• Today is: Friday, April 19, 2024

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိမ်ခြေ ၃၀၀၀ နီးပါးနှင့် အများပိုင်အဆောက်အအုံ ၃၀၀ ကျော် ပျက်စီးခဲ့ဟုဆို

ထုတ်ပြန်ချက် – ICNCC

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၂၄ ရက်၊ ၂၀၂၃။

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်ထဲမှာ အိမ်ခြေ ၃၀၀၀ နီးပါးနှင့် အများပိုင်အဆောက်အအုံ ၃၀၀ ကျော် ပျက်စီးဆုံးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) က မေလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပျက်စီးဆုံးရှုံးမှု စာရင်းနှင့်ပတ်သက်ပြီး ချင်းပြည်နယ်ထဲရှိ မြို့နယ် (၉) မြို့ထဲက (၈)မြို့နယ်အတွင်း ကောက်ခံရရှိ ထားသည့် စာရင်းများဖြစ်ပြီး အိမ်ခြေအများဆုံးပျက်စီးမှုဟာ မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့တာပါ။

အိမ်ခြေများ ပျက်စီးမှုများဟာ မတူပီမြို့နယ်အတွင်း အိမ်ခြေ ၁၂၁၁ လုံးအထိ ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး ကန်ပတ်လက် ၂၁၁ လုံး၊ မင်းတပ်တွင် ၆၅၄ လုံး၊ ပလက်ဝတွင် ၄၀၀ လုံး၊ တီးတိန်တွင် ၅၂ လုံး၊ ထန်ထလန်တွင် ၄၁ လုံး၊ ဖလမ်းတွင် ၁၀၀ လုံးနှင့် ဟားခါးတွင် ၁၀၅ လုံးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အများပိုင် အဆောက်အအုံများဖြစ်တဲ့ စာသင်ကျောင်းများပျက်စီးမှုဟာ မင်းတပ်မြို့တွင် ၁၁၄ လုံးအထိ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ကန်ပတ်လက်တွင် ၂၁ ကျောင်း၊ မတူပီတွင် ၂၅ ကျောင်း၊ ပလက်ဝတွင် ၁၁ ကျောင်း၊ တီးတိန်တွင် ၇ ကျောင်း၊ ဖလမ်းတွင် ၅ ကျောင်းနှင့် ဟားခါးတွင် ၂ ကျောင်း ပျက်စီးမှု ရှိခဲ့ပါတယ်။

မြို့နယ်အားလုံးရဲ့ မှာ ပျက်စီးခဲ့တဲ့ သာဘာရေးအဆောက်အအုံ ၁၈၅ လုံး ပျက်စီးမှု ရှိခဲ့ပြီး စပါးကျီ ပျက်စီးမှု ၂၅၉ ကျီခန့် ပျက်စီးခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။