• Today is: Wednesday, May 29, 2024

ဗားရ်ကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး (၁၄)ဦး အရှင်ဖမ်းဆီးရမိဟု CNO ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်မြန်မာ (ဧပြီလ – ၁၀)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် (၁၂)မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅း၃၀)အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅)ဦးသေဆုံးပြီး၊ (၁၄)ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

 

ယင်းစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ MA1-(၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA4-(၁)လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀ မမ စိန်ပြောင်း – (၂)ခု၊ ၆၀ မမ ကျည်-(၅၈)ခု၊ အီနာဂါ – (၈)ခု၊ G3 ကျည်ဘောက် – (၃၇) ခု၊ တိုက်မိုင်း -(၁၀)ခု၊ ၄၀ မမ ကျည် -(၃၃)ခု၊ လက်ပစ်ဗုံး – (၁)လုံး၊ ရှေ့ထွက်မိုင်း – (၅၀)၊ နင်းမိုင်း – (၅၀၀)၊ MA ကျည် – (၁,၀၀၀)ကျော် နှင့် G3 ကျည် – (၂,၅၀၀)ကျော် သိမ်းဆည်းခဲ့ကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးပြီး ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာကြောင်း ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါသည်။

တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ဖက်မှလည်း ရဲဘော်တစ်ဦး တိုင်းပြည်နဲ့လူမျိုးအတွက် မွန်မြတ်စွာ အသက်ပေးဆပ်ခဲ့ပါသည်ဟု CNO ရဲ့ ထုတ်ပြချက်မှာ ဖော်ပြထားပါတယ်။