• Today is: Friday, April 19, 2024

ဖယ်ခုံ၊ မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရတယ်လို့ ကရင်နီတပ်မတော် ထုတ်ပြန်

ဓါတ်ပုံ – KnlC

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၅၊ ၂၀၂၃

ကယား(ကရင်နီ)ပြည်နယ် ဖယ်ခုံတိုက်နယ် မြောက်စလုံး ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ခဲယမ်း အချို့ကို သိမ်းရခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) ရဲ့ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF နှင့် ကရင်နီတပ်မတော် KA တပ်ရင်း – ၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်ဖက် တိုက်ပွဲဟာ ဧပြီလ ၂၄ ရက်နေ့ထိ ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ သေဆုံးမှု ရှိခဲ့ပေမယ့် အသေးစိတ် ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာတော့ စစ်သားသေဆုံးမှုတွေပါဝင်နေသလို အရာရှိတံစိတ်များလည်း ပါဝင်နေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပူးပေါင်းတပ်ထဲက KNDF BO/11 ရဲဘော်တစ်ဦးကျဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စကခ(၂) လက်အောက်ခံဖြစ်တဲ့ ရှမ်းပြည်နယ် အခြေစိုက် တပ်များ ဖြစ်ပြီး အခြေနေအသေးစိပ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုထားပါတယ်။