• Today is: Thursday, April 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာ

(No. 20, March 10, 2023)

၁။ BGF ခေါင်းဆောင်သား စီးနင်းလာသည့်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ KNU ခေါင်းဆောင်လိုက်ပါသည့် ယာဉ်တန်း တိုက်ခိုက်ခံရခြင်းမဟုတ်ဟု ဆို
March 9, 2023

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်ချုပ် ဖားနွီး သားဖြစ်သူ စီးနင်းလာသည့် ယာဉ်ကို အမည်မသိ လူတစ်စုက ယနေ့ မတ်လ ၉ ရက်၊ နံနက် ၉နာရီ ဝန်းကျင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသား စီးနင်းလာ သည့် ယာဉ်ကို အဝေးထိန်းခလုတ်ဖြင့် လမ်းဘေး မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်တိုက်မှုကြောင့် မော်တော် ယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ် ခဲ့သော်လည်း ယာဉ်ပေါ်ပါ BGF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အမည်မဖော်လို သူ ကေအဲန်ယူနှင့် နီးစပ်သည့် ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ဒီမနက် ၉ နာရီလောက်မှာ ကျနော်တို့သတင်းအတိအကျရတာက BGF က ဗိုလ်ချုပ် ဖားနွီးသား စီးလာတဲ့ကားကို လမ်းဘေးမိုင်းဆွဲတာ။ ကားတော့ နည်း နည်းထိသွားတယ်။ ကားပေါ်ကပါတဲ့ လူတွေတော့ ထိတာမရှိဘူး။ ပြီးတော့ ကျနော်ကြားတာ KNU ခေါင်းဆောင်တွေသွားတယ် လို့ လည်းကြားတယ်။ ဒါပေမဲ့ သူတို့ သွားတာနဲ့ အခုဖြစ်စဉ်နဲ့က ဘာမှမဆိုင်ဘူး။”ဟု ပြောသည်။ သို့သော် ယနေ့ ထွက်ပေါ်လာ သည့် သတင်းများအရ KNU ဥက္ကဋ္ဌ နှင့် ခေါင်းဆောင်အချို့လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများရေးသားဖော်ပြကြပြီး KNU ခေါင်းဆောင်များ လိုက်ပါသည့် ယာဉ်တန်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ သက်ဆိုင်မှုမရှိဘဲ ဖြစ်စဉ်ဖြစ်ပွားရာလမ်းကြောင်း နေရာမတူကြောင်းလည်း ထိုသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ လိုက်ပါလာသည့် ယာဉ်တန်းသည် လှိုင်းဘွဲ မြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ငြိမ်းချမ်းရေး ဆိုင်ရာ ဆန္ဒခံယူပွဲ ပြုလုပ်ရန် ဖားအံခရိုင် လေးဝါးမှတဆင့် လှိုင်းဘွဲမြို့သို့ ထွက်ခွာလာရာ လှိုင်းဘွဲနှင့် ပိုင်ကျုံ ကြားတွင် ယာဉ်တန်း၏ ရှေ့ပြေးလုံခြုံရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းမီဒီယာအချို့က ရေးသားဖော်ပြ ကြခြင်းဖြစ်သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ယာဉ်ထိခိုက်ပျက်စီးပြီး ယာဉ်ပေါ်တွင် လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU ခေါင်းဆောင် နှင့် အဖွဲ့ဝင်များတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ရေးသားဖော်ပြကြသော်လည်း ထိုဖြစ်စဉ် ဖြစ်ပွားရာဒေသသည် စစ်တပ်ထောက်ခံသည့် ယခင်စစ်မှုထမ်းဟောင်းအများဆုံးနေထိုင်ရာ ဒေသဖြစ်ကြောင်း နီးစပ်သည့် ဒေသခံများ က ပြောဆိုကြသည်။ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသသည် KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေနှင့် ထိစပ်ရာ ဒေသဖြစ် သော်လည်း BGF တပ်ဖွဲ့ဝင်များအဓိက ကြီးစိုးရာ ဒေသဖြစ်ပြီး ယခုလို နယ်မြေခံ BGF ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ https://www.facebook.com/KI CNewsPage/ photos/pcb.2192324234285719/2 192323607619115/

၂။ ပလက်ဝမြို့နယ်အတွင်း ကြားဖြတ်တိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု CDF ‌ပြော
March 9, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို CDF ပလက်ဝတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့ (ပလက်ဝ) CDF –ပလက်ဝက အတည်ပြုပြောသည်။ မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မတူပီမြို့နယ် လိုင်လင်းပီမြို့မှ ထယ်ဘွဲ့ စခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ် စစ်ကြောင်းအား ပလက်ဝမြို့နယ် ကိန်းကန်းကုန်း ကျေးရွာနှင့် စခီဟာ ကျေးရွာ အကြားရှိ ဗာမီချောင်းလမ်းခုလတ် တစ်နေရာတွင် CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကြိုစောင့်ပြီး ခြုံခိုပဲ ပစ်ခဲ့ရတာပါ၊ အင်အားများတော့ ငါးယောက်တော့ကျတယ်၊ ဒဏ်ရာရတာတော့ ပိုများတာပေါ့၊ စစ်ကြောင်းကို ဖြိုဖျက်ဖို့က အင်အားမမျှ တော့ ခြုံခိုပဲတိုက်တာကြောင့် အထိနာရုံပဲရှိပါတယ်” ဟု CDF – ပလက်ဝတပ်ဖွဲ့ ဗဟိုကာကွယ်ရေးကော်မတီ ဥက္ကဌ Paul က ကိုပြောသည်။

တိုက်ပွဲကြာချိန် ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ CDF ပလက်ဝတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုသည်။ ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား ၈၀ ခန့် ပါဝင်ပြီး ဆမီးမြို့နှင့် မတူပီမြို့ကြားရှိ ၎င်းတို့ အခြေကုတ်ယူထားသည့် တစ်ခုတည်းသော ထယ်ဘွဲ့ စခန်းကို ရိက္ခာပို့ ခြင်းဖြစ်နိုင်ကြောင်း Paul က ဆက်ပြောသည်။ CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့သော နေရာ နှင့် ထယ်ဘွေ့စခန်းသည် နှစ်နာရီခန့်ကြာ ခြေလျင်ခရီးဖြစ်ပြီး လက်ရှိမှာ ကျန်စစ်ကောင်စီတပ်ဖွဲ့များ ယင်းစခန်းသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်းသိရသည်။ https://www.facebook.com/MizzimaDaily/p hotos/a.320351647999747/648970439106 4411/

၃။ မအီမြို့က စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးနေ
March 9, 2023

ရခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဆိုပြီး ရခိုင်စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။ မအီမြို့ ရက်ကွက် (၂) မှ ဦးတင်ထွန်းနှင့် ဦးတင်ဝင်း၊ ရပ်ကွက် (၃) မှ ဦးမောင်သိန်းထွန်း၊ ဦးထွန်းဝင်းနှင့် ဦးဇာနည်မင်း တို့ကို စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နှင့် အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားသောကြောင့် လက်ရှိတွင် တိမ်းရှောင်နေကြသည်ဟု သိရသည်။ သို့သော်လည်း တချို့မှာ ဖမ်းဝရမ်းထုတ်ထားခြင်းကို တော့သိရပြီး မည်သည့်ပုဒ်မဖြင့်ဆိုသည်ကို မရသေးကြောင်း တိမ်းရှောင်နေ သူ ဦးထွန်းဝင်း က ပြောသည်။ “ဘယ်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတာ အတိကျ မသိရသေးဘူး။ အကြောင်းအရာက တော့ AA နဲ့ စပ်ဆက်လို့ ဆိုပြီးလို့တော့ ကြားတယ်။ တောင်ကုတ် ရဲစခန်းကနေ မအီနယ်မြေရဲစခန်းဖက်ကို လွဲပြောင်းထားတယ် လို့တော့ ကြားတယ်။ ကျွန်တော်တို့လည်း လောလော ဆယ်လုံခြုံတဲ့နေရာတွေမှာ တိမ်းရှောင်နေကြရတယ်” ဟုပြောသည်။

ယခု ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ စစ်ကောင်စီက ဖမ်းဆီးထားသည့် မအီမြို့မှ စီပွားရေးလုပ်ငန်းရှင် ဦးထွန်းကြွယ် ၏အမှုတွင် ထွက်ဆိုချက်များကြောင့် စစ်ကောင်စီမှ လိုက်လံရှာဖွေနေခြင်းဟု မြို့အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မအီမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ထွန်းကြွယ်ကို စစ်ကောင်စီကဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တောင်ကုတ်ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာတွေရှိတယ်။ အဲဒီအမှု စစ်ဆေးချက်တွေမှာ ဦးထွန်းကြွယ်ရဲ့ ထွက်ဆို ချက်တွေအရ သူတို့နဲ့ပါ ပတ်သတ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးဖို့ တောင်ကုတ် ရဲစခန်းက နယ်မြေရဲစခန်းကို ညွှန်ကြားထားတာလို့ သိရတယ်။ အခုတော့ ဝရမ်းထုတ် ခံထားရသူတွေကတော့ တိမ်းရှောင်နေကြရတယ်” ဟု ပြောသည်။ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းကြွယ် ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မအီမြို့မှ တောင်ကုတ်မြို့သို့ အသွား လမ်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီမှ တောင်ကုတ်ခရိုင်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ် သည်။ https://www.facebook.com/we sternnewsagency/photos/a.119286173211229/726942862445554/

၄။ ရေးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း တခု ရေးဘီလူးသိမ်းဆည်းခဲ့
March 10, 2023

ရေးမြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်း တခုကို ရေးဘီလူးအဖွဲ့မှ သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါ တယ်။ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၇နာရီ မှာ အာယုတောင်နှင့် စုံနံသာကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတားအနီးက စစ်ကောင်စီတပ်စခန်း တခုကို သိမ်းဆည်းခဲ့တာဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အင်အား ၁၅ ဦးခန့် ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်သိမ်းဆည်းခဲ့တာဖြစ်ပြီး ၆ ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး ကျန်သူများမှာ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

ရေးဘီလူးအဖွဲ့မှ ဝင်ရောက်သိမ်းဆည်းခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စခန်းကိုသိမ်း ဆည်းနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပေးခြင်းနှင့် ဆုတ်လမ်း ဝေးကွာခြင်းတို့ကြောင့် လက်နက်ကောက်ယူရန် အဆင်မပြေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။ ရေးဘီလူးအဖွဲ့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရေးမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်နေပြီ အစစ်အဆေးကြမ်းတဲ့ ရေးမြို့ တံတားကြီးဂိတ်ကို မတ်လ ၇ ရက်နေ့မှာ Drone ဖြင့်သွားရောက်တိုက်ခိုက်ထားပါသေးတယ်။ https://www.facebook.com/ lagoneainbulletinmon/photos/a.105408675003839/5 13898404154862/

၅။ နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ
March 10, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြု့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး ၉ ရက် နေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်ဟု နန်းမားမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်လိုကြောင့် ဖမ်းဆီးခံရမှန်း တော့မသိဘူး။ သတင်ပေးပဲနေမှာပေါ့ တစ်ယောက်ကတော့ သတင်းပေးလို့ ဖမ်းခံလိုက်ရတာ။ ကလေးတွေက သာမာန်ပြည်သူ တွေပါပဲ ဘယ်လိုဆက်စပ်ပြီး ဖမ်းခံရတယ်ဆိုတာ အခုထိမသိရသေးဘူး။ အခုသူတို့ကို မိုးညှင်းမှာလို့သိရတာ တစ်ခါတည်း ဖမ်းပြီး တရားစွဲလိုက်တာဟုတ်တယ်”ဟုပြောသည်။

မတရား ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိသူများဖြစ်ကြသည့် မောင်စိုးထွန်းနိုင်၊ မဇင်မွန်ဦး နှင့် မပန်းသဇင်တို့ဖြစ်ကြောင်းသိရသည်။ ယင်းလူငယ် ၃ ဦးအနက် မဇင်မွန်ဦး သည် မြစ်ကြီးနားကားဂိတ်တွင် ဖမ်းဆီးခံရပြီး ကျန်နှစ်ဦးမှာ ၎င်းတို့၏ နေအိမ်တွင်ရှိနေစဉ်အတွင်း စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ဖမ်းဆီး ခေါ်သွားသည်ဟု သိရသည်။ နန်းမားမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီ က မှားယွင်းဖမ်းဆီးခဲ့ပြီး ရိုက်နက်မှုများပြုလုပ်ကာ ပြန်လည်လွတ်ပေးခဲ့သည်။ https://burmese.k achinnews.com/2023 /03/10/az1-148/

၆။ မိုင်းယုကနေ မိုင်းလား၊ ကျင်းရဲကို သွားသူတွေရဲ့ မှတ်ပုံတင် စစ်ကောင်စီသိမ်း
March 9, 2023

မိုင်းယုမြို့ကနေ မိုင်းလားမြို့၊ ကျင်းရဲကို သွားရောက်လည်ပတ်သူတွေရဲ့ မှတ်ပုံတင်ကို စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တဲ့ စရဖ၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေက သိမ်းဆည်းထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ခရီးသွားတွေက မဲခေါင်ကိုပြောပါ တယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်ကစလို့ လာလည်တဲ့သူတွေရဲ့ မှတ်ပုံတင်ကို စသိမ်းတာဖြစ်ပြီး ဘာကြောင့်သိမ်းတယ်ဆိုတာကို လည်း မပြောဘူးလို့ ခရီးသွားတစ်ဦးက မဲခေါင်ကို မတ်လ ၈ ရက်နေ့က ပြောပါတယ်။ “မိုင်းလားဘက်ကိုရောက်ဖို့ မဲခေါင်မြစ်ကို စက်လှေနဲ့ဖြတ်ရတာရှိတယ်။ အဲဒီနေရာမှာသိမ်းတာ။ ဘာကြောင့်သိမ်းတယ်ဆိုတာ မပြောဘူး။ ပြန်ရင်တော့ ပြန်ပေးမယ်။ တချို့ဗမာစကားသိပ်မတတ်တဲ့သူတွေဆိုရင်တော့ ပိုက်ဆံပေးရတယ်” လို့ သူက ပြောပါတယ်။

မှတ်ပုံတင်သိမ်းဆည်းလိုက်တဲ့အတွက် ကျင်းရဲဘက်ကဝင်ပြီး ကျိုင်းတုံလမ်းကြောင်းဘက်က ပြန်ထွက်မယ့်သူတွေဆို ရင် အခက်တွေ့တယ်လို့ အဲဒီခရီးသွားက ပြောပါတယ်။ ဒေသခံတွေဟာ ကုန်ပစ္စည်းသွားဝယ်တာ၊ အလည်အပတ်သွားတာ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ကနေ မိုင်းလားမြို့ကို ဒီလမ်းကြောင်းကနေ ပုံမှန် သွားလာနေကျဖြစ်ပြီး အရင်တုန်းက ဒီလိုသိမ်းဆည်းတာမျိုးမရှိဘူးလို့ မိုင်းယုဒေသခံတစ်ဦးက ပြောပါတယ်။ ဘာကြောင့်ဒီလို သိမ်းဆည်းရတယ်ဆိုတာကို မိုင်းယုမြို့က ဒေသအာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ https://www.facebook.com/watch?v=515062897465481

၇။ ပင်းတယ စစ်ကောင်စီ စစ်သင်တန်းမှ ပျူစောထီးများ ထွက်ပြေး၊ သင်တန်းလည်း ပိတ်ထားရ
March 10, 2023

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၏ စစ်သင်တန်းတွင် သင်တန်းသား ပျူစောထီးများ ထွက်ပြေးနေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် အောယောရပ်ကွက်တွင် စစ်သင်တန်း ပေးနေခြင်းဖြစ်ပြီး သင်တန်းလာတက်သည့် ပျူစောထီးများကထွက်ပြေးကြသဖြင့် လက်ရှိတွင်အဆိုပါစစ်သင်တန်းကို ပိတ်ထား ရကြောင်း ဒေသခံများကကိုပြောသည်။ “သင်တန်းမတက်ခင်မှာတော့ သင်တန်းတက်ပြီးတာနဲ့ သေနတ်လည်း ပေးကိုင်မယ်လို့ ပြောပြီး စည်းရုံးထားတာပေါ့၊ ဒါပေမဲ့ သင်တန်းလည်း ပြီးရော တချို့က ရှေ့တန်းကို သွားရမယ်ဆိုတာကျတော့ ကြောက်ကြ တယ်လေ။ ဒါကြောင့် တချို့ကထွက်ပြေးကြတာ”ဟု ဖြစ်စဥ်ကို သိရှိရသည့် ပင်းတယမြို့မှ အသက် ၃၀ နီးပါးရှိ အမျိုးသား တစ်ဦးကပြောသည်။ စစ်ကောင်စီ၏ ပျူစောထီး စစ်သင်တန်းကို တက်ရောက်သူများသည် ၎င်းတို့ လက်အောက်ခံ အုပ်ချုပ် ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်းသိရသည်။ ပင်းတယမြို့မှ စစ်ကောင်စီတပ်ဖွဲ့တို့၏ ပျူစောထီး စစ်သင်တန်း သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် မှ စတင်လာခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် သင်တန်းပြန်လည် ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပျူစောထီး စစ်သင်တန်း ဖွင့်လှစ်စဥ်ကာလအတွင်းတွင် စစ်သားများ၏ ဝင်ထွက်သွားလာမှုကြောင့် ဒေသခံ ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်သလို စိုးရိမ်စိတ်လည်း ဖြစ်စေကြောင်းလည်း အောယော ရပ်ကွက်နေ အမျိုးသမီးတစ်ဉီးက ပြောသည်။ “နံနက်အစောကြီး ၅ နာရီလောက်ကစပြီး ဘယ်ညာအော်သံတွေ ကြားရတယ်၊ ညဘက်ဆိုလည်း သေနတ် တွေ ဖောက်ပစ်တာ ရှိတယ်၊ တက်တဲ့သူလည်း အယောက် ၂၀ လောက်ရှိနေတယ်၊ အခုတော့ ပိတ်သွားပြီ၊ နားအေးတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အာဏာသိမ်း စစ်ကောင်စီမှ ပျူစောထီးများ မွေးထုတ်ပြီး လက်နက်တပ်ဆင်ပေးခြင်းသည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချင်းချင်း ရန်တိုက်ပြီး သပ်လျိုသွေးခွဲသလိုဖြစ်နေသည့်အတွက် စိုးရိမ်ရ ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း ရွာငံမြို့နယ်အတွင်း စစ်သင်တန်းပေးမှု ရှိခဲ့ကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/33428

၈။ ကလေးမြို့ကနေ ချင်းတောင်သို့ သံချပ်ကားနဲ့ ချောဆွဲထားတဲ့ကုန်တင်ကားအစီး ၃၀ ဖြင့် စစ်ကောင်စီရိက္ခာတင် ကားတွေတက်လာ
March 9, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ချင်းတောင်ဘက်သို့ မတ်လ ၉ ရက်နေ့ မနက် ၇ နာရီလောက် သံချပ်ကာကားနဲ့ ရိက္ခာတင် ၁၂ ဘီးကုန်တင်ကား အစီး ၃၀ လောက်နဲ့ စစ်ကောင်စီယာဉ်တန်းများ ခိုင်ကမ်းမြို့ဖြတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ၁၂ ဘီးကုန်တင်ကားအပါအဝင် ကုန်တင်ယာဥ် အများအပြားကို မတ်လ ၈ ရက်နေ့ ညမှာပဲစစ်ကောင်စီက အတင်းအဓ္ဓမချောဆွဲထား တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ဒီမနက် ၆ နာရီလောက်ကနေတာဟန်း ဗိုလ်ချုပ်လမ်းပေါ်မှာ ကုန်တင်ကား ၂၅ စီးခန့်ကို စစ်ကောင်စီက တားရပ်ထားပြီးအဆိုပါ ကုန်တင်ကားတန်းကကား ၂ စီးပေါ်မှာ စစ်ကောင်စီတပ်သားအယောက် ၃၀ ခန့် လိုက်ပါလာကာ ချင်းတောင်ဖက်ကို တက်ခဲ့တယ်လို့လည်းသိရပါတယ်။ ထိုသို့ ကုန်တင်ကားများကိုချောဆွဲနေကြောင်း ကြားသိရလို့ ကလေးမြောက်ဘက်မဟာမြိုင်လမ်းပေါ်မှာလည်း ကုန်တင်ယာဥ်တွေအများအပြားဟာ မြို့ထဲမဝင်ရဲဘဲအတန်ကြာ ရပ်နားထားရတယ်လို့ကလေးမြို့ ကုန်တင်ယာဥ်အသင်းမှ ဝန်ရှိသူတစ်ဦးကဆိုပါတယ်။ “ဘယ်ကိုပို့ရမယ်၊ဘယ်သွားရမယ်ဆို တာတော့ကျွန်တော်တို့လည်း မပြောတတ်ဘူးဗျကုန်ချနေတုန်း အခုလိုပဲ အတင်းလာခေါ်သွားတာ”လို့ ၄င်းက ပြောပါတယ်။

မတ်လ (၇) ရက်မနက်ပိုင်းက ကလေးမြို့ကနေ ရှေ့ပြေးအနေနဲ့ စစ်ကောင်စီတပ်သား ၅၀ ခန့် ချင်းတောင်ဘက်တက် သွားပြီး ယနေ့ထိ ကလေးမြို့ဘက်ပြန်မဆင်းသေးဘူးလို့သိရတယ်။ ယမန်နေ့က ချင်းပြည်နယ်ဖက်ကိုရိက္ခာပို့သွားတဲ့ ရဟတ် ယာဥ်တစ်စင်းကို ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CDF ကနေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အခုလိုမျိုး အရပ်သား ယာဥ်တန်း ကိုအသုံးချပြီး ချင်းတောင်ဖက် ရိက္ခာသွားပို့တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ချို့ကသုံးသပ်ထားပါတယ်။ https://www .facebook.com/zalen.info/photos/a.1735229460031251/357 2840236270155/

၉။ စစ်ကောင်စီလက်နက်ကြီးကြောင့် သထုံမြို့နယ်က ကလေးငယ် ၂ ဦး သေဆုံးပြီး အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရ
March 9, 2023

သထုံမြို့နယ် ကျုံမိန်ကျေးရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရပြီး လူကြီး ၂ ဦး ပြင်း ထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှာ သထုံမြို့နယ် ကြာပန်း ကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံမိန်ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု မှာ အသက် ၁၀ နှစ်အရွယ် နှင့် ၁၂နှစ် အရွယ် ကလေးငယ် ၂ ဦး ထိခိုက်သေဆုံးခဲ့ရပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံဆီမှ သိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ သထုံမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု ရှိနေနိုင်တယ် ယူဆတဲ့ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး ခြံဝင်းထဲက ကလေးငယ် ၂ ဦး ထိခိုက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူများ လွတ်မြောက်နယ်မြေတွင် ဆေးကုသမှုခံယူနေကြောင်းလည်း သိရှိရပါတယ်။ စစ်ကောင်စီတပ်ဟာ သထုံမြို့နယ်ထဲက ကျေးရွာ ထဲ လက်နက်ကြီး ပစ်ခတ်မှု မကြာခဏပြုလုပ်နေ နေအိမ်ထိခိုက် ပျက်စီးခြင်း၊ လူသူထိခိုက်ခြင်းများ မကြာခဏဖြစ်ပွားနေပါ တယ်။ စစ်ကောင်စီလက်နက်ကြီးကြောင့်ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း သထုံမြို့နယ် မိချောင်းအိုင် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ရပြီး ကိုရင် ၁ ပါးနှင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးကြောင်း ဒေသခံများထံမှသိရှိရပါတယ်။ https://www.facebook.com/lagoneainbulletinmon/pho tos/a105408675003839/513402844204418/

၁၀။ ပြည်သူ(၉)ဦး အသတ်ခံရသည့်ကိစ္စ KIA စုံစမ်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်ကြောင်း အကြောင်းပြန်လာဟုဆို
March 9, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဘက်က ဒေသခံပြည်သူ(၉)ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး KIA ဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးတော့မှာဖြစ်ကြောင်း အကြောင်းပြန်လာတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ကော်မရှင်အသီးသီးကနေ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားလုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါ အရပ်သားပြည်သူတွေ ဖွဲ့စည်းထားတဲ့ကော်မရှင်နဲ့ KIA ဘက်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့တွေ တွေ့ဆုံပြီး အမှု အတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ ပါဝင်ကူညီနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “KIA ဘက်က ကော်မရှင်နဲ့ ပြည်သူတွေဘက်က ကော်မရှင်တွေ နှစ်ဖက်အမြင်ဖလှယ်ဖို့ပဲ လိုတော့တယ်။ သူတို့ဘက်ကရော စစ်ဆေး ပြီး စာစုနေသေးတဲ့အချိန်ပေါ့။ သူတို့ဘက်ကရော ကြိုးစားနေဆဲ ဖြစ်တယ်။ ပြည်သူတွေဘက်ကရော ဒီအမှုဘယ်လို ဖြစ်လာလဲ ဆိုတာ စုံစမ်းပြီးထားပြီးတော့ တွေ့ဆုံလာမှာဖြစ်တယ်။ သူတို့ဘက်ကရော ပြီးစီးခါနီးပြီဆိုပြီး အကြောင်းကြားလာကြတယ်။ တွေ့ဆုံပြီးဆုံးဖြတ်တာတွေ လုပ်လာမှာ ဖြစ်တယ်” လို့ အထက်ပါအမျိုးသားက လက်ရှိအမှုအခြေအနေကို ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူတွေအနေနဲ့ သေဆုံးသွားသူတွေအတွက် အမှန်တရားကို ထုတ်ဖော်ပေးဖို့ လိုလားနေကြပါတယ်။ “ဘယ်တော့ဆိုတာ အတိအကျ မပြောတတ်သေးဘူး။ ဒါပေမဲ့ ဒီအတော အတွင်းတော့ သူတို့ ပြန်အကြောင်းကြားလာပါလိမ့်မယ်။ အရမ်းတော့ မကြာလောက်တော့ဘူး။ မကြာခင် သူတို့ စစ်ဆေးထားတဲ့ ဟာနဲ့ ကျွန်တော်တို့ စုံစမ်းထားတာတွေကို ပေါင်းစည်းရမယ်။ ပြီးတော့ ပြည်သူတွေဆီ ထုတ်ပြန်မှာ ဖြစ်တယ်”လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ဘက်ကလည်း အမှုမှာပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေဆဲ အခြေအနေဖြစ်တယ်လို့ KIO/ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဖြေကြားပါတယ်။ သေဆုံးသွားသူ (၉)ဦးဟာ မိတ်ဆွေတွေ ဖြစ်ကြ ပြီး ဆားမှော်၊ နမ္မတီး၊ ဗန်းမော်အစရှိတဲ့နေရာဒေသအသီးသီးကနေလာရောက်ပြီး သူငယ်ချင်းဖြစ်သူမိုးကောင်းမြို့နေ ဦးကျော်စိုး ဆိုသူရဲ့ လဝါးကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDF တွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.facebook. com/myitkyinanewsjournal.mm/photos/a.182072622159000/18561994880796

၁၁။ သြဂုတ်လ အထိ CDM မပြုလုပ်သူများကို PSLF/TNLA မှ အရေးယူမည် ဟုဆို
March 9, 2023

တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သည် သြဂုတ်လ အထိ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးမှတစ်ဆင့် ဖေဖော်ဝါရီလ မှ စတင်ကာ သြဂုတ်လ အထိ CDM မပြုလုပ် ရသေးသည့် သူများ (Non – CDM) များကို CDM ပြုလုပ်ကြရန် နှင့် CDM မပြုလုပ် သူများသည် အရေးယူ ဆောင်ရွက်ခြင်း ခံရမည် ဟု ထုတ်ပြန်ကြေညာထားသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းမှာလည်း TNLA တပ်ဖွဲ့သည် ကျောက်မဲမြို့နယ်မှ မိုင်းတင်းကျေးရွာအုပ်စု အတွင်းက စာသင်ကျောင်းများကို စစ်ကောင်စီမှ ခန့်အပ်ထားသည့် Non–CDM စာသင်ခွင့်မရှိဟုဆိုကာ ဆရာ/ဆရာမများကိုတားမြစ်ခဲ့သည့်အတွက် စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။

ယခု တစ်ကြိမ် TNLA တပ်ဖွဲ့မှ Non – CDM များကို ထပ်မံ ဖိအားပေး ခြိမ်းခြောက်လာခြင်း နှင့် ပတ်သက်ပြီး ပညာရေး ပိုင်းနှင့် ကျေးလက်ဒေသ ကျန်းမာရေးထိခိုက် နစ်နာမှုများ ရှိလာမည်ကို စိုးရိမ်ရသည့် အကြောင်းလည်း ကျောက်မဲမြို့နယ်ခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။ “CDM တွေသာ စာသင်ခွင့်ရှိမယ်၊ အလုပ်လုပ်နိုင်မယ်ဆိုရင် အဲ့ CDM သမားတွေအတွက် စစ်ကောင်စီရဲ့ ရန်ကို TNLA က ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ၊ ပြီးတော့ Non – CDM တွေသာ လုပ် သွားကြရင် သူတို့အတွက် အသက်မွေးဝမ်းကျောင်း ဘယ်လိုလုပ်ပေးမှာလဲဆိုတာ မေးစရာရှိလာတယ်၊ ဒါကြောင့် နစ်နာတာက ပြည်သူတွေပဲ ဖြစ်မှာ၊ ဆေးရုံ ဆေးခန်းက ဝန်ထမ်းမရှိ၊ စာသင်ကျောင်းက ဆရာ/မတွေ မရှိ အဲ့လိုတွေဖြစ်မှာကိုစိုးရိမ်တယ်” ဟု အထက်ပါ အမျိုးသမီးကဆိုသည်။ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အနုနည်းလမ်းဖြင့် အာဏာဖီဆန်ဆန့်ကျင်သူများ (CDM) သည် အများအားဖြင့် ပညာရေး ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်းတို့မှ ဖြစ်ကြပြီး အချို့သော CDM များသည်အလုပ်လက်မဲ့ဖြစ် ကာ စားဝတ်နေရေးခက်ခဲနေကြောင်းသိရသည်။ ထို့ကြောင့် CDM ပြုလုပ်ကြရန် ဖိအားပေးခြိမ်းခြောက်လာသည့် PSLF/ TNLA မှ CDM သမားများကို အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးသင့်ကြောင်းဝေဖန် ပြောဆို သံများထွက်လာသည်။ https://burmese.shannews.org/archives/33416

၁၂။ ဖားကန့် စားသောက်ဆိုင်တစ်ခုမှ အရပ်သားပြည်သူ ၈ ဦးဖမ်းဆီးခံရ
March 8, 2023

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက် စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း ၄ ဦးနှင့်အပါအဝင် ဆိုင်အတွင်းရှိနေသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မှော်ဝမ်းရပ်ကွက်ရှိ ရှု့ဒေါင့်သစ် ကဖေးနှင့် အအေးဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်း ၄ ဦး နှင့် ဆိုင်းအတွင်း Wifi လာသုံးနေ သည့် လူငယ် ၃ ဦး၊ စုစုပေါင်း ၈ ဦးကို စစ်ကောင်စီတပ်သား ၁၀ ဦး ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖားကန့် ပြည်သူတစ်ဦးက ပြောသည်။ “ဆိုင်ရှင်ကော ဝန်းထမ်းတွေကော ဆိုင်မှာ wifi လာသုံးတဲ့ကလေးတွေကော အပါဆိုရင်အားလုံး ရှစ်ဦးတဲ့ စစ်ကောင်စီကပဲ ဝင်ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသလဲအတိအကျတော့ မသိရဘူး”ဟုပြောသည်။ ဖမ်းဆီးခံရသည့် ၈ ဦးအနက် ဆိုင်ပိုင်ရှင်မှာ ဦးစိုးနိုင်ခေါ်သူဖြစ်ပြီး ဆိုင်ဝန်ထမ်း ၃ ဦးနှင့် Wifi လာသုံးရင်း ဖမ်းဆီးခံရသည့် ဦးသည် မည်သူမည်ဝါ များဖြစ်ကြောင်း မသိရသေးဘဲ လက်ဆက်စုံးစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၈ ဦးကို လက်ရှိ ဖားကန့်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထား ဆဲဖြစ်ကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖာကန့်တွင် အင်တာနက်လိုင်းများပိတ်ထားခံရပြီး လက်ရှိတွင် အင်တာနက် အသုံးပြုလိုသူများသည် အင်တာနက်ရသည့် ဆိုင်မျာတွင် တစ်နာရီ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိပေးကာ ဝယ်ယူသုံးစွဲနေရသည့် အခြေအနေ ဖြစ်သည်။ “ဒီနေ့တော့ ဆိုင်လည်းပိတ်ထားတယ်။ ဖမ်းထားတဲ့သူတွေလည်းခုချိန်ထိတော့ ပြန်လွှတ်လာတာမရှိသေးဘူး။ ပြီးတော့ ဒီနေ့ဆိုရင် ရဲစခန်းရှေ့နဲ့ဥရုချောင်းတံတားနားမှာ လမ်းသွားတဲ့ပြည်သူတွေကို စစ်နေ တယ်လို့ သိရတယ်”ဟုနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ https://burmese.kachinne ws.com/2023/03/08/az4-6/

၁၃။ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ
March 10, 2023

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ ကတိုင်တိ ကျေးရွာအခြေစိုက် ရဲစခန်းကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စခန်း မှူးအပါအဝင် ရဲမေတစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်က ယနေ့ သတင်းထုတ်ပြန်လာသည်။ ထိုနေ့တစ်ရက် အတွင်းပင် စစ်ကောင်စီ၏ သစ္စာခံ နယ်ခြားစောင့်တပ်-BGF တပ်ရင်း (၁၀၁၃) တပ်ဖွဲ့ဝင်များကို KNLA ဘက်က ဝင်ရောက်တို က်ခိုက်ရာ BGF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းကို အခြေခံပြီး KNU မူတြော်ခရိုင် သတင်းစဉ်က ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ မြေပြင် နှင့် ဝေဟင် နည်းလမ်း များဖြင့် စစ်ရေး ဝင်ရောက် လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် စစ်ကောင်စီ နှင့် KNLA တပ်ဖွဲ့ဝင်များအကြား စဉ်ဆက်မပြတ် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း KNU က ဆိုသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံ ကျေးရွာများနှင့် တောင်ယာခင်း များထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်နေပြီး အဆိုပါ ပစ်ခတ်မှုများကြောင့်လည်း ဒေသခံ ရွာသားများ ထိခိုက် သေဆုံးမှုများရှိကြောင်း KNU တပ်မဟာ (၅)ဘက်က ထုတ်ပြန်ထားသည်။ အလားတူ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က BGF တပ်ရင်း (၁၀၁၃)တပ်ဖွဲ့ဝင်များမှ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ပိုဂါကျေးရွာအတွင်းသို့ လက်နက် ကြီးများ ပစ်ချခဲ့သောကြောင့် ပိုဂါ ကျေးရွာဒေသခံ အသက် (၃၉) နှစ်အရွယ် နော်ဒါးဖိုးနှင့် အသက် (၁၆)နှစ်အရွယ် နော်ဘလယ် တို့နှစ်ဦး ထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း KNU ဘက်က ဆိုထားသည်။ KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲနေ့စဉ် နီးပါးဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆၉ ဦးသေဆုံးပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်KNLA ဘက်တွင်လည်း ၂ ဦး ကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ လစဉ်သတင်းထုတ်ပြန်ချက်အရ သိရသည်။ https://kicnews .org/2023/03/%e1%8 0%90%e1%80%85%e1%80%ba%e1%80%9b%e1%80%80%e1%80%ba%e1

၁၄။ ဒီးမောဆိုမြို့နယ်အရှေ့ခြမ်းမှာ ဒီကနေ့ မနက် တိုက်ပွဲဖြစ်ပွား
March 10, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်း နန်းဟူးတွေကျေးရွာ နဲ့ ဒေါစဲကျေးရွာ ဘက်မှာ ဒီကနေ့ (မတ်လ ၁၀ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ မနက် ၆ နာရီကတည်းက အသံကြားရတာာဖြစ်ပြီး (၁) နာရီ ကျော်ကြာ ပစ်ခတ်သံကြားရတယ်လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ပြောပြပါတယ်။ “အသံ ကြားရတာတော့ မနက် ၆ နာရီ လောက်ကတည်းကပေါ့။ လက်နက်ငယ်သံကော လက်နက်ကြီးသံကော ကြားရတယ်။ ကြည့်ရတာ စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ နယ်မြေစိုးမိုးချင်လို့ စစ်ကြောင်းတွေ ထိုးလာတာဖြစ်မယ်။ အဲဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ် တွေကပြန်လည်ခုခံလို့ တိုက်ပွဲတွေဖြစ်တာပေါ့။အ့လိုထင်တာပေါ့။”လို့ဒီးမော့ဆိုဒေသခံတစ်ဦးကပြောပါတယ်။

နှစ်ဖက်ပစ်ခတ်သံအပြင် ဒီးမော့ဆို အခြေစိုက် ခလရ (၁၀၂)တပ် နဲ့ အမတ (၃၆၀)တပ်တို့မှ လက်နက်ကြီးပစ်ကူသုံးနေ တယ်လို့ ဆိုပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ ယမန်နေ့ (မတ်လ ၉ ရက်) မှ လည်း ဒီးမောဆိုအခြေစိုက် ခလရ (၁၀၂)တပ်နဲ့ အမတ (၃၆၀)တပ်တို့မှ ဒီးမော့ဆိုအရှေ့ခြမ်းကို တစ်နေကုန် လက်နက်ကြီး ပစ်ခတ်ခဲ့ပါ တယ်။ https://www.kantarawaddytimes.org/%e1%80%92%e1 %80%ae%e1%80%b8%e1%80%99%e1%80%b1%

၁၅။ PSLF/TNLA က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ
March 9, 2023

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၌ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ အမျိုးသမီးဌာနက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်း အမှတ် အခမ်းအနားကို မတ်လ(၈)ရက်နေ့က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသအတွင်း၊ နမ့်ဆန်မြို့နယ်၊ မန်နောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်လည်း တက်ရောက်ခဲ့ကာ အမျိုးသမီးများအနေဖြင့် အဖိနှိပ်ခံရသည့် ဘဝကနေ လွှတ်မြောက်ရန် ကြိုးစားဖို့လိုအပ်ကြောင်း အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားကြောင်း TNLA ထုတ်ပြန်ချက် အရ သိရသည်။ “အခုလိုမျိုး သူတို့ လုပ်ဆောင်တဲ့ အပေါ်မှာ ကျွန်မတို့ တကယ့်ကို ဝမ်းသာအားရပါတယ်။ တအာင်းဒေသမှာရှိတဲ့ အမျိုးသမီးတွေက နည်းပေါင်းစုံနဲ့ ဒီနေ့ဒီအချိန်ထိ အကြမ်းဖက်ခံနေရတယ်။ ရှေ့ဆက်လည်း သူတို့အနေနဲ့ ဆက်လက်ပြီးလုပ် ဆောင်ပေးဖို့ မျှော်လင့်တယ်”ဟု အာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူ လွေးပကျိူဝ်းဇား က ပြောသည်။

၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဒေသတွင်းရှိ နေရာ တချို့တွင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသလို တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့်လည်း “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် ကျား/မ အခြေပြုအကြမ်းဖက်မှု အဆုံးသတ်၊ တန်းတူညီမျှ ဖက်ဒရယ်ရေး အမျိုးသမီးများ ပါဝင်အလေးပေး”စတဲ့ စာတမ်းများနှင့်အတူ ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဋ္ဌာနကလည်း စစ်တပ်အာဏာသိမ်းထားသည် (၂)နှစ်တာ ကာလအတွင်း သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး(၄၈၃)ဦး နှင့် ဖမ်းဆီးခံထားရသူ (၃၁၂၅)ကျော်ရှိကြောင်း မတ်လ(၈)ရက်နေ့က ထုတ်ပြန်ထားသည်။ https://www.facebook.com/TachileikNewsAgency /photos/pcb.6183137278374727/6183136171708171/

၁၆။ ရာဇဝတ်ဂိုဏ်းများနှင့် မပတ်သက်ဟု KNU ကြေညာ ချက် ကရင်အရပ်ဘက်အဖွဲ့များ ကြိုဆို
March 10, 2023

တရုတ်မြို့သစ် စီမံကိန်းအပါအဝင် လောင်းကစားလုပ် ငန်း၊ ငွေကြေး လိမ်လည်သည့်ဂိုဏ်းများနှင့် မပတ်သက် ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ကြေညာ ချက်ကို ကြိုဆိုသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၀ ကျော် စုပေါင်းထား သည့် အပြည်ပြည်ဆိုင်ရာ စု ပေါင်း ကရင်လှုပ်ရှားမှုကွန်ရက် (GKSC) က မတ်လ ၉ ရက်တွင် ကြေညာသည်။ ကရင် လူ့အခွင့် အရေးအဖွဲ့ (KHRG)၊ ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ရက် (KPSN) နှင့် အပြည်ပြည်ဆိုင် ရာ ကရင်အဖွဲ့အစည်း (IKO) စသည့် ကရင်အရပ်ဘက်အဖွဲ့ ၆၈ ဖွဲ့သည် ယခင်က ကရင်အရပ်ဘက်အဖွဲ့များအနေနှင့် စုပေါင်းကာ KNU ခေါင်းဆောင်ပိုင်း နုတ်ထွက်ရန် တောင်းဆိုခဲ့သော်လည်း မတ်လ ၃ ရက်မှ စတင်ကာ GKSC ကို ဖွဲ့စည်းခဲ့သည်။ GKSC က KNU ၏ ထုတ်ပြန်ချက် ကို ကြိုဆိုသော်လည်း KNU နယ်မြေ မောထိုတလေးတွင် အကောင်အထည်ဖော် မည့် ဟွမ်ယာတရုတ်မြို့သစ်စီမံကိန်းတွင် KNU ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ပဒိုစောရော်ဂျာခင် မည်သည့် အကြောင်းကြောင့် တက်ရောက်ရသည်ကို ရှင်းပြထားခြင်းမရှိ ကြောင်းဆိုသည်။ ဥပဒေကို ချိုးဖောက်သော KNU အဖွဲ့ဝင်အားလုံးကို KNU ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီအရေးယူသွားမည် ဟု နားလည်ကြောင်း GKSC က ဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည့် KNU ၏ ကြေညာချက်ပါ မူဝါဒနှင့် သဘောထားအတိုင်း KNU က အမှန်တ ကယ် ကိုင်တွယ်ဖြေရှင်းမည်ဟု ယုံကြည်ပြီး ထိုသို့ ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်တွင် GKSC ကပါဝင်ကူညီရန် အဆင်သင့် ရှိကြောင်း ဆိုထားသည်။ ဆက်လက်၍ GKSC က တရုတ်မြို့သစ် စီမံကိန်း ဖွင့်ပွဲတွင် KNU ထိပ်ပိုင်းခေါင်းဆောင်က မည်သည့် အတွက်ကြောင့် တက်ရောက်ရသည်ဆိုသည့် အချက်အပါအဝင် တရုတ်မြို့သစ်စီမံကိန်းတွင် ကရင်ဒေသခံ ကုမ္ပဏီမှတဆင့် KNU က အဘယ်ကြောင့် ပါဝင်ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်အား ရှင်းလင်းရန် KNU တွင် တာဝန်ရှိကြောင်း ထောက်ပြ သည်။ ယင်းပြင် စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့ကို KNU ဥက္ကဋ္ဌက မည်သည့်အတွက်ကြောင့် လက်ခံခဲ့သည် ဆိုသည့် အချက်နှင့် ကရင်အရပ်ဘက်အဖွဲ့များက ပို့သောအိတ်ဖွင့်ပေးစာပါ စိုးရိမ်မှုနှင့်အကြံပြုချက်များကို KNU က မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ကို ပွင့်လင်းစွာချပြရန်လိုကြောင်းလည်း GKSC ကြေညာချက်တွင်ပါရှိသည်။ https://www.facebook.com/theirr awaddyburmese/photos/ a.682210471823108/6572474296130000/

၁၇။ အိန္ဒိယနိုင်ငံတွင်ခိုလှုံပြီး နေရပ်ပြန်လာသည့် ပလက်ဝမှစစ်ဘေးရှောင် ၅၀၀ ခန့် စားသောက်ရေး အခက်အခဲဖြစ်နေ
March 10, 2023

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင် ၅၀၀ ခန့်မှာ နေရပ်သို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။ ယာယီနေထိုင်သည့်နေရာတွင် အထောက်အပံ့မရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ သားသမီးပညာရေးအခက်အခဲ တို့ကြောင့် ပလက်ဝဒေသခံများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်လာကြခြင်း ဖြစ်သည်။ နေရပ်ပြန်လာသည့် မြိတ်ဝကျေးရွာသားတစ်ဦးက “အိမ်ထောင်စု အစုလိုက်၊ အစုလိုက် ဖြစ်သလို ပြန်လာကြတာ။ လာတုန်းက တော့ ဝါးဖောင်တွေမျှောပြီး လာတဲ့သူလည်းရှိတယ်။ ပြန်ရောက်တော့ ရှိတဲ့ပိုက်ဆံတွေနဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ပြီး နေထိုင်နေပါတယ်” ဟု ပြောသည်။ လက်ရှိမှာ အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၄၆၀ ဦးမှာ မိမိနေရပ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ သို့သော်လည်း မိုးတွင်းကာလက ထွန်ယက်စိုက်ပျိုးထားခဲ့သော စပါးခင်းများမှာ ပျက်စီးသွားခဲ့ပြီဖြစ်ကာ တောတောင်သို့ သွား ရောက်ပြီး လုပ်ကိုင်စားသောက်ရန်အတွက်လည်း မိုင်းအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်ကြုံတွေ့နေကြရသည်။ နေရပ် ပြန်လာသည့် ပလက်ဝဒေသခံများမှာ အသက်အန္တရာယ်ကြားမှ တောတောင်သို့သွားရောက်ကာ သစ်ဝါးခုတ်ပြီး လက်ကျန် ဆန် ရိက္ခာတချို့နှင့် စားသောက်နေထိုင်နေကြကြောင်း သိရသည်။

၎င်းတို့ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပလက်ဝမြို့မှ စစ်ကောင်စီတာဝန်ရှိသူများထံ တင်ပြ ထားကြောင်း မြိတ်ဝကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “မြို့ပေါ်(ပလက်ဝ)မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆို ရင် ပိုက်ဆံတွေ ထောက်ပံ့ပေးတာရှိတယ်။ ကျနော်တို့မှာ မရှိဘူး။ အလုပ်လည်းမရှိတော့ ပိုပြီးတော့ ခက်ခဲတယ်။ စားဖို့ကို တောင် အနိုင်နိုင် ရုန်းကန်နေရပါတယ်။ အခုတော့ ရွာအနားက ယာခုတ်တဲ့သူတွေလည်းရှိတယ်”ဟု ၎င်းကပြောသည်။ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြိတ်ဝ ကျေးရွာမှ အိမ်ထောင်စု ၁၃၅ စု၊ လူဦးရေ ၇၀၀ ခန့်မှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့သည် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ တပ်ပေါင်းချေကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လိုင်တလန်ကျေးရွာ၊ ရွာသာယာ စသည့်ကျေးရွာများတွင် ခိုလှုံ နေထိုင်ခဲ့ကြပြီး လက်ရှိတွင် မြိတ်ဝဒေသခံ ၄၆၀ ဦး နေရပ်ပြန်လာကြပြီဖြစ်သည်။ ကျန်ရှိသည့် အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၂၀၀ ကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာကြသေးကြောင်း သိရသည်။ မြန်မာစစ်တပ်နှင့် AA တို့ကြား ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်အပစ်ရပ်ခဲ့ကြရာ လက်ရှိ တိုက်ပွဲရပ်တန့်နေသည်မှာ ၃ ကျော်အထိ ကြာမြင့် လာခဲ့ပြီဖြစ်သည်။ ထိုသို့ တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးဦးရေ ၅,၀၀၀ ကျော်အထိ ရှိလာသည်။ https://www.facebook.com/dmgnewsagency/p hotos/a.466679383484478/2542151595937236/

၁၈။ တနင်္သာရီမြို့နယ်တွင် စရဖ သတင်းပေးဆိုသူတဦး အသတ်ခံရ
March 9, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်ကောင်စီ၊ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ရဲ့ သတင်းပေးဆိုသူတယောက်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ တနင်္သာရီမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူ ကိုအောင်ဇော်ချစ်(ခ) ကုလားချေး ဆို သူဟာ စစ်ကောင်စီ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းပေးဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ် ၇ ရက်နေ့ မှာ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “စရဖက သူ့ကိုသေနတ် ပေးကိုင်ထားတယ်။ ရပ်ကွက်တွေထဲမှာ လည်း စရဖ လူဆိုပြီး လျှောက်လုပ်ခဲ့တာတွေရှိတယ်။ ပြီးတော့ ပကဖရဲ့နယ်မြေတွေကိုလာပြီး တကြိမ်နှစ်ကြိမ်မက သတင်းလာ ထောက်လှမ်းတာရှိတယ်။ သူ့ကိုရှင်းလင်းတဲ့အချိန်မှာလည်း လက်လုပ်သေနတ် တလက်တွေ့တယ်”လို့ ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကိုအောင်ဇော်ချစ်နဲ့အတူ လက်လုပ်သေနတ်တလက်၊ ဖုန်းတလုံးနဲ့ ဆက်စပ်သတင်း အချက် အလက်တွေကို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရခဲ့တဲ့ ဖုန်းမှာပါတဲ့ အချက်အလက်တွေအရ နောက်ဆက်တွဲပုဂ္ဂိုလ်တွေကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါသေးတယ်။ တနင်္သာရီမြို့နယ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ https://burmese.dvb.no/a rchives/582598

၁၉။ အိန္ဒိယနယ်စပ် နာဂဒေသမှတဆင့် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ သယ်ယူရန် စစ်ကောင်စီ ပြင်ဆင်နေသည်ဟု NPDF မှ ဗိုလ်နာဂ ပြောဆို
March 10, 2023

နာဂဒေသ၊ လေရှီးမြို့နယ် အိန္ဒိယ – မြန်မာနယ်စပ် ဆွမ္မရာမြို့ရှိ တဇုန်းနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီတပ်အနေဖြင့် အိန္ဒိယဘက်မှ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများကို သယ်ယူရန် ပြင်ဆင်နေကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မှ လေရှီးမြို့နယ် ပကဖတာဝန်ရှိခံ ဗိုလ်နာဂ က ပြောသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် စစ်ကောင်စီတပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် အပါအဝင် ၁၀ ဦးသည် အိန္ဒိယနယ်စပ် တဇုန်းဂိတ်ထိသွားရောက်ပြီး အိန္ဒိယဘက်မှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်ဟု ဆိုသည်။ “ကျွန်တော်တို့ ဒေသဘက်က ငြိမ်းချမ်းနေသေးတာပေါ့၊ ငြိမ်းချမ်းနေသေးတဲ့ခါကျတော့၊ သူတို့လိုအပ်တဲ့ လေ ယာဉ်ဆီတို့ လက်နက်က်ပစ္စည်းတွေ၊ ဒါတွေကို အိန္ဒိယဘက်ကနေပြီးတော့ ယူမယ်လို့ သတင်းကြားတယ်။ အ ကြောင်းပြချက်က ဒီဘက်မှာရှိတဲ့ နာဂလက်နက်ကိုင်တွေကို ဒီ EAO (NSCN-K) ကို တိုက်ထုတ်ပေးဖို့ရန်အတွက် အိန္ဒိယကနေပြီးတော့ တစ်ဖက် လှည့်နဲ့ ပေးတယ်လို့ကြားတယ်။ သူတို့ပြောတဲ့ သတင်းက အဲလိုထွက်တယ်။ မှောင်ခိုလို့ပဲ ပြောရမယ်။ ဒီတဇုန်းဂိတ်က တရား ဝင် မဟုတ်ဘူး။”ဟု ၎င်း ဗိုလ်နာဂက ပြောသည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်များ လေရှီးမြို့သို့ရောက်လာပြီး အိန္ဒိယနယ်စပ်ဂိတ်ထိ သွားရောက်ခဲ့ရာ စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်း အခြေအနေလာကြည့်ခြင်းဖြစ်သည်ဟု လေရှီးဒေသခံ တစ်ဦးက ပြောသည်။ “ကျွန်တော် စုံစမ်းရသ လောက် သူတို့ထောက်ပို့လမ်းကြောင်း အတွက်ပါ အခြေအနေလာကြည့်တယ်လို့ ပြောတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက် ဖြစ်နိုင် တယ်။ အန္ဒိယနယ်စပ် ဆွမ္မရာဆိုတော့ အန္ဒိယဘက်နဲ့ ဆက်စပ်မယ်လို့ ပြောတယ်။ သူတို့ လက်နက်သယ်ယူဖို့ ပြင်ဆင်နေတယ်၊ လေရှီး-ထမံသီကြားလမ်းကြောင်းတွေ ပြုပြင်နေတယ်။”ဟုဆိုသည်။ ၎င်းစစ်ကောင်စီဝန်ကြီးများလာသွားပြီးနောက် လေရှီးမြို့ နယ်နှင့် ထမံသီရွာကြား ကားလမ်းများအား ပြင်ဆင်နေပြီး ဒေသဖွံ့ဖြိုးရေးဆိုကာ နေ့ချင်းညချင်းလုပ်ပေးနေခြင်းသည် အဆိုပါ လေယာဉ်ဆီ သယ်မည်ဆိုသည့် သတင်းကို ပိုမိုဖြစ်နိုင်ချေဖြစ်စေသည့် သက်သေဖြစ်သည်ဟု လေရှီးမြို့နယ် ပကဖတာဝန်ခံက ဆိုသည်။ “လက်ရှိမြေပြင်မှာ သူတို့က လမ်းကြောင်း ဟိုး အရင်ကတည်းက ပစ်ထားတာလေ၊ ကျွန်တော် ဒီထမံသီကနေစပြီး ဒီဘက်လမ်းကြောတစ်ခုလုံးက ကောင်းကောင်းမွန်မွန်လုပ်ခဲ့တာ မရှိဘူး။ ခုကျတော့ နေချင်းညချင်း လုံးဝ နေ့မအားညမအား အောက်ပိုင်းမှာ စစ်အကြီးအကျယ်ဖြစ်နေတယ်။ ဒီဘက်မှာကျတော့ နေ့မအားညမအား လမ်းတွေချဲ့ပြီးတော့ ပြင်နေတယ်။ ပြီးတော့ အင်ဂျင်နီယာချုပ်လည်း ပါလာတယ်။ အင်ဂျင်နီယာချုပ်က ကျွန်တော်တို့ ဒေသတစ်ခါမှ အဲလိုမရောက်ဖူးဘူး။ ပြောချင် တာက အင်ဂျင်နီယာချုပ်ကိုယ်တိုင် လမ်းကြောင်းကိုလာကြည့်တာဆိုတော့ လိုအပ်တဲ့ပစ္စည်းတွေ သယ်ဖို့ အများကြီး ပြင်ဆင် နေကြတယ်ဆိုတော့ ဒါတွေက သက်သေအထောက်အထားတွေပေါ့။”ဟု NPDF ဗိုလ်နာဂက သုံးသပ်ပြောဆိုသည်။ https:/ /www.facebook.co m/kachinwavesnews/photos/pcb.6381983158481409/6381982985148093/

၂၀။ မြိုအတုမှ ကာကွယ်နိုင်ရန် မြိုတိုင်းရင်းသားပါတီ မှတ်ပုံတင်မည်
March 8, 2023

ရခိုင်ပြည်ထဲက မျိုးနွယ်စုပါတီဖြစ်သည့် မြိုတိုင်းရင်းသားပါတီမှ ပါတီဆက်လက်ရပ်တည်နိုင်ရေးအတွက် စစ်ကောင်စီ ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ပြန်လည်မှတ်ပုံတင်သွားမည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။ မတ်လ (၇) ရက်နေ့က ဘူးသီးတောင်မြို့နယ်တွင်ရှိသည့် မြိုတိုင်းရင်းသားပါတီရုံးချုပ်တွင် CEC အစည်းအဝေးပြုလုပ်ပြီး ပါတီမှတ်ပုံပြန် တင်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။ လူနည်းစုသာရှိသည့် လူမျိုးဖြစ်သည့်အတွက် မြိုလူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနိုင်ရန်အတွက် ပါတီဆက်လက်မှတ်ပုံတင်သွားမည်ဟု မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးဝေထွန်း မှ ပြောသည်။ “ မှတ်ပုံပြန်တင်သွားဖို့ အခြေအနေရှိပါတယ်။ ကျွန်တော်တို့ဟာ လူနည်းစုလေးဖြစ်တယ်။ ပြီးတော့ မြိုလူမျိုး ကိုယ်စား အဖွဲ့အစည်းတစ်ခုအနေနဲ့ ခေါင်းစဥ်တပ်ဖို့ မရှိဘူးဆိုရင် ဌာနဆိုင်ရာ ဒါမှမဟုတ် တစ်ခြားအဖွဲ့အစည်းတွေက လိုအပ် တဲ့အခါ နာမည်ထုတ်ပြီးခေါ်ဖို့ အမည်တပ်ဖို့မရဘူးလေ။ အဖွဲ့အစည်းတစ်ခုရှိတယ်ဆိုရင် ဘယ်အဖွဲ့အစည်းကမဆို မြိုတိုင်းရင်း သားပါတီကို ဖိတ်ပါတယ်ဆိုရင် လူမျိုးတစ်ခုလုံးဖိတ်တဲ့အနေနဲ့ ခေါင်းစဥ်တပ်လို့ရတာပေါ့။ ပြီးတော့ ရခိုင်မှာ တိုင်းရင်းသားမျိုး နွယ် စုတွေ ရှိတဲ့ထဲမှာ ခမီစကားပြောပြီးမြိုလူမျိုးခံယူတဲ့ အဖွဲ့တွေရှိနေပြီး မြိုလူမျိုးနာမည်တွေ လုလာကြတဲ့အတွက် အဲဒါကို မြိုစစ်စစ်တွေကသာ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့မရှိရင် မြိုအစစ်က မြိုအတု ဖြစ်သွားနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ အတွက် ပါတီကိုထောင်ခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ပါတီအနေနှင့် လက်ရှိမှာ ငွေကြေးအခက်အခဲရှိနေသည့်အတွက် မြိုလူမျိုး အိမ်ထောင်စုများထံမှ တစ်အိမ်ထောင်ကို (၁) သောင်းနှုန်းဖြင့် ငွေကြေး ကောက်ယူစုဆောင်းနေသည်ဟု ပါတီဥက္ကဌ ဦးဝေထွန်းမှ ဆက်ပြောသည်။ “ လက်ရှိမှာ ငွေကြေးစု ဆောင်းနေတာက အခက်အခဲရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေက နယ်စပ်ဒေသ တောတွေ တောင်တွေမှာ နေထိုင်ကြတဲ့သူ တွေဆိုတော့ ကြေးရေး ငွေရေးအခက်အခဲရှိတယ်။ တစ်အိမ်ကို တစ်သောင်းစီ သတ်မှတ်ကောက်ခံနေပါတယ်။ မရနိုင်တဲ့ သူတွေ ရှိသလို ရနိုင်လူတွေကလေ့ နည်းတယ်။ နိုင်ငံရေးပါတီဆိုတော့ အတင်းအဓ္ဓမ ကောက်ခံလို့မရဘူးလေ။ စိတ်ဝင်စားမှပါဝင်ကြမှာ လေ။ မရတဲ့လူတွေကများတော့ နောက်ပိုင်းထိပ်ပိုင်းခေါင်းဆောင်တွေက ဘယ်လိုစဥ်းစားမလဲကြည့်ရအုန်းမယ်” ဟု ပြောသည်။ နိုင်ငံရေးပါတီများသည် ဖေဖော်ဝါရီ (၁) ရက်နေ့မှစပြီး ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး ပြန်လည် မှတ်ပုံ တင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြည်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ ဖော်ပြထားသည်။ ရခိုင်ပြည်တွင် အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီဖွဲ့ ချုပ် (ALD)၊ ရခိုင်ဦးဆောင်ပါတီ (AFP)၊ အပါအဝင်ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် မြို၊ ခမီ၊ ဒိုင်းနက်၊ ကမန်စသည့် မျိုးနွယ်စုဝင်များ၏ ပါတီများရှိသည်။ https://www.facebook.com/westernnewsagency/photos/a.119286173211229 /726203255852848/

၂၁။ ကုန်တင်ကားများကို စစ်ကောင်စီက မကြာခဏ ချောဆွဲနေကြောင်း ကားသမားများပြော
March 10, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဒေသခံပြည်သူ ကုန်တင် ကားများကို မကြာခဏချောဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ယာဉ်မောင်း သမားများက ပြောသည်။ ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေသလို ယခင်ဖေဖော်ဝါရီလမှစ၍လည်း ပြည်သူပိုင် ကုန်တင်ယာဉ်များကို အတင်းအဓမ္မ ချောဆွဲ၍ သွားလိုသည့်နေရာများကို လိုက်ပို့ပေးခဲ့ရကြောင်း ကိုယ်တိုင် ကြုံ တွေ့ခဲ့ရသူ ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “သူတို့က မကြာခဏချောဆွဲတာတွေကိုလုပ်တာ။ အဲ့လိုချောဆွဲတဲ့အခါကျရင် သူတို့သွားချင်တဲ့ နေရာကို လိုက်ပို့ရတယ်။ အဲ့ဒီမှာသူတို့မှာပါလာတဲ့ သေနတ်တွေရော အကုန်ကားပေါ်တင်ရတယ်။ မတင်ပေးလို့ ကလည်းမရဘူး။ ကိုယ်ကကြောက်တော့လည်း လုပ်ပေးရတာပေါ့။” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကလည်း စစ်ကောင်စီဘက်မှ မိုင်းထိလူနာများကို သယ်ဆောင်ရန် အတွက် ကုန်တင်ကားတစ်စီးကို ချောဆွဲခဲ့သောကြောင့် ယာဉ်သွားရာလမ်းခရီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရကာ ကုန်တင်ကားယာဉ်မောင်းသူတစ်ဦးကျည် ထိမှန်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ၎င်းယာဉ်မောင်း နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကော့သောင်းနယ်စပ်ဘက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ ချောဆွဲပါသွားတဲ့ သူငယ်ချင်း တစ်ယောက်တောင် ကျည်ထိသေးတယ်။ ရှေ့လက စစ်ကောင်စီဘက်က ဝိုင်ဒင်းရွာမှာမိုင်းထိတယ်။ အဲ့ဒီလူတွေ ကို လုံးဖောမှာ သွားကြိုရင်း PDF တွေက လမ်းကစောင့်ပစ်လိုက်တယ်။” ဟု ၎င်းကပြောသည်။ အလားတူ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများ ဘက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ပေါ်တာဆွဲခြင်များ ပြုလုပ်လျက်ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။ https://kicnews.org/2023/ 03/%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80 %90%e1%80%84%e 

၂၂။ တိုက်ပွဲပြင်းထန်မှုကြောင့် ဒီးမော့ဆို ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ
March 10, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် မတ်လ ၉ ရက်နေ့ ကစပြီး ဒေသခံ သုံးထောင် ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ “မနေ့ညကနေရှောင်တာ အခုထိ ဆက်ထွက်တုန်းပေါ့နော။ ကုန်သလောက်တော့ဖြစ် သွားပြီပေါ့။ အခုတော့ လက်ကျန် လူနည်းနည်းပဲ ကျန်တယ်။ အဲ့တော့ လူဦးရေ သုံးထောင်ကတော့ လုံးဝကို အသစ်စက်စက် ပေါ့။ တခါမှကို စစ်မရှောင်ရသေးတဲ့သူတွေ ဖြစ်တယ်ပေါ့နော။ တချို့ကတော့ စစ်ရှောင်တွေ လာနေခဲ့တဲ့ လူတွေလည်းရှိပါ တယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ ကျနော်တို့က ရွာခံတွေ အဓိက များတယ်ပေါ့နော။ ရွာခံတွေ များတော့ သုံးထောင်နဲ့ အထက်တော့ ရှိနိုင်တယ်ပေါ့နော” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညား ကပြောကြားပါတယ်။ ယမန်နေ့ မတ်လ ၉ ရက်နေ့မှာ ဘောလခဲကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကနေ ထိုးစစ်ဆင် လာတဲ့ စစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ “အသားကုန်ပဲ ပစ်နေကြတာ။ ပြေးတဲ့သူတွေကလည်း ပြေးနေ ကြတယ်။ ပြေးလည်းဒီလိုပဲ မပြေးလည်း ဒီလိုပဲ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။

စစ်ကောင်စီတပ်ကနေလည်း လက်နက်ကြီးတွေ နေ့စဉ်နဲအမျှ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြော ကြားချက်အရ သိရှိရပါတယ်။ ဒါ့အပြင် ကင်းထောက်လေယာဉ်တွေလည်း နေ့စဉ်ပျံသန်းနေပြီး ဘောလခဲ၊ ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှာလည်း စစ်အင်အားဖြည့်တင်းတာ၊ ရိက္ခာဖြည့်တင်းတာတွေကိုလည်းလုပ်ဆောင် နေတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။ “အခု ဒီတစ်ရက် နှစ်ရက်မှာ ကတော့ ဘောလခဲကနေ ထိုးလာတာရှိတယ်။ နောက်ပြီးတော့ ဒီမနက်ဆို ဒီးမော့ဆိုအပေါ်ဖက်ပေါ့ ကန်ခုနှစ်ဆင့်ဖက်ကနေ ထိုးလာတာရှိတယ်ဆိုတော့ အပေါ်ရောအောက်ရော သူတို့ ( စစ်ကောင်စီ ) ဒီးမော့ဆိုအရှေ့ခြမ်းကို ဝိုင်းပြီးတော့မှ သူတို့နယ်မြေ ရှင်းလင်းရေး လုပ်မဲ့ အနေအထားတော့ ရှိတာပေါ့။”လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။ “အခု ရုတ်တရက်ထပြေးတဲ့ အတွက်ကြောင့်မို့လို့ သူတို့နဲ့ ပါနိုင်တဲ့ဟာတော့ ပါသွားတာပေါ့နော။ ဥပမာအားဖြင့်ဆို ဆန်၊ဆီ၊ဆားတော့ နည်းနည်းပါးပါးတော့ သယ်ယူသွားတယ်။ စားနပ်ရိက္ခာ နည်းနည်းပါးပါးပါတယ် ဆိုတဲ့ဟာတော့ ဒါပေမယ့် ပိုပြီးတော့ စိုးရိမ်တာက ဆေးဝါးပါ။ ဆေးဝါးနဲ့ ဆေးပိုင်းဆိုင်ရာ လူပုဂ္ဂိုလ်တွေ နည်းတယ်ပေါ့နော အစကတည်းကလည်း နည်းတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တောထဲတောင်ထဲမှာ လမ်းဘေးမှာ တောကြိုတောင်ကြားမှာ နေပူပူမှာ ပြေးနေရတဲ့အတွက်ကြောင့်မို့လို့ ဒီရက်ပိုင်းအတွင်းမှာ စိုးရိမ်ရဆုံးကတော့ ကျန်းမာရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု အခက်အခဲပေါ့နော။ နောက်ပြီးတော့ အမိုးအကာလေးတွေကတော့ လက်ရှိကို လိုအပ်ချက်ရှိနေပါတယ်” လို့ ဆရာဗညားက ဆက်ပြောပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် စစ်ရှောင်ဦးရေ တစ်သောင်းခွဲအထိ ရှိလာပြီဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1%80%a f%e1% 80%80%e1%80%ba%e1%80

၂၃။ စစ်ကောင်စီတပ်၏ မိုင်းထောင်ထားမှုကြောင့် တောင်ယာလုပ်ကိုင်သူများ အခက်တွေ့နေရ
March 9, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကြိုးတံတားကျေးရွာ တောင်ယာခြံမြေများထဲတွင် စစ်ကောင် စီတပ်က ဇန်နဝါရီလ ပိုင်းမှစ၍ မြေမြှုပ်မိုင်းများထောင်ထားလျက်ရှိနေသောကြောင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်တွေ့နေကြရကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။ ကြိုးတံတားကျေးရွာနှင့်နီးစပ်သည့် မော့ကနင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၁၀၆) နှင့် အမြှောက်တပ်များရှိပြီး စစ်ကောင်စီတပ်များက ၎င်းကြိုးတံတားကျေးရွာ ထဲရှိ တောင်ယာ ခြံမြေများထဲတွင် မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် တောင်ယာလုပ်ကိုင်သူများအနေဖြင့်် တောင်ယာ ခင်းထဲသို့ သွားရောက်လုပ်ကိုင်ရန် ခက်ခဲမှုများ ရှိနေသည်ဟု ဒေသခံ ရွာသာတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ကျနော်တို့ ရွာရဲ့ တောင်ယာခြံတွေမှာ မိုင်းထောင်ထားတယ်။ မနေ့ကလည်းမိုင်းတစ်လုံး ပေါက်တယ်။ သစ်ကားတစ်စီးထိသွားတယ်လို့ ပြောတယ်။ ရွာမှာက တောင်ယာလုပ်တဲ့လူတွေဆိုရင် ခြံထဲကို သွားမရဲ ကြတော့ဘူး။ ဒီနှစ်လောက်ကစပြီး မြေမြှုပ်မိုင်းထိတဲ့ သူတွေလည်း ၄ ယောက် လောက်ရှိပြီးလေ။ ရွာမှာက စစ်တပ် ၂ တပ်တောင်ရှိတယ်။ ခမရ ၁၀၆ ရယ်၊ အမြှောက်တပ် ရယ်ရှိ တယ်။ သူတို့ခြံတွေ နားမှာ လိုက်ထောင်ထားတော့ ခြံလုပ်တဲ့သူတွေအတွက် အဆင်မပြေဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မော့ကနင် ကျေးရွာနှင့် ကြိုးတံတား ကျေးရွာတွင် စစ်ကောင်စီတပ်များ ထောင်ထားသည့်မိုင်းနင်းမိ၍ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ရေးမြို့ခံ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရ သည်။ အဆိုပါ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်မြေခံရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မကြာ ခဏ ထိတွေ့တိုက်ခိုက်မှုများရှိသလို ရေးဘီလူးဦးဆောင်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီ၏ ထောက် တိုင်ရုံးများကို မကြာခဏ ဝင်ရောက် စီးနင်းတိုက်ခိုက်လေ့ရှိကြောင်း သိရသည်။ ထိုသို့ စစ်ကောင်စီတပ်များနှင့် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများကြောင့် စစ်ကောင်စီတပ်များက ရေးမြို့နယ်အတွင်းရှိ ကျေးရွာ တချို့ထဲသို့ လက်နက်ကြီး မကြာခဏပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်းလည်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တပ်ဖွဲ့ ဝင်များကဆိုသည်။ https://kicnews.org/2023/03/%e1%80%85 %e1%80%85%e1%80%ba%e1%80%80%e1%80%b1 %e1%80%ac%e1

၂၄။ ‘ဝ’ ဒေသတွင် ဟိုပန်အသင်းတော် နှစ် ၅၀ ပြည့်ရွှေရတုအထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ 
March 9, 2023

ဟိုပန် ‘ဝ’နှစ်ခြင်းခရစ်ယာန်အသင်းတော် (WBC) ရဲ့ နှစ် ၅၀ ပြည့်ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကောင်းဟုန်းရပ်ကွက်ရှိ WBC ဘုရားကျောင်းဝင်းအတွင်းမှာ စတင် ကျင်းပနေပါတယ်။ နှစ် ၅၀ ပြည့် ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲကိုလာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်နေ့ထိ ၃ ရက်ကျင်းပမှာ ဖြစ်ပြီး အားကစားပွဲတွေကို ကြိုတင်ကျင်းပနေတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ ကနေသိရပါတယ်။ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကို မနေ့ကစတင်ကျင်းပနေပြီး၊ ဘောလုံးပြိုင်ပွဲကို မတ်လ ၁၆ ရက်ကစပြီး ၁၀ ရက်ကြာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီး (ဖူဆယ်)ပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်နဲ့ ခေါင်းအုံးရိုက် စတဲ့အားကစားတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အားကစားကိုလူငယ်တွေ စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲကာ လမ်းမှားမရောက်စေဖို့ ရည်ရွယ်ပြုလုပ်တာလို့ အားကစားဆပ်ကော်မတီ ဦးဆောင်သူက ပြောပါတယ်။ “အဓိက နှစ် ၅၀ ပွဲကို လူတွေသိစေချင်တာ။ အထိမ်းအမှတ်ပွဲလည်းဖြစ် တယ်။ ဒီလိုအားကစားပြိုင်ပွဲကို အမြဲလုပ်သွားစေချင်တယ်။ လူငယ်တွေအတွက် ကောင်းတဲ့ပြိုင်ပွဲပါ။” ပွဲတော်ကာလမှာ ခြင်းခတ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊ ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၈ သင်းက ပြိုင်ပွဲဝင်ကြေးပေး သွင်းကာ ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၃ သိန်း၊ ဒုတိယကို ကျပ် ၂ သိန်း၊ တတိယကို ကျပ်၁သိန်းနဲ့ နှစ်သိမ့်ဆုကို ကျပ် ၅၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲအတွက်‌ ချီးမြှင်ငွေကတော့ ဒီထက် ပိုများမယ်လို့ သိရပါတယ်။ https://burmese.dvb.no/arch ives/582590

၂၅။ ပုဒ်မ ၁၇ (၁) နှင့် တရားရင်ဆိုင်နေရသော ကျောက်ဖြူဒေသခံတစ်ဦး ဆေးကုသရန် လိုအပ်နေ
March 9, 2023

ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နှင့် တရားရင်ဆိုင်နေရသော ကျောက်ဖြူဒေသခံတစ်ဦး အရေးပေါ် ဆေးကုသခံယူရန် လိုအပ်နေကြောင်း မိသားစုဝင်များ ထံမှ သိရသည်။ တရားရင်ဆိုင်နေရသူ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ အသက်(၅၈)နှစ်အရွယ် ဦးဝင်းမောင်မှာ နှလုံး မကောင်းသဖြင့် အသက်ရှူကြပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မိသားစုဝင် တစ်ဦးကပြောသည်။ “စိုးရိမ်ရတဲ့အနေထားလို့ ပြောလို့ရပါတယ်။ သူက အိမ်မှာဆိုရင်လည်း ဘာမှမလုပ်နိုင်ဘူး။ လှုပ်လှုပ်ရှား ရှားလည်းမလုပ်နိုင်ဘူး။ အလုပ်တွေလုပ်လိုက်ရင် မောပန်းပြီးတော့ အောက်ဆီဂျင် ၉၀ အောက် ကျသွားပြီးတော့ အောက်ဆီဂျင် ရှူရတယ်” ဟု ၎င်းက ပြောသည်။ ဦးဝင်းမောင် မှာ နဂိုကတည်းက နှလုံးမကောင်းသဖြင့် အမြဲတမ်း ဆေးဝါးမှီဝဲနေရပြီး ရန်ကုန် သို့လည်း တစ်လတစ်ကြိမ် ဆေးကုသရန် သွားရောက်နေရသူဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

လက်ရှိ ဦးဝင်းမောင်၏ ရောဂါအခြေအနေမှာ အချိန်တိုင်းအသက်အန္တရာယ် စိုးရိမ်နေရသဖြင့် ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။ “အိမ်မှာနေရင်လည်း အမြဲဆေးကောက်(ရှူဆေး)ဘူးတွေ ရှူနေရပါတယ်။ ရုံးချိန်းတိုင်း လည်း ဆေးပေးနေရပါတယ်။ ၅ မိနစ်အတွင်းမှာ အသက်ဆုံးသွားနိုင်တဲ့ ရောဂါလည်း ဖြစ်တယ်” ဟု မိသားစုဝင်က ဆိုသည်။ ဦးဝင်းမောင် မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က နေအိမ်တွင်ရှိနေစဉ် အရပ်ဝတ်နှင့်လူတစ်စုက မေးမြန်းစရာရှိ သည်ဆိုကာ လာရောက် ဖမ်းဆီးသွားပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည် ဆိုသည့် သံသယနှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၎င်းမှာ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်မှုမရှိဟု မိသားစုဝင်များ အခိုင်အမာပြောဆိုကြသည်။ https://www.dmgbur mese.com/%E1%80%9E%E1%80%90…/skt nty.html

၂၆။ တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ အတွင်း စစ်ဘေးရှောင် ၃၁၀၀၀ ကျော် အထိ ရှိလာ
March 9, 2023

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီလထဲတွင်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၁၀၀၀ ကျော် အထိ ရှိခဲ့ပြီး ယင်းတို့ အနက် လက်ရှိ စစ်ဘေးရှောင်နေရဆဲ အရပ်သားပြည်သူများမှာ ၂၈၀၀၀ ကျော်ရှိနေ ကြောင်း FE5 ဖေဖော်ဝါရီ Report ၏ ပြုစုထားသော အချက် အလက်များအရ သိရသည်။ အဆိုပါ ထွက်ပြေး တိမ်းရှောင်နေရ သည့် စစ်ဘေး ရှောင်များထဲတွင် ဖေဖော်ဝါရီလအတွင်း မြိတ်ခရိုင်ထဲရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တို့က နှစ်ဖက် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူ သိသိသာသာ တိုးလာကြောင်းရေးသားထားသည်။ အလားတူ ထားဝယ်ခရိုင် တွင်လည်း ထားဝယ်နှင့် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးချိန်တိုက်ပွဲဖြစ်ခြင်းနှင့် နေအိမ်များ မီးရှို့ခံရမှု ကြောင့် စစ်ဘေးရှောင်နေရဆဲ ပြည်သူ ၃၅၀ ဦး ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် စစ်အုပ် ချုပ်ရေး ကြေညာခံထားရသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် တိုက်ပွဲကြောင့် နေရပ် စွန့်ခွါ ထွက်ပြေး နေရသည့် ၃၀၀၀၀ ကျော် အထိရှိခဲ့ပြီး လက်ရှိတွင်စစ်ဘေးရှောင်စခန်းတွင် ၂၆၀၀ ရှိကာ ကျန်သူများမှာ နီးစပ်ရာဘုန်းကြီးကျောင်း၊ တောတောင်၊ ဥယျာဉ် ခြံများတွင် ယာယီတဲထိုး နေထိုင်နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုအတူ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲရှိ ရှမ်းကိုးရွာဒေသတွင် တိုက်ပွဲ ကြောင့် နေရပ်စွန့်ခွါ ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးရှောင် ၁၉၀ ကျော် ရှိကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီ တပ်များမှ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမိုပြုလုပ်လာခဲ့ကြသဖြင့် စစ်ဘေးရှောင်အရေအတွက်သည် ယခင်လကထက် ပိုများလာခဲ့ကြောင်း ဒေါနတနင်္သာရီ – စစ်ဘေး ရှောင်များ အထောက်အကူပြုရေး အဖွဲ့ကလည်း ဖော်ပြထားသည်။ တိုက်ပွဲ ဖြစ်များဆုံးဖြစ်သည့် ဒေသများထဲတွင် စစ်ကောင်စီ က စစ်ကြောင်းထိုး ဝင်ရောက်အချိန်တွင် စစ်ဘေးရှောင် ပြည်သူများကို လူသားဒိုင်းလုပ် ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ နေအိမ်စွန့်ခွာသူများ၏ နေအိမ်များတွင် ပစ္စည်းများ ဝင်ရောက်ခိုးယူခြင်းအပြင် သတ်ဖြတ်ခံရမှုများလည်း ရှိနေကြောင်း FE5 ဖေဖော်ဝါရီ Report က ရေးသားဖော်ပြထားသည်။ စစ်ကောင်စီတပ်က ဆန်နှင့် ဆေးဝါးသယ်ယူခြင်းကို ဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို အဝင်အထွက် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူ များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ပေးရသည့်နေရာတွင် များစွာအခက်အခဲရှိကြောင်း ဒေသခံ များနှင့် စစ်ရှောင်အရေး ကူညီပေးနေသူအချို့က ပြောဆိုသည်။ https://www.facebook.com/westernnewsagency/photos /a.119286173211229/726798295793344/

၂၇။ ချီဖွေမြို့ လူမြင်ကွင်းတွင် ရွှေတူးဖော်နေမှုကို မည်သည့်အဖွဲ့ထံ ကန့်ကွက်စာပို့ရမည်ကို မသိဘဲ အခက်တွေ့နေ
March 9, 2023

ချီဖွေမြို့ မြစ်ဘေးတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များကို ဒေသခံများကန့်ကွက် တိုင်းကြားလိုသော်လည်း မည်သူ မည်ဝါထံ လိပ်မူရမည်ကို မသိရသောကြောင့် အခက်တွေ့နေကြောင်း သိရသည်။ ချီဖွေမြို့ ဘောလုံးကွင်းအနီးတွင် စက်ယန္တရား ကြီးများဖြင့် ရွှေတူးဖော်နေမှုကို ဒေသခံများ မျက်မြင်တွေ့နေရသော်လည်း မည်သူ၏ ခွင့်ပြုချက်ကြောင့် လုပ်နေကြသည်ကို မသိ၍ တိုင်ကြားရန် အခက်အခဲဖြစ်နေကြောင်း ချီဖွေဒေသခံတစ်ဦးက ပြောသည်။ “သူတို့က ဒီစက်ယန္တရားတွေ၊ ဘက်ဟိုး နှစ်ခု သုံးခု၊ ဂုတ်လျှောတွေနဲ့ တူးနေတာ၊ ကျွန်တော်တို့ ဒေသခံတွေက ကန့်ကွက်ချင်နေကြပေမဲ့ မလုပ်ရဲဘူးလေ၊ ဦးဆောင်မဲ့သူ လည်းမရှိတော့ ကြောက်လည်းကြောက်ကြတာပေါ့၊ ပြီးတော့ဘယ်သူရဲ့ခွင့်ပြုချက်တွေနဲ့ လုပ်နေကြတာလဲဆိုတာ ကျွန်တော် တို့လည်းမသိဘူး”ဟုပြောသည်။ မတ်လ ၆ ရက်နေ့တွင် ဒေသခံတချို့ ရွှေလုပ်ကွက်ကို ကန့်ကွက်ကြောင်း သွားရောက်ပြောဆို ရာတွင်လည်း လုပ်ကွက်တာဝန်ရှိသူ ကိုယ်စားလှယ်က ယခုလို ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“နင်တို့ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြတာလဲလို့ မေးတော့ နင်လည်းလုပ်ချင်တယ်ဆိုရင်လုပ်တဲ့၊ သူတို့က ကိုးယောက်ပေါင်းပြီး လုပ်ထားတယ်လို့ပြောတယ်၊ နင်တို့ အဲ့လိုပေါင်းလုပ်နေကြတာ တခြားသူတွေရော သိရဲ့လားလို့ ဒေသခံ တွေ အရမ်းပြောနေကြပြီလို့၊ နင်တို့တွေ တရားဝင်လုပ်နေတယ်ဆိုရင် ပြည်သူတွေကို ဒီလိုလုပ်ကွက်တွေ လုပ်နေတယ်ဆိုပြီး ဗီနိုင်းဆွဲပြီး လုပ်ကွက်ရှေ့မှာ ချိတ်ထားလေလို့ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်” ဟု ပြောသည်။ ထိုရွှေလုပ်ကွက်များသည် ချီဖွေဒေသခံတချို့ နှင့် စစ်ကောင်စီနှင့် နီးစပ်သူများ ပူးပေါင်းကာ လုပ်ဆောင်နေသည်ဟု ဒေသခံများ ပြောဆိုသည်။ လက်ရှိ ရွှေတူးဖော်နေသော နေရာသည် ကျေးရွာသို့ ရေဝင်ရောက်ခြင်းကို တားဆီးရမယ့် နေရာဖြစ်သောကြောင့် ရွှေတူးဖော်ခြင်းမပြု ရန် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒီနေရာက ကျွန်တော်တို့ တစ်မြို့လုံးရဲ့ အဓိကပေါ့ ထင်းတွေလည်း အဲ့ကနေဘဲကောက်တယ်၊ သဲကျောက်တွေ အကုန်လည်း အဲ့ကနေဘဲတူးယူတာ၊ ပိုဆိုးတာက အဲ့နေရာမှာ ရွှေတူးလိုက်ရင် ကျွန်တော်တို့ ရွာထဲကို ရေတွေဝင်လာပြီး အကုန် ဒုက္ခရောက်ကုန်မှာ”ဟုပြောသည်။ https://burmese.kachinnews.com /2023/03/09/az2-89/

၂၈။ နေထိုင်ရေးအခက်အခဲ ဖြေရှင်းပေးဖို့ စစ်ကောင်စီကို ရိုဟင်ဂျာဒုက္ခသည်တွေတောင်းဆို
March 10, 2023

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက သံရုံးအကြီးအကဲတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တွေက မတ်လ ၁၀ ရက် ဒီနေ့ ပြောပါတယ်။ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့ တွေမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးနိုင်ငံက သံရုံးအကြီးအကဲတွေ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံနိုင်ရေး စစ်ကောင်စီရဲ့ အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ကြတာပါ။ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရေးအတွက် အဆောက်အအုံတွေ ထပ်ဆောက်ပေးဖို့အပါအဝင် တခြားလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ စစ်တွေမြို့ သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ ဒုက္ခသည်စခန်းမှာ လမ်းတွေက ပျက်စီးနေပြီ။ သွားလာရတာ အဆင်မပြေ တော့ဘူး။ အဲတော့လမ်းတွေ ပြင်ပေးဖို့နဲ့ စခန်းမှာနေထိုင်ရတဲ့ လူတွေကို တစ်အိမ်ထောင်ကို နေအိမ်တစ်လုံး ဆောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့ဘက်ကတော့ တင်ပြပေးမယ်ပြောတယ်။ လုပ်မယ်၊ မလုပ်ဘူးတော့ တိတိကျကျ မပြောဘူး” စစ်ကောင်စီဘက် တာဝန်ရှိသူတွေက စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကို ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့လည်း သူကဆိုပါတယ်။

သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၆,၀၀၀ ကျော်နေထိုင်ကြပြီး အိမ်ထောင်စု တစ်ထောင်နီးပါး နေထိုင် ကြပါတယ်။ အိမ်ခန်းကတော့ ၁၂၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ သံရုံးအကြီးအကဲတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ မောင်တောမြို့နယ် ငါးခူရ ရိုဟင်ဂျာလက်ခံရေး စခန်းနဲ့ လှဖိုးခေါင် ရိုဟင်ဂျာယာယီနေရာ ချထားရေးစခန်းတွေကို သွားခဲ့ကြတယ်လို့ မတ်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ရိုဟင်ဂျာတစ်ထောင်ကျော်ကို စတင်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် နေတယ်လို့ ၂၀၂၃၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) က တော့ စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံမယ့်အစီအစဉ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ဟန်ပြလုပ်နေတာလို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ https://www.rfa.org/burmese/news/rohingya-refugees-struggle-03102023023846.html

၂၉။ ကျောက်မဲ စစ်ရှောင် ဒေသခံတစ်ဦး ယာဉ်တိုက်ခံရပြီး၊ ခွဲစိတ်ကုသရန်လိုအပ်
March 9, 2023

သျှမ်းပြည် ကျောက်မဲမြို့နယ် ဝမ့်မိုင်ကျေးရွာ စစ်ရှောင် အမျိုးသားတစ်ဦးသည် ယာဉ်တိုက်ခံထားရပြီး ခွဲစိတ်ကုသရန် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ် တိုက်ခံထားရသည့် အသက် ၅၅ နှစ် လုံးအောင်ဆာ သည် ဦးခေါင်းကွဲ နှင့် ခြေထောက်တစ်ဖက်ကျိုး ဒဏ်ရာရရှိခဲ့ကာ သီပေါဆေးရုံ၌ ဆေးဝါး ကုသခံယူနေရပြီး လာမည့် (မတ်လ ၁၁ ရက်) တွင် ခွဲစိတ်ကုသရမည်ဖြစ်ကာ ငွေရေးကြေးရေး အခက်ခဲရှိနေသဖြင့် အကူညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦး က ပြောသည်။ “ ဆိုင်ကယ်တစ်စီးက သူ့ကိုတိုက်ပြီး ထွက်ပြေးသွားတယ်။ ဖြစ်တဲ့ရက်က သူတောင် အခင်းမှာ မေ့လဲသွားတာ။ ဦးခေါင်းကွဲပြီး ခြေထောက်ပါ ကျိုးသွားတယ်။ အခု ခွဲစိတ်ရမယ်လို့ ဆရာဝန်တွေကပြောတယ်။ သူတို့က စစ်ရှောင်တွေဖြစ်တော့ ခွဲစိတ်ကုသဖို့ ပိုက်ဆံမရှိဘူး။ အကူညီ လိုအပ်နေတယ် “ ဟု ၎င်းက ပြောသည်။

လုံးအောင်ဆာ သည် ပြီးခဲ့သည့် (မတ်လ ၇ ရက်) ညနေ ၈ နာရီအချိန် ဝမ်မိုင်ကျေးရွာ လမ်းဆုံအနီးတွင် လမ်းလျှောက် သွားနေစဉ်အတွင်း ဆိုင်ကယ် တိုက်ခံရကြောင်း သိရသည်။ ထို့အပြင် ဒေသခံများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်း နှင့် ပတ်သက်၍ လိုက်နာမှု မရှိခြင်းကြောင့် တစ်လအတွင်းမှာ ယာဉ်တိုက်မှုပေါင်း (၂၀) ကြိမ် ဖြစ်ပွားနေကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။ https://www.facebook.com/shannewsburmese/photos/a.34 1540565938393/600939382581

၃၀။ ဖားကန့်တွင် တစ်ပတ်ခန့်ကြာပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်း ပြန်တွေ့
March 9, 2023

ဖားကန့်မြို့နယ်တွင် လွန်ခဲ့သည့်အပတ်က ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က နံနက်လမ်းလျှောက်ထွက်ချိန် ပျောက်ဆုံးခဲ့သည့် အမျိုးသား၏ရုပ်အလောင်းကို ဆိုင်းတောင်း(ဆိပ်မူ)ကျေးရွာသုဿန်အနီး ဝါးရုံပင်အောက်တွင်တွေ့ရှိခဲ့ကြောင်းသွားရောက် ကူညီခဲ့သူတစ်ဦးက ပြောသည်။ “သူကတော့ မနက်တိုင်းလမ်းတွေဘာတွေ လျှောက်တယ်လို့တော့ ပြောတာပဲ။ ဝှေခါနဲ့ သင်္ခါသုဿာန်ကြားမှာတွေ့တာပေါ့ ဝါးရုံပင်အောက်ပေါ့။ အဲ့ဒါ(ခန္ဓာကိုယ်)ကတော့ ဒဏ်ရာဒဏ်ချက်တွေကတော့ ကျွန်တော်တို့ အနေနဲ့ ကိုင်လို့တွယ်လို့ ကြည့်လို့မရတော့ဘူးဗျ” ဟုပြောသည်။ သေဆုံးသူမှာ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးမြင့်ဆွေ ဆိုသူ ဖြစ်ပြီး ပျောက်ဆုံးချိန်က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လူပျောက်ကြေငြာ တိုင်ကြားခဲ့ကြောင်းသိရသည်။ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ကားကြီးဝင်းတွင် မတ်လ ၄ ရက်နေ့က အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများမှ သိရသည်။ https://www.facebook.com/The74Media/phot os/pcb.760598252126365/760597578793099/

၃၁။ ပင်လောင်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ
March 9, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ် စစ်ရှောင် (၅,၀၀၀) ကျော်သည် ဆယ်ရက်ကျော်ကြာ အိမ်ကို မပြန်နိုင်သေးကာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရှိရသည်။ (မတ်လ ၉ ရက်) နံနက်အစောပိုင်း ၆ နာရီ ဝန်းကျင်မှစတင်ပြီး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက် ပွဲပြင်းထန်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ “မနက် အစောကဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲတွေဖြစ်နေသေး တယ်ဗျ။ တိုက်ပွဲက ဖယ်ခုံနဲ့ ပင်လောင်း နယ်စပ် ဆောင်းပြောင်းရွာနဲ့ နီးတယ်။ ကျနော်လည်း ရှောင်နေရတာ။ တချို့ရွာမှာ PDF တွေဝင်နေတော့ မတတ်နိုင်ဘူး။ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အစုံပစ်နေတယ် “ ဟု ၎င်းက ပြောသည်။ လက်ရှိ ပင်လောင်းမြို့နယ်ထဲက လုံးပျဉ်ရွာ၊ တောင်မဲသင်းရွာ၊ မြောက်စလုံး၊တောင်စလုံး၊ နမ့်နိမ့်ရွာနှင့် ပင်လုံရွာတို့မှာ ရွာဝင်ခွင့် ပိတ်ထားပြီး ၎င်း အနီးနားတဝိုက်မှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ (၅,၀၀၀) ကျော်မှာ လက်ရှိမှာ ပူဆွေး သောကနှင့် စစ်ရှောင်ရဆဲဖြစ်ပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။ “ အခု အိမ်မှာဆိုရင် စပါး၊ ပြောင်းတွေ ထားထားခဲ့ရတယ်။ တချို့ကလည်း အနည်းအကျဉ်းတော့ ယူလာနိုင်ပေမယ့် တချို့မှာ လူလွှတ်ရုံးပြီး ထွက်ပြေးလာခဲ့ရတော့ ဘာမှကို မသယ်လာနိုင်ဘူး။ အခု ကျေးရွာ ၆ ရွာလောက် ဒေသခံတွေ ရွာထဲမှာ လုံးဝကို နေလို့မရ၊ အကုန်ထွက်ပြေးလာရတာ။ ကျနော်တို့မှာ စားနပ်ရိက္ခာ အကူညီအစုံတွေ အများကြီး လိုအပ်သေးတယ် “ ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်စပြီး စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယနေ့အချိန်ထိ တိုက်ပွဲ မငြိမ်သေးကြောင်း သိရသည်။ https://burmese.shann ews.org/archives/33413

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။