• Today is: Monday, May 27, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 44, June 2, 2023)

၁။    ကယန်းပြည်သူ့စစ် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ
       June 1, 2023

ကရင်နီပြည်နယ်၊ မိုးဗြဲ -ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သူ့စစ်လုံခြံရေးဂိတ်စခန်းတစ်ခုကို အကြမ်းဖက် စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။ ဇွန်လ ၁ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က မိုးဗြဲ – ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သစ် တပ်မ တော် လုံခြုံရေး ဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ ရာ ဂိတ်စခန်းတစ်ခုလုံးထိခိုက်ပျက်စီး သွားပြီး  ကယန်းပြည်သစ်ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသေးကြောင်း သိရသည်။ “ထိခိုက်မှုကတော့ မသိရသေးဘူး၊ မနက် ၄ နာရီကနေ ၅ နာရီအထိ၊ မိုးဗြဲဂိတ်၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော်၊ လွယ်လုံ၊ ခေါင်းအိ အဲဒီနေရာ တွေကို လေယာဉ် ၅ စီးနဲ့လာပစ်သွားတယ်၊ ဘာကိစ္စနဲ့ပစ် တာလဲတော့ မသိရသေးဘူး၊ မေလ ၁၈ နေ့တုန်းက လွိုင်ကော်၊ နောင်ယား ထဲမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင် ရဲ့အိမ်ကို စစ်တပ်တွေလာဝိုင်းပြီး စစ်ဆေးတယ်လို့ သိရတယ်၊ အဲဒီအချိန်က ဥက္ကဌက မရှိဘူး၊ အဲဒီအချိန်မှာလည်း ဆီဖူးဘက်မှာ အခြေအနေမကောင်းဘူး၊တင်းမာနေတယ်၊ တပ်အင်အား ဖြည့်လာတယ်၊ အခုကတော့ ဗုံးနဲ့လာကျဲသွားတာ၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည် ပြုပြောကြားသည်။

ကယန်ပြည်သစ်တပ်မတော်သည် ၂၀၀၉ ခုနှစ်ကတည်းကစ၍ ပြည်သူ့စစ်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ကြောင်း၊ သို့သော်လည်း ကယန်းပြည်သစ်တပ်မတော်နေ့၊ ကယန်းပြည်သစ်မွေးနေ့များကို ကျင်းပပြီး သီးခြားအဖွဲ့အစည်းပုံသဏ္ဍာန် လှုပ်ရှားကာ ကရင်နီဒေသတိုက်ပွဲများ၌လည်း အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးခြင်း မရှိကြောင်း၊  ဆီဖူးတွင် ဌာနချုပ်စခန်းအထိုင်ချထားပြီး မိုးဗြဲ၊ ဖယ်ခုံ၊ ရာဇဂြိုလ်၊ ပေါင်းလောင်းတို့၌ ထိန်းချုပ်နယ်မြေများရှိကြောင်း သိရ သည်။ “၂၀၀၉ ကတည်းက သူတို့ကို ပြည်သူ့စစ်သတ်မှတ်ထားတယ်၊ ဒါပေမယ့် သူတို့ တပ်မတော်နေ့ တွေလည်းလုပ်တယ်၊ ကယားပြည်သစ်ရဲ့ ဘယ်နှနှစ်မြောက်မွေးနေ့တို့အဲဒီလိုလည်းလုပ်တယ်၊ နောက်ပြီးတော့ ကယားပြည်သစ် တပ်မတော်ဆိုပြီးဖွဲ့ တာရှိတယ်၊ အမှန်တရားဝင်ကတော့ သူတို့က ပြည်သူ့စစ်၊ တပ်မတော်လို့တော့ သူတို့ကို သူတို့ခေါ်တယ်၊ ဒါပေမယ့်အရင် အစိုးရတွေက သူတို့ကိုပြည်သူ့စစ်လို့ သတ်မှတ်ထားတယ်၊ ကယားပြည်သစ်တပ်မတော်ဆိုတာ မိုးဗြဲရယ်၊ ဖယ်ခုံရယ်၊ ရာဇဂြိုလ်၊ ပေါင်းလောင်း ဆိုတာ ကယန်းပြည်သစ်နယ်မြေ၊ ဆီဖူးတောမှာက သူတို့ဌာနချုပ်ရှိတယ်၊ စကစက သူတို့ လက်အောက်ခံတပ်ကို သူတို့ ဗုံးကျဲသွားတဲ့သဘောမျိုးဖြစ်သွားတာပေါ့၊ စစ်တပ်က အဲဒီပြည်သူ့စစ်တွေကိုတော့ တိုက်တော့မတိုက်ဘူး”ဟု တော်လှန် ရေး စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ https://www.facebook.com/photo/?fbid=605441985016745&set=pcb.60 5442051683405

၂။    တိုက်ပွဲတွင်း မျက်လုံးပြုတ်ထွက်သွားသည် မင်းတပ် CDF ရဲဘော် အရေးပေါ် ဆေးကုသရန်အကူအညီလိုအပ်
       June 1, 2023

စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အနီးကပ်တိုက်ပွဲတွင်း၌ ဒဏ်ရာရရှိခဲ့သည့် မင်းတပ် CDF ရဲဘော်အား အချိန်မီ ဆေးကု သရန် အကူအညီလိုအပ်နေသည်ဟု CDF- Mindat စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် က ပြောသည်။ ” အနီးကပ်တိုက်ပွဲ ကျည်ကပ် ပြန်ဖြည့်နေတုန်း ဘေးတစောင်းအနေအထားနဲ့ထိတာ။ ကျည်က နားထင်အောက်ကနေ မျက်လုံးတစ်ဖက်ကိုဖောက်ပြီး နောက် တစ်ဖက်ရဲ့ အောက်ကနေပြန်ထွက်လာတာ မျက်လုံးတစ်လုံးက တိုက်ပွဲတွင်းပြုတ်ကျခဲ့ပေမယ့် နောက်တစ်ဖက်ကို ပြန်ရလိမ့် နိုးနိုးနဲ့ အမြန်ဆုံး ကုသပေးချင်တာ”ဟု ၎င်းကပြောသည်။ မင်းတပ်မှဆင်းလာခဲ့သည့်  အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မင်းတပ် CDF၊ ကန်ပက်လက် CDF၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ စသည့်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ် -ကျောက်ထုတောလမ်းတစ်နေရာတွင် ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးကျဆုံးကာ မင်းတပ် CDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ” ရဲဘော်က စိတ်မာတယ် ။အေးဆေးစကားပြောနိုင်နေသေးတယ်။ တိုက်ပွဲတွင်းမှာ ကျည်အရှိန်နဲ့ သတိလစ်သွားလို့သေပြီထင်ပြီး ခနပစ်ထားကြပေမယ့် ခနနေပြန်သတိရလာတယ်။ အခုက ကုသစရိတ်နဲ့ လမ်းစရိတ်တအား ကုန်မယ့်သဘောတော့ရှိတယ် ” ဟု CDF- Mindat စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် က ပြောသည်။ ဒဏ်ရာရ CDF ရဲဘော်အတွက် စစ်ဒေသမှူးက လူမှုကွန်ရက်စာမျက်နှာမှ အကူအညီတောင်းခံခဲ့ရာ အနည်းငယ်သာရရှိပြီး အကူ အညီများစွာ လိုအပ်နေသေး သည်ဟုသိရသည်။ ” မနေ့က လူနာလမ်းစရိတ်အလှူခံတာ ဖုန်းဘေ ၈ သောင်းနဲ့ ငွေ ၃ သောင်းရတယ် ။ ဗဟိုဘဏ္ဍာရေးကတော့ ကြံဖန်ပြီးလုပ်ပေးပါတယ်။ ဒါပေမယ့်မလောက်ငှမှန်းသူတို့လည်းသိတယ်”ဟု ၎င်းက ယနေ့တွင် လူမှုစာကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဒဏ်ရာရရဲဘော်အတွက်  အကူအညီလိုအပ်နေသည့် မင်းတပ် CDF သည် လက်ရှိကာလအတွင်း၌ တိုက်ပွဲ များဆက်တိုက်ဖော်ဆောင်နေပြီး စစ်ဆင်ရေးများအရှိန်မြှင်တင်နိုင်ရန်အတွက်လည်း ကျပ်သိန်း ၅၀၀၀ တန်းဖိုးရှိ  “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းတစ်ခုကို ပြုလုပ်ထားသည်။ https://www.facebook.com/photo/?fbid=617062230457742 &set=a.583749 347122364

၃။   ချောင်းမြောင်းပစ်ခတ်ခံရတာကြောင့် မွန်လက်နက်ကိုင် တပ်မှ ၁ ဦးသေဆုံး
      June 1, 2023

ရေးမြို့နယ်တောင်ပိုင်း မာန်အောင်ကျေးရွာအနီးမှာ အမည်မသိအဖွဲ့ရဲ့ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရပြီး ရာမညတပ်မှ တပ်သား ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှသိရှိရပါတယ်။ မေလ ၃၁ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ ဆိုင်ကယ်ဖြင့် ပစ္စည်းဝယ်ထွက်လာတဲ့ ရာမညတပ်တာဝန်ခံ နိုင်ချမ်း နှင့် တပ်သား ၁ ဦးတို့ကို  ရေးမြို့နယ်တောင်ပိုင်း မာန်အောင်ကျေးရွာ အနီးက တံတားငယ်တခုမှာ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း နိုင်ချမ်း ကဆိုပါတယ်။ “ကျွန်တော် တပ်သားတွေ အတွက် ပစ္စည်းဆင်းဝယ်နေတုန်း၊ ဝမ်းနည်းစရာက ချောင်းပစ်ခံရတာပါ။ မွန်လား ဘာလားမသိဘူး။ သူတို့က အနီးကပ်ပဲ ချောင်းပစ်တာ။ သူတို့ ဒီတံတားမှာ လူ ၄ ယောက်နဲ့ နေရာချထားတယ်။ သေနတ် ၃ ၊ ၄ လက်ပါမယ်။ အရှေ့ကော အနောက် ကော ၄ မျက်နှာလုံးကနေ ညှပ်ပစ်တာ။ ဆိုင်ကယ်မှောက်သွားတော့ ကျွန်တော်သေသွားပြီလို့ သူတို့ထင်သွားတယ် ” လို့ နိုင်ချမ်း ကဆိုပါတယ်။

အဲ့ဒီနောက်မှာ နိုင်ချမ်းက ၎င်းနှင့်အတူပါလာတဲ့ သေနတ်ငယ်ဖြင့်ပြန်ပစ်ပြီး တပ်သားများလည်းရောက်လာတာကြောင့် ချောင်းပစ်သူများထွက်ပြေးသွားကြောင်း ၎င်းကဆိုပါတယ်။ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ” ၄ ဖက်လုံးက ချောင်းပစ်တာ တောင် ၁ ယောက်ပဲ သေတယ်ဆိုတော့ ဒီကိစ္စက ယုတ္တိတော့မရှိဘူး။ နိုင်ချမ်း ပြောစကားတွေက သံသယဖြစ်စရာတော့ရှိတယ်” လို့ အမည်မဖော်လိုတဲ့ မွန်လူငယ် ၁ ဦးကပြောပါတယ်။ ရာမညတပ်ဟာ ရေးမြို့နယ်တောင်ပိုင်း ၉ မိုင် နှင့် မာန်အောင် ကျေးရွာ အနီးမှာ လှုပ်ရှားနေတာဖြစ်ပြီး တာဝန်ခံ နိုင်ချမ်း ဟာ ၎င်းရဲ့လက်အောက်ငယ်သား နိုင်ကရက်မွန် ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဖူး တာကြောင့် နိုင်ချမ်းရဲ့ လုပ်ရပ်များဟာ မွန်လူထုထဲမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ https://www.facebook.com/lagone ainbulletinmon/photos/a.105408675003839/554 949876716381/

၄။    ဟားခါးနှင့် ထန်တလန်အကြားတိုက်ပွဲတွင် စစ်တပ်ဘက်မှအနည်းဆုံး ၆ ဦးသေဆုံးထိုထက်ပိုမိုများပြားနိုင်
       June 1, 2023

ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်အကြားတွင် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးကြောင်း CNA ချင်းအမျိုးသားတပ်မတော်သတင်းရင်း မြစ်က ပြောဆိုသည်။ မေလ ၂၅ ရက်နေ့မှစတင်ကာ  စစ်ကောင်စီတပ်များက ချင်းဒေသကာကွယ်ရေးတပ်များတပ်စွဲထားသော ဟားခါးနှင့် ထန်တလန်အကြားနေရာများကို လေကြောင်း၊ကုန်းကြောင်း မှ အပြင်း အထန် ထိုးစစ်ဆင်လာကြောင်း ၊ လေ ကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက်လျှောက်ဆိုသ လို လုပ်ဆောင်နေကြောင်း၊ မေလ ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သားသေဆုံးမှု အရေ အတွက်ပမာဏ ထိုထက်ပိုမိုများပြား နိုင်ကြောင်းသိရှိရသည်။

“သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ် အော်ပရေးရှင်းမှာ စစ်တပ်ဘက်က အနည်းဆုံး ၆ ဦးသေတယ်။ ဒီထက်လည်း ပိုများနိုင်တယ်” ဟု CNA  ချင်းအမျိုး သားတပ်မတော်သတင်းရင်းမြစ်က ပြောဆိုသည်။ လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်သို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် ချင်းဒေသကာကွယ်ရေးတပ်များ အတွက် လက်နက်ခဲယမ်းများ ရရှိရေး ပူးပေါင်းပါဝင်ကူညီကြရန် ချင်းတော်လှန်ရေးရဲဘော်တချို့က မေတ္တာရပ်ခံထားသည်။ https://ww w.facebook.com/photo/?fbid=605514338342843&set=a .568142278746716

၅။    စစ်ကောင်စီရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်မဆွေးနွေးဘူးလို့ AA ပြော
       June 1, 2023

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ AA၊ MNDAA  နဲ့ စစ်ကောင်စီတို့ကြား ဇွန်လ ၁ ရက်နေ့ကစလို့  သုံးရက် ကြာ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ စစ်တပ်ဘက်ကလည်း သူတို့ဆွေးနွေးချင်တဲ့အချက်တွေကို တင် ပြသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ဆွေးနွေးချင်တဲ့အချက်တွေ တင်ပြခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ဆွေးနွေး ချင်တဲ့ အချက်တွေထဲမှာ  ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံ ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေနဲ့ ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ပြန်လည်ဆွေးနွေးမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဖမ်းဆီးခံထားရသူ တွေ ပြန်လွှတ်ပေးရေး၊ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးနဲ့ ရခိုင်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေ အကူအညီတွေ အမြန်ဆုံးရရှိရေးတွေကိုပဲ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ AA ဘက်က မဆွေးနွေးဘူးလို့ ပြောတဲ့အချက်တွေကိုလည်း ထည့်သွင်း ထားတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီတရုတ်နိုင်ငံကိုယ်စားလှယ် ဝင်ရောက်ဆွေးနွေးတာ မရှိဘူးလို့ မိုင်းလားအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်တပ်မတော် MNDAA မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဟာ စစ်အာဏာရှင်စနစ်တိုက်ထုတ်ဖို့ အာဏာသိမ်း စစ်ကောင်စီ ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ဒီနှစ်စပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ https://www.rfa.org /burmese/news/aa-army-meeting-060120231 50415.html

၆။   မြ၀တီမြို့၊ မဲကနယ်ဘက်သို့ စစ်ကောင်စီမှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် ပူးပေါင်းတပ်ဖွဲ့များ          နှင့် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ
      June 1, 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ မဲကနယ်နှင့် ကျောက်မိုင်းဘက်သို့ စစ်ကောင်စီမှ အင်အား ၂၀၀ ခန့်ဖြင့် မေ ၃၀ ရက်မှ စတင် ကာ စစ်ကြောင်းထိုးနေသဖြင့် နယ်မြေလုံခြုံရေးယူထားသည့် ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။ “မဲကနယ်၊ ကျောက်မိုင်းနားမယ်၊ ကျွန်တော်တို့ ထိတွေ့မှုတွေ ဖြစ်နေတာ၊ အင်အား ၂၀၀ ကျော်တယ်၊ ဒီကောင်တွေက ချောင်းနေတာ၊ သူတို့ တက်လာတော့ ကျွန်တော်တို့ ပြန်ခုခံတာ သေတာမနည်းဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ စစ်ကောင်စီ တပ်များသည် မေ ၃၀ ရက်မှ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး၊ ယနေ့ နံနက်ပိုင်းတွင်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေ ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် သုံးဦးလည်း စစ်ကေင်စီဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်သည့်အတွက် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “လက်နက်ကြီးနဲ့ ပစ်တာကတော့ လက်ကုန်ပဲ၊ မနေ့ညက ဒရုန်းနဲ့ လာပစ်လို့ ကော်ဘရာက နှစ်ယောက်ရယ်၊ ကျားသစ်နက်က တစ်ယောက်ရယ် ဒဏ်ရာရတယ်။ အရမ်းတော့ မများဘူး” ဟု မြေပြင်စစ်ရေးသတင်းရင်း မြစ်ကဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် နယ်မြေတော်လှန်ရေး စစ်ကြောင်းများဖြစ်သည့် ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ KNLA တပ်များသည် စစ်ကောင်စီအား ခုခံတွန်းလှန်နေကြောင်းလည်းသိရသည်။ KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေတွင် KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီ တို့နှင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်မ(၄၄)၊ မ(၂)၊ ခလရ (၂၇၅)၊ ခမရ(၃၅၅)၊ လ (၈)၊ BGF ၁၀၁၉ တပ်ရင်း၊  ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာ စသည်တို့ဖြင့် ဧပြီ နှင့်‌ မေ နှစ်လတာတိုက်ပွဲအတွင်း အကြမ်းဖက်စစ် ကောင်စီဘက်မှ အရာရှိများအပါအဝင် (၁၁၄)ဦး သေဆုံးကာ၊ (၁၂၉) ဦး ဒဏ်ရာရရှိပြီး၊ (၁၁)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊  ၆၀မမပြောင်းရှည် (၁)လက်၊ ၆၀ မမပြောင်းတို (၁)လက်၊ ၄၀မမ (၁)လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁) လက်အား သိမ်းဆည်းရမိခဲ့ သည့်အပြင် စစ်ကောင်စီလက် အောက်ခံ BGF စခန်း (၃) ခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက မေ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=227010720091305&set= a.12190 4670601 911

၇။   စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးမှု         ဆက်တိုက်ဖြစ်ပွား
      June 1, 2023

ရှမ်း-ကယားနယ်စပ်နှင့် ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ် လာခြင်းကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိ‌‌လာကြောင့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (MBRT)က ထုတ်ပြန် ပြောဆိုထားသည်။ မေလ၂၇ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီး နှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် ၃နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။ မေလ ၂၈ ရက်ညတွင်လည်း လွိုင်လင်လေးမြို့နယ် ကုန်းမှီးကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လွိုင်ကော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိ ကြောင့် သိရသည်။

မေလ၂၉ ရက်နေ့တွင်လည်း မိုးဗြဲမြို့ စည်ကား ၁ ရက်ကွက်တွင် မိုးဗြဲအခြေစိုက် စစ်ကောင်စီ ၄၂၂ တပ်မှ လက်နက် ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပေါ်လက်နက်ကျပြီး ၁၁ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးသေဆုံးပြီး မိသားစုဝင် ၄ ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ ကြောင်းသိကသည်။ ယခုလ မေ ၂၇ ရက်မှ မေ၂၉ ရက်နေ့အထိ ရှမ်း‌ တောင် နှင့် ကရင်နီပြည်တွင် စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု ကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://www.facebook.com/KhamSarNgor/photos/pcb.234459 6435710265/2344596355710273/

၈။    စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံး
       June 1, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် အဝေးပြေးလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို တောင်ညို ပြည်သူ့ပြောက် ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားတဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မေလ ၃၀ ရက် နေ့က ဖြစ်ပွား ခဲ့ပါတယ်။ “ သူ့အိမ်က လမ်းမဘေးနားမှာ၊ ပစ်ခတ်မှုဖြစ်တော့ သူက ကြောက်ပြီး၊ အိမ်အောက်ကို ဆင်းပြေးတဲ့အချိန်မှာ ဘယ်သူ က ပစ်လိုက်တာတော့ မသိဘူး၊ လက်နက်ကြီးလား လက်နက်ငယ်လားတော့ မသိဘူး၊ အဲဒါထိပြီး သေသွားတယ် ” လို့ ဒေသခံ တဦးက ပြောပါတယ်။ အဲဒီလို နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ ထိခိုက်သေဆုံးခဲ့တဲ့သူဟာ အောင်သပြေ ကျေးရွာနေ အသက် ငါးဆယ်အရွယ် အရပ်သား ဦးစောမောင်စံသွင် ဖြစ်ပြီး ဘယ်အဖွဲ့ကပစ်တဲ့ ကျည်ဆန်ကြောင့် သေဆုံးတယ်ဆိုတာ မသိရဘူးလို့ လည်း အဲဒီဒေသခံက ပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့ စစ်သားတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို တိုက်ခိုက်တာလို့ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပေမယ့် အဲဒီယာဉ်တန်းဟာ အမိန့်ချထားတဲ့ အကျဉ်းသား တွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင် သွားတဲ့ယာဉ်တန်းလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ကား လေးစီးနဲ့ ရိက္ခာကား ငါးစီးဟာ မေလ ၃၀ ရက် နံနက် ၉ နာရီခန့်က သံဖြူဇရပ်မြို့ ကနေ ရေးမြို့ဘက်ကို ဖြတ်သန်းလာချိန် ပိန္နဲတောရွာနဲ့ ရွာသာအေးရွာကြားမှာ တကြိမ်၊ ဘေးလမိုင်းရွာ အနီးမှာ တကြိမ် စုစုပေါင်းနှစ်ကြိမ် တောင်ညိုပြည်သူ့ပြောက်ကြားတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးဖို့ လာရောက်တဲ့ တခြားစစ်ကောင်စီယာဉ်တန်းကို လည်း  ရွာသာအေးရွာအနီးမှာ ထပ်မံခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ သူတို့အဖွဲ့က သုံးကြိမ်ခြုံခိုတိုက်ခိုက်တာ၊ ပစ်ခတ်မှုတွေလည်း ဖြစ်ကြတယ်လို့ ပြောတယ်၊ လမ်းမပေါ်မှာပဲ။ အဲမှာ ပစ်ခတ်မှုအတွင်းမှာပဲ အရပ်သားတဦးက သေသွားတာ ကတော့မှန်တယ်။ ရင်ဘတ်မှာကျည်တချက် ထိသွားတယ်လို့တော့သိရထားတယ်ပေါ့နော်။ ပစ်ခတ်မှုကသိပ်မကြာဘူး၊ မိနစ် ပိုင်းလောက်ပဲ ပြောတယ်။ နေရာတခုဆိုရင်လေ”လို့ အဲဒီတိုက် ခိုက်မှုဖြစ်စဉ်ကိုသိတဲ့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။ ရေးမြို့နယ် ရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ အဲဒီယာဉ်တန်းဟာ တောင်ညို ပြည်သူ့ပြောက်ကျားတပ် ဖွဲ့ ထုတ်ပြန်သလို စစ်ကားလေးစီးနဲ့ ရိက္ခာ ကား ငါးစီး မဟုတ်ဘဲ အမိန့်ချခံထားရတဲ့ သူတွေကို ကျိုက်မရော ဗဟိုအကျဉ်း ထောင်ကို သွားပို့တဲ့ ယာဉ်တန်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက် က လမ်းသွား လမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေ က ဆိုကြပါ တယ်။ https://www. facebook.com/photo/?fbid=642646094575138&set=a.605723148267433

၉။   လောင်းလုံးမြို့ အောင်သပြေဘုန်းကြီးကျောင်းက သံဃာ ၃ ပါးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
      June 1, 2023

လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်မှာရှိတဲ့ အောင်သပြေဘုန်းကြီးကျောင်းက သံဃာသုံးပါးနဲ့ အမျိုးသမီးတစ်ဦးကို ဒီက နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ကိုယ်တော်နိုင်လို့ လူသိများတဲ့ ဆရာတော်အပါအဝင် သံဃာသုံးပါးနဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါ တယ်။ ညနေ ၃ နာရီဝန်းကျင်လောက်က ဘုန်းကြီးကျောင်းထဲမှာ ရှိနေချိန် လောင်းလုံးရဲစခန်းက ကား ၂ စီးနဲ့လာရောက် ဖမ်းဆီး သွား တာ ဖြစ်ပါတယ်။ “ဘုန်းကြီး အချင်းချင်း ပြဿနာ​ဖြစ်ကြတာလို့ကြားတယ်။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ၎င်းတို့ ဖမ်းဆီးခံရတာက နိုင်ငံရေးနဲ့ဆက်စပ်မှု မရှိဘူးလို့လည်း အဆိုပါမြို့ခံက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သံဃာတွေရဲ့ ကျောင်းကို ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေ ခဲ့ဖူးပါတယ်။ ဖမ်းဆီးသွားတဲ့ သံဃာ ၃ ပါးနဲ့ အမျိုးသမီးတစ်ဦးကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လဝကရုံးပစ်ခတ်မှုနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် တွေကို အကြောင်းပြပြီး ဒေသခံအများအပြားကို ဖမ်းဆီးခံခဲ့ပါတယ်။ လက်ရှိမှာလည်း ဖမ်းဆီးထားသူတွေကို လောင်းလုံးမြို့မ ရဲစခန်းအချုပ်မှာ ဆက်လက် ချုပ်နှောင်ထားလို့ အချုပ်ခန်းမဆံ့တော့တဲ့အနေအထားအထိ ရောက်နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=280084201076003&set=a.196 212682796489

၁၀။    ဆီဆိုင်မှာစစ်ရှောင်နေသူတွေ ရိက္ခာပြတ်လပ်နေ
         June 1, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ဘေးရှောင်ရှစ်ထောင်ကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ကူညီ ပေးနေသူတွေက ပြောပါတယ်။ “သင်္ကြန်မတိုင်ခင်တုန်းကတော့ လာလှူတဲ့အလှူရှင်တွေရှိကြတယ်။ အဲဒီနောက်ပိုင်းတော့ အလှူရှင်မရှိတော့ဘူး။ တချို့ကလည်း နည်းနည်းပဲလာလှူကြတော့ ရှိတဲ့စစ်ရှောင်နဲ့ အရေအတွက်က လုံလောက်မှုမရှိဘူးပေါ့။ လက်ရှိက အလှူရှင်လုံလုံလောက်လောက်မလာတာက သင်္ကြန်ပြီးကတည်းကအခုချိန်ထိပေါ့။ အခုဘယ်လိုကြုံလဲဆိုတော့ စားနပ်ရိက္ခာပြတ်လပ်တာပေါ့” လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။ စစ်ရှောင်တချို့ဟာ ရိက္ခာ ပြတ်လပ်တာကြောင့် ချေးငှားစားသူတွေ၊ ရှိတာနဲ့ဆန်ပြုတ်ပြုတ်စားနေကြတာတွေရှိတယ်လို့ သူကပြောပါတယ်။ ဆီဆိုင်မြို့ နယ်ထဲက စစ်ရှောင်တွေဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်လို့ ဆိုပါတယ်။ ကရင်နီပြည် နယ် ဒီမော့ဆိုမြို့နယ်ကနေ ဆီဆိုင်မြို့ကို တစ်နှစ်ကျော်အကြာ စစ်ရှောင်နေသူ တစ်ဦးက “ နေရထိုင်ရတာတော့ အမိုးအကာတို့ ကတော့ လုံခြုံမှုသိပ်မရှိဘူးပေါ့။ သူများနယ်မှာ ကိုယ်ကလာနေတော့ ကိုယ့်ဒေသနဲ့မတူတော့ တစ်မျိုးကြီးပဲပေါ့။ မိုးကာလ ဆိုတော့ ကလေးငယ်တွေက ချောင်းဆိုး ရင်ကြပ် နှာစေး တအားဖြစ်ကြတာပေါ့။ ကျွန်တော်တို့ အတွက်ကတော့ စားနပ်ရိက္ခာတို့ ဆေးဝါးတို့က ပြတ်လပ်စဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

စစ်ရှောင်တွေထဲကတချို့ဟာ စားဝတ်နေရေးအတွက် နေ့စားအလုပ်တွေမှာလုပ်ကြပေမယ့် အလုပ်ပုံမှန်မရှိဘူးလို့ ပြောကြပါတယ်။ ဆီဆိုင်မြို့မှာ စစ်ရှောင်စခန်း ၄၀ ကျော်ရှိပြီး စစ်ဘေးရှောင်အရေအတွက် ၈,၄၀၀ ကျော်ရှိကာ အများစုက ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်ကတိုက်ပွဲတွေကြောင့် စစ်ရှောင်လာကြသူတွေဖြစ်ပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဧပြီ ၂၀ အထိ ပြည်တွင်း စစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်အထိရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ https://www.face book.com/mawkunmagazine/photos/a.1182082865237937/6168521856593988/

၁၁။   KNDF  ဖွဲ့စည်းထူထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာပေးပို့
       June 1, 2023

နွေဦီးတော်လှန်ရေးအတွင်းက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့က ၂ နှစ်ကျော်လာပြီ ဖြစ်ပေမယ့် တော်လှန်ရေးအရှိန် ဆက်လက်ရွှေ့လျားနေပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF လဲ တခုအပါအဝင်ဖြစ် ပါတယ်။ တော်လှန်ရေးကာလအတွင်းအသက်သွေးချွေးဘဝတွေ စွန့်လွှတ်ခဲ့ကြတဲ့ ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်း တွေနဲ့ တော်လှန်ရေးရဲဘော်တွေကို လေးနက်တန်ဖိုးထားဂုဏ်ပြုတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။ KNDF အဖွဲ့အစည်းနဲ့ ကရင်နီလူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုကိုလဲ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

လက်ရှိရရှိထားတဲ့ အောင်မြင်မှုတွထက်ပိုတဲ့ ကရင်နီအမျိုးသားလုံး မျှော်လင့်တဲ့ မျှော်လင့်ချက်၊ KNDF က ချမှတ်ထား တဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ https://www.facebook.com/photo/?fbid=594361879456382&set=a.567953 695430534

၁၂။   ဆိုင်ကယ်စီးလာသူတစ်ဦးကို ကလိန်အောင်တံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်
       June 1, 2023

ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ် က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲ ၁၁ နာရီလောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာရသွားတဲ့ အမျိုးသားကို အရေးပေါ်ကားနဲ့ ကလိန်အောင်မြို့ဆေးရုံကို တင်ခေါ်သွား တယ်လို့သိရပါတယ်။ “ဆိုင်ကယ်တွန်းပြီး သွားခိုင်းတာ မတွန်းဘဲ မောင်းပြေးလို့လို့ ကြားတယ်။ သေချာတော့ မသိရသေးဘူး။ လူကတော့ လူငယ်ပဲ။ မွန်ဘက်ကလိုလိုလည်း ပြောနေကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေ ပြောပြချက် အရ ပစ်ခတ်ခံရသူဟာ ကလိန်အောင်ဘက်ကနေ ရေးမြို့ဘက်ကို ဆိုင်ကယ်ဦးတည်မောင်းနှင်လာတာလို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့အမျိုးသား သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်မပြုနိုင်သေး ပါဘူး။ ဆိုင်ကယ်ကိုတော့ စစ်ကောင်စီတပ်က သိမ်းယူထားတယ်လို့သိရပါတယ်။ ကလိန်အောင်တံတားမှာ စစ်ကောင်စီစစ်ဆေး ရေးဂိတ်ရှိပြီး အဲဒီဂိတ်က တပ်သားတွေဟာ မသင်္ကာတဲ့ဒေသခံတွေကို ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာနေတဲ့ မြေတင် ကားတွေ ဆီကနေ ဖုန်းနံပါတ်တောင်းယူတာ၊ လမ်းသွားလမ်းလာတွေဆီကနေ ဆက်ကြေးကောက်တာစတာတွေကို လုပ်ဆောင်လေ့ရှိပါ တယ်။ ကလိန်အောင်မြို့အခြေစိုက် တပ်ရင်းတွေတိုက်ခိုက်ခံခဲ့ရတဲ့ အခုလ ၂၉ ရက်နေ့က စပြီး ကလိန်အောင်မြို့နဲ့ ကံပေါက် ဒေသကြား ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ကောင်စီတပ်ကားတွေ မကြာခဏကင်းလှည့်တာတွေလုပ်ဆောင်နေပြီး လုံခြုံရေး တင်းကြပ်တာတွေရှိနေပါတယ်။ https://www.facebook.com/ph oto/?fbid=672623358212407&set=a.50123919535082

၁၃။    လဲချားမြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်၊ စစ်ဆေးရေးဂိတ်များထပ် ဖွင့်လှစ်
        June 1, 2023

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ဆေးရေးဂိတ်များထပ်မံ ဖွင့်လှစ်နေ ကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ်နှစ်တပ်မှ လဲချားမြို့နယ်အတွင်းထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးသည့်နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လဲချားမြို့နယ် ဟဲဆိုင် (ဝၢၼ်ႈႁၢႆးသႅင်) ကျေးရွာဘက်တို့၌ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ များကို တားမြစ် စစ်ဆေးနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။ “တာဆန်းရွာ၊ ဟဲဆိုင်ရွာ တို့ဘက်မှာ ဝါးတားဂိတ်နဲ့ စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်ထားတယ်၊ ရွာကလူတွေ မြို့ပေါ်သွားရင်ခွင့်ပြုပေမယ့် မြို့ပေါ်ဘက်ကနေ ရွာထဲ လာမယ်ဆို ရင် စစ်ဆေးမေးမြန်းမှု ကြမ်းတယ်၊ သူတို့က သျှမ်းတပ်နှစ်တပ် အင်အားဖြည့်တင်းမှုတွေကို တားမြစ်ချင်တယ်လို့ သိရတယ်” ဟု ဒေသခံ အမျိုးသားက ဆက်ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှ လဲချားမြို့နယ်အတွင်း စစ်ဆေးရေးဂိတ် လာရောက်ဖွင့် လှစ်နိုင်ဖို့အတွက် စစ်အင်အားကို ပြည်သူ့စစ်တပ်ဖွဲ့များက တာဝန်ယူ သယ်ဆောင်ပေးရကြောင်းလည်း သိရသည်။

လက်ရှိတွင် လဲချားမြို့နယ် အတွင်း၌ စစ်ရေးများ ငြိမ်သက်သော်လည်း စစ်ကောင်စီ တပ်ဖွဲ့သည် မြေပြင် စစ်ဆေးရေး ဂိတ်များ အပြင် စစ်လေယာဥ်ဖြင့်ပါ လဲချားမြို့ပေါ်သို့ ပျံသန်းနေကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။ “စစ်ကောင်စီ တို့ တားထားတဲ့ လမ်းကြောင်းက လဲချားကနေ ခိုလမ်ကို တိုက်ရိုက်ရောက်တယ်၊ အဲ့လမ်းပိုင်း တစ်လျောက် စစ်ကောင်စီတပ် ရောက်ဖို့ SSS ပြည်သူ့ စစ်တပ်က ပို့ပေးရတယ်၊ ပြီးတော့ မက်ကျန်း ပြည်သူ့ စစ်တပ်၊ နားယိုင်းပြည်သူ့စစ်တပ် ၊ မန်ပန်ပြည်သူ့ စစ်တပ်နဲ့ SSPP တပ်ပေါင်းစုလည်း ရောက်နေတယ်၊ ပြီးတော့ လေယာဥ်တွေ လာဝဲပြတာလည်း နှစ်ရက်နဲ့ နှစ်ညရှိပြီ” ဟု ၎င်း အမျိုးသားက ဆက်ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် လဲချားမြို့နယ်အတွင်း သျှမ်းတပ် နှစ်တပ် တိုက်ပွဲမဖြစ်ရန်တား မြစ် ပြောဆိုခဲ့ပြီးသည့်နောက် မေလ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် စစ်လေယာဥ် နှစ်စီးဖြင့် လဲချားမြို့ကို နှစ်ရက်၊ နှစ်ည ဆက် တိုက် ပျံသန်းပြခဲ့ကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။ သျှမ်းတပ်နှစ်တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့၏ လဲချားမြို့ နယ် အတွင်း တိုက်ပွဲကြောင့် ရွာသုံးရွာက ရွာပျက်သည် အထိ ဖြစ်လာသည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ လဲချားမြို့ နယ် အနီးတစ်ဝိုက်တွင် သျှမ်းတပ်နှစ်တပ် ဖြစ်သည့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲသည် မိုင်းနောင် နှင့် ကွန်ဟိန်းဘက်အထိ တိုက်ပွဲများ ကူးစက် သွားကြောင်း ဒေသခံများက ပြောသည်။ https://burmese.shannews .org/archives/35054

၁၄။   ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်ရှိ စစ်ဘေးရှောင်သူများ စားနပ်ရိက္ခာပြတ်လပ်နေ
       June 1, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်တွင်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူစစ်ဘေးရှောင် များသည် လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့လာရပြီဟု တိမ်းရှောင်လာသူများထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် အချိန်အတော်ကြာ ကူညီထောက်ပံ့မှုမရရှိတော့သဖြင့် ဆန်စားနပ်ရိက္ခာများ ပြတ်လပ်နေကြပြီး အကူ အညီများလိုအပ်လျက်ရှိကြောင်း ဖလူဆိုမြို့နယ်မှ အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက ယခုလိုပြောသည်။ “ထောက်ပံ့မှုမရ တာက ၃လ ကျော်ရှိပြီး။ အဓိကတော့ဆန်ပေါ့။ ဆန်ကမရှိတော့ တစ်ချို့ကလိုက်ချေး စားကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီး တော့ အရေးပေါ်ဆန်လာပေးတာရှိတယ်။ လာပေးတာလည်း တကယ့်ရှာစားလို့မရ စားစရာလုံးဝမရှိတဲ့လူပဲပေါ့။ ဆန်ကနည်း‌ တော့ နည်းနည်းပဲရတယ်။ မိသားစု အချို့လည်း ခဏခဏသွားတောင်းဖို့ အားနာတယ်၊ ရှက်တယ်။ တစ်ချို့အသက်ကြီးတဲ့သူဆို ရွာမှာ ကတည်းက သားသမီးတွေ ပစ်ထားတယ်။ ဘေးပတ်ဝန်း ကျင်ပဲပေးကျွေးတယ်။ “ဟု ပြောသည်။ ထို့အပြင် အဟာရချို့တဲ့ သည့်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများရှိလာသဖြင့် အဟာရရှိသည့် အစားအစာများနှင့် တစ်ကိုယ်‌ရည်သန့်ရှင်းရေး အတွက်လည်း ထောက်ပံ့ပေးစေလိုကြောင်း စစ်ရှောင်များ‌က ပြောသည်။

အခြားစစ်ရှောင်တစ်ဦးကလည်း “ကလေးငယ်နှင့်သက်ကြီးသူတွေအတွက် အဟာရရှိတဲ့အစား အစာတွေထောက်ပံ့ပေး စေချင်တယ်။ ဘာ‌ဖြစ်လဲဆိုတော့ အဟာရချို့ တဲ့တဲ့ကလေးငယ်တွေ‌ရှိတယ်။ နောက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် ရေချိုးဆပ်ပြာလည်း လိုအပ်နေတယ်”ဟု ပြောသည်။ အလားတူ စစ်ဘေးရှောင်များသည် ဆန်ရိက္ခာအပြင် ‌နေထိုင်ခိုလှုံရာ အဆောက်အဦးအတွက် အမိုး အကာများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။ ဒီးမောဆိုမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု များအပြင် မြေပြင်လှုပ်ရှားမှုများ အမြဲလိုလိုလုပ်ဆောင်နေကြောင်းလည်းမြေပြင်သတင်းအရ သိရသည်။ ကရင်နီလူ့အခွင့်အရေး အဖွဲ့၏ ပြုစုထားသော စာရင်းအရ ကရင်နီတစ်ပြည်နယ်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခွဲကျော်ရှိနေကြောင်း သိရှိရသည်။ https://kicnews.org/2023/06/%e1%80%96% e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80% af%e1

၁၅။   ကြာအင်ဆိပ်ကြီး မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန် ၊ အရပ်သားတွေသေဆုံးမှုရှိ၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
       June 2, 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့တွင်း ဒီနေ့ ဇွန် ၂ ရက်မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်း တပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ် တွေထံက သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာ၊ လက်နက် ကြီး နဲ့ ပစ်ခတ်တာ တွေရှိပြီး နှစ်ဖက်တိုက်ပွဲကြား အရပ်သား ထိခိုက်သေဆုံးမှု ၈ ဦးထက်မနည်းရှိနေတယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံက ပြောပါ တယ်။ “ညက ဇွန် ၁ ရက်ပေါ့။ စစ်တပ်က လက်နက်ကြီးတွေ ပစ်ထုတ်တယ်။ အခု မနက် ၄ နာရီ လောက်မှာ တိုက်ပွဲဖြစ်သံကြား ရတယ်။ လက်နက်အကြီးအသေးပစ်သံတွေ ရပ်ကွက်ကြားတွေထဲ ထိမှန်တယ် မနက် ၈ နာရီ လောက်မှာ လေယာဥ် က ကမ်းနား ပိုင်း ရပ်ကွက်တွေကို ပစ်တယ်။ ဗုံးကြဲတယ်။ အဲဒီမှာ အရပ်သားတွေ ဘုန်းကြီးတွေ၊ ကလေးတွေ သေတယ်။ ထိတာ ရောသေတာ ရောဆို ၁၀ ယောက်လောက် ရှိမယ်။ အခုလည်း ပစ်သံကြားနေရတယ်၊ အပြင်မထွက်ရဲဘူး၊ ထွက်တာနဲ့ စစ်တပ်ဘက်က လှမ်းပစ်တယ်” လို့ ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်ရင်း ဌာန ချုပ်တွေနဲ့ လုံခြုံရေးအဖွဲ့တွေကို KNU/PDF ပူးပေါင်းအဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ သံဃာတွေအပါအဝင် အရပ် သား တွေထိခိုက်သေဆုံးမှုရှိတယ်လို့ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၅ ရက် ကနေ စစ်တပ်က ကော့ကရိတ်၊ ကျူံဒိုး၊ ကြာအင်းဆိပ် ကြီးမြို့ချင်းဆက်၊ကျေးရွာချင်းဆက် လမ်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ ၂ ရက် မနက် ၁၁ နာရီ ကျော်အချိန်အထိ ကြာအင်းဆိပ်ကြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ လူနာ နဲ့ သေဆုံး ရုပ် အလောင်းတွေကို လိုက်လံ ကူညီရာမှာတော့ သေဆုံးသူ သံဃာတစ်ပါး အပါအဝင် ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရလူနာတွေ တွေ့ရှိ ထားပြီး ရပ်ကွက်တွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆက်လက်ကူညီနေရသည့် အခြေအနေဖြစ်ကြောင်း၊ ဒဏ်ရာရသူ အရေအတွက် လည်းထပ်တိုးလာနိုင်ကြောင်း လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။ https://ww w.bbc.com/burmese/articles/c873dznx01jo?fbclid=IwAR3mAT9vV8mbQZ5ZUuaRFMXJdbIB7sU78fN56mPNgHVPt

၁၆။    ခန္တီးခရိုင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ
        June 1, 2023

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တို့က မေ ၂၅ ရက်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖောင်းပြင် နတ်စက်ရွာနဲ့ ဟုမ္မလင်း နောင်ဆွတ်ခါးကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံတွေက “စစ်တပ်နဲ့ SNA ရှမ်းနီတပ်ပေါင်းပြီး ဟုမ္မလင်းနဲ့ ဖောင်းပြင်အစပ်ပေါ့လေ၊ အဲ့ဒီဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ ​မေလ ၂၅ နဲ့ ၂၆ မှာ စစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့က နတ်စက်ရွာထဲကို လက်နက်ကြီးနဲ့ အချက်ရေ ၆၀ လောက်ပစ်တယ်။ စက်လတ် ၃ လက်နဲ့လည်း အဆက်မပြတ်ပစ်တယ်။ အရပ်သားတို့ PDF ကို မခွဲဘဲ အကုန်ပစ်လို့ အရပ်သား ၂ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာရတယ်။ အဲ့ဒါက နတ်စက်မှာ၊ ပြီးတော့ မေ ၃၀ မှာကြတော့ နောင်ဆွတ်ခါးရွာကို စစ်တပ်ကပစ်လို့ အဘိုးကြီး ၁ ဦး သေနတ်မှန်ပြီး ဒဏ်ရာရတယ်။” ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီ တပ်နဲ့ SNA ရှမ်းနီတပ် ပူးပေါင်းအင်အား ၂၅၀ ဝန်းကျင်နဲ့ လက်နက်ကြီးပစ်ကူယူပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တွေနဲ့ မေ ၂၅ ရက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း PDF တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“SNA ပါတယ်၊ ကသဲပါတယ်၊ စစ်တပ်က ၂၇၂ ပါတယ်၊ ဟုမ္မလင်းမြို့ပေါ်က ၂၂၂၊ ၃၇၀၊ ၃၆၉ အားလုံးပေါင်းလိုက်ရင် တော့ အင်အား ၂၅၀ ကျော်ပါတယ်။ သူတို့က စစ်ကြောင်းတွေ ထိုးနေလို့ မေ ၂၅ ကတည်းက စ​ဖြစ်နေတာ ၃၁ ရက်နေ့ထိပဲ။” စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း SNA ရှမ်းနီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိ တာပါ။ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တို့ရဲ့ ပူးပေါင်းထိုးစစ်ဆင်မှုတွေကြောင့် အဲ့ဒီနယ်မြေက ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ လူဦးရေ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ https://burmese.dvb.no/arch ives/596671

၁၇။   ဖယ်ခုံမြို့နယ် တတစ်လအတွင်း တိုက်ပွဲ (၆) ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ (၁၉) ဦး သေဆုံး၊ PDF  ရဲဘော်         (၆) ဦးထိခိုက်ဒဏ်ရာရ
       June 2, 2023

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တစ်လအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ (၁၉) ဦး သေဆုံးကာ PDF ဘက်မှ ရဲဘော် (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း DMO – PDF (1102) က ယမန်နေ့  ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ထားသည်။ မေလ ၂၀ ရက်နေ့မှစပြီး ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် လတူးရွာကြားတွင် ဖယ်ခုံဖက်မှ စစ်ကြောင်းထိုး လာသော စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား မိနစ် (၃၀) ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက် တွင် ပြည်သူ့ကာကွယ်ရေး  PDF ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီ၏ တပ်ရင်းတစ်ခုထံမှ ကင်းထောက်ဒရုန်းတစ်စင်း၊ ကျည်အချို့ သိမ်းဆည်းရရှိခဲ့သည်။

“စစ်ကောင်စီက ဒီ နယ်မြေမှာ အင်အားဖြည့်တယ်၊ လေကြောင်းနဲ့ လက်နက်ကြီးတွေကော ပစ်ရတာက ဒီက တော်လှန် ရေးနယ်မြေမှာ ပြန်ဆုတ်ခွာဖို့လုပ်နေတာပဲ။ အချက်အခြာကျတဲ့ ဒေသလည်းဖြစ်တော့ သူတို့က ပြန်လည်ပြီး ခုခံတိုက်နေတာ လို့ပဲ မြင်တယ်။ ပြီးတော့ သူတို့က အဲ့လိုလုပ်ရတယ်ဆိုတော့လည်း ဒီ ဒေသက မဟုတ်ပါဘူး။ အခု ကရင်ပြည် နယ်၊ ချင်းပြည်နယ် တိုက်ပွဲဖြစ်နေတဲ့ ဒေသမြို့နယ်တွေမှာဆို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးနေတယ် “ ဟု PNDF KK မှ မြေပြင်သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗွေဟုင်းက ပြောသည်။ ထို့အပြင် ဖယ်ခုံမြို့နယ် လွယ်လုံရွာအနီးတဝိုက်တွင် မေလ ၂၂ ရက်နေ့က  စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF  ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ နှစ်ကြိမ်ဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ ဖက်မှ ၁၂ ဦးကျော် သေဆုံးပြီး အလယ်ပိုင်းတိုင်း DMO-PDF (1102) တပ်ရင်းမှ ရဲဘော် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။ အလားတူ မေလ ၂၃ ရက် ဖယ်ခုံမြို့နယ် စက်တော်ရွာ နှင့် ခေါင်အိရွာအကြား၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ PDF မှ (၂) ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ထိခိုက်ဒဏ်ရာ သေဆုံးမှု အချို့ ရရှိခဲ့သည်။  ၎င်းတို့ နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုသည် မေလ ၃၀ ရက်နေ့က စက်တော်ရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၂ ဦး သေဆုံး ပြီး ပူးပေါင်းတပ်ဖွဲ့ PDF မှ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲသည် မေလ ၃၁ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ ဖက်မှ (၅) ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့မှ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။   https://www.facebook.com/shannewsburmese/photos/pcb.6275857909173266/ 62758570353/

၁၈။    ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကျသဖြင့်  မိသားစု ၆ ဦး ဒဏ်ရာရ
         June 1, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာကို မေ ၃၁ ရက် မနက် ၁၀ နာရီခွဲအချိန်က တပ်မ ၄၄ လက် အောက်ခံ ဘိုက္ကားတပ်စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် လှည်းလမ်းကူး ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၆ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  လက်နက်ကြီးကျည်မှာ မိသားစုဝင်ခြောက်ဦး အလုပ် လုပ်ပြီး နေအိမ်အောက် ထိုင်နေစဥ် ကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၆ ယောက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ထိခိုက် ဒဏ်ရာရသူတွေကတော့ ကိုထွန်းလင်း၊ ကိုစောထွန်း၊ ကိုစောထွန်းဇနီး ကိုစောထွန်းသား၊ မောင်သိမ်းပိုက်စိုး၊ ကိုထွန်းလင်းသား မောင်မြင့်မြတ်လင်း အပါအဝင် သုံးဦးကတော့ စိုးရိမ်ရဒဏ်ရာလို့ တစ်ကိုယ်လုံးထိခိုက်ခဲ့ပြီး ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ပေးရတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ လှည်းလမ်းကူးကျေးရွာကို စစ်ကောင်စီဘက်ကအင်အား ၁၀၀ ကျော် ဝင်ရောက်စီးနင်းခဲ့ရှာဖွေသွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံး များလာ လေလေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အရပ်သားရှိတဲ့ နေအိမ်တွေဘက်ကို မကြာခဏပစ်ခတ်လေ့ရှိတာ ဖြစ်ပါ တယ်။ https://burmese.dvb.no/archives/596652

၁၉။   တနင်္သာရီမြို့ လယ်သစ်ရွာမှာ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ
        June 1, 2023

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာမှာ စစ်ကောင်စီတပ်က ရွာတွေထဲလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ မနက် အစောပိုင်းကစပြီး တောက်လျှောက်ပစ်နေတာလို့ အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တွဲလက်ညီညီ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရွာသစ်ရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတစ်ဦး ကျည်ထိမှန်ခဲ့သလို၊ နေအိမ် တွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။ ” လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတော့ ရွာသားတွေ အကုန်ထွက်ပြေးနေရ တယ်၊ နီးစပ်ရာရွာတွေက အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခြံတွေမှာ နေနေရတယ်၊ သူတို့အတွက် စားဝတ်နေရေး အခက်အခဲ ရှိတယ်” တိုက်ပွဲဖြစ်တာမရှိဘဲ အနီးနားမှာရှိတဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ကနေ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်နေတာ လို့ တနင်္သာရီ ပကဖ တာဝန်ခံ ဗိုလ်စတား ကလည်း ပြောပါတယ်။ https://www.rfa.org/burmese/news/tanintharyi-atta ck-army-06012023134538.html

၂၀။   ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်လူထုများ ကိုယ်ထူကိုယ်ထ လမ်းခင်းနေ၊ အကူအညီများ               လိုအပ်
      June 2, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာက လူထုများ ကိုယ်ထူကိုယ်ထ ကျောက်ခင်းလမ်း ပြုလုပ်နေပြီး အကူအညီများ လိုအပ်နေတယ်လို့ လမ်းခင်းဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဒီလမ်းကျတော့ မိုးရာသီမှာဆို အဆင်မပြေဘူးလေ။ ဆိုင်ကယ်စီးရတာလည်း အဆင်မပြေဘူး။ ကားမောင်းရတာ လည်း အဆင်မပြေဘူး။ တချို့ကားခါကျတော့ သူတို့ မတက်နိုင်တော့ ရွာခံတွေကော၊ စစ်ရှောင်တွေကော လိုက်တွန်းကူရတဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော။ လမ်းလျှောက်ရင်လည်း ကျောင်းသွားတက်ရမှာကျတော့ ကလေးတွေလည်း ၅ မိနစ်နဲ့ ရောက် ရမဲ့လမ်းကို ၁၅ မိနစ်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော။ အဲ့လိုဖြစ်သွားတယ်။” လို့ ကူညီဆောင် ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နေပြီး ဒန်ဘာကားနဲ့ တစ်စီးကို ၇ သောင်းကျပ် စျေးရှိတဲ့ သဲ အစီး ၂၀ ခန့် အသုံးပြုပြီးဖြစ်ကာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီဖြစ်ပြီး အစီး ၆၀ ဝန်းကျင် လိုအပ်နေသေးတယ်လို့ သိရပါတယ်။ ကျောက်ကိုတော့ ကျေးရွာအနီးအနားတစ်ဝိုက်က တောင်ပေါ်မှာရှိတာတွေကို စစ်ရှောင်တွေက ထုတ်လုပ် အသုံးပြုနေကြတယ် လို့ ပြောပါတယ်။

လမ်းခင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ပေါက်ပြား၊ ဂေါ်ပြား တွေလည်း အလုံအလောက်မရှိတာကြောင့် တစ်နေ့ကို အယောက် ၂၀ နဲ့ အလှည့်ကျ ခင်းနေရတဲ့အပြင် အယောက် ၂၀ ထဲမှာလည်း တစ်ယောက်တစ်လှည့်သာ လုပ်နေရတဲ့အတွက် အချိန်ပိုကြာတယ်လို့ သိရပါတယ်။ “လမ်းနဲ့ပတ်သက်ခါကျတော့ ကိုယ်က အလှူခံလို့ရှိရင် ဒီအချိန်မှာ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ အလှူခံရင်တောင်မှ တော်တော်လေး ရှားပါးနေတဲ့အချိန်ပေါ့နော။ လမ်းက အရေးကြီးလို့လား၊ သွားနိုင်ရင် ရပြီပေါ့။ လမ်းဆိုးရင်လည်း သွားပေါ့၊ ခံပေါ့၊ အဲ့လိုမျိုးပေါ့နော။ အဲ့လောက်နဲ့ ဘာဖြစ်မှာမို့လို့လဲ ပြောမှာပဲလေ အဲ့ကြောင့်မို့ အဲ့လိုမျိုး အဆင်ပြေနိုင်မဲ့သူနဲ့ လမ်းနဲ့ပတ်သက်ပြီး ကုသိုလ်ကောင်းမှု လုပ်ချင်တဲ့လူနဲ့ အဲ့လိုပဲချိတ်ဆက်လိုက်တာပေါ့။” လို့ ကူညီ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။  လက်ရှိ စစ်ရှောင်လူထုတွေ ခင်းနေတဲ့ လမ်းဟာ ဒေါရောက်ခူ ကျေးရွာကနေ ဟန်လီ၊ ပရူးခေါ ကျေးရွာကို သွားတဲ့မြေသားလမ်းဖြစ်ပြီး စစ်ရှောင်ပြည်သူ ၆၀၀ ကျော် သွားလာအသုံးပြုတဲ့ လမ်း လည်း ဖြစ်ပါတယ်။  မြေသားလမ်းဖြစ်တာကြောင့် မိုးရာသီရောက်ရင် ဆိုင်ကယ်၊ ကား အပြင် ခြေလျင်နဲ့ ကျောင်းသွားရတဲ့ စစ်ရှောင်ကလေးငယ်တွေ သွားလာဖို့အတွက် အခက်အခဲရှိတာ ဖြစ်ပါတယ်။ www.kantarawaddytimes.org

၂၁။    တပ်ထဲကို ဖမ်းခေါ်သွားတဲ့ ကျောက်ရှပ်ရွာသားလေးဦး၊ ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်လာသေး
        June 2, 2023

ရေဖြူမြို့နယ်၊ ‌ကျောက်ရှပ်ရွာက ဒေသခံလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ ၅ ရက်ရှိနေပေမဲ့ ပြန်မလွှတ် ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၂၉ ရက်နေ့က ကလိန်‌အောင်မြို့အခြစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခု တိုက် ခိုက်ခံရပြီးနောက် ကျောက်ရှပ်ရွာက အမျိုးသား ငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေပြောပြ ချက်အရ သိရပါတယ်။ စစ်မေးခံရသူတွေထဲမှာ စစ်ကောင်စီခန့်အုပ်ကြီး ပါဝင်ခဲ့ပေမဲ့ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ အဆိုပါအုပ်ကြီးနဲ့ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့အမျိုးသား  ၄ ဦးကိုတော့ စစ်ကောင်စီတပ်ရင်းတစ်ခုဆီ ဖမ်းခေါ်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ ကျောက်ရှပ်အုပ်ကြီး ခဏခဏခေါ်စစ်ခံရတယ်။ဘာကြောင့်လဲတော့မသိဘူး။ ကျန်တဲ့သူတွေက လည်း  ထုံးစံအတိုင်း PDF နဲ့ချိတ်ဆက်ရှိလို့ဆိုပြီး ဖမ်းသွားတာပဲ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ ‌အမျိုးသားလေးဦးကို စစ်ကောင်စီတပ် (၄၁၀) တပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေပြောဆိုနေကြပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မနေ့က ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်သား အင်အား အများအပြား ကျောက်ရှပ်ရွာထဲရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရထားလမ်းနားမှာ တစ်ဖွဲ့ချခဲ့တယ်။ နွယ်လီဘက်ကိုလည်း တစ်ဖွဲ့ဆင်းသွားတယ်။ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးပါ ဆင် ထားတယ်။ အခြေနေကတော့ မငြိမ်ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ အခုလ ၂၉ ရက်နေ့ကစလို့ စစ်သားတွေဟာ ကျေးရွာတွေထဲဝင်ပြီး ရွာသားတွေကို ရိုက်နှက်စစ်မေးတာ၊ ဖမ်းဆီးတာနဲ့ ဒေသတွင်း ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်ရင်းတွေနဲ့နီးတဲ့ ကျောက်ရှပ်ရွာ၊ နွယ်လီရွာ၊ ဇင်းဘာရွာ တွေဘက်ကို ပစ်ခတ်၊ တိုက်ခိုက်မှုတွေ မရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် နွယ်လီရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ https://www.facebook.com/photo/?fbi d=280973387653751&set=a .196212682796489

၂၂။     ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ
         June 2, 2023

မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ပြီး ခုခံတော်လှန် စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ တက်ရောက်သူ ကျောင်းသား၊ ကျောင်း သူ ၃၅၀၀၀ ကျော်ရှိသည်ဟု ချင်းပြည်နယ်ပညာရေးမှူးရုံးထံမှသိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည် နယ်တွင် ထန်တလန်မြို့ကလွဲ၍ ၈ မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့က ကျောင်းပေါင်း ၃၂၈ ကျောင်းဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း ၃၅၄၃၄ ဦးတက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှပြုစုသောစာရင်းအရသိရသည်။ ယခုပညာ သင်နှစ်သည် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီလက် အောက်မှာ ကျောင်း ဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှုအများဆုံးဖြစ်သည်ဟု သိရသည်။ နိုင်ငံရေးအခြေ အနေမတည်ငြိမ်မှုကြောင့် သားသမီးများကျောင်း မတက်နိုင်သည်မှာ ၃ နှစ်ကျော်ရှိလာပြီဖြစ်ကာ ကလေး ငယ်များ၏ အနာဂတ်ပညာရေးပိုင်းစိုးရိမ်ရသည့်အတွက် စစ်ကောင်စီ လက်အောက်မှာ ကျောင်းမအပ်ချင်သော်လည်း အပ်ခဲ့ရသည်ဟု ဟားခါးမြို့က ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

“ ဒီနှစ်က ရပ်ကွက်ထဲကလူတွေရော ကျောင်းအပ်တဲ့သူတွေတော်တော်များတယ်။ အဓိကတော့ ကလေးတွေက ကျောင်း မတက်တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပြီလေ။ ကျွန်မကလေးဆို အခု ၈ နှစ်ရှိပြီ အခုထိ KG မတက်ရသေးဘူး။ သူတို့အသက်သာ ကြီးလာတာ ကျောင်းမတက်တော့ ဖုန်းပဲဆော့ကြတယ်။ ဆိုတော့ သူများကလေးတေလဲ တက်တယ်  ကိုယ့်ကလေးကျ မတက်ခိုင်းရင် အောက်ကျနောက်ကျဖြစ်မယ်။ တဖက်မှာလဲ စစ်တပ်လက်အောက်မှာတော့မတက်စေချင်ဘူးပေါ့နော် ဒါပေမဲ့ မြို့ပေါ်မှာက NUG ဖွင့်တဲ့ကျောင်းလဲမရှိ၊ ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာထားဖို့ကလဲ ၁ လ ၁ သိန်းဆိုတော့ မတတ်နိုင်ပြန် ဘူး။  အစိုးရကျောင်းမှာ အပ်ဖို့ပဲရှိတော့တယ်။” ဟု ပြောသည်။ ယခုနှစ် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် ကျောင်းတက် ရောက်မှု အများဆုံးဖြစ်ပြီး ကျောင်းသားဦးရေ ၁၇၃၂၂ ဦးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ မြို့နယ်အလိုက် ကျောင်းတက် ရောက်မှုမှာ ဟာခါးမြို့နယ်တွင် ၂၁၉၂ ယောက်၊ ဖလမ်းမြို့နယ်တွင် ၂၇၀၆ ယောက်၊ တီးတိန်မြို့နယ်တွင် ၄၈၄၀ ယောက်၊ တွန်ဇံမြို့နယ်တွင် ၅၉၆၆ ယောက်၊ မင်းတပ်မြို့နယ်တွင် ၁၅၀၆ ယောက်၊ ကန်ပ က်လက်မြို့နယ်တွင် ၁၄၂ ယောက်၊ မတူပီတွင် ၇၆၀ ယောက်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က တမြို့လုံးမီးရှို့ဖျက်ဆီးခဲ့ သော ထန်တလန်မြို့နယ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိပေ။ ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားအကောင်းဆုံး ပြည်နယ်ဖြစ်ကာ သင်ကြားရေးပိုင်းတွင် အခက်အခဲနိုင်မည်ဟု ဟားခါး ဒေသခံတစ်ဦးကပြောသည်။ https://w ww.facebook.com/KhonumthungBurmese/photos/a.1811431135791587/3438 08574979 

၂၃။    KNDF ရဲ့ CDM ဌာနဖွဲ့စည်းပြီး တစ်နှစ်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦးရှိ
       May 31, 2023

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်သားတွေကနေ စီဒီအမ် (CDM) ပြုလုပ်ပြီး ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) ရဲ့ CDM ဌာနကို ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦး ရှိတယ်လို့ ဌာနမှူး ကိုယုန်လေး က ပြောပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စီဒီအမ်ဌာနကို စတင်ဖွဲ့စည်းခဲ့ချိန်က CDM တပ်သား ၇ ဦးသာရှိ ခဲ့ပြီး နောက်ပိုင်းမှာ ခိုလှုံလာကြတဲ့ အရေအတွက်များလာတယ်လို့ ဆိုပါတယ်။ လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ တပ်သား တွေကို ဆုကြေးငွေတွေပေးတာလည်းရှိခဲ့ပါတယ်။ “ကျတော်တို့ဒီ ၅ လပိုင်း ၃၁ ရက်နေ့မှစပြီးတော့ ဖွဲ့ပြီးနောက်ပိုင်းမှာ တောက် လျှောက်လာတယ်ပေါ့နော။ ဘယ်ချိန်ပိုပြီးစိပ်လာလဲဆိုရင် ၉ လပိုင်း ၁၀ လပိုင်း ပြီးတော့ ၂၀၂၃၊ ၂ လပိုင်းထိ တောက်လျှောက် စိပ်လာတယ်”လို့ ကိုယုန်လေးက ပြောပါတယ်။ တစ်နှစ်အတွင်း ခိုလှုံကြတဲ့ တပ်သားအများစုဟာ စစ်ကောင်စီရဲ့တပ်မ (၆၆) လက်အောက်ခံ တပ်သားတွေဖြစ်ကြပြီး စစ်ကြောင်းထိုးရင်းနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးလာပြီး CDM ကူးပြောင်းတဲ့ပုံစံမျိုး များ ပြားတယ်လို့ သိရပါတယ်။ CDM တပ်သားတွေကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကနေ တစ်ဦးကို ၇ သောင်း နှုန်းနဲ့ လစဉ်ထောက်ပံ့ကြေးပေးနေတာ ၇ လခန့် ရှိနေပြီလို့ ကိုယုန်လေး က ပြောပါတယ်။

စစ်ကောင်စီတပ်တွင်း ရိုက်သွင်းထားခဲ့တဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာအောင် CDM စစ်သားတွေကို အမြင်ဖွင့် သင်တန်းတွေ ပေးနေတယ်လို့လည်းဆိုပါတယ်။ အမြင်ဖွင့်သင်တန်းကြောင့် CDM စစ်သားအများစုဟာ အမှန်တရားကို လက်ခံ လာနိုင်ကြပြီလို့လည်း ကိုယုန်လေး က ဆက်ပြောပါတယ်။ “တစ်ချိန်လုံး စစ်တပ်တွေက ကျတော်တို့ကို ဂျင်းထည့်ထားတာ။ ကျတော်တို့က တပ်မတော်ပါ တပ်မတော်ကမြန်မာကို ကာကွယ်တယ်။ ပြည်သူလူထုကိုကာကွယ်တယ်ဆိုတဲ့ အသုံအနှုန်းတွေ ဟာ ဘယ်လောက်ထိလက်တွေ့ကျလဲ။ ဘယ်လောက်ထိလွှဲနေလဲဆိုတာကို ကျတော်တို့ အဲ့လိုချပြတာမျိုးတွေပေါ့နော” လို့ ယုန်လေးက ပြောပါတယ်။ CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ခိုလှုံနိုင်ပြီး တပ်သားတွေကိုလည်း ကြိုဆိုလက်ခံသလို တော်လှန်ရေးကာလမှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ပေးကြဖို့ကိုလည်း သူကတိုက်တွန်းထားပါ တယ်။ KNDF ဥက္ကဌခွန်းဘီထူးက “စစ်ကောင်စီရဲ့ ရည်မှန်းချက်က သူတို့အာဏာတည်မြဲရေးအတွက် သူတို့အကျိုးစီးပွားဖြစ် ထွန်းရေးအတွက် တိုင်းပြည်ကိုအုပ်ချုပ်လိုက်တယ်။ ပြီးတော့ ရဲဘော်တွေကို တုတ်သဖွယ် လက်နက်သဖွယ် သုံးပြီးမှ သူတို့ မကောင်းတဲ့အလုပ်ကို လုပ်ခိုင်းတယ်။ လူထုကိုနှိမ်နင်းတာတွေ သတ်ဖြတ်တာတွေ မီးရှို့တာတွေ အားလုံးကို သူတို့ပေါ်လစီ အနေနဲ့ ကျင့်သုံးပြီးတော့မှ သူတို့ရဲ့ လက်ရှိတပ်တွေကို သုံးနေတယ်ပေါ့။ ထွက်ဆိုချက်တိုင်းမှာ တပ်သားတွေက ဒါကိုမလိုလား ဘူးလို့ ကျနော်တို့သိထားတဲ့အတွက် တပ်သားတွေတိုင်းကလည်း ဒီအခြေအနေကိုဆက်ပြီးတော့မှ တွန်းလှန်းသင့်တယ်။ စစ်ကောင်စီရဲ့အမိန့်တွေကို ဖီဆန်သင့်တယ်။ ဒါတွေလုပ်မှသာလျှင် ကျနော်တို့ရဲ့တိုက်ပွဲက ပိုပြီးတော့မှ တော်လှန်ရေးက ဘက်စုံတော်လှန်ရေးပါ။”လို့ ခွန်းဘီထူးက ပြောပါတယ်။ https://www.kantarawaddytimes.org/kndf-%e1%80%9b%e1% 80%b2%e1% 80%b7-cdm

၂၄။   တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်အတွင်း စာသင်ကျောင်း(၁၄၀)ကျော်ရှိသော်လည်း (၁၉)ကျောင်းသာ         ယခုနှစ်တွင်ဖွင့်လှစ်နိုင်
      June 1, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန် ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အစိုးရစာသင်ကျောင်း (၁၉)ကျောင်းသာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။ “ကျွန်တော်တိုဌာနကတော့ ဖွင့်ဆိုဖွင့်ရတယ်။ ပိတ်ဆိုလည်း ပိတ်ရမှာဘဲ။ ဒေသဦးစီးကလည်း အကုန်ညှိနှိုင်ဆွေးနွေး ထားတယ်လေ။ ပုံမှန်လိုဘဲ ကျောင်ပြန်ဖွင့်မယ်။ ကျောင်းဆရာ ဆရာမတွေလည်း စာသင်ဖို့အဆင်သင့်ဖြစ်နေကြပြီ”ဟု နမ့်ဆန် မြို့နယ်  လက်ထောက်ပညာရေးမှူး ဦးထွန်းရင် က ပြောသည်။ မေလ (၂၈)ရက်က နမ့်ဆန်ပညာရေးဝန်ကြီးဌာနနှင့် ဒေသဦးစီး များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသဦးစီးဥက္ကဌ၏ ညှိနှိုင်းညွှန်ကြားချက်ရရှိပြီး ၂၀၂၃ခုနှစ် မေလ (၂၉) ရက်နေ့ကစပြီး ကျောင်းအပ် လက်ခံခဲ့သည်ဟုသိရသည်။ စာသင်ကျောင်းဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်နေရသည်များရှိသော်လည်း ဒေသဦးစီး၏ ညွှန် ကြားမှုကြောင့် လက်ရှိမှာ ၇၅ ရာခိုင်နှုန်းခန့် အလုပ် လုပ်နေကြသည်ဟု ဆိုသည်။  “အခုလို ကျောင်းဖွင့်တော့ တချို့ကျောင်း သား မိဘတွေက ပျော်နေကြတယ်ပေါ့။ တချို့ မရှိဆင်းရဲတဲ့ကလေးတွေဆို ဘယ်မှာ ဘယ်လိုကျောင်းထားရမလဲပေါ့။ အဲလို ဝမ်းသားတဲ့စကားတွေကြားနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က နမ့်ဆန်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်း (၁၄၁)ကျောင်း ရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်နှင့်  ၂၀၂၃ ခုနှစ်များတွင် အခြေခံပညာစာသင်ကျောင်း (၁၉)ကျောင်းသာ ဖွင့်လှစ်နိုင်သည်။ “ကောင်းပါတယ်။ အခုလို ကျောင်းဖွင့်တာ။ ကလေးတွေအတွက်မနစ်နာတော့ဘူးလေ။ နိုင်ငံရေးရှုတ်နေတာက တစ်ပိုင်းပေါ့။ ဒါပေမယ့် ပညာသင် ကလေး တွေနဲ့တော့မဆိုင်ဘူး” ဟု နမ့်ဆန်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ နမ့်ဆန်မြို့ထဲက စာသင်ကျောင်း (၈)ခုအပြင် နမ့်ခေး၊ပန်လော၊ဇယန်း(မြောက်)၊ဇယန်းကြီး ညောင်ပင်သာ၊ဘုရားကြီး၊မန်ပန်၊ဘန်ကောက်၊ဇယ်တုန်ဟုန်း၊ငွန်ဆိုင်း၊လွယ်ခမ်း စသည့် ကျေးရွာများတွင်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက တအာင်း တပ်မတော် TNLA ကလည်း တအာင်းဒေသအတွင်းရှိ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများကို သတ်မှတ်ကာလ  (၆)လအတွင်း ( သြဂုတ်လကုန်အထိ)CDM လုပ်ရန် တိုက်တွန်း ထုတ်ပြန်စာတစ်စောင်ထုတ်ထားသေးသည်။ https://www.facebook.com/ photo/?fbid=638300715009916&set =a.588245110015477

၂၅။    ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲ
        June 2, 2023

ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP )ဟာ ပထမအကြိမ် ပြုလုပ်တဲ့ ပါတီညီလာခံမှာ ပါတီအမည်ကို ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ KSDP က ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေတုန်းက ကရင်နီပြည်နယ် အတွင်း တစ်နေရာမှာ ပါတီညီလာခံကို ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီ ( ၁၄ ) ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ( ၉ ) ဦးတို့ကို ရွေးချယ် တင်မြောက်ခဲ့ပါတယ်။

ယခင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ ခူးသဲရယ်ကနေ ပါတီဥက္ကဌ နဲ့ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ မော်မိုးမြာကနေ ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက် ခံရပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ် မဲဆန္ဒနယ် ၃၄နေရာအနက် ယခုအမည်ပြောင်းလဲသတ်မှတ်ထားတဲ့ ကရင်နီ ပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ၈ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။ https://www.facebook.c om/KantarawaddyTim es/photos/pcb.6198650863586705/6198649590253499/

၂၆။    “စစ်ကိုင်းဖိုရမ်”မှာ သဝဏ်လွှာနဲ့အတူ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ ကိုယ်စားလှယ်တက်ရောက်
        June 1, 2023

“စစ်ကိုင်းဖိုရမ်”မှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဘက်က ကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ပပျောက်ရေး အတူဆက်လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာပါ ပေးပို့ခဲ့ပါတယ်။ ဒီဖိုရမ်ကို မေလ ၃၀ ၊ ၃၁ ရက် ၂ ရက်သာကျင်းပပြီး နိုင်ငံတစ်ဝန်းက နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်အင်အားစုတွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ TPCC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂေါင်ဂျား က “စစ်အာဏာရှင်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးမှာ အင်အားစုကောင်းကောင်းတစ်ခု အနေနဲ့ရပ်တည်ပြီးမှ စစ်ကောင်စီပြုတ်ကျဖို့အတွက် တော်လှန် တိုက်ပွဲဝင်သွားဖို့လိုအပ်တယ်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည် ဆောက်တဲ့အခါမှာ ကျွန်တော်တို့တွေအတူတူလျှောက် လမ်းဖို့ လိုအပ်တယ်ဆိုပြီး သဝဏ်လွှာပေးပို့ရတာဖြစ်ပါတယ်“ လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးထဲ အာဏာရှင်ခုခံတော်လှန်ရေးမှာ အားကောင်းကောင်းနဲ့ ရှေ့ဆက်နေတာဖြစ် ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ ပေါ်ပေါက်လာရေးအတွက်လည်း ယုံကြည်ကြောင်း TPCC ရဲ့ သဝဏ်လွှာမှာဖော်ပြထား ပါတယ်။ “စစ်ကိုင်းဖိုရမ်”နဲ့ ပတ်သတ်ပြီး TPCC အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း သဝဏ်လွှာပေးပို့ခဲ့ ပါတယ်။ ဒီဖိုရမ်ဟာ စစ်အာဏာသိမ်းပြီး တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ အကြီးဆုံး တွေ့ဆုံမှုဖြစ်ပြီး တော်လှန်ရေးကို ဒေသ အလိုက် ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။ https://www.facebook.com/ photo/?fbid=576577514649517&set=a.404503215190282

၂၇။   ဆီဆိုင်မြို့နယ်မှ ကျောင်းပညာရေး ဝန်ထမ်းများ ကျောင်းအပ်ချိန် လောင်းကစားဝိုင်းရောက်နေ
       June 1, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုမှ ကျောင်းပညာရေးဝန်ထမ်းများသည် ကျောင်း အပ်နှံချိန် ကျောင်းတွင်မရှိဘဲ လောင်းကစားဝိုင်း ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျောင်းပညာရေး ဝန်ထမ်းများ မှာ ဆီဆိုင်မြို့နယ် ဘန်းယဥ်ကျေးရွာအုပ်စု ဖိုင်ကွမ်းကျောင်းအုပ်ဆရာကြီးနှင့် နောင်မွန်ကျေးရွာအုပ်စု လီမွန်ကျေးရွာ ကျောင်း အုပ် ဆရာမများဖြစ်ကြပြီး ကျောင်းအပ်နှံချိန်တွင် လောင်းကစားဝိုင်းရောက် ရှိနေကြောင်းသိရသည်။ “ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ကျောင်းအပ်တဲ့နေ့ဆို ကျောင်းအုပ်ဆရာတွေက ကျောင်းမှာမရှိဘဲ လောင်းကစားဝိုင်းတွေ မှာရှိနေတာ။ သူတို့ လုပ်နေတာက တော့ အမြင်မတော်ဘူးလေ။ ဒီနေ့တော့ ကျောင်းတက်နေပြီ။ လီမွန်ကျေးရွာကျောင်းအုပ်ဆရာမ ကတော့ အရက်ဘီယာတွေကို လိုက်ရောင်းနေတာ” ဟု နောင်မွန်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖိုင်ကွမ်းကျောင်းအုပ်ဆရာ နှင့် လီမွန်ကျေးရွာကျောင်းအုပ်ဆရာမတို့သည် လင်မယားဖြစ်ကြပြီး၊ ထိုကျောင်း ပညာရေးဝန်ထမ်းများ လောင်းကစားဝိုင်း၌ ပါဝင်နေသည့်အတွက်ကြောင့် ကျောင်းသား ၊ သူများအတွက် ပညာသင်ကြားရန် အတွက် ဆုံးရှုံးနိုင်ကြောင်း သိရသည်။ “ အခုချိန်မှာ ကျောင်းသားတွေကလည်း ပညာကောင်းကောင်းတတ်တာမဟုတ်ဘူး။ ဆရာတွေက ဒီလိုလုပ်နေမှတော့ ကလေးတွေကလည်း ဘယ်လိုပညာတတ်တော့မှာလဲ။ ရှေ့ဆက်ဖြစ်လာမဲ့ဟာကို ကျမတို့ပြော တာ။ နောက်ပိုင်းဆိုရင် သူတို့ ကလေးတွေကိုလည်း မကြည့်နိုင်ဘူး။ သူတို့ စီးပွားရေးအတွက်တွေပဲ လုပ်လာတော့မယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်း လောင်းကစားဝိုင်းများ ပိုမိုများ ပြားလာခဲ့သည်။ ထို့အပြင် လောင်းကစားဝိုင်းများကို စာသင်ကျောင်း နှင့် အနီးတွင် ဖွင့်လှစ်ထားခြင်း၊ လူအဝင်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ ကစားနေကြောင်း သိရသည်။ https://burmese.shan news.org/archives/35059

၂၈။    စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်း
        June 1, 2023

မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ကျဆင်းနေပြီး နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထဲမှ ၇၀ ရာခိုင်နှုန်းရှိဝင်ငွေမှာ စွမ်းအင်ကဏ္ဍက ရရှိနေခြင်းဖြစ်ကြောင်း ISP မြန်မာက မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အာဏာသိမ်းပြီးနှစ် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံကိုဝင်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ယင်းအထဲက ၇၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန် ဒေါ်လာ ၄ ဘီလီယံနီးပါးသည် စွမ်းအင်ကဏ္ဍက ဖြစ်ကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍမှ ဝင်ခဲ့သည့်ငွေထဲက ၂ ဒသမ ၅ ဘီလီယံ သည် ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ခွင့်ပြုခဲ့သည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင်စွမ်းအင်စီမံကိန်းမှရရှိသော ငွေဖြစ် သည်။  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာလည်း စွမ်းအင်ကဏ္ဍကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ဝင်ခဲ့ပြီး မည်သည့်နိုင်ငံက ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်ကို အတိအကျမသိရကြောင်း ISP မြန်မာက ဆိုသည်။

မြန်မာစစ်တပ်မှ အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ရှိခဲ့သည့်အတွက် အာဏာသိမ်းပြီးနှစ်နှစ်ကျော်အတွင်း ရရှိခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ငွေသည် အာဏာမသိမ်းမီ တစ်နှစ်ကရရှိခဲ့သည့် ပမာဏတောင်မရှိပေ။ နိုင်ငံအလိုက်နှိုင်းယှဉ်ပါကတရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ဟောင်ကောင် ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀၀ အပါအဝင် ၃ ဘီလီယံကျော်ရှိပြီး ၅၆ ရာခိုင်နှုန်းကျော်ဖြင့် ပထမနေရာတွင် ရပ်တည်နေသည်။ အာဆီယံနိုင်ငံများက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၃၁ ရာခိုင်နှုန်းကျော် ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိပြီး ၁၀ ရာခိုင်နှုန်းကျော်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာစစ်တပ်မှ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စွမ်းအင်ကဏ္ဍက ဝင်ငွေအများဆုံးအဖြစ် ရပ်တည်ကာ ကုန်ထုတ်လုပ်ရေးက ဒုတိယနေရာတွင်ရှိပြီး တိတယနေရာတွင် ပို့ဆောင်ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ယင်းအပြင် ဝန်ဆောင်မှု၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့်ခရီးသွား၊ စက်မှုန်ဇုန်၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် သတ္တုတွင်းစသည့် ကဏ္ဍတို့ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ https:// www.facebook.com/westernnewsagency/photos/a.119286173211229/771596487 980191/

၂၉။    NUG ပြည်ထဲရေးဝန်ကြီး ပဲခူးတိုင်း စစ်မြေပြင်သို့ သွား ရောက်
        June 1, 2023

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်သည် ပဲခူးတိုင်း စစ်မြေပြင်သို့ သွားရောက်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။ မေလ ဒုတိယပတ်အတွင်း၌ ပဲခူးတိုင်းရှိ Royal Peacock Column ရှေ့တန်းထွက်စစ်ကြောင်း၏ စစ်မြေပြင်သို့ သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး NUG ၏ လက်ရှိတော်လှန်ရေးကာလဆောင်ရွက်နေမှုနှင့် စစ်ရေး ရည်မှန်းချက်များကို ရှင်းလင်းပြောခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းဒေသရှိ ကျေးရွာများသို့သွားရောက်၍ လည်း ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း NUG က ဆိုသည်။ ထိုတွေ့ဆုံပွဲတွင် NUG ၏ PDF တောင်ပိုင်းတိုင်း စစ်ဦးစီး စောယှားဖောင်ဝှါး၊ အမှတ် ၂ စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော် တို့လည်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။ https://www.facebook.com/photo/?fbid=636730685166789&set=p cb.636730911833433

၃၀။   သမီးဖြစ်သူ လက်နက်ကြီးထိမှန်တာကို မြင်လိုက်ရတဲ့ အသက်တစ်ရာ၀န်းကျင်အရွယ်အဘွားအို နှလုံးရပ်သေဆုံး
       June 2,2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တဲ့ သမီးဖြစ်သူရဲ့ဖြစ်ရပ်ကို မြင်လိုက်ရတဲ့ အသက်တစ်ရာဝန်းကျင်အရွယ်အဘွားအိုတစ်ဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန် ပဝတ်ကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ  မင်းထိန်ရွာဘက်ကို လက်နက် ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မင်းထိန်ရွာက အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံအမျိုးသားတစ်ဦးက “သူ့သမီးက အိမ်နားမှာရေခပ်နေတဲ့အချိန်လက်နက် ကြီးထိပြီးသေတာ။ မအေဖြစ်သူ က အဲဒါကိုအိမ်ပေါ်ကမြင်ပြီးနှလုံးရပ်ပြီးဆုံးသွားတာပဲ။ မအေမှာတော့ လက်နက်ကြီးမထိဘူး။” လို့ ပြောပါတယ်။ အခုလို လက်နက်ကြီး ပစ်တာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့‌ လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြင်ရွာက အသက် ၃ နှစ်အရွယ်မိန်းကလေးငယ်လေးနဲ့ အသက် ၃၈ နှစ်ဝန်းကျင်အရွယ်အမျိုးသမီးတို့   သေဆုံးခဲ့ပါတယ်။ ဒေသခံတွေပေး ပို့ထားတဲ့သတင်းအချက်အလက်တွေအရ ပုလောမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး အရပ်သားသေဆုံးမှု အများဆုံးမြို့နယ်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု၊ နှစ်ဘက်ထောင် ထား တဲ့ မိုင်းတွေနင်းမိပြီး အရပ်သား ထိခိုက်၊ သေဆုံးသူ အများဆုံးရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နယ်မြေမ တည်ငြိမ်တာ၊ အိုးအိမ်မီးရှို့၊ ဖျက်ဆီးခံရတာတွေကြောင့်လည်း ပုလောမြို့နယ်က အရပ် သား ၁၃,၀၀၀ ကျော် စစ်ဘေးရှောင် နေရပါတယ်။ https://www.facebook.com/photo/?fbid=28102291 0982132&set=a.196212679463156

၃၁။   မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီပစ္စည်းများပေးခွင့်ရရန် စောင့်ဆိုင်းနေရဟု ကုလထုတ်ပြန်
       June 2, 2023

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့် အတွက် စစ်ကောင်စီထံကနေ  အတည်ပြုချက်စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းဖြန့်ဝေမှုတွေ ဆောင်ရွက် နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ကူညီခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ပါတယ်။ မုတ်သုံရာသီဝင်လာပြီဖြစ်လို့ မြန်မာနိုင်ငံအနောက်ပိုင်းကို မေလ ၁၄ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ် အခံရဆုံးဒေသတွေမှာ အမိုးအကာ၊ အရေးပေါ်စားနပ်ရိက္ခာ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အကူအညီတွေပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ အချိန်လု ဆောင်ရွက်နေရတယ်လို့လည်းဆိုပါတယ်။ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးခွင့်ရဖို့ အတည်ပြုချက်စောင့်ဆိုင်းနေဆဲဖြစ်ပေမဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရှိရင်းစွဲရရှိထားတဲ့ ခွင့်ပြုချက်နဲ့ အသင့် ရှိပြီး အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေး အကူအညီတွေ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို လက်လှမ်းမီရောက်ရှိနိုင်တဲ့ နေရာတိုင်းမှာ ကူညီပံ့ပိုးနေတယ် လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လူပေါင်း ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ပံ့ပိုးပြီးဖြစ်တဲ့အပြင် အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနဲ့ အခြား လိုအပ်တဲ့ကယ်ဆယ်ရေး ပစ္စည်းတွေ ကိုပံပိုးပေးခဲ့သလို သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂအေဂျင်စီက ဆိုပါ တယ်။ နိုင်ငံအနောက်မြောက်ဘက်ပိုင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက်လည်း  အမိုးအကာတွေပြုပြင်နိုင်ဖို့  ငွေသား အကူအညီတွေပေးခဲ့သလို လူဦးရေ ၄,၅၀၀ အတွက် တကိုယ်ရေ သန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ တခြားကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ (UN OCHA) အဖွဲ့သားတွေက ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးဒဏ် သင့်တဲ့ ယာယီရွှေ့ပြောင်း စခန်းတွေနဲ့ ကျေးရွာတွေကိုသွားရောက်ပြီး ဘေးဒဏ်သင့်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြပြီး အပျက်အစီး ထုထည်ကတော့ မယုံကြည်စရာကောင်းလောက်အောင် များပြားတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့၊ ကချင်ပြည်နယ် နေရာတချို့က မုန်တိုင်းဒဏ် သင့် လူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့ ကုလသမဂ္ဂ က အလှူရှင်နိုင်ငံတွေကို တိုက်တွန်းဆော်ဩထားပါတယ်။ https://burmese.dvb.no/archives/596713

၃၂။   အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကရင်နီတွင် အရပ်သား ၃၂၀ ဦးကျော်သေဆုံး
       June 1, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်အတွင်းတွင် စစ်ကောင်စီတပ်များ လက်ချက်​ဖြင့် အရပ် သား ၃၂၆ ဦးထိ သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထား သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ယခင် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်နေ့အထိ ၂ နှစ်ကျော်ကာလအတွင်း ကရင်နီပြည် နေရာအနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၆၉၉ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ ဘက်မှ ၂၀၆၈ ဦးထိ သေဆုံးခဲ့ပြီးဖြစ်သည်။ အဆိုပါ ကာလများအတွင်း စစ်ကောင်စီဘက်မှဖမ်းဆီးသွားသူ ၁၉၀ ဦးထိရှိနေပြီး စစ်ကောင်စီတပ်၏သတ်ဖြတ်မှုအပြင် လေကြောင်းပစ်ခတ်မှုနှင့်လက်နက်ကြီး ထိမှန်မှုများကြောင့် အရပ်သား ၃၂၆ ဦးထိ သေဆုံးခဲ့ကာ ထိုအထဲမှ ၁၃၆ ဦးသည် စစ်ဘေးတိမ်းရှောင်နေစဥ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်မှုအကြိမ်ရေ ၄၆၃ ကြိမ်အထိရှိခဲ့ကာ တိုက်ပွဲများအတွင်း ကရင်နီကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း တပ်သား ၂၉၂ ဦးထိသေဆုံးခဲ့ကြောင်းသိရသည်။ တိုက်ပွဲများအတွင်း​ စစ်ကောင်စီ တပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးထိမှန်မှုများကြောင့် အရပ်သားနေအိမ် ၁၅၆၁ လုံး ပျက်စီးခဲ့ပြီး ဘာသာရေး အဆောက် အအုံ ၃၆ လုံးလည်း ပျက်စီးဆုံးရူံးခဲ့ရသည်။ ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ စတင်ပြီး ယနေ့အချိန်အထိ စစ်ဘေးတိမ်းရှောင်နေရသူ အရပ်သားဦးရေ ၂ သိန်းကျော်ထိ ရှိနေပြီဖြစ်သည်။ https://www.faceb ook.com/photo/?fbid=227148873410823&se t=a.121904670601911

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။