• Today is: Thursday, May 30, 2024

ပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 41, May 23, 2023)

၁။     နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး
        May 22, 2023

နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသောအမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း အမျိုးသားတာဝန်ထမ်းဆောင်ရင်း အသက် ပေးဆပ်ခဲ့သူ ရဲဘော် ၃၂ ဦးရှိခဲ့ပြီဟု ၂ နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက်အသက်ပေးခဲ့ကြသူများ၊ နွေဦးတော်လှန် ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမပေါ်ပေါက်ခင်က ပြည်မ၊တောင်တန်းဒေသမှ ချင်းအမျိုးသား အာဇာ နည်သူရဲကောင်းများအား အမှတ်ရဂုဏ်ပြုရန်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က မေလ ၂၁ ရက်နေ့ကို “ချင်းအမျိုးသား အာဇာနည်နေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။

မတူညီသော အချိန်၊ နေ့ရက်၊ ခုနှစ်များတွင် ကျဆုံးခဲ့ကြသော ချင်းအမျိုးသားအာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ဝင်ထဲမှ ပထမဦးဆုံးအသက်ပေးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို အစွဲပြု၍ ချင်းအမျိူးသားအာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် CNO ကသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၂၁ ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်စိုးမိုးနယ်မြေများတွင် ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက်လွှင့်ထူခြင်း၊ ဆုတောင်း အောက်မေ့ပွဲများကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက် ရည်စူး၍ကောက်ခံသောအလှူငွေများအား ပေးအပ်ခြင်း၊ ကျဆုံး အာဏာနည်များအားဂုဏ်ပြုအလေးပြုခြင်းများပြုလုပ်လေ့ရှိသည်ဟု CNO ကဆိုသည်။ CNO/CNDF အနေဖြင့် ချင်းအမျိုးသား လွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အရှိန်မဟုန် မပြတ်ဆထက်တပိုးထမ်းဆောင်သွားမည်ဟု ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများ၏ အမည်ကိုတိုင်တည်ရင်း သစ္စာဆိုကတိပြုသည်ဟု ချင်းအမျိူးသားအဖွဲ့ချုပ် ကထုတ်ပြန်ထားသည်။  https://www.facebook.co m/KhonumthungBurmese/photos/pcb.3430916923842992/34309 6800509671/

၂။    PNLO နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ RCSS က ပအိုဝ်းရွာ ၂ ရွာရှိ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနေ
      May 22, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်မှာ RCSS နဲ့ PNLO တိုက်ပွဲ ဖြစ်ပွားပြီးနောက် RCSS တပ်ဖွဲ့တွေက ပအိုဝ်း ကျေးရွာ ၂ ရွာရှိ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဟိုနမ့် ဒေသခံတွေက ပြောပါတယ်။ မေလ ၂၀ ရက်နေ့ မနက် ၄ နာရီခွဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ RCSS တပ်ဖွဲ့ဟာ မောက်မယ်မြို့နယ်၊ ဟိုနမ့်အုပ်စု၊ ထီဖက်နမ်ကျေးရွာ မြောက်ဘက် မှာရှိတဲ့ PNLO တပ်စခန်းကို လာရောက် တိုက်ခိုက်လို့ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။ အဲ့ဒီ တိုက်ပွဲ အပြီး RCSS တပ်ဖွဲ့တွေက နမ့်ယမ်နဲ့ လွယ်ခွင်ကျေးရွာတွေထဲကို ဆုတ်ခွါ တပ်စွဲပြီး PNLO တပ်ဖွဲ့ဝင်တွေ လိုက်မတိုက် ခိုက်နိုင်အောင် အဲ့ဒီ ရွာ ၂ ရွာက လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေ ဆုတ်လာတော့ အဲ့ဒီရွာထဲကို ဝင်နေတယ်။ ပြီးတော့ ရွာသားတွေကို တစ်ယောက်မှ ရွာအပြင် မပေး ထွက်ဘူး။ ရှောင်လည်း မပေးရှောင်ဘူး။ အကုန်ရွာထဲမှာပဲ နေခိုင်းတယ်။ ၂ ရွာစလုံးကလည်း ပအိုဝ်းရွာတွေ ဆိုတော့ ပအိုဝ်းတပ် ဖြစ်တဲ့ PNLO တွေလိုက်လာရင် သူတို့ကို ပစ်လို့မရအောင် ရွာသားတွေကို အကာအကွယ်ယူတဲ့ ပုံစံ လုပ်တာထင်တယ်” လို့ ဟိုနမ့် ဒေသခံ တစ်ဦးက ပြောပါတယ်။

RCSS တပ်ဖွဲ့ဟာ ရွာထဲကို ဆုတ်ခွါသွားပြီး အင်းအားဖြည့်တင်းကာ ရွာသားတွေကို အကာအကွယ် ယူထားတယ်လို့ PNLO တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောပါတယ်။ “ရွာသားကို ဒိုင်းသဖွယ် အသုံးပြုနေတာလေ။ ကျွန်တော်တို့က ပအိုဝ်းတပ် ဆိုတော့ ရွာထဲထိ လိုက်ပစ်ရင်လည်း PNLO က ပအိုဝ်းရွာကို ပြန်ပစ်နေတယ်ဆိုပြီး စွပ်စွဲမှာလေ။ အဲ့ဒါကြောင့် သူတို့ကို ရွာသား တွေကို အပြင်မပေးထွက်၊ တိုက်ပွဲလည်း မပေးရှောင်ဘဲ ရွာထဲမှာပဲ သူတို့စုထားတာပေါ့။ ရွာသားတွေကို ပြန်ပေးဆွဲ တယ်လို့ ပြောရမလား၊ ဓားစာခံ လုပ်တယ်လို့ ပြောရမလား အဲ့လိုသဘောပဲ” လို့ PNLO တပ်မှူး တစ်ဦးက ပြောပါတယ်။ မောက်မယ်မြို့ နယ်၊ မယ်ဟိုနမ့်ကျေးရွာအုပ်စုဟာ အရင်က PNO ပြည်သူ့စစ်နဲ့ PNLO တပ်ဖွဲ့တွေသာ ရှိတဲ့နေရာ ဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်ကစပြီး မြောက်ပိုင်းကနေ ဆုတ်ခွာလာတဲ့ RCSS က PNO ပြည်သူ့စစ်နဲ့ သဘောတူညီမှု ပြုလုပ်ပြီး ဝင်ရောက် လှုပ်ရှားနေတာဖြစ်ပါ တယ်။ ဟိုနမ့်အုပ်စုမှာရှိတဲ့ လွယ်ဆမ်စစ်၊ ပင်တခွါး၊ နမ့်ဟိတ် စတဲ့ PNO ပြည်သူ့စစ်စခန်းတွေမှာ RCSS က ၂၀၂၂ ခုနှစ် ကုန်ပိုင်း ကတည်းက ဝင်ရောက် တပ်စွဲထားပါတယ်။ RCSS နဲ့ PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်-NCA မှာ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.3739 65523263391/1230465594280042/

၃။    ရေဖြူရွာသား အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထား
       May 22, 2023

တနင်္သာရီမြို့နယ်၊ ရေဖြူရွာက အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီး ၁၀ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်၊ အခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ မနက် ၂ နာရီလောက်မှာ တနင်္သာရီမြို့အခြေစိုက် ခမရ (၅၅၇) က တပ်သားတွေ၊ ရေဖြူဗျူဟာကုန်းက တပ်သားတွေနဲ့ စရဖ အင်အား ၂၀ ခန့်က ရေဖြူရွာက နေအိမ်တွေမှာ ဝင်ရောက် ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကုန်စုံဆိုင်ပိုင်ရှင်၊ ထမင်း ဆိုင် ပိုင်ရှင်၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦး အပါအဝင် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး ၇ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ဟာ အသက် ၅၀ ဝန်းကျင် အရွယ်တွေ နဲ့ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။ တနင်္သာရီဒေသခံတစ်ဦးက “အဓိကက pdf တွေနဲ့ အချိတ်ဆက်ရှိ လို့ ဆိုပြီးတော့ ဖမ်းတာ။ ငွေညှိနိုင်ရင်တော့ တချို့ကို ပြန်လွှတ်ပေးမယ်ထင်တယ်။ ဘာလို့ဒီလိုပြောလဲဆို အဲလိုမျိုးသာဓကတွေ အရှေ့မှာရှိခဲ့တယ်။” လို့ ပြောပါတယ်။ အရင်က အဖမ်းခံခဲ့ရဖူးတဲ့အရပ်သားတွေကို စစ်ကောင်စီတပ်သားတွေက ကျပ်သိန်း ငါးဆယ်နဲ့ ညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားတွေထဲက ဒေါ်ချိုခိုင် ဟာ ဆေးတပ်ကြပ်ကြီးရဲ့ ဇနီးဖြစ်တယ်လို့လည်း  ဒေသခံတွေက ပြောဆို နေကြပါတယ်။ “  သူက တပ်ရင်းထဲမှာမနေဘူး။ ရွာထဲမှာ အိမ်ဆောက်ပြီးနေတာ။ ဘယ်တပ်ရင်းကဆိုတာ‌မသိရဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါဒေသခံ ၁၀ ဦးစလုံးကို ခမရ (၅၅၇) တပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပြီး ဘာ အကြောင်းကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ အခုနှစ် ဖေဖော်ဝါရီလကလည်း နှစ်ရက်အတွင်း ဒေသခံ ၂၂ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အမျိုးသမီး ၉ ဦးကို စစ်ကောင်စီတပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့တာတွေ ရှိခဲ့ပါတယ်။ တနင်္သာရီမြို့နယ်က ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ အများ အားဖြင့် စီးပွားရေးလုပ်ငန်းရှင် အသက်ကြီးပိုင်းတွေ ဖြစ်နေတာ အများဆုံးတွေ့ရပါတယ်။ ရေဖြူရွာက စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ဗျူဟာကုန်းရှိပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ရွာဖြစ်ပါတယ်။ http s://www.facebook.com/photo/?fbid=275046014913155&set=a.196212682796489

၄။    ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ (၆)ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေ
       May 22, 2023

မေလ(၁၄)ရက်နေ့ကနေ (မေလ၂၂)ရက်အထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ တောင်ပေါ်မှာ စစ်ကောင်စီ နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ၉ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက မေလ ၁၇ ရက်နေ့ကစပြီး ဒီကနေ့အထိ ၆ ရက်ဆက်တိုက် လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လေကြောင်းကနေ ပွိုင့် 5 နဲ့ ပစ်ခတ်တိုက်ခိုက်သလို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးသီးတွေ အသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။ “ ဒီမနက်အစောကြီး ၄ နာရီဝန်းကျင်လေယာဉ်လာသေးတယ်။ ဒီအပတ်ထဲမှာ လေယာဉ်က ၁၀ ခေါက်လောက် လာပစ်သွားပြီ။ လူကတော့ သိပ်မထိပါဘူး။ ဟိုးဖက်(စစ်ကောင်စီ) အကျဆုံးတော့ မသိဘူး ကျတော့ကျမှာပဲလေ။ သူ့ဟာ လေယာဉ်မှာတင်တဲ့ သေနတ်က ပွိုင့် 5ပေါ့။ နောက်ပြီးတော့မှ ပေါင် ၅၀၀ တန်လေးတဲ့ဗုံးသီးတွေချတယ်။ “ လို့ ကရင်နီပြည် အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာအပြင် အနီးနားကျေးရွာတွေထဲကိုလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း နဲ့ နေအိမ် (၁၁) လုံး ထိခိုက် ပျက်စီးသွားတာရှိတယ်လို့ သိရပါတယ်။ “ သူတို့ ပုံမှန်လာတာက မနက်အစောပိုင်း ပေါ့နော လူတွေ အိပ်မောကျနေတဲ့အချိန် မနက် ၃နာရီခွဲ ၄ နာရီဝန်း ကျင် ဒါမှမဟုတ်လို့ရှိရင်လည်း ညနေပိုင်း ၆ နာရီဝန်းကျင် လောက်လာတယ်။ ဒီကြားထဲမှာ အရေးပေါ်ရင် ပေါ်သလို နေ့ခင်းပိုင်း တိုက်ပွဲပြင်းထန်တယ်ဆိုလို့ရှိရင် တိုက်ပွဲနေရာတွေမှာ လာကြဲတာရှိတယ်။ ကျေးရွာတွေမှာ လာကြဲတာရှိတယ်။”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်တွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေလည်း နေ့စဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းတွေရဲ့ ထုတ်ပြန်ချက်အရ ရဲဘော် ၃ ဦး ကျဆုံးပြီး စစ်ကောင်စီဖက် ထိခိုက် ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။ https://www.facebook.c om/KantarawaddyTimes/photos/pcb.6160212854097 173/6160211984097260/

၅။   မိုင်းကိုင်မြို့မှာ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို SSPP တပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေပြော
      May 22, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ရန်လွယ်ကျေးရွာအုပ်စု ရန်လွယ်ရွာက အသက် ၅၀ အရွယ်  အမျိုးသားတစ်ဦးကို ရှမ်းပြည် တိုတက်ရေးပါတီ(SSPP)တပ်ဖွဲ့က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ ဦးကွီထွေး ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်တုန်းက တောထဲကို ကျွဲရှာဖို့ သွားရာမှာ SSPP တပ်ဖွဲ့တွေနဲ့တွေ့ပြီး မေလ ၂၁ ရက်မှာ အလောင်းဘဲပြန်တွေ့ခဲ့ တယ်လို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတစ်ဦးက “အဲဒီကွီထွေးက ကျွဲကျောင်းတာ။ အရင်တုန်းကဆို သူသွားပြီးပြန်လာတယ်။ အဲနေ့က သူရဲ့ခွေးဘဲ အိမ်ပြန်လာတာ။ ၂၀ ရက်ရောက်တော့ ရွာသားတွေက သူ့ကိုသွားရှာဖို့ လုပ်တဲ့အချိန်မှာ SSPP တွေက သွားခွင့်မပြုဘူး။ မနေ့မှ သူတို့မရှိတဲ့ အချိန် တစ်ရွာလုံး သွားရှာတာ။ သူ့အလောင်းဘဲ သွားတွေ့တယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကွီထွေး ကိုယ်ပေါ်မှာတော့ လည်ပင်းနဲ့ ရင်ဘတ်မှာ သေနက်ဒဏ်ရာနဲ့ပစ်သတ်ထားတယ်လို့ ဆိုပါ တယ်။ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက “ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူကျွဲရှာဖို့သွားတာ။ သူတို့အဖွဲ့နဲ့ သွားတိုးတာနေမှာ။ အိမ်ကိုလည်း ပြန်မလာဘူး။ ဒီနေ့ရောက်မှ တစ်ရွာလုံး သွားရှာတယ်။ သူ့ရဲ့ အလောင်းဘဲ တွေ့ခဲ့တယ်။ အပစ်မရှိတဲ့ သူတွေကို သတ်ပစ်တာ လုံးဝမတရားဘူးလို့ “လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ SSPP ရဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မူးစိုင်းဖုန်းဟန်နဲ့ ဗိုလ်ကြီး သီဟရာဇာ ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ မေလ ၈ ရက်မှာ လဲချားမြို့ ဟိုနောင်းကျေးရွာအုပ်စု ပန်ဆိုင်နန်းရွာက ငါဖမ်းဖို့သွာတဲ့ ရွာသား ၁၂ ဦးကို SSPP တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ပြီး မေလ ၁၅ ရက်မှာ ပြန်လွှတ်ပေးလာတယ်လို့ ပြောဆိုဖူးပါတယ်။ https://www.fa cebook.com/photo/?fbid=571248 798515722&set=pcb.571249398515662

၆။    ပျောက်ဆုံးနေတဲ့ မွန်တပ်ဖွဲ့ဝင်ငါးဦး သုံးပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့သေး
       May 22, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တပ်ရင်း (၁၁)က ဗိုလ်ကြီး စောဘွဲ့မှူးရဲ့ ဖိတ်ခေါ်ချက်အရသွားရောက် တွေ့ဆုံပြီးနောက် အပြန်လမ်းမှာ နှစ်ကြိမ်တိုင်ချောင်းမြောင်းပစ်ခတ်ခံရတာကြောင့် လေးဦးသေဆုံးသွားသလို ပျောက်ဆုံးနေ တဲ့ တပ်ဖွဲ့ဝင်ငါးဦးကို သုံးပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)က ပြောပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီဒေသတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၁ ဦးဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း (၁၁)က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက်မနက်ပိုင်းမှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း နှစ်ကြိမ်ပစ်ခတ်ခံခဲ့ရတာပါ။ အဲဒီလိုပစ်ခတ်တာကြောင့် မွန်ပြည်ကာကွယ်ရေးတပ်က တပ်ခွဲမှူးတဦး၊ တပ်သား နှစ်ဦးနဲ့ အရပ်သားယာဥ်မောင်းတဦး သေဆုံးခဲ့ပြီး သေနတ်မျိုးစုံ ၉ လက် သိမ်းဆည်းခံခဲ့ရတဲ့အပြင် တပ်ဖွဲ့ဝင်ငါးဦးနဲ့ပါ အဆက်သွယ် ပြတ် တောက်သွားခဲ့တာ ဒီကနေ့အထိဖြစ်ပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF တွဲဖက်အတွင်းရေးမှူးကတော့ တပ်ဖွဲ့ဝင် တွေကို မြေပြင်မှာ စုံစမ်းရှာဖွေဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။ ” သူတို့ နယ်မြေထဲဖြစ်နေတော့ ကျနော်တို့ဘက်က လွတ်လွတ်လပ်လပ် လိုက်ရှာလို့လည်းမရဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို တွေ့ရလား၊ ဒါမှမဟုတ် အလောင်းကိုတွေ့ရလားဆို တာကို ရွာသားတွေကိုပဲ ဆက်သွယ်ပြီး လိုက်မေးနေရတယ်။ အသက်ရှင်ရက် ရှိသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မသေချာတော့ဘူး။ အရင်ကျသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းလည်း  ကျနော်တို့ ပြန်မရလိုက်ဘူး” လို့ သူကဆိုပါတယ်။

ပစ်ခတ်မှုအတွက် MSDF က KNLA တပ်ရင်း (၁၁)ရဲ့ တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲထားပြီး အခုလို ပစ်ခတ်မှုကို စုံစမ်းဖော် ထုတ်အရေးယူပေးဖို့ KNU ဗဟို၊ KNU တပ်မဟာ ၄ စစ်ရုံးတို့ကို ဆက်သွယ်ထားပေမယ့် တစုံတရာထူးခြားမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ ” KNU ဗဟိုရုံးကို ဆက်သွယ်အကြောင်းကြားတာ သုံးကြိမ်ထက်မနည်းရှိပြီ၊ ဘာမှ အကြောင်းပြန်မလာသေးဘူး၊ ခေါင်းဆောင်အပိုင်းတွေကိုလည်း ဖုန်းဆက်တာ မရဘူး။ တပ်မဟာ ၄ စစ်ရုံးကို ဆက်သွယ်အကြောင်းကြားတော့ တပ်မဟာ မှူးဆီ တိုင်ကြားစာ ပို့ပေးထားပြီးပြီလို့ မေလ ၆ ရက်နေ့ညက အကြောင်းပြန်လာတယ်၊ နောက်ထပ်တော့ ဘာမှအကြောင်းမပြန် သေးဘူး။ ဒါက သေမှုသေခင်းဖြစ်လို့ တာဝန်ရှိတဲ့သူတွေ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” လို့ MSDF တွဲဖက် အတွင်းရေးမှူးက ပြောပါတယ်။ ဒါ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ မေလ ၄ ရက်က အမျိုးသားညီညွတ်ရေး အစိုးရ NUG သမ္မတရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဆီ စာပို့ထားပြီး စာလက်ခံရရှိကြောင်း အကြောင်းပြန်ပေမယ့် အခြား တစုံတရာ ထပ်အကြောင်းပြန်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်း ကတော့ အခုလိုပစ်ခတ်ခံရပေမယ့် စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် KNU နဲ့ ဆက်ပြီးပူးပေါင်းလုပ်ဆောင် သွားမယ်လို့ မေလ ၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ သတင်းထောက်တဦးရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါ တယ်။ မွန်ပြည်ကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်တချို့ အခုလိုပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန် သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အခြားမွန်လူမျိုး တော်လှန်ရေးအင်အားစု ၃ ခုကလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=636764941829920&set=a.605723148267433

၇။    ဟားခါးမြို့ အဂ္ဂါပေ‌ဆေးခန်း ဆရာ၀န်တစ်ဦးနဲ့ သူနာပြု ၄ဦးကို စကစက ဖမ်းဆီး
       May 23, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့ ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော် အနီးရှိ အဂ္ဂါပေဆေးခန်းမှ ဆရာ၀န်တစ်ဦးနဲ့ သူနာပြု ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မေလ ၂၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။  “ညသံခေါင်ယံမှာ စကစ တွေက အဂ္ဂါပယ်ဆေးခန်းကို၀င်စီးကြတယ်။ ဘာကြောင့်အခုလို ၀င်စီးလဲဆိုတာ‌တော့မသိဘူး။ ဆရာ ၀န် တစ်ဦးနဲ့ သူနာပြု ၄ဦး ဖမ်းဆီးခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ည ၁၁ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် စစ်သားတွေက အဂ္ဂါပေဆေးခန်းကို ၀င်စီးပြီး ဆရာ၀န် Sicilia, သူနာပြု Henny, သူနာပြု Sianlun, သူနာပြု Hniang Sung နဲ့  သူနာပြူ J. Mawi တို့ ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါညတွင် အကြမ်းဖက်စကစတပ်ဖွဲ့က ဟားခါးမြို့တွင်း ဧည့်စာရင်းစစ်ခြင်း ပြုလုပ်ကြရာ ‌လူ ၂၀ ဦး ၀န်းကျင် ဖမ်းဆီးခံရတယ်လို့လည်း သိရပါတယ်။ https://www.facebook.com /photo/?fbid=754238760042080&se t=a.716654970467126

၈။    ဒေါကလိုးခူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေလို့ ဒေသခံတွေ               ထွက်ပြေးရ
       May 22, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဒေါကလိုးခူကျေးရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး  လက်နက် ကြီးနဲ့ ရမ်းကား ပစ်ခတ်နေတယ်လို့ BPDF တာဝန်ခံ မရွှန်းလဲ့ က မေလ ၂၂ ရက်မှာ ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။ “လွိုင်ကော် အ ရှေ့ဘက် ခြမ်းမှာ ည ၈ နာရီထဲက လက်နက်ကြီး ပစ်ခတ်နေတာပါ။ ဒီမနက်လည်း အသံ ထပ်ကြားပါတယ်တဲ့။တိုက်ပွဲ ကတော့ မရှိပါဘူး။ ဒေါကလိုးခူကျေးရွာမှာ တပ်စွဲထားပြီး အဲ့နားက လိုက်ပစ် နေတာ။ လက်နက်ကြီးကတော့ နေ့တိုင်း ပစ်နေတာပဲ။ ရမ်းသမ်း ပစ်နေတာ” လို့ မရွှန်းလဲ့က ပြောပါတယ်။ စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်စခန်း ရှိနိုင်တဲ့ နေရာတွေကို ကြောက်စိတ်နဲ့ ပစ်ခတ်နေတာဖြစ်ပြီး တစ်ခါ တစ်လေ အကြောင်းမဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မရွှန်းလဲ့က ဆိုပါတယ်။

“စစ်တပ်နဲ့ ပျူစောထီးတွေက သူတို့နားမှာ PDF တွေ ရောက်နေမှာ ကြောက်တယ်လေ။ ဆိုတော့ သူတို့ တပ်စွဲထားတဲ့ နေရာနားဆို ပတ်ဝန်းကျင်ကို ပတ်ပစ်တာပဲ။ ပစ်ရှင်းရှင်းတဲ့ သဘောပေါ့။ ဟိုတစ်ခါ ကျွန်မတို့ ပျူစောထီး တစ်ယောက်ဆီက သိမ်းရတဲ့ ဖုန်းထဲမှာဆို ဒီတိုင်း RPG နဲ့ ဘေးပတ်ဝန်းကျင်ကို လိုက်ပစ်နေတာ တွေ့တယ်။ လက်နက်အားကိုးနဲ့ ရမ်းကားတာပါ” လို့ သူက ရှင်းပြပြောဆိုပါတယ်။ ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် ရမ်းကားမှုတွေကြောင့် ဒေသခံ ပြည်သူ ၂ သိန်းကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပြီး အများစုစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါ တယ်။ https://www.facebook.com/MeKongNewsM M/photos/a.373965523263391/1230432647616670/

၉။    ဗန်းမောက် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများပြား
       May 22, 2023

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကြား ၄ ရက်တာ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ မေလ ၁၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလာသည့်အတွက် မေလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့အထိ သုံးရက်ဆက်တိုက် နေ့စဥ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု Banmauk Revolution BR တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ “ကြောင်လည်ဒေသတစ်ဝိုက်မှာ တိုက်ပွဲကဖြစ်နေတာ ၁၈ ရက်နေ့တည်းကပဲ ဖြစ်လိုက်နားလိုက်ပဲ နယ်မြေလုတဲ့ တိုက်ပွဲလို့ ပြောလို့ရပါတယ်။ ဝေဟင်သုံးတာက ၂၀ ရက်နေ့ကစကြဲတာ ဒီနေ့အထိကြဲတယ်။ ထိခိုက်မူတော့အခုထိ မသိရသေးဘူး ဒီ ၅ ရက်အတွင်း သူတို့ဘက်က မျက်မြင်အရတော့ ၆ ဦးကျတယ် ဝေဟင်သုံးတာဆိုတော့ အဲ့ထက်ကိုပိုများနိုင်ပါတယ်။ ကျနော်တို့ ဘက်ကတော့ တစ်ယောက်ပေးလိုက်ရတယ်”ဟု ဆိုသည်။ တိုက်ပွဲသည် ကြောင်လည်ဒေသတစ်ဝှိုက်ရှိ မံလူဒေသစိပ် ပါထွန်ရွာ၊ ပင်းခါးလမ်းဆုံရွာ အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည် ဟု သူက ဆက်ဆိုသည်။

မြေပြင်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ပစ်ကူခေါ်ခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်းတို့ ဆောင် ရွက်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရန် Banmauk Revolution-BR အဖွဲ့ က သတိ ပေးထုတ်ပြန်ထားသည်။ “တပ်စွဲနေထိုင်တဲ့ အနီးတစ်ဝိုက်ကို အပြတ်တိုက်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေကို တိမ်းရှောင် ပေးဖို့ သတိပေးထားပြီးသားမဟုတ်ရင် သူတို့ကကာဗာယူနိုင်လာတယ်”ဟုပြောသည်။ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား မကြာခဏတိုက်ပွဲပြင်းထန်လေ့ရှိခြင်းကြောင့် ကြောင် လည်၊ နားပင်၊ မံလူ၊ ပါထွန်နှင့်ကံကြီးကုန်း စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း ဒေသခံများထံမှသိရသည်။ https://burmese.kachinnews. com/2023/05/22/sm2-21/

၁၀။    ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ KA ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက် တိုက်လေယာဉ်နဲ့             ဗုံးကြဲ တိုက်ခိုက်
         May 22, 2023

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းအနီးတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ “ ကျနော်တို့တပ်နဲ့ စစ်ကောင်စီတပ်တိုးလို့ တိုက်ပွဲဖြစ်တာ။ သူတို့(စစ်ကောင်စီ) အကျ အရှုံးရှိမယ်ထင်တယ်။ သူတို့ လေယာဉ်အကူတောင်းတယ်နဲ့ တူပါတယ် လေယာဉ်က လာပြီးတော့ ကြဲတာ ၂ ခါလောက် ကြဲ တယ်ပေါ့နော။ အကျအရှုံးရှိလို့ပဲ လေယာဉ်ခေါ်တယ်လို့ပဲ သုံးသပ်ရတာပေါ့။ ကျနော်တို့ဖက်တော့ ပြဿနာမရှိဘူး ထိခိုက်ကျ ဆုံးမှုမရှိပါဘူး။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ ကရင်နီတပ်မတော်ဖက် ထိခိုက်ကျဆုံးမှု မရှိပေမယ့် စစ်ကောင်စီ ဖက်က အကျအဆုံးရှိနိုင်ပြီး အတိအကျကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

မွန်းလွှဲပိုင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃ နာရီအချိန်မှာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ် လို့ သိရ ပါတယ်။ စစ်ကောင်စီတပ်ဟာ ထိုင်း-ကရင်နီနယ်စပ်က တပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဖြည့်တင်း နေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က မကြာခဏ ဖြတ်တိုက်မှုတွေ ရှိနေပါတယ်။ ထိုင်း-ကရင်နီ နယ်စပ်တကျောမှာ စစ်ကောင်စီ တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီကာလ အတွင်း ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေဆီ ရိက္ခာပို့ဖို့အတွက် ကုန်းလမ်း အပြင် ရေကြောင်း၊ လေကြောင်း တွေပါ အသုံးပြုနေတာ ဖြစ်ပါတယ်။ မေလအတွင်းမှာ ကရင်နီပြည်နယ်အတွင်း၊ ရှမ်း- ကရင်နီနယ်စပ်ဒေသ၊ ထိုင်း-ကရင်နီ နယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ https://www.kan tarawaddytimes.org/%e1%80%91%e1%80%ad%e1%8 0%af%e1%80%84%e1%8 

၁၁။   ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၆၄ ဦးထဲမှာအရပ်သား၅၄ ဦးပါဝင်
        May 23, 2023

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ရာ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၄ ဦးမှာ အရပ်သားတွေ ဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က ပြောပါတယ်။  အာဏာ သိမ်းချိန်းမှ ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၇၀၀ နီးပါး ဖြစ်ပွားသလို လူပေါင်း ၄၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ICA ကမေလ ၂၂ ရက်မနေ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄ ဦးသေဆုံးရာမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး (၁၅ ရာခိုင်နှုန်း)သာ သေဆုံးကာအရပ်သား ၅၄ ဦး (၈၅ ရာခိုင်နှုန်း) သေဆုံးခဲ့တယ်လို့ ICA လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံ ကပြောပါတယ်။ “ဒါကို ကျွန်တော် ဥပမာတခု ပြောပြ ရမယ်ဆိုရင် ၂၀၂၃ ဧပြီလထဲမှာဖြစ်မယ်။ အဲဒီမှာ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဖြစ်တဲ့ CNDF ကနေမှ တပ်စခန်းကို သိမ်းပိုက်တာ၊ သူတို့က လေယာဉ်စစ်ကူကို တောင်းလိုက်တယ်။ လေယာဉ်စစ်ကူက သူတို့တပ်စခန်းကို သိမ်းခံရထားရတယ်ဆိုတော့ ရမ်းတမ်း ပြီး လာပစ်လိုက်တာပဲ။ တကယ့် တိုက်ပွဲဖြစ်တဲ့ နေရာက စခန်းမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဗုံးသွားကြဲတာက ဝေဘူလရယ်၊ ထန်တလန်ရယ်မှာ သွားကြဲတယ်။ ဘာမှ တိုက်ပွဲနေရာနဲ့ မဆိုင်ဘူး။ ဒါက စစ်ကောင်စီဘက်က အကျအဆုံးများလာရင် ဒေသခံ ပြည်သူတွေအပေါ်မှာ ပိုပြီးတော့ ရက်စက်လာမှုနဲ့ တိုက်ရိုက်အချိုးကျမယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း ၄၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အဦးပေါင်း ၁၄၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါ တယ်။  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ထန်တလန်မြို့နယ်မှာ ၁၆ ကြိမ်၊ မင်းတပ်မြို့နယ်မှာ ၁၃ ကြိမ်၊ ချင်း တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ၁၀ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခံရပြီး တခြားမြို့နယ်တွေ လည်း တိုက်ခိုက်ခံထားရပါတယ်။ “စစ်ကောင်စီက လေကြောင်းသုံးအပြုတိုက်ခိုက်မှုက ချင်းပြည် နယ်တခုထဲတင် များပြားလာ တာမဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ၂၀၂၃ နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပိုများလာတယ်။ ကျနော်တို့ သုံးသပ်ရသ လောက်ဆိုရင် စစ်ကောင်စီက လူအင်အားမလုံလောက်မှုရယ်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှု ပိုများလာတာ ရယ်ကြောင့် လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာတယ်”လို့ ICA မှ လက် ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံ ပြောပါ တယ်။  နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံ တကာ လူသားချင်းစာနာမှု ဥပဒေတွေကို အမြောက်အများချိုးဖောက်နေမှုကို ထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံးသင့် နေပြီးဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က တောင်းဆိုပါတယ်။  https://www.facebook.com/photo/?fbid=637406881765 726&set=a.6057231482 

၁၂။    ထားဝယ်မြို့က အဖမ်းခံရသူတစ်ဦး စစ်​ကြော​ရေးမှာ ​သေဆုံး
        May 22, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးဖြစ်သူ ကိုကျော်သူရကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ၂၀ ရက်နေ့မှာ သေဆုံးကြောင်း အကြောင်းကြားခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတွေက ပြောပါ တယ်။ ကိုကျော်သူရ ဟာ မေလ ၁၅ ရက်နေ့ ညနေပိုင်း အလုပ်က ပြန်လာချိန် ထားဝယ် မြို့ပေါ်မှာပဲ စစ်ဆေးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်းပြန်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဖမ်းခံရ တာက ၁၅ ရက်နေ့ ညနေဘက် ထားဝယ်မြို့ထဲမှာပဲ ဆိုင်ကယ်နဲ့သွားနေရင်း အဖမ်းခံရတာ။ ၂၀ ရက်နေ့ မနက်ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ သူ့အိမ်ကို အကြောင်းကြားလာတယ်လို့ ပြောတယ်။ အလောင်းရဖို့ သူ့မိသားစုဝင်တွေကတော့ အစ္စလာမ် လူမှုအသင်းအဖွဲ့တွေနဲ့ လိုက်ကြိုးစားကြည့်တယ်ပြောတယ်။ မရဘူးတဲ့ ဒီနေ့အထိလေ” အသက် ၃၀ ခန့်အရွယ်ရှိ ကိုကျော်သူရ ဟာ ထားဝယ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်လို့ ပြောလို့ရတဲ့ ဒေါင်းငူရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဘာအတွက် ကြောင့် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကိုတော့ မသိကြပါဘူး။

ကိုကျော်သူရ ဖမ်းဆီးခံရပြီးနောက် မေလ ၁၈ ရက်နေ့မှာ ထားဝယ်မြို့မြ ကိုးဦး ထပ်မံဖမ်းဆီးခံခဲ့ရပြီး သူတို့ကိုတော့ ထားဝယ်မြို့နယ်ရဲစခန်းမှာ မေလ ၁၉ ရက်နေ့ မနက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www. rfa.org/burmese/news/youth-death-interrogation-dawei-0522202306254 

၁၃။   မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး
       May 23, 2023

သျှမ်း – ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အဖေဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၂ ရက် နေ့လယ်ပိုင်းအချိန်၌ နေအိမ်သို့ ပြန်စဉ် လမ်းတွင် ၎င်းတို့ စီးလာသည့် ကား ပစ်ခတ်ခံရပြီး အသက် ၆၀ နှစ် ဦးအုန်းမြင့် (ခ) ဦးညိုကြီးသည် ညာဖက် ပုခုံးအောက် ကျည်ဆံထိမှန် ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။ “သူတို့ အိမ်ပြန်တဲ့အချိန် မိုးဗြဲမြို့ အကျော်မှာ ပစ်ခံရတာဗျ။ ဘယ်အဖွဲ့က ပစ်တယ်တော့ မသိရဘူး။ မိုးဗြဲမြို့ရဲ့ အကျော်နားဆိုတော့ တောထဲရောက်သွားတာ။ ဒဏ်ရာက တော့ လက်မောင်း၊ ဂျိုင်းပေါ်နားလေးမှာပေါ့။ ပစ်ခံရတဲ့တစ်ယောက်တော့ သိပ်မကြာခင်ဘဲ ဆုံးသွားတယ် “ ဟု လူမှုကူညီရေး အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းတို့ စီးလာသည့် ကားတစ်စီးနှင့် အတူ အမျိုးသားတစ်ဦး ထိခိုက်ပျက်စီး သေဆုံးမှု ရှိခဲ့သည်။

ယင်းကဲ့သို့ အရပ်သား စီးနှင်းလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်သည် ယခုလအတွင်း ပထမ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ သျှမ်း – ကရင်နီ နယ်စပ် တလျောက် တိုက်ပွဲပြင်းထန်နေသည့် ဒေသသီးသီးကို စစ်ကောင်စီ စစ်ကြောင်း ထိုးပြီး တပ်စွဲနေထိုင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှု အရှိန်မြင့်တင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူခြင်း မပြုရန် နှင့် မသွားလာကြရန် KNDF B-09 က (မေလ ၁၄ ) ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ လက်ရှိ မှာလည်း သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာ နယ်မြေ ဒေသတစ်ခု ဖြစ်ပြီးလက်ရှိ တိုက်ပွဲပြင်းထန် သည့် နေရာလည်း ဖြစ်သည်။ https://burm ese.shannews.org/archives/34884

၁၄။    ကျောက်ကြီးမြို့ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ
         May 23, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ မေ ၁၄ ရက်ကစပြီး ကျေးရွာပေါင်း ၄၈ ရွာက ရွာသားတွေ စစ်ဘေး ရှောင်နေရပါတယ်။ စစ်ကောင်စီဘက်က ခမရ-၅၉၉ ၊ ခမရ-၅၉၀၊ တပ်မ-၄၄ နဲ့ ခလရ-၈၄ တို့ ပါဝင်တဲ့ တပ်ပေါင်းစုက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ဒေသတွင်းရင်းမြစ် ဆီက သိရပါတယ်။ စစ်ဘေးရှောင် ၁၄,၂၀၀ ကျော်ရှိပြီး လက်ရှိမှာ ဘုန်းကြီးကျောင်းတွေနဲ့ တချို့က မိုးကာတဲထိုး နေကြသလို နီးစပ်တဲ့ ကျောက်ကြီးဒေသနဲ့ မုန်းဒေသတွေက ပရဟိတတွေ ကူညီပေးပေမဲ့ စစ်ဘေးရှောင် များလွန်းတဲ့အတွက် မနိုင်ဝန်ပိပြီး ရိက္ခာနဲ့ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ ဆိုပါတယ်။ KNLA တာဝန်ရှိသူတဦးက “’ပြည်တွင်းအလှူရှင်တော့ မရှိသေးဘူး။ မလှူရဲကြဘူး။ လှူရင် ဖမ်းဆီးတာတွေ စစ်ကောင်စီဘက်က လုပ်နေလို့ ဆန်တင်ပို့မှုတောင် မရဘူး။ ပြည်တွင်းပြည်ပ အသင်း အဖွဲ့​တွေလည်း စစ်ဘေးရှောင်တွေကို အဓိကကူညီပေးပါ”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်းရှိ လယ်ဝိုင်းကြီးကျေးရွာ၊ ပိုးလိုးနိုဖိုကျေးရွာနဲ့ ရန်မျိုးအောင်ကျေးရွာ ၃ ရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကျေးရွာထဲထိ စစ်ကြောင်းဝင်ကာ ရွာသားတွေကို ဖမ်းဆီးမှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်ကတည်းက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန်ထိ ကျေးရွာထဲ ပြန်မနေရဲသေးဘူးလို့ လည်း​ ဒေသတွင်းရင်း​​မြစ်တွေထံက သိရပါတယ်။ https://burmese.dvb.no/archives/594989

၁၅။    အိမ်ခြေ ၇၀၀ ကျော်ရှိ တိမ်ညိုစစ်ရှောင်စခန်းတွင် မုန်တိုင်းကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီး
         May 22, 2023

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်က တိမ်ညိုစစ် ဘေးရှောင်စခန်းတွင် ယာယီတဲအိမ် ၆၈၅ လုံးမှာ လုံးဝပျက်စီးသွားသဖြင့် အရေးပေါ်အကူညီများ လိုအပ်နေကြသည်။ တိမ်ညို စခန်းတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂,၈၆၂ ဦးရှိပြီး နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စခန်းအတွင်း ကျန်ရှိသည့် တဲအိမ်များ၊ တိမ်ညိုကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေထိုင် နေရသည်ဟု စခန်းတာဝန်ခံ ဦးစိုးနိုင် ကပြောသည်။ “အိမ်တွေက လုံးဝ ခိုင်ခံ့မှုမရှိသလို လေတိုက်နှုန်းလည်း အရမ်းပြင်းတော့ အကုန်လုံးပါသွားတယ်။ အခုအချိန်မှာ စားဝတ်နေရေးအဆင်ပြေဖို့ဆိုတာ မလွယ်ကူပါဘူး။ လူပေါင်း ၂,၀၀၀ ကျော်ကို ကျွေးမွေး ဖို့ဆိုတာ အဆင်မပြေဘူး။ အဲဒါကြောင့် အလှူရှင်တွေဆီကရသလောက်ကို ဒီမှာရှိတဲ့သူတွေ ဖြစ်သလိုစားသောက်ကြရတယ်။ စစ်ဘေးရှောင်တွေကလည်း ရတဲ့နည်းနဲ့စားဖို့အတွက် ဖြေရှင်းနေကြတယ်”ဟု သူကဆိုသည်။ နေအိမ်ပျက်စီးသွားသည့် စစ်ဘေး ရှောင်များမှာ ယာယီနေထိုင်ရေးအတွက် တာပေါ်လင်စ၊ ဝါး၊ ဓနိများ အရေးပေါ်လိုအပ်နေပြီး စားနပ်ရိက္ခာ၊ သောက် သုံးရေနှင့် ဆေးဝါးများလည်းလိုအပ်ကြောင်း စစ်ဘေးရှောင်များကပြောဆိုကြသည်။ “ကျနော်တို့မှာ တဲအိမ်တွေဖြစ်နေပေမဲ့ ဒါတွေ ပြိုပျက် သွားတဲ့အခါ ကိုယ်ထူကိုယ်ထနဲ့ တဖန်ပြန်ပြီး လုံးဝ မလုပ်နိုင်တော့ဘူး။ စားစရာမရှိတဲ့အတွက် ပူပင်ရသလို နေစရာမရှိတဲ့ အတွက်လည်း ဝမ်းနည်းရပါတယ်” ဟု နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင် ဦးလှမောင်သိန်းက ပြောသည်။

ယခင်ကပင် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေကြသည့် စစ်ဘေးရှောင်များမှာ မုန်တိုင်းကြောင့်လည်း စခန်း တစ်ခုလုံးနီးပါး ပျက်စီးသွားသဖြင့် ပို၍အခက်အခဲဖြစ်ရသည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းနေ ပလက်ဝမြို့နယ်၊ နမဒါကျေးရွာ မှ ဒေါ်လှခင်က ပြောသည်။ “အခုတော့ ကျမတို့မှာ ကိုယ့်ရွာသို့ သွားမယ်ဆိုရင်လည်း အိမ်မရှိဘူး။ ဒီမှာလည်း နေစရာမရှိတော့ ဘူး။ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ ကိုယ်ထူကိုယ်ထလည်း မဆောက်လုပ်နိုင်ဘူး။ အလှူရှင်တွေကိုပဲ မျှော်နေရပါတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သားကန်၊ ဘူးရွက်မညိုး စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံများမှာ  ၂၀၁၉ ခု နှစ်ဆန်းပိုင်း ကစပြီး လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။  https://www.facebook.co m/dmgnewsagency/photos/a.46667938348447 8/2592432270909168/

၁၆။    KNLA တပ်မဟာ ၁  ထိန်းချုပ်နယ်မြေရှိ ရွာချင်းဆက်လမ်းကို  စစ်တပ်က ထပ်မံဖျက်ဆီး
        May 23, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေ ထဲ က မဲရုံးလေးလမ်းကို မေ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလမ်းဟာ  အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်တဲ့လမ်းဖြစ်ပြီး စစ်တပ်က မနေ့ ညနေ ၄ နာရီလောက်မှာ ဘက်ဟိုး နဲ့ လမ်းကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မဲရုံးလေး၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ နတ်စင်၊ ကျောက်ဖျာ၊ ရွာသစ်၊ ခမောက်ခွေနဲ ကော်ကပ်ရွာတွေဟာ အဲဒီလမ်းကနေ ဆောင်နိုင်ကြီး ကင်မွန်းချောင်း ဘက်ပြန်ထွက်လို့ရတာကြောင့် အခုလို ဖျက်ဆီးတာဟာ အရပ်သားတွေ ထိခိုက်နစ်နာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ကျိုက်ထိုမြို့ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာနယ်မြေများရှိ ကျေးရွာချင်းဆက်လမ်း တွေကို ဒီနေ့အထိ ၃ နေရာလောက်ကို စစ်တပ်က ဖျက်ဆီးထား ပြီး အဲဒီလမ်းတွေဟာ အာရှလမ်းမကြီးနဲ့ ဆက်စပ်နေတယ်လို့လည်းသိရပါတယ်။ https://burmese.dvb.no/archives/594952

၁၇။    ပိတ်မိနေသည့် နန့်သာ ဒေသခံများ အကြမ်းဖက် နှိပ်စက်ခံနေရ
         May 22, 2023

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်ရှိ နန့်သာကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ထွက် ပြေးခွင့်မရလိုက်သော ဒေသခံအယောက် ၂၀၀ ကျော်သည် ကျေးရွာအတွင်း ပိတ်မိနေကာ နှိပ်စက်ခံရသူများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီ တပ်မ ၇၇ မှ အင်အား ၁၀၀ ကျော်သည် ကျေးရွာသို့ ဝင်ရောက် လာစဉ် နန့်သာကျေးရွာမှ လူဦးရေ ၁၅၀၀ ကျော်သည် ကျေးရွာပြင်ဘက်သို့ ထွက်ပြေးလွတ် မြောက်နိုင်ခဲ့သော်လည်း တချို့မှာ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “အခုရွာထဲပိတ်မိနေတဲ့သူတွေက အပြင်ထွက်လာရင်ရွာထဲကိုပြန်သွားရတယ်။ ပြန်မလာ ရင် သူတို့က ကျန်ရစ်တဲ့မိသားစုကို တစ်ခုခုလုပ်မယ်တို့ ပြန်မလာတဲ့သူတွေရဲ့ အိမ်ကိုမီးရှို့မယ်တို့ ခြိမ်းခြောက်ထားတာ အဲ့တော့ သူတို့က မပြန်လို့လည်းမရဘူး”ဟုနန့်သာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် လက်ရှိကျေးရွာတွင် ကျန်ရှိနေသူများကို အိမ်ထောင်စုအလိုက် နာမည်စာရင်း ကောက်ယူထားပြီး သတ်မှတ်ထားသော မနက် ၆ နာရီနှင့် ည ၅ နာရီ ထက်ကျော်လွန်ကာ ပြန်လာသူများကို ပြစ်ဒဏ်ပေးသည့်အပြင်  ပြန်မလာသူများ၏ မိသားစုဝင်များကိုနှိပ်စက်နေသည်ဟုသိရ သည်။

လက်ရှိ နန့်သာကျေးရွာအတွင်းကျန်ရှိနေသူများမှာ စစ်ကြောင်းကျေးရွာတွင်းသို့ဝင်လာသည့်နေ့က အလှူပွဲတွင် ရောက်နေသော သက်ကြီးရွယ်အိုအချို့ နှင့် မိသားစုဝင်များဖြစ်သည်။ “အဲ့နေ့က ကျွန်တို့ရွာမှာ အလှူရှိတယ်။ အဲ့မှာ လူကြီး လူငယ်ရောက်နေကြတာ စစ်ကြောင်းဝင်တာမသိလိုက်တော့အားလုံး ပိတ်မိကုန်တာ။ အဲ့နေ့မှာပဲ အားလုံးကိုတစ်ခါတည်း ခံဝန် ထိုးခိုင်းတယ် အမျိုးသမီးငယ်တွေလည်းပိတ်မိတဲ့ထဲပါသွားတယ်”ဟု နန့်သာကျေးရွာပြင်တွင် စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းသည် ပိတ်မိနေသော ပြည်သူများအနက်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများ ပြုလုပ်နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “အမျိုးသမီးတွေ ရေချိုးသွား ဘာသွားတောင်ကြောက်နေရ တယ်။ ဟိုနေ့ကလည်း အမျိုးသမီးငယ်လေး တစ်ယောက်ဝက်စားကျွေးပြီး ပြန်လာတာ စစ်သားတွေနဲ့တိုးပြီးဖမ်းသွားတာ မဒိန်း ကျင့်ခံရတယ်တဲ့ ပြန်မလာတော့ဘူး သတင်းတွေအမျိုးမျိုးကြားနေတော့ သူ့အဖေကအသက်ကြီးပြီ အဲဒါသူ့သမီးသတင်း ကြောင့် နှလုံးဖောက်ပြီး သေသွားတယ်။ ကျန်နေတဲ့အမျိုးသမီးလူငယ်တွေကိုလည်း ရွာထဲကလူတွေက လူလွတ်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အိမ်ထောင်ချပေးနေပြီး စစ်သားတွေကိုကြောက်လို့တဲ့”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြော သည်။ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သားများသည် အမျိုးသမီးငယ်များ အား မုဒိန်းကျင့်ပြီး ၎င်းတို့တပ်စွဲနေထိုင်သည့် စစ်တပ်သို့ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည်ဟု သိရသည်။ https://bu rmese.kachinnews.com/2023/05/22/az3-

၁၈။    ထီးလသူးခိုကျေးရွာမှာ ကလေးတွေယားယံမှုဖြစ်ပွားနေပြီး ဆေးကုသဖို့လိုအပ်
         May 23, 2023

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းဘက်ခြမ်းရှိ ထီးလသူးခို ကျေးရွာမှာ ကလေးတွေ မေလ တတိယပတ်ကစ ယားယံတာတွေဖြစ်နေပြီး ဆေးကုသမှုလိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ အဆိုပါကျေးရွာမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတာ ၂ နှစ်ကျော်ရှိနေပြီး ကျေးရွာက ကလေးတွေအပြင် ရွာမှာ စစ်လာရှောင်ကြတဲ့ စစ်ရှောင် ကလေးအချို့မှာလည်း ယားယံတာတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “အခု ကလေးတွေ ယားယံတာတွေ များလာတယ်၊ ရေကြည်ဖုလိုမျိုး၊ အရင်တစ်လောက ဝမ်းရောဂါဖြစ်တယ်”လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါ တယ်။ ဆေးရုံဆေးခန်းကို သွားရောက်ပြသနိုင်ဖို့အတွက်ကလည်း ကျေးရွာက ဒေသခံတွေအနေနဲ့ အခက်အခဲရှိကြတယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နွေရာသီကစ ရေရှားပါးမှုတွေ ကြုံတွေ့နေရတာဖြစ်ပြီး ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ယခင်က သိုလှောင်ထားတဲ့ မိုးရေတွေကိုအသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေရှားပါးတာကြောင့် ကလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်းမှာလည်း အားနည်းနေကြတာဖြစ်ပါတယ်။ “အဓိက သုံးတဲ့ ရေက မိုးရေ လောင်ကန်ပဲ ဒီဘက်မှာတော့ ရေတော့ ရှားတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ထီးလသူးခိုကျေးရွာမှာ အိမ်ခြေ ၄၀ ကျော်နဲ့၊ လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် ကျေးရွာမှာ လာခိုလှုံကြတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ရှိပြီး လက်ရှိ ယားယံ မှု တွေဖြစ်ပွားနေတဲ့ ကလေးတွေအတွက် ဆေးကုသမှုမရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ https://w ww.kantarawaddytimes.org/%e1%80%91%e1%80%ae %e1%80%b8%e1%80%9c%e1%80%9e%e1%80

၁၉။   စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သံတောင်မြို့ရှိ ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီး
        May 22, 2023

ကရင်ပြည်နယ်၊ သံတောင်(၁၃)မိုင်မြို့တွင် မေလ(၂၁)ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်(၃) အောက်ပိုင်းရှိ Sunday School ဘုရားကျောင်းနံရံများကျည်စထိမှန်ပြီး ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ကြောင်း သံတောင်မြို့ခံများမှ သိရသည်။ အဆိုပါနေ့နံနက်ပိုင်း(၉)နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်များသည် သံတောင်မြို့တွင်းသို့ အကြောင်းမဲ့လက်နက်ကြီး(၄)လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီး(၂)လုံးမှာ စိုက်ပျိုးခြံမြေများ အတွင်းကျ ရောက်၍ ကျန်(၂)လုံးမှာ Sunday School ဘုရားကျောင်းငယ်တည်ရှိရာ ကျရောက် ပေါက်ကွဲခဲ့သော်လည်း ကျောင်းတက်နေသူ မရှိ၍ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းက “လက်နက်ကြီး ကျည်စထိမှန်တဲ့ ကျောင်းက ဘုရားကျောင်းကြီးတစ်ခုအောက်မှာ ရပ်ကွက်အလိုက်သွားတဲ့ ဘုရားကျောင်းငယ် Sunday School တွေထဲက တစ်ခုပေါ့နော်။ တနင်္ဂနွေနေ့တိုင်း မနက်(၇)နာရီခွဲကနေ (၈)ခွဲအထိကျောင်းရှိပါတယ်။ များသော အားဖြင့်က အသက် (၁၆)နှစ် အောက် ကလေးလေးတွေပဲ တက်ကြတာများတယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရ သူမရှိသော်လည်း ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေကြရကြောင်း အဆိုပါ အမျိုးသမီးက ဖြည့်စွက် ပြောဆိုသည်။ ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ နံနက်ပိုင်း တွင်လည်း သံတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း မှ အင်အား(၂၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့က သံတောင်မြို့ခံ အမျိုးသား(၇)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ဟု စွပ်စွဲကာ လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သံတောင်မြို့ဘုရားကျောင်း တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါနေ့ ညနေ(၇)နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ https://kicnews.org/202 3/05/%e1%80%85%e1%80%85%e1%80 %ba%e1%80%80%e1%80%b1%e1%80%a 

၂၀။    မောင်းမကန်ရွာက ဖမ်းဆီးခံရတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ပြန်မလွတ်သေး
       May 22, 2023

လောင်းလုံးမြိုနယ်၊ မောင်းမကန်ရွာက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲဝင်တွေက လာရောက်ဖမ်းဆီးသွားတာ လေးရက်ရှိနေပြီ ဖြစ်ပြီး အခုထိပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁၉ ရက်က မယဥ်ဖူးပွင့် (ခေါ်) သမီးလေး ကို မောင်းမကန်ကမ်းခြေက မိသားစုပိုင်စားသောက်ဆိုင်မှာရှိနေချိန် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးခေါ်သွားခဲ့တာပါ။ “လူနာမည် ဆိုင်နာမည်အတိအကျနဲ့ လာဖမ်းတာပါ။ မောင်းမကန်ရဲစခန်းက ကားတစ်စီး လည်းပါတယ်။ အကုန် အရပ်ဝတ်နဲ့ပဲ” လို့မောင်းမကန်လမ်းခြေက ဒေသခံတစ်ဦးက ပြောပါတယ်။ မယဥ်ဖူးပွင့် ဟာ အွန်လိုင်း မှာ ဈေးရောင်း၊ ဝယ်တာကို လုပ်ကိုင်နေသူဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒေသခံက တော့ ထားဝယ်မြို့အဝင်ပေါက်တိုင်းတံတားဂိတ်မှာ လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စစ်ဆေးဖမ်းဆီးခံရပြီးနောက် သူ့ကိုပါ ဆက်စပ်ပြီး ဖမ်းဆီးတာဖြစ်တယ်လို့ ခန့်မှန်းပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒီကနေ့မနက်ပိုင်းအထိ သူကိုပြန်လွှတ်ပေးတာမျိုးမရှိသေးဘဲ ထားဝယ်ခရိုင်ရဲစခန်းမှာ ဆက် လက်ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း မောင်းမကန်ရွာက အသက်မပြည့်သေးတဲ့ အခြေခံ ပညာ ကျောင်းသူ မသဲရတနာထွေး ကို စစ်ကောင်စီတပ်ကဖမ်းဆီး ခဲ့ဖူးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အသက် မပြည့်သေးသူတွေကို ကလေး၊ သူငယ်ဥပဒေအရ ပေးရမဲ့ တရားရုံးအခွင့်အရေးတွေကိုမပေးဘဲ၊ လျစ်လျူရှုထားပါတယ်။ https: //www.facebook.com/photo/?fbid=275054788245611&set=a.196212682 

၂၁။    လာမည့် စိုက်ပျိုးရာသီအတွင်း ဆန်စပါးမစိုက်ပျိုးနိုင်ပါက စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ကြောင့် ကရင်နီ                စစ်ဘေး ရှောင်များ ရိက္ခာပြတ်တောက်မှုကို ကြုံတွေ့ရမည်
       May 23, 2023

ကရင်နီပြည်အတွင်း လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ ဆက်လက်အရှိန်မြင့်လာပြီး လာမည်စိုက်ပျိုး ရာသီ အတွင်း ဆန်စပါးစိုက်ပျိုးမှု မပြုလုပ်နိုင်ပါက စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာကို ကြုံတွေ့လာ နိုင်ကြောင်း ကရင်နီ လူ့အခွင့် အရေးအဖွဲ့ (KnHRG) ၏ ဒါရိုက်တာဖြစ်သူ ကိုဗညားက သုံးသပ်ထားသည်။ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို နှင့် ရှားတောမြို့နယ်များအပြင် ရှမ်း -ကရင်နီနယ်စပ်ရှိ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် မတ်လမှစတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေတာပဲဖြစ်သည်။ ထိုသို့ တိုက်ပွဲ များ ပြင်းထန်နေမှုသည် မကြာမီကျရောက်လာမည့် စိုက်ပျိုးရာသီအထိ ဆက်လက်ဖြစ်ပွားနေပါက ကရင်နီဒေသခံ တောင်သူ များအနေဖြင့် ဆန်စပါးမစိုက်ပျိုးနိုင်သည့် အပြင့် စစ်ကောင်စီတပ်၏ ဖြတ်လေးဖြတ် ဗျူဟာကြောင့် ပြည်မမှ ရိက္ခာသယ်ယူမှု များပါ ခက်ခဲလာနေခြင်း ဖြစ်သည်။ “လက်ရှိစစ်ရေးက အတော်လေး ပြင်းထန်လာတယ် မိုးဗြဲဘက်တွေမှာ တိုက်ပွဲကဖြစ်လာ တယ် အရင်က ဒီးမော့ဆိုဖက်ဘက်မှာ စပါးစိုက်နိုင်တယ် အထူးသဖြင့် ဒေါလျားခူဘက်မှာပေါ့ အခုက အဲ့တောင်ကြောမှာ စစ်တပ်က နေရာယူထားတော့ စိုက်ဖို့မဖြစ်နိုင်ဘူး၊ ဒီတလောကပဲ အဲ့ဘက်မှာ စပါးစိုက်ရအောင် ပြင်ဖို့သွားတဲ့သူတွေကို လက်နက်ကြီးနဲ့ပစ်လို့ ဒဏ်ရာရခဲ့တာ ရှိဖူးတယ်”ဟု ကို ဗညား ကပြောသည်။

စစ်ကောင်စီဘက်မှ ၆ မိုင်ကျေးရွာနှင့် လွိုင်ကော်အနီးတဝိုက်ရှိ ကျေးရွာများမှ တောင်သူများအား စိုက်ပျိုးရာသီတွင် ဆန် စပါးပြန်လာစိုက်ပျိုးရန် ဖိအားပေးမှုများရှိခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများအတွင်း ပစ်ခတ်သည့် မပေါက်ကွဲခဲ့သည့် လက် နက်ကြီးကျည်နှင့် မိုင်းများမှာ ကျေးရွာနှင့် လယ်ကွင်းများအတွင်း ကျန်နေသေးတာကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး ပြန်လုပ်ရန်လည်း ခက်ခဲနေသည်။ စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများအတွက် ရိက္ခာစုဆောင်းရန် ခက်ခဲလာကာ စစ်ကောင်စီမှ ရိက္ခာပို့လမ်းကြောင်းများကို ကန့်သတ်ထားမှုကြောင့်လည်း ဒေသခံများအတွက် ရိက္ခာလိုအပ်ချက်သည် ပြဿနာ တစ်ခုကဲ့သို့ ဖြစ်ပေါ်လာနိုင်နေသည်။ “အရင်ကတော့ အရှေ့ဖက်ခြမ်းနဲ့ ဖရူဆိုဘက်တွေမှာ စိုက်နိုင်သေးတော့ စစ်ရှောင်တွေက ၃ လစာ ၆ လစာ စုနိုင်သေးတယ် အခုက စိုက်ဖို့အတော်ခက်သွားပြီ နောက်တစ်ခုက ပြည်မဘက်ပေါ့ အဲ့ဖက်က တိုက်ပွဲတွေ ကြောင့် စိုက်ပျိုးရေး အခြေအနေက ဘယ်လိုရှိတယ် ကျနော်တို့မသိဘူး၊ နောက်ပြီး စစ်ကောင်စီက ဆန်ကားတွေကို လမ်းကနေ ဖမ်းတာရှိတယ်၊ ဒီမှာ တချို့ကတော့ ပြန်လွတ်လာတယ်ပေါ့၊ အဲ့တော့ UN အေဂျင်စီတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဘယ်လောက် ထိ ကူညီနိုင်မလဲ၊ ဒီကလူထုတွေကလဲ စုဆောင်းထားတာက ကုန်သလောက် ရှိနေတော့လေ”ဟု ကိုဗညားက ဆက်လက်ပြော ကြားသည်။ စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူအရေအတွက်သည် ၂ သိန်းကျော်ထိ ရှိနေပြီဖြစ်ပြီး  ကရင်နီပြည်တစ်ခုလုံး လူဦးရေ၏ သုံးပုံနှစ်ပုံ ပမာဏာဖြစ်ကာ ၎င်းတို့နေရပ်ပြန်နိုင်ရေးနှင့် စစ်ရှောင်ကာလများအတွင်း နေထိုင်စားသောက်ရေးအတွက် အရေး ပေါ် အကူအညီများ လိုအပ်နေဆဲဖြစ်သည်။ https://www.facebook.com/photo/?fbid=221409313984779&set=a.121 90 4670601911

၂၂။    ချီဖွေတွင် ကျောင်းပြောင်းကြမည့် သူများကို ကျောင်းအုပ်က ငွေကြေးကောက်ခံ
        May 23, 2023

ကချင်ပြည်နယ် ချီဖွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပြောင်းလက်မှတ်ရယူသော မိဘများထံမှ ကျောင်းအုပ်က ငွေကြေးကောက်ခံနေသဖြင့် ကျောင်းပြောင်းရန်အခက်အခဲဖြစ်နေကြောင်းသိရသည်။ မေလ ၂၃ ရက်နေ့မှစတင် ၍ ချီဖွေမြို့ပေါ်တွင် စာသင်ကျောင်းများစတင်ဖွင့်လှစ်ရန် အမည်စားရင်းကောက်ခံနေပြီး တခြားမြို့နယ်ဘက်သို့ ရွှေ့ပြောင်း ကြမည့် ကျောင်းသူ/သားများ ကျောင်းပြောင်းလက်မှတ်ရယူရာတွင် ငွေကျပ် ၅ သောင်း ကောက်ခံနေသည်ဟု ချီဖွေဒေသခံ တစ်ဦးကပြောသည်။ “ဒီနေ့က စပြီးကျောင်းလက်ခံနေပြီ။ ကျောင်းလက်ခံတာက ငွေကောက်ခံတာရှိမရှိတော့ သေချာမသိရ သေးဘူး။ ဒါပေမယ့် ကျောင်းပြောင်းလက်မှတ်ယူတဲ့သူတွေကိုတော့ ကျောင်းအုပ်က ၅ သောင်းယူတယ်လို့ ပြောတယ်။ အရင်နှစ် တွေက ရံပုံငွေလောက်ပဲ ကောက်တာကြားတယ်။ ဒီနှစ်က အဆမတန် ကောက်ခံနေတော့ မတတ်နိုင်တဲ့သူတွေက အချင်းချင်း ပြောဆိုနေကြတယ်”ဟုပြောသည်။

လက်ရှိ ကျောင်းပြောင်းလက်မှတ်ရယူသည့် မိဘပြည်သူများက ယခင်နှစ်ထက် ပိုမိုများပြားနေသလို ယခုလို ကျောင်း ပြောင်းများလာသည့်အတွက် ငွေကြေးကောက်ခံမှုလည်း ဖြစ်နိုင်သည်ဟု သူက သုံးသပ်ပြောထားသည်။ “ကြားရသလောက်က ဒီနှစ်က ကျောင်းပြောင်းယူတဲ့သူတွေများတယ်လို့ပြောတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီလို ၅ သောင်းအထိကောက်တော့ ကျောင်းသား မိဘတွေက တစ်ချို့က မတတ်နိုင်ကြဘူး။ ပိုက်ဆံရှိတဲ့သူတွေကြတော့ ဘာမှမပြောပေမယ့် တစ်ချို့က အခက်အခဲ ကြောင့် ပြောင်းရတဲ့သူတွေကြတော့ ငြီးနေကြတယ်”ဟုပြောသည်။ သို့သော် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ် ကြီး ကိုယ်တိုင်က ချီဖွေမြို့သို့ ပြောင်းရွှေ့လာစဉ်က ချီဖွေမြို့ အထက်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆရာ/မ ဝန်ထမ်း အားနည်းနေဆဲဖြစ်သောကြောင့် သီးခြားမြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့လိုသူများအနေဖြင့် ပြောင်းရွှေ့နိုင်ကြောင်း ပြောဆို ထားသည်ဟုသိရသည်။ ချီဖွေမြို့ အထက်တန်းကျောင်းတွင် နှစ်စဉ် ကျောင်းသား/သူ ၇၀၀ နှင့် ၈၀၀ ဝန်းကျင်အထိရှိပြီး ၈ တန်းမှ ၁၀ တန်းအထိ တက်ရောက်သည့် ကျောင်းသား/သူများ နည်းပါးကြောင်းလည်း သိရသည်။ https://burmese.kachinn ews.com/2023/05/23/yl1-75/

၂၃။    မိုးရာသီရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ အမိုးအကာ လိုအပ်မှုရှိ
        May 23, 2023

စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ ဝင်ငွေမရှိဘဲ အလှူရှင်တွေဆီက ထောက်ပံ့လှူဒါန်းတဲ့ရိက္ခာတွေကိုသာ အဓိက မှီခိုအားထားနေရတဲ့ စစ်ရှောင်တွေအဖို့ မိုးကာဝယ်ယူဖို့အခက်အခဲရှိနေပြီး၊ မိုးရွာတဲ့အချိန်ဆိုရင် အခက်အခဲပိုမိုကြုံ တွေ့ရတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခက်ခဲကြုံတွေ့ရပါ တယ်။ဘာဖြစ်လဲဆို ဒီလက်ရှိကာလမှာပေါ့နော် စစ်ရှောင်တွေဖြစ်တဲ့ အခါမှာပေါ့နော်၊ အလုပ်လက်မဲ့နေတဲ့အခါမှာ မိုးကာတွေ လဲ မဝယ်နိုင်ကြဘူးပေါ့နော်။ ဒါကြောင့် မိုးတွင်းကာလမှာ မိုးတွေတအားရွာတယ်။ မိုးတအားရွာတဲ့အခါမှာ ကျွန်မတို့လဲ မလုံခြုံ ဘူးပေါ့နော်။ မိသားစုတွေလဲ ထားထားတဲ့ပစ္စည်းတွေလဲမလုံခြုံဘူး။ ဆိုတာက စိုရွှဲနေတာ ခံရပါတယ်။ ပြီးတော့ စိုရွှဲနေတာထက် ဒီကျွန်မတို့ ဘယ်နေရာပဲသွားသွားဆို မလုံခြုံဘူးလေ။ ဘာဖြစ်လဲဆို ည အိမ်မှာက မိုးကာမလုံခြုံဘူးဆိုရင် ကိုယ့်တဲကိုပဲ ကိုယ် သတိရတယ်ပေါ့နော်။ အမိုးကာအကာမလုံခြုံတဲ့အတွက်ပေါ့နော်” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်း ခုခံတော်လှန်ရေးတိုက်ပွဲတွေကြောင့် မေလ (၂၁) ရက်နေ့မှာ ဆိုရင် ကရင်နီလူထုတွေ စစ်ဘေးရှောင်ကာလ နှစ်နှစ်တိတိရှိနေပြီဖြစ်ပြီး၊ တစ်ဖက်မှာလည်း အမိုးအကာ လိုအပ်နေဆဲဖြစ်ပါ တယ်။ မကြာခင် မိုးရာသီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ အမိုးအကာနှင့် နေစရာ ထိုင်ခင်းတွေ လိုအပ်မှုရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောဆိုကြပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) လူသားချင်းစာနာထောက်ထားမှု ကော်မတီမှ တာဝန်ခံ ဦးဗညားက “တကယ်လက်တွေ့က မြေပြင်လိုအပ်ချက်က အမိုးအကာပေါ့နော။ ဒီဟာကတော့ နေ့စဉ်နဲ့အမျှ လိုအပ်ချက်ဖြစ်တယ်ပေါ့နော။ ဆိုလိုရင်းအဓိပ္ပါယ်က မိုးရာသီပဲဖြစ်ဖြစ် ဆောင်းရာသီပဲဖြစ်ဖြစ် မိုးကာရဲ့သဘောသဘာဝရယ် ရာသီဥတုကြောင့်ပေါ့နော။ လိုအပ်ချက်ကတော့ ပုံမှန်ရှိနေတယ်။ နှစ်ကာလအပေါ်မူတည်ပြီးတော့မှ သုံးစွဲတဲ့အပေါ်မှာလည်း မူတည်တယ်။ အခုကလည်း လေပြင်းမုန်တိုင်းတွေ မထင်ရင်မထင်သလို တိုက်ခတ်တာရှိတယ်ပေါ့ ။ နောက်ပြီးတော့ မိုးခပ်ပြင်းပြင်းရွာတဲ့ချိန်လည်းရှိတော့ အမိုးအကာပျက်စီးသွားတာတွေ၊ ဆက်သုံးလို့အဆင်မပြေတော့တာတွေ၊ Camp တိုင်းတော့မဟုတ်ပေမယ့် တချို့ Camp၊ တချို့ နေရာတွေမှာ ကြုံရတယ်။ မိုးကာကတော့ အခက်အခဲကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဈေးနှုန်းက မြင့်လာတယ်ပေါ့။” လို့ ပြောပါတယ်။ ကရင်နီပြည်တွင်းက စစ်ရှောင်ပြည်သူတွေ အများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ရိက္ခာ သယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာနေရတာဖြစ်ပြီး ယခုနောက်ပိုင်းမှာ ပိုမို တင်းကြပ်လာပါတယ်။ ကုန်ဈေးနှုန်းမြင့်မားမှု၊ မိုးကာဈေးနှုန်း မြင့်မားမှုတွေကြောင့် စစ်ရှောင်တွေအနေနဲ့ လိုအပ်တဲ့ မိုးကာကို ဝယ်ယူနိုင်ခြင်းမရှိကြဘူးလို့ဆိုပါတယ်။ အလှူရှင်တွေဆီကနေ ထောက်ပံ့မှုကိုသာ အဓိက မှီခိုအားထားနေကြရတာဖြစ်ပါ တယ်။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်ရတဲ့ ဒေသခံပြည်သူ နှစ်သိန်းခွဲအထိရှိနေပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောဆိုကြပါတယ်။ https://www.kantarawaddytimes.org/%e 1%80%99%e1 %80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80

၂၄။   ရခိုင်မှာ ရေကတစ်ဆင့် ကူးစက်ရောဂါဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး
       May 22, 2023

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ် တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးလိုက်ပါတယ်။ စစ်တွေမြို့နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အပျက်အစီး အများဆုံးပဲလို့လည်း UNOCHA က မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ရေငံတွေဝင်ရောက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ရေငံတွေ စုပ်ယူနေရတယ်လို့ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်၊ ကျေးတောပိုက်ဆိပ် ကျေးရွာဒေသခံတွေက ပြောပါတယ်။ ရေရှားပါးလို့ ရေသန့်ဈေးတွေလည်း နှစ်ဆကျော်သုံးဆနီးပါး တက်လာတယ်လို့ စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ရွာခံ မနှင်းမိုးခိုင်က ပြောပါတယ်။ “မုန်တိုင်းမတိုက်ခင် ကျပ် ၆၀၀ သာပေး ရတဲ့ လီတာ ၂၀ ဆံ့ ရေသန့်ဘူးတစ်ဘူးက အခု ၁၅၀၀ ထိ ပေးဝယ် နေရတယ်။” မြန်မာနိုင်ငံက လူဦးရေ ၅.၄ သန်းဟာ မုန်တိုင်း ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အဲ့ဒီအထဲက ၃.၂ သန်းဟာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေ တယ်လို့ UNOCHA က မေလ ၁၆ ရက်နေ့မှာ ပြောထား ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မုန်တိုင်းဒဏ်သင့်သူအားလုံးအတွက် နှစ်ပတ်စာပေးမယ့် လူသားချင်းစာနာမှုအကူ အညီကအဆင်သင့်ရှိနေပြီး နေပြည်တော်မှာစစ်ကောင်စီနဲ့ ဆွေးနွေးတာကိုအခြေခံပြီး ဖြန့်ဖြူးရေးအစီအစဉ် အသေးစိတ်ကို မကြာခင်ထုတ်ပြန်မယ်လို့ UNOCHA ရဲ့ ကြေညာချက်မှာပါရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း ပံ့ပိုးဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ အမေရိကန် အစိုးရ ကလည်း ဆိုင်ကလုန်းကြောင့် ပျက်စီးသွားတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အမေရိကန်ဒေါ်လာနှစ်သိန်း ( မြန်မာကျပ်ငွေသိန်းလေးထောင်ကျော်)ကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးမယ်လို့ အမေရိကန်သံရုံးက မေလ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ https://ww w.rfa.org/burmese/news/unoc ha-warns-diseases-water-rakhine-05222023122332.html

၂၅။    မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများကို မူလသတ်မှတ်ရက်အတိုင်း ဖွင့်လှစ်မည်
        May 23, 2023

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာ စာသင်ကျောင်းတွေကို မူလသတ်မှတ်ထားတဲ့အတိုင်း ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အများအပြားမှာ အခြေခံပညာ စာသင်ကျောင်း ၂,၀၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ‌ပေမဲ့ အခြေခံပညာ စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရက်နဲ့ ကျောင်းစဖွင့်ရက်ကို ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့် လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ “မုန်တိုင်းကြောင့် ကျောင်းတွေ ပျက်စီး သွားတာတွေ ရှိရင်လည်း ပညာသင်နှစ် ကျောင်းအပ်လက်ခံရက်နဲ့ ကျောင်းဖွင့်ရက်ကို ပုံမှန်အတိုင်း မေလ ၂၃ ရက်နေ့ ကျောင်း အပ် လက်ခံပြီး ဇွန်လ ၁ ရက်နေ့မှာ ကျောင်းဖွင့်သွားမှာဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်တွေကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်။ ကျောင်းတွေကိုတော့ အမြန်ဆုံး ပြုပြင်နိုင်ဖို့ ကြိုးစားနေကြတယ်။ လုံးဝပြိုသွားတဲ့ ကျောင်းတွေကိုတော့ ယာယီကျောင်းဆောင် တွေဆောက်ပြီး စာသင်ကြဖို့ စီစဉ်ထားတယ်။” လက်ရှိမှာ ပြုပြင်လို့ရမယ့်ကျောင်းတွေနဲ့ လုံးဝ အသစ်တည်ဆောက်ရမယ့် ကျောင်းတွေကို စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းဆောင်တချို့ လုံးဝပြိုပျက်သွားတာကြောင့် ကျောင်းမှာစာသင်ဖို့ အခက်အခဲတွေရှိနေပြီး ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းအပ်လက်ခံဖို့ စီစဉ်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အလယ်တန်းကျောင်းအုပ်ဆရာတဦးက ပြောပါတယ်။ “ကျနော်တို့ကျောင်းမှာတော့ ကျောင်းဆောင်တဆောင်က လုံးဝကို ပြိုသွားတယ်။ ဘယ်လိုမှ ကျောင်းတက်လို့ မရတော့ဘူး။ ကျောင်းအပ်လက်ခံရမယ့် ရက်ကိုလည်း ရောက်ပြီဆိုတော့ လောလောဆယ် ကျေးရွာက ဘုန်းကြီးကျောင်းမှာပဲ လက်ခံဖို့ စီစဉ်ထားတယ်။ ယာယီအဆောင်ကတော့ အထက်ကညွှန်ကြားချက်ကို စောင့်ရဦးမယ်။” ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အခြေခံပညာစာသင်ကျောင်း ရာနှုန်းပြည့် ပျက်စီးခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း အများအပြား ပျက်စီးခဲ့ကြပါတယ်။ လက်ရှိမှာ စာသင်ကျောင်းတွေ ပြုပြင်နေတာ မတွေ့ရသေးဘဲ ကျောင်းတက်ရမယ်ဆိုရင် ယာယီအဆောက်အဦတွေ အရေး တကြီး လိုအပ်တယ်လို့ စစ်တွေမြို့ခံ ဦးသန်းဌေးက ပြောပါတယ်။ ရခိုင်ပြည် နယ်မှာ အခြေခံပညာ စာသင်ကျောင်းတေွ မူလ အတိုင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စီစဉ်ထားပေမဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြုပြင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။https://burmese.dvb.no/archiv es/594997

၂၆။    ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ
        May 22, 2023

ချင်းပြည်နယ် ဟားခါးမြို့ပေါ် Ketheibo ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က ဓားပြတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးလည်းဓားထိုးခံရမှုကြောင့် ဆေးရုံတင်ထားရသည်ဟုသိရသည်။ ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမ အောက် ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့နေအိမ်ကို ယနေ့မေလ ၂၂ ရက်နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ဓားကိုင်ဆောင်သော အမည်မသိလူ ၂ ယောက်က ဓားပြတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု The Chin Journal ကဖော်ပြသည်။ ထိုသို့ ဓားပြတိုက်ခံရစဉ်တွင် အိမ်ရှင်မိသားစုတို့မှ အော်ဟစ်အကူအညီတောင်းခံပြီးနောက် ကူညီရန်ရောက်ရှိလာသော အိမ်နီးချင်း ဦးကပ်ခေါမ် ကို ဓားပြတိုက်သူ ၂ ဦးက ဓားဖြင့်ထိုးခဲ့ရာမှာ လည်ပင်းတွင်ဒဏ်ရာရရှိပြီး ဆေးရုံသို့ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဓားပြတိုက်ခံရမှုကြောင့် ဦးဒုအွယ်တို့ထံမှ ကျပ် ၁၂ သိန်း၊ ဖုန်း ၃ လုံး၊ ရွှေစွဲကြိုး ၁ ကုံး နှင့် ရွှေလက်စွပ် ၁ ကွင်းလုယူခံ ရသည်ဟု သိရသည်။ ဓားပြတိုက်မှုဖြစ်ပွားသည့် ဦးဒုအွယ်တို့အိမ်နှင့် မလှမ်းမကမ်းအ‌ပေါ်ဖက်တွင် ခိုင်ကမ်းအားကစားခန်းမ တည်ရှိပြီး ယင်းအား ကစားခန်းမတွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့နောက်လိုက် ပျူစောထီးများ မကြာသေးခင် ရက်ပိုင်း က ဝင်ရောက်တ ပ်စွဲခဲ့ကြသည်ဟု သိရသည်။ အဆိုပါခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများတပ်စွဲလာပြီးနောက်ပိုင်း တွင် Ketheibo ရပ်ကွက်ထဲတွင် ကြက်ခိုးခံရမှုလည်း ဆက်တိုက်ဖြစ်ပွား‌နေသည်ဟုလည်းသိရသည်။ https://www.faceboo k.com/KhonumthungBurmese/photos/a.18114311357 91587/3430949387173079/

၂၇။   လေးဘေးသင့်ခဲ့သည့် ဗန်းမော်ခရိုင်အတွင်းက ကျေးရွာ ၄ ရွာတွင် လက်ရှိအချိန်ထိ ကူညီမည့်သူ မရှိသေး
       May 23, 2023

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက လေဘေးသင့်ခဲ့တဲ့ ကျေးရွာ ၄ ရွာကို  လက်ရှိအချိန်အထိ လာရောက်ကူညီသူတွေ မရှိသေးတဲ့အတွက် အကူအညီလိုအပ်နေကြတယ်လို့ သိရပါတယ်။  မိုခါမုန်တိုင်းဟာ မေလ ၁၄ ကနေ ၁၅ ရက်နေ့အထိ ဗန်းမော် ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ်ထဲက မိုင်းကုန်း၊ ဝထန်၊ ခက်မာ၊ အောင်နန်ကျေးရွာတွေဘက်  တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့  ပြောပြချက်အရ သိရပါတယ်။ လေဘေးသင့်ပြီး ၉ ရက် ကြာတဲ့ အထိ အကူအညီ မရသေးတဲ့အတွက် လက်ရှိအချိန်မှာတော့ ကိုယ်ထူကိုယ်ထ၊ တစ်နိုင်တပိုင် တတ်နိုင်တဲ့နည်းနဲ့ အိမ်အမိုးတွေ မိုးထားပြီး နေနေရတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ စားဝတ်နေရေးနဲ့ အိမ်ဆောက်နိုင်ဖို့အတွက် အကူအညီလိုအပ်နေသေးတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။ “အကူအညီကတော့ စောင့်နေဆဲပဲ။ ခက်တာကတော့ ရှိတယ်။ ကျနော်တို့ တစ်နိုင်တပိုင် နဲ့ အမိုးအဟောင်းတွေနဲ့ အမိုး မိုးထားတယ်။ ချေးငှားပြီး လုပ်ထားတယ်။ အရမ်းကောင်းအောင်တော့ မလုပ်နိုင်သေးဘူး။ တရား ဝင် ဝင်လာပြီး ကူညီတယ်ဆိုပြီး ကျွန်တော်တို့ဆီ အခုထိမရောက်သေးဘူး”လို့ ဒေသခံက ဆိုပါတယ်။ လေဘေးသင့်ခဲ့ချိန်က ရွာခံတွေအဓိက မှီခိုအားထားပြီး ဝင်ငွေရနေတဲ့ သစ်ကြားသီးပင်တွေနဲ့ မက်လင်ပင်တွေ တော်တော်များများ ပျက်စီးမှုထဲ ပါသွား တယ်လို့လည်း သိရပါတယ်။ ဒေသခံအများစုဟာ  အဓိကဝင်ငွေရရှိနေတဲ့ အပင်တွေ အခုလို ပျက်စီးသွားတဲ့အတွက်ကြောင့် ကလေးတွေ ပညာရေးအတွက် ကျောင်းထားဖို့ ခက်ခဲလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ https://www.myitkyinanew sjournal.com

၂၈။    မြဝတီ−မဲဆောက် အမှတ် ၁ တံတားတွင် ဖြတ်သန်းသွားလာသူထံမှ ငွေကြေးအဆမတန် တောင်းခံမှုများ                ပြုလုပ်နေ
       May 22, 2023

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတား ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံဘက်ခြမ်းရှိ ဂိတ်များ၌ ဖြတ်သန်းသွားလာသည့် လူများထံမှ ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်လျက်ရှိနေ ကြောင်း ဖြတ်သန်းသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။ ချစ်ကြည်ရေး တံတား၏ မြန်မာပြည်ဘက်ခြမ်း ဂိတ်ရှိ ရဲဝန်ထမ်းများနှင့် (လူဝင်မှုကြီးကြပ်ရေး-လဝက)တာဝန်ရှိ သူများက ထိုင်းနိုင်ငံ မဲဆောက်သို့ သွားလာမည့် ခရီးသည်များထံမှ နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) သိမ်းထားခြင်းနှင့် ရဲကြေးဟုဆိုကာ ပုံစံမျိုးစုံအကြောင်းပြချက်မျိုးစုံဖြင့် ငွေကြေး အဆမ တန်တောင်းခံမှုများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။ “မှတ်ပုံတင် မထားခဲ့ချင် လို့ရှိရင် တစ်သောင်းပေးရတယ်။ အခု တစ်သောင်းနဲ့ပြန်ရွေးလို့ရတယ်ဆိုတာက ပွဲစား တွေကလုပ်နေတာ။ ရဲတွေကိုလည်းပေးရ တယ်။ လဝကကိုလည်းပေးရတယ်။ ပွဲစားတွေက ရဲတွေကို ငွေရှာ ပေးနေတာပေါ့။ ပြီးတော့ ရဲကြေးဆိုပြီး ၁ သောင်းပေးရတယ်။ သူတို့လိုအပ်ချက်တွေ မပြည့်စုံရင် အနည်း ဆုံးတော့ ၅ သောင်း လောက်တော့ကုန်တယ်။ ထိုင်းဘက်ခြမ်းကတော့ ၂၀ တန်တုံးထုမယ်။ QR ကုတ်တွေ၊ Screen တွေဖတ်မယ်၊ အရင်ကလိုပဲ ပုံမှန်အတိုင်းပဲ သွားရတယ်။”ဟု ၎င်းက ပြောသည်။

အမှတ်(၁)ချစ်ကြည်ရေးတံတားကိုဖြတ်သန်းသွားလာသည့်မြန်မာနိုင်ငံသားများကို မြန်မာပြည်ဘက်ခြမ်းတွင် တစ်ပတ် စာယာယီစာရွက်စာတမ်းကို ယခင်လိုပုံမှန်ပြန်ထုတ်ပေးသော်လည်း ယခင်ပုံစံအတိုင်း ထုတ်ပေးခြင်း မဟုတ်ဘဲ မှတ်ပုံတင်ကို သိမ်းယူထားပြီး ပြန်လာသူများကိုသာ ထုတ်ပေးကြောင်း၊ မှတ်ပုံတင် အသိမ်းမခံချင် ပါက မြန်မာငွေကျပ်တစ်သောင်း ပေး ဆောင်ရမည်ဖြစ်ပြီး အခြားသောခေါင်းစဉ်အမျိုးမျိုးတပ်၍လည်း ငွေကြေး တောင်းခံနေကြောင်း ခရီးသွားပြည်သူများက ပြော သည်။ မြန်မာဘက်ခြမ်းရှိ ဂိတ်များတွင် ရဲဝန်ထမ်းများနှင့် (လဝက)တာဝန်ရှိသူများ၏ မှတ်ပုံတင်တောင်းသိမ်းခံရပြီး ငွေပေး၍ ရွေးခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “သူတို့မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးတော့ မှတ်ပုံတင်ပြန်ယူချင်ရင် တစ်သောင်းတောင်းတယ်။ ပိုက်ဆံပေးမှ ပြန်ရမယ်တဲ့။ တကယ်လို့မပေးရင် သိမ်းထား မယ်လို့ပြောတယ်”ဟု ပြောသည်။ ထိုသို့ ငွေကြေးအဆမတန်ကောက်ခံရသည့် အကြောင်းပြချက်များထဲတွင် မဲဆောက်သို့ သွားရောက် သူများ အနေဖြင့် ပြန်လာခြင်း မပြုကြသောကြောင့် မှတ်ပုံတင်ကို သိမ်းရခြင်းဖြစ် ကြောင်း အကြောင်းပြချက် ပေးသော် လည်း ယခုလို ငွေကြေးအဆမတန် ကောက်ခံမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ ဆေးသွား ရောက်ကုသမည့် အခြေခံလူတန်းစား လူနာများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အဆိုပါ အထက်ပါ ယာဉ်မောင်းက ပြောသည်။ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို ကိုဗစ် ၁၉ ကူးစက်ရောဂါကာလ ၂၀၂၀ ခုနှစ်အတွင်းက ဖြတ်သန်းသွားလာခွင့် ပိတ်ထားရာမှ ၃နှစ်အကြာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ နေ့ရက်တွင် ပြန်လည်ဖွင့်လှစ်၍ သွားလာခွင့် ပြုခြင်းဖြစ်သည်။ https://kicnews.org/2023/05/%e1% 80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e2%88%92%e

၂၉။    မုံးကိုးမှာ မှတ်ပုံတင်၊ အိမ်ထောင်စုလုပ်ရင် သိန်းချီ ကုန်ကျတာကြောင့် ဒေသခံတွေအခက်တွေ့
        May 23, 2023

ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးမြို့မှာ အိမ်ထောင်စု၊ မှတ်ပုံတင်နဲ့ မွေးတိုးတွေ လုပ်ဆောင်ရင် သိန်းချီ ကုန်ကျနေရတာ ကြောင့် အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေဆီ ထောက်ခံစာယူရင် ငွေ ပေးဆောင်ရ သလို ရဲစခန်းထောက်ခံစာ၊ ဆေး ထောက်ခံစာ၊ ဆေးစစ်ခနဲ့ လဝရုံးမှာ ငွေပေးနေရတာကြောင့် အခက်တွေ့နေရတာလို့ အမည် မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “အနည်းဆုံး ယွမ် ၂ ထောင် ၃ ထောင် (ကျပ် ၁၂ သိန်း)လောက်ကုန်မှ မှတ်ပုံတင်တစ်ခုရတာ။ လာလုပ်တဲ့သူတွေက ပိုက်ဆံ တအားကုန်တယ်ဆိုတာက ဒီနေ့ ဆင်းသွားတယ်။ လုပ်လို့မရဘူး။ သူတို့ က ရက်ပြန်ချိန်းတယ်။ ပြန်ဆင်းတယ်။ လုပ်မရဘူး။ အဲလိုတွေပေါ့။ အချိန်ကုန် ငွေလည်းကုန်။ ရွာမှာနေတဲ့သူတွေအတွက်က အဆင်မပြေဘူးလေ” အုပ်ချုပ်ရေးမှူးတွေဆီ ဘာအတွက်ပဲ ထောက်ခံစာယူယူ အနည်းဆုံး ယွမ် ၅၀ ပေးဆောင်ရသလို ရဲစခန်း မှာလည်း ထောက်ခံစာ တစ်စောင်ကို ယွမ် ၅၀၊ ဆေးထောက်ခံစာလည်း ယွမ် ၅၀ နဲ့ သွေးစစ်ခ ယွမ် ၂၀ ဆိုပြီး အသီးသီးပေး ဆောင်ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ကိုယ်က မွေးတိုးလုပ်ချင်တယ်ဆိုရင် တစ်ယောက်စာကို ယွမ် ၅၀ ပေးရတယ်။ ၅ ယောက် တိုး မယ်ဆို ယွမ် (၂၅၀)ပေါ့။ ပိုက်ဆံ ပေးစရာမလိုတာဆို တိုင်းရင်းသားယဉ်ကျေးမှု ထောက်ခံစာ ယူရင်ပဲ ပေးစရာမလိုတာ။ ကျန် တာ အကုန်ပေးရတယ်။ လဝကမှာ မှတ်ပုံတင်ဆိုရင် အရင်က ယွမ် ၅၀ ပဲ ပေးရတာ။ အခုက သူတို့ ယွမ်(၁၀၀) တောင်းတယ်” လို့ ဆိုပါတယ်။ တောင်ပေါ်ဒေသရှိ ရွာဘက်ပိုင်းတွေမှာ အရင်က စစ်သား စုဆောင်းတာတွေကြောင့် အိမ်ထောင်စုစာရင်းတွေ မလုပ်ကြပဲ အခုနောက်ပိုင်းမှာမှ အိမ်ထောင်စုတွေ မွေးတိုးတွေ လုပ်ဆောင်လာတာလို့ အထက်က အမျိုးသားက ပြောပါတယ်။ https://www.facebook.com/photo/?fbid=571788481795087 &set=pcb.571788958461706

၃၀။   အိမ်ဆောက်ပစ္စည်းများကို စျေးတင်ရောင်းသည့် ဒေသခံ ၁၁ ဦးကို AA ကခေါ်ယူစစ်ဆေး
        May 23, 2023

ရခိုင်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အိမ်ဆောက်ပစ္စည်းများအားစျေးတင်ရောင်းချသည့် ဒေသခံ ၁၁ ဦးကို ရက္ခိုင့်တပ်တော် AA က ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆေးရန်ခေါ်ယူခံရသူများမှာ အိမ်ဆောက်ပစ္စည်းများ ရောင်းချသည့် စစ်တွေမြို့မှ ၂ ဦး၊ကျောက်တော်မှ ၁ဦး ၊ ပုဏ္ဏားကျွန်းမှ ၄ ဦးနှင့် မင်းပြားမှ ၄ ဦးတို့ဖြစ် ကြောင်း AA နှင့် နီးစပ် သူများထံမှ စုံစမ်းသိရှိရသည်။ မုန်တိုင်းကာလအလွန်တွင် အခြေခံစားကုန်နှင့် အခြားကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက် ကား နေသည့်ကုန်သည်များအနေဖြင့် ပြည်သူများဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူကာ စျေးတင်မရောင်းကြရန် ရက္ခိုင့်တပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က မေလ ၁၆ ရက်နေ့တွင် သတိ ပေးပြောဆိုခဲ့သည်။ သို့သော်လည်း ကုန်သည် များအနေဖြင့် လိုက်နာမှုမရှိဘဲ မိမိအကျိုးစီးပွားတခုတည်းကိုကြည့်ကာ အမြတ်ရှာနေကြသည့်အတွက် စစ်ဆေးရန်ခေါ်ယူသွား ခြင်းဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များကပြောသည်။ “ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း စျေးမတင်ဖို့ကြိုသတိပေးထားတာ တောင်အားမနာဘဲ ပစ္စည်းတွေတောက်လျှောက်စျေးတင်ရောင်းကြတယ်။ ပစ္စည်းတခုက ၁ ထောင်၊ ၂ ထောင်အမြတ်စားတာက ပြသာနာမရှိဘူး။ အခုဟာက သောင်းဂဏန်းထိအမြတ်စားနေတော့ ဒုက္ခရောက်နေတဲ့သူတွေကို ပိုဖိနှိပ်သလိုဖြစ်စေတယ်။ ဒါကြောင့် တခြားလူတွေကို နမူနာပြတဲ့အနေနဲ့ စစ်ဆေးဖို့ခေါ်သွားတာနေမှာပေါ့”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်တနေ့တွင် ရခိုင်၌ ၁၈၀၀ တန်သံဖြူ ၁ ပေကို ကျပ် ၄ ထောင်ကျော် အထိစျေးနှုန်းမြင့်တက် ခဲ့ပြီး သံမှိုတပိဿာကိုလည်း ၈၀၀၀ ကျပ်မှ ငါးသောင်းကျပ်အထိ စျေးတက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးနှုန်းများမှာ လက်ရှိမုန်တိုင်းဒဏ်ခံထားရသည့် ပြည်သူများအတွက် ဝယ်ယူသုံးစွဲရန်မဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်ခြင်းမှာ မှန်ကန်ကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။ ” ကျနော်ကတော့ ဒီလိုလုပ်တာကို ထောက်ခံ တယ်။ ဘာလို့လဲဆိုတော့ အခုလိုလုပ်လိုက်မှသာလျှင် တခြားသူတွေလည်း စျေးတင်မရောင်းရဲကြမှာ။အခုချိန်မှာက အကုန်လုံး ဒုက္ခရောက်နေကြတဲ့သူတွေချည်းပဲ။သူတို့တင်ရောင်းနေတဲ့စျေးနဲ့ဆို ဘယ်လိုလုပ်ပြီး ခေါင်မိုးတွေပြန်မိုးနိုင်မာလဲ။ ရှိသမျှပစ္စည်း တွေ အကုန်လုံးဆုံးရှုံးထားရတာ။ မလှူနိုင်ရင်တောင် ဆိုင်ပိုင်ရှင်တွေအနေနဲ့ စျေးတင်မရောင်းသင့်ဘူး။အားသာချက်တခုက သူတို့တွေကို AA ကခေါ်သွားပြီးနောက်ပိုင်း သံဖြူစျေးနဲ့ သံမှိုစျေးတွေ ကျသွားတယ်” ဟု ၄င်းကပြောသည်။ https://www.fa cebook.com/ayeyarwaddytimes/photo s/pcb.2483414981816488/2483414951816491/

၃၁။   ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
        May 23, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတွင် မေလ ၂၀ ရက် ည ၇ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံမှ သိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၀ ရက် ည ၇ နာရီ အချိန်တွင် ထားဝယ်မြို့နယ်၊ အညာဖျား ကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားရှိ မိကျောင်းအိုင်ဘုရားအနီး ဝင်ရောက်လာချိန်  ထားဝယ်စုပေါင်းစစ်ကြောင်းက ရှေ့ထွက် မိုင်း အကြီး တစ်လုံး ဖောက်ခွဲပြီး ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“စစ်​ေ-(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၈ ကောင်လောက် ဒဏ်ရာ ရရှိထားတယ်လို့ သိရတယ်၊ လူသေ အလောင်း လေး လောင်းလောက်လည်း သယ်သွားတာတွေ့ရတာကြောင့် အခုသိတာထက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်”ဟု ထားဝယ်စု ပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်‌ကောင်စီတပ်ဖွဲ့ ဝင်များ အသုံးပြုသော ၆၀ မမ ဗုံးသီး နှစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီး အခွံများ၊ ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန် အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါနေရာ အနီးတစ်ဝိုက်တွင် သွေးကွက်များလည်း တွေ့ခဲ့ရကြောင်း သိရသည်။ https://www.facebo ok.com/MizzimaDaily/photos/pcb.673117528025 0653/6731174373584077/

၃၂။   လိမ်လည်ခေါ်ဆောင်ခံရသည့် တန့်ယန်းမြို့မှ ကလေးငယ် ၃ ဦးအနက် တစ်ဦးကို UWSA ထိန်းချုပ်နယ်မြေမှာ         ပြန်တွေ့
       May 22, 2023

သျှမ်းပြည် တန့်ယန်းမြို့မှ လိမ်လည်ခေါ်ဆောင်ခံရသည့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးအနက် အမျိုးသမီး ငယ်တစ်ဦးကို “ဝ” UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့် အသက် ၁၃ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် မက်မန်းသီး သွားဝယ်မည်ဟုဆိုပြီး နေအိမ်မှ ထွက်သွားခဲ့၍ ၎င်း၏ သူငယ်ချင်း ၃ ဦးနှင့်အတူ UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ရှိ တရုတ်အိမ် ဈေးဆိုင်စောင့်အဖြစ် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းပေါက်မြို့သို့ သွားရောက် အလုပ် လုပ်ကိုင်သူ အသက်မပြည့်သေးသည့် အမျိုးသမီး ၃ ဦးအနက် အမျိုးသမီးငယ်တစ်ဦးကို မေလ ၂၀ ရက်နေ့က မိုင်းပေါက်မြို့တွင် ပြန်လည်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ကို အကူညီတောင်းခံကာ ၎င်း၏ မိခင်ကိုယ်တိုင်မှ ပြန်လည်ခေါ်ထုတ်ခဲ့သည်။ “သူတို့ကို မိုင်းပေါက် မြို့မှာ ပြန်တွေ့တာ။ သူတို့ အချင်းချင်းခေါ်ပြီးသွားကြတာ။ ပြီးတော့ ဟိုဟိုဒီဒီ ရောက်နေတယ်ဆိုပြီး ညာတယ်။ မိုင်းပေါက်က ဆွေမျိုးက သူတို့ကိုတွေ့လို့ အကြောင်းကြားလာတာ။ မိုင်းပေါက်က ရဲကိုအကြောင်းကြားပြီး သွားခေါ်လာခဲ့တာ။ ကျမတို့ရဲ့ တူမလေးကိုပဲ ခေါ်လာခဲ့တာ။ ကျန်တဲ့ သူငယ်ချင်းတွေတော့ လုံးဝကို ပြန်မလိုက်လာတော့ဘူး”ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးကို တန့်ယန်းမြို့မှ မိုင်းပေါက်မြို့သို့ သွားရန် အတွက်လည်း အသက် ၂၀ နှစ်ဝန်းကျင် အေးဝမ်း (ခ) အေးဟွမ် ဆိုသူက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ ကျမရဲ့ တူမလေးက အခု ကျောင်းနေတုန်း သူတို့ကလာခေါ်ပြီး သူကလိုက်သွားတာ။ မြူဆွယ်ပြီး ခေါ်သွားတာပေါ့။ အစကတော့ ဆိုင်စောင့်ခိုင်းမယ်။ နောက်ပိုင်းတော့ ဘယ်သိမှာလဲ တွေးရရင် စိုးရိမ်စရာ၊ ကြောက်စရာကြီးပဲ။ ခေါ်သွားတဲ့သူက အနှိပ်အနှယ်ခန်းမှာ လုပ်ဖူးတဲ့သူ လေ။ မိဘတွေကလည်း ကလေးတွေကို ဒီအတိုင်း ပေါ့ပေါ့ဆဆမထားဖို့ လိုတယ်။ သူတို့ ပေါင်းတဲ့သူငယ်ချင်းတွေလည်း ကိုယ် တွေလိုက်ကြည့်ရမယ်။ အခုခေတ်က အရမ်းကိုဆိုးနေပြီ “ ဟု ၎င်းက ထပ်လောင်းပြောသည်။ မိုင်းပေါက်မြို့ရှိ ဇီကျင့်ကုမ္ပဏီ ထံ သွားရောက်အလုပ်လုပ်ကိုင်သူ ဇနီးမောင်နှံအပါအဝင် လူငယ် ၁၁ ဦးလည်း လိမ်လည်ခံရပြီး မတ် ၅ ရက်မှစပြီး တိုက်ခန်းပေါ်မှ အခန်းကျဉ်းထဲတွင် ပိတ်လှောင်ခံနေရကြောင်း သိရသည်။ https://burmese.shannews.org/archives/34878

၃၃။   သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်း တပ်စိတ်မှူး လက်နက်ကြီးစမ်းသပ်စဉ် ကျဆုံ
        May 23, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်း ၂ က တပ်စိတ်မှူးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ရဲဘော်ဒီအိုင် (ခ) ရဲဘော်ကျော်မင်းထွန်းဟာ မေ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးစမ်းသပ်စဉ် မတော်တဆဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်းက မေ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ရဲဘော် ဒီအိုင် ဟာ မိခင်တပ်ရင်းဖြစ်တဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းနေရာမှာပဲ ကျဆုံးခဲ့တာဖြစ်ပြီး ဈာပနကို မေ ၁၈ ရက်မှာ မိခင်တပ်ရင်းက စစ်ရေး အခမ်းအနားနဲ့ ပြုလုပ်ပေးခဲ့ပါတယ်။ ရဲဘော်ဒီအိုင်ရဲ့ ဈာပနကို မိခင်တပ်ရင်းနဲ့ စစ်ကြောင်းအပြင် ဝါးရိပ်ခွန်အား ပြောက်ကျား တပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ပြီး သရက်ချောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလည်း အမိန့်ပြန်တမ်း ပေးပို့ခဲ့ပါတယ်။

ဒေါင်းညီနောင်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်တွေနဲ့ သရက်ချောင်း ပကဖ အဖွဲ့တွေ ပူးပေါင်းထားတဲ့စစ်ကြောင်း ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကလည်း သရက်ချောင်းမြို့နယ် ဒေါင်းမင်းစစ်ဆင်ရေးက ရဲဘော်တဦး စစ်ဆင်ရေးအတွင်း မိုင်းမတော် တဆဖြစ်ပြီး ကျဆုံးခဲ့ရပါတယ်။ https://burmese.dvb.no/archives/594935

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။