• Today is: Thursday, March 28, 2024

တီးတိန်မြို့တိုက်ပွဲတွင် PDF Zoland မှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Photo-ZFU/PDF Zoland

ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၁၃)

ချင်းပြည်၊ တီးတိန်းမြို့ ဆေးရုံကြီးတွင် နေရာယူထားသော အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရှိမှုများရှိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ PDF Zoland ကထုတ်ပြန်ထားပါတယ်။

 

(စစ်ကောင်စီထံမှ သိမ်းဆည်းရမိတဲ့ ပစ္စည်းများ)

 

ယမန်နေ့ည ဖြစ်ပွားတဲ့ ယင်းတိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများ တစုံတရာထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။