• Today is: Saturday, April 20, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 35, May 2, 2023)

၁။    ချွန်ကျူံးရွာတွင် တိုက်ပွဲပြင်းထန် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ
      May 1, 2023

ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ စစ်တပ်က အထိနာပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဧပြီလ ၃၀ ရက်နေ့ တစ်နေ့လုံး ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ ကြောင်း၊ စစ်ကောင်စီတပ်များက ချွန်ကျုံးကျေးရွာတွင် ပြန်လည်အခြေချတပ်စွဲရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၃၀ ရက် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင်  ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ ဖြစ်ပွားပြီး ထိုတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အချို့သိမ်းယူနိုင်ကြောင်း ဒေသသတင်း ရင်းမြစ် The Chin Post ကသတင်းဖော်ပြသည်။ “မနေ့ကတိုက်ပွဲကပြင်းထန်တယ်။ လေယာဉ်နဲ့လည်း တောက်လျှောက်ဗုံးကျဲတာ။ ချင်းကာကွယ် ရေးဘက်မှာလည်း အထိအခိုက်တချို့ရှိပါတယ်”ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်ကဆိုသည်။ https://www.facebook.c om/photo/?fbid=585713826989561&set=pcb.585713953656215

၂။   ကရင်နီ ပြည်နယ်ထဲမှာ မတ်၊ ဧပြီ ၂ လ အတွင်း စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်မှု ၁၅၁ ကြိမ်ထိ ရှိခဲ့
     May 1, 2023

ကယား(ကရင်နီ)ပြည်နယ်ထဲမှာ မတ်၊ ဧပြီ ၂ လ အတွင်း စစ်ကောင်စီ၏ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှု အဆမ တန် မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၁၅၁ ကြိမ်ထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု(PKPF) တာဝန်ရှိ သူတွေက ပြောပါတယ်။ “ဒီ ၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလမှာတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာ အများဆုံးပေါ့၊ မတ်လမှာ လေကြာင်းတိုက်ခိုက်မှု (၉၈)ကြိမ်ရှိခဲ့တယ်၊ ကရင်နီသမိုင်းတလျောက်လုံးမှာ လေကြောင်း တိုက်ခိုက်မှု အများဆုံးလို့ ပြောရမယ်၊ အခုလ ဧပြီလမှာလည်း (၅၃)ကြိမ် ရှိတယ်၊ ဆိုတော့ ၂လပေါင်းရင် လေကြောင်း တိုက်ခိုက်မှုက ၁၅၁ကြိမ်လောက် ရှိခဲ့တယ်” လို့ PKPF တာဝန်ရှိသူတဦးက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်တဲ့ မြို့နယ်များဟာ ဒီးမောဆိုမြို့ နယ် (၁၆၃)ကြိမ်၊ ဖယ်ခုံ (၆၇)ကြိမ်၊ လွိုင်ကော် (၄၈)ကြိမ် တို့ဖြစ်ပါတယ်။  ဒါ့အပြင် လေကြောင်းတိုက်မှုကြောင့် အရပ်သား ပြည်သူ (၁၄)ဦး၊ စစ်ရှောင်(၃)ဦး၊ အိမ်(၁၉၂)လုံး၊ ဘာသာရေး ကျောင်း (၂)လုံး ဆုံးရှုံးပျက်စီးသွားခဲ့တယ်လို့ PKPF တာဝန်ရှိသူ တဦး ဆက်ပြောပါတယ်။

PKPF ရဲ့ မေလ ၁ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုအလွန် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့အထိ ကယား(ကရင်နီ)ဒေသမှာ တိုက်ပွဲအကြိမ်အရေ (၆၆၃) ကြိမ်ထိရှိခဲ့ပြီး တိုက်ပွဲပဋိပက္ခများကြား အရပ် သားပြည်သူ သတ်ဖြတ်ခံရသူ (၃၁၈) ဦးရှိပြီး၊ စစ်ဘေး တိမ်းရှောင်ရင်း သေဆုံးသူ (၁၃၄)ဦးထိ မြင့်တက်လာကာ အရပ်သားများ မတရားဖမ်းဆီးခံရသူ (၂၇၉) ဦထိဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှု (၃၆‌၃)ကြိမ်ထိရှိခဲ့ပြီး အဲဒီလေကြောင်း အပြင် လက်နက်ကြီးများကြောင့် ဘာသာရေး အဆောက်အဦးပျက်စီးခံမှု (၃၄)လုံး ဖြစ်ကာ အရပ်သားနေအိမ် ပျက်စီးမှု  (၁၄၉၇) လုံးထိ ရှိခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီစစ်သား သေဆုံးသူ  (၁၉၉၅) ဦးနှင့် စစ်ကောင်စီ ယာဥ်တန်း ပျက်စီး မှု  (၆၁) စီးရှိခဲ့ပြီး KNDF/PDF/KA ရဲဘော်များ ကျဆုံးသူ (၂၅၉) ဦးထိ ရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ https://www.facebook.com/photo/?fbid=705655498231715&set=pcb.705659331564665

၃။   KNU နယ်မြေထဲတွင် ၃ လအတွင်း စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်ကျူးလွန်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံး
     May 1, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရာဇဝတ်ကျူး လွန်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အရပ်သား ပြည်သူလူထု (၅၅)ဦး သေဆုံးရပြီး (၆၃၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟို၏ ထုတ်ပြန်သည့် အစီရင် ခံစာအရ သိရသည်။ စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှု၊ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက် ငယ်ရမ်းသမ်းပစ်ခတ်မှု၊ လူသွားလာသည့် လမ်းပေါ်တွင် မြေမြုပ်မိုင်းများ ထောင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်မှု နှင့် လူနေအိမ်များ မီးရှို့ မှုစသည့် စစ်ရာဇဝတ်မှုမြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ယခုလို အရပ်သား သေဆုံးမှုများဖြစ်ပေါ် ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ထို့အပြင် (၃)လတာ ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု(၁၁၆)ကြိမ်ရှိခဲ့ကာ လေကြောင်း တိုက်ခိုက်ခံရသည့် ခရိုင်(၆)ခုထဲတွင် ဒူးပလာခရိုင် သည် အများဆုံးတိုက်ခိုက်ခံရပြီး တိုက်ခိုက်ခံရသည့် အကြိမ်ရေ (၇၁)ကြိမ်ရှိကာ ဖာပွန်( မူတြော်ခရိုင်)တွင် (၃၄)ကြိမ်၊ ညောင်လေးပင်ခရိုင်တွင် (၇)ကြိမ်၊ ဘိတ် ထားဝယ်ခရိုင်တွင် (၂)ကြိမ်၊ တောင်ငူခရိုင်တွင်(၁)ကြိမ်နှင့် သထုံခရိုင်တွင် (၁) ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်းထိုးစစ်များကြောင့် ညောင်လေးပင်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာ ခရိုင်အစရှိ သည့် နယ်မြေများတွင် နေထိုင်သည့်ပြည်သူလူထုများသည် ပြင်းထန်စွာ ခံစားရ ကြောင်းလည်း ကေအဲန်ယူဘက်မှဆို သည်။ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်လက်နက်ကြီးပစ်ခတ်မှု (၄၃၈) ကြိမ်ရှိခဲ့ပြီး အဆိုပါ ပစ်ခတ်မှုနှင့် လူနေ အိမ်မီးရှို့မှုများ ကြောင့် အပြစ်မဲ့ အရပ်သားနေအိမ်စုစုပေါင်း (၆၂၉)လုံးအထိ ပျက်ဆီးသွားခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်ပါ စာရင်းများ အရသိရသည်။ အဆိုပါအစီရင်ခံစာအရ ကျေးရွာ(၈)ရွာမှ ပြည်သူလူထု(၁,၁၀၉)ဦးမှာ စစ်ကောင်စီ ၏ ခြိမ်းခြောက်ခိုင်း စေမှုကို ခံ ခဲ့ရသည့်အပြင် ကျေးရွာ(၂)ရွာရှိ အိမ်ထောင်စု (၄၈၆)စုကိုလည်း အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းစေခံရမှုများလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ ယခု ထုတ်ပြန်သည့်အစီရင်ခံစာထဲက အချက်များသည် ဇန်နဝါရီလမှ မတ်လအထိသာဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ တွင်လည်း ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေထဲတွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိ နေဆဲဖြစ်သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရသိရသည်။ https://kicnews.org/2023/05/knu%e1%80%94 %e1%80%9a%e1%80%ba %e1%80%99%e1%80%bc%e1%80%b1%

၄။    ဘီးလင်းတွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
      May 1, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရော်ဘာခြံများတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ပကဖဒရုန်းတပ်ဖွဲ့ထံမှ သိရှိရသည်။ ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန် ဘီးလင်းမြို့နယ်၊ ဘုရားကုန်းအနီး ရော်ဘာခြံတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို ၆၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်း ကောင်း၊ ညနေ ၅ နာရီ ၂၈ မိနစ်အချိန် ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် များကို ၆၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်း ကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ ကြောင်း သိရှိရသည်။ ” စစ်တပ်ရဲ့ ထိခိုက်မှု ကျဆုံးမှု အခြေအနေတော့ မသိရသေးပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်မှုမရှိပါဘူး”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ https://www.facebook.com/photo/?fbid=58 5643973663213&set=a.568142278746716

၅။    ကရင်နီ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေပြတ်လပ်မှု ကြုံတွေ့နေရ၊ ရေမချိုးရသူများပါ ရှိနေပြီး             အရေပြား ရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားလာ
       May 1, 2023

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့် ရေပြတ်လပ်မှု ပြဿနာများ ဖြစ်ပေါ်နေ ကြောင်း ဒေသခံ စစ်ဘေးရှောင်များအား အကူအညီပေးနေသူများထံမှ သိရသည်။ နွေရာသီ အလယ်သို့ ရောက်ရှိလာတာကြောင့် ကရင်နီပြည်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ရေရှားပါးမှုဖြစ်ပေါ်နေပြီးရေတွင်းရေကန်များခမ်းခြောက်မှုများကြောင့် ရေအရင်း အမြစ် ရှားပါးမှုပြဿနာများပါ ဖြစ်ပေါ်နေကြောင်း စစ်ရှောင်အရေး ဆောင်ရွက်နေသူများက ဆိုသည်။ ထိုသို့ ရေရှားပါးလာမှု ကြောင့် ကာလကြာရှည် စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်များအနေဖြင့် နေ့စဥ်တကိုယ်ရေသန့်ရှင်းမှု အတွက် ရေသုံးစွဲရန် ပင် ခက်ခဲလာခဲ့တာပဲဖြစ်သည်။ “ရေမချိုးရတာ အတော်ကြာတဲ့သူတွေတောင်ရှိလာပြီ ရေတွေတော့ တိုက်ပေးနေတာပဲ၊ များ သောအားဖြင့် ရေ Resource က ရှားတာကိုး ရေရှိတဲ့နေရာကနေ ရေတိုက်ဖို့ပဲရှိတယ် ရေရှည်ကတော့ မိုးမျှော်ဖို့ပဲရှိတယ်”ဟု အနောက်ကယန်းဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ထိုသို့ရေရှားပါးလာတာကြောင့် စစ်ဘေးရှောင်စခန်းတချို့နှင့်ကျေးရွာတချို့တွင် ရေကိုကန့်သတ်သုံးစွဲနေရပြီး ရေမသန့် ရှင်းတာကြောင့် အရေပြားရောဂါများနှင့် ဝမ်းရောဂါများပါဖြစ်ပွားနေကြောင်း သိရသည်။ ထို့အပြင် ယခုလို ရေရှားပါးနေတာ ကြောင့် သောက်သုံးရေ ရရှိနိုင်ရန်အတွက် ဝေးလံသည့်နေရာများသို့ ရေသယ်ကားများဖြင့် သွားရောက်သယ်ယူနေရပြီး စက်သုံး ဆီစျေးနှုန်း မြင့်မားတာကြောင့် ကုန်ကျစားရိတ်များပြားနေတာကြောင်း၊ အလှည့်ကျစနစ်ဖြင့်သာ သွား ရောက်သယ်ယူရပြီး ရေရှည်တွင် ထိုသို့ရေသယ်ယူနိုင်ရန် ပြည်သူများ၏ ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီသူ များထံမှ သိရသည်။ https://www.facebook.com/photo/?fbid=2080321353 22497&set=pcb.208032178655826

၆။   နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး စစ်ရှောင်စခန်းအတွင်း TNLA စစ်သား ဝင်ရောက်နေထိုင်
      May 1, 2023

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန် တောင်းယူနေကြောင်း သိရသည်။ ယခု ရက်သတ္တပတ် အတွင်းတွင် မိုင်းဝီးဒေသရှိ စစ်ရှောင်စခန်းအတွင်းသို့ TNLA စစ်သားများ ဝင်ရောက် နေထိုင် သည့် အပြင် ဆန် ၅ အိတ် ပေးဆောင်ရန် တောင်းဆိုမှုလည်း ရှိနေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။ “စစ်ရှောင်စခန်းထဲကို ဝင်လာတဲ့ TNLA စစ်သားက စုစုပေါင်း ၂၀၀ နီးပါးလောက်တော့ ရှိတယ်၊ စခန်းထဲမှာပဲ စခန်းချ နေထိုင် တာ၊ ပြီးတော့ ဆန် ၅ အိတ် ပေးဖို့လည်း တောင်းဆိုထားတယ်၊ သူတို့က ဒုက္ခသည် စခန်းလေ ဘယ်လို ပေးနိုင်မလဲ” ဟု ဖြစ်စဥ် ကိုသိရှိသည့် အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ TNLA စစ်သား ဝင်ရောက်နေထိုင်သည့် စစ်ဘေးရှောင်စခန်း နှင့် မနီးမဝေး တွင်လည်း စစ်ကောင်စီ တပ်စခန်း တစ်ခု ရှိနေသည့် အတွက် ဒေသခံများက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ထိတွေ့ ပစ်ခတ်မှု ဖြစ်မှာလည်း ကြောက်ရတယ်၊ အခုတောင်းလာတဲ့ ဆန် ၅ အိတ်ကို မပေးနိုင်ရင်လည်း လူကို ရန်ပြု မှာ ကြောက်ရတယ်။ အခု ဒီ စခန်းကလူတွေက တစ်နေ့လုပ် တစ်နေ့စားတွေပဲ ဖြစ်တယ်၊ ဒါကြောင့် တိုက်ပွဲ ဖြစ်ရင် သူတို့ထပ်ပြီး စစ်ရှောင်ဖို့လည်း မလွယ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းအတွင်းတွင် သျှမ်း လူမျိုး အများ စု နေထိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်း ၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲ၊ TNLA တပ်ဖွဲ့ နှင့် RCSS/SSA တို့၏ တိုက်ပွဲ ကြောင့် စစ်ရှောင်ထွက်ပြေးလာခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ အတွင်းမှာလည်း သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့–နမ့်ခမ်းမြို့အကြား TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှုနှင့် ပြည်သူ အိမ်ဝန်းထဲဝင်ရောက် နေထိုင်မှုရှိခဲ့သည်။ TNLA တပ်ဖွဲ့သည် မူဆယ်–နမ့်ခမ်းကြား လမ်းပိုင်းတစ်လျှောက်ရှိ ကားများကို တား မြစ် အခွန်ကောက်ခြင်း၊ ဆိုင်ကယ်ဖြင့် လိုက်လံ အခွန် ကောက်ခြင်းများ၊ ရပ်ရွာ အသီးသီးရှိ အရပ်သား အိမ်ဝန်းထဲ လှည့်လည် ဝင်ရောက် နေထိုင်ခြင်းများ ပြုလုပ်နေသည်မှာ တစ်လကျော်ရှိနေကြောင်းလည်း သိရသည်။ https://burmese.shannews. org/archives/34442

၇။   KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အထိရှိလာ
      May 1, 2023

စစ်အာဏာသိမ်းပြီးချိန်ကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ် နယ်မြေတပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီ တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒီနှစ်မတ်အထိ စစ်ဘေးဒုက္ခသည် ဦးရေ ငါးသိန်းကျော်ထိ များလာတယ်လို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ဖဒိုစောတောနီး က ပြောကြား လိုက်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စစ်ဘေးဒုက္ခသည် သုံးသိန်း ခြောက်သောင်းရှိခဲ့ရာကနေ ငါးသိန်းအထိ တိုးလာတာ ဖြစ်ပါတယ်။ KNU တပ်မဟာ ခုနစ်ခုမှာ တပ်မဟာ ၅ မူတြော်ခရိုင်နဲ့ ဒူးပလာယာ ခရိုင်တွေ မှာ နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာတာလို့ KNU နိုင်ငံခြားရေး ဌာန တာဝန်ခံဖဒို စောတောနီးက ပြောပါတယ်။ “ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့မှာ ကျွန်တော်တို့ KNU ကနေပြီးတော့ အထူးသဖြင့် ဌာန သုံးခုပေါ့နော် KNU လူ့အခွင့်အရေး ကော်မတီရယ် နောက်ပြီးတော့ KNU နိုင်ငံခြားရေးဌာနရယ် နောက်ပြီးတော့ KNU အစည်းအရုံးဌာနလက်အောက်မှာရှိတဲ့ ပြန်ကြားရေးသတင်းဌာနပေါ့နော် အဲ့ဒီဟာတွေ သုံးခုပေါင်းပြီးတော့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်တယ်၊ အဲ့ဒီသတင်းစာရှင်းလင်းပွဲက ဘာကို ဖော်ပြလဲဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ကနေပြီးတော့ ဒီ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ ကြည့်လိုက်တဲ့အခါမှာ အဲ့ဒီနှစ်အတွင်းမှာ ဒီစစ်ဘေးဒုက္ခသည် အထူးသဖြင့် ဒီIDP ဦးရေဟာ သုံးသိန်းခြောက်သောင်း အထိဖြစ်သွားတယ်” ပြည်တွင်းနဲ့ ထိုင်းမြန်မာ နယ်စပ်မှာ စစ်ဘေးဒုက္ခသည်ဦးရေ ပိုများလာတာကို လူမှုအဖွဲ့အစည်းတွေ နဲ့ ကြိုးစား ချိတ်ဆက် ဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ရက် နဲ့ ၃၀ ရက်အတွင်း မြဝတီမြို့နဲ့ ခုနစ်မိုင်လောက် ဝေးတဲ့ မဲကနယ်ကျေးရွာအုပ်စုမှာ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ကတစ်ဖက်၊ စစ်ကောင်စီနဲ့ BGF ကတစ်ဖက် တိုက်ပွဲ ဖြစ်ပွားပါတယ်။ ဒီအတွက် မဲကနယ်ကျေးရွာအုပ်စုက မိသားစု ၁၀၀ လောက် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နားက ပလောတပို့ စစ်ဘေးရှောင်စခန်းကို ထပ်ရောက်ရှိလာပါတယ်။ အရင်က စာရင်းနဲ့ ပေါင်းရင် စစ်ဘေးဒုက္ခသည် မိသားစု ၁၀၀၀ လောက် အထိဖြစ်လာပြီး စားသောက်စရာ နေရာထိုင်ခင်း လိုအပ် နေတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်ဆောင်နေတဲ့စခန်း တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “ညဘက်တော့ တိုက်ပွဲတွေ စဖြစ်နေတာပေါ့ ည ၈:၃၀ နာရီခွဲလောက်မှာ အသံကြားရတာပေါ့။ ဒီဘက်ခြမ်းမှာ ထပ်ကြားရတာ က ည ၁၀:၃၀ နာရီလောက်မှာပဲ ဟုတ်တယ် တိုက်ပွဲကတော့ ညကတည်းက ဖြစ်နေတာ မနက်အထိတော့ အသံတော့ ကြားနေ ရတာပေါ့ အခုဖြစ်တဲ့ အဖွဲ့တွေက မြဝတီဘက် BGF အဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ပစ်တာပေါ့။ စစ်ကောင်စီ ဘက်ကလည်း အကျအဆုံးများတယ်လို့ ကြားထားတယ်။ ဒီဘက်ခြမ်းက PDF အဖွဲ့တွေလည်း နည်းနည်းထိတယ်လို့ ကြား တယ်၊ BGF ကတော့ ညက အယောက် ၁၀၀ တက်လာတာပေါ့ မနက်မှာလည်း ၁၀၀ ထပ်တက်လာတယ်လို့ ကြားတယ် အခု ကျွန်တော်တို့ စစ်ရှောင်စခန်းမှာလည်း မဲကနယ်ဘက်ခြမ်းက လူတွေလည်း ဒီဘက်ခြမ်းမှာ ၁၀၀ နီးပါး လောက်တော့ ပြန်ပြောင်း လာတယ်။ အခုဆိုရင်တော့ အယောက် ၁၀၀၀ လောက်ရှိပြီး။ သူတို့အတွက် လိုအပ်တာတွေကိုတော့ ပြန်ပြီးပေး နေရတာပေါ့ အကူအညီကလည်း အခု လှူမယ့်သူကလည်း နည်းနည်းပါးသွားတော့ ရှိတာလေးနဲ့ပဲ မျှပြီးတော့ နေနေရတာပေါ့။” ကရင်ပြည် နယ် အတွင်းက KNU တပ်မဟာ ၆ နယ်မြေ ဒေါနတောင် အရှေ့ခြမ်းက ထိုင်းမြန်မာနယ်စပ် မြဝတီ၊ လေးကေကော်၊ သေ့ဘော ဘိုး၊ လော်ခေါ်၊ ဝေါလေ ၊ ကနဲလေး၊ ထီးသဲဘလယ်ဒေသက ကျေးရွာပေါင်း ၃၀ လောက်က စစ်ဘေးဒုက္ခသည် ၁၅၀၀၀ ကျော် ရှိ နေသေးတယ်လို့နယ်စပ် စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ https:// www.rfa.org/burmese/news/karen-refugee-increase-in-knu-control-area-05012023154338.html

၈။   ဖမ်းဆီးခံရသည့် ဖားကန့် ဒေသခံ ၇၀ ဦးကို KIA နှင့် ဆက်စပ်သည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားဆဲ
     May 1, 2023

ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးထားသော အရပ်သား ၂၀၀ နီးပါးအနက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားပြီး အသတ်ခံရသူ အချို့လည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၁ ရက်နေ့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် Maden Yang (မှော်ဘုံ) ကျေးရွာသို့ ရုတ်တရက်ဝင်စီးချိန် ဖမ်းဆီးခဲ့သောအရပ်သားကို ဧပြီလ ၂၆ ရက်နေ့ တစ်ကြိမ်၊ ၂၇ ရက်နေ့ တစ်ကြိမ် ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးခန့်ကို KIA ၊ PFD တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိနေသည်ဟုဆိုကာ ဆက်ဖမ်းဆီး ထားဆဲဖြစ်‌ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အများပိုင်းပြန်လွတ်လာပေမယ့် တချို့တော့လည်း မလွတ်လာသေးဘူးဗျ။ အခု ဖမ်းခံထားရတဲ့သူတွေက သူတို့နေအိမ်တွေမှာ KIA/KIO ကထုတ်တဲ့ ပြက္ခဒိန်ရှိတဲ့အိမ်တွေ၊ KIA အလံ သိမ်းထားတဲ့ အိမ်တွေ ပေါ့။ ပြီးရင် လူငယ်တချို့ကို KIA ဆိုပြီး သံသယနဲ့ ဆက်ဖမ်းထားတယ်။ တချို့ဆိုမိသားစုနဲ့တောင် ဆက်သွယ်လို့မရဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရဆဲ ပြည်သူ ၇၀ ဦးအနက် အချို့သည် မိသားစုဝင်နှင့်ဆက်သွယ်ခွင့်ရပြီး အစားအသောက်များ ပို့ဆောင်ခွင့်ရသော်လည်း အချို့မှာမိသားစုဝင်နှင့် လုံးဝဆက်သွယ်ခွင့်မပေးသည့်အပြင် အစားအသောက်လည်းပို့ခွင့်မရကြောင်း သူကဆက်ပြောသည်။ “တချို့လူငယ်တွေက နေရာအစုံကနေလာပြီး ကျောက်ရှာ ဘာရှာလေး ငါးဆယ်ယောက် စုပုံပြီးနေတာ ရှိတယ်။ အဲ့တာကိုသူတို့က PDF ဘာညာ စွပ်စွဲ ပြီးရိုက်နက်မေးမြန်းတာတွေရှိတယ်တဲ့ အခုသိရတာ ၅ ယောက် ၆ ယောက် လောက်ကတော့ သတ်ဖြတ်ခံလိုက်ရတယ်တဲ့ သူတို့စစ်ကြောရေးမှာပဲ ဘယ်သူဘယ်ဝါဖြစ်မလဲတော့ မသိရသေးဘူး။ သတ်ခံရ တာကတော့ သေချာသလောက်ဖြစ်နေပြီ”ဟု တော်လှန်ရေးတွင် ပါဝင်နေသည့် ဖားကန့်ဒေသခံ အခြားအမျိုးသားတစ်ဦး ပြော သည်။ စစ်ကောင်စီတပ်သည် အဆိုပါ ဖမ်းဆီးထားသော ဒေသခံများကို စစ်ဝတ်စုံဝတ်ဆင်ပေး၍  လူသားဒိုင်းသဖွယ် ရှေ့တန်း တွင်အသုံးချမှုများလည်း ရှိခဲ့သည်။ ဧပြီ ၂၉ ရက်နေ့ကလည်း စစ်တပ်သည် လုံးခင်းကျေးရွာမှ အရပ်သား ၈၀ ခန့်ကို ဝင်ဖမ်းခဲ့ ပြီးနောက် ဧပြီလ ၃၀ ရက်နေ့တွင်မူ ၎င်းတို့ကို KIA၊ PDF နဲ့ မပတ်သက်ရန် ပြောဆိုခြိမ်းခြောက်ပြီး ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ https://burmese.kachinnews. com/2023/05/01/az2-107/

၉။    ဘီးလင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေ၍ ဒေသခံများနေရပ်ပြန်မနေရဲသေး
       May 1, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာအနီးတွင် ဧပြီလ(၂၉)ရက် နေ့က စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားပြီးနောက် လက်ရှိ အချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေ၍ ဒေသခံများနေရပ်မပြန်ရဲသေးကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီတပ်များနှင့် KNLA တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့များ အလူးလေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သပြေနီကျေးရွာ၊ အလူးလေးကျေးရွာနှင့်အလယ်ရွာများရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသောကြောင့် စိုးရိမ်ထိတ် လန့်ကာ နေရပ်မပြန်ရဲသေးကြောင်း ဘီးလင်းမြို့ခံ တစ်ဦးက ပြောသည်။ ၎င်းက “တိုက်ပွဲကတော့ ဒီနေ့ငြိမ်နေတယ်၊ စစ်ဘေးရှောင်တော်တော်များများက မပြန်နေရဲကြဘူး။ အိမ်ကို အခြေအနေပြန်ကြည့်တဲ့သူလောက်ပဲ ပြန်ကြတာရှိတယ်။ စစ်ရေးတင်းမာနေတယ်ဆိုတာကလည်း ကာကွယ်ရေးတပ် တွေရော စစ်ကောင်စီရောက နှစ်ဖက်လုံး သူချောင်းကိုယ်ချောင်း အခြေအနေဖြစ်နေတယ်။ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင် တယ်ဆိုတော့ တော်တော်များများက ပြန်မနေရဲကြသေးဘူး။” ဟု ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘီးလင်း မြင်သာတောင် စစ်ကောင်စီ တပ်စခန်း မှ ပစ်ခတ်လိုက်သော လက်နက်ကြီး များမှာ အလူးလေး ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ သလို အဆိုပါနေ့ ညနေ ပိုင်းတွင် သပြေနီ ကျေးရွာအနီးရှိ စစ်ကောင်စီ၏ သံတံတားစစ်ဆေးရေး ဂိတ်စခန်းသို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် လက်နက်ကြီးများ တုံ့ပြန်ပစ်ခတ်စဥ် သပြေနီ ကျေးရွာအတွင်း ကျရောက် ၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်း အမြစ်နှင့် ဒေသခံများကပြောသည်။ နံနက်ပိုင်း အလူးလေးကျေးရွာတွင် ဖြစ်ပွား ခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အပါအဝင်တပ်ဖွဲ့ဝင် (၃)ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာ အချို့ကဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ကေအဲန်ယူ၏ သထုံခရိုင်အတွင်း ရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။ “လက်နက်ကြီး(၉)လုံး အလူးလေးရွာဘက်ကိုလှမ်းပစ်တာ ရွာဘေးက ကားလမ်းမပေါ်ကိုတစ်လုံးကျတယ်။ နောက်ပြီး ဒေသခံတွေအလုပ်လုပ်ကိုင်တဲ့နေရာကို (၈)လုံးကျတယ်။ အရပ်သား ထိခိုက် တာမရှိဘူး။ KNLA နဲ့ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမရှိဘူး။ စစ်ကောင်စီရဲ့ထိခိုက်ကျဆုံးကတော့ ကျနော်တို့မသိရ သေးပါဘူး။” ဟု ၎င်းက ပြောသည်။ https://kicnews.org/2023/05/%e1%80%98%e1%80%ae%e1%80% b8%e1% 80%9c %e1%80%84%e1%80%ba%e1

၁၀။     ပလက်ဝမြို့ ပလုတ်တောင်ရပ်ကွက်ကို စစ်ကောင်စီက ညမထွက်ရအမိန့် ပြန်ထုတ်
         May 2, 2023

ချင်းပြည်နယ် ၊ပလက်ဝမြို့ရှိ ပလုတ်တောင်ရပ်ကွက်တခုတည်းကို စစ်ကောင်စီက ဧပြီလ၂၉ ရက်နေ့မှစ၍ ညမထွက် ရအမိန့် ပြန်လည်ထုတ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။  ပလုတ်တောင်ရပ်ကွက်အတွင်းရှိ ရပ်တော်မူ ဘုရားတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ဆယ်အိမ်မှူး တို့ကို ခေါ်ယူတွေ့ဆုံကာ ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခြင်းမပြုကြရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” ကျနော်တို့ရပ်ကွက်က ကုလားတန်မြစ်ကြောင်းနားကျတော့  အဲ့ဒီမြစ်နားကို သူတို့သတ်မှတ်ထားတဲ့ အချိန်မှာ မသွားလာရဘူး ပြောတာ။ တခြားအချိန်တွေဆို ပုံမှန်အတိုင်း ငါးရှာခွင့်လည်းပြုတယ်။ သွားလာခွင့်လည်းရပါတယ်။ ညအချိန်ပဲ မရတာ။ သူတို့ (စစ်တပ်)က ပြောလိုက်တာကတော့ ညအချိန်မှောင်နေတုန်းသွားရင် လူမှားမှာစိုးလို့ သွားခွင့်မပြုတာလို့ပြောလိုက်ပါတယ်။ တခြားရပ်ကွက်တွေကတော့ ညမထွက်ရအမိန့် မရှိပါဘူး” ဟု ပလုတ်တောင်ရပ်ကွက်မှ ယာယီအုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုသို့ခေါ်ယူပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများသိရှိစေရန် အတွက် ရပ်ကွက်အတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်ကြောင်း သိရသည်။  ပလုတ်တောင်ရပ်ကွက်အတွင်း နေထိုင်ကြသူများမှာ မြစ်ကမ်းနဲ့နီးသောကြောင့် ငါးရှာသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက် နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ညမထွက်ရအမိန့်ထုတ်လိုက်သည့်အတွက် အလုပ်ကို ထိခိုက်စေသည်ဟု ပလုတ်တောင်ဒေသခံ တစ်ဦးကပြောသည်။ “ရပ်ကွက်ထဲလှည့်အော်သွားကတည်းက ဘာကြောင့်ဒီနားပတ်ဝန်းကျင်တခုတည်းကို အမိန့်ထုတ်ရတာလဲ ဆိုပြီး တွေးနေကြတာ။ကျနော်တို့ငါးရှာသမားတွေက မြစ်ထဲမှာ ကွန်တွေဘာတွေချပြီးရင် ညအိပ်ပြီးစောင့်ရတယ်။ မနက်အာရုံ တက်တာနဲ့ငါးဖော်ပြီး စျေးကိုအမှီပြေးရတယ်။အခု ညလည်းမထွက်ရ၊မနက်၅နာရီမှပဲ ငါးတွေသွားဖော်မယ်ဆိုရင် စျေးကိုဘယ် အချိန်သွားပြီး ဘယ်အချိန်ရောင်းရတော့မလဲ။ဒီလောက်အလုပ်အကိုင်ရှားတဲ့ခေတ်မှာ ငါးရောင်းလို့ရတာလေးနဲ့စားနေရတာ။ တခြားအလုပ်လည်းရှိတာမဟုတ်ဘူး” ဟု ၄င်းက ပြောသည်။ ပလက်ဝမြို့တွင် စစ်ကောင်စီတပ်နှင့် ရခိုင်တပ်တော် AA တို့၏ နှစ်ဖက်တိုက်ပွဲကာလအတွင်းက ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ညမ,ထွက်ရအမိန့်ကို ရုတ်သိမ်းကာ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ထားခဲ့ရာမှ ယခုအခါ ပလုတ်တောင်ရပ်ကွက် ကို ညမထွက် ရအမိန့် ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။  https://ww w.facebook.com/ayeyarwaddytimes/photos/a.509163249241681/ 2467835183374468/

၁၁။   ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲမည်ဟု                KNPP ဆို
       May 2, 2023

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တည်ထောင်ခြင်း ၆၆ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဆိုထား သည်။ ဖဆပလ အစိုးရ၏ နယ်ချဲ့ကျူးကျော်မှုကြောင့် ဆုံးရှုံးသွားသော ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့် ပြန်လည်ရရှိရန် ကရင်နီ အမျိုးသားခုခံတော်လှန်ရေးကို ၁၉၄၈ ခုနှစ် ဩဂုတ် ၉ ရက်တွင် စတင်ခဲ့ကြောင်း၊ နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန်အတွက် KNPP ကို ၁၉၅၇ ခုနှစ် ၊ မေ ၂ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟု ရေးသားထားသည်။ ၆၆ နှစ်အတွင်း၊ KNPP သည် နိုင်ငံရေးနှင့်စစ်ရေး များအပါအဝင် အခြေခံမှုလမ်းစဉ်များအတိုင်း ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ကို ဆင်နွှဲခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်အထိ ကရင်နီပြည် ပြန်လည် သီးခြားလွတ်လပ်ရေးမှုကို ဆွဲကိုင်ထားခဲ့သည်ဟု ဆိုသည်။

ယင်းကာလအတွင်းနှင့် ယခုတိုင် ဘုံရန်သူဖြစ်သည့် မဟာဗမာဝါဒနှင့် စစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးတို့ကို အာမခံချက်ပေးမည့် ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် တိုင်းရင်းသားများနှင့် နိုင်ငံရေး၊ စစ်ရေးအရ လက်တွဲတော်လှန်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် ကရင်နီပြည်သူတစ်ရပ်လုံး လွတ်မြောက်နိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအား  နိုင်ငံရေးပန်းတိုင်သို့ ရောက်ရှိရန် အတွက် အထောက်အကူပြုသည့် တိုက်ပွဲဝင်စနစ်တစ်ခုအဖြစ် ကျင့်သုံးသော်လည်း နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည်ဟုလည်း ဆိုထား ပြန်သည်။ သို့သော် အတုအယောင်ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်လိုသည့် စစ်တပ်သည် တိုင်းပြည်အာဏာကို ထပ်မံသိမ်းယူ ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည့် အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ https://www.facebook.com/photo/?fbid=208578351934542&set=a.121904670601911

၁၂။  ဧပြီလအတွင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သား ၂၆ ဦးသေဆုံးခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ        သုံးဦးသေဆုံး
     May 2, 2023

ဧပြီလအတွင်း မင်းတပ်မြို့တွင်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ ဘက်မှ ၂၆ ဦးသေဆုံးခဲ့ပြီး၊ စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့ ကြောင်း CDF Mindat က ဧပြီ တစ်ရက်တွင် ထုတ်ပြန်ထားသည်။ ဧပြီ ၇ ရက်တွင် မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၁၁ ရက်တွင်လည်း ပန်ပါးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း လည်းသိရသည်။ ထို့ပြင် ဧပြီ ၁၆ ရက်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဧပြီ ၇ ရက် နံနက် ၇ နာရီ မိနစ် ၃၀ မှ ည ၆ နာရီ မိနစ် ၂၀ အထိ မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ တွင် ချင်းကာကွယ်ရေးတပ်နှင့် ယောပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၉ ရက်နေ့တွင်လည်း CDF Mindat နှင့် စစ်ကောင်စီတပ်များအကြား မင်းတပ်-မတူပီလမ်း ၉ မိုင်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။ ယင်းအပြင် ဧပြီ ၂၃ ရက် ညနေ ၄နာရီတွင် CDF Mindat နှင့် CDF Kanpetlet TYF ပူးပေါင်းတပ်များသည် မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်ပြီး ဧပြီ ၂၄ ရက်တွင် CDF Mindat နှင့် စစ်ကောင်စီတပ်များ မင်းတပ်မြို့နယ် ၄ မိုင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး ခဲ့ကြောင်း၊ ဧပြီ ၂၆ ရက် နံနက် ၇ နာရီတွင်လည်း ကန်ပက်လလက်လမ်းခွဲ၌ ထပ်မံတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ https://w ww.facebook.com/photo?fbid=208577528601291&set=a.12190 4670601911

၁၃။    ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းအား KIAPDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်
         May 2, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နှင့် မလန်းကျေးရွာကြား ကျောက်စိမ်းတောင် ကုမ္ပဏီ ပတ်လမ်းမှာ ဒီကနေ့ မနက် ၁၂နာရီလောက်က စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကနေ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်သား အင်းအား ၁၀၀ ခန့်ဟာ  ဂျန်ဂတ်မှော်ဘက်မှာ သုံးရက်အထိုင်ချပြီး လမ်းသွား/လာပြည်သူတွေကို အခွန်ကောက်နေတာဖြစ်ပြီး တော့ ဒီနေ့မနက် တပ်ဆုတ်ခဲ့တဲ့အချိန်  ကျောက်စိမ်းတောင် ကုမ္ပဏီအနီးမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးမှုကို အတိအကျ မသိရဘူးလို့ PDF နဲ့နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “တပ်ဆုတ်တယ်ဆိုတာက ကျောက်စိမ်းတောင် ကုမ္ပဏီပတ် လမ်းထဲကိုဝင်ခဲ့တာ။ အင်အားတစ်ရာ တစ်ရာကျော်လောက်ရှိတယ်။ အဲဒါကို KIA နဲ့PDF ပူးပေါင်းအဖွဲ့ကနေမှ တိုက်ခိုက်လိုက် တာ”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ၁၅ မိနစ်လောက် ပစ်ခတ်မှုတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေကနေ မှော်ဝမ်းရပ်ကွက် မှာ သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က မှော်ဝမ်းရပ်ကွက်ဘက်မှာ လမ်းအားလုံးပိတ်ထားပြီး လမ်းသွား/လာတွေကို စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနား-ဖားကန့် လမ်းပေါ်မှာ စစ်ကောင်စီစစ်ယာဉ်တန်းကို  KIA ကနေ တိုက်ခိုက်ခဲ့ပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/photos/a.182 072622159000/18872392

၁၄။    တစ်ရက်တည်း နောင်ချို ဒေသခံ ၅ ဦး မြေမြှုပ်မိုင်း နင်းမိ
        May 1, 2023

သျှမ်းပြည် ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ် ဒေသခံ အမျိုးသား ၅ ဦး မြေမြှုပ်မိုင်း နင်းမိပြီး နှစ်ဦးက ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ၊ ကုန်းကြီးကျေးရွာအုပ်စုရှိ နောင်ခဲရွာ (ဝၢၼ်ႈၼွင်ၶၢႆး) နေ ဒေသခံ အမျိုးသား ၅ ဦးတို့သည် ကြံစိုက်ခင်း သွားကြည့်စဥ် မြေမြှုပ် မိုင်းနင်းမိကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ မိုင်းထိတဲ့ နေရာက PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတွေ တိုက်ပွဲဖြစ်တဲ့ နေရာဖြစ်တယ်၊ ၅ ယောက် ထဲမှာ ၂ ယောက်က ဘောင်မှာ ဒဏ်ရာတော်တော်ပြင်းထန်တယ်၊ အခုတော့ နောင်ချိုက ဆေးရုံမှာ ဆေးကုထားတယ်”ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အသက် ၄၀ ကျော် အမျိုးသား က  ပြောသည်။ အဆိုပါ မိုင်းနင်းမိသူ ၅ ဦး အနက် အသက် ၄၃ နှစ်ရှိ စိုင်းစု နှင့် အသက် ၄၇ နှစ်ရှိ စိုင်းကျော်ထွန်း တို့ နှစ်ဦးသည် ခြေထောက်တွင် ပြင်းထန် ထိခိုက် ဒဏ်ရာရရှိကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် စိုင်းပစိန် အသက် ၂၆ နှစ်၊ စိုင်းဆန်ဝန်း အသက် ၂၅ နှစ် နှင့် စိုင်းဆန်ကျောင်း ၂၄ နှစ်တို့ကလည်း ထိခိုက် ဒဏ်ရာ အသီးသီး ရရှိသွားကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်သည့် မိုင်းများသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ လာရောက် ထောင်ထားသည့် မိုင်း ဖြစ်သည်ကို မသိရသေးကြောင်း နှင့် လက်ရှိအချိန်တွင် ဒေသခံများက မြေမြှုပ်မိုင်းများ၊ တိုက်ပွဲ အတွင်း ကျန်သည့် လက်နက် များ ပေါက်ကွဲမှု ထပ်ဖြစ်မှာကို စိုးရိမ်နေရကြောင်းလည်း ဒေသခံများက ပြောသည်။ “အခုချိန်မှာ တိုက်ပွဲက ငြိမ်သွားပေမယ့် အဲ့လိုမျိုး မိုင်းတွေ၊ ပြီးတော့ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်တွေ မတော်တဆ ပေါက်ကွဲမှာကို ကြောက်ရတယ်၊ အခုဆို စစ်ရှောင်ကနေ ပြန်ရောက်ကြပေမဲ့ တောင်ယာတွေကိုလည်း သွားဖို့ကြောက်ရတယ်၊ မလုံခြုံသေးဘူး” ဟု အထက်ပါ အမျိုးသား က ဆက်ပြောသည်။ နောင်ချိုမြို့နယ်အတွင်း ဧပြီလ ၅ ရက်နေ့ မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၃ ဦး ထက်မနည်း တိုက်ပွဲအတွင်း ထိခိုက်သေ ဆုံးရသည်။ ထို့အပြင် ဒေသခံ ၁၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး ပြည်သူ့ နေအိမ် ၂၄ လုံး၊ ကြံစိုက်ခင်း ဧကပေါင်း ၄၆၀ ဧက နှင့် ယခု မိုင်းပေါက်ကွဲ အပါအဝင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရကြောင်း သိရသည်။ https://burmese.shann ews.org/archives/34438

၁၅။    ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်၊ ဆန် ၁ အိတ်ကျပ် ၆၅၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်
         May 1, 2023

ကရင်နီ(ကယား)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်ချက် ရှိနေတာကြောင့် ဆန် ၁ အိတ်ကို ငွေ ကျပ် ၆၅၀၀၀ နှုန်းနဲ့ပါဝင်လှူဒါန်းနိုင်ကြဖို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဖိတ်ခေါ်ထားပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီပြည် နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေး ရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက နေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်း ဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင် ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံ ရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာ ပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယား ပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုကနေ အိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်း ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။ “အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ”ဆိုတဲ့ အစီရင် ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့ တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက် က ဆိုပါတယ်။ လတ်တလောမှာတော့ ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေ၊ သောက်ရေသုံးရေ လိုအပ်နေတဲ့ စစ်ရှောင် ပြည်သူတွေများစွာရှိနေတာကြောင့် တတ်နိုင်သလောက် နီးစပ်ရာဝိုင်းကူပေးကြဖို့လည်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့် ရှောက်ရေးကွန်ရက်က မေတ္တာရပ်ခံထားပါတယ်။ https://burme se.dvb.no/archives/590975

၁၆။    စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်များအတွက် အကူညီလိုအပ်နေဆဲ
        May 1, 2023

ဗန်းမော်မြို့နယ် ခဲမနိုင်၊ နမ့်သဲ၊ မံစီမြို့နယ် နမ့်အူကြီး ကျေးရွာ ၃ ရွာမှ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့် အပြင် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်များသည် ဧပြီလ ၂၆ ရက်နေ့ တိုက်ပွဲကြောင့် မံသာ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင်နေကြသည့် စစ်ရှောင်များဖြစ်ပြီး လက်ရှိချိန်လည်း စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သောကြောင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု မံသာကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူကပြောသည်။ “အခြေအနေက ပြောရမယ်ဆိုရင် စစ်တပ်ဘက်ကသူတွေ အဖွဲ့ကွဲ ပြီး ပျောက်နေတယ်လို့ကြားတယ်၊ ခဲမနိုင်က သူတွေကတော့ လုံးဝကို ပြန်လို့မရတော့သလိုဖြစ်နေပြီ၊ ရွာထဲမှာ ဗုံတွေထောင် ထားတယ်လို့လည်းကြားတယ်၊ ကျန်တဲ့နှစ်ရွာက ရွာထဲမှာတော့တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ ပြန်မယ်ဆိုရင်တောင် စစ်တပ်ဘက်က သူတွေ ပုန်းနေတာလား ပျောက်နေတာလား သေချာ မသိလို့ ပြန်ဖို့အတွက်ကို စိတ်ပူနေကြတယ်”ဟုပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် အိမ်ထောင်စုမှာ ၃၇ စုနှင့် လူဦးရေ ၁၀၀ ကျော်ထိရှိလာပြီး နေရာထိုင်ခင်း အခက်အခဲများ ရှိနေကြောင်း မံသာ ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူက ပြောသည်။ “စစ်ရှောင်တွေက တိုးလာတာနဲ့ အိပ်ဖို့နေရာကမရှိ အရမ်းခက်ခဲနေတယ်၊ ခင်းဖို့ မိုးကာအကာအကွယ် ဘာမှမရှိဘူး၊ အခုက နေစရာခိုလှုံဖို့ ဆောက်တဲ့အခါ မိုးကာတွေ လိုအပ်တယ်၊ အိမ်သာလည်း နှစ်လုံးဘဲရှိတော့ အဆင်မပြေဘူးလေ၊ အိမ်သာဆောက်ဖို့လည်း အရမ်းလိုအပ်နေတယ်၊ ရေဆိုရင်လည်း စက်ရေတွင်းတစ်ခုတော့ရှိ အဲ့ကနေဘဲ အကုန်သုံးတယ်၊ မီးမလာချိန်များတော့ ဆီတွေပြန်ဝယ်ထည့်ရတာနဲ့ အခက်အခဲတွေကြုံနေတယ်”ဟုပြောသည်။ စစ်ရှောင်များထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင် ပြီး တစ်ကိုယ်ရည် ကျန်းမာရေး အခြေခံပစ္စည်းများမှအစ နာမကျန်သူများသည့်အတွက် ဆေးဝါအကူအညီများလည်း လိုအပ်နေ ကြောင်း ၎င်းက ပြောသည်။ “အစားအသောက်လည်း လိုအပ်နေတယ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကလည်း အရေးကြီးတယ် လေနော်၊ ဆပ်ပြာ၊ သွားတိုက်ဆေးကအစပေါ့၊ အခုက အရမ်းပူလို့ ကလေးတွေဖျားတယ် ဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆရာမတွေ၊ အဖွဲ့အစည်းတွေရှိရင်လည်း အကူအညီပေးနိုင်ရင် ကောင်းတာပေါ့”ဟုပြောသည်။ ခဲမနိုင်၊ နမ့်သဲ၊ နမ့်အူကြီး ကျေးရွာသည် မံသာကျေးရွာ နှင့် ၁၆ မိုင်အကွာတွင်သာရှိပြီး စင်းခန်းကျေးရွာနှင့် ၇ မိုင်ခန့်ရှိကာ ဧရာဝတီမြစ်ဘေးတစ်လျှောက် တည်ရှိသည့် ကျေးရွာများဖြစ်သည်။ https://b urmese.kachinnews.com/2023/05/01/bb1-13/

၁၇။   တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက် ဂုဏ်ယူကြောင်း ယာယီသမ္မတပြောကြား
       May 1, 2023

တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာသည့်အချိန်ထိ မဆုတ်မနစ်တိုက်ပွဲဝင်နေသော တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက်ဂုဏ်ယူကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ မေလ ၁ ရက်နေ့တွင်ကျ ရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနှင့် မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက်များစွာ ဂုဏ်ယူအားထားပါတယ်”ဟု ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်မှုများပြုလုပ်ခဲ့၍ ဖမ်းဆီးခံထားရသော အလုပ် သမားခေါင်းဆောင်များနှင့် အလုပ်သမား အများအပြား ရှိနေသည်။ လက်ရှိအချိန်ထိ အလုပ်သမားပေါင်း ၃၀၀ ဦးခန့် ဖမ်းဆီးထောင်ချခံထားရပြီး ၅၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုမှလည်း ယနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလုပ်သမားထုကြီးသည် နွေဦးတော်လှန်ရေး၌ ထောက်ပို့လုပ်ငန်းများ၊ လက်နက်ကိုင်လမ်းစဉ်၊ နိုင်ငံရေး ဦးဆောင်မှုစ သည့်လုပ်ငန်းများတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်လျက်ရှိသည်။ ထို့ပြင် စစ်ကောင်စီကို အသိအမှတ်မပြုရေးနှင့် အမျိုးသားညီညွတ် ရေးအစိုးကို အသိအမှတ်ပြုရေးတို့အတွက် နိုင်ငံတကာအဖွဲ့စည်းများအား တိုက်တွန်းခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေ ကြောင်းဆိုသည်။ “အခုဆိုရင် စစ်ကောင်စီကကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲကိုလက်မခံဖို့။ ဒါကိုလက်ရှိလည်း ပြည်တွင်း ပြည်ပအလုပ်သမားအဖွဲ့စည်းတွေအနေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။”ဟု မြန်မာဆောက် လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဉက္ကဋ္ဌ ကိုပြည်ချစ် ကဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် ယနေ့တွင် ကျ ရောက်သည့် အလုပ်သမားနေ့ ဆောင်ပုဒ် အဖြစ် “လုပ်သားထုရဲ့သွေးစည်းသံ တစ်ချီတည်းရုန်းပြီးအောင်ပွဲခံ” ( United Voice Workers Fight For Federal Future) ဟုသတ်မှတ်ထားကြောင်းသိရသည်။ https://www.facebook.com/MizzimaDaily/ photos/a.320351647 999747/6655150381186477/

၁၈။   ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီက UN တံဆိပ်ဖြင့် စားနပ်ရိက္ခာတင်ပို့မှုရှိ
        May 1, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့သည် စားနပ်ရိက္ခာတင်ပို့သောကားတွင် ကုလသမဂ္ဂ (UN) ရဲ့ အမှတ်တံဆိပ်တွေ တပ်ပြီး သယ်ယူ ပို့ဆောင်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့များသည် မြေပြင်မှ တပ်သားများထံ စားနပ်ရိက္ခာများကို တင်ပို့ရန်အတွက် UN အမှတ်တံဆိပ်တပ်ပြီး ပင်လောင်းမြို့နယ် တွင်းမှ ဖယ်ခုံမြို့နယ်သို့ ကားဖြင့် သယ်ယူပို့ဆောင်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ပရဟိတ ပြုလုပ်နေသည့်သူက ပြော သည်။ “ ယူသုံးနေတာတော့ ဟုတ်တယ်။ သူတို့ UN ကားတွေကို အလွှဲသုံးစား လုပ်လိုက်တာလား။ သပ်သပ်လုပ်တာ လားမသိ ဘူး။ UN ကားတွေ ဆင်းသွားတာတော့ တွေ့လိုက်တယ်။ UN ကားဆိုပြီး သီးသန့်ရှိတယ်။ သူတို့ ကားနံပါတ်ပြား က UN က ထုတ်ပေးထားတဲ့ နံပါတ်တွေနဲ့ပဲ။ ပြီးတော့ ရိုးရိုးကားဆိုရင် တံဆိပ်တွေ ကပ်တာ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။ ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေး လာခိုလှုံသည့် ဒေသဖြစ်သည်။ ထိုကြောင့် ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ ပေးရန် အတွက် UN အဖွဲ့စည်းများက တည်ရှိထားသည်။

အလားတူ UN တပ်ဖွဲ့ကားဖြင့် ဖယ်ခုံမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ပို့မှုရှိနေကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ “ ကျနော်တို့ ဟိုနေ့က UN တံဆိပ်နဲ့ ကားတွေလာနေတာတော့တွေ့တယ်။ အထဲမှာ စစ်ကောင်စီတွေပါတယ်။ သူတို့ ရိက္ခာတင်လာတာ တွေ့တယ်။ ကျနော်တို့တော့ ပြည်သူတွေအတွက်ပဲ စိုးရိမ်တာပါ။ မသိဘဲနဲ့ သူများလာထောက်ပံ့တယ်ဆိုပြီးသွားမှာ စိုးရိမ်မိတယ်” ဟု ၎င်းက ပြောသည်။  “ ပင်လောင်းမှာတော့ စစ်ဆေးရေး ဂိတ်တွေက တော့ စစ်ဆေးရေးတင်းကြပ်တယ်။ ဆန်အိတ်တွေတင် တဲ့ကားတွေဆို ပိုပြီးစစ်တယ်။ အရင်ကတော့ စစ်ဆေးပြီး ရစ်တာပေါ့။ အခုကတော့ ပိုက်ဆံပေးတတ်ရင် သွားလာလို့ရနေပြီ”ဟု ပင်လာင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။ ကုလသမဂ္ဂ UN ၏ အမှတ် တံဆိပ်များကို အသုံးချပြီး စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားနေသည်ဆိုသည့် ကိစ္စကို UN အနေဖြင့် စုံစမ်းစစ်ဆေးပေးရန် လန်ဒန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Myanmar Accountability Project (MAP) က တောင်းဆိုလိုက်သည်။ https://bur mese.shannews.org/archive s/34445
 
၁၉။   ချောင်းရေတိမ်ကောလာသောကြောင့် ပူတာအို မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိ
        May 2, 2023

ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်ချောင်းရေတိမ်ကောလာသောကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများ တွင် လျှပ်စစ်မီး ၂ ရက်ခြားတစ်ကြိမ်သာ ရရှိတော့ကြောင်း ပူတာအိုမြို့ ဒေသခံများထံမှ သိရသည်။ ပူတာအိုမြို့တွင် ယခင် ရပ်ကွက်၊ ကျေးရွာအလိုက် အလေ့ကျစနစ်ဖြင့်သာ မီးရရှိသည့်အချိန်တွင်လည်း ည ၁၀ နာရီမှ ည ၁၁ နာရီတွင်သာ မီးပေးလျက် ရှိသည့်အပြင် ဧပြီလမှစပြီး ၂ ရက်မှတစ်ကြိမ်သာ မီးရရှိနေသည့်အတွက် လျှပ်စစ်မီးကို လုပ်ငန်းသုံးနှင့် မီးဖိုချောင်သုံးအတွက် အားထားရသည့်ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။

“ပူတာအို EPC ကတော့ ပြောလည်းမပြောချင်တော့ဘူး မီးကလာခြင်တဲ့ခါလာတယ် လာရင်လည်း ခနဆိုပျက်ပြီ။ တခါတလေဆို ည ၁၁ နာရီလောက်မှလာတယ်ဘယ်သူမှအဲ့ချိန် မီးမသုံးဘူး။ ပြီးရင် မိုးမလင်ယးသေးဘူးပျက်သွားပြီ”ဟု ပြော သည်။ ပူတာအိုတစ်မြို့နယ်လုံးအား အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ပုံမှန်အားဖြင့် စက်သုံးလုံးလည်ပတ်နိုင်မှသာ တစ်မြို့နယ်လုံးကိုအချ်ိန်ပြည့်မီး‌ပေးနိုင်ကြောင်း သိရသည်။ သို့သော် လက်ရှိ နမ့်ထွက်ချောင်း ရေသည် ရာသီဥတုအပြောင်းအလဲကြောင့်ရေတိမ်ကောလာသဖြင့် လျှပ်စစ်မီးပုံမှန်မဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်ဟု ပူတာအိုမြို့ နယ် EPC မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ https://burmese.kachinnews.com/2 023/05/02/az1-188/

၂၀။   CTUM ဦးဆောင်၍ကရင်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား ပထမဦးဆုံး               အကြိမ်ပြုလုပ်
       May 1, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ဦးဆောင်၍ ယနေ့ကျရောက်သည့် (၁၃၃) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့( May day) အခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တစ်နေရာတွင် ပထဦးဆုံးအကြိမ်ကျင်းပပြုခဲ့ကြောင်းသိရသည်။ အလုပ်သမားများအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည့် အလုပ်သမားနေ့ ဖြစ်ပေါ်လာရပုံကို ပြန်လည် အမှတ်ရစေရန်နှင့် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ ဥက္ကဌ ဦးမောင်မောင်က”‌‌ ကျနော်တို့ အလုပ်သမားတစ်ဦးမှာ မေဒေး အတွက် ပေါ်လာတယ်ဆိုတာ တိုက်ပွဲအရသေကြေတာရှိတယ်။ ဆုံးရှုံးတာရှိတယ်။ ဒါကိုတိုက်ပွဲအရ တိုက်ပြီးမှပေါ်လာတယ်ဆို တာမမေ့ဖို့ရယ်။ အလုပ်သမား အခြေခံအခွင့်အရေး ရှိတယ်ဆိုတာ အလုပ်သမားတိုင်း ရသင့်ရထိုက်တယ်။ ဒါကိုပြန်လည် အသိ ပေးနိုးဆွပေးတယ်”ဟု အခမ်းအနား ပြုလုပ်ရခြင်း နှင့်ပတ်သက်ပြီး ပြောသည်။

(၁၃၃) ကြိမ်မြောက်ရှိပြီးဖြစ်သည့် မေဒေးနေ့အခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ လုံခြုံရေးအရ နေရာဒေသ မဖော်ပြလိုသည့် ယခုပြုလုပ်ကျင်းပရာ ကျေးရွာဒေသတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အလုပ် သမား အခွင့်အရေးနှင့်ပတ်သက်၍ သိရှိလာကြောင်း ယင်းဒေသခံများ ကပြောသည်။ ကျေးရွာတာဝန်ရှိသူတစ်ဦးက” အပြည် ပြည်ဆိုင်ရာမှာ (၁၃၃)ကြိမ်မြောက်ရှိပြီး။ ကျနော်တို့ရွာမှာဒါကပထမဆုံး အကြိမ်လုပ်တာပဲ။ အရင်က အလုပ်သမားအခွင့် အရေး နဲ့ ပတ်သက်ပြီးသိပ်မသိဘူ။ နိုင်ငံတကာမှာ ဘယ်လိုလုပ်နေလဲ။ မြန်မာနိုင်ငံမှာအခြေအနေဘယ်လိုရှိလဲမသိဘူ။ အခုအချို့ တော့ သိရှိရတယ်”ဟု ပြောသည်။ ယနေ့ပြုလုပ်သည့် အခမ်းအနားကို ကျေးရွာ အုပ်စုတာဝန်ရှိသူများ၊ ကရင်လူငယ်အစည်း အရုံး(KYO) တာဝန်ရှိ သူများ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ဥက္ကဌ ဦးမောင်မောင်နှင့် အခြားခေါင်းဆောင်များ၊ ဒေသခံများ စုစုပေါင်း လူဦးရေး ၄၀၀ နီးပါးပါဝင် တက်ရောက်ခဲ့ သည်။ https://kicnews.org/2023/05/ctum-%e1%80%a6%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1

၂၁။ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ကားတွေကို ငွေညှစ်၊ တောင်းသလောက်မပေးပါက ကားသိမ်းပြီးရောင်းစား
      May 2, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ကားတွေကို ဖမ်းဆီး စစ်ဆေး ငွေညှစ်နေရာ တောင်းသလောက် မပေးနိုင်ပါက ကားပါ သိမ်းယူ ရောင်းစားနေတယ်လို့ မြို့ခံ တစ်ဦးက မဲခေါင်သတင်းကို ဒီကနေ့ မေလ ၂ ရက်က ပြောပါတယ်။ စစ်သားတွေဟာ လွိုင်ကော်မြို့ပေါ်မှာတွေ့သမျှ ကားတွေကို တားဆီးစစ်ဆေး ငွေညှစ်နေပြီး တောင်းတဲ့ပမာဏ များလွန်းတာ ကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ငွေညှစ်တာပါ။ ပြီးတော့ ကယား တစ်ခွင်လုံးက ဟိုးအရင်ကတည်းက Without တွေပဲ စီးလာတာ။ အခုတော့ သူတို့က လမ်းမှာ တွေ့သမျှ ကားတွေကို တားပြီး လိုက်စစ်တယ်။ ပြီးရင် အကြောင်းမရှိ အကြောင်းရှာပြီး ငွေညှစ်တယ်။ တစ်ရက်အတွင်း ပေးရတာနော်။ မပေးနိုင်ရင် ကားဆုံး ပြီပဲ။ သူတို့က ကားကောင်းတွေကို ပစ်မှတ်ထားနေတာ။ ကားကောင်းတွေဆို သိမ်းသွားပြီးရင် ပွဲစားတွေနဲ့ ပြန်ချိတ်ရောင်း လုပ်နေတာ” လို့ သူကပြောပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ထဲမှာ လူငယ်တွေကို ဖုန်းတွေစစ်ပြီး တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပုံရိပ်ရှိမရှိ စစ်ဆေး ဖမ်းဆီး တာတွေ လုပ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ လက်ရှိ လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖြစ်တဲ့ BPDF လွိုင်ကော်တာဝန်ခံ မရွှန်းလဲ့ က ပြောပါတယ်။ https://www.facebook.com/MeKongN ewsMM/photos/a.373965523263 391/1219834712009797/

၂၂။    ကျိုက်ထိုတွင် စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် KRF သတိပေး
       May 2, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ လက် အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနှင့် သတင်းပေးများနှင့် ဝေးဝေးနေကြရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။ မေလ ၁ ရက်နေ့မှ စတင်ကာ စစ်ရေးအရှိန် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်သော ကြောင့် ကျိုက်ထိုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၄၃ ခုတွင်  ခရီးသွားများအပါအဝင် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ နားခိုရန် ခွင့်ပြုပေးထားသည့် တည်းခိုခန်းများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များအနီးတွင် မနေကြရန် နှင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်အား KRF အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ KRF အနေဖြင့် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်ရာတွင် ပြည်သူများအား ထိတ်လန့်စေချင်သည့်စိတ်မရှိဘဲ ပြည်သူများအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေလိုသောကြောင့် ကြိုတင်အသိပေးရခြင်းဖြစ်ကြောင်း KRF အဖွဲ့၏ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“ပြည်သူတွေအနေနဲ့ လိုက်နာဖို့ အထူးလိုအပ်နေတာကြောင့်ပါ။ အခုထုတ်ပြန်ချက်က ပြည်သူတွေကို ထိတ်လန့်စေချင် တာမျိုးမဟုတ်ဘဲ သွားသတိ လာသတိနဲ့ စကစ နဲ့ပတ်သက်တဲ့ အရာတွေနဲ့ အဝေးမှာနေဖို့ကို အဓိက ပြောချင်တာပါ။ ဘယ် ပြည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေချင်တာမျိုး မဖြစ်စေချင်လို့။ အဝေးကနေ အနယ်နယ်အရပ်ရပ်က လာရောက်လည် ပတ်နေတဲ့ ပြည်သူတွေအနေနဲ့သိရှိဖို့လည်းလိုအပ်ပါတယ်”ဟု KRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။ မွန်ပြည်နယ် ရှိ ကျိုက်ထို၊ ဘီလင်းနှင့် သထုံမြို့နယ်များတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီလက်အောက်ခံများကြား မကြာ ခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိရာ ယခု မေလ ၁ ရက်နေ့မှစတင်ကာ ကျိုက်ထိုမြို့နယ်တွင် KRF အဖွဲ့မှ စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ https://www .facebook.com/MizzimaDaily/photos/a.32035164799 9747/6657291354305713/

၂၃။    ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ယနေ့မနက်ပိုင်း လက်နက်ကြီးအချက်ရေ မြောက်များစွာပစ်ခတ်ခဲ့
        May 2, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို ယနေ့ (မေလ ၂ ရက်) မနက်ပိုင်း ၇ နာရီကျော်အချိန် မှာ လက်နက်ကြီးအချက်ရေ မြောက်များစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ “အနီးအနား တစ်ဝိုက်မှာလူထုတွေ သွားလာတဲ့နေရာပဲပေါ့ လက်နက်ကြီးပစ်တာက။ လူထုတွေ စစ်ရှောင်ရှိတဲ့နေရာပဲ။ ထိခိုက်မှု များများ စားစားတော့မရှိဘူး။ ထိခိုက်မိတဲ့သူလည်းမရှိဘူးပေါ့။ လက်နက်ကြီးက အလုံး ၂၀ ဝန်းကျင်လောက်ပစ်သွားတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့(စစ်ကောင်စီ) ဆက်တိုက်ပစ်တယ်ပေါ့နော ၇ နာရီဝန်းကျင်ကနေ ၁ နာရီ ၈နာရီနီးပါးလောက် ပစ်သွားတယ်။ သူတို့(စစ်ကောင်စီ) မပစ်ခင်မှာ ကင်းထောက်ဒရုန်းဝဲတယ် အကြာကြီးဝဲပြီးတော့ ပစ်တယ်။ တစ်ခါတစ်လေ ၇မိနစ်ခြားတစ်ခါ ပစ်တယ် တစ်ခါတစ်လေ ၄ မိနစ်ခြားတစ်ခါပစ်တယ် အဲ့မျိုးပေါ့နော။ တစ်လုံးချင်းပစ်တာလည်းရှိတယ် နှစ်လုံးဆက်တိုက် ပစ်တာလည်းရှိတယ်။” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

လူထုသွားလာတဲ့အချိန် လက်နက်ကြီးကျရောက်တာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း လူထုရှိရာနေရာကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံနေအိမ်၊ ဆိုင်ခန်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ မြို့နယ်အတွင်းမှာ ဒီကနေ့ အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီး KA၊ KNDF၊ PDF ပူးပေါင်းတပ်ကနေ လက်နက်ခဲယမ်းသိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1% 80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၂၄။   ဂွမြို့နယ်တွင် သက်တော်၈၀ ကျော် ဆရာတော်ကြီးတစ်ပါး သူခိုးကဓားဖြင့်ခုတ်၍ ပြင်းထန်ဒဏ်ရာရရှိ
       May 2, 2023

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိ ရွှေနန်းခိုင်ဘုရားတောင်ပေါ်တွင် တစ်ပါး တည်း သတင်းသုံးနေသည့် သက်ကြီးဆရာတော်ကြီးတစ်ပါးသည် ယနေ့နံနက်က သူခိုးထံ ဓားခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာ များရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဓားခုတ်ခံရသည့်ဆရာတော်ကြီးမှာ မြောက်ဦးဇာတိဖွား အသက် ၈၄ နှစ်၊ ဝါတော် ၂၅ ဝါရှိ သည့် ဦးကဝိန္ဒ(ခေါ်) ရွှေနန်းခိုင်ဆရာတော်ဖြစ်ပြီး တပ်မတော်အငြိမ်းစား လေထီးတပ်သားတစ်ဦးဖြစ် ကြောင်း ရဟိုင်ကူးတို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင် က ပြောသည်။ ယင်းဆရာတော်ကြီးသည် ရဟိုင်ကွင်းကျေးရွာမှ ၁ မိုင်ခန့်အကွာရှိ ရွှေနန်းခိုင်ဘုရားတောင်ပေါ်တွင် သတင်းသုံးနေစဉ် ယနေ့ မေလ ၂ ရက်၊ မနက်အစော ၃ နာရီခန့်တွင် အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လာရောက် ခိုးယူချိန် ရုန်းရင်းဆန် ခတ်ဖြစ်ပြီး ဓားဖြင့် အခုတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။ “ဒီနေ့မနက်ပိုင်း အရုဏ်ဆွမ်းသွားပို့တဲ့အချိန် ဆရာတော်ကြီး ဓားခုတ်ခံရပြီး လဲနေတာတွေ့ရတာပါ။ ဆရာတော် ကြီးက ရွှေနန်းခိုင်တောင်ပေါ်မှာ တစ်ပါးတည်းသတင်းသုံးနေတာ။ အဲဒါ သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ငွေ ၁၅ သိန်းကိုယူပြီး ဆရာတော် ကိုပါ ဓားနဲ့ခုတ်ခဲ့တာလို့ သိရတယ်” ဟု ပြောသည်။

ဆရာတော်ကြီးတွင် ဓားခုတ်ဒဏ်ရာကြောင့် လက်ဝဲဘက်ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာနှစ်ချက် ရရှိခဲ့သော်လည်း ရွာသား များစတွေ့ချိန်တွင် သတိလည်နေသေးသည့်အတွက် အဖြစ်အပျက်ကိုပြန်ပြောပြနိုင်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။ ဆရာတော်ကြီး၏ ပြောပြချက်နှင့် ဓာတ်ပုံအချို့ကိုတိုက်ဆိုင်စစ်ဆေးကြည့်ရာ ယခုဓားဖြင့်ခုတ်သွားသူမှာ ယခင်က ဂွမြို့မ ရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် ဒုတပ်ကြပ်ရဲနှစ်ဦးကို ဓားဖြင့်ခုတ်ပြီး ရှောင်ပြေးနေသည့် တရားခံပြေးတစ်ဦးဖြစ်နေကြောင်း ဦးစိုးဝင်းနိုင် ကပြောသည်။ အဆိုပါအမျိုးသားမှာ ဂွမြို့မရပ်ကွက်မှ အသက်(၃၀)ကျော်အရွယ် ဦးမြင့်ဇော်ဖြစ်သည်။ ဆရာတော် ကြီး၏ ငွေကျပ် ၁၅ သိန်းနှင့် ဖုန်းတို့လည်း သူခိုးထံ ပါသွားသည်ဟု ဆိုသည်။ https://bu rmese.narinjara.com/…/6450b 56f0e5a8963299e9c70

၂၅။   ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ကြိုးတံတားထိပ်၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူ လူငယ်တစ်                  ယောက်၏ အလောင်းတွေ့ရှိ
       May 1, 2023

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ကြိုးတံတားထိပ်၌ ယနေ့ နံနက်ပိုင်းတွင် လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာများ ဖြင့် သေဆုံးနေသူ လူငယ်တစ်ယောက်၏ အလောင်းအား ပစ်ထားသည်ကို တွေ့ရှိရကြောင်းဒေသခံများက ပြောသည်။ သေဆုံး သွားသူသည် အသက် ၂၀ နှစ်ကျော်အရွယ် လူငယ်အမျိုးသားဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ “အခု မနက်က မရှီကထောင် ကြိုးတံတားထိပ်မှာ သေနတ်နဲ့ အသတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း တစ်ခုတွေ့ ထားပါတယ်။ အသက်က ၂၀ ကျော်လောက်ရှိတယ်။ ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ မည်သူတို့၏ လက်ချက်ဖြင့် ပစ်သတ်ခံရကြောင်းကိုလည်း မသိရှိရသေးကြောင်း ဒေသခံက ဆိုသည်။

ဧပြီ ၃၀ ရက်နေ့တွင် ဖားကန့် ကုဠေမှော်ကျေးရွာတွင်လည်း အသက် ၃၀ နှစ်ကျော်အရွယ်ရှိ ဖျာလိုက်လံရောင်းနေသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုလို လက်သည်မပေါ်သည့် လူသတ်မှု များ မကြာခဏဖြစ်ပေါ်လျှက်ရှိပြီး စစ်ကောင်စီကလည်း အရပ်သားများအား ဖမ်းဆီးမှု များပြားနေသည့် မြို့ဖြစ်သည်။ https:// www.facebook.com/photo/?fbid=620905533406674&set=a.605896064 907621

၂၆။   ကျောက်မဲ-မိုင်းငေါ့လမ်းမှာ အရပ်သား  ၂ ဦး မီးရှို့သတ်ဖြတ်ခံရ
       May 1, 2023

ကျောက်မဲ-မိုင်းငေါ့လမ်း ပြောင်းခင်းတစ်နေရာမှာ အမည်မသိ အရပ်သား ၂ ဦး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့ရှိခဲ့ပါတယ်။ ရှမ်းမြောက် ကျောက်မဲမြို့နယ် ပိန်းစက်ရွာအနီးက ၄ မိုင်မှာ ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါ တယ်။ ပိန်းစက်ရွာမှ အမျိုးသမီးတစ်ဦးက “သူတို့အော်သံတွေ ကြားရတယ်။ ဘယ်သူက သူတို့ကို မီးရှို့လိုက်တာလဲတော့မသိ ဘူး။ အဲဘက်ကို ဘယ်သူမှသွားမကြည့်ရဲဘူး”လို့ ပြောပါတယ်။ နောက်ထပ် ရွာခံတစ်ဦးက “မနက်ပိုင်း သွားကြည့်တော့ အကုန် လုံး မီးလောင်သွားတယ် မိန်းကလေးလား ယောကျာ်းလေးလား ခွဲခြားလို့ မရတော့ဘူး”လို့ ပြောပါတယ်။ ကျောက်မဲမြို့နယ်မှာ မီးရှို့သတ်ဖြတ်ခံရတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒီနယ်မြေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA, SSPP နဲ့ စစ်ကောင်စီတို့ သွားလာလှုပ်ရှားတဲ့နယ်မြေ ဖြစ်ပါတယ်။ https:/ /www.facebook.com/photo/?fbid=5584879097 91811&set=a.404503215190282

၂၇။   အိန္ဒိယရဲ့ စစ်တွေဆိပ်ကမ်း မကြာခင်ဖွင့်လှစ်နိုင်
       May 2, 2023

ရခိုင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့်သီတင်းပတ်မှာ ဖွင့်လှစ် နိုင်ဖွယ်ရှိတယ်လို့ စစ်တွေအခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံးက ပြောပါတယ်။ ပြည်တွင်းသတင်းမီဒီယာအချို့နဲ့ ဒေသတွင်း အခြေစိုက် သတင်းမီဒီယာတွေမှာတော့ မေလ ၉ ရက်နေ့မှာ စစ်တွေဆိပ်ကမ်းဖွင့်လှစ်မယ်လို့ ရေးသားဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဆိပ်ကမ်းဖွင့်လှစ်မယ့် နေ့ရက်အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန် “လက်ရှိအချိန်ထိတော့ မေလ ၉ ရက်နေ့ ဖွင့်လှစ်ဖို့အဆင်ပြေပါတယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်တာမရှိသေးလို့ အတည်ပြုလို့ တော့ မရသေးပါဘူး” ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အရေးပါတဲ့ စစ်တွေဆိပ်ကမ်း စီမံကိန်းဟာ ၂၀၁၇ ခုနှစ် လောက်ကတည်းက ပြီးစီးနေတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေ အတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်ကနေတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်း ကနေဆက်သွယ်ဖို့ ရည်ရွယ်တဲ့စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အိန္ဒိယနဲ့ မြန်မာအကြား ၂၀၀၈ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးပြီး ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။ https://www.rfa.or g/burmese/news/india-sittwe-port-05022023033729.html

၂၈။    မန်တုံမြို့မှာ မှိုချဉ်စားပြီး အဆိတ်သင့်တဲ့ အမျိုးသမီး ၂ ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ဆေးရုံးပို့ဆောင်ရ
         May 1, 2023

ဧပြီလ ၃၀ ရက်က တအာင်းဒေသ မန်တုံမြို့တွင်းမှာ မှိုချဉ်စားပြီး အဆိတ်သင့်သွားတဲ့ အမျိုးသမီး ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဆေးရုံးမှာပို့ဆောင်ထားရတယ်လို့ မိုးသောက်ကြယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးနဲ့ ဆေးကုသခံယူနေတဲ့ အသက်(၁၃)နှစ်အရွယ်ကလေးငယ်ဟာ  မော်လုံကျေးရွာက ဇာတိ ဖြစ် ပြီး မန်တုံမြို့မှာလာရောက်နေထိုင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ မိုးသောက်ကြယ် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက “အသက်(၇၈)နှစ်အရွယ် အဖွားက အရင် ဆုံးသွားတယ်။ အမေဆုံးသွားလို့ သူ့သမီးကမန်တုံမြို့ကိုလာတယ် ဗိုက်ဆာတယ်ဆိုပြီး သူ့အမေစားခဲ့တဲ့မှိုကိုပြန်စားတော့ သူပါဆုံးသွားတယ်။ လိုက်စားတဲ့ ၁၃ နှစ်အရွယ်ကလေးက အချိန်မှီဆေးရုံပို့နိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ဆေးရုံမှာ ဆေးကုသခံယူနေတဲ့ အသက်(၁၃) အရွယ်ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ၎င်းက ပြောပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီး ၂ ဦးကို တစ်ရက်စီ မီးသဂြိုလ်မှာဖြစ်ပြီး ဒီနေ့ မေလ ၁ ရက်နေ့မှာ မေဖြစ်သူကို အရင်သဂြိုလ်မှာဖြစ်ပြီး မေလ ၂ ရက်နေ့မှ သမီးဖြစ်သူကို သဂြိုလ်မှာဖြစ်ပါတယ်။ https://www.facebo ok.com/photo/?fbid =558507386456530&set=pcb.558508136456455

၂၉။    ဆီဆိုင်မြို့နယ်မှာ ဆန်နဲ့မြေဩဇာ သယ်တာကို စစ်ကောင်စီတပ်က ဆက်ကြေးကောက်
        May 2, 2023

ဆန် နဲ့ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ သယ်ယူတာတွေကို စစ်ကောင်စီဂိတ်တွေက မတရား ငွေတောင်းနေလို့ အခက် အခဲတွေ့နေရတယ်လို့ ဆီဆိုင်မြို့နယ်မှ ဒေသခံ ကားသမားတွေကပြောပါတယ်။ စိုက်ပျိုးရေးအချိန် စတင်နေပြီဖြစ်လို့ ပြောင်းခြံ တွေအတွက် ဓာတ်မြေဩဇာ သယ်တာကိုလည်း မြို့အဝင်တွေမှာ ရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ PNO ပြည်သူ့စစ်ဂိတ်တွေက ပိုက်ဆံ တောင်းစားနေကြတယ်လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကပြောပါတယ်။ “ဓာတ်မြေဩဇာတွေ တစ်ခါသယ်ရင် အနည်းဆုံး ငါးထောင် တစ်သောင်းတော့ပေးရတယ်။ သူတို့တောင်းတာက တစ်သောင်းတောင်းတယ်။ PNO ဂိတ်က ဘာပဲတင်တင် တစ် ထောင် နှစ်ထောင်တောင်းတယ်။ စစ်ကောင်စီတွေက အများကြီးတောင်းတာ။ ကားမောင်းစားရတာလည်း မလွယ်ပါဘူးကွာ။” လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဓာတ်မြေဩဇာထဲမှာ ပုလဲဓာတ်မြေဩဇာတို့ ပိုတက် မြေဩဇာ တို့ပါရင် စစ်ကောင်စီက ပိုပြီးတောင်းတယ်လို့လည်းသူကပြောပါတယ်။

ဒါ့အပြင် ဆန်တွေကိုလည်း ငါးအိတ်နဲ့အထက်ကို စစ်ကောင်စီဂိတ်တွေက ပေးမသယ်တာကြောင့် အခက်အခဲကြုံရ တယ်လို့ အိမ်ဆိုင်ဖွင့်ထားတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဆန်သယ်တာ ငါးအိတ်ဆိုမလွယ်တော့ဘူး။ ငွေအများကြီးတောင်း တယ်။ နှစ်အိတ် သုံးအိတ်လောက်ဘဲရတယ်။အဲ့လောက်ဆို တစ်အိတ်ကို နှစ်ထောင်တောင်းတယ်။ ဆန်သယ်တာက ဆယ်အိတ် ကျော်ရင်ပေးမဖြတ်ဘူး။”လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကလည်းပြောပါတယ်။ ဆန်တွေကို ဆီဆိုင်မြို့ကနေ တောင် ဘက်အထွက်ကို သယ်ရင်သာ စစ်ကောင်စီက အိတ်အရေအတွက်နဲ့ ကန့်သတ်ပေမယ့် လွိုင်ကော်ဘက်နဲ့ ဆီဆိုင်မြို့နယ်တောင် ဘက်ကနေ မြောက်ဘက်ကိုသယ်လာတဲ့ ဆန်တွေကိုတော့ စစ်ကောင်စီက အကန့်အသတ်မရှိ ပေးသယ်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီက အဲ့ဒီလို ဆန်အိတ်သယ်တာတွေကို ကန့်သတ်တာ၊ လိုသလောက် ပေးမသယ်တာဟာ ကရင်နီပြည်ကို ရိက္ခာဖြတ်လိုတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ပအိုဝ်းလူငယ် ခွန်ကျော်ခေါင်း ကပြောပါတယ်။ စက်သုံးဆီ တွေသယ်ရင်လည်း တစ်ခါသယ်လျှင် အများဆုံး နှစ်ပီပါသာ စစ်ကောင်စီဂိတ်တွေက ပေးသယ်ပြီး ဂိတ်ကြေးကိုလည်း တစ်ပီပါ တစ်သောင်းတောင်းတယ်လို့ ရွာဖက်မှာ ဓာတ်ဆီ ဒီဇယ်ရောင်းတဲ့သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီနဲ့ စစ်ကောင်စီလက် အောက်ခံ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့တောင်ဘက်မှာ ဂိတ်ကိုယ်စီဖွင့်ပြီး ဒေသခံတွေဆီက ငွေကြေးတောင်းစားနေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ https://www.facebook .com/MeKongNewsMM/photos/a.373965523263391/121984082 5342519/

၃၀။   လှိုင်းဘွဲမြိုတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများပြုလုပ်
        May 1, 2023

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ လုံခြုံရေးရယူပေးမည်ဟု အကြောင်းပြကာ အတင်း အဓမ္မ ငွေကြေးကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း ရွှေဆိုင်များနှင့်နီးစပ်သူများအထံမှသိရသည်။ ရွှေဆိုင်တစ်ဆိုင်လျှင် ကျပ်ငွေ ၂၅ သိန်းနှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး ငွေပေးချေသည့် ဆိုင်များကိုသာ လုံခြုံရေးတာဝန်ယူပေးမည်ဖြစ် ကြောင်းနှင့် ငွေပေး ချေမှု မရှိသော ဆိုင်များကိုမူ ဖြစ်လာမည့် ပြဿနာများတွင် လုံခြုံရေး တာဝန်ယူပေးမည် မဟုတ်ကြောင်း စစ်ကောင်စီတပ်က ပြောဆိုခဲ့သည်ဟု ရွှေဆိုင်နှင့် နီးစပ်သူ လှိုင်းဘွဲမြို့ခံတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “ရွှေဆိုင်တွေက အခုချိန်မှာ ရောင်းရ တာမဟုတ်ဘူး။ သူတိုတောင်းတဲ့ သိန်းလေးဆယ်ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ ရွှေဆိုင်တွေက သူတိုသိတဲ့ လူနဲ့ သွားညှိတယ်။ သွားညှိပြီးတော့ နောက်ဆုံး နှစ်ဆယ့်ငါးသိန်းလို့ ကြားလိုက်ရတယ်။ ဒါမျိုး တစ်ခါမှလည်းမရှိဖူးဘူး”ဟု ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လှိုင်းဘွဲမြို့တွင် ယခုလို ရွှေဆိုင်များကို ငွေကြေး ကောက်ခံမှုသည် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ယခင်က တစ်ဆိုင်ကို ကျပ်ငွေ သိန်းလေးဆယ်ပေးဆောင်ရမည်ဟု ပြောဆိုခဲ့ရာမှ ရွှေဆိုင်ပိုင်ရှင်များ၏ ပြန်လည် ညှိနှိုင်းမှုအပြီး တစ်ဆိုင်လျှင် ကျပ်ငွေ (၂၅)သိန်းသာ ကောက်သွားသည်ဟု ၎င်း နီးစပ်သူက ဆက်ပြောသည်။ လှိုင်းဘွဲမြိုတွင် ရွှေဆိုင်ပေါင်း (၁၀) ဆယ်ဆိုင်ဝန်းကျင်ခန့်သာရှိပြီး ရွှေဆိုင်ကြီး ပေါင်း (၇)ဆိုင်ခန့်ရှိပြီး ကျန်ဆိုင် များမှ ဆိုင်ငယ်လေးများသာ ဖြစ်ပြီး ယခုလိုစစ်ကောင်စီ၏ ငွေကြေး အတင်းအဓမ္မကောက်ခံမှုကို မပေးနိုင်သည့် ဆိုင်များလည်းရှိကြောင်း မြို့ခံများက ဆိုသည်။ လှိုင်းဘွဲမြို့ခံ တစ်ဦးက ” သူတို့ကလက်နက်ရှိတော့ လုပ်ချင်တာလုပ်မှာဘဲ။ မြန်မာပြည်အနှံ့မှာ သူတို့လုပ်ချင် တာလုပ် နေတာဘဲလေ။ သူတို့ ရက်စက်ယုတ်မာမှုတွေ လက်နက်ရှိတိုင်း ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ အများ ကြီးဘဲ။ အခုဟာကလည်း မြို့မှာရှိတဲ့ မြို့မျက်နှာဖုံးတွေကို လုံခြုံရေးဆိုပြီး အတင်းအဓမ္မအနိုင်ကျင့် ငွေကြေး ကောက်ခံတာဖြစ်တယ်”ဟု ပြောသည်။ အလားတူ လှိုင်းဘွဲမြို့တွင်းရှိ ရွှေဆိုင်များကို ငွေကြေးများကောက်ခံပြီး‌ပါက ကုန်စုံဆိုင်ကြီးများကိုလည်း ယခုလို ငွေကြေး ကောက်ခံမှုများ ပြုလုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရွှေဆိုင်များနည်းတူ လုံခြုံရေး အကြောင်းပြကာ ကောက်ခံ သွားမည်ဟုလည်း သိရသည်။ https://kicnew s.org/2023/05/%e1%80%9c%e1%80%be%e1%80%ad%e1%80%af%e1 %80%84%e 

၃၁။    လျှပ်စစ်မီးပုံမှန်မရခြင်းကြောင့် ဆန်စက်လည်ပတ်နိုင်မှု မရှိဘဲ ဈေးကွက်အတွင်း ဆန်လိုသလောက် ဝယ်ယူ             နိုင်ခြင်းမရှိ

         May 2, 2023

ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် ဆန်ကြိတ်စက်တွေ သေချာမလည်ပတ်နိုင်ဘဲ ဈေးကွက်ထဲမှာ ဆန်လိုသလောက်ဝယ်ယူရရှိဖို့ အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကချင်ပြည်နယ် ဆန်စပါးကုန်သည်များအသင်းက သိရပါ တယ်။ သင်္ကြန်ကာလနောက်ပိုင်းမှာ ဆန်ကြိတ်စက်တွေ ပုံမှန်ဆန်မကြိတ်နိုင်တာကြောင့် ဆန်အထွက်နည်းပြီး ဈေးကွက်ထဲမှာ လိုအပ်သလောက်ဝယ်မရ ဖြစ်နေတယ်လို့ ကချင်ပြည်နယ် ဆန်ကုန်သည်များအသင်းရဲ့ တာဝန်ရှိသူ ဦးချစ်လွင်က ပြောပါတယ်။ “အဓိကအကြောင်းအရင်းက မီးကမမှန်ဘူး။ မီးကမလာတော့ စက်တွေကကြိတ်လို့မရဘူး။ ကြိတ်လို့မရတော့ ဆန်က အထွက် နည်းလာတာပေါ့နော်။ ဈေးကွက်မှာ လိုသလိုမရဘူးဖြစ်နေတာ။” လို့ ဆိုပါတယ်။ ဈေးကွက်ထဲမှာ လက်ရှိ ဆန်ဈေးမြင့်တက်မှု တော့ မရှိပေမဲ့ လျှပ်စစ်မီးပုံမှန်မရရှိဘဲ အခုလိုအနေအထားသာ ဖြစ်နေမယ်ဆိုရင် ဈေးကွက်ထဲမှာ ဆန် သလောက်မရရှိဘဲ ဈေးတက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ဦးချစ်လွင်က ဆက်လက်ပြောပါတယ်။

“ တက်ဖို့တာဆူနေတုန်းရှိတယ်။တက်တော့မတက်ဘူး။ တကယ်လို့သာ မီးပုံမှန်လေးနဲ့ဆိုရင်တော့ ပုံမှန်လေးပြန်ဖြစ် သွားမှာ။ ဒီတိုင်းဆက်သွားလို့ ရှိရင်တော့ ဈေးကွက်မှာ ဆန်ကလိုသလောက်မရဘူးဆိုရင်တော့ နည်းနည်းလေးတော့ တက်ချင် တဲ့သဘောရှိတယ်။” လို့ ဦးချစ်လွင်က သုံးသပ်ပါတယ်။ စပါးရှိပေမဲ့ ဆန်မကြိတ်နိုင်တဲ့အတွက် ကုန်သည်တွေအနေနဲ့ ဆန် လိုအပ်သလောက်ဝယ်ယူရရှိဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ကချင် ပြည်နယ်အတွင်းမှာ ငွေတိုးနဲ့ ချင်းတုံးဆန်တွေကတော့ တစ်အိတ်ကို ၆ သောင်းကနေ ၆ သောင်းခွဲ လောက်ရှိနေပြီး ပေါ်ဆန်း မွေး ဆန်ကတော့ ကိုးသောင်းကနေ တစ်သိန်း ၂ သောင်းကြားရှိနေတယ်လို့ သိရပါတယ်။ https://www.facebook.com/myi tkyinanewsjournal.mm/photos/a.182072622159000/ 1887255428307369/

၃၂။    တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်အလောင်းကို ၇ လကြာမှာ ပြန်တွေ့
        May 1, 2023

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် ကိုသန်းဇော်(ခ) အယ်ဘီရဲ့ အလောင်းကို ၇ လအကြာမှာ ပြန်တွေ့ခဲ့တယ်လို့ ရှမ်း တောင် ၁၀၀၈ တပ်ရင်း (SSRY) က ဒီနေ့ မေလ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။ ရဲဘော် ကိုသန်းဇော်(ခ) အယ်ဘီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှာ ရှေ့တန်းက တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး အလောင်းကို မနေ့ ဧပြီ ၃၀ ရက်မှာ ပြန်တွေ့ ခဲ့တယ်လို့ ဆိုပါတယ်။ အလောင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF BO2) နဲ့ ဆရာ/ဆရာမများက အလောင်းရအောင် ကူညီ ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com /photo/?fbid=558529363120999&set=p cb.558530673120868

၃၃။    ပင်လောင်း တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပြီး စစ်ရှောင်စခန်းများပါ တိုက်ခိုက်လာနိုင်ဟု PNDF KK             ကအသိပေး

         May 1, 2023

သျှမ်းပြည် ပင်လောင်း – ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် စစ်ရှောင်စခန်းများပါ တိုက်ခိုက် လာနိုင်ကြောင်း PNDF KK တာဝန်ခံတစ်ဦး အသိပေးချက်အရ သိရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှစပြီး ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို Mi 35 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၇ ရက်တွင် ဒီးမော့ဆို အနောက်ဖက် ခြမ်းဒေသရှိ စစ်ရှောင်စခန်းအပါအဝင် ဒေသခံ နေအိမ်ကိုလည်း လက်နက်ကြီး၊ တိုက်လေယာဉ်ဖြင့်ပါ စဉ်ဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အလားတူ ဧပြီလ ၃၀ ရက် နံနက်အစောပိုင်း ၅ နာရီအချိန်တွင်လည်း ပင်လောင်း – ဖယ်ခုံ နယ်စပ်ဒေသ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေရာ အနီးအနား တဝိုက်ရှိ စစ်ရှောင်စခန်းတွေပါ တိုက်ခိုက်လာနိုင်သဖြင့် သတိပြု နေထိုင်ရန် PNDF KK မှ တာဝန်ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ဆိုးတယ်ဗျ။ ပြင်းထန်နေသေးတယ်။ ရန်သူဖက်ကလည်း အင်အားထပ်တိုးလာမယ့် အနေအထားတွေ ရှိနေတယ်။ မနေ့တုန်းကလည်း တောင်မဲသင်းဖက်မှာ သူတို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ ဒီဖက်က စစ်ရှောင်နေရာတွေမှာလည်း အဲ့လိုမျိုး သူတို့လုပ်လာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အခု ပင်လောင်း၊ ဖယ်ခုံဖက်မှာ တိုက်ပွဲ နေ့တိုင်း လိုလိုဖြစ်နေတာ ၂ လ ကျော်နေပြီ”ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားသည့် ပင်လောင်း–ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီဖက်မှ အကျဆုံးများသဖြင့် ဒီထက်အင်အားဖြည့်တင်းလာနိုင်ခြင်းရှိသလို စစ်ရှောင် စခန်းတွေပါ တိုက်ခိုက်လာနိုင်သဖြင့် သတိပြုရန် ၎င်းက ထပ်လောင်းသတိပေးသည်။ “ဘယ်အချိန်သေမယ်ဆိုတာ မသိရတဲ့ ဘဝ မဟုတ်တော့ဘူး။ သိနေရတဲ့ ဘဝဖြစ်နေပြီ။ လောလောဆယ်တော့ သေမင်းလက်က ခဏသာလွတ်အောင် ပြေးနေရတာ ပေါ့ဗျာ”ဟု ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီသည် အရပ်သားများ ကို ကုသပေး နေသည့် ဆေးရုံ၊ ဆေးခန်းများအပေါ် (ဧပြီလ) အတွင်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ https://bu rmese.shannews.org/arc hives/34434