• Today is: Thursday, April 25, 2024

ဘီးလင်းမြို့နယ်ရှိ ရဲစခန်း ၂ခုအား တိုက်ခိုက်မှုကို TPDF ထုတ်ပြန်

Photo – TPDF

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၆ရက်၊ ၂၀၂၃။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရဲစခန်း (၂) အား မေလ (၆) ရက်နေ့တွင် Thaton People Defense Force နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းကို TPDF မှ ထုတ်ပြန်ထားပါတယ်။

ဘီးလင်းမြို့နယ်ရှိ ဝင်းကရဲစခန်းကို နေ့လယ် ၃နာရီဝန်းကျင်မှာ ၄၀ မမ အပါအဝင် လက်နက်ကြီး လက်နက်ငယ်များနှင့် ၂၆ မိနစ်ကြာတိုက်ခိုက်ခဲ့ကြပြီး ဘီးလင်းတောင်စွန်းရဲစခန်းကိုလည်း Drone Mission အနေဖြင့် ဗုံးသီး ၄လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဝင်းကရဲစခန်းကို တိုက်ခိုက်ရာတွင် ရဲတပ်သား ၂ဦး သေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ရပြီး ကျန်ရှိနေသည့် စာရင်းများကိုလည်း ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သထုံခရိုင်အတွင်းရှိတော်လှန်ရေး အင်အားစုများဖြစ်သော TPDF၊ PDF၊ PPDF-KD၊ KRF၊ ဘီးလင်း(ပကဖ) နှင့် ကျိုက်ထို(ပကဖ) တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရပါတယ်။