• Today is: Monday, May 20, 2024

KNDF ဗျူဟာအမှတ် ၄ မှာရှိတဲ့ တပ်ရင်းတွေအတွက် မှောင်းပြန် သေနတ်အလက် ၁၀၀ ရရှိရေး စည်းရိုး – The Fence ကမ်ပိန်းမှာ ပါဝင်ဖို့ ဒုစစ်ဦးစီးချုပ် ဖိတ်ခေါ်

(ဓါတ်ပုံ- KNDF ဒုစစ်ဦးစီးချုပ် Maui )

ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၂၂)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ဗျူဟာ အမှတ် ၄ မှာရှိတဲ့ တပ်ရင်းတွေအတွက် မှောင်းပြန် သေနတ်အလက် ၁၀၀ ရရှိရေး ကမ်ပိန်းမှာ ပါဝင်ဖို့ရန်အတွက် KNDF ရဲ့ ဒုစစ်ဦးစီးချုပ် Maui (မာဝီ) က ဖိတ်ခေါ်ခဲ့ပါတယ်။

အဲ့ဒီရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို မတ်လ ၂၀ ရက်နေ့ကနေစပြီးတော့ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ “ ကျနော်တို့ ရန်ပုံငွေရှာဖွေရေးအစီအစဉ် တခုဖြစ်တဲ့ စည်းရိုး – The Fence ဆိုတဲ့ စီစဉ်လေးတခုရှိပါတယ်။ KNDF ဗျူဟာ အမှတ် ၄ မှာရှိတဲ့ တပ်ရင်းတွေကို လက်နက်ဖြည့်တင်းဖို့ဖြစ်ပါတယ်။ ဒီလိုဖြည့်တင်းနိုင်ပြီဆိုရင် ကျနော်တို့က လူ့စည်း ဘီလူးစည်း ခြားနိုင်ဖို့ရန်အတွက် စည်းရိုးတည်ဆောက်ဖို့ ရည်ရွယ်ပါတယ်”လို ဒုစစ်ဦးစီးချုပ် Maui က ပြောပါတယ်။

အဲ့ဒီစည်းရိုးရဲ့နောက်ကွယ်မှာ ကျနော်တို့ လိုချင်တောင့်တနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးတွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လူမှုကိစ္စအဝဝကို ဒီစည်းရိုးရဲ့နောက်မှာ ကျနော်တို့ ကောင်းမွန်စွာလုပ်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရပ်နီးရပ်ဝေးက စည်းရိုးဝိုင်းကူဆောက်ကျမဲ့ တော်လှန်ရေး ရဲဘော်တွေကို ဖိတ်ခေါ်ချင်ပါတယ်ဟု ၎င်းက ဆက်ပြောပါတယ်။

ငွေကြေးဖြင့် ထည့်ဝင်ရန်အခက်အခဲရှိနေတဲ့ ပြည်သူတွေအနေနဲ့ Click4Ferrdom နဲ့ Karenni Guys စတဲ့ Facebook စာမျက်နှာများကို ဝင်ရောက်ပြီး တာဝန်ရှိသူများညွှန်ကြားချက်အတိုင်းလည်း ဝင်ရောက် ပါဝင်ကူညီနိုင်တယ်လို့ဆိုပါတယ်။

ကရင်နီ(ကယား)ပြည်နယ်သည် အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများအစဉ်မပျက်ပြုလုပ်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။