွက် ညပိုင်းအချိန်တွင်သာ ဖွင့်လှစ် ရောင်း ချနေသည့် စီးပွားရေးလုပ်ငန်းများ ရပ်နားထားရပြီး လူမှုစီးပွားအတွက် ခက်ခဲသွားသည်ဟု ဒေသခံများထံမှ သိရသည်။ “ ညနေ ၅ နာရီ လောက်ဆို ဆိုင်ကြိုပိတ်ထားရပြီး။ နည်းနည်းနောက် ကျသွားရင် ဖမ်းဆီး အရေးယူခံရတယ်။ အရင်ကညပိုင်းတွေမှာ လက်ဖက် ရည်၊ ထမင်းကြော်၊ ကွမ်းယာဆိုင်နဲ့ အခြားအစားအသောက်တွေ ရောင်းနေတဲ့ဆိုင်တွေဆို အကုန်ပိတ်ထား လိုက်ရ တော့ စားဝတ်နေရေး အားလုံးခက်ခဲကုန်တယ်လေ။ ဖမ်းဆီးအရေးယူခံရတဲ့လူတွေဆို တစ်ချို့က ပိုက်ဆံနဲ့ပြန်ရွေးထုတ်ယူရတာ လည်းရှိတယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများ ပူးပေါင်းပြီး မြို့ဝင်မြို့ ထွက်ဂိတ်များတွင် လုံခြုံရေး တင်းကြပ်ထား လျက်ရှိသည့်အတွက် အခြားကျေးရွာများမှ ဒေသထွက်စိုက်ပျိုရေးကုန်စည်များ လာရောက်ရောင်းချမှုမရှိတော့သလို မြို့တွင်းစျေးလာရောက်ဝယ်ယူသူများ လည်း မရှိတော့သည့်အတွက် မြို့ခံအချို့စားဝတ်နေ ရေးခက်ခဲလာပြီး အခြားဒေသများသို့ ပြောင်းရွှေ့သွားသူ များလာသည်ဟု ဒေသခံများက ပြောသည်။ “ရွာကထွက်တဲ့ အသီးအရွက်၊ တောထွက်ကုန်တွေလည်း မြို့ပေါ်ကို ဒေသခံတွေ လာမရောင်းရဲကြတော့ဘူး။ အခု မြို့က ခြောက်ကပ်ကပ် တောင် ဖြစ်ပါပြီး။ လူ ၅ ဦးလည်း စုဝေး နေလို့မရတော့ဘူး။ လူမှုစီးပွားဘဝတွေလည်း အရင်ကလို လွတ်လွတ် လပ်လပ်လုပ်လို့ မရတော့ တစ်မြို့လုံးက ထောင်ကျနေသလို ဖြစ်လာတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသမီးတစ်ဦး ကလည်း ပြောသည်။ https://kicnews.org/2023/02/%e1%80%99%e1%80 %ac%e1%80%9b%e1%80%be%e1%80%9a%e1%80%ba%e1

၂၂။ မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များ အခွန်ကောက်မှုကြောင့် ပြည်သူတွေ ခက်ခဲနေ
February 28, 2023

သျှမ်းပြည် မူဆယ် – နမ့်ခမ်း ထုန့်မောဝ် (ရွှေလီမြစ်) တစ်လျောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ အခွန်ကောက်ယူမှု အဆ မတန်များလာသည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ထုန့်မောဝ် ဒေသရှိ ပြည်သူများ အခွန်ပေးဆောင်ရန် အမိန့်စာ ပေးပို့ ခြင်း လုပ်ဆောင်ခဲ့သည့် အတွက် အချို့အိမ်ခန်း၊ ဆိုင်ခန်း ပိတ်ကာ နေရာပြောင်းရွှေ့နေထိုင်ရသည်အထိဖြစ်ရကြောင်း ဒေသခံများ က ပြောသည်။ “ပိုဆိုးလာတာက အခုတစ်ပတ်အတွင်း မှာ TNLA နဲ့ KIA တပ်ဖွဲ့က ထုန့်မောဝ် ဒေသက အိမ်တွေကို ၂၀၂၃ အတွက် ဆိုပြီး အခွန်လာကောက်တယ်၊ အခုနှစ်အတွင်းမှာ ဒီထုန့်မောဝ်တစ်လျောက် လက်နက်ကိုင် တပ်ဖွဲ့တွေ အခွန် ကောက်တာ ဆက်တိုက်ပဲဖြစ်နေတယ်။ ဒီဒဏ်တွေကို မခံနိုင်လို့ တချို့လည်း တခြားနေရာပြောင်းရွှေ့နေထိုင်ကြ ပြီ” ဟု ထုန့်မောဝ် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ထုန့်မောဝ် ဒေသခံ များသည် လက်နက်ကိုင် အဖွဲ့အသီးသီးတို့၏ အခွန် ဆက်ကြေးများကို နှစ်စဥ်နှစ်တိုင်း ပေးဆောင်ရသည့်အပြင် စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေသည့်အတွက် စီးပွားရေးပိုင်း ဝင်ငွေ ရပ်တည်ရေးပိုင်းများ ထိခိုက်မှုရှိလာ ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းတွင် TNLA တပ်ဖွဲ့မှ ထုန့်မောဝ်ဒေသအတွင်း အခွန်ကောက်ယူ မှုများသည် တစ်ကြိမ်လျှင် ဆိုင်ခန်း နှင့် အိမ်များကို အနည်းဆုံး ၃ သိန်းကျပ်မှ စတင်ကာ ဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။ “ဖြစ်နိုင်ရင် မဟာမိတ်ဖြစ်နေတဲ့ SSPP/SSA တာဝန်ရှိသူတွေ ကို တိုက်တွန်းချင်တယ်၊ သျှမ်းလူမျိုးတွေ ရှိတဲ့နေရာဆိုရင် သျှမ်းတပ်ပဲ ကောက်စေချင်တယ်၊ အခုဟာကျ ဘယ်အဖွဲ့ကလာလာ ကျနော်တို့က ပေးဆောင်နေရတာ ဆိုတော့ ကျနော်တို့ပဲ ခက်တာပေါ့၊ နယ်မြေခွဲဝေ သတ်မှတ်မှု လုပ်ပြီးတော့ အခွန်ကောက်စေချင်တယ်၊ အဲ့လို ဖြစ်ရင် ပိုကောင်းတယ်” ဟု ကုန်စုံဆိုင် ဖွင့်ထားသည့် ထုန့်မောဝ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက်ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့သည်။ “TNLA ဘက်ကနေ အခုလို ထုတ်ပြန်လိုတာက လုံးဝ တရားမျှတမှု မရှိဘူး၊ SSPP ကို သူတို့ အမျိုးဆီ အခွန် မကောက်ဖို့ တားမြစ်ပြီး သူတို့ကျတော့ ကျနော်တို့ သျှမ်းလူမျိုးတွေဆီကို လာပြီးတော့ အခွန်ကောက်နေတယ်၊ ကျနော်တို့ သျှမ်းလူမျိုး တွေက အဘက်ဘက်က တောင်းနေတဲ့ အခွန်တွေ ဆက်ကြေးတွေကို ပေးနေရတယ်” ဟု ထုန့်မောဝ် ဒေသခံ အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ TNLA ၏ ထုတ်ပြန်ပြောဆိုချက်များ နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တို့အနေဖြင့် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းဖို့ အစီအစဥ်ရှိကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။ “သူတို့ (TNLA) တပ်ဖွဲ့က ထုတ်ပြန်လာတဲ့ စာက မြို့နယ် ခရိုင်အဆင့်က ထုတ်ပြန်တာပဲ ဖြစ်ပါတယ်၊ ဗဟိုကနေ ထုတ်ပြန်လာတာ မဟုတ်ပါ ဘူး၊ ဒါကြောင့် ဆွေးနွေးလို့ ရနိုင်သေးတယ်၊ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အစီအစဥ် ရှိတယ်၊ ကျနော်တို့ ပြည်သူကို ကာကွယ်ရမယ့် တာဝန် ကျနော်တို့မှာ ရှိတယ်၊ လူမျိုးရေး ခွဲခြားရေး မရှိဖို့လည်း သူတို့နားလည်သင့်တယ်” ဟု ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။ https://burmese.shan news.org/archives/33289

၂၃။ ဖားကန့် ရှဗစ်ခူးကျေးရွာတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံပြည်သူ ၃၀ ဦး ဖမ်းဆီးခံရ
February 28, 2023

ဖားကန့်မြို့နယ် ရှဗစ်ခူးကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်၌ စစ်ကောင်စီ တပ် မိုင်းခွဲတိုက် ခိုက်ခံရမှုပြီးနောက် ဒေသခံအရပ်သားပြည်သူ အယောက် ၃၀ ဦး ဖမ်းဆီးခံရ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရွာဆိုင်း ဘုတ်နားမှာ မနေ့ည ၄ နာရီလောက်မှာ စစ်ကောင်စီတွေ မိုင်းခွဲခံရပြီး လမ်းသွား လမ်းလာတွေကိုဖမ်းတယ်။ အယောက် ၃၀ လောက်ကို ဖမ်းထားတယ်။ ပြန်မလွတ်သေးဘူး။ အသက်ကြီးတဲ့ သူတွေကိုတော့ ပြန်လွတ်တယ်။”ဟု ဆိုသည်။ ၎င်းမိုင်းခွဲ တိုက်ခိုက်မှုကို မည့်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်းကို အတည်ပြုသိရှိနိုင်ခြင်း မရှိသေးပေ။ မိုင်းခွဲခံရသည့် စစ်ကောင်စီတပ်သည် ဖားကန့် ရှရော်ခကျေးရွာရှိ ကျောက်စိမ်းမှော် တွင် စခန်းချနေသည်မှာ ၅ ရက်ရှိနေပြီဖြစ်ပြီး၊ မွန်းလွဲပိုင်း ၃ နာရီခန့်တွင်လည်း ၎င်းစစ်ကောင်စီ တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗလခကျောက်ဝိုင်းအနီး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ https://www.facebook.com/kachinwavesnews/photos/a .506325619380555/6347605121919213/

၂၄။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ စောင့်ကြည့်မှုစစ်ဆေးမှုတွေကို တိုးချဲ့ပြီး လုပ်ဆောင်လာ
February 28, 2023

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်မှာ စောင့်ကြည့်စစ်ဆေးမှု နေရာတွေ ပိုမိုတိုးချဲ့ပြီး ပြုလုပ်လာနေတယ် လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “လွိုင်ကော်မြို့ပေါ်က ခြုံထူတဲ့နေရာတွေကိုလည်း ရှင်းလင်းထားတယ်။ တချို့နေရာတွေမှာလည်း စစ်သားတွေက အရပ်ဝတ်နဲ့ သွားလာပြီး မေးမြန်းတာမျိုးတွေ အဲလိုမျိုး စောင့်ကြည့်တာတွေ တိုးပြီး လုပ်နေတာ တော့ တွေ့ရတယ်။“ လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက် အသီးသီးမှာ စစ်ဆေး ရေးဂိတ် ၈ ခုနဲ့အထက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ဆေးရေးဂိတ်တွေ ရှိတဲ့နေရာကတော့ မိုင်းလုံးမှာနှစ်နေရာ၊ နောင်ယား(က) မှာတစ်နေရာ၊ မင်းစုမှာ တစ်နေရာ၊ ချိကယ်ရပ်ကွက်သွားလမ်း ကယားဒေးကွင်းဘက်မှာ တစ်နေရာ၊ လွိုင်ကော်မြို့မရဲ စခန်း ရှေ့မှာ တစ်နေရာ၊ နာရီစင်အဝိုင်းမှာ တစ်နေရာ၊ လွိုင်ကော်အခြေစိုက် (၃၅၆) အမြောက်တပ်ရှေ့မှာ တစ်နေရာ စတဲ့နေရာ အသီးသီးမှာ ဂိတ်တွေ ထားရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းဆုံ လမ်းခွတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိ တယ်လို့ သိရပါတယ်။ စစ်ကောင်စီက မြို့ပေါ် အချက်အချာကျတဲ့ နေရာတွေမှာ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တစ်ဖက်မှာလည်း တခြားနေရာတွေမှာ စောင့်ကြည့်စစ်ဆေးနေတဲ့ပုံစံတွေကို တိုးချဲ့လုပ်ဆောင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခင်ကလောက် စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် မပြုလုပ်တော့ပေမယ့် စစ်ကောင်စီကတော့ မသင်္ကာမှုတွေ့ရင် ပုံမှန်ထက်ကြာတဲ့ စစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ “ အရင်ကလောက် စစ်ဆေးမကြမ်းတော့ဘူး။ အဓိက ရုပ်ကိုကြည့်ပြီး စစ်တာလားတော့မသိဘူး။ စစ်ဆေးတဲ့နေရာ တွေကတော့ ပိုများလာတယ်။ အိတ်တွေဘာတွေ ဆိုစစ်တယ်။ ဥပမာ ကျောပိုး အိတ်တွေပေါ့နော။ နောင်ယားကနေ့တိုင်းလိုလိုစစ်တယ်။ ဂိတ်ပုံစံတွေလိုမျိုးရှိပေမယ့် အဲမှာတွေမစစ်တော့ဘူး။”လို့ လွိုင်ကော် မြို့ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်မြို့ဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တာရား ပုံမှန်လည်ပတ်နေတဲ့ မြို့ဖြစ်တာကြောင့် စစ်ဆေးမှုတွေ တင်းကြပ်စွာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီက မြို့ပေါင်း ၄၀ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ကရင်နီပြည်က မြို့နယ်လေးခုပါဝင်ခဲ့ပါတယ်။ https://ww w.kantarawaddytimes.org/%e1%80%85%e1%80%85% e1%80%ba%e1%80%80%e1%80%b1%e1%80

၂၅။ စစ်ကောင်စီ‌ ဆေးတပ်သားတစ်ဉီး လက်နက်ခဲယမ်းများနှင့်အတူ ဒေသကာကွယ်ရေး တပ်ဖွဲ့ထံပူးပေါင်း
February 27, 2023

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ဝင်းဝရဲစခန်းမှ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဆေး တပ်သားတစ်ဉီးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ပူးပေါင်းခဲ့သည်ဟု သိရသည်။ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ သရက်ချောင်း မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၄၀၃)တပ်ရင်းမှ အသက် (၂၃)နှစ်အရွယ် အဆိုပါ ဆေးတပ်သားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁ လုံး၊ ရိုက်ဖယ်ပစ်ဗုံး(အီနာဂါ) ၁ လုံးနှင့်အတူ ဒေသ အခြေစိုက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ များထံ ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ တစ်ဉီး က “ပြီးခဲ့တဲ့ ရက်ကတော့ စစ်ကောင်စီဘက်က ဆေးတပ်သားတစ်ဉီးဝင်လာတယ်။ အခုတော့ သူ့ကို တိုင်းကွပ်ကဲရေးကို ပို့လိုက် ပြီး။ လုံခြုံတဲ့နေရာကိုပေါ့။”ဟု ပြောသည်။

ယခုလို စစ်ကောင်စီဘက်ခြမ်းမှ တော်လှန်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းမှုသည် တော်လှန်ရေးအတွက် ရလဒ် ကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု CDM ပြုလုပ်သူ ရဲဒုတပ်ကြပ် တစ်ဉီးကလည်း ယခုလိုပြောဆိုသည်။ “စစ်ကောင်စီဘက် ကနေ ဝန်ထမ်းတွေက CDM ဝင်လာတာပဲဖြစ်ဖြစ်၊ အလင်းဝင်အညံ့ခံလာတာပဲဖြစ်ဖြစ် ကိုယ့်တော်လှန်ရေးအဖွဲ့အတွက် အင်အားတိုးပြီးတော့ ရန်သူအင်အားလျော့သွားတာဖြစ်တဲ့အတွက် ဒါကကောင်းတယ်။ သူတို့ဘာကြောင့် အခုမှ CDM ဝင်လာ တာလည်းဆိုတာတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။ သူတို့ လက်ရှိအချိန်ထိ စကစဘက်မှာ ဆက်နေမယ်ဆိုလို့ရှိရင် သူတို့ ဘဝအခြေအနေတွေက မရှုလှတော့ဘူး။”ဟု ၎င်းက ပြောသည်။ https://kicnews.org/202 3/02/%e1%80%85%e1%80%85 %e1%80%ba%e1%80%80%e1%80%b1% 

၂၆။ တရားမဝင်လောင်းကစားမြို့သစ် စီမံကိန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း KNU ထုတ်ပြန်
February 27, 2023

ကရင်ပြည်နယ်ထဲတွင် နိုင်ငံခြားသားရာဇဝတ်သားများ ပါဝင်လုပ်ကိုင်သည့် တရားမဝင်လောင်း ကစား လုပ်ငန်းအတွက် တည်ဆောက်သည့် မြို့သစ်စီမံကိန်းများထဲတွင် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးအနေဖြင့် ပါဝင်ပတ်သက်မှုမရှိ ကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးချိုး ဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်မြို့သစ်စီမံကိန်းတွင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် ပဒိုစောရောဂျာခင်နှင့် ကေအဲန်ယူခေါင်း ဆောင်တချို့ ပါဝင်ပတ်သက်မှုကို KNU မူနှင့် ဆန့်ကျင် သော်လည်း အပြစ်ပေး အရေး ယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံးနုတ်ထွက် ပေးရန် ကရင်အဖွဲ့ အစည်းပေါင်း (၆၈) ဖွဲ့က ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် အိတ်ဖွင့်စာပေးပို့ပြီး တောင်းဆိုခဲ့ပြီးနောက် ကေအဲန်ယူက သဘော ထားထုတ်ပြန်လာခြင်းဖြစ်သည်။ ကရင်ပြည်နယ် မောထိုတလေးနယ်မြေတွင် ထွက်ပြေးလာကြသည့် နိုင်ငံခြားသား ရာဇဝဏ် သားများ၏ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကာစီနိုလောင်းကစားမြို့သစ်စီမံကိန်းတွင် ကေအဲန်ယူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရောဂျာခင်က Huanya International Holdings Group ကို လုပ်ပိုင်ခွင့်ပေးသည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ (၁၇) ရက်နေ့က သတင်းဌာနတစ်ခုမှ ဖော်ပြခဲ့ သည့်ကိစ္စသည် ကေအဲန်ယူအပေါ် အထင်မှားအမြင်မှား ဖြစ်ပေါ်စေသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် မောထိုတလေးတွင် အဆိုပါ မြို့သစ် စီမံကိန်း အုတ်မြစ်ချ အခမ်းအနားအတွင် ကေအဲန်ယူကာကွယ်ရေးဌာနမှ ဌာနမှူးပဒို စောရောဂျာခင် က ဒေသခံမြေပိုင်ရှင်ပြည်သူလူထု ကိုယ်စား အသိသက်သေအဖြစ်သာ ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားတွင် “KNU နှင့် Huanya International Holdings Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချ ပွဲအခမ်းအနား”ဟု ဆိုင်းဘုတ် တပ်ထားခြင်းခံရသည့်အတွက် ကေအဲန်ယူနှင့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ပဒိုစောရောဂျာခင် တို့ကို ပြည်သူလူထုများ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာရသည်ဟုလည်း ကေအဲန်ယူ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ KNU သဘော ထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး-KWO အထွေထွေ အတွင်းရေးမှူး နော်ကညောဖော က “စီမံကိန်းထဲမှာ ကေအဲန်ယူက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြန်ထုတ်ပြန်ပြီးဆိုတော့ မပတ်သက်တာ ကျမတို့ ဝမ်းသာပါတယ်။ ပါဝင်ပတ်သက်တာကိုလည်း ကျမတို့က မလိုလားဘူး။ ဒါပေမယ့် သတင်းတွေထဲမှာ ဖော်ပြတဲ့အခါကျတော့ ကေအဲန်ယူဘက် ပတ်သက်မှုတကယ်ရှိမရှိ သေချာပြန်လေ့လာပြီး ဒီလိုမျိုး ကေအဲန်ယူဘက် ပြန်ထိခိုက်နိုင်တဲ့ ကိစ္စဆိုရင် တာဝန်ယူတာဝန်ခံမှုရှိရှိ ပြည်သူလူထုကို သိအောင်ပြန်ချပြသင့်တာပေါ့”ဟု ပြောသည်။ ထို့အပြင် ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် ကေအဲန်ယူ အစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကိုမျှ ပါဝင်လုပ်ကိုင်ခြင်းနှင့် အထောက်အကူပြုစေနိုင်သည့် မည်သည့်လုပ်ရပ်မဆို ပါဝင်ခြင်းမှ တားမြစ်ထားသည်ဟု ကေအဲန်ယူ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnew s.org/2023/02/%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%80%9d%e1

၂၇။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင်ကျင်းပ
February 27, 2023

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် စစ်ကျွန်ပညာသင်ကြားရေးကို တော်လှန်ဖီဆန်ဖို့ သင်ယူမှုတွေကို ရပ်တန့်ခဲ့တဲ့ CDM ကျောင်းသားတွေအတွက် ပညာဆက်လက်သင်ကြားနိုင်ဖို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တဲ့ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (Kachin State Comprehensive University (KSCU) ရဲ့ ပထမဆုံး ဘွဲနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာမြို့ မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်းနဲ့ ဒဿနိကဗေဒ ဘာသာရပ် တွေမှာ နောက်ဆုံးနှစ်သင်တန်းကို လေ့လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကို ဘွဲ့အပ်နှင်းခဲ့ပြီး အမြင့်ဆုံးဘွဲ့အဖြစ် မဟာဝိဇ္ဇာဘွဲ့ကိုလည်း မြန်မာဘာသာရပ်မှာ ချီးမြှင့်ခဲ့ပါတယ်။ ဘွဲ့ရမောင်မယ် တွေထဲမှာ အွန်လိုင်းအခြေပြု သင်ကြားရေးကနေတဆင့် တက်ရောက်သင်ကြား ခဲ့တဲ့ CDM ကျောင်းသားတွေလည်း ပါဝင်တယ် လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

KSCU ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့အတူ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ တက္ကသိုလ် အဓိပတိဖြစ် တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် က ဘွဲ့ရမောင်မယ်တွေကို ဘွဲ့ လက်မှတ်ပေးအပ်ခဲ့ပြီး ဘွဲနှင်းသဘင် မိန့်ခွန်းမှာတော့ “ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အတွက် ကြိုးစားနေကြရဆဲဖြစ်ပြီး တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလတွေမှာ ဘွဲ့ရမောင်မယ်တွေက မိမိတို့ရဲ့ အရည် အသွေး၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်များဖြင့် ပါဝင်ပြီး မိခင်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြရမယ်” လို့ ဘွဲ့ရ မောင်မယ်တွေကို တိုက်တွန်းမှာကြားခဲ့ပါတယ်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သက်ဆိုင်ရာ ဘာသာရပ် များရဲ့ နေ့ သင်တန်း နောက်ဆုံးနှစ်ကို အောင်မြင်ပြီးဆုံးခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၃ ဦးနဲ့ အဝေးရောက်ဘွဲ့ ၁ ဦးကို ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ http://burmese.dvb.no/archives/581097

၂၈။ နမ့်ခမ်းမြို့မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၆၀၀ ဖြင့် လဲလှယ်ခိုင်း
February 27, 2023

သျှမ်းပြည် နမ့်ခမ်းမြို့မှ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး မြန်မာကျပ်ငွေသိန်း ၆၀၀ ဖြင့် လာရောက်လဲ လှယ်ခိုင်းကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နမ့်ခမ်းမြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ နန်းခင်မာဦး ကို မျက်နှာဖုံးစွပ် အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားပြီး ပိုက်ဆံ သိန်း ၆၀၀ ကျပ်ဖြင့် လာရောက် လဲလှယ်ရန် မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။ “သူတို့အိမ်က ကုန်စုံဆိုင်လေးဖွင့်ထားပါတယ်၊ အဲ့ အမျိုးသားနှစ်ယောက် ပထမအကြိမ်လာတုန်းက ဈေးဝယ် သလိုလိုနဲ့ စကားပြောပြီး ပြန်ထွက်သွားတယ်၊ ဒုတိယ တခေါက်ထပ် လာပြီးတော့ ဖမ်းသွားတာ၊ သူတို့က သူမ မိသားစုတွေဆီ ဖုန်းဆက်လာပြီး ပိုက်ဆံ သိန်း ၆၀၀ ကျပ်နဲ့ ပြန်လာရွေးဖို့ ပြောတယ်၊ ဖုန်းထဲကနေ သေနတ် ငါးချက်လည်း ပစ်ပြတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ ဆွေမျိုးတော် စပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

မိသားစုဝင်များက ဆွေမျိုးများ နှင့် နီးစပ်သူများထံ ငွေကြေးချေးငှားပြီး ပိုက်ဆံ သိန်း ၈၀ ကျပ် ရရှိလာသည့်အတွက် အဆိုပါ သိန်း ၈၀ ကျပ်ဖြင့်ပင် နန်းခင်မာဦးကို ပြန်လည် ရွေးယူခဲ့ရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။ “မိသားစု ဝင် တွေကလည်း ပိုက်ဆံ သိန်း ၆၀၀ ကျပ် မပြောနဲ့ ၆၀ တောင် မရှိဘူးပြောတယ်၊ ဒါပေမဲ့ အရပ်ထဲ ရွာထဲ ဆွေမျိုးတွေကနေ ပိုက်ဆံတွေ လိုက်ချေးတော့ သိန်း ၈၀ လောက်ရလာတယ်၊ အဲ့ဒါနဲ့ ပြန်ပေးဆွဲ လုပ်တဲ့ သူတွေကို ဖုန်းပြန်ဆက် တော့ သဘောတူ တယ်ဆိုပြီး ပိုက်ဆံထုပ်ကို မူဆယ် – နမ့်ခမ်း ကြားက တိုးဂိတ်နားမှာ သွားထား ပေးရတယ်၊ လူကိုလည်း မနေ့က မနက်ပိုင်း အဲ့နေရာမှာပြန်လာပေးတာ” ဟု ၎င်းက ဆိုသည်။ မိသားစုဝင်များမှ ပိုက်ဆံ သိန်း ၈၀ ကို တိုးဂိတ်နား သွားထားလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း တွင် နန်းခင်မာဦး ကို ပြန်ပေးဆွဲသူတို့က မူဆယ် – နမ့်ခမ်းကြား တိုးဂိတ်နားတွင် ပြန်လွှတ် ပေးခဲ့ကြောင်းသိရသည်။ လက်ရှိတွင် နန်းခင်မာဦး သည် နေအိမ်သို့ ပြန်လည်ရောက်ရှိ လာသော်လည်း ကြောက်ရွံ့တုန်လှုပ်မှု များ ရှိနေသေးကြောင်း သိရသည်။ https://burmese.shannews.org/archives/33258

၂၉။ ရွေးကောက်ပွဲကော်မရှင်ထံ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့် လျှောက်ထား
February 26, 2023

ကရင်ပြည်နယ် ဖားအံမြို့တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) က နိုင်ငံရေးပါတီအဖြစ်တည် ထောင်ခွင့်ရရန် စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၂၃၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တွင် ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည်ဟု စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ ထားသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကောင်စီမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ အား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိ သည်ဟု ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ဝေသည့် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖော်ပြထား သည်။

ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ- KNDP ဥက္ကဌ မန်းအောင်ပြည်စိုး က “ပါတီကတော့ ဘယ်သူဖြစ်ဖြစ် ပါတီမှတ်ပုံတင်ခွင့်ရှိပါတယ်။ ဖလုံစဝေါ် ပါတီလည်း ပါတီဟောင်းတစ်ခုအနေနဲ့ ပြန်ပြီမှတ်ပုံတင် လို့ရတယ်သဘောမျိုးပေါ့။ ကရင်ပါတီ များရင်တော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အလားအလာ မကောင်းဘူးပေါ့။ ကျနော်တို့ ပါတီလည်း မှတ်ပုံတင်သွားဖို့ စီစဉ်နေပါပြီး”ဟု ပြောသည်။ မည်သည့်ခေတ်စနစ် အစုအဖွဲ့နှင့် မည်သူနှင့်မှသာ လက်တွဲမည်ဆို သည်ထက် ကရင်လူထုအတွက် ပြောရေးဆိုခွင့်ရှိရန် တစ်မျိုးသားလုံးအနေဖြင့် ကရင်ပါတီရှိရန် လိုအပ်မည်ဖြစ်ပြီး ကရင့်နိုင်ငံ ရေးသဘောထား အတွေးအမြင်နှင့် ကရင့်အရေးအရာအတွက် ပြောဆိုနိုင်သည့် နေရာတစ်ခုရှိရန် လုပ်ဆောင်နေ ခြင်းဖြစ်သည် ဟု KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆက်ပြောသည်။ “သူတို့ပါတီ မှတ်ပုံတင်ခြင်းဟာ ပါတီရဲ့ဆုံးဖြတ်ချက် လွတ်လပ်ခွင့်အပေါ် လုပ်နေတယ်လို့ နားလည်တယ်။ သို့သော်လည်း ငြိမ်းချမ်းရေး ဆိုတဲ့အမြင် မရှိဘူးလို့ မှတ်ချက်ပြုချင်တယ်။ ကရင်လူထု တွေ လိုချင်တာဘာလဲ၊ ဘာကြောင့်တော်လှန်ရေးလုပ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိတယ်။ လူသတ်အကြမ်းဖက် စကစ လုပ်တဲ့ ပါတီနဲ့ဆိုင်တဲ့မှတ်ပုံတင် သွားလုပ်တဲ့ကိစ္စဟာ မိမိလူမျိုးနဲ့ နိုင်ငံသစ္စာဖောက်တဲ့လို့ပဲ မြင်တယ်”ဟု KYN ကရင်လူငယ် ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မှတ်ချက်ပြုပြောသည်။ https://kicnews.org/2023/02/%e1%80%9b%e %80%bd %e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1

၃၀။ ရှမ်းမြောက်တွင် ABSDF၊ PDF နှင့် KPDF ရဲဘော်များ နိုင်ငံရေး၊ စစ်ရေး မွမ်းမံ သင်တန်းဆင်း
February 28, 2023

ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ABSDF ကျောင်းသားတပ်မတော် တပ်ရင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်က PDF ရဲဘော်တွေနဲ့ KPDF ရဲဘော် ၆၀ ကျော်ကို နိုင်ငံရေး၊ စစ်ရေး မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်တန်းဆင်းပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က သင်တန်းဆင်းပွဲအတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး သင်တန်းဆင်း ပွဲမှာ ABSDF ရဲဘော်တွေကိုသာမက PDF နဲ့ KPDF ရဲဘော်တွေကိုပါ အောင်မြင်စွာ သင်တန်းဆင်းပေး နိုင်ခဲ့တယ်လို့ ABSDF က သင်တန်းမှူး ဗိုလ်အားခီက ပြောပါတယ်။ နိုင်ငံရေး၊ စစ်ရေး လေ့ကျင့် မွမ်းမံသင်တန်းကို ABSDF က ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ် ပြီး ABSDF က ရဲဘော် ၃၀ ဦး၊ PDF တပ်ရင်းတွေက ရဲဘော် ၂၁ ဦးနဲ့ KPDF က ရဲဘော် ၁၂ ဦး၊ စုစုပေါင်း ၆၃ ဦးကို လေ့ကျင့် သင်ကြားပေးခဲ့ပြီး အဲဒီထဲက ၆၁ ဦးကို အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မွမ်းမံသင်တန်းကို Non Commission Officer (NCO) သင်တန်းလို့လည်း ခေါ်ဆိုနိုင်ပြီး အခြေခံစစ်ပညာ သင်တန်းထက် အဆင့်မြင့်တဲ့ နိုင်ငံရေးသင်ခန်းစာတွေ၊ စစ်ရေးလေ့ကျင့်မှု တွေအပြင် စစ်မြေပြင်အတွေ့အကြုံတွေကိုလည်း လက်တွေ့သင်ကြား ပြသပေးနိုင်ခဲ့တယ်လို့ သင်တန်းနည်းပြတဦးက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ABSDF အနေနဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် ၄ အထိ သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် NCO သင်တန်းအနေနဲ့ PDF၊ KPDF က ရဲဘော်တွေကိုပါ ပူးပေါင်းပါဝင် လေ့ကျင့်သင်ကြားပေးခဲ့ပါ တယ်လို့ ABSDF ပြန်ကြားရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ABSDF ကျောင်းသား တပ်မတော်ဟာ လက်ရှိနွေဦးတော်လှန်ရေးကာလမှာလည်း စစ်ကောင်စီတပ်တွေကို မဟာမိတ်အဖွဲ့တွေနဲ့အတူ လက်တွဲပြီး နေရာဒေသအသီးသီးမှာ တိုက်ပွဲဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။ http://burmese.dv b.no/archives/581158

၃၁။ အပစ်ရပ်နောက်ပိုင်း မောင်တောနယ်စပ်တလျောက်ကို AA ထိန်းချုပ်ထားဟု ဆို
February 27, 2023

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အလွတ်သဘော နှစ်ဖက် ယာယီ အပစ်ရပ်စဲခဲ့ပြီးနောက်ပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်တလျောက်တွင် AA တပ်ဖွဲ့ဝင်များက တပ်စွဲ နေထိုင်ပြီး နယ်မြေထိန်းချုပ်ထားကြောင်း AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ နှစ်ဖက် အပစ်ရပ်ပြီးနောက်ပိုင်း ကျဆုံးသွားသော နယ်စပ်က စခန်းကုန်းများတွင် စစ်ကောင်စီက ပြန်လည် ခြေကုပ်ယူပြီး တပ်စွဲ နေထိုင်မှုများရှိနေကြောင်း ယင်းမြို့နယ်အတွင်းရှိ ဒေသခံများထံမှ သိရ၍ နယ်စပ်ဒေသတလျောက် AA ဘက်မှ နယ်မြေစိုးမိုးမှု အခြေအနေကို မေးမြန်းရာတွင် ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။ ၎င်းက “ တကျော့ပြန် တိုက်ပွဲကာလမှာ နယ်မြေတချို့ကို စိုးမိုးမှု ပိုပြီးတော့ ရရှိခဲ့တာကတော့ အမှန်ပဲ။ အဲ့ဒီ နေရာတွေကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေက လက်ရှိ အချိန်အထိ ထိန်းချုပ် ထားပြီးတော့ တပ်စွဲထားတယ်။ အထူးသဖြင့် မောင်တော မြောက်ပိုင်း နယ်စပ်တလျောက်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သော သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တကျော့ပြန် တိုက်ပွဲ၌ ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်နှင့် မောင်တောနယ်စပ်တလျောက်တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နောက် အဆိုပါ နယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းများ ကျဆုံးခြင်းနှင့် စခန်း စွန့်ခွာမှုများ ရှိခဲ့ရာ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ရရှိသော ရှေ့တန်းစခန်းများ ၊ အထိုင်စခန်းများ၊ ကာကင်းစခန်းများနှင့် စစ်ရေးအချက် အခြာ ကျသော တောင်ကုန်းစခန်းများအား သိမ်းပိုက်ရရှိခဲ့ ခြင်းမှာ သွေးနှင့်ရင်းနှီးကာ ရရှိခဲ့သည့်အတွက် မည်သည့်နယ်မြေ တလက်မ၊ တောင်ကုန်းတခုကိုမှ ပြန်လည်ဆုတ်ပေးခြင်းမရှိကြောင်းနှင့် အပစ်ရပ်ကာလ နှစ်ဖက်တပ်များ ထိပ်တိုက်မတိုး စေရန် သွားလာမှုများတွင် အပြန်အလှန် သတင်းပို့သွားလာ ဆောင်ရွက်မှုများရှိကြောင်းလည်း ဦးခိုင်သုခ ကပြောသည်။ https:/ /www.facebook.com/theirrawaddyburmese/pho tos/a.142225162488311/6535673666476730/

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။