• Today is: Wednesday, April 24, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 27, April 4, 2023)

၁။         CDM ပြုလုပ်သော စစ်ကောင်စီတပ်သားက ပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

April 3, 2023

ချင်းပြည်နယ် ထန်တလန်မြို့နယ် Bungkhua ကျေးရွာက ဒေသခံပြည်သူတစ်ဦးကို CDM ပြုလုပ်လာသော စစ်ကောင်စီ တပ်သား ထက်မြတ်အောင်ဆိုသူက ဧပြီလ ၁ ရက်နေ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ က ထန်တလန်မြို့နယ် Bungkhua ကျေးရွာသား အသက် ၂၄ နှစ်အရွယ် ဦးဆန်လျန် နှင့် သူငယ်ချင်းဖြစ်သူတို့ သည် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းဘက် တောင်ယာတဲတစ်ခုတွင်နေနေစဉ် ည ၈ နာရီခွဲ ဝန်းကျင်ခန့်တွင် ထက်မြတ်အောင် သည် ရောက်ရှိလာပြီး ဘေးတွင်ထောင်ထားသောသေနတ်ကိုစွဲယူကာ အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆို သည်။ ထက်မြတ်အောင်သည် ဦးဆန်းလျန်ကို သေနတ်ဖြင့်ပစ်သတ်ပြီးနောက် ထွက်ပြေးသွားကာ ဒေသခံများက လိုက်လံရှာဖွေ ကြရာတွင် ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သား ထက်မြတ်အောင်သည် ချင်းပြည်နယ် ဖလမ်းမြို့ ခလရ ၂၈၆ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေ သူတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ထံ လက်နက်၊ ကျည်ဆံ နှင့်အတူ CDM ပြုလုပ်ခဲ့သူဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ CDM ပြုလုပ်လာပြီးနောက် ထက်မြတ်အောင်သည် CNDF တပ်ဖွဲ့ထံမှ လက်နက်များနှင့် ၂ ကြိမ်ထွက်ပြေးခဲ့ပြီးနောက်၊ CNF-Thantlang တပ်ဖွဲ့က ဖမ်ဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ CDF-Thantlang တပ်ဖွဲ့လက်ထဲကနေလည်း ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ယခုကဲ့သို့လူသတ်မှုကျူးလွန်းခဲ့ခြင်းဖြစ် သည်။ https://www.facebook.com/KhonumthungBurmese/photos/pcb.339825094377 6257/3398250920442926/

၂။         နမ့်ခမ်း နေဝန်းနီစစ်ရှောင်စခန်းက သက်ကြီးရွယ်အိုအပါအဝင် လူထု (၁၃)ဦးကို TNLA က စစ်မှုထမ်းဖို့ ခေါ်                 ဆောင်သွား

April 3, 2023

ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ နေဝန်းနီ စစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုအပါအဝင် လူထု (၁၃)ဦးကို တအာင်းတပ်မတော် (TNLA)က စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်သွားခဲ့တယ်လို့ နေဝန်းနီစခန်းမှ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် ည ၇ နာရီဝန်းကျင်မှာ နေဝန်းနီ စစ်ရှောင်စခန်းထဲက အသက် ၈၀၊ ၆၆၊ ၆၂ စတဲ့သက်ကြီးပိုင်းအပါအဝင် လူလတ်ပိုင်း တချို့ကိုလည်း ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နေဝန်းနီ စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးက “ကျနော်တို့ကို လူတောင်း တာ သုံးခေါက်ရှိပြီ။ ကျနော်တို့က အဆင်မပြေသေးလို့လေ။ လုပ်စားစရာ မြေတစ်ကွက်မှ မရှိဘူး။ ဖြစ်ချင်တော့ ကျနော်တို့က ဒီဇာတိက စစ်ရှောင်တွေ မဟုတ်တော့ ပိုခက်တယ်။ ကျနော်တို့ မသွားချင်တာ မဟုတ်ဘူး။ ဟိုဘက်ကလည်း စစ်သား ကောက် နေတော့ နေရပ်ပြန်ရင် သွားရမယ်။ ဒီဘက်လည်းသွားရမယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ခေါ်ဆောင်သွားတဲ့ (၁၃)ဦးထဲမှ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး သက်ကြီးပိုင်းတွေကိုတော့ သားသမီးဖြစ်သူ က သွားရောက်လဲလှယ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး သူက “ကျနော်တို့က ဒုက္ခရောက်နေရတယ်။ ပြန်ချင်နေတာ ကြာပြီ။ အစိုးရက ခွင့်မပြုသေးဘူး။ မန်စီရွာက နယ်မြေကလည်း မအေးချမ်းဘူး။ မိုင်းတွေရှိနေသေးတယ်။ ခဏတဖြုတ် ပြန်ရင်တောင် မှ သူတို့ကို ပြောထားရတယ်။ ရွာထဲ မီးအလင်းနဲ့ အငွေ့တွေ့ရင် သူတို့က လက်နက်ကြီး ပစ်တတ်လို့လေ။ ဒီဘက်မှာဘဲ နေဖို့ဆို လည်း ကိုယ့်ဇာတိ မဟုတ်ဘူး” လို့ ပြောပါတယ်။ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လ က “တအာင်းဒေသမှာ နေပြီး သွားသင့်တဲ့ တအာင်းလူမျိုးအကုန်လုံးကို ကျနော်တို့ စစ်ကောက်တယ်။ ဒုက္ခသည်တွေရဲ့ အခက်အခဲကိုတော့ နားလည် ပေမယ့် မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူ ကိုယ်ရောသူပါ အကုန်လုံးက ဒုက္ခသည်တွေဘဲ” လို့ ပြောပါတယ်။ နေဝန်းနီ စစ်ရှောင်တွေ ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မန်စီရွာကဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ကြောင့် နမ့်ခမ်းဘက် စစ်ရှောင်လာခဲ့ကြသူတွေပါ။ https://www.faceb ook.com/photo/?fbid=542628514711084&set=a. 404503215190282

၃။         သထုံတွင် လက်နက်ကြီးကျည်စထိမှန်၍ အရပ်သား ၃ ဦး ဒဏ်ရာရ

April 3, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် မြောက်ဘက်ရှိ ချောင်းစောင့်ရွာတွင် ဧပြီလ ၂ ရက်က လက်နက်ကြီးကျည်စ ထိမှန်သဖြင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။ ဧပြီလ ၂ ရက် ည ၈ နာရီခန့်တွင် ချောင်းစောင့်ရွာတောင်ဘက် ၃ မိုင်ကျော်အကွာ ဝင်းပရွာရှိ စစ်ကောင်စီလက် အောက်ခံ အမှတ် ၉ ခြေမြန် တပ်ရင်းက ချောင်းစောင့်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် ချောင်းစောင့်ရွာမှ အသက် ၁၇ နှစ်အရွယ် စောချာလီကီး၏ ညာဘက်ဒူးနှင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေး ၏ ညာဖက်ပေါင်၌ ကျည်စထိမှန်သည့် ဒဏ်ရာများရထားကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းပြင် စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ကလည်း ဧပြီလ ၂ ရက် မွန်းလွဲ ၂ နာရီတွင် သထုံမြို့အရှေ့ မြောက်ဘက် ကော့လှိုင်ချောင်းအနီးရှိ ဝင်းဖုန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ဘက်က ဆိုသည်။

BGF ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဝင်းဖုန်းရွာမှ စပါးရိတ်နေသော အသက် ၆၆ နှစ်အရွယ် အမျိုသားတဦး ညာဘက်လက်မောင်း ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဘက်က ပြောသည်။ မကြာသေးသည့် မတ်လ ၂၉ ရက်ကလည်း သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၃၁၄) အမြောက် တပ်ရင်းက သထုံမြို့နယ် တောင်ကလေးကျေးရွာအတွင်း လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီးကြီး ၂ ဦးနှင့် အသက် ၁၄ နှစ် အပါအဝင် ၁၄ နှစ်အောက် ကလေးငယ် ၄ ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင်၏ ထုတ်ပြန်ချက်အရသိရသည်။ https://www.fa cebook.com/theirraw addyburmese/photos/pcb.6645836135460482/6645835845460511/

၄။         ကော်သူလေး လက်နက်ကိုင်အဖွဲ့ပေါင်စုံ ခေါင်းဆောင်တွေ သွေးသစ္စာရေသောက်ပြီး ပေါင်းစည်း

April 4, 2023

ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အကြမ်းဖက် သတ်ဖြတ်နေသော အာဏာသိမ်း စစ်ကောင်စီတပ်ကို အမြစ်ဖြတ် သုတ်သင်ချေမှုန်းရေး ဦးတည်းချက်တူတော်လှန်ရေးတစ်ရပ် ဆင်နွဲနိုင်ရေးအတွက် ကော်သူလေး လက်နက်ကိုင်အဖွဲ့စုံမှ ခေါင်း ဆောင်တွေစုပေါင်းပြီး ဧပြီလ ၃ ရက်နေ့က ကော်သူလေးဒေသ တနေရာမှာ သွေးသစ္စာရေသောက်ပြီး ကတိသစ္စာ ပြုခဲ့ကြ ကြောင်းသိရသည်။ အာဏာရှင် စနစ် အမြစ်ဖြတ်ရေး မြေပြင်တိုက်ပွဲ အရှိန်မြှင့်ဖို့ ကော်သူလေး လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ခေါင်းဆောင်တွေ စုပေါင်းပြီး သွေးသစ္စာရေသောက် ကတိပြုခဲ့ကြခြင်း ဖြစ်ကြောင်း Lion Battalion Commando ဗျူဟာစစ် ကြောင်းမှ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။  “နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် တော်လှန် ရေးအောင်ပွဲကို အမြန်ဆွတ်ခူး နိုင်ရေးကို ရှေးရှုကာ အကွဲအလွဲမရှိ ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အတွက်ပါ” လို့ လဲဆိုသည်။

ကတိသစ္စာပြုခဲ့ကြသော လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များမှာ ကော်သူလေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ၊ Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ KNU/KNLA Peace Council ဗျူဟာမှူး စောဘလို့၊ တပ်ရင်းမှူး ဗိုလ်ကျော်ဂလော၊ KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊ KNU တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊ KNU တပ်ရင်း (၁၉) တပ်ရင်းမှူး ဗိုလ်ချာနား၊ BGF တာတို့ဝါး စစ်ကြောင်းတပ်နယ် (၃) တပ်ရင်းမှူး ဗိုလ်ထူးအယ်မှူး၊ KNU/KNLA Peace Council (၇၇၇) ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့၊ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်၊ Cobra Column စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်၊ နဂါးဖြူစစ် ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ကလယ်န စသည်တို့ ပါဝင်ကြောင်းသိရသည်။ ယင်းစုပေါင်း သွေးသစ္စာပြုပွဲကနေ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော လူမျိုးပေါင်းစုံ၊ ရဟန်းရှင်လူများ အနေနှင့်လည်း ရောက်ရာ နေရာများမှ ရရာလက်နက်၊ ရရာနည်းလမ်း များဖြင့် တိုက်ရိုက်နည်းလမ်းနဲ့ ဖြစ်စေ၊ သွယ်ဝိုက်နည်းလမ်းနှင့် ဖြစ်စေ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ပူးပေါင်းပေးကြရန်လည်း ကော်သူလေး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။ https://www.facebook.com/photo/? fbid=777413150414742&set=pcb.77741318374 8072

၅။         ဂုတ်တွင်းအကျော်မှာ ကားသမားတွေထံလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဆက်ကြေးမတရားကောက်ခံနေ

April 3, 2023

ရှမ်းမြောက် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ ဂုတ်တွင်းအကျော် နောင်ပိန်‌ရွာနဲ့ ကျောက်မဲကြားမှာ အမည်မသိ လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကားသမားတွေထံဆက်ကြေးမတရားကောက်ခံနေတာကြောင့် ကားသမားတွေအခက်ကြုံတွေ့နေရတယ် လို့ ကားသမားတွေက ပြောပါတယ်။ နောင်ပိန်နဲ့ကျောက်မဲကြားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာ ညအချိန်နဲ့ မနက် အစောပိုင်းအချိန်‌တွေမှာ  ဘီးခွန်၊ ကုန်တင်ခွန်ဆိုပြီး ကားသမားတွေဆီ အဲလက်နက်ကိုင်အဖွဲ့က ပိုက်ဆံသိန်းနဲ့ချီ ကောက်ခံနေ တယ်လို့ ဆိုပါတယ်။ ကုန်တင်တဲ့ကားသမားတစ်ဦးက “ဘီးခွန်ဆိုပြီးပိုက်ဆံကောက်တယ်။ ဘီးခွန်ပေးပြီးပြီပြောရင် ကုန်ခွန်ဆို ပြီးထပ်ကောက်ပြန်တယ်။ နည်းတဲ့ဆက်ကြေးမဟုတ်ဘူး။ တစ်ချို့ကားသမားတွေက သုံးသိန်းပေးရတယ် ဘီးခွန်ဆိုပြီးတော့။ သူတို့ဆက်ကြေကောက်တဲ့ချိန်နဲ့တိုးရင် ကားသမားတွေကမသွားရဲတော့ဘူး။မနက်အစောမှာသွားကြတယ်။ သူတို့ကအဲတာကို သိတော့ မနက်အစောပိုင်းကို ပြန်ကောက်တယ် ”လို့ ပြောပါတယ်။

ဆက်ကြေးကောက်တဲ့သူတွေဟာ ဘယ်အဖွဲ့မှန်းတိတိကျကျမသိရပေမယ့် ရှမ်းစကားတွေပဲပြောတာကြောင့် ရှမ်းတပ် ဖွဲ့ဖြစ်မယ်လို့ သူကဆက်ပြောပါတယ်။ နောက်ကုန်တင်တဲ့ ကားသမားတစ်ဦးက “ အဲဒီနာလေးမှာပဲ ကျွန်တော်တို့လည်းကြုံဖူး တယ်။ ည ၁ နာရီ‌ကျော်လောက်ဖြစ်မယ်။ သူတို့တွေက ရှမ်းစကား‌တွေပြောတယ်။ ဗမာစကားလည်းပြောတယ်။ ကျွန်တော်တို့ ကို မေးတာဘာတင်လာတာလည်းတဲ့ ကျွန်တော်ပြန်ပြောတော့ ကောင်းကောင်းမပြောတဲ့ ကားကို မီးရှို့ပြစ်မယ်တဲ့။ ပိုက်ဆံက တကယ်ပေးရတယ်။ ညအချိန်မှာပဲ အဲလိုကားသမားတွေကို လိုက်ရစ်တာ။ကားသမားတွေလည်း ကြောက်ကြတယ်။ မသွားရဲကြ ဘူး”လို့ ပြောပါတယ်။ ဆက်ကြေးကောက်တဲ့အဖွဲ့ဟာ ကား ၂ စီးနဲ့အတူ အရပ်ဝတ်နဲ့ပဲ ကောက်ခံတာဖြစ်တယ်လို့ သူကပြောပါ တယ်။ အဆိုပါ အဖွဲ့ဟာ လမ်းမှာစောင့်ဆိုင်းပြီး ဆက်ကြေးကောက်တာဟာ ၂ လ နီးပါးရှိနေပြီဖြစ်တာကြောင့် ကားသမားတွေ ရှေ့ဆက်မသွားရဲတော့တာရှိသလို ကားရပ်စောင့်ဆိုင်းနေရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ https://www.facebook.co m/photo/?fbid=542534941387108&set=a.4045032151 90282

၆။         ဒီးမော့ဆိုမှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာလို့ မိုးကာတွေ အရေးပေါ် လိုအပ်နေ

April 3, 2023

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာတဲ့အတွက် သောက်သုံးရေကန်တွေ လုပ်ပေးဖို့ မိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်း-ကရင်နီ နယ်စပ်နဲ့ ဒီးမော့ဆို အနောက်ခြမ်းမှာ စခန်း ၁၀၀ ကျော်နဲ့ စစ်ဘေးရှောင် ပြည်သူ တစ်သိန်းကျော်အထိတိုးလာပါတယ်။ တောင်ပေါ်ဒေသ နွေရာသီရေရှားပါးတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ အတွက် စစ်ရှောင်ကူညီသူတွေက မိုးကာစ ခင်းထားတဲ့ သောက်သုံးရေကန်တွေ ပြုလုပ်ပေးဖို့ စီစဉ်နေတာဖြစ်ပါ တယ်။ “စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းလောက်တော့ ရေရှားပါးလိမ့်မယ်။ ဘယ်လိုဖြေရှင်းကြလဲဆိုတော့ စခန်းတွေမှာ အများသုံး ကန်လုပ်ပြီး စခန်းကို ရေပိုက်နဲ့ သွယ်တာတွေ လုပ်တယ်။ ရေတွေကားနဲ့ ဝယ်ပေးတာတွေလုပ်ပြီး အများသုံးကန်ကို လိုက်ပြီး ထည့်ပေးတာတွေလုပ်နေတယ်”လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ရေကား တစ်စီးကို ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးဝယ်နေပြီး အများသုံးကန်တွေထဲလိုက်ဖြည့်ပေးနေ တယ်လို့ သူကဆိုပါတယ်။ ရေရှားပါးမှုကြောင့် မိသားစု တစ်စုကို ရေတစ်ပုံးနှုန်းသာ ခပ်ယူရမယ် ဆိုတဲ့ စည်းမျဉ်း ထုတ်ထားရပြီး တကိုယ်ရေ သန့်ရှင်းမှု အားနည်းလာလို့ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အပူကြီးဖျားနာမှုတွေခံစားနေရသူများလာတယ် လို့ စစ်ရှောင်ကူညီသူတွေကဆိုပါတယ်။ “တချို့စစ်ရှောင်စခန်းတွေမှာ ရေကိုအချိုးကျသုံးရတာတွေရှိတယ်။ ဒါက Hygiene (တကိုယ်ရေ သန့်ရှင်းရေး) အတွက် မလောက်တဲ့ ပြဿနာတွေ အများကြီး ကြုံရတယ်။ တချို့ဆို ရေချိုးပြီး သုံးထားတဲ့ ရေတွေ၊ ဆပ်ပြာရေတွေကို အိမ်သာအတွက်ပြန်ပြီး သုံးရတာတွေရှိတယ်”လို့ Freelance Volunteer Myanmar အဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် စခန်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေ လာရောက်တာရှိသလို တချို့ စခန်းတွေမှာ ဆေးခန်း ဖွင့်ပေးထားပေမယ့် ဆေးဝါးလိုအပ်ချက်တွေ များပြားနေတယ်လို့သိရပါတယ်။ https://www.faceboo k.com/MeKongNewsMM/photos/pc b.1205504623442806/1205504400109495/

၇။        ပန်နန်းဒင်မြို့နယ်၊ ဒဇုံကျေးရွာအရောက် ဆန်တစ်အိတ် ကျပ် ၃၀၀, ၀၀၀ (သုံးသိန်း) နီးပါး ပေါက်ဈေးရှိနေ

April 3, 2023

သယ်ယူစရိတ်မြင့်မားတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့နယ် ထဲက ဒဇုံကျေးရွာအရောက်ကို ဆန်တစ်အိတ် ကျပ်သုံးသိန်းနီးပါး ပေါက်ဈေးရှိနေတယ်လို့ ကြားသိရပါတယ်။ လမ်းဆုံကျေးရွာ ဖြစ်တဲ့ ဒဇုံကျေးရွာမှာ အရင်နှစ်ကတော့ ဆန် ၈ ပြည် (တစ်ပုံး) ကို ကျပ် ၇ သောင်းလောက်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ တစ်ပုံးကို တစ်သိန်းကျပ်ထိ ရှိလာတာဖြစ်တယ်လို့ အဲဒီဒေသနဲ့ နီးစပ်တဲ့သူတစ်ဦးက အခုလိုပြောပါတယ်။ “အဓိက အထမ်းခတွေက ပို တက်တာပေါ့နော်။ ဒဇုံရွာအရောက်ကတော့ ဆန်တစ်ပုံးကို တစ်သိန်း တစ်အိတ်ဆို သုံးသိန်းနီးပါး။ အဓိက လမ်းပန်းဆက်သွယ် ရေးမကောင်းလို့ပေါ့နော်။”လို့ နီးစပ်သူကဆိုပါတယ်။ ပူတာအိုမြို့ကနေ မြန်မာပြည်ရဲ့ မြောက်ဖက်ဆုံးမြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ ထိ ကားလမ်းပေါက်ပေမဲ့ ပန်နန်းဒင်ကနေ ဒဇုံကျေးရွာအထိ ခြေကျင်နဲ့ လေးငါးရက်လောက်သွားရတာဖြစ်ပြီး သွားရတဲ့လမ်း ကြောင်းက ခက်ခဲတာကြောင့် သယ်ယူခတွ မြင့်တက်နေတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ ခြေကျင်လမ်းတော့ ပေါက်တယ်။ ဒါပေမဲ့ မြေပြန့်မဟုတ်ဘူး။ အတက်အဆင်းနဲ့ပေါ့နော်။ ခြေကျင်လမ်းဆိုပေမဲ့ တကယ့်တောတွေ ခြုံတွေပိတ်တဲ့လမ်းတွေပါပဲ။ လမ်းက မကောင်းပါဘူး။ လူနဲ့ပဲထမ်းရတာ။ အဲဒါကြောင့်လည်း ဈေးကြီးတာ ပေါ့နော်။” လို့ အထက်ပါနီးစပ်သူက ရှင်းပြပါတယ်။ ဆန်သယ်ယူရောင်းချတဲ့သူတွေလည်း အဲဒီ ဒဇုံကျေးရွာအထိပဲ သယ်ယူပြီး ရောင်းချကြသလို ၂၀၀ တန်ကော်ဖီမစ်တစ်ထုတ်ကို တစ်ထောင်နီးပါး၊ အချိုရည်တစ်ဗူးကို ငါးထောင်လောက်ရှိနေတာဖြစ်ပြီး ဒဇုံကတဆင့် ပြန်ဝယ်ယူရတဲ့ရွာတွေဘက် ကုန်ဈေးပိုကြီးမြင့်တယ်လို့ သိရပါတယ်။ အဲဒီဒေသဘက်ကို သွားလေ့ရှိတဲ့ ပြည်သူ တစ်ဦးကလည်း “ ဆန်ရယ်မဟုတ်ပါဘူး။ အဲဒီဘက်ရောက်တဲ့ ပစ္စည်းတွေ အကုန်မှန်သမျှ ဈေးတက်နေတာ။ အဓိက သွားလာရ ခက်ခဲလို့။တစ်ပတ်ခရီးသွားရတယ် အဲဒီဒဇုံရွာထိရောက်ဖို့ဆိုရင်” လို့ ဒေသအခြေအနေကို ပြောပြပါတယ်။ ဒဇုံအထက်ဘက်က ရွာတွေဟာအရင်က ကုန်စည်တွေကို တရုတ်ပြည်ဘက်ကတင်သွင်းကြတာဖြစ်ပေမဲ့ ကိုဗစ်နောက်ပိုင်း နယ်စပ်ဂိတ်တွေပိတ် သွားတာကြောင့် ပူတာအိုဘက်ကသယ်ယူနေရတာဖြစ်ပြီး လက်ရှိပူတာအိုမြို့သာမက မြို့တိုင်းလိုလိုဆန်ဈေးနှုန်းတွေမြင့်တက် နေတာဖြစ်ပါတယ်။  https://www.facebook.com/myitkyinanewsjourn al.mm/photos/a.182072622159000/18706733 29965579

၈။        ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ၆ ကြိမ်ခန့် လာရောက်ပစ်ခတ်

April 4, 2023

ဒီကနေ့ ဧပြီလ ၄ ရက်နေ့မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်  လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နေ့လည် ၁ နာရီအချိန်ခန့်မှာ တိုက်လေယာဥ် တစ်စီးရောက်ရှိလာပြီး အကြိမ်ရေ (၆)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထု ထိခိုက်မှု မရှိပေမယ့် ယခင် စစ်ရှောင်တွေ နေခဲ့တဲ့တဲတွေ မီးလောင်ပျက်စီးခဲ့တာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း မနက် ၈ နာရီ အချိန် ကစပြီး ဒီးမော့ဆို အခြေစိုက် ၁၀၂ တပ်ကနေ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လက်နက်ကြီးနဲ့ စတင် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတ်လတစ်လအတွင်း တိုက်ပွဲပေါင်း (၁၀၂)ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNDF က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီက လေကြော င်းအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေါတမကြီး၊ ဒေါညေးခူ ကျေးရွာရှိနေအိမ် တစ်ရာနီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။ https://www.facebook.com/watch?v=123167987326108

၉။         ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်ကလေး ၃၀၀ ခန့်အရေပြားရောဂါခံစားနေရ၊ လူကြီးအချို့ ၀မ်းလျော၀မ်းပျက်ဖြစ်နေ

April 3, 2023

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ တောတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကလေးငယ်များနှင့် လူကြီးအချို့ မှာ ကိုယ်ခန္ဓာအရေပြားရောဂါအချို့နှင့် ၀မ်းလျော၀မ်းပျက်ရောဂါများကို ခံစားနေကြရသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး၊ စား၀တ်နေရေးအခက်အခဲများရှိနေသည့် စစ်ဘေးရှောင်များသည် ယခုကဲ့သို့ရောဂါဖြစ်ပွားနေကြသည်မှာ တစ်လခန့်ကြာမြင့်နေ ပြီးဖြစ်​ကြောင်းသိရသည်။ ခန္ဓာကိုယ်အရေပြားရောဂါဖြစ်နေသော ကလေးဦးရေ ၂၀၀ မှ ၃၀၀ အထိရှိနေပြီး၊ သေဆုံးသူ ၃ ဦးခန့် ရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးများလုပ်ဆောင်နေသည့် ကန်ပက်လက်မြို့ဒေသခံ ပါစတာ တစ်ဦးထံမှ သိရသည်။ “ကလေးတွေရဲ့ ကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အဖုအပိန်တွေထွက်တယ်။ ၀က်သက်လိုမျိုးပေါ့။ ဆရာ၀န်၊ ဆရာမအချို့ ဆေးကုပေးပေမယ့် ဘာရောဂါမှန်းသေချာမသိရဘူး။ ဖြစ်နေကြတာ တစ်လလောက်ရှိပြီ၊ စာရင်းကောက်ထားတာတော့ ကလေး ၃၀၀၀န်းကျင်လောက်ဖြစ်နေတာ၊ သေတာလည်း သုံးလေးယောက်ရှိနေတယ်။ လူကြီးအချို့ကတော့အထက်လန် အောက်လျော လိုမျိုး ၀မ်းလျော၀မ်းပျက်ဖြစ်ကြတယ်။ ရေကြောင့်တော့မဟုတ်ဘူးထင်ပါတယ်။ ဘာလို့လဲသေချာတော့မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ချင်းပြည်နယ် ကန်ပက်လက်နှင့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်တစ်ခုအကြား တိမ်း ရှောင်နေကြသူများဖြစ်ပြီး၊ ဆေး၀ါးနှင့် စားနပ်ရိက္ခာလိုအပ်ချက် အမြဲကြုံတွေ့နေကြရသည်။  “ကျွန်မတော့နေကောင်းပါတယ်။ ဒီမှာကလေးတွေနေမကောင်းကြဘူး။ ဘာရောဂါလဲမသိဖြစ်ကြတယ်။ ဆရာ၀န်တွေက ဓာတ်ဆားမသောက်ရဘူးလို့ လည်းပြော တယ်၊ တချို့ဆရာ၀န် ဓာတ်ဆားသောက်ရတယ်လည်းပြောတယ်။ ကျွန်မတို့ဘယ်လိုလုပ်ရမလဲမသိသေးဘူး”ဟု အဆိုပါ စစ်ရှောင်စစ်ခန်းမှ ကန်ပက်လက်မြို့ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ကန်ပက်လက်မြို့ပေါ်တွင် ချင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်နေခြင်းကြောင့် ဒေသခံများ ဘေးလွှတ်ရာတိမ်းရှောင်နေကြရ သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီး၊ ခရစ်စမတ်ကာလ ၂ နှစ်ခုပင်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ လက်ရှိ တွင် ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ် မည်ကို စစ်ဘေးရှောင်သူများ စိုးရိမ်လျှက်ရှိသည်။ https://www.facebook. com/photo/?fbid=601552851992247&set=a.4 78726164274917

၁၀။      NCA လက်မှတ်ထိုးထားသည့် RCSS နှင့် PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

April 4, 2023

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။ ယင်း ထိတွေ့တိုက်ပွဲနှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာကာ ပါတက်ကျေးရွာမှ RCSS/ SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း RCSS/SSA  ၏ သတင်း စာမျက်နှာဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။ ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေ တွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန် ထားသည်။

သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန်လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊ အသေး စိတ်တော့မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့်ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေး မှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ https://burmese.shannews.org/archives/33934

၁၁။      စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်း AASYC က စာရွက်စာတန်းများဖြန့်ဝေ၍ လှုပ်ရှားမှုပြုလုပ်

April 3, 2023

စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) က ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်စာတန်းများကို  စစ်တွေတွင် ဖြန့်ဝေ၍ ကမ်ပိန်း (လှုပ်ရှားမှု) ပြုလုပ်နေကြောင်း သတင်းရရှိသည်။ AASYC က ပြီးခဲ့သည့် မတ်လ ၃၁ ရက်မှစတင်ကာ ရခိုင်ပြည်သူများ၏ဖုန်းများသို့ ရွေးကောက်ပွဲအား ဆန့်ကျင် သည့် မတ်ဆေ့ရှ် (SMS) ကို ပို့ပေးခဲ့ပြီး ဧပြီလ ၂ ရက်ကလည်း စစ်တွေမြို့ ရှုခင်းသာလမ်းရှိ ထိုင်ခုံများပေါ်တွင် ရွေးကောက်ပွဲ အား ဆန့်ကျင်သည့် စာရွက်များကို ကပ်ထားခြင်း၊ ယင်းစာရွက်များအား လမ်းမပေါ်တွင် ဖြန့်ကြဲထားခြင်း စသည့်လုပ်ဆောင် ချက်များကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ AASYC က ပြုလုပ်သော ကမ်ပိန်းတွင် “မြန်မာစစ်တပ်သည် ၎င်းတို့ လိုလားသော အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းရန်နှင့် တရားဝင်အစိုးရတစ်ရပ်ဖြစ်တည်နိုင်ရန်အတွက် အတု အယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရန် အပြင်းအထန် ကြိုးစားလျက်ရှိရသည်” ဟု ရေးသားထားသည်။ ၎င်းပြင် မြန်မာစစ်အာဏာရှင်အဆက်ဆက်သည် နိုင်ငံရေးအရ အကူးအပြောင်းကာလတွင် လူမျိုးရေး ဘာသာရေး အဓိကဂရုဏ်များကို ဖန်တီးကာ နိုင်ငံရေးအမြတ်ထုတ်လေ့ရှိသဖြင့် အထူးသတိပြုကြရန်လည်း ဖြန့်ဝေသည့် စာထဲတွင် ထည့်ရေးထားသည်။

“မြန်မာစစ်အာဏာရှင်အဆက်ဆက်သည် နိုင်ငံရေးအရ အကူးအပြောင်း (သို့) နိုင်ငံရေး အကူးအပြောင်းကာလများတွင် ရခိုင်နှင့် မွတ်ဆလင် လူ့အဖွဲ့အစည်း နှစ်ခုစလုံးအား နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချလျက် လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်းများဖန်တီးကာ ၄င်းတို့၏ အာဏာတည်မြဲရေးအတွက် သွေးခွဲအုပ်ချုပ်ရေးလမ်းစဉ်အား ကျင့်သုံးခဲ့ကြသည်ကို ရခိုင်ပြည် သူလူထုနှင့် ရခိုင်ပြည်ကိုယ်စားပြုပါတီများအနေဖြင့် အထူးသတိထားသင့်ပါသည်” ဟုလည်း ရေးသားဖော်ပြထားသည်။၂၀၂၃ ရွေးကောက်ပွဲသည် မိမိတို့ ရခိုင်ပြည်သူများ ရင်ဆိုင်နေရသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျပ်အတည်းနှင့် လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည် မဟုတ်သလို ရခိုင်ပြည်သူလူထု အတွက်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံရေး အဆင့်လောက်ကိုပင် အာမခံချက် ပေးနိုင်မည်မဟုတ်ဟုလည်း ဆိုထားသည်။ ရခိုင် ပြည်တွင် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင် ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ၊ ဒေါက်တာ အေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုး သားအင်အားစုပါတီ (RSNUP) နှင့် မြိုတိုင်းရင်းသားပါတီစသည့် ပါတီ (၅)ခုက မှတ်ပုံပြန်တင်ရန် လျှောက်ထားကြသည်။ https://www.facebook .com/narinjara.info/photos/pcb.6432511160094240/643 2509476761075/

၁၂။       သထုံခရိုင် လ.ဝ.က ရုံး မီးရှို့ခံရ

April 4, 2023

မွန်ပြည်နယ်၊ သထုံမြို့ အောက်ကျင်းရပ်ကွက်ရှိ သထုံခရိုင် လူမှုဝင်မှုကြီးကြပ်ရေးဦးစီးဌာန လ.ဝ.ကရုံးဟာ မနေ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲလောက်မှာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ သထုံမြို့လယ်ကောင်မှာရှိတဲ့ လ,ဝ.က ရုံးထဲ လက်နက်ကိုင်ထားတဲ့ အမျိုးသား ၅ ဦး ဝင်ရောက်လာပြီး ရုံးထဲမှာရှိနေတဲ့ ရုံးဝန် ထမ်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီးနောက် နှစ်ထပ်ရုံး အဆောက်အဦ နေရာအနှံ့ မီးရှို့ကာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါ တယ်။ လ.ဝ.ကရုံး မီးရှို့ခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး ရုံးအနီးက နေအိမ် ၂ လုံးမှာလည်း မီးအနည်းငယ် ကူးစက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်မှာတော့ လ.ဝ.က ရုံး မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ လ.ဝ.က ရုံး မီးရှို့ မှုကို လုပ်ဆောင်ခဲ့တာ မရှိကြောင်းနဲ့ ပြည်သူပိုင်နေအိမ်တွေတဲ့ နီးကပ်တဲ့ အဆောက်အဦတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့ တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လုံခြုံရေးတင်းကျပ်ထားတဲ့ သထုံမြို့ရဲ့ မြို့လယ်ကောင်မှာရှိတဲ့ သထုံခရိုင် လ.ဝ.က ရုံး မီးရှို့ခံရတဲ့ ဖြစ်စဉ်အပေါ်  ဒေသခံတွေကြားမှာ သုံးသပ်ချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ သထုံခရိုင် လ.ဝ.က ရုံး ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူတွေထံကနေ ငွေကြေး အဆမတန် တောင်းယူတာတွေ ရှိနေတဲ့အတွက် ၂ ကြိမ်တိုင် ဗုံးဖောက်ခွဲ သတိပေးခံထားရဖူးပါတယ်။ https://burmese.dvb .no/archives/586734

၁၃။      ထီးချိုင့်တွင် စစ်ကောင်စီတပ် နှင့် KIA PDF တိုက်ပွဲ ဆက်လက်ဖြစ်ပွား

April 3, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူး‌ပေါင်းတပ်တို့ ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဧပြီလ  ၂ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် သော်ကကျေးရွာ နှင့် ရတနာအောင်ကျေးရွာအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာခဲ့သဖြင့် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကဆိုသည်။ “ကုန်းကြောင်းကထွက်လာတဲ့အဖွဲ့ရယ် ရေကြောင်းကထွက်လာတဲ့အဖွဲ့ရယ် ပူးပေါင်းထားတဲ့စစ်ကြောင်း ပါသော်ကနဲ့ ရတနာအောင်ကြားမှာ ထိတွေ့မှုဖြစ်တယ်။ အသံတွေလည်း တော်တော်ကြာကြာကြားနေရတာ ၁၀ နာရီဝန်းကျင် မှာ ဝေဟင်က လာပြီး ၇ ကြိမ်လောက်ဝဲပြီး ၆ ကြိမ်လောက်ပစ်သွားတယ်။ ရတနာအောင်ရွာ ဘုန်းကြီးကျောင်းကို ကျတယ်။ ဘုန်းကြီးကျောင်း ပျက်ဆီးသွားတယ်လို့ သိရတယ်”ဟုဆိုသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် ရတနာအောင် ကျေးရွာနှင့် ကပ်ယက် မယ်ဇလီကျေးရွာကို စစ်ကောင်စီတပ်များ မီးတင်ရှို့ခဲ့ရာ နေအိမ် ၈၀ ထက်မနည်း မီးလောင်ပျက်စီးသွားပြီး နောက်ထပ် ရတနာအောင်ကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်ပြောသည်။ နှစ်ဖက် ထိတွေ့ တိုက်ပွဲများတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင်မူ ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။ ထီးချိုင့်မြို့ပေါ်မှ ထွက်ခွာလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် အိမ်ခြေ  ၁၈၀၀ ကျော်ရှိသည့် ညောင်ပင်သာကျေးရွာကို သုံးရက်ဆက်တိုက် မီးတင်ရှို့ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်ဆီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ https://burmese.kachinnews.com/2023/04 /03/sm1-77/

၁၄။      ရေးတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရ

April 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို ယမန်နေ့ ဧပြီလ (၂)ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း လူမှု ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရာဘာခြံသို့ အလုပ်သွားမည့် ထိုညီအစ်ကိုနှစ်ဦးကို မော့ကနင် ကျေးရွာရှိ စစ်ကောင်စီ ဂိတ်စခန်းက စစ်ဆေးရန်ဆိုင်ကယ်တားမြစ်ရာတွင် ဆက်လက်မောင်းနှင်သွားသောကြောင့် စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့ရာ ညီအစ်ကိုနှစ်ဦးမှာ ခြေထောက်ပေါင်နေရာနှင့် ဒူးထိမှန်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူ တစ်ဦးက ယခုလိုပြောသည်။ “ရာဘာခြံအသွားပေါ့ လမ်းမှာပစ်ခံထိတာ။ ရေးမှာက မာရှယ်လောလည်းထုတ်ထားတဲ့အခါ ကျတော့ ည ၆ မနက် ၆ ပေါ့။ မနေ့ မနက်က ၄ ခွဲဝန်းကျင်လောက်မှာ မော့ကနင်ရွာက ညီကိုနှစ် ယောက်ခြံထဲ သွား တော့ အဲ့မှာ စကစ စစ်ဆေးနေတာရှိတယ်။ အဲ့ဒါလှမ်းတားတာ လန့်ပြီးတော့ ပြန်လည့်ပြေးတာ လှည့်ပြေးတော့ သူတို့ကလှမ်းပစ်လိုက်တာ။ ထိတာက ပေါင်တစ်ယောက် ထိတယ်။ ဒူးတစ်ယောက် ထိတယ်”ဟု ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့်် ညီအစ်ကို နှစ်ဦးသည် သက်ဆိုင်ရာ အနီးအနား ဝန်းကျင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် အခြေအနေ စိုးရိမ်ရမှုမရှိတော့ကြောင်း သိရသည်။ မော့ကနင်ကျေး ရွာနှင့်နီးစပ်သည့် ကြိုးတံတားကျေးရွာ တောင်ယာခြံမြေများထဲတွင်လည်း စစ်ကောင်စီတပ်က ဇန်နဝါရီလပိုင်း မှစ၍မြေမြှုပ် မိုင်းများ ထောင်ထားလျက်ရှိသောကြောင့် တောင်ယာလုပ်ကိုင်သူများအနေဖြင့် ခက်ခဲမှုများရှိနေကြောင်း မော့ကနင်ရွာသား များကပြောသည်။ ရေးမြို့တွင် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ညမထွက်ရ အမိန့်(မာရှယ်လော)ကို စစ်ကောင်စီတပ်က ထုတ် ပြန်ထားသည်။ https://kicnews.org/2023/04/%e1%80%9b%e1%80%b1% e1%80%b8%e1%80%90%e1%80%bd%e1 %80%84%e1

၁၅။      မတူပီမြို့နယ် ကလားကျေးရွာကို စစ်ကောင်စီက တရွာလုံးနီးပါးမီးရှို့ဖျက်ဆီး

April 4, 2023

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းမပေါ်ရှိ ကလားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှိုဖျက်ဆီး ကာ လူနေအိမ်ခြေ ၃၀ ခန့် မီးလောင်ပြာကျခဲ့သည်ဟု သိရသည်။ မတူပီမြို့မှ ပလက်ဝမြို့ဘက်သို့ ရိက္ခာပို့ဆောင်ရန်သွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကလားကျေးရွာကို မတ်လ ၃၁ ရက် နေ့ကမီးရှိုကာ နေအိမ် ၉ လုံးနှင့် ဧပြီလ ၁ ရက်နေ့တွင် နေအိမ် ၂၁ လုံး စုစုပေါင်းအိမ်ခြေ ၃၀ ပြာကျခဲ့ရသည်ဟု မတူပီမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန် သည်။ “အဲ့ဒီ ကလား ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးလည်းပျက်သွားတယ်၊ နောက် ပိုင်း ကျတော့သူတို့ ရွာထဲ ဝင်တယ်၊ နေအိမ်တွေကို မီးရှို့တယ်။ ၃၁ ရက်နေ့မှာ အောက်ရွာကို ရှို့တယ်။ အပေါရွာမှာ သူတို့ တစ်ည နားသေးတယ်။ ပြီးတော့ ဧပြီလ ၁ ရက်နေ့မှာ သူတို့ ထွက်ခါနီးမှာ  အဲ့အပေါ်ရွာက ၂၁ အိမ်ကို မီးရှို့ပြီးမှပဲ သူတို့ ဝလံတဲ ကျေးရွာဘက်ကို သွားတယ်။”ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဆလိုင်းပါထောင်း က ပြောသည်။ ထို့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း ဝလံတဲကျေးရွာက နေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်မီးရှို့ခဲ့ပြီး ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကလားကျေးရွာသည် မတူပီမြို့မှ ၂၄ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ စုစုပေါင်း ၄၅ အိမ်ရှိသည့်အနက် စစ်ကောင်စီ၏ မီးရှို့မှု ကြောင့် ၁၅ အိမ်သာကျန်ရှိတော့သည်။ မတူပီမြို့နယ်တွင် ပြီးခဲ့သည့်မတ်လ ၂၀ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့အကြားတိုက်ပွဲ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်ဟု သိရသည်။ ယခုလက်ရှိတွင်လည်း မတူပီ-ပလက်ဝအကြား ကလားကျေးရွာ၊ ဝတံတဲကျေးရွာ တို့မှဒေသခံပြည်သူများသည် တောထဲကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိ ကြသည်။ https://www.facebook.com/KhonumthungBu rmese/photos/pcb.33983284371 01841/3398328120435206/

၁၆။      မိုးဗြဲကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျတဲ့အတွက် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ (၄)ဦး ဒဏ်ရာရ

April 3, 2023

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (ဧပြီ ၂ရက်)က မိုးဗြဲကျေးရွာအုပ်စု အရှေ့ဖက် ကမ်းကျေးရွာတွေထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက်(၅၀) ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူငယ်တစ်ဦး နဲ့ လူကြီးလေးဦး ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၃) က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ(၂)ရက်နေ့ မနက်(၇)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်နေခဲ့တာဖြစ်ပြီး ကျေးရွာတွေထဲ လက်နက်ကြီး (၅) လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ်တချို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဖို့ ပြင်ဆင်တဲ့အနေနဲ့ ကျေးရွာတွေထဲကို တဖက်သတ်လက်နက်ကြီး ရမ်းသမ်းပစ် ခတ်နေတာဖြစ်တယ်လို့ KNDF တပ်ရင်း (၃)က ဆိုပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း သတိထားသွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ မတ်လ တစ်လအတွင်း ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၁၄ ဦးရှိ နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိသလို သေဆုံးသူ ၅ ဦး ရှိခဲ့ပါတယ်။ အရပ်သား ၃ ဦးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ https://www.kantarawaddytimes.org/%e1%8 0%99%e1%80%ad %e1%80%af%e1%80%b8%e1%80%97%e1%80

၁၇။      တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တလအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၆၅၀ ခန့်သေဆုံး

April 4, 2023

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတွေမှာ ထိတွေ့ တိုက်ပွဲပေါင်း ၄၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၄၉ ယောက် သေဆုံးပြီး ၇၅၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဆိုပါ တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ပူးပေါင်း ဆင်နွှဲခဲ့တာ ဖြစ်ကာ တိုက်ပွဲတွေအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃၃ ယောက် ကျဆုံးခဲ့ပြီး ၉၇ ယောက် ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေထဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှု ၂၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၃ ကြိမ်၊ ရန်သူ့လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၁၆၂ ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၄၆  ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဆီကနေ ဖေဖော်ဝါရီလထဲမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်း သား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နိုင်ငံအနှံ့ အပြားရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေအတွက် လက်နက်တပ်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/archives/586725

၁၈။      မြိတ်-ဘုတ်ပြင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထားမယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)က အရေးပေါ်သတိပေးချက်ထုတ်ပြန်

April 3, 2023

မြိတ်-ဘုတ်ပြင်းသလမ်းပိုင်းကို ဒီကနေ့ကစပြီးဖြတ်သန်းခွင့်တားမြစ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂)က အရေးပေါ်သတင်းထုတ်ပြန်ပါတယ်။ မြိတ်နဲ့ ဘုတ်ပြင်းမြို့နယ်ကြားက တနင်္သာရီမြို့နယ်မှာ စစ်ရေး တင်းမာနေတဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။ တနင်္သာရီမြို့နယ်အတွင်းက ကားလမ်းမကြီးတလျှောက်မှာ အချိန် မရွေး တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တဲ့နေရာကတော့ မြိတ်မြို့ နယ် ကြေးနန်းတိုင် တံတားကစပြီး ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိဖြစ်ပါတယ်။ ဒါ့အပြင် ထုံခါ- မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းကိုလည်း သွားလာခွင့်ဆက်လက်ပိတ်ထားမယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အခုလိုအခြေအနေမှာ ခရီးသွားပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေထုတ်ထားတဲ့ထုတ်ပြန်ချက်တွေကို အသေအချာ လိုက်နာပေးကြဖို့ပြောချင်ပါတယ်။ မလိုက်နာလို့ရှိရင် မနေ့ကလို၊ မလိုလားအပ်တဲ့ ထိခိုက်မှုမျိုးတွေထပ်ဖြစ်မှာပါ။ ကျနော်တို့ ကလည်းတိုက်တာက တိုက်ရမှာ​​ဖြစ်လို့ပါ” လို့မြိတ်ခရိုင်တပ်ရင်း (၂)ရဲ့ ပြန်ကြားရေးတာဝန်ရှိ​သူကပြောပါတယ်။ မြိတ် – ကော့သောင်း ကားလမ်းမှာ ညဘက်ဖြတ်သန်းတဲ့ မြတ်မန္တာလာထွန်း ခရီးသည်ယာဉ် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ နှစ်ရက်ကျော်ကပဲဖြစ်ပွါးထားတာပါ။  ဒါကြောင့် အများပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ အရေးပေါ်သတိပေးချက် ထုတ်ပြန် ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေက ပြန်လည်မရုတ်သိမ်း ခင်အချိန်အထိ အခုကြေညာချက်အတည်ဖြစ်တယ်လို့ဆိုပါတယ်။ https://www.facebook.com/photo/?fbid=248522594 232164&set=a.196212682796489

၁၉။      UWSA တပ်ဖွဲ့ မိုင်းယော်တိုက်နယ်သို့ အလုံးအရင်း ဝင်ရောက်လာ

April 4, 2023

သျှမ်းပြည် လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ( UWSA ) တပ်ဖွဲ့ အင်အား ၃၀၀ ခန့် ဝင်ရောက် လာကြောင်းသိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် အင်အား ၃၀၀ နီးပါးရှိသည့် UWSA စစ် ကြောင်းတစ်ခုသည် သံလွင်မြစ်အရှေ့ဘက်မှ သံလွင်မြစ်အနောက်ဘက်ခြမ်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်အတွင်းသို့ ဝင် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “ဝ”တပ်ဖွဲ့က သံလွင်မြစ်အရှေ့ပိုင်းကနေ တန့်ယန်းဘက် နောင်လျန်၊ နောင်ဖာဘက်ကို ကျော်ပြီးတော့ အခု ဒီ မိုင်းယော်ဘက်ကိုရောက်လာတယ်။ ”ဝ” တွေ နောင်လျန် နောင်ဖာဘက် မရောက်ခင် အဲ့ဘက်က MNDAA တပ် တချို့ကလည်း မိုင်းယော်ဘက်ကို ဆုတ်ခွာလာတာ တွေ့ရတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ “ဝ” တပ်ဖွဲ့ ဝင်ရောက်လာမှုကြောင့် တန့်ယန်းမြို့နယ် နှင့် မိုင်းယော် တိုက်နယ်အတွင်း လှုပ်ရှားနေကြ သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် မတော် (MNDAA) တို့ တပ်ဆုတ်ခွာရကြောင်းလည်း သတင်းသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်း ပြောသည်။ “ဒီကိစ္စကို ကျနော် မသိရသေးဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်က အမြင်သဘောထားက ဘယ်လိုရှိလဲဆိုတာကို အထက်ကို ကျနော် မေးကြည့်ရအုံးမယ်” ဟု ဦးညီရမ်းက ပြောသည်။ လက်ရှိတွင် မိုင်းယော်တိုက်နယ်အတွင်း လှုပ်ရှားနေသည့် MNDAA တပ်အမှတ် ၆၁၁ နှင့်၊ TNLA တပ်တချို့က ဆုတ်ခွာရသော်လည်း လက်ရှိတွင် အဆိုပါ ဒေသအတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အချို့ ကျန်ရှိနေကြောင်းလည်း ဒေသခံများကပြောသည်။ ယင်းကဲ့သို့ UWSA “ဝ” တပ်ဖွဲ့မှ သံလွင်မြစ် အနောက်ဘက်ခြမ်း သို့ ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး နယ်မြေ ချဲ့ထွင်ခြင်း မဟုတ်နိုင်ကြောင်း နှင့် မဟာမိတ် တပ်ဖွဲ့ဝင် အချင်းချင်း သဘောတူ ညီချက်ရှိနိုင်ကြောင်း သျှမ်းပြည်နိုင်ငံရေးအကြောင်း လေ့လာသူ ဦးရဲထွန်း (သီပေါ) ကပြောဆိုသုံးသပ်ထားသည်။ “ဒါကို နယ် မြေချဲ့ထွင်လာတယ်လို့မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူတို့နယ်မြေခွဲထွက်ရေးတောင်းတဲ့အထဲမှာ ဒီသံလွင်မြစ်အနောက် ဘက်ခြမ်းက မပါခဲ့ဘူးလေ၊ သူတို့မဟာမိတ်တပ်ဖွဲ့ဝင်အချင်းချင်း သဘောတူညီချက်တစ်ခုရှိမယ်လို့ပဲထင်ပါတယ်”ဟု ဦးရဲထွန်း က  ပြောသည်။ UWSA တပ်ဖွဲ့ သည် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ ဝင်လည်း ဖြစ်သည်။ https://burmese.shannews.org/archives/33943

၂၀။       ကော့ကရိတ်၊ လှိုင်ဝရွာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

April 4, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ ပြည်သူ့စစ်တစ်ဦး ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။ အဆိုပါ ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်အရွယ် သားငယ် ဆိုသူဖြစ်ပြီး ညာဘက် လက်မောင်းကျိုး၊ နံရိုးကြားထိခိုက်ဒဏ်ရာဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် အသက်သေဆုံးသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံ တစ်ဦးက ပြောသည်။ ၎င်းက “ပစ်ခံရတဲ့သူက ပြည်သူ့စစ် လို့ ပြောကြတယ်။ ကိုသားငယ်လို့ သိရတယ်။ သွေးတွေနဲ့ ဆိုတော့သိပ်လည်း ကြည့်မရဲဘူး။ သူတို့အခန်းထဲဝင်တဲ့အချိန်‌တော့ နည်းနည်း စပ်စုလိုက်တယ်။ ဆေးရုံရောက်မှ သေတာ”ဟု ပြောသည်။

ပစ်သတ်ခံရသူ ကိုသားငယ် သည် ရပ်ကွက်အကျိုးဆောင်၊ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် လူသိများသည်ဟုလည်း အခြားကော့ကရိတ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။ “သူက ရွာမှာ ရပ်ကွက်အကျိုးဆောင်၊ တက်ကြွလှုပ်ရှားသူလို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးလည်း ပြောတယ်။ ပြည်သူ့ စစ်ဟုတ်မဟုတ်တော့ ကျနော်လည်း သေချာမသိဘူး”ဟု ၎င်း‌ကော့ကရိတ် မြို့ခံက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီတစ် လျှောက်တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားခဲ့ပြီးနောက် ယခုအချိန်ထိ စစ်ကောင်စီတပ်မှ နေ့ရောညပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်‌နေသဖြင့် မြို့တွင်းတွင် ပြည်သူများ သွားလာမှုမရှိသလောက်နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ https://kicnews.org/2023/04/%e1 %80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1% 80%9b%e1

၂၁။       PDF နှင့် တပ်မတော်တို့ ပဋိပက္ခအကြား RCSS ဝင်ရှုပ်မည်မဟုတ် ကြောင်းထုတ်ပြန်လာ

April 3, 2023

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် တပ်မတော်တို့ ပဋိပက္ခအကြား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ၊ သျှမ်းပြည်တပ်မတော် (RCSS)မှ ဝင်ရှုပ်မည်မဟုတ်ကြောင်း (ဧပြီ ၃)ရက် တွင် Tai Freedom မှ ရေးသားထုတ်ပြန်လာသည်။ 1009 INFANTRY (IPDF)မှ ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်အတိုင်း စီးပွားရေး အပေးအယူလုပ်၍ တပ်မတော်က RCSS/SSA တပ်ဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလဟာလသတင်းသာဖြစ် ကြောင်း Tai Freedom တွင်ရေးသားထားသည်။ ၁၀၀၉ တပ်ရင်း (အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ IPDF)မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ IPDF နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားဖော်ပြထားပြီး စီပွားရေးအပေးအယူ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်းသို့ ဆွဲသွင်းလာသည့် သတင်းများကို ကြားလာခဲ့ရသည်ဟုလည်း ရေးသားဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်းပြည်တောင်ပိုင်းတွင် ဖြစ်ပွား သည့် PDF နှင့် တပ်မတော် တိုက်ပွဲများတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိသည့်အပြင် ဒေသခံပြည်သူများကို ရိုက်နှက် ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်‌သောလုပ်ရပ်များကိုလည်း RCSS/SSA မှ ကန့်ကွက်ရှုံ့ချပါသည်။ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ကောလဟာလသတင်းများကဲ့သို့ စီးပွားရေး အခွင့် အရေးများကြောင့် NCA လက်မှတ်ရေးထိုးရခြင်းမဟုတ်ကြောင်း RCSS/SSA အပေါ် ပြည်သူ လူထုများ အထင်အမြင်လွှဲမှားစေ မည့် လုပ်ကြံသတင်းများ သာဖြစ်ကြောင်းလည်း Tai Freedomတွင် ရေးသားဖော်ပြထားသည်။ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်း ဖြင့် ဖြေရှင်းနိုင်မည်ဟု လက်စွဲယုံကြည်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားထားသည်။ RCSS သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။ https://burmese.shan news.org/archives/33932

၂၂။       ချင်းပြည်နယ် မြို့နယ်သုံးခု ဖုန်းလိုင်းဖြတ်တောက်မှု လေးလကျော် ကြာမြင့်လာ

April 3, 2023

ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီက မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ အခုဆိုရင် အချိန်လေးလကျော်ရှိလာနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီမြို့နယ်တွေမှာ အမ်ပီတီ၊ အူရီဒူး၊ အက်တမ်၊ မိုင်တဲလ် စတဲ့ ဆက်သွယ်ရေး အော်ပရေတာ လေးခုလုံး ဖြတ်တောက်ခံထားရတာပါ။ မတူပီမြို့မှာတော့ ကြိုးဖုန်းလိုင်း တွေကိုပဲ ခွင့်ပြုထားခဲ့ပြီး ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းလောက်ကစလို့ ကြိုးဖုန်းလိုင်းတွေကိုပါ ထပ်မံပိတ်ပင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ဖုန်းသုံးဖို့လိုတဲ့အခါ နှစ်ရက်ခရီးရှိတဲ့ အိန္ဒိယနယ်စပ်နဲ့ မကွေးတိုင်းအစပ်ဒေသ တွေကို သွားရောက်ပြီး အသုံးပြုကြရတာပါ။ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အရင်က ဖုန်းလိုင်းတွေဟာ မိလိုက်၊ မမိလိုက်ဖြစ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ လုံးဝပြတ်တောက် သွားတာလို့ လုံခြုံရေးအရ အမည်  မဖော်လိုသူ မတူပီ မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ “ဖုန်းလိုင်းပြတ်တာတော့ တော်တော်လေးကြာပြီ။ ၂၀၂၂  ဒီဇင်ဘာကတည်းက ဖုန်းလိုင်းက စပြတ်နေပြီ။ အရင်က ပြန်ပေါ်လိုက် ပြန်ပြတ်လိုက်နဲ့။ အတိအကျတော့ ပြောလို့မရဘူး။ ခဏပြတ်တယ်၊ ပြန်ပေါ်တယ်။ နောက်ပိုင်းမှ လုံးဝပြတ်သွားတာ။ အဲဒါကြောင့်မိုလို့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်းက လုံးဝပြတ်ပြီလို့ ပြောလို့ရတယ်။ ဖုန်းလိုင်းက အဲကတည်းက လုံးဝမရှိတော့တာ” ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲပြီး ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့ မြို့နယ် ရှစ်ခုကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့ကစပြီး မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့ပါ။ အဲဒီနောက် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်သုံးခုကို ဖုန်းလိုင်းတွေပါ ဆက်လက်ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ သာရေး၊ နာရေး ကိစ္စတွေကအစ တစ်နေရာနဲ့ တစ်နေရာကို လူကိုယ်တိုင်သွားပြီး အကြောင်း ကြားမှ သိရှိနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် ကပြောပါ တယ်။ “ကျနော်တို့က ဟိုဘက်ရွာနဲ့ ဒီဘက်ရွာတောင်မှ နေမကောင်းကြဘူးလား၊ ဘာဖြစ်သလဲ၊ မတော်တဆဖြစ်သလား၊ ဘာအကူအညီလိုအပ်သလဲ စသဖြင့်ပေါ့နော်။ မမေးမြန်းနိုင်၊ မသိနိုင်ကြဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာလေးတောင် သိဖို့ခက်ခဲတယ် ဆိုရင် တစ်မြို့နယ်လုံး အနေနဲ့ဆိုရင် အများကြီး ခက်ခဲတာပေါ့။ ဟိုဘက်ရွာလူတွေ ဘာဖြစ်နေလဲ အခြေ အနေသိချင်ရင် လူကိုယ် တိုင်ပဲ ခြေလျင်နဲ့ သွားရောက်မှပဲ သိရမယ့်ပုံစံ ဖြစ်နေတာပေါ့” ဆက်သွယ်ရေးကို အလုံးစုံဖြတ်တောက်ခံထားရတာ ကြောင့် ဒေသခံတွေအတွက် သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးသွားသလို ကိုယ့်ဒေသအနီးအနားမှာ ဖြစ်ပျက်တဲ့အကြောင်းတွေ ကိုတောင် ရက် အတော်ကြာမှ သိရှိနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ ပလက်ဝ၊ ထန်တလန် စတဲ့မြို့နယ်တွေမှာလည်း ဖုန်းလိုင်းပျောက်တာတွေ မကြာခဏဖြစ်နေတာအပြင် ဖုန်းဆက်သွယ်ပြောဆိုတဲ့ အခါလည်းကြည် လင်ပြတ်သားမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ https:// www.rfa.org/burmese/program_2/mobile-line-cut out-chin-04032023042859.html

၂၃။       စစ်ကောင်စီတပ်က လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားသဖြင့် ဘီးလင်းဒေသခံများ စိုးရိမ် ထိတ်လန့်နေရ

April 3, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးကြီး၊ အလူးလေး၊ ဝင်းပြန်အစရှိသည့် ကျေးရွာ များတွင် ပြီးခဲ့သည့် မတ်လ(၃၁)ရက်နေ့က စစ်ကောင်စီတပ်များ လက်နက်ကြီးများတပ်ဆင်ကာ ဝင်ရောက်တပ်စွဲထားသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က စစ်ကား(၂၃)စီးဖြင့် ကျိုက်ထို ဘက်မှဆင်းလာစဥ် အလူးကျေးရွာအနီးအရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အင်အားထပ်မံဖြည့် တင်းကာ အဆိုပါကျေးရွာများတွင် ထိုကဲ့သို့ လက်နက် ကြီးများတပ်ဆင်ပြီး တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ ထိုသို့ စစ်ကောင်စီတပ် များ ကျေးရွာများတွင်အထိုင်မချခင် အလုံတောင်သီလရှင်ကျောင်း၌ တပ်စွဲ၍လက်နက်ကြီးထားရှိရန် စီစဥ်သော်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းရအဆင်မပြေသဖြင့် အဆိုပါ ကျေးရွာများသို့ ပြောင်းလဲအထိုင်ချကာ ညောင်ထောက်၊ ဖိုးဝသိမ်၊ ကျောက်လုံးကြီး၊ ကရ ဝေးဆိပ်၊ ငှက်ပျောတော၊ ရှမ်းစုနှင့် သရက်ကုန်းရွာများဘက်သို့ လက်နက်ကြီးများကို ဦးတည် ထား ရှိသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေရကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်တွင် ကုန်ဈေးနှုန်းတက်သည့်အချိန်ဖြစ်၍ နေ့ဘက်တွင် စားဝတ်နေရေးအတွက် ကောင်းစွာအလုပ်လုပ်ကိုင် နိုင်ခြင်းမရှိ၊ ညဘက်တွင်လည်း လက်နက်ကြီးရန်ကြောက်လန့်သဖြင့် အိပ်ကောင်းခြင်းမအိပ်ရသည့်အခါ ဒေသခံများ၏ လူနေမှု ဘဝရပ်တည်ရေးကို များစွာထိခိုက် လာကြောင်းလည်း အဆိုပါဘီးလင်းဒေသခံက ဆက်ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ် သည်ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းများခံရလျှင် ဒေသခံများ၏ ရာဘာ ခြံများ၊ ဝါးခြံများအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများရှိလာသည့်အတွက် ၎င်းလုပ်ငန်းများဖြင့် အသက်မွေးရသည့် ဒေသခံ များအနေဖြင့် ဆုံးရှုံးမှုများစွာ တွေ့ကြုံခံစားရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဒေသခံက “ဝါးပင်တစ်ပင်ရဖို့ ဆိုတာလည်း အနည်းဆုံးနှစ်နှစ် သုံးနှစ်ထိစောင့်ရတယ်။ သူတို့ တွေက ဒီလိုတွေလုပ်လိုက်တော့ စိတ်ထဲမကျေနပ်ဘူးဆိုရင် တောင် ဘာမှပြန်ပြောပိုင်ခွင့်မရှိတဲ့ အနေအထားတွေပေါ့။ ဒီအချိန်ကာလမှာ တောင်ထန်းခုတ်လို့ငွေပေါ်ရင် စားဝတ်နေရေး ဖြေရှင်းနိုင် မယ်လေ အခုအလုပ်ကောင်းကောင်းမလုပ်ရတော့ အဆင်မပြေဘူးလေ။” ဟု ပြောသည်။ https://kicnews.org/ 2023/04/%e1%80%85%e1%80%85%e1%80%ba%e1%80 %80%e1%80%b1%e1%80%ac%e1

၂၄။       မူတြော်ခရိုင်၌ တလအတွင်း တိုက်ပွဲ ၁၉၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်ခွဲမှူး အပါအဝင် ၉၀ ကျော်သေ

April 4, 2023

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေမှာ ၂၀၂၃ ခု မတ်လ တလတာအတွင်း တိုက်ပွဲပေါင်း ၁၉၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးတဦးအပါအဝင် ၉၀ ကျော် သေဆုံးသွားခဲ့ကြောင်း ကေအန်ယူမူတြော်ခရိုင်က ထုတ်ပြန်ပါ တယ်။ KNLA-အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီအပါအဝင် သူတို့ရဲ့ခါးပိုက်ဆောင် BGF (နယ်ခြားစောင့်တပ်)အကြား ထိတွေ့တိုက်ပွဲပေါင်း ၁၉၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၉၂ ဦး သေဆုံးပြီး  ၄၅ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြပါတယ်။ သေဆုံးသွားတဲ့အထဲမှာ တပ်ခွဲမှူးအဆင့်ရှိသူတဦးပါဝင်သလို တပ်ကြပ်ကြီး ၂ ဦးလည်း ပါဝင်ပြီး သူတို့ရဲ့ စစ်သုံးမော်တော်ယာဉ် ၃  စီးနဲ့ ဆိုင်ကယ်တစီးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဖော်ပြပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း ၄ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါ တယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီး ၁၄၂ လုံးပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက် သေဆုံးခဲ့ရပြီး ၅ ဦး ဒဏ်ရာရ ရှိသွားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ ဧပြီ ၁ ရက် ညကလည်း မထောအခြေစိုက် စစ်ကောင်စီ တပ်စခန်းကနေပြီး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖွေးထော်ရူရွာအတွင်းသို့ အမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၇၂ အရွယ်အဘွားအို နော်မဆွေသန်း ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ရွာသား ၄ ဦးလည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကရင်ပြည် နယ်၊ ဖာပွန်ခရိုင် ကေအန်ယူတပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းပေါ်ရှိ မယ်ခါးထာ့စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)က မတ်လ ၂၈ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းခဲ့ပါတယ်။ https://burmese.dvb.no/ archives/586698

၂၅။       စစ်ခေါင်းဆောင်များပါမှ ဆိုသော နိုင်ငံတကာ၏ တွေးထင်မှုမျိုးသည် မြန်မာ့ အနာဂတ်အတွက် အလွန်ရင်လေးစရာ ကောင်းသည်ဟု NUG ဆို

April 3, 2023

ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော အာဏာသိမ်း စစ်ခေါင်းဆောင်များပါမှ မြန်မာ့အနာဂတ်က ဆက်သွား၍ရမည် ဆိုသော နိုင်ငံတကာ၏ တွေးထင်မှုမျိုးသည် အလွန်ရင်လေးစရာကောင်းပြီး မြန်မာြပည်သူလူထု၏ သဘောထားဆန္ဒနှင့်လည်း လုံးဝကိုက်ညီမှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကပြော သည်။ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်သည့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကမ္ဘာ့ဒီမိုကရေစီအင်အားကြီး တိုင်း ပြည်များဖြစ်သော ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန် စသည့်နိုင်ငံများက စိုးရိမ်ရှုတ်ချခဲ့ပြီး အားလုံးပါဝင် သော မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်ရန်တိုက်တွန်းခဲ့သည်။ “အားလုံးပါဝင်တဲ့ ကိစ္စကို ပြောချင်တာက မြန်မာနိုင်ငံမှာ ဒီလိုမျိုး အာဏာသိမ်းမှုတွေထပ်ဖြစ်လာပြီး အခုလိုမျိုး စစ်တပ်က မတရားလက်နက်အားကိုးပြီး အနိုင်ကျင့်တဲ့ ဖြစ်ရပ်တွေကို ဒီအချိန်မှာ အဆုံး သတ်ဖို့ ပြည်သူလူထုတရပ်လုံးက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ခိုင်မာတဲ့၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချထားမှုကိုတော့ နိုင်ငံတကာကသိမြင်ဖို့လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ရာဇဝတ်မှုများစွာကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင် တွေပါမှ မြန်မာ့အနာဂတ်က ဆက်သွားလို့ရမယ်ဆိုတဲ့ တွေးထင်မှုမျိုးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တော်တော်လေး ရင်လေးစရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့လည်း လုံးဝကိုက်ညီမှု မရှိဘူးဆိုတာ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စရပ်များကိုရပ်တန့်စေချင်သည်၊  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကို အမှန်တကယ် ကာကွယ်ပေးချင်သည်ဆိုလျှင် နိုင်ငံတကာအနေဖြင့် တိုက်တွန်းခြင်း၊ စိုးရိမ်ခြင်းတို့ ထက်ပိုသော ဆောင်ရွက်ချက်များကို ထိထိမိမိလုပ်ကိုင်နိုင်ရန် လိုအပ်သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။ “ကုလသမဂ္ဂကလည်း ဒါတွေဟာ ဒီမိုကရေစီ ချုပ်ငြိမ်းသွားတဲ့ အနေအထားအောက်မှာ သူ့အနေနဲ့ သဘောထားဖော်ပြဖို့ လိုအပ်လို့အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သင့် တယ်လို့ ပြောတာပါ။ တကယ်တမ်း လက်တွေ့က မဖြစ်နိုင်ပါဘူး။ စစ်ကောင်စီက သူတို့ရဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရအောင်နဲ့ အဲဒီကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ရေးကို ဦးတည်ပြီးစီစဉ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက် ဘယ်လိုမှ အားလုံးပါဝင်တာလည်း မဖြစ်နိုင်ဘူး၊ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူးလို့ ကျွန်တော်က တော့ သုံးသပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင် စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည့် ပြည်သူ့ တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူးကြေညာစာတမ်းတွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင် ပတ်သက်မှု လုံးဝကင်းရှင်းပြီး နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်ကိုသာ ထမ်းရွက်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှုကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စား ပြုပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” ကို တည်ထောင်ရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်ဟု ဖော်ပြထား သည်။ https://www.faceboo k.com/ayeyarwaddytimes/photos/a.509189952572344/2447910068700313/

၂၆။       Crobra တပ်ပေါင်းစု  စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်

April 4, 2023

ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းလုပ်ရှားနေသည့် ကော်ဘရာစစ်ကြောင်းသည် သင်္ကန်းညီ နောင်မှ မြဝတီသို့တက်လာသော စစ်ကောင်စီစစ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ မြဝတီဘက်သို့တက်လာသည့် စစ်ကောင်စီ စစ်သုံး ၆ ဘီးကားအသေး ဖောကား၄ စီးအား ယမန်နေ့ နေ့လည် ၃ နာရီဝန်းကျင်က ကြားဖြတ် တိုက်ခဲ့ခြင်းဖြစ် သည်။ Cobra တပ်ပေါင်းစုမှ ကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိပြီး အသေးစိတ်ကို မသိရှိရသေးဟု ကော်ဘရာတပ်ခွဲ ၄၊ တပ်စု ၂ ၏ တပ်စုမှူးက ပြောသည်။ ” ကားတစ်စီးမှာ လူအင်အား ၂၀ လောက်တော့ပါတယ်၊ ကြားဖြတ် တိုက်နေချိန်မှာ သူတို့ (စစ်ကောင်စီ)ဘက်က ထိခိုက်သေဆုံးမှုရှိတယ် “ဟု ၎င်းက ပြောသည်။

ပြည်သူများ လတ်တလော ရွှေ့ပြောင်းနေထိုင်ရေး အဆင်ပြေမည်ဆိုပါက ကြားဖြတ်တိုက်မှုများ အရှိန်မြင့် လုပ်ဆောင် လာဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ မတ်လ ၂၅ ရက်နံနက်အစောပိုင်းမှစတင်ကာ တပ်မဟာ ၆ နယ်မြေတွင် ကျားသစ်နက်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းများနှင့် ဒရုန်းတပ်ဖွဲ့များဖြစ်သည့် Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့ များနှင့်  စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ မတ်လ ၂၅ ရက်နေ့မှ  ဧပြီလ ၄ ရက်နေ့အထိ စစ်ရေးအခြေအနေ တင်းမာလျှက်ရှိပြီး ကော်ဘရာပူးပေါင်းတပ်များအနေဖြင့် စစ်ကောင်စီထိန်းချုပ် ကုန်သွယ်ရေးဇုန်အပါအဝင် ညီနောင်ရဲစခန်းနှင့် မဲကနယ် ဗိုလ်မုတ်သုံစခန်းကိုမီးရှို့ကာ လက်နက်ခဲယမ်းနှင့်အတူ စစ်သုံ့ပန်း ၉ ဦးဖမ်းဆီးခဲ့သည်။ https:// www.facebook.com/thanlwinkhetnews/photos/a.2135917324 06733/1696631277436097/

၂၇။       ကျောက်စိမ်းလုပ်ကွက်မှ အလုပ်သမားများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

April 4, 2023

ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ဘက်ဟိုးမောင်းနှင်သူများကို ယမန်နေ့ မွန်းလွှဲ ၂ နာရီ ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်းသိရသည်။ ဖားကန့်မြို့မှော်စီစာကျေးရွာအနီးရှိ စိန်စိန် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှ ကျောက်စိမ်းတူးဖော်နေသည့် ဘက်ဖိုး (၁၉) စီးနှင့်အတူ  ရေမဆေးသမားများကို  ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးက ပြောသည်။ “ရုတ်တရက်ကြီး လာဖမ်းသွားတာ ဘက်ဟိုးသမားတွေက အလုပ်လုပ်နေတုန်း ဖမ်းခံလိုက်ရတာ မောင်းတဲ့သူတွေ ပါသွားတယ်။ ရေမဆေးသမား‌ရော အလုပ်သမား ရော” ဟုပြောသည်။ ဖမ်းဆီးခံခဲ့ရသူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာသို့ခေါ်ဆောင်သွား သည်ကို မသိရှိရသေးကြောင်း အခြားရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။ “အခုထိဘာအဆက်သွယ်မှ မရသေး ဘူး။ ဘယ်မှာထားလို့ ထားမှန်းလည်း မသိဘူး။ အခုနားထားကြပြီး ကုမ္ပဏီတွေအကုန်လုံး၊ ဘတ်ဟိုးတွေ ကားတွေကောအကုန် သိမ်းနေကြပြီ” ဟုသူကပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။ မော်မောင်လယန်‌ ကျေးရွာ၊ မန‌ကျေးရွာနှင့် ဆိုင်းဂျာဘွမ်းကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များကို ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ဖမ်းဆီး‌နေခြင်းမှာ ဝင်ငွေရှာဖွေ‌နေခြင်းသာဖြစ်ပြီး သိမ်းဆည်းခံရသော စက်ပစ္စည်းများ ကိုလည်း ငွေကြေးဖြင့်သာရွေးယူခိုင်းနေကြောင်း မှော်စီစာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။ “သူတို့သတ်မှတ်ထားတဲ့ အချိန်ထက်ပိုရင်ဖမ်းမယ်။ ပြီးရင်ဘယ်လောက်၊ ဘယ်လောက်နဲ့လာရွေးပါဆိုပြီး အကြောင်းပြန်မယ်။ ဟိုတစ်ခါဖမ်းမိတဲ့ဟာတွေ တုန်းကလည်း ဘတ်ဖိုးတစ်စီးကို သိန်း (၃၀၀) ပေးလိုက်ရတယ်” ဟုသူကပြောသည်။ https://www.facebook.com/The74M edia/photos/a.116371983215665/774149160771274/

၂၈။       စစ်တွေတွင် အမျိုးသမီးများကာယိန္ဒြေထိခိုက်စေသည့် နှောင့်ယှက်စော်ကားခံရမှု မကြာခဏ ကြုံနေရဟုဆို

April 4, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးများအနေဖြင့် ကာယိန္ဒြေ ထိခိုက်စေသည့် စော်ကား နှောင့်ယှက်မှုများကို မကြာခဏ ကြုံနေကြရသဖြင့် ဝိုင်းဝန်းကာကွယ်ရန်လိုအပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများနှင့် လူမှုရေးလှုပ်ရှားသူများ က ပြောသည်။ အထူးသဖြင့် စစ်တွေမြို့ရှိ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် စစ်တွေ ရှုခင်းသာ ကမ်းနားလမ်း တစ်လျှောက်တွင် ထိုမဖွယ်မရာ နှောင့်ယှက်စော်ကားမှုများကို နေ့ညမရွေး ကြုံတွေ့နေရကြသည်ဟု ဆိုကြသည်။ ဧပြီလ ၂ ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသမီးငယ် ၃ ဦးမှာ အများပြည်သူ အပန်းဖြေကြသည့် ရှုခင်းသာ ကမ်းနားလမ်းရှိ ခုံတန်းများရှိရာတွင် ထိုင်နေကြစဉ် သူတို့အနီးသို့ အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးလာရောက်ပြီး တမင်တကာကြံစည် ၍ သူ့ကိုယ်သူ တစ်ကိုယ်ရည်အာသာဖြေ (masturbate ) နေသည်ကိုပြသခဲ့သည်ဟု ယင်းထဲမှ အမျိုးသမီးငယ်တစ်ဦးကဆို သည်။ “အဲဒီနေ့က Public holiday လည်းဖြစ်တယ်ပေါ့နော်။ ကျမတို့က ပွဲသွားရင်း လမ်းလည်းကြုံ၊ ပိတ်ရက်လည်းဖြစ်တော့ သူငယ်ချင်းတွေနဲ့ ကမ်းနားလမ်း တံတားပျက်ကလေးအနီး ထိုင်ခုံမှာ ခဏလေး ထိုင်နေကြတယ်။ ထိုင်မယ်ဆိုကတည်းက အရင် ကလည်း အခုလိုမျိုး အတွေ့အကြုံရှိတော့ အတွဲတစ်တွဲနဲ့ တစ်ခုံခြားနေရာမှာ ထိုင်ကြတယ်။ ခဏလေးပဲ ထိုင်ရသေးတယ်။ အနီး နားကို အသက် (၂၅)နှစ်အရွယ် Mask တပ်ပြီး ဦးထုပ်လည်းဆောင်းထားတဲ့ လူငယ်တစ်ဦးက ရောက်လာတယ်။ ပထမတော့ အပေါ့သွားတယ်ထင်လိုက်တာ။ ဒါပေမဲ့ သူက ထိုင်ပြီးတော့ မဖွယ်မရာ လုပ်ပြတယ်။ ပီးရင် masturbate လုပ်လာတယ်။ ခဏနေတော့ အဲဒီထက် ဆိုးတာတွေ လုပ်ပြလာတယ်” ဟု ဆိုသည်။

ယင်းနောက် ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် အမျိုးသားနှစ်ဦးအား အကူအညီ လှမ်းတောင်ရာတွင်လည်း စနောက်ခံရခဲ့ သေးသည်ဟု ၎င်းက ဆိုသည်။  “ပထမကတော့ ပုံတွေ ဘာတွေ ယူဖို့ စဉ်းစားလိုက်သေးတယ်။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ လိုက်တိုက်ဖို့ ကြောက်တာကြောင့် မယူခဲ့ရပါဘူး”   ဆိုသည်။ ယခုကဲ့သို့ ဖြစ်စဉ်မျိုး စစ်တွေ ကမ်းနားလမ်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကလည်း အမျိုးသမီးငယ်နှစ်ဦး ကြုံတွေ့ခဲ့ရသေးသည်ဟု သိရသည်။ ယခုကဲ့သို့ အမျိုးသမီးများအား စော်ကား နှောင့်ယှက်မှု များမှာ နေ့စဉ် ကြုံတွေ့နေရခြင်းဖြစ်ကာ အသိပညာပေးမှုများကို ယခုထက် ပိုမိုလုပ်ဆောင်သင့်သည်ဟု စစ်တွေမြို့ခံ လူငယ် တစ်ဦးက ပြောသည်။ “ကျနော်တို့လည်း အဲဒီလို ဖြစ်စဉ်မျိုးတွေ မကြာခဏ တွေ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ သူတို့ကို ဒီလိုလုပ်လို့မ ရဘူး၊ ဘာညာသွားပြောရင် ကျနော်တို့နဲ့ ပြဿနာဖြစ်သွားမှာပဲရှိမယ်။ သူတို့က လက်ခံမှာ မဟုတ်ဘူး။ အဲဒါကြောင့် ပြဿနာမ ဖြစ်ချင်ရင် သူတို့ကို အတွေးအခေါ်တွေ မြင့်လာအောင် လုပ်ရမှာတွေရှိတယ်။ အသိပညာပေးတွေ လုပ်ရမယ်။ လူတစ်ဘက်သား ကို ဘယ်လို အပြန်အလှန် လေးစားမှုရှိရမလဲဆိုတာတွေကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ဒါက ခေတ်ပညာ မတိုးတက်တာနဲ့ လည်း ဆိုင်မယ်ထင်ပါတယ်”ဟု ဆိုသည်။ တစ်ဘက်တွင်လည်း ယခုကဲ့သို့ ကာယိန္ဒြေထိခိုက်စေသည့် နှောင့်ယှက် စော်ကားခံ ရမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများက လှုပ်ရှားမှု(campaign)များလုပ်ရာတွင်လည်း တိုက်ခိုက်မှုများ ကို ကြုံကြရသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။ ယခုကဲ့သို့ ကာယိန္ဒြိထိပါးခံရ သည့် အမျိုးသမီးများအနေဖြင့် အရှက်သိက္ခာကြောင့် တရားဥပဒေအတိုင်း လုပ်ဆောင်ရန် တွန့်ဆုတ်မှုများရှိနေကြသည်ဟု လည်း အမျိုးသမီးများက ပြောဆိုကြသည်။  https://burmese.narinjara.com/…/642aac211ca2b916d3b61805

၂၉။       ကွတ်ခိုင်မြို့နယ်မှ လူငယ်တစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေး

April 4, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် ဟိုမောကျေးရွာ အုပ်စုမှ လူငယ် အမျိုးသားတစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေး ကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ဟိုမောကျေးရွာအုပ်စု လွယ်ခွမ်ကျေးရွာတွင် နေထိုင်သည့် ပြည်သူ့စစ် ဟောင်း ဖြစ်ခဲ့ဖူးသော အသက် ၂၀ အရွယ်ရှိ မိုင်းစိုးထွန်း ကို ကွတ်ခိုင်မြို့ပေါ် မှတ်ပုံတင် လုပ်ဆောင်ပြီး အပြန် ရှုခင်းသာ အနီး၌ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သူက ဆိုင်ကယ် နဲ့ သွားတာ၊ သူ့အဖော်ကလည်း နောက်ထပ် ဆိုင်ကယ် တစ်စီးနဲ့ အတူတူသွားတာ၊ ကွတ်ခိုင် ကနေ ပြန်လာပြီး ရှုခင်းသာနားအရောက်မှာ ဖမ်းခံလိုက်ရတာ၊ ကားတစ်စီးနဲ့ လူ ၅/၆ ယောက်လောက်က ဖမ်းပြီး ကားပေါ်တင်သွားတာ၊ ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်” ဟု အမည်မဖော်လိုသူ နီးစပ်သူ တစ်ဦး က ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူသည် မိုင်းစိုးထွန်း ဆိုသူဖြစ်ပြီး ယခင်တွင် မူဆယ်မြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခု၌ ဝင် ရောက်ခဲ့ဖူးသူလည်း ဖြစ်ကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့မှ ထွက်လာသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ် က ပြောဆိုထားသည်။

“သူက ပြည်သူ့စစ်တော့ လုပ်ဖူးပေမယ့် ထွက်လာတာတော့ ကြာပြီ၊ တစ်နှစ်လောက်ရှိပြီ၊ မလုပ်ချင်လို့ ထွက်လာတယ် လို့ သိရတယ်၊ အခုသူ့ကို လာဖမ်းတဲ့ အဖွဲ့က အဲ့ပြည်သူ့စစ်တွေနဲ့ ပတ်သက်နေမလားတော့ မပြောတတ်ဘူး၊ ဒီနေ့ထိ မလွှတ် လာသေးဘူး”ဟု အထက်ပါ နီးစပ်သူ ပုဂ္ဂိုလ်က ဆက်ပြောသည်။ မိုင်းစိုးထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့သည် မည်သူ့ အဖွဲ့အစည်းက ဖြစ်ကြောင်းကိုလည်း မသိရသည့်အတွက် လိုက်လံရှာဖွေရန်လည်း ခက်ခဲကြောင်း ဆွေမျိုး နှင့် နီးစပ်သူက ပြောသည်။ လက်ရှိ မိုင်းစိုးထွန်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်မှာ ၄ ရက်မြောက်ရှိပြီ ဖြစ်သော်လည်း ပြန်မလွှတ်လာ သေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်းသိရသည်။ https://burmese.shannews. org/archives/33953

၃၀။      တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ သံတောင်မြို့နယ်သို့ စစ်ကောင်စီ လေယာဉ်များလာရောက် ထောက်လှမ်းမှုများရှိ

April 3, 2023

တောင်ငူခရိုင်၊ KNU တပ်မဟာ (၂)၏ ထိန်းချုပ်မှုနယ်မြေအတွင်းတွင်ပါရှိသည့် သံတောင်မြို့နယ်အနီးအနားသို့ စစ်ကောင်စီ ၏ လေယာဥ်များနေ့စဥ်လိုလိုပင် လာရောက်လှည့်လည်ထောက်လှမ်းမှုများ ရှိနေသည်ဟု ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA) ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  “လေယာဥ်တွေက နေ့တိုင်းလိုလိုလာတယ်။ ဘာတွေ လာလုပ်ကြလဲတော့ မသိဘူး။ တစ်ရက်ကို ၂ ခေါက် ၃ ခေါက်လောက် လာတယ်။ ကျွန်တော်တို့လည်း သူတို့လာပြီး တစ်ခုခုလုပ် မှာ စိတ်ပူနေရတာပေါ့။ ကျွန်တော်တို့ကို လုပ်တာက အကြောင်းမဟုတ်ဘူး။ ပြည်သူတွေကို လုပ်မှာပဲ စိတ်ပူရတာကြောင့် ဘာမှ တော့ ပြန်မတုံ့ပြန်ဘူး။ ဒါပေမဲ့လည်း သတိဝိရိယနဲ့တော့ အမြဲနေတာပေါ့နော်”ဟု  (KNLA) ၏ တာဝန် ရှိသူတစ်ဦးကပြောပြ သည်။ ထိုကဲ့သို့ စစ်ကောင်စီ၏ လေယာဉ်များ လာရောက်မှုများရှိနေသည့်အတွက် ယင်းဒေသရှိပြည်သူများသည်လည်း စိုးရိမ် နေရပြီး အခက်အခဲကြုံနေရသည်ဟု စုံစမ်းသိရှိရသည်။

“လယောဉ်တွေက နေ့တိုင်းလိုလိုလာတယ်။ သူတို့လာရင် ပုန်းဖို့နေရာ ရှာရတယ်။ အခုလောလောဆယ်တော့ ဘာမှ တော့မလုပ်သေးဘူး။  ဘယ်နေ့ ထလုပ်မလဲတော့မ သိရသေးဘူး။ ရွာထဲမှာရှိတဲ့ တချို့သောသူတွေက မြို့ပေါ်မှာ အိမ်ရှိတော့ ပြန်နေကြတယ်။ ကျွန်တော်တို့က ဘယ်မှသွားစရာမရှိတော့ ဒီမှာပဲနေရတယ်။ အတတ်နိုင်ဆုံးတော့ အကာအကွယ်တွေလုပ် ထားကြပါတယ်။ အိမ်မှာရှိတဲ့ နည်းနည်းတန်ဖိုးရှိတဲ့ အရာတွေကို မြေကြီးအောက်မှာမြှုပ်ထားတာတို့ ဘာတို့ပေါ့နော်။  အခုချိန် ကလည်း နွေရောက်ပြီဆိုတော့ ဝင်ငွေလည်းမရှိ ဝမ်းစာပဲရှာရမလား၊ သူတို့ကို ကြောက်နေရတာနဲ့တင် တော်တော်လေး ဒုက္ခရောက်တယ်ပေါ့နော်”ဟု လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောပြသည်။  လက်ရှိ အခြေ အနေများအတွက် KNLA တပ်စခန်းများ၏  တာဝန်ရှိသူများက စခန်းအတွင်းနှင့် အနီးပတ်ဝန်းကျင်မှ ရွာများရှိ ပြည်သူများများကို နိုးနိုးကြားကြား၊ သတိဝိရိယနှင့် နေကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်းသိရှိရသည်။ https://ww w.facebook.com/mmpressphoto/pho tos/a.874378089269886/9102241269816819/

၃၁။      မန်တုံမြို့ TNLA မှ အမျိုးသမီးများကိုပါ အတင်းအဓမ္မ တပ်သားစုဆောင်းနေ

April 3, 2023

သျှမ်းပြည် မန်တုံမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့သည် အမျိုးသမီးများ ကိုပါ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။ ယခုနှစ် မတ်လ မှစပြီး ယနေ့ ဧပြီလထိ မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ချို့ထဲတွင် TNLA တပ်ဖွဲ့သည် တပ်သားသစ်ကောက်ယူနေပြီး၊ အမျိုးသားမရှိပါက အမျိုးသမီးကို ယူဆောင်သွားကြောင်း သား/သမီး မရှိပါက လူစားထိုးရန် မိဘများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။ အလားတူ ယမန်နေ့ ဧပြီ ၂ ရက်တွင်လည်း မန်တုံကျေးရွာတွင်း TNLA က တပ်သားသစ် စုဆောင်းရာမှ နေအိမ် တွင်း စစ်မှုထမ်းဆောင်မည့်သူ မရှိသည့်အတွက်ကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သမီး နှင့် ပြန်လည် အစားထိုး လာထုတ်ယူခိုင်းကြောင်း ၎င်း မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးက ပြောပြလာသည်။

“ သူတို့ တပ်သားသစ် လာကောက်တာ။ အိမ်မှာ သွားလုပ်မဲ့သူမရှိဘူး။ သူ့ သား/သမီးတွေက တစ်ခြားမြို့တွေမှာ အလုပ်သွားလုပ်တာ။ အဲ့ဒါကို သူ့အဖေကို ဖမ်းခေါ်သွားတာ။ အဖေကို ပြန်လွှတ်လာစေချင်ရင်တော့ အစားထိုး ပြန်သွားရမှာပေါ့။ မနေ့ကပဲ အဲ့အမျိုးသားရဲ့ သမီးက လိုက်သွားတာ။ အခုတော့ သူ့အဖေတော့ ပြန်လွှတ်လာပြီ။ သူ့သမီးက စစ်မှုသွားထမ်းရတာ” ဟု ၎င်းတို့ မိသားစု နှင့် ရင်းနှီးသူက ပြောသည်။ လက်ရှိ စစ်မှု သွားထမ်းဆောင်ရသည့် အမျိုးသမီးသည် ၂၁ နှစ် အရွယ်သာရှိနေ ပြီး မိသားစု စားဝတ်နေရေးအတွက် လောက်ကိုင်မြို့တွင် အလုပ်သွားရောက် လုပ်ကိုင်နေသူဖြစ်သည်။ ၎င်းသည် ယမန်နေ့ ဧပြီ ၂ ရက်တွင် လောက်ကိုင်မြို့မှတစ်ဆင့် လားရှိုးသို့ ကားနှင့်ပြန်လာခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ဌာန ချုပ်ရှိရာ နမ့်ဆန်မြို့သို့ သွားရောက်ပြီး စစ်မှုထမ်းခဲ့ကြောင်း သိရသည်။ ထိုအပြင် TNLA တပ်ဖွဲ့ ခေါ်ယူသွားသည့် အမျိုးသမီး၏ ဖခင်သည် ယခင်က TNLA တပ်ဖွဲ့ ထဲက အမှုထမ်းဟောင်းတစ်ဦးဖြစ် ကြောင်း၊ ထို့အပြင် စစ်မှုထမ်းဆောင်ရန်အတွက် လူမရှိ ပါက ငွေပေး အခွန်ဆောင်သော်လည်း မရဘဲ ရှိတဲ့သူကိုသာ ယူဆောင်သွားကြောင်း သိရသည်။ “ စစ်မှုထမ်းဖို့ လူမရှိရင်လည်း တွေ့တဲ့လူ ရှိတဲ့သူကို ခေါ်သွားတာ။ ပိုက်ဆံပေးပြီး အခွန်ဆောင်မယ်ဆို လည်းမရဘူး။ သူတို့ပိုက်ဆံ မလိုချင်ဘူးတဲ့။ လူလိုချင် တာဆိုပြီးတော့ ခေါ်သွားတာ” ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။ မန်တုံမြို့နယ်အတွင်းရှိ တအာင်းကျေးရွာ ထဲတွင် တစ်အိမ်လျှင် တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းဆောင်ရကြောင်း သိရသည်။ https://burmese.shannews.org/archives/ 33923

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။