• Today is: Friday, April 19, 2024

NCA အနှစ်သာရအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် PPST ကြိုးပမ်းဆောင်ရွက်လျှက်ရှိ

ဓါတ်ပုံ – PPST (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဧပြီလ ၂၁ရက်၊ ၂၀၂၃။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) မှ NCA ၏ အနှစ်သာရ ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေကြောင်းကို ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပါထားပါတယ်။
 
ဧပြီလ ၂၀ရက်နေ့နှင့် ၂၁ရက်နေ့အတွင်း PPST၏ အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးမှ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့် အခြား ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။
 
အဆိုပါထုတ်ပြန်ချက်ထဲတွင် PPST အနေဖြင့် NCA ၏အနှစ်သာရ (၃) ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာ အကွယ်ပေးရေး စသည့်မူများအပေါ် ခိုင်မာစွာ ရပ်တည်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆက်လက်အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။
 
PPST အနေဖြင့် EAOs များ၊ နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ လက်ရှိနိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားရန်နှင့် ကမ္ဘာကုလသမဂ္ဂ၊ အာစီယံအလှည့်ကျ ဥက္ကဋ္ဌနှင့် အာစီယံအထူးကိုယ်စားလှယ်များ၏ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကြိုးပမ်းမှုကို အသိအမှတ်ပြု၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
ထို့နောက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကိုလည်း ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပါထားပါတယ်။
 
လက်ရှိနိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရေးအတွက် ပဋိပက္ခ၌ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြ သည့် သက်ဆိုင်သူ (Stakeholders) များအားလုံး ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရန် မိမိတို့ PPST က အလေးအနက် တိုက်တွန်းထားကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ လ အတွင်းမှာတော့ NCA လက်မှတ်ထိုးထားသော EAOs များနှင့် စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့မှ နေပြည်တော်တွေ အလွတ်တန်းတွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပါတယ်။