• Today is: Saturday, April 20, 2024

KNU ဒု ဥက္ကဋ္ဌ၏ ဖခင်နှင့် ညီဖြစ်သူကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီ ပြန်လွှတ်

ပုံစာ- KNU ဒု ဥက္ကဋ္ဌ ပဒိုစောဆဲဂေ (KNU)

ဖက်ဒရယ်ဂျာနယ် မြန်မာ။

မေလ ၁၅ရက်၊ ၂၀၂၃။

KNU ဒု ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ဖခင်ဖြစ်သူနှင့် ညီဖြစ်သူ စောသာဂေတို့နှစ်ဦးအား ယမန်နေ့ ညနေပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားခဲ့သော်လည်း ယနေ့တွင် ပြန်လည်လွှန်ပေးခဲ့ကြောင်း KNU နှင့် နီးစပ်သူထံမှ သိရပါတယ်။

ပဒိုစောဆဲဂေ၏ ဖခင်ဖြစ်သူနှင့် ညီဖြစ်သူအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၎င်းတို့နေထိုင်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စုရှိ ရေတွင်းကုန်ကြီးကျေးရွာတွင် မေလ ၁၄ရက်နေ့ ညနေပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

” အခုတော့ ပြန်လွတ်ပါပြီး၊ ကျန်တာကိုတော့ မသိရသေးဘူး” လို့ KNU နဲ့နီးစပ်သူတစ်ဦးထံမှ ပြောပါတယ်။

ပဒိုစောဆဲဂေ၏ ဖခင်ဖြစ်သူနှင့် ညီဖြစ်သူကို စစ်ကောင်စီမှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ရခြင်းကိုလည်း မသိရသလို မည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးရခြင်းကိုလည်း တိတိကျကျမသိရသေးပါဘူး။

ပဒိုစောဆဲဂေသည် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရခဲ့သူဖြစ်ပြီး KNU ကာကွယ်ရေးဌာန၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူနေတာ ဖြစ်ပါတယ်။