• Today is: Monday, May 27, 2024

ကြားကာလ ဗဟိုဘဏ်နှင့် ပတ်သက်၍ NUG မှ အမိန့်တစ်ခုထုတ်ပြန်

ကြားကာလ ဗဟိုဘဏ်နှင့် ပတ်သက်၍ NUG မှ အမိန့်တစ်ခုထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇွန်လ ၁ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကြားကာလ ဗဟိုဘဏ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အမိန့်တစ်ရပ်ကို ဇွန်လ ၁ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိ ဗဟိုဘဏ်မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ထို နစ်နာမှုများကို ကုစားရန် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအား ကြားကာလ ဗဟိုဘဏ် အဖြစ် အပ်နှင်းခဲ့ကြောင်း သိရပါတယ်။

ကြားကာလ ဗဟိုဘဏ်အနေဖြင့် ဗဟိုဘဏ်ရဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရန်နှင့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း လိုင်စင်လျှောက်ထားလာသည့် အဖွဲ့အစည်း၊ ကုမ္ပဏီများအား စိစစ်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် တို့ကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရပါတယ်။