• Today is: Thursday, April 25, 2024

ကလေး – တီးတိန်လမ်းမကြီးကို အသုံးမပြုကြသေးဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၄၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကိုဆက်သွယ်တဲ့ လမ်းမကြီးကို လုံခြုံရေး အခြေအနေအရ အသုံးမပြုကြသေးရန် CDF – CDM SIYIN က ဧပြီ ၂၃ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီတပ်များ ယခုထိတိုင် ရှိနေသေးသဖြင့် ကလေး – တီးတိန်လမ်းမကြီးကိုအသုံးမပြုရန်နှင့် Civic Defense Militia -CDM -Siyin ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတင်သော သတင်းများသာ အတည် ဖြစ်တယ်၊ လက် ရှိ တချို့ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် သတင်းများကို ပြန်လည်အတည်ပြု နိုင်ဖို့ ရေးသား ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဧပြီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်ကလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၁၈ ရက်နေ့က ကလေးမြို့မှ တီးတိန်မြို့နယ်အတွင်းသို့ အင်အား ၁၀၀ ခန့်ပါတဲ့ ကားလေးစီးဖြင့် ချီတက်လာနေတဲ့ စစ်သားများနှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့တို့ကြား နေရာမရွေး၊ အချိန်မရွေး တိုက်ပွဲ ဖြစ်လာ နိုင်သောကြောင့် ခရီးသွားမိဘ ပြည်သူများ၏ လုံခြုံရေးအတွက် ကလေးမြို့နှင့် တီးတိန်လမ်းမကြီးပေါ်တွင် မလိုအပ်ဘဲ အိမ်ပြင်ထွက် ခြင်း၊ ခရီးသွားလာခြင်းများမပြုပါရန် သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။