• Today is: Monday, May 20, 2024

တပ်ဖွဲ့ဝင်အသစ် PPDF-KD ခေါ်ယူနေ

ဓါတ်ပုံ – PPDF-KD

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ၏ တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသ နှင့် တပ်နယ် (၂) ဘားအံဒေသ တို့တွင် တပ်ဖွဲ့အသစ်များကို စတင်လက်ခံခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ၏ ဒရုန်းယူနစ်နှင့် တိုက်ခိုက်ရေးတပ်ခွဲများအတွက် တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူခြင်းဖြစ်တာပါ။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD သို့ တပ်ဖွဲ့ဝင်အသစ်အဖြစ် ဝင်ရောက် လိုသူများ အနေနှင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ၏ Facebook Page စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD အနေဖြင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းရေးဆိုင်ရာ မူဝါဒ များနှင့် ကိုက်ညီသူများကို စီစစ်ရွေးချယ် သွားမည်ဖြစ်သလို ဖော်ပြပါ အချက် အလက်များနှင့်လည်း ကိုက်ညီဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၁။ ပအိုဝ်းအမျိုးသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ မိဘ တပါးမှသော်လည်းကောင်း မွေးဖွားသူဖြစ်စေ၊ အခြား မည်သည့် လူမျိုးများဖြစ်စေ ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ၊ အသက် ၁၈ နှစ်ပြည့်ပြီး အခြေခံကျန်းမာရေး ကောင်းမွန်သူ မည်သူမဆို

၂။ PPDF-KD ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ မူဝါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာရန် ဝန်ခံကတိပြုသူဖြစ်ခြင်း

၃။ တပ်ဖွဲ့ဝင်တစ်ဦး၏ သတ်မှတ်ပေးထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ဝန်ခံကတိပြုသူဖြစ်ခြင်း

၄။ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားအရေးကို အလေးထားဆောင်ရွက် လိုသူဖြစ်ခြင်း

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၏ နိုင်ငံရေးဦးဆောင် လမ်းညွှန်မှုအောက်မှာ တည်ရှိတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။