• Today is: Friday, March 29, 2024

ဘီးလင်းမြို့နယ်အတွင်းရှိ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရ၍ မီးလောင် 

Photo – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၉၊ ၂၀၂၃
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘု ရား ငုတ်တို ကွင်း အနီးရှိ စစ်ကောင်စီ၏ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရပါတယ်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းကို မတ်လ ၉ရက်နေ့ နံနက် ၄နာရီခန့်တွင် မိုင်းဆွဲဖောက်ခွဲခဲ့တာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းမှ ဖောက်ခွဲခဲ့ကြောင်းကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။
” မနက် ၄နာရီလောက်တော့ဖြစ်မယ်။ အသံကြလို့ထကြည့်တာ။ အုံးခနဲ့။ အသံတော်တော်ကျယ်တယ်။ ပထမတော့ လေယာဥ်နဲ့များ မိုင်းလာကြဲတာလားလို့ထင်မိတယ်။ နောက်တော့မဟုတ် ဓာတ်ငွေ့လိုင်းပေါက်ကွဲတာမှန်းသိရတယ်။ ” လို့ ဘီးလင်းဒေသခံတစ်ဦးမှ ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိပင်မဲ့ အနီးအနားရှိလယ်ကွင်းများမှာတော့ အနည်းငယ် ပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။