• Today is: Sunday, April 14, 2024

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံရှိ မြန်မာများပါဝင်လာစေရန် တွေ့ဆုံဆွေးနွေးမှုပြုလုပ်

Photo – BMC
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၆၊ ၂၀၂၃
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပိုမိုပါဝင်လာနိုင်ရန် ထိုင်းနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုကို မတ်လ ၅ရက်နေ့ညက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးမှုကို ထိုင်းနိုင်ငံရှိတော်လှန်ရေးအင်အားစု ၁၀ ခုကျော်အားဖိတ်ကြားခဲ့ပြီး အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးမှုတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို အသေးစိတ်ရှင်းပြခဲ့ပြီး ထိုင်းငံရှိ PTT ကုမ္ပဏီ နှင့် ပတ်သတ်သော ထုတ်ကုန်များကို Boycott လုပ်ရာတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများ ပူးပေါင်း ပါဝင်စေရေး အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် ထိုင်းနိုင်ငံအခြေစိုက် PTT ကုမ္ပဏီမှာ စစ်ကောင်စီ၏ MOGE(ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)မှ စစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ အကူအညီအထောက်အပံ့ပေးနေသော ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။
အဆိုပါ PTT ကုမ္ပဏီ၏ ထိုင်းနိုင်ငံရှိ အဓိက လုပ်ငန်း ၂ခုမှာ PTT စက်သုံးဆီဆိုင် နှင့် Amazon Cafe တို့ဖြစ်ပြီး ထိုဆိုင်များကို ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် boycott လုပ်ကြဖို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(Blood Money Campaign) အဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။