• Today is: Saturday, May 25, 2024

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီထိ ရှိလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၆၊ ၂၀၂၃
 
စစ်ကောင်စီ၏ အာဘော်ထုတ်ပြန်ပေးနေတဲ့ မြန်မာ့အလင်း သတင်းစာ၏ ဖော်ပြချက်အရ စစ်ကောင်စီထံ မှတ်ပုံတင်လာတဲ့ နိုင်ငံရေးပါတီများဟာ စုစုပေါင်း ၅၂ ပါတီထိ ရှိလာပြီလို့ သိရပါတယ်။
 
ယမန်နေ့ မတ် ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တဲ့ မြန်မာ့အလင်း သတင်းစာအရ ပြည်နယ်အခြေခံပြု တိုင်းရင်းသားပါတီများအပါအဝင် တနိုင်ငံလုံးအဆင့်ရှိတဲ့ နိုင်ငံရေးပါတီများအပါအဝင် စုစုပေါင်း ၁၂ ပါတီတို့က ပြန်လည် မှတ်ပုံတင်လာတာလို့ ဆိုပါတယ်။
 
အဲဒီမှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီများဟာ ၁) ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ ၂) နာဂအမျိုးသားပါတီ (NNP) ၊ ၃) ၀ အမျိုးသားပါတီ(WNP) ၊ ၄) ဓနုအမျိုးသားများအဖွဲ့ချုပ်(DNOP) ၊ ၅) အမျိုးသမီးပါတီ(မွန်) ၊ ၆) မြိုတိုင်းရင်းသားပါတီ ၊ ၇) ဇိုမီးဒီမိုကရစီအဖွဲ့ချုပ်ပါတီ(ZCDP) ၊ ၈) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ(DNDP) ၊ ၉) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ၁၀) ပြည်သူ့ပါတီ (PP) ၊ ၁၁) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ(UMFNPP) ၊ ၁၂) မြန်မာနိုင်ငံတောင်သူ လယ်သမား အလုပ်သမား ပြည်သူ့ပါတီ တို့ ဖြစ်ကြပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာလည်း ၁) ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ၂) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ(PNO) ၊ ၃) ဖလုံ-စဝေါ်ဒီမိုကရေစီတစ်ပါတီ(PSDP)၊ ၄) ရခိုင့်ဦးဆောင်ပါတီ(AFP) ၊ ၅) ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရေစီတစ်ပါတီ(ကျားဖြူ) ၊ ၆) အမျိုးသားဒီမိုကရေစီပါတီသစ် ၊ ၇) ဒီမိုကရက်တစ်ပါတီ၊ ၈) တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွဲ့ဖြိုးတိုးတက်ရေးပါတီ၊ ၉) လူထုပါတီ၊ ၁၀) ပြည်သူ့အင်အားပါတီ၊ ၁၁) ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၁၂) ကချင်ပြည်နယ် ပြည်သူ့ပါတီ ၊ ၁၃) လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ ၊ ၁၄) ရခိုင်ပြည်န် အမျိုးသားအင်အားစုပါတီ၊ ၁၅) ပြည်သူ့အလုပ်သမားပါတီ ၊ ၁၆) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ ၊ ၁၇) မွန်ညီညွတ်ရေးပါတီ ၊ ၁၈) အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ၁၉) ဝံသာနုပါတီ ၊ ၂၀) ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ၊ ၂၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ၂၂) ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ၊ ၂၃) ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ၊ ၂၄) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ များက အသီးသီး မှတ်ပုံ တင်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာက ရရှိထားတဲ့ ရင်းမြစ်များအရ စစ်ကောင်စီထဲ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံပါတီများကတော့ ၁) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ၂) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၃) ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(CNLD) ၊ ၄) ကမန်အမျိုးသားတိုးတတ်ရေးပါတီ(KMNDP)၊ ၅) ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(DNDP) တို့ဖြစ်ကြပါတယ်။
 
မှတ်တမ်း ရင်းမြစ် – BAP ၊ မြန်မာ့အလင်း ၊ FJM