• Today is: Saturday, February 24, 2024

မြေရှားတူးဖော်မှု ရုပ်သိမ်းမယ်လို့ KIO ဥက္ကဌ ပြောဆိုမှုအပေါ် ဆက်လက်စောင့်ကြည်သွားမယ်လို့ ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများက ဆို

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ်- မြန်မာ
၂၀၂၃ခုနှစ်၊ ဧပြီလ ၁၇ ရက်။
 
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက KIO အုပ်ချုပ်နယ်မြေအတွင်း မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်ပေးမယ်လို့ ပြောကြားချက်အပေါ် ဆက်လက်စောင့်ကြည့်သွားမယ်လို့ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများရဲ့ ပြန်ကြားရေးတာဝန်ခံက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
KIO အုပ်ချုပ်နယ်မြေများအတွင်းရှိ အရှေ့ပိုင်းခရိုင်ဒေသများအတွင်း မြေရှားသတ္တုတူးဖော်မှု ပြုလုပ် နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပေမဲ့ လက်ရှိအချန်အထိ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာမှုမရှိတာကြောင့် ရေမြေတောတောင်သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းဝင် အမွေအနှသ်မြေနေရာများ ထိခိုက်ပျက်စီးမှုုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝ ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လျက်ရှိပါတယ်။
 
ဒေသခံများကိုယ်စား ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများက သက်ဆိုင်ရာ တာဝန်ရှိသူများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ရက်နေ့ ရက်စွဲဖြင့် တင်ပြတောင်းဆိုခဲ့တာပါ။
 
အဲဒီနောက် ၂၀၂၃ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာတော့ ကချင်လူထုအပြင်းအထန် ကန့်ကွက်နေတဲ့ KIO ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ဗန်းမော်ခရိုင် ဒိန်းဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများ အားလုံးကို ရုပ်သိမ်း ပေးသွားမယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လက ဒေသခံများနဲ့ တွေ့ဆုံပွဲမှာ ကတိပေးခဲ့ပါတယ်။
 
အဲဒီ တွေ့ဆုံပွဲမှာ ပေးခဲ့တဲ့ ကတိတွေအပေါ် ဆက်လက်စောင့်ကြည့်သွားမယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။
 
ဒါ့အပြင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီများ ပြန်လည် ထွက်ခွာမဲ့ အပေါ်မှာလည်း ဆက်လက်စောင့်ကြည့်သွားမယ်လို့ ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများက ပြောပါတယ်။