• Today is: Friday, March 29, 2024

လူထုနောက်မြီးဆွဲတဲ့ တော်လှန်ရေးခေါင်းဆောင်များမဖြစ်ဖို့

“လူထုနောက်မြီးဆွဲတဲ့ တော်လှန်ရေးခေါင်းဆောင်များမဖြစ်ဖို့”

– People’s Message | အတွေးအမြင်

မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံမှာ မြန်မာအပါအဝင် (၁၁) နိုင်ငံက ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပခဲ့ကြတယ်။ ဒီစာက ဒီပြိုင်ပွဲကို အသားပေးဖော်ပြချင်တာတော့ မဟုတ်ဘူး။

ဒါပေမယ့် ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေအနေနဲ့ လိုင်းပေါ်မှာကော မြေပြင်မှာပါ ကမ်ပိန်းတွေ တကူးတကပြုလုပ်စရာမလိုခဲ့ပဲ (စကစဘောမချန်နယ်တွေနဲ့ စကစထောက်ခံသူတချိုကလွဲပြီး) ပြည်သူတော်တော်များများက အာရုံမစိုက်ခဲ့ကြ အားမပေးခဲ့ကြတာဟာ ပြည်သူ့ဘွိင်းကော့(Boycott) အောင်မြင်ခဲ့တယ်လို ဆိုရမယ်။

ဒီ Boycott က အကယ်ဒမီပေးပွဲတုန်းကလို Boycott လုပ်ကြဖို အထွေအထူး တကူးတက မပြောခဲ့ကြတာမို လူထုက အလို အလျောက်တုန့်ပြန်လာကြတဲ့ Boycott လိုလည်းယူဆလိုရတယ်။ ဒါပေမယ့် ဒီ SEA Games ပွဲ Boycott ခံရတာနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာတွေ စဉ်းစားစရာရှိလာတယ်။

ဒါက လူထုရဲ့နိုင်ငံရေးရေချိန် တနည်းပြောရရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သပိတ်ခေါင်း ဆောင်တွေ ဦးဆောင်သူအစုအဖွဲတွေရဲ့ သိသိသာသာနှိးဆော်တိုက်တွန်းမှုမပါဘဲ အောင်မြင်ခဲ့တာမျိုးဟာ လူထုအနေနဲ့ တော်လှန်ရေးမှာ ပါဝင်နေသေးတယ်လို ဆိုနိုင်သလို စစ်အာဏာရှင်စနစ်ကို တတ်နိုင်သလောက်ဆန့်ကျင်နေသေးတယ်လို ယူဆလိုရတယ်။

ဒါပေမယ့် တခြားတဖက်မှာလည်း လူထုအနေနဲ့ စားဝတ်နေရေးနဲ့ သဘာဝဘေးအန္တရာယ်တွေအပါအဝင် စီးပွားရေးနိုင်ငံရေး ဖိနှိပ်ခံရမှုတွေကြောင့် ဒါမျိုးတွေကို အာရုံကိုမစိုက်နိုင်လို အားမပေးကြတာမျိုးလည်း ဖြစ်နိုင်တယ်လို စဉ်းစားစရာရှိလာပါတယ်။

ဒါက ဒီဆီးဂိမ်းနဲ့မှမဟုတ်ဘဲ တော်လှန်ကလစ်အားတွေ ထောက်ပိုအားတွေ သိသိသာသာလျော့ကျလာတာကိုလည်း သတိထားကြည့်ရင် သိနိုင်မှာပါ။ စကစရဲ့ဖိနှိပ်မှုတွေကြောင့် ကလစ်အားတွေကျတယ်လိုပြောလိုရပေမယ့် လူထုရဲ့စားဝတ်နေရေး အထွေထွေအကျပ် အတည်းတွေကြောင့်လိုပါ ထည့်ပြောရမှာဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ လူထုအနေနဲ့ တော်လှန်ရေးကိုစကတည်းကပါဝင်ခဲ့ကြ၊ တတ်နိုင်သမျှ တာဝန်ကျေခဲ့ ကျေနေကြဆဲဖြစ်တယ်၊ ခုထိလည်း ကြိုးစားပြီးတောင့်ခံထားကြတယ်။

ဒါကို လူထုဦးဆောင်တဲ့တော်လှန်ရေးလိုပြောပြီး လူထုအတွက်တာဝန်ခံထားတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ လူထုခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ လူထုရဲ့နောက်မြီးဆွဲမဖြစ်ကြဖို၊ လူထုကိုလိုသလိုအသုံးချပြီး တာဝန်ယူမှု တာဝန်ခံမှုတွေ မပျက်ကွက်ဖို၊ လူထုရဲ့ခံနိုင်ရည်အားကိုအသုံးချပြီး တော်လှန်ရေးကိုအချိန်ကြာကြာမဆွဲဆန့်ပဲ အမြန်ဆုံး အဆင့်လိုက် ပြီးစီးအောင်လုပ်ကြဖိုလိုပါပြီ။ လမ်းကြောင်းတွေလွဲနေခဲ့ရင် အမြန်ဆုံးလက်ခံ ပြန်လည်ပြင်ဆင်ကြဖိုနဲ့ ဒီတော် လှန်ရေးနဲ့ပြည်သူလူထုရဲ့ ခံနိုင်ရည်အားကို မစမ်းသပ်ကြဖို အထူးသတိချပ်စေချင်ပါတယ်။

သပိတ်တိုင်းမှာ လူထုပါခဲ့တယ်
ကမ်ပိန်းတိုင်းမှာ လူထုပါခဲ့တယ်
ကလစ်တွေနဲ့ထောက်ပိုမှန်သမျှမှာ လူထုပါခဲ့တယ်။
NUCC မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သိခွင့်မရခဲ့ကြပဲ NUG အသိအမှတ်ပြုရေးတိုင်းမှာ လူထုပါခဲ့တယ်
လူထုဟာ အရင်ကလည်းပါခဲ့တယ် .. အခုထိလည်း ဆက်ပါနေတယ် .. နောက်လည်းခံနိုင်ရည်ရှိသမျှ ဆက်ပါနေဦးမှာ ဖြစ်တယ်။

တော်လှန်ရေးတရပ်အောင်မြင်ဖိုဆိုတာ ခေါင်းဆောင်ကောင်းတွေရှိဖို အရေးကြီးသလို ခေါင်း ဆောင်တွေ အသုံးမကျလို့ ဖြစ်လာခဲ့တဲ့ ဘယ်ရလဒ်မျိုးကိုမဆို နောက်ဆုံးမှာ (လူထုကခံနိုင်ရည်မရှိတော့မှ တောင့်မခံနိုင်တော့မှ) ပြည်သူတွေမပါဝင်ကြလို့ ပြည်သူတွေက သွေးအေးသွားလိုဆိုတာမျိုးနဲ့ အပြစ်ဖို့ပြီး မိမိတို့ရဲ့တာဝန်ကိုခေါင်းမရှောင်ကြဖို အရေးကြီးပါကြောင်း …။