• Today is: Tuesday, March 19, 2024

ထိတွေ့မှု အနည်းငယ်တာဖြစ်တဲ့ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်

ဓါတ်ပုံ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၂၈ ရက်၊ ၂၀၂၃။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နှင့် ကရင်နီ ကာကွယ်ရေးတပ် မဟာမိတ်တပ်ဖွဲ့တို့ကြား ယမန်နေ့ မေ ၂၇ ရက်နေ့က ထိတွေ့မှုအနည်း ငယ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာလေကြောင်းဖြင့် (၈) ကြိမ်ထက်မနည်း လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ မိုးမြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မပြင်းထန်တဲ့ အဲဒီ နှစ်ဖက် ထိတွေ့မှုအတွင်း စစ်ကောင်စီရဲ့ တာဝေးပစ် လက်နက်ကြီးဖြင့်လည်း အဆမတန်အသုံးပြုခဲ့လို့ အသက် (၃) နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ပြည်သူ (၄) ဦးထိခိုက်ဒဏ်ရာရရှိကာ မြို့ထဲက ဘုန်းကြီးကျောင်း အပါအဝင် အရပ်သားနေအိမ်အမြောက်အများ ထပ်မံပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မေ ၂၈ ရက်နေ့ နံနက် (၄း၃၀) နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ် မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များနေထိုင်တဲ့ စစ်ရှောင်စခန်းတစ်နေရာကို လေယာဥ်ဖြင့်(၂) ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃) လုံး ပျက်စီးခဲ့ရပြန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)ဘက်ကတော့ မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်တို့မှာ နှစ်ဖက်စစ်ရေး အခြေ အနေ တင်းမာမှုများ ဖြစ်နေလို့ မိုးဗြဲကိုဖြတ်သန်းသွားလာသော ခရီးသွားမိဘပြည်သူများ နှင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြပါရန် လေးနက်စွာ အထူးသတိ ပေးအပ်တယ်လို့ ပြောထားပါတယ်။