• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 45, June 6, 2023)

၁။    ပုလောမှာ စစ်ကောင်စီဒရုန်းဗုံးသီးချတိုက်ခိုက်၊ အရပ်သား အမျိုးသမီးတစ်ဦးဒဏ်ရာရ
       June 5, 2023

ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အခုမနက် ၇ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ တပ်က ကျောင်းနိမ့်ရွာထဲကို စုစုပေါင်း ဗုံးသီး ၆ လုံးလာချခဲ့တာဖြစ်ပါတယ်။ ဗုံးသီးကျရောက်ပေါက်ကွဲချိန် ကျောင်းနိမ့်ရွာခံ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ဦးခေါင်းမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ “ဗုံးသီးကအတွဲလိုက် လာချတာဆို တော့ တပြိုင်တည်းအောက်တာပါ။ အဲဒီအမျိုးသမီးက လမ်းမှာစျေးထွက်ဝယ်နေတဲ့အချိန်ထိတာ”လို့ ဒေသခံတစ်ဦးကပြောပါ တယ်။ ဗုံးစထိမှန်ခဲ့တဲ့အမျိုးသမီးကတော့ လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

ဒါ့အပြင်အခုမနက်ပိုင်းမှာပဲ ကျောင်းနိမ့်ရွာထဲကို စစ်ကောင်စီတပ် ခလရ (၂၈၅)ကနေ လက်နက်ကြီး ၄ ချက်ခန့် ပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကလည်းကျောင်းနိမ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ ပုလောမြို့နယ်အတွင်းကကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက် နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။ https://www.fac ebook.com/ph oto?fbid=282600080824415&set=pcb.282600147491075

၂။    လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ရဲစခန်း တိုက်ခိုက်ခံရ
      June 5, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်စခန်း နှင့် ရဲစခန်း တို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။  ယနေ့ နံနက် အစောပိုင်းအချိန်ခန့်က လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ၅၀၇ တပ်စခန်း ၊ ရပ်ကွက် ၁၂ ရှိ ရဲစခန်း၊ မြို့ပြင်တွင် တပ်စွဲထားသည့် ပန်ဟုန်းရွာရှိ စစ်တပ်စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံတဦးက “ ဒီမနက် ၄ နာရီက ဖြစ် တာ။ လားရှိုးမြို့ ရပ်ကွက် ၅ က ၅၀၇ တပ်စခန်းရယ် ရပ်ကွက် ၁၂ ကရဲစခန်းနဲ့ လားရှိုးမြို့ပြင် စစ်ကောင်စီတပ်စွဲထားတဲ့ ပန်ဟုန်း ရွာကို ဝင်တိုက်ခဲ့တာ” ဟု ပြောသည်။ ကိုးကန့် (MNDAA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရှော့တိုက်ဒုံးနှင့် တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုးကန့် (MNDAA) နှင့် စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ အာဏာ သိမ်း စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) တို့ကြား ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဇွန်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း MNDAA က ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=6393481715 71707&set=pcb.639348328238358

၃။   မယ့်လင်ချောင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA၊ မိုးတား ပကဖတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦး        ထက် နည်းသေ
     June 5, 2023

ကသာမြို့နယ် မယ့်လင်ချောင်ရွာအနီး ရေပြာချောင်းအတက်တွင် ဇွန် ၅ ရက်နေ့နံနက် ၈ နာရီခန့်၌ စစ်ကောင်စီတပ်နှင့် KIA၊ မိုးတား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ ၎င်းစစ်ကောင်စီစစ်ကြောင်းသည် နတ်လှိုင်ရွာမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင်လည်း လူနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဟုတ်တယ်၊ အိမ်ခြေ ၁၀၀ ကျော်ရှို့သွား တယ်။ ပိန်းလဟာ ကိုလည်း ရှို့သွားတယ်။”ဟု ဆိုသည်။ ကျေးရွာမီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ညောင်ခြေထောက်၊ သံပရာ၊ ကျောက်ပုံ၊ အင်းရွာ၊ ပျဉ်းလေးပင်၊ အင်းရွာလေး၊ ကျွန်းတောကုန်း၊ ညောင်ပင်ကွင်းစသည့် ကျေးရွာ များရှိ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ https://www.facebook.com/photo/?fbid =641998817964012&set=a.605896064907 

၄။     မိုင်းကိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ မသင်္ကာတဲ့လူတွေကို ပစ်သတ်ပိုင်ခွင့်ရှိကြောင်း SSPP က အမိန့်                  ထုတ်ထား တယ်လို့ ဒေသခံတွေ​ပြော
       June 5, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ထဲက တောင်ပေါ်ကျေးရွာအုပ်စုထဲက ကျေးရွာတွေကို အစည်းအဝေးခေါ်ပြီးတော့ မသင်္ကာ တဲ့ ဒေသခံတွေကို ပစ်သတ်ပိုင်ခွင့် ရှိတယ်ဆိုပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)က အမိန့်ထုတ်ထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က ကျေးရွာအုပ်စု ၄ ခု ထဲမှ အုပ်ချုပ်ရေးမှူးတွေကို အစည်း အဝေး ခေါ်ပြီးတော့ တောင်ယာ လယ်ယာလုပ်တဲ့ ဒေသခံတွေ တောင်ယာမှာ ညမအိပ်ဖို့နဲ့ ထုတ်ထားတဲ့ စည်းကမ်းကို မလိုက်နာ ဘူးဆိုရင် SSPP ဘက်က ပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ်လို့ ​ဆိုပါတယ်။ ဒေသခံ အမျိုးသား တစ်ဦးက “အစိမ်းအဖွဲ့ တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်တယ်။ အုပ်ချုပ်ရေးမှူးကတဆင့် ကျေးရွာထဲကလူတွေခေါ်ပြီး ပြောတယ်။ တောင်ယာ လယ်ယာလုပ်တဲ့ လူတွေကို တောမှာ ညမအိပ်ဖို့ပြောတယ်။ သူတို့ ထုတ်ထားတဲ့ စည်းကမ်းကို မလိုက်နာဘူးဆိုရင် ပစ်မိန့် ထုတ်ထားတယ်တဲ့။ သူတို့ မသင်္ကာတဲ့ လူတွေဆိုရင်လည်း ပစ်သတ်ပိုင်ခွင့် ရှိတယ်တဲ့” လို့ ပြောပါတယ်။

SSPP ဘက်က မသင်္ကာလို့ ပစ်သတ်တာကို သတင်းမီဒီယာပေါ် ပျံ့နှံ့သွားခဲ့ရင် မိသားစုပါ ဒုက္ခရောက်လိမ့်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ “တကယ်လို့ သူတို့ မသင်္ကာလို့ ပစ်သတ်သွားတာ မီဒီယာပေါ် ပျံ့နှံ့သွားခဲ့မယ်ဆိုရင် သူ့ရဲ့မိသားစုကိုပါ ဒုက္ခရောက်မယ်လို့ ပြောတယ်။ သူတို့ရဲ့ ကျေးရွာကိုလည်း တာဝန်ယူခိုင်းမယ်လို့ ပြောသွားတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ ကျေးရွာအုပ်စု ၄ ခုဟာ ဟမ်းငိုင်၊ ပန်ကေတု၊ တုံလောနဲ့ ဟိုခဲအုပ်စုတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နဲ့ ဗိုလ်ကြီး သီဟရာဇာကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ မိုင်းကိုင်မြို့နယ် ရန်လွယ်ကျေးရွာအုပ်စု ရန်လွယ်ရွာခံ ကွီထွေး ဆိုသူကို SSPP က ပစ်သတ်ခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၂၈ ရက်မှာ ငွေ ၅ သိန်းနဲ့သာ ကြေအေးခိုင်းစေခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=579386934368575&set =a.404503215190282

၅။    ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် စကစလက်နက်ခဲယမ်းတစ်ချို့ကို CAN နဲ့ CDF ရရှိ
       June 5, 2023

ဟားခါးနဲ့ ထန်တလန်အကြား သီမစ်အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များက သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိပါတယ်။  အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါးမြို့နယ်၊ သီမစ်လွင်ပြင်မှ ထန်တလန်မြို့နယ်ဖက်ကို မေလ ကုန်ပိုင်းမှစ၍ ကုန်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိပါတယ်။ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ အကြား တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးမယ်လို့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ခန့်မှန်း ထားပြီး ဒဏ်ရာရစကစတပ်သား ၁၅ ဦး၀န်းကျင်လည်း ဟားခါးဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်‌ဗုံးနဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဇွန်လ ၅ ရက်နေ့တွင်လည်း သီမစ်အနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ သိရှိနိုင်ခြင်း မရှိသေးပါ။ https://www. facebook.com/pho to?fbid=764436795688943&set=pcb.764436895688933

၆။     လောင်းလုံး အထကကျောင်းမှာ ဗုံးတွေ့တယ်ဆိုပြီး မြို့ခံ ၆ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖမ်းဆီး
       June 5, 2023

လောင်းလုံးမြို့ပေါ်က အခြေခံပညာအထက်တန်းကျောင်းမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက အနီး အနားမှာရှိတဲ့ မြို့ခံ ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အခုမနက်ပိုင်းကျောင်းဖွင့်ချိန်မှာ ကျောင်းအတွင်းမှာ ဗုံးတွေ့တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့အပြင် စာသင်ခန်းတွေထဲမှာဆေးနီတွေဖြန်းထားတာမျိုးလည်းရှိတယ်လို့ ကြားရတယ် လို့ မြို့ခံတွေကဆိုပါတယ်။ “ကျောင်းအုပ်ကြီးရုံးခန်းမှာလည်း စာပစ်ထားတယ်လို့ကြားတယ်” လို့မြို့ခံတစ်ဦးကပြော ပါတယ်။ ကျောင်းသားမိဘတွေကတော့ ဗုံးတွေ့တယ်ဆိုတဲ့သတင်းကြောင့် မနက်ပိုင်းမှာပဲ ကျောင်းသားတွေကို ကျောင်းကနေ ပြန်ခေါ် သွားကြတယ်လို့သိရပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ရောက်ရှိလာပြီး ကျောင်းအနီးအနားတဝိုက်ကမြို့ခံ အမျိုးသားတွေနဲ့ LGBT တချို့ကိုဖမ်းဆီးခဲ့တာပါ။ “ကျောင်းနားတဝိုက်ကိုစစ််တယ်။ တချို့အိမ်တွေကိုလူပါဖမ်းတာ။ LGBT တချို့ကို ရိုက်ပြီးတောင်ဖမ်းသွားတာ” လို့ မြို့ခံကပြောပါတယ်။ အခုညပိုင်းမှာတော့ ဖမ်းဆီးခံရ​သူအများစု ပြန်လွတ်လာပေမယ့် တချို့လည်းကျန်နေသေးတယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံရသူအရေအတွက်အတိအကျနဲ့ ပြန်လွတ်လာသူအရေအတွက် အတိ အကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ လောင်းလုံးမြို့ပေါ်မှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကလည်း မြို့ခံ ၈၀ လောက်အထိကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိပြန်လွတ်မလာသေးသူ ၁၀ ဦးခန့်အထိရှိနေပါသေးတယ်။ https://www.facebook.com/photo /?fbid=282827847468305&set=a.196212682796489

၇။    မိုးဗြဲမြို့တွင် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်  ၁ လက်                 သိမ်းဆည်းရရှိ
       June 5, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း၌ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦး အထက်သေဆုံးကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်မှု ကြောင့် ကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်တပ်ကို အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင် နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ရာ ညနေပိုင်း အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ၁၀ ဦးအထက်သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ တာဝေးပစ်လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ထက်မနည်း ပစ်ကူပေး တိုက်ခိုက် မှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံးမီးလောင်ပျက်စီးကာ နေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့ပြတော်လှန်ရေးတပ်ဦး (URF)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက် ၁ လက် သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။ ဇွန်လ ၄ ရက် ညပိုင်းကလည်း အကြမ်းဖက်စစ်တပ်မှ မိုးဗြဲမြို့တွင်သို့ တာဝေးပစ်လက်နက် ကြီး များဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေ အနေတင်းမာလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်သို့ အသွား အလာများ မပြုလုပ်ကြပါရန်၊ ခရီးသွားမိဘပြည်သူများအနေဖြင့်လည်း လွိုင် ကော်-ပင်လောင်း လမ်းမကြီးကို အသုံး မပြုကြရန် အမှတ် (၁၀၀၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ဖွဲ့က အထူး အသိသတိပေးမေတ္တာ ရပ်ခံထားသည်။ https://www.fa cebook.com/photo/?fbid=608219304739013&set=pcb.6082193 81405672

၈။    မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်
       June 5, 2023

စစ်ကောင်စီအဖွဲ့က CDM ဝန်ထမ်းမိသားစုများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်းလျား လိုင်းခန်း ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှား ရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကိုလည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအကြပ် နှင်ထုတ်နေကြောင်းသိရသည်။ စစ်ကောင်စီတပ်သည် အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းမိသားစုများနေထိုင်သည့် လိုင်းခန်းအား ကျူးကျော်ဟုဆို ကာ ဇွန်လနောက်ဆုံးအပတ်တွင် သတိပေးဆိုင်းဘုတ်အား လာရောက်စိုက်ထူခဲ့ပြီး CDM ဝန်ထမ်းများကိုလည်း ဇွန်လ ၁၅ ရက် နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးကြရန် ပြောဆိုထားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် CDM မီးရထား ဝန်ထမ်း တစ်ဦးက ပြောသည်။ “သူတို့ အဲသတိပေးဆိုင်းဘုတ်လာကပ်တဲ့နေ့ကစတာ ဆိုင်ခန်း၊လိုင်းခန်းတွေအကုန်လုံး အင်အားသုံးပြီး တော့ မြေတူးစက်တွေနဲ့ဖယ်ရှားဖို့ပြင်နေပြီ။ ပြီးတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေ စစ်ကားနဲ့လာပြီး ကတုတ် ကျင်း၊ ဘန်ကာတွေဆောက်နေကြပြီ”ဟုပြောသည်။

စစ်ကောင်စီတပ်များသည် CDM ဝန်ထမ်းမိသားစုများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင်ရှင်းလင်း ထွက်ခွာပေးကြရန် ထွက်ခွာပေးခြင်းမရှိပါက ၁၉၉၅ ခုနှစ် အစိုးရအိမ် ဥပစာ ( နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ အနိုင်အထက် ပြုခြင်းနှင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်တွင် ရေးသားထားသည်။ အောင်နန်းရပ်ကွက် မီးရထားဝင်းတွင်း နေထိုင်သည့်မီးရထားဝန်ထမ်းမိသားစုအများပိုင်းသည် CDM ပြုလုပ်ထားသူ အများပိုင်းဖြစ်ကြောင်း သိရသည်။ ထို့အခြေအနေ ကြောင့် CDM မီးရထားဝန်ထမ်းမိသားစုများသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် အမိုးအကာမဲ့ သွားရောက်နေထိုင်သူများရှိ သည့်အပြင် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့ရှိ စျေးဆိုင်များတွင် ညအိပ်သူများလည်းရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကိုဆန့်ကျင်ရန် CDM ပြုလုပ်လာသည့် ဝန်ထမ်းများစွာရှိသည့်အနက် ကချင်ပြည်နယ် တွင် CDM ပြုလုပ်သည့်ဝန်ထမ်းများတွင် မီးရထားဝန်ထမ်းအများဆုံးဖြစ်သည်။ https://burmese.kachinnews.com/2023/06 /05/zm1-67/

၉။    တနင်္သာရီတိုင်းမှာ စစ်ရှောင်သုံးသောင်းကျော်နေပြီလို့ စစ်ရှောင်ကူညီသူတွေပြော
       June 5, 2023

မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရိီတိုင်းအတွင်းမှာရှိတဲ့  ဒေသအသီးသီးမှာ ပြီးခဲ့တဲ့ မေလကုန်အထိ အချက် အလက်တွေအရ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော် ရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေတဲ့ ပုလောမြို့နယ်အတွင်းမှာတော့ စစ်ရှောင် စခန်းတွေက အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၂၆၀၀ ကျော်အပါအဝင် တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ကျေးရွာတွေကနေ မြို့ပေါ်ပြောင်း ရွှေ့သွားတာနဲ့ ဥယျာဥ်ခြံတွေထဲ ပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ဘေးရှောင် တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ တနင်္သာရီ မြို့နယ်အတွင်းမှာတော့ မော်တုန်းအနောက်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ လယ်သစ်၊ ညောင်ပင်ကုန်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ခန့် ကျန်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လောင်းလုံးမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ် တွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတဲ့ အောက်ကျောက်ဝပ်နဲ့ ညောပြင်ကျေးရွာက ဒေသခံ ၅၀၀၀ နီးပါး အမြဲတမ်း စစ်ရှောင်တွေအဖြစ် ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေ ထုတ်ပြန်တဲ့ အချက်အလက်တွေက ဆိုပါတယ်။ လောင်းလုံးက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုမင်းလွင်ဦးကတော့ ” စစ်ရှောင်တွေအတွက်က အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်တွေကတော့ အမြဲတမ်းလိုအပ်နေတာ၊ အခု မိုးတွင်းဆို ရာသီတုပ်ကွေးတွေလည်း ပေါ်လာတော့ ဆေးဝါးလို အပ်ချက်လည်း ရှိလာတယ်။ စစ်ရှောင်တွေက ဥယျာဥ်ခြံတွေထဲ တဲထိုးပြီး နေကြတာတွေလည်းရှိတယ်၊ အဲကျ တနင်္သာရီတိုင်း က မုတ်သုံအားကောင်းတဲ့ ကမ်းရိုးတန်းဒေသလည်းဖြစ်တော့ မိုးတွင်းဆို အမိုးအကာတွေလည်း အရေးတကြီးလိုတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် လောင်းလုံးမြို့နယ် အတွင်းရှိ ကရင်ကြီး၊ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကျောက်ဆင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိသလို တချို့ကျေးရွာတွေက ရွာခံတွေလည်း မြို့ပေါ်ပြောင်းရွှေ့သွားတာ ပြည်ပထွက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ ရေဖြူမြို့ နယ်အတွင်းမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက် နံနက်အစောပိုင်းက ထားဝယ်အထူး စီးပွားရေးဇုန်အတွင်းမှာရှိတဲ့  စစ်ကောင်စီ တပ်စခန်းငယ်တခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် စဥ် စစ်ကောင်စီဘက်က အဲဒီနေရာတဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဘဝါ၊ နဘုလယ် စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၆၀၀ ထက်မနည်း ရှောင်တိမ်းခဲ့ကြရတယ်လို့ သိရပါတယ်။ ရေဖြူမြို့နယ် ဒေသခံတဦးကတော့ ” ဒီဘက်မှာက စစ်ရှောင်စခန်းဆိုပြီး သီးသန့်မရှိဘူး၊ တိုက်ပွဲဖြစ်ရင် ထွက်ပြေးလိုက် ငြိမ်ရင် ရွာထဲပြန်ဝင်လိုက်နဲ့ နေနေကြတာ ” လို့ ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာနဲ့ ရေဝိုင်းရွာတွေဘက်ကို စစ်ကောင်စီ တပ်က မေလ ၂၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၂၅၀ ခန့် နေရပ်စွန့်ခွာပြီး နီးစပ်ရာဒေသတွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ကူညီပေးနေတဲ့ ဂိမှာန်ထောက်ပို့ကော်မတီ တနင်္သာရီက ပြောပါတယ်။ တဖက်မှာလည်း စစ်ရှောင်သောင်းချီရှိနေတဲ့ တနင်္သာရီတိုင်းအတွင်းကို စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်နေရတဲ့ နေရာတွေဆီ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို ကန့်သာတာ၊ လုံးဝသယ်ယူခွင့် မပေးတာတွေလည်း ပြုလုပ်နေတယ်လို့ စစ်ရှောင်အရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။ https://deltanewsagency.com/36458/

၁၀။    မုန်းတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
        June 5, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေတွင်း ကုန်းကြီးကျေးရွာတွင် ယနေ့နံနက် ၅ နာရီဝန်း ကျင်ခန့်မှစ၍ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ဒေသခံ များ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုန်းမြို့ခံများက ပြောသည်။ အင်အား ၆၀ နီးပါးရှိသော ထို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေတွင်းကုန်းကြီးကျေးရွာမှတဆင့် နတ်သံကွင်းမြို့တောင်ဘက်ပိုင်းသို့ စစ်ကြောင်းဆက်လက် ချီတက်မည်ဆိုပါက နယ်မြေခံကာကွယ်ရေးတပ်များနှင့် စစ်ဖြစ်ပွားနိုင်မည့် အခြေအနေများကြောင့် အဆိုပါရွာခံများ အပြင် ဥသျှစ်ကုန်း၊ သပြေကုန်းနှင့် အုန်းပင်စု ကျေးရွာများမှ သက်ကြီးရွယ်အိုများလည်း ထွက် ပြေးတိမ်းရှောင်ကြကြောင်း ဒေသခံ တစ်ဦးကပြောသည်။ “အဲ့ဘက်ကရွာတွေကိုဝင်တာ ဒါနဲ့ဆို သုံးခါရှိပြီ။ ဒီတစ်ခါဝင်လာတာတော့ အဖမ်းအဆီးမရှိဘူး။ အရင်ဝင် တုန်းကတော့ ဒေသခံတွေကို ဖမ်းပြီး လူသားဒိုင်း လုပ်တာတွေ ဘာတွေရှိတယ်။ အခုတခေါက် ရေတွင်းကုန်းမှာ ဝင်ထိုင်နေတယ် ရွာခံတွေပြေးတာရွာလုံးကျွတ်ပဲ။ ဘေးရွာတွေမှာလည်း သန်သန်မာမာ ယောကျ်ားလေးပဲရှိတော့တယ်။ သက်ကြီးရွယ်အိုတွေ တော့ နေရာရွှေ့ပြီ။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသော ရေတွင်းကုန်းကြီးရွာတွင် အိမ်ခြေ ၈၀ နီးပါးနှင့် ဒေသခံပြည်သူ ၅၀၀ ခန့်ရှိ၍ ထိုသို့ ရွာ အတွင်းဝင်ရောက်နေထိုင်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုများနှင့် နယ်မြေမတည်ငြိမ်မှုများ ထပ်မံဖြစ်ပွားမည်စိုးသဖြင့် ထိတ်လန့် ကြောက်ရွံ့နေရကြောင်း ဒေသခံများကပြောသည်။ အခြားရွာခံအမျိုးသားတစ်ဦးကလည်း “ဟိုးတစ်ခါ ဒီဘက်ရွာတွေကိုဝင်တုန်း က ပစ်ခတ်မှုတွေဖြစ်တယ်လေ။ ဒီအချိန်ထိတော့ ငြိမ်နေသေးတယ် ဆိုပေမယ့် ဘာဆက်ဖြစ်မယ်ဆိုတာ ရင်တထိတ်ထိတ်ပဲ။ ရှောင်နေကြတဲ့သူတွေကတော့ နီးစပ်ရာမှာ နေကြတယ်။” ဟု ပြောသည်။ အလားတူ ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်နှင့်နတ်သံကွင်းမြို့သို့ ဆက်သွယ်ထားသောကားလမ်းရှိ လမ်းမီးတိုင်အား ပြုပြင်ရန် အကာအကွယ်အဖြစ် ဒေသခံအမျိုးသား(၁၇)ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆိုပါနေ့ညနေပိုင်းက ပြန်လွှတ်ပေး လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လအစောပိုင်းအထိ နေရပ် စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ရှိနေကြောင်း ကေအဲန်ယူ၏ အဆိုပါထုတ်ပြန်ချက်အရ သိရ သည်။ https://kicnews.org/2023/0 6/%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80% 

၁၁။    စားနပ်ရိက္ခာ ပြတ်လပ်နေသည့် အောင်ကလပ်ရွာ စစ်ရှောင်အတွက် ဇဝနာရာမ ဆရာတော် က ကူညီထောက်ပံ့
        June 5, 2023

စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု အောင်ကလပ်ကျေးရွာအတွင်း စစ်ရှောင်များအတွက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမ စာသင်တိုက်ဆရာတော် ဦးကောဝိဒ က ဆန် (၁၇၀) အိတ် နှင့် အခြေခံအသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင့် သိရသည်။ အောင်ကလပ်ရွာ အတွင်းအိမ်ထောင် စု တစ်စုကို ဆန်တစ်အိတ်နှင့်လိုအပ်သော စောင်၊ ခြင်ထောင်၊ ကလေးအဝတ်အစား၊ အနွေးထည်၊ ဖိနပ်တို့အားကူညီ လှူဒါန်း ခဲ့ကြောင်းသိရသည်။ “စစ်ရှောင်နေရတာ ကြာလာတော့ တစ်ချို့သူတွေက စားစရာ ဆန်မရှိတာကို ဆရာတော်ဘုရားက ကြားသိ သွားတာ။ အဲဒီတော့ ဆရာတော်ဘုရားက ဦးဇင်းတို့ကို သွားလှူခိုင်းတာ။ အဓိကလှူဖြစ်တာ ကတော့ ဆန်ပေါ့။ ဦးဇင်းတို့ က ကိုယ်တိုင်လိုက်မဝေပေးနိုင်တော့ ရွာသူကြီးနဲ့ စစ်ဘေးရှောင်စာရင်းကိုင်တဲ့ သူဆီမှာပဲအပ်လိုက်တာ”ဟု ဇဝနာရာမ ကျောင်း တိုက်  ဦးဇင်း သုဝဏ္ဏ ကမိန့်ကြားသည်။ လက်ရှိအရေးပေါ်လိုအပ်ချက်ကြောင့် ဆရာတော်က ကူညီလှူဒါန်းခြင်းဖြစ်ပြီး ရေရှည် အတွက် ရပ်တည်ရေးတွင် အခက်ခဲရှိနေသေးကြောင်းသိရသည်။ အောင်ကလပ်ရွာသိုရောက်ရှိရန် စစ်ဆေးရေးဂိတ် ၄ ခုဖြတ် ကျော်ရသည့်အတွက် အလှူရှင်ရောက်ရှိမှု နည်းပါးကြောင်းသိရသည်။

အောင်ကလပ်ကျေးရွာသို့ ၂ နှစ်နီးပါး လာရောက်စစ်ရှောင်လာသူ တစ်ဦးက “အခက်အခဲ အဖြစ်ဆုံးက စာနပ်ရိက္ခာဖြစ် တယ်။ အလှူရှင်‌တွေမလာတာ ၃ လ လောက်ရှိပြီ ဒီတစ်ပတ်ကမှ ဆီဆိုင်က ဆရာတော်တို့ ဆန်ကို တစ်အိမ်ထောင် တစ်ပုံးနှုန်း နဲ့ လာလှူသွားတော့ အဆင်ပြေသွားတယ်။ ရေရှည်အတွက်တော့ မလုံလောက်သေးဘူးပေါ့။ တစ်ခြား ဆားတို့၊ ဆီတို့ မပြော တော့ဘူး ဆန်ဘဲ တစ်လ ပုံမှန်ထောက်ပံ့ရနေရင် အဆင်ပြေတယ်။” ဟုပြောသည်။ အောင်ကလပ်ရွာ ရှိစစ်ရှောင်များသည် အိမ်ထောင် ၇၉ စု အပါအဝင် စစ်ရှောင်ဦးရေ ၃၂၀ ရှိ ပြီး ကျောင်းနေအရွယ် ကလေး ၅၀ ကျော်ရှိသည့်အပြင် မသန်စွမ်းနှင့် နာတာ ရှည်ရောဂါသည်၊ နှလုံးရောဂါသည်၊ ကိုယ်ဝန်သည်တို့လည်းရှိနေကြောင်းသိရသည်။  https://www.facebook.com/Kham SarNgor/photos/pcb.2347308098772432/234 7308035439105/

၁၂။    ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ကရင်နီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေ
        June 5, 2023

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ ကရင်နီစစ်ဘေးရှောင်တစ်ချို့ကို နေရပ်ပြန်ခိုင်းတာတွေရှိ နေတယ်လို့ အဲဒီမှာနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေကနေ ဖိအားပေးလာတာကြောင့် စစ်ဘေးရှောင်တချို့ ပြန်တာတွေရှိတယ်လို့ သိရပါတယ်။ “ စိုက်ပျိုးရေးလေး ဘာ လေးလုပ်။ ဝက်မွေးလုပ်တာ ပြန်ခိုင်းတယ်။ ဝက်တွေပါယူပြန် ပြောတယ်။ အပြီးပြန်ဖို့ နင်တို့မျက်နှာမမြင်ချင်ဘူးပြောတယ်။ ” လို့ ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်နေသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်နေကြရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ပြောဆိုတာရှိပါတယ်။ ဒါပေမဲ့လည်း လက်ရှိအခြေအနေအရ ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေဆဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင်အများစုမှာ ပြန်စရာ အိမ်မရှိပါဘူး။ အခုလို စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ပိုမိုဖိအားပေးလာနေတဲ့အတွက် စစ်ရှောင်တချို့ဟာ နေရပ်ပြန်ပြီး နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုကပ်နေခဲ့ရသူတွေလည်းရှိနေ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတွေကနေ ဖိအားပေးတာမျိုးရှိခဲ့ပါတယ်။ နေရပ်မပြန်နိုင်သူတွေကိုတော့ အဲဒီမှာနေထိုင်ကြောင်း အထောက်အထားအနေနဲ့ အိမ်ထောင်စုစာရင်း ပြောင်းခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိလာခဲ့ပြီး တောတောင်တွေထဲ စစ်ဘေးရှောင်နေကြသူတွေရှိသလို နယ်စပ် တွေနဲ့ တခြားပြည်နယ်တွေကို စစ်ရှောင်သွားကြသူတွေလည်းရှိနေပါတယ်။ တောတောင်တွေထဲ စစ်ဘေးရှောင်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို သေဆုံးခဲ့ရသူ တွေလည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1% 80%9b%e1%80%be%e1%80%99%e1%80%b a%e1%80%b8%e1%80

၁၃။    ရှမ်းတောင်တိုက်ပွဲမှာ နှစ်လအတွင်း စစ်ကောင်စီဖက်မှ အရာရှိ၊ စစ်ကြောင်းမှူးအပါအဝင် (၆၂)ဦးသေဆုံး
       June 5, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖက်မှာ ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၂ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေအတွင်းမှာ စစ်ကောင်စီရဲ့ အရာရှိနဲ့ စစ်ကြောင်းမှူးအပါအဝင် ၆၂ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်း ဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ကဇွန်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေဟာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း လွယ်ဟွဲနဲ့ လွယ်လုံကျေးရွာကနေ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နဲ့ စက်တော်ရွာဖက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ လတူးဖက်ကနေ စစ်ကြောင်းတစ်ကြောင်း နဲ့ ထိုးစစ်ဆင်လာပြီး ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်မှုများခဲ့တဲ့ စစ်ကောင်စီက မေလ (၁)လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၉)ကြိမ်အထက်ပြုလုပ်ခဲ့ပြီး ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲ မှုဌာနချုပ် (စကခ ၇) နဲ့ ဖယ်ခုံမြို့အခြေစိုက် ၃၃၆ တပ်ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် (၃၀) ကျော် ပျက်စီးခဲ့တယ်လို့ KNDF တပ်ရင်း (၁၁) က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတာ ရှိပါတယ်။

၂ လကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဖက်ကလည်း အကျအဆုံး များခဲ့ပါတယ်။ KNDF မှ တပ်ဖွဲ့ဝင် (၇)ဦး နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှလည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်မှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ စ၍ တောင်မဲသင်း၊ လယ်ကြား၊ လုံးပြင်၊ နန်းနိမ်၊ စလုံးမြောက် နေရာတစ်ကြောကို စစ်ကောင်စီက စစ်ကြောင်းထိုးတပ်ဖြန့်ခဲ့သလို လွယ်ဝှဲ ၊ လွယ်လုံ ၊ စက်တော်၊ လတူး တို့ဖက်တစ်ကြောကို စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိအချိန်ထိ စက်တော်စေတီတောင်ပေါ်မှာ တိုက်ပွဲပြင်းထန်နေ ဆဲဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ- ပင်လောင်းနယ်စပ်တိုက်ပွဲတွေမှာ KNDF တပ်ရင်း(၃) ၊ (၁၁)၊ (၂၂)၊ ကရင်နီတပ်မတော်(KA)၊ ဖယ်ခုံ PDF၊ DMO-PDFs၊ မိုးဗြဲ PDF၊ အလယ်ပိုင်းအထူးတပ်ဖွဲ့ တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က တပ်စွဲခဲ့တဲ့ နေရာတွေမှာ မိုင်းထောင်ထားတဲ့ အတွက် ကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဖြစ်ပွားပြီးခဲ့တဲ့ နေရာတွေကို ဒေသခံတွေအနေနဲ့ မသွားလာကြဖို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေ က တိုက်တွန်းထားကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%9b%e1%80%be%e1%80%99%e1 %80%ba%e1%80%b8%e1%8

၁၄။    မုန်တိုင်းသင့် ချင်းပြည်သူတွေကို KIO ကျပ်သိန်း နှစ်ထောင် ကူညီ
         June 6, 2023

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ချင်းပြည်သူတွေအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ငွေကျပ် သိန်းနှစ်ထောင်ကို ချင်း အမျိုးသားတပ်ဦးက တစ်ဆင့်ကူညီထောက်ပံ့လိုက်တယ်လို့ ဇွန်လ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် က မုန်တိုင်းသင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် အခုလိုထောက်ပံ့ကူညီတဲ့ KIO ကိုကျေးဇူး တင်တယ်လို့ ချင်းအမျိုး သားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ် လုံးမှာ နေအိမ်တွေ၊ ဘာသာရေးနဲ့ ကျန်းမာရေးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းတွေပျက်လို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်းရှိနေတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောထားပါတယ်။

ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ ရခိုင်ပြည်နယ်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ NDAA က ကျပ် သိန်းနှစ်ထောင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကျပ်သိန်းတစ်ထောင်၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA က ကျပ်သိန်းငါးရာ၊ မွန်ပြည်သစ်ပါတီ NMSP က ကျပ်သိန်းငါးရာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျပ်သိန်း တစ်ထောင်၊ စုစုပေါင်း ကျပ်သိန်းငါးထောင်ကို ရက္ခိုင့်တပ်တော် AA ကတစ်ဆင့် ထောက်ပံ့ကူညီထားကြောင်း AA က ကြေညာ ချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်း ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်းသင့်လူဦးရေ ၁.၆ သန်းရှိ ခဲ့ပြီး သူတို့ကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း ကုလသမဂ္ဂက နိုင်ငံတ ကာကို တိုက်တွန်းထားပါတယ်။ https://www.rfa .org/burmese/news/chin-mocha-kio-support-06052023144530.html

၁၅။   ကျောက်ကြီးဒေသတွင်တိုက်ပွဲပြင်းထန်
       June 6, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့ နတ်သံကွင်းကျေးရွာတွင် စစ်ကောင်စီတပ် နှင့် KNLA ပူးပေါင်းတပ်တို့ကြားဇွန်လ ၆ မနက် စောစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တောင်းမြစ်ကူး တံတားကြီး တစင်း ပျက်ဆီးသွားခဲ့ကြောင်းသတင်းရရှိသည်။ ” စစ်ကောင်စီဖက်က ဖျက်ဆီးလိုက်တာလား ဘယ်ဖက်ကလုပ်လဲမသိဘူး စစ်ကောင်စီ ဖက်ကတော့ စစ်တောင်းမြစ်အနောက်ဖမ်းခြမ်းကို ခံစစ်ပြင်ဖို့တံတားကို ချိုးလိုက်တာလဲဖြစ်နိုင်တာပဲ” ဟု ဒေသခံတဦးကဆို သည်။ ယနေ့ မနက်တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်များက နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီကင်းစခန်း အချို့အား တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဖက်က အထိအခိုက်အကျအဆုံးရှိကြောင်းသတင်းရရှိသည်။ စစ်ကောင်စီတပ်ဖက်မှအထိနာသဖြင့် MI-35 တိုက်ခိုက်ရေးရဟတ်ယဉ်ဖြင့် လေးကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်း ရရှိသည်။ https://www.facebook.com/photo/?fbid=724365419695584&set=a.678729517592508

၁၆။    မြန်မာနိုင်ငံ ပြဿနာဟာ နိုင်ငံတကာပြဿနာ ဖြစ်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက် ပြော
        June 6, 2023

မြန်မာနိုင်ငံ၏ ပြဿနာဟာ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် နိုင်ငံတကာ ဥပဒေစံသတ်မှတ်ချက်များအရ သုံးသပ်လျှင် နိုင်ငံ တကာ ပြဿနာဖြစ်တယ်လို့ ဥပဒေ အထောက် အကူပြုကွန်ရက်က သူတို့ထုတ်ပြန်တဲ့ သံတမန်ရေးရာ အစီရင်ခံလွှာ စာစဉ် အမှတ် – ၁ ကနေ သုံးသပ်ဖော်ပြပါတယ်။ ဒါ့အပြင် ယင်းကို လေ့လာပြီးလက်ခံပါမူ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်လျက်ရှိ သော နိုင်ငံရေး၊ စစ်ရေး၊ ဥပဒေရေး – အင်အားစုများ၊ လူထုအသင်းအဖွဲ့များ အားလုံးသည် နိုင်ငံတကာသို့ ချဉ်းကပ်ပုံ ပြောင်းလဲ ရန်လိုအပ်တယ်လို့လည်း သုံးသပ်ပါတယ်။  ဥပဒေအထောက်အကူပြုကွန်ရက် အစီရင်ခံစာအရ “နိုင်ငံတကာက ကူကြပါ၊ ကယ် ကြပါဟု တစာစာအော်ဟစ် တောင်းဆိုနေမည့်အစား မြန်မာနိုင်ငံ၏ ပြဿနာသည် နိုင်ငံကတာပြဿနာ ဖြစ်ကြောင်း၊ နိုင်ငံ တကာ (အထူးသဖြင့် နိုင်ငံတနိုင်ငံချင်းစီအား စုပေါင်းထားသည့် နိုင်ငံတကာအနေဖြင့်) ပံ့ပိုးဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ထုတ်ဖော်ကြဖို့လိုအပ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအဆင့်နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့်အာဆီယံ စံသတ်မှတ်ချက် များအား အစိတ်အပိုင်းအရ ဆန့်ကျင်နေခြင်းဖြစ်သလို ယင်းကိုအတိအလင်းဝေဘန်ထောက်ပြ၊ ကန့်ကွက်ကာ လမ်းကြောင်း မှန်ပေါ်မှာ လျှောက်လှမ်းကြစေရန် တိုက်တွန်းစေဘို့လည်း အစီရင်ခံစာက ဆိုပါတယ်။ လမ်းကြောင်းမှန်ပေါ်တက်လာသည့် နိုင်ငံတကာ၏အကူအညီဖြင့် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲအပေါ် သက်ရောက်စေဖို့ ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြုထားပါတယ်။ https://www.facebook.com/photo/?fbid=7313 75168993081&set=pcb.731383085658956

၁၇။   တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်အစပ်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ လမ်းများအား KIA၊              PDF မှ ပိတ်ထား
        June 6, 2023

ကချင်ပြည်နယ်အစပ်၊  ဟုမ္မလင်းမြို့နယ်ထဲက ပန်ချယ်ကွင်း သီလရှင်ကုန်းမှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသဘက်က လမ်းပိုင်းတွေ အကုန်လုံးကို KIA၊PDF ဘက်က ပိတ်ပင်ထားတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သိရပါတယ်။ မနေ့က ဇွန်လ ၅ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲကနေ ၈ နာရီ လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊PDF ပူပေါင်းတပ်ဘက် ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမဲ့ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ် ဘက်ကတော့ အထိအခိုက်နဲ့ ပတ်သက်ပြီး မသိရှိရဘူးလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ” သူတို့ကလှမ်းပစ်တာပါနော်။ သူတို့က တိုက်ဖို့လုပ်တာပေါ့ ပြင်ဆင်တာပေါ့နော်။ အသံနည်းနည်းပဲ ခဏပဲပေါ့။ အကြီးအကျယ်ကြီးကတော့ မဖြစ်သေးဘူး” လို့ ဆိုပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်ခြေ ရှိသေးတာကြောင့် KIA၊PDF ပူးပေါင်းတပ်ဘက်ကနေ တုံပြင်လမ်းနဲ့ ဖားကန့် တာမခန်လမ်းနှစ်လမ်းစလုံးကို အချိန်အကန့်အသတ်မရှိ ပိတ်ထားလိုက်တာဖြစ်တယ်လို့လည်း အထက်ပါ PDF တပ်ဖွဲ့ ဝင်က ဆက်လက်ပြောပါတယ်။ ” အခြေအနေပေါ်မူတည်ပြီးမှ သွားဖို့လာဖို့ကို ဖွင့်ပေးမယ်လေ။  ပြည်သူကို ထိခိုက်မှုရှိမှာ စိုးလို့ လေ” လို့ ပြောပါတယ်။

တုံပြင်လမ်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက ပိတ်ထားတာဖြစ်ပြီး အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာတာကြောင့် ဖားကန့် တာမခန်လမ်းပိုင်းကိုပါ ဒီကနေ့ ဇွန်လ ၆ ရက်နေ့ကစပြီး ပြန်လည်ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ လည်း တပ်ဖွဲ့ဝင်က ရှင်းပြပြောဆိုပါတယ်။ လက်ရှိစစ်ရေးတင်းမာနေတဲ့ ဟုမ္မလင်းမြို့နယ်ဟာ ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာအနီးက ဖြစ်ပြီးတော့ အဆိုပါဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီ၊ SNA ပူးပေါင်းတပ် တွေနဲ့ KIA ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆယ်ဇင်းကျေးရွာအတွင်းက ဒေသခံ ၂၀၀၀ ကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။ ဆယ်ဇင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြားစစ်ရေးတင်းမာလျက်ရှိနေပြီး အဲဒီဒေသဟာ KIA တပ်မဟာ (၉) ၊ တပ်ရင်း (၂၆) ရဲ့ လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။ https://www.facebook.com/ myitkyinanewsjournal.mm/photos/a.182072622159000

၁၈။   မိုခါမုန်တိုင်းအလွန် ရခိုင်ဒေသ အငတ်ဘေးနှင့် ရောဂါဘေးကြုံတွေ့ရနိုင်ဟု ကုလပြော
       June 5, 2023

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန်သီတင်း ၂ ပတ်ကျော်ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီ ရရှိဖို့ မသေချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့ပွားမှုနဲ့ အဓိက စားနပ်ရိက္ခာ အကျပ်အတည်းက အမှန်တကယ် ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက် ဟာ အရေးပေါ်အကူအညီတွေအပြင်းအထန်လိုအပ်နေတာပါ။ ရခိုင်ပြည်နယ်မှာ မုတ်သုံရာသီ ဝင်ရောက်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ စားနပ်ရိက္ခာတွေရရှိနိုင်ဖို့နဲ့ သန့်ရှင်းတဲ့သောက်သုံးရေ အရင်းအမြစ်တွေရရှိနိုင်ဖို့ အချိန်နဲ့တပြေးညီလုပ်ဆောင်ဖို့ အရေး ကြီးတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် ထိုက်တန် မစ်ထရာက ပြောပါတယ်။ “နိုင်ငံတကာအသိုက်အဝန်းကို ထိခိုက်နစ်နာတဲ့ အသိုက်အဝန်းတွေဆီ ရောက်ရှိနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ပေးရမယ်။ အဲဒါက အရမ်းအရေးကြီးတဲ့ လိုအပ်ချက် တခု ဖြစ်ပါတယ်။” ပြီးခဲ့တဲ့လတုန်းကတော့ ကုလသမဂ္ဂက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ လိုအပ်နေတဲ့သူတွေဆီ လက်လှမ်းမီမှု မရှိတာကြောင့် မလုံလောက်သေးပဲ ကျေးလက်ဒေသတွေမှာဆိုရင်လည်း ပံ့ပိုးကူညီမှုတွေ လုံလောက်စွာ ရရှိနိုင်ဖို့ ဝေးကွာနေ သေးတယ်လို့ သူက ပြောပါတယ်။

“တချို့ဒေသတွေမှာ ဒေသခံအလှူရှင်တွေက ထောက်ပံ့ကူညီမှု တချို့ပေးနေတာ ရှိတယ်။ စစ်တပ်ရဲ့ ထောက်ပံ့ပို့ ဆောင်ရေးကနေတဆင့် အဲဒါကို CSOs (အရပ်ဘက်အဖွဲ့အစည်းတွေ)အဖြစ် လမ်းကြောင်းပေးနေတာတွေ ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ လတ်တလောမှာ အကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့် ရရှိထားပါတယ်။” ဒါ့အပြင် မုန်တိုင်းသင့်ပြည်သူ တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဦးမှာ မဟုတ်သေးရင် လာမယ့်လတွေမှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း မစ္စတာ မစ်ထရာက သတိပေးထားပါတယ်။ မိုခါမုန်တိုင်း ရိုက်ခတ် မှု မခံရခင်ကတည်းက ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှုနဲ့ နေထိုင်ကြရပြီး လူဦးရေ ၂ သိန်းလောက် ဟာ ဒေသတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ကြရတာ ဖြစ်ပါတယ်။ မိုခါ မုန်တိုင်းသင့်ဒေသတွေအတွက် လက်ရှိအချိန်ထိ မုန်တိုင်းဘေးသင့်လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းသင့် ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ လက်ရှိအချိန်ထိ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရရှိသေးဘဲ စစ်ကောင်စီ ဘက်ကလည်း ထိရောက်တဲ့ထောက်ပံ့မှု မရှိသေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။ https: //burmese.dvb.no/a rchives/597263

၁၉။   ရွှေကူနယ် NUG အစိုးရ ကျောင်းတွင် တက်နေသည့် ကျောင်းသား/သူများအတွက် အကူအညီလိုအပ်နေ
        June 5, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာသင်ယူနေကြသည့် မီးဘေး သင့် ကျောင်းသား/သူ များအတွက် ကျောင်းအသုံးပစ္စည်း အကူအညီများလိုအပ်နေကြောင်းသိရသည်။ ရွှေကူမြို့နယ် အရှေ့ တောင်ဘက်ခြမ်းမှ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် စီသာ၊ စီသောင်း၊ မံနား၊ မံခါး အစရှိသည့် ကျေးရွာ ၁၂ ရွာခန့်က ကျောင်းသားများသည် လက်ရှိတွင် ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ ဗလာစာအုပ်စသည့် ကျောင်းသုံးကရိယာ အကူအညီများ လိုအပ် နေကြောင်း NUG အစိုးရ ရွှေကူမြို့နယ်ပညာရေးမှူးက ပြောသည်။ “အခက်အခဲကတော့ မီးထဲပါသွားတဲ့ရွာတွေကတော့ ရုတ်တ ရက် ကျွန်မတို့သတင်းချိတ်ဆက်မှုနည်းနည်း နောက်ကျတဲ့အခါကျတော့ မီးထဲပါသွားတဲ့ ကလေးတွေ လွယ်အိတ်တွေ၊ ပုံနှိပ် စာအုပ်တွေ၊ စာရေးကိရိယာတွေပါမယ် အဲ့တာဆိုတော့ လိုအပ်တာကတော့ ကလေးတွေရဲ့ လွယ်အိတ်၊စာရေးကိရိယာတွေ လိုမယ်ရှင့်”ဟုပြောသည်။ အဆိုပါ ကျေးရွာ ၁၂ ရွာခန့်ကို စစ်ကောင်စီတပ်ဖွဲ့ မတ်လ တွင် စစ်ကြောင်းထိုးဝင်လာ၍  ကျေးရွာများ ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ၈၀၀၀ ကျော်မီးဘေးသင့်နေရပြီး တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သော ကြောင့် ကျောင်းထားရှိရန် အခက်အခဲဖြစ်နေသည်ဟု NUG အစိုးရက ဖွင့်လှစ်ထားသည့် ကျောင်းတွင်တက်ရောက်နေသော ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

 “ရှာရဖွေရတာပေါ့ စာအုပ်၊ ခဲတံ၊ လွယ်အိတ်တို့က တချို့ဆိုမပြည့်စုံနိုင်သေးလို့မတက်နိုင်ဘူး။ တချို့ကျလည်းအိမ်တွေ မီးထဲပါတော့ လက်လုပ်လက်စားဆိုတော့အိမ် တွက်လည်းလုံးပန်းချင်ပညာရေးတွက်လည်းလုပ်ချင်၊ ကျန်းမာ ရေးကောအစုံပါ့ စာအုပ်တစ်အုပ်ကို ၉၀၀ လည်း ဗျာရေးစာအုပ်တစ်အုပ်ကိုဖတ်စာအုပ်ကတော့ ခါတိုင်းဆို ၁၃၀၀၀ ရှိတယ် တစ်တန်းအဆင့်ကို အခုဟာက အဲ့ဟာမပြောနဲ့ ရေးစာအုပ်တောင်တစ်အုပ်ကို ၉၀၀ ဖြစ်နေတာလေး။ဘယ်လိုမှကိုမပြောတတ်တော့ပါဘူးဗျာ ပြောရင်လည်းဝမ်းနည်းစရာကြီးပညာရေးက”ဟုပြောသည်။ ပြီးခဲ့သောနှစ်၂၀၂၁–၂၀၂၂ ခုနှစ် ရွှေကူမြို့နယ်တွင် NUG ကျောင်း၌ တက်ရောက်သည့်ကျောင်းသားပေါင်း ၈၀၀၀ ကျော်ရှိရာ ရွှေကူမြို့ရှေ့တောင်ခြမ်းမှအများဆုံးပြီးဖြစ်ပြီး ကျောင်းသားဦးရေ သုံးပုံ တစ်ပုံခန့်က စာအုပ်၊ ခဲတံ၊ လွယ်အိတ်မရှိသည့်အတွက် ကျောင်းမတက်နိုင်ကြကြောင်းသိရသည်။ ရွှေကူမြို့နယ်တွင်၂၀၂၁–၂၀၂၂ ခုနှစ်အတွင်း NUG ကျောင်းပေါင်း ၃၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ၁၃ ကျောင်းသာဖွင့်လှစ်နိုင်ခဲ့ရာ ယင်း ၁၃ ကျောင်းကိုလည်း မတ်လတွင် စစ်ကောင်စီတပ် ထိုးစစ်ဝင်ရောက်မှုကြောင့် ပြန်လည်ပိတ်လိုက်ရပြီး  မေလ ၂၀ ကျော်တွင် ၁၃ ကျောင်းအနက် ၈ ကျောင်းဖွင့်လှစ်နိုင်ခဲ့သည်ဟုသိရသည်။ ကျန်ရှိသည့်ကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီဟု ဆက်သိရသည်။ ပြီးခဲ့သော နှစ်တွင် NUG ကျောင်းပေါင်း ၃၀ ကျော်၌ ကျောင်းသားကျောင်းသူပေါင်း ၈၀၀၀ ကျော်တက် ရောက် ခဲ့ရာတက်ရောက်ပြီးစီး သူ ၆၅၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။ https://burmese.kachinnews.com/2023/06/03/zm1-

၂၀။    ဒူးပလာယာ ခရိုင်အတွင်း စစ်တပ်က စစ်ရေးအရှိန်မြှင့် ဆက်လုပ်နေခြင်းကြောင့် စစ်ဘေးရှောင်များ ပိုပြီး                ခက်ခဲလာ
       June 5, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က မေလတစ်လ လုံး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံကျေးရွာ ၅၀ ခန့်မှ နေရပ်စွန့်ခွာထွက်ပြေး နေရသူ ၃၀,၀၀၀ ခန့် စားသောက်စရာနေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မြဝတီ၊ ဝေါလေ၊ ကော့ကရိတ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း ၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ ဒေသအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင် ကူညီနေသူ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။ “အခုတလောက နယ်မြေတစ်ခုလုံး တိုက်ပွဲဖြစ်နေတယ် နေရာစုံပေါ့။ စစ်တပ်လက်နက်ကြီးက အဝေး ပစ်တွေနဲ့ပဲ ပစ်ထုတ်နေတယ်၊ အဲ့တော့ ရွာတွေဘက်ပဲ ကျပေါက်တယ်။ ရွာသားထိ တယ်။ အိမ်ထိတယ်။ လိုက်ရမ်းပစ်နေတာမျိုး ဖြစ်နေတယ်။ လေယာဥ်က နေ့ဘက်ကင်းထောက်တယ်၊ ညဘက်ဆို ဗုံးသီးလာ ကြဲတယ်။ ဘယ်မှစိတ်မချရတော့တဲ့ အခြေအနေဖြစ်နေတယ်။ အခုဆို ကော့ကရိတ်က ရွာပေါင်း ၈၀ နီးပါးရှိတာမှာ ရွာ ၅၀ လောက်က ရွာသားမိသားစု လူဦးရေ ၃၀၀၀၀ လောက် ဟိုခို ဒီကပ်နဲ့နေနေကြရ တယ်၊ ဒီမိုးတွင်းကတော့ ပိုဒုက္ခရောက်မယ့် အခြေအနေရှိတယ် ” လို့ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်သူက ပြောသည်။

ယခု ဇွန်လအတွင်း ကျောင်းဖွင့်ချိန်နှင့် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ရမည့်အချိန် ဖြစ် နေသော် လည်း နှစ်ဖက်တိုက်ပွဲများ၊ စစ်ရေးတင်းမာနေမှုများ ဆက်ရှိနေသောကြောင့် မြို့ပေါ် ရပ်ကွက် စစ်ကောင်စီကျောင်းများသာ ဖွင့်လှစ်နိုင်ပြီး ကျေးရွာကျောင်းများ အနေဖြင့် စစ်ကောင်စီဘက်နှင့် ကရင် ပညာရေးဌာနကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်း မရှိသလို လယ်ယာလုပ်ကိုင်ရန်အတွက် ၎င်းတို့ကျေးရွာဘက်သို့ ယခုအချိန်ထိ နေရပ်ပြန်လုပ်ကိုင် နိုင်ခြင်းမရှိသေးကြောင်း ကျုံဒိုးကော့ဝါလဲကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ရွာမှာက ခလရ ၅၄၆ တပ်နဲ့နီးတော့ လယ်ပေးမလုပ်ဘူး၊ ရွာကျောင်းလည်း တက်မယ့်သူ ကလေးတွေ မရှိ၊ စာသင်မယ့် ဆရာမလည်း မရှိဆိုတော့ ဖွင့်ဖို့ ခက်နေတယ်၊ ဖွင့်ဖို့တော့ လုပ်နေ တယ်၊ ကျုံဒိုးမြို့ ပေါ်လည်း အခြေအနေ မကောင်းသေးဘူး။ စျေးတွေ၊ ကျောင်းတွေလည်း သိပ်တော့သွားတာ လာတာ သိပ်မရှိ သေးဘူး၊ စစ်တပ်နဲ့ BGF ကတော့ စစ်ဆေးတာပိုလုပ်လာတယ်၊ မြို့ဝင်မြို့ထွက်၊ ရွာဝင် ရွာထွက် တွေမှာ သူတို့ စစ်ဆေးတဲ့ ဂိတ်တွေ လူပိုများလာတယ် ” ဟု ကော့ဝါလဲ ကျေးရွာ ဒေသခံက ပြောသည်။ https://kicnews.org/2023/06/%e1%80%92% e1%80%b0%e1%80%b8%e1% 80%95%e1%80%9c%e1%80%ac%e1

၂၁။    သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကို စစ်ကောင်စီတပ်ဝင်လာပြီး နေအိမ်တွေကိုမီးရှို့နေ
       June 6, 2023

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာထဲကို စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေ ဒီနေ့မနက် ၅ နာရီလောက်မှာ ဥတ္တူတံတား အနီး က လယ်ကွင်းလမ်းအတိုင်းရွာထဲကို ခြေလျင်ဝင်ရောက်လာတာလို့သိရပါတယ်။ အဲဒီနောက် ရွာထဲမှာ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး နေအိမ်တချို့ကိုမီးရှို့ခဲ့တာလို့ဆိုပါတယ်။ “အခုမနက် တစ်ဆောင်ကတော့ပြာကျသွားပြီ။ အင်အားများတယ်လို့ လည်းကြားပါတယ်။ ရွာမှာအကုန်ရှောင်နေကြပြီ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ မီးရှို့ခံထားရတဲ့နေအိမ်အတိအကျကိုတော့ မသိရသေးပါဘူး။ ရွာသားတွေကတော့ စစ်ကောင်စီတပ်သားတွေဝင်လာကတည်းက နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေကတော့ လက်ရှိအချိန်ထိရွာထဲမှာရှိနေကြသေးတယ်လို့သိရပါတယ်။ https://www .facebook.com/photo/?fbid=28309403410 8353&set=a.196212682796489

၂၂။    သံတိုသံစ ဝယ်ဖို့သွားတဲ့ နမ့်ခမ်းဒေသခံ ၄ ဦး ကိုးကန့်ဒေသမှာ ပျောက်ဆုံးနေ
        June 5, 2023

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် နောင်ခန်ကျေးရွာက ဒေသခံ ၄ ဦးဟာ သံတိုသံစဝယ်ဖို့ ကိုးကန့်ဒေသ လောက်ကိုင်ဘက် သွားရာကနေ အဆက်အသွယ် မရရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ သံတိုသံစဝယ်ဖို့  တာမိုးညဲ၊ မုံးစီး၊ တာပါးဘက် တစ်ညအိပ်ပြီး မေလ ၂၀ ရက်မှာ တာပါးကနေ မော်ထိုင်ဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့ပြီး လုံခန်မှ ပေါက်ပေါက်ကြိုင်ရွာဘက် တက်သွားချိန် အိမ်နဲ့အဆက်အသွယ် လုံးဝ ပြတ်တောက် သွားခဲ့ပြီး ဇွန်လ ၅ ရက်အထိ ဘာသတင်းအစအနမှ မရသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မိသားစုနဲ့ နီးစပ် သူ အမျိုးသားတစ်ဦးက “သူတို့က ပုံမှန်သွားနေကျ သံတိုသံစ သွားဝယ်တာ။ ကိုးကန့်ဒေသဘက် ရောက်သွားတယ်။ လုံခန်ရွာ ဖက်က တောင်ပေါ်ဘက်တက်သွားတဲ့အချိန်မှာ ပျောက်သွားတယ်။ အဲဖက်မှာ စစ်တပ်စခန်းလဲရှိတယ်။ ကျနော်တို့ သူတို့သွားတဲ့ ဘက် သွားရှာတယ်။ သူတို့ဖြတ်သွားတဲ့ဂိတ်တွေမှာ လိုက်မေးတယ်။ သူတို့ကား ဖြတ်သွားတာရှိတယ်။ နောက်ဆုံး ဂိတ်လည်း သူတို့‌တောင်ပေါ်ဘက်တက်သွားတယ်လို့ပြောတယ်။ အဲတောင်ပေါ်ဘက်က ရွာတွေမှာ လိုက်မေးကြည့်တယ်။ သူတို့ ပြောတာ က ပြီးခဲ့တဲ့ သုံးလေးရက်က အဲတောင်ပေါ်ရွာဘက် သံတိုသံစ ကားနှစ်စီး ရပ်ထားတာ တွေ့တယ်တဲ့။ လူတွေတော့ မတွေ့ဘူး။ ဘယ်အဖွဲ့အစည်းခေါ်သွားလဲ မသိဘူးလို့ ကျနော်တို့ကို ပြောပြတယ်။ အဖွဲ့အစည်းတစ်ခုခုက ဖမ်းသွားတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

တကယ်လို့ အဖွဲ့အစည်းတစ်ခုခုက ဖမ်းဆီးထိန်းသိမ်းထားမိတာရှိရင် စစ်ဆေးမေးမြန်းစရာရှိရင် မေးမြန်းပြီး ပြန်လွှတ် ပေးဖို့ မိသားစုတွေက တောင်းဆိုထားပါတယ်။ ဆက်လက်ပြီး သူက “ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် သူတို့ကို စစ်ဆေး မေးမြန်းပြီးတော့ အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ သူတို့တွေက ဘာနိုင်ငံရေးမှ မလုပ်ထားဘူး။ သံတိုသံစ ဝယ်တယ်ဆိုတာ လည်း အလုပ်အကိုင် လုပ်စားရတာ လုံးဝကို ခက်ခဲလို့ ဒီအလုပ်ကို ရွေးလုပ်ကြတာ။ အရင်တုန်းက ဆိုင်ကယ်နဲ့ပဲ ကောက်ကြ တာ။ ဒီဖက်မှာလည်း သံတိုသံစ ဝယ်တဲ့သူတွေ များလာတော့။ ဒီကနဲ့ ဝေးသထက် ဝေးသွားတဲ့နေရာမှာ သွားဝယ်ကြတာ” လို့ ဆိုပါတယ်။ ၎င်းတို့‌ ၄ ဦး ပျောက်ဆုံးသွားတဲ့နေရာဟာ ကိုးကန့်ဒေသဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့အပြင် ကိုယ့် ဒေသ မဟုတ်တာကြောင့် ပိုပြီးစိုးရိမ်နေတယ်လို့ သူကဆက်ပြောပါတယ်။  ပျောက်ဆုံးသွားတဲ့ နောင်ခန်ရွာခံ ၄ ဦးဟာ အသက် ၃၀ ကျော်နဲ့ ၄၀ ကြားဖြစ်ပြီး စိုင်းသန်းကျော်၊ နန်းခမ်းလင်း၊ စိုင်းသန်းထွန်း၊ စိုင်းလဝန်း တို့ဖြစ်ပြီး ဒီနေ့နဲ့ဆို ရက် ၂၀ နီးပါး ပျောက် ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=579401047700497&set=pcb.5794013 81033797

၂၃။    ရွှေကုက္ကိုလ်နှင့် KK Park တရုတ်မြို့သစ်စီမံကိန်းများကို ထိုင်းက လျှပ်စစ်မီး စဖြတ်
       June 6, 2023

လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစားဂိမ်းနှင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ရွှေကုက္ကိုလ်နှင့် KK Park မြို့သစ်စီမံကိန်းများကို ဇွန် ၅ ရက် ည ၁၂ နာရီမှ စတင်ပြီး လျှပ်စစ်မီး ဖြတ် တောက်လိုက်ကြောင်း သိရသည်။ ထိုတရုတ်မြို့သစ်စီမံကိန်းများသည် နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BFG) တို့ ပါဝင် ပတ်သက်နေပြီး မြန်မာစစ်တပ်အနေနှင့်လည်း အကျိုးအမြတ်ခွဲဝေရရှိနေသည့် စီမံကိန်းများလည်းဖြစ်သည်။  ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး စတင်ဖြတ်တောက်လိုက်ပြီးနောက် ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းမှ မင်းလက်ပံ၊ မယ်ထော်သလေး၊ ဖလူးနှင့်အင်ကြင်းမြိုင် အစရှိသည့်နေရာများတွင်လည်း လျှပ်စစ်မီးပြတ်တောက်နေကြောင်း နယ်စပ်သတင်းရင်းမြစ်တဦးက ပြောသည်။ ထို့အတွက်ကြောင့် တရုတ်စီမံကိန်းတချို့၏ ဆောက် လုပ်ရေး လုပ်ငန်းခွင်များတွင် မီးစက်များကို အသုံးပြု၍ လုပ်ငန်းများ လည်ပတ်နေရလျက်ရှိသလို ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်က အင်တာနက်မြန်နှုန်းများကိုလည်း လျှော့ချထား လိုက်ပြီ ဖြစ်ကြောင်း ၎င်းက ဆို သည်။

အဆိုပါ စီမံကိန်းများရှိနေသော ကရင်ပြည်နယ် လေးကေ့ကော်နှင့် ရွှေကုက္ကိုလ်အပါအဝင် ဧရိယာလေးခုကို ထိုင်းနိုင်ငံ ဘက်မှ လျှပ်စစ်မီးပေးတော့မည်မဟုတ်ကြောင်း ယခုဇွန်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့က အတည်ပြု ထုတ်ဖော်ပြောထားသည်။ ယခု မီးဖြတ်တောက်မှုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ချန်ဟိုင်းက စစ်ကောင်စီ ဒုဝန်ကြီး ချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်ကို ပြီးခဲ့သည့် မေလ ၃၁ ရက်က သွားရောက်တွေ့ဆုံပြီး နယ်စပ်မှ အွန်လိုင်း လိမ်လည်မှု လုပ် နေသည့် ဂိုဏ်းများ၊ နယ်စပ်ပြဿနာများနှင့်နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ အရှိန်မြှင့်တင်ရန်တိုက်တွန်း ပြောဆိုပြီးနောက် ချက်ခြင်းဆိုသလို ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မေလ ၂ ရက်မှ ၅ ရက်အထိ မြန်မာသို့ လာရောက်လည် ပတ်စဉ် တရုတ်နိုင်ငံကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက နယ်စပ်တလျှောက် အင်တာနက်လိမ်လည်မှုနှင့် ပတ်သက်သည့် ရာဇဝတ်ဂိုဏ်းများကို တရုတ်-မြန်မာ-ထိုင်း ပူးတွဲဖြိုခွဲရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။ https://www.facebook.com/ photo/?fbid=6399595615 10568&set=pcb.639959601510564

၂၄။   ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများကို အရေးယူရန်                   တောင်းဆို
       June 5, 2023

ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေရန် လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်ကြီးများကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ယနေ့ ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ “ တွင် Kachin National Forum – KNF က တောင်းဆိုသည်။ သဘာဝပတ်ဝန်း ကျင်အား ကာကွယ်ထိန်းသိမ်းရမည့်အချိန်တွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်း များ၊ ရွှေနှင့် ကျောက်စိမ်းတူးဖော်ခြင်း၊ တရုတ် တစ်ရှူးငှက်ပျောစိုက်ခင်းများ၊ သစ်တောပြုန်းတီးစေသည့် လုပ်ငန်းများနှင့် သဘာဝ သယံဇာတတူးဖော်မှုလုပ်ငန်းများအား ကချင်ပြည်နယ်အတွင်း အလွန်အကျူးပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ “ တွင် ကမ္ဘာတဝန်း၌ “ Solutions to Plastic Pollution “ ခေါင်းစဉ်ဖြင့် အထိမ်းအမှတ် ပြုလုပ်နေသည့်အချိန်တွင် မြန်မာနိုင်ငံ နေရာအချို့တွင် သဘာဝပတ်ဝန် းကျင်၏ ဘေး အန္တရာယ်အမျိုးမျိုးကို ခံစားနေရကြောင်း Kachin National Forum – KNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီ တပ်၊ တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို လျစ်လှူရှု ကာ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။ https://www.facebook.com/photo/?fbi d=639359734903884&set=a.600722605434264

၂၅။  မူဆယ်မှာ ရခိုင်လူငယ် ၂ ဦးကို စည်ပင်လက်ထောက်တွေက ဝိုင်းရိုက်၊ ငွေ သိန်း ၂၀ ပေးပြီး ရဲတွေက အမှုပိတ်ခဲ့ရ
      June 5, 2023

ရှမ်းမြောက် မူဆယ်မြို့နယ်မှာ အလုပ် လာလုပ်တဲ့ ရခိုင်လူငယ် ၂ ဦးကို စည်ပင်လက်ထောက်တွေက ဝိုင်းဝန်းရိုက်နှက် ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက် ည ၈ နာရီဝန်းကျင်က မူဆယ်မြို့ ဆင်ဖြူစျေး ကော်မတီရုံးအနီးမှာ ပန်းရံအလုပ် လာလုပ်တဲ့ အသက် ၂၅ ဝန်းကျင် ရခိုင်လူငယ် ၂ ဦးဟာ ညဘက် လမ်း လျှောက်ရင်း တခြားကားတစ်စီးနဲ့ ပွတ်တိုက်မှုဖြစ်ရာ စကားအခြေအတင် ဖြစ်ကြချိန် အနီးမှာရှိတဲ့ စည်ပင်လက်ထောက်တွေက လာရောက် ရိုက်နှက်လိုက်တာပဲ ဖြစ်ပါတယ်။ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “တကယ်တမ်းတော့ ဟုတ်တယ် အဲလူငယ် ၃ ယောက်က နဲနဲသောက်ထားကြတယ်။ အဲပွတ်တိုက်မိတဲ့ကားနဲ့ စကားများပြီး ​ဒီအတိုင်း ပြောလို့တောင် ပြီးနေပြီ။ ဘေးမှာရှိနေ တဲ့ စျေးစည်ပင်လူတွေက အဲ ၃ ယောက်ထဲက ၂ ယောက်ကို ဝိုင်းရိုက်လိုက်တော့ ဆေးရုံမှာ အောက်ဆီဂျင် ၃ ရက်တောင် ပေး လိုက်ရတယ်” လို့ ပြောပါတယ်။

အပြစ်လုပ်ထားပါစေ ဥပဒေအရ ညှိနှိုင်းဖြေရှင်းကာ ပြစ်ဒဏ်ပေးလို့ရပြီး အခုလို လူ့အသက်ကို ခြိမ်းခြောက်နေသလို လုပ်တာဟာ မတရားတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ လက်ရှိမှာ ၎င်းအမျိုးသား ၂ ဦးကို ရဲတွေက ငွေကျပ် သိန်း ၂၀ နဲ့ အမှုပိတ်သိမ်းလိုက်ပြီး နေရပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်သို့ အတင်းပြန်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။ မူဆယ်မြို့ဟာ တရုတ်-မြန်မာနယ်စပ်ဖြစ်တာကြောင့် လောင်းကစားနဲ့ မူးယစ်ဆေးဝါးပေါ်တင် လုပ် ဆောင်နေကြပြီး မကြာခဏ လုယက်မှု၊ ရိုက်နှက်မှု၊ ဓားထိုးမှုတွေ ရှိနေသလို အမှုတစ်ခု ပေါ်ပေါက်တိုင်း ငွေများတရားနိုင်နဲ့ အာဏာပိုင်တွေသာ ချုပ်ချယ် လွှမ်းမိုးနေတယ်လို့ မြို့ခံတွေက ပြောဆိုထားဖူးပါတယ်။ https://www.f acebook.com/photo/?fbid=579280761045859& set=a.404503215190282

၂၆။   စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး သင်တန်း  ပြီးစီး
       June 5, 2023

NUG ၊ အမှတ် (၃) စစ်ဒေသခွဲ နယ်မြေ စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး သင်တန်း အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲကို ဇွန်လ ၄ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းသင်တန်း ကို ဒူးပလာယာ ခရိုင်၊ KNDO တပ်မဟာ ( ၆ )၊ တပ်ရင်း (၆) ဒေသ တာဝန်ရှိ အကြီးအကဲများ ၏ ခွင့်ပြု အကူအညီပေးမှုဖြင့် ဧပြီလ မှစတင်ကာ မေလ တတိယပတ်အထိ သင်ကြားပို့ချခဲ့ကြောင်း ဂဠုန်စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး နည်းပညာသင်တန်း အပတ် စဥ် (၁)ကို ဒေါနစစ်ကြောင်း ၊ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ တောင်ညို စစ်ကြောင်း၊ SOF၊ ဂဠုန်စစ်ကြောင်း နှင့် ပုသိမ်ခရိုင်တပ်ရင်းတို့မှ PDF ရဲဘော် ၄၈ ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

 “ဆက်သွယ်ရေးသင်တန်းက အမှန်တကယ်လိုအပ်တဲ့သင်တန်းပါ။ ဗျူဟာမြောက် စစ်ရေးဖော်ဆောင်နိုင်ဖို့ ရန်သူ့ သတင်းအချက်လက်ရရှိဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ အချိတ်အဆက်မိဖို့ ဆက်သွယ်ရေး နည်းပညာတွေ တကယ်တတ် ကျွမ်းဖို့ သင်ကြားပေးနိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ကွပ်ကဲမှုခံယူထား သော စစ်ကြောင်းများမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုစွမ်းရည်ပြည့်ဝလာစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=81146354034303 6&set=a.776968607125863

၂၇။    ရခိုင်ကမ်းရိုးတန်းအနီး လေပွေလှိုင်းတခု ဖြစ်ပေါ်နိုင်၊ ပြည်သူများ နောက်ဆုံးရသတင်းများ သတိပြုကြရန်               နှိုးဆော်
        June 5, 2023

အခုတပတ်အတွင်း လာမယ့် ဇွန် ၈၊ ၉၊ ၁၀ ရက်နေ့တွေမှာ ရခိုင်ကမ်းရိုးတန်းအနီး လေပွေလှိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး အလွန်ဆုံး လေဖိအားနည်းရပ်ဝန်းအဆင့်သာ ရောက်ရှိ နိုင်ခြေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။ ဒါကြောင့်မို့ ရခိုင်ကမ်းရိုး တန်းနေ ပြည်သူတွေအနေနဲ့ နောက်ဆုံးရသတင်းတွေကို အလေးထား သတိပြုနားထောင်စေလိုကြောင်း အသိပေးထားပါတယ်။ ဇွန် ၅ ရက်ကနေ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုတပတ်မှာတော့ ထူးခြားချက်အနေနဲ့ အနောက်တောင် မုတ်သုံလေဟာ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ဘင်္ဂလားပင် လယ်အော် အလယ်ပိုင်းဒေသတွေကို မေ ၃၁ ရက်က စတင် ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဒေသတွေကို လာမယ့် ဇွန် ၅ ရက်ကနေ ၇ ရက်အတွင်း၊ မြန်မာနိုင်ငံမြောက် ပိုင်း (တပြည်လုံး)ကိုတော့ ၈ ရက်ကနေ ၁၀ ရက်နေ့တွေအတွင်းမှာ ဆက်လက်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေ တွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်း အထန်လိုအပ်နေတာပါ။ NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာ ဖြစ် တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေ တယ်လို့ ထုတ်ပြန်ထားပါတယ်။ https://burmese.dvb .no/archives/597337

၂၈။    ကရင်ပြည်နယ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု အဖြစ်များလာနေ
        June 5, 2023

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင် အခြေအနေအမျိုးမျိုးကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှု ပိုမို အဖြစ်များလာသည်ဟု ကျန်းမာရေးဆရာဝန်များထံမှ သိရသည်။ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်းများနှင့် အိုးအိမ်များ ထိခိုက် ပျက်စီးဆုံးရှုံးကြရသည့်အတွက် စိတ်ပိုင်းဆိုင်ရာများ ကျဆင်း၍ အရက်၊ မူးယစ်ဆေး ဝါး သုံးစွဲမှုများလာခြင်းတို့ကြောင့် မိမိကိုယ်ကိုသေကြောင်းကြံမှုများလာခြင်းဖြစ်သည်ဟု မိမိကိုယ်ကို အဆုံး စီရင်ခဲ့သူ မိသားစု ဝင်များထံမှ သိရသည်။ ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ကော့ကရိတ်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်သည် အခြားမြို့ နယ်များထက် သေကြောင်းကြံမှု အများဆုံးဖြစ်ပွားလျက်ရှိပြီး မြို့နယ်အသီးသီးရှိ ဆေးရုံ၊ ဆေးခန်း များတွင်လည်း စိတ်ကျ  ရောဂါကြောင့် နေ့စဉ် လာရောက်ပြသသူများလာသည်ဟုလည်း အမည်မဖော်လိုသူ ဖားအံမြို့နယ် ကျန်းမာရေးဝန်ထမ်း တစ်ဦး က ပြောသည်။ “စိတ်ကျရောဂါကြောင့် ဆေးခန်းတွေမှာ အတော်လာကြတယ်။ အရက်၊ ဆေး၊ အခြားအခြေ နေတွေ လည်း ပါတယ်ပေါ့နော်။ တစ်ယောက်ထဲနေထိုင်သူတွေမှာ အဆုံးစီရင်မှု ပိုဖြစ်ကြတယ်။ နေရာတိုင်း လိုလိုမှာ အဆုံးစီရင်မှု ဖြစ်လာ ကြတာပါ။ ဒီလိုစိတ်ကျဆင်းမှုဖြစ်လာရင် ဆက်သွယ်နှစ်သိမ့်ပေးနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ ဝန်ဆောင်မှုလုပ်ပေးထားတာရှိတယ်။ စိတ်ကျန်းမာရေး ပညာပေးမှု အဖွဲ့တွေလည်း လုပ်လာကြတယ်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ လိုအပ်သေးတယ်ပေါ့နော်” ဟု ဖားအံမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်တွင် အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ နိုင်ငံရေးအခြေအနေနှင့် စစ်ရေးပဋိပက္ခအခြေအနေများကြား ရှင်သန်နေကြရသူများတွင် မိမိကိုယ်ကို အဆုံးစီရင်မှု ပိုမိုဖြစ်ပွားလျက်ရှိပြီး မိမိပတ်ဝန်းကျင်တွင် စိတ်ကျရောဂါဖြစ်ပွားမှု လက္ခဏာ မြင်တွေ့ပါကလည်း သက်ဆိုင်ရာ စိတ်ကျန်း မာရေးဝန်ဆောင်မှုပေးသည့် ဌာနများသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် ၎င်းတို့ကို လစ်လျူရှုမထားခဲ့ကြရန် ကျန်းမာရေးဆရာဝန်များက တိုက်တွန်း ပြောဆိုသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော် ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ ရွာမှာ ဒီတစ်နှစ်ထဲကို ကြိုးဆွဲချသေတာ ၃ ဦးရှိသွားပြီး။ နယ်မြေမတည်ငြိမ် တိုက်ပွဲ တွေ ခဏခဏဖြစ်တော့ အလုပ်အကိုင်လည်း မရှိတော့ဘူးလေ။ အချို့ဆို အိုးအိမ်စည်းစိမ်တွေ မိသားစုတွေ ဆုံးရှုံး လိုက်ရတာ လည်း ရှိတယ်။ နောက်တော့ မူးယစ်ဆေးဘက် ရောက်သွားကြတာလည်းရှိတယ်။ လူမှုဘဝတွေ ချက်ချင်းပြောင်းသွားတော့ မခံနိုင်ကြဘူးလေ။ စိတ်ထင်ရာနဲ့ အဆုံးစီရင်ကြတာများတယ်”ဟု ပြောသည်။ အဆုံးစီရင်သူအများစုမှာ မြက်သတ်ဆေး၊ အဆိပ် ဆေးရည်သောက်ခြင်း၊ ကြိုးဆွဲချခြင်း၊ သေနတ်ဖြင့် ပစ်ခတ်၍ မိမိကိုယ်ကိုအဆုံးစီရင်လေ့ရှိပြီး အမျိုးသားလူငယ်လူလတ်ပိုင်း အရွယ်တွင် အဖြစ်များသည်ဟု သိရသည်။ ထို့အပြင် နိုင်ငံရေးအခြေအနေကြောင့် လူငယ်များတွင် ၎င်းတို့၏ လူမှုဘဝ ပြောင်း လဲမှု အခြေအ နေများအပေါ်တွင် ၎င်းတို့တစ်ဦးတည်း အထီးကျန်နေသည်ဟု ထင်မြင်ယူဆချက်များဖြင့် အဆုံးစီရင်မှုများ သည်ဟု နီးစပ်မိသားစုဝင်မျးက ပြောသည်။ https://kicnews.org/2023/06/%e1%80%80%e1%80%9b%e1%80%84%e1 %80%ba%e1%80%95%e1%80%bc%e1

၂၉။   ဟိုပင်မြို့ နယ်ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း
       June 6, 2023

ကချင်ပြည်နယ် ဟိုပင်မြို့မှ ရဲတပ်ကြပ် နယ်ထိန်းတစ်ဦးကို KPDF နှင့် မြောက်ပိုင်းဝံပလွေတို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပြီး နောက် အချုပ်ခန်းသို့ ခေါ်သွားစဉ် သေနတ်လုပြီးထွက်ပြေးရန်ကြိုးစားလာသောကြောင့်  ရှင်းလင်းလိုက်သည်ဟု KPDF နီးစပ် သူ များပြောသည်။ ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် အဆိုပါ နယ်ထိန်းသည် တကွင်းကျေးရွာဘက်မှ လောင်းကစား ဝိုင်းများ ဆပ်ကြေးကောက်ပြီး ပြန်လာချိန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ “တကွင်းရွာနားမှာ သူက ဘိန်းခန်း ကနေ ပိုက်ဆံကောက်ပြီး ပြန်အထွက်လူရှင်းတဲ့နေရာမှာ မိုးကောင်း PDF နဲ့ မြောက်ပိုင်း ဝံပလွေတပ်ဖွဲ့က စောင့်ပြီးဖမ်းခေါ်တာ သက်ဆိုင်ရာ အချုပ်ထဲထည့်ဖို့ ကားနဲ့ ခေါ်သွားတဲ့ချိန်မှာ လမ်းမှာရောက်တဲ့အခါ PDF ကလေးတွေဆီကနေ သေနတ်လုပြီး ထွက်ပြေးတာ ကလေးတွေကိုလည်းမှတ်မိ ကားကိုလည်းမှတ်မိ ပြီးတော့ လက်နက်လုပြီး ထွက်ပြေးတာဆိုတော့ ကလေး တွေက မလွှဲသာမရှောင်သာနဲ့ ရှင်းလိုက်ရတာပါ”ဟု KPDF နီးစပ်သူတစ်ဦးက ပြောသည်။ မိုးကောင်း PDF နှင့် မြောက်ပိုင်း ဝံပလွေတပ်တို့ ရှင်းလင်းလိုက်သည့် နယ်ထိန်း ရဲတပ်ကြပ်သည် ကိုယ်ပိုင်အမှတ် (၃၆၃၂၆၆) ရဲတပ်ကြပ် ဦးဝင်းကိုကို ဆိုသူဖြစ် ပြီး ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်ဇာတိဖြစ်ကာ ၁၉၉၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ် ပူတာအိုမြို့နယ်မြေရဲစခန်းသို့ ပြောင်းရွှေ့လာသူဖြစ် ကြောင်း သိရသည်။ ထို့နောက် ၂၀၂၀ ခုနှစ်တွင် ဟိုပင်နယ်မြေရဲစခန်းသို့ ထပ်မံပြောင်းရွှေ့လိုက်ခဲ့ပြီးနောက်  နယ်ထိန်းတာဝန် ကို ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။ နယ်ထိန်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း ပြီးနောက် မိုးညှင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း အား ဩဂုတ်လ ၄  ရက်နေ့ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သလို ဒေါ်သက်ထားနှောင်း၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့်နှစ် ဩဂုတ်လ မိုးညှင်းလွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော် ကိုလည်း သွားရောက်ဖမ်းဆီးခဲ့ပြီး တရားဆွဲရာတွင် တရားလိုအဖြစ်ပါဝင်ခဲ့သူဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ သတ်ဖြတ်ခံရသည့် နယ်ထိန်းရဲတပ်ကြပ် ဦးဝင်းကိုကိုသည် မိုးညှင်းမြို့၊ ဟိုပင်မြို့များရှိ လောင်း ကစားဝိုင်းများအား ဆပ်ကြေးကောက်သူတစ်ဦးဖြစ်ပြီး ဟိုပင်မြို့သို့ ပြောင်းရွှေ့လာသည်မှာ ၃ နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။ “သူက ဟိုပင်ဘက်ကိုပြောင်းလာတာ ၃ နှစ်လောက်ရှိလာပြီ ဟိုပင်၊ မိုးညှင်း တစ်လျှောက် မှာ အဓိကကြည့်တဲ့ နယ်ထိန်းဖြစ်တယ် ဆိုတာတော့ သိတယ်”ဟုနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ https://burmese.kachinnews.com/2023/06 /06/zm1-68/

၃၀။    ကိုးကန့်တပ် MNDAA တရားစီရင်ရေးက ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၄ ဦးကို တရားစီရင်
         June 6, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ ပက်သက်မှုရှိတဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၄ ဦးကို သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မနေ့က တရားစီရင်ပြီး ပြစ်ဒါဏ် အသီးသီး ချမှတ်လိုက်ပါတယ်။ မုံးကိုးခရိုင် ပန်းဆိုင်နဲ့ အနီးတဝိုက်က‌ဒေသတွေမှာ လက်နက်ကိုင် ပြန်ပေးဆွဲတာနဲ့ လူသတ်မှု တွေအတွက် သူတို့ကို ဥပဒေအရ တရားစီရင်ခဲ့တာလို့ ကိုးကန့်ပြန်ကြားရေး မီဒီယာက ထုတ်ပြန်ပါတယ်။ တရားစီရင်ရာမှာ တော့ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်တွေဖြစ်တဲ့ လီအင်ဖူ ၊ ဟုတ်ချင်ပန်း ၊ ရန်မင်ဟွေ နဲ့အိုက်မောင်တို့ ၄ဦးကို သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအလိုက် ထောင်ဒါဏ်အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ၄ ဦးထဲက လီအင်ဖူဆိုသူ ဦးဆောင်ပြီး ပြန် ပေးဆွဲတာ၊ လူရောင်းဝယ်းတာနဲ့ လူသတ်မှုကျူးလွန်တာတွေဟာ အရပ်ဘက်ဒေသရဲ့ လုံခြုံရေးကို ပြင်းထန်စွာထိခိုက်တယ်လို့ လည်း ကိုးကန့်တရားစီရင်ရေးက ဆိုပါတယ်။

တရားစီရင်ရေးဆောင်ရွက်ရာမှာတော့ တရားခံတွေအနေနဲ့ သူတို့ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေကိုဝန်ခံခဲ့ကြတယ်လို့ လည်း သိရပါတယ်။ သတင်းတွေအရ သူတို့ ၄ ဦးဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့လက်အောက်က မုံးကိုးပြည်သူ့စစ် အဖွဲ့ ဝင်တွေဖြစ်ပြီး သီးခြားအမှု ကျူးလွန်ထားတာတွေရှိသလို စစ်ကောင်စီ ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးလည်း ပြစ်မှုတွေ ကျူးလွန်ထားတယ်လို့ ကိုးကန့် ပြန်ကြားရေး မီဒီယာရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။ သူတို့အဖွဲ့ဟာ အမှုပေါင်း ၁၄ မှု  ကျူးလွန်ထားပြီး ဒီအမှုတွေထဲမှာ တရုတ်လူမျိုး ၁၄ ယောက်ကို ပြန်ပေးဆွဲပြီး ရောင်းချမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ရာကတဆင့် ရရှိလာတဲ့ တရုတ်ယွမ်ငွေ ၄ သိန်း ၈ သောင်းနဲ့ မြန်မာကျပ်ငွေ သိန်း ၃၈၀ တို့ကို အားလုံး မျှဝေ သုံးစွဲ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ MNDAA တရားစီရင်ရေးကနေ မနေ့က စီရင်ချက်ချခဲ့ရာမှာတော့ ပြစ်မှုထင်ရှားလို့ လီအင်ဖူ ကို ထောင်ဒါဏ် ၁၀ နှစ်၊ ဟုတ်ချင်ပန်နဲ့ ရန်မင်ဟွေ တို့ကို ထောင်ဒါဏ် ၈ နှစ်စီနဲ့ အိုက်မောင်ကို ထောင်ဒါဏ် ၃ နှစ်စီ အသီးသီး ချမှတ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူလိုက်တယ်လို့ သိရှိရပါတယ်။ https://www.facebook.com/photo/?fbid=67579 8187894924&set=pcb.675 798391228237

၃၁။    ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်နေ
        June 6, 2023

နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဝန် ထမ်းတွေကိုယ်တိုင်  မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ “ အထဲက အကျဉ်းသားတွေကိုယ်တိုင်က ပြောတာပါ၊ အထဲမှာ ဖမ်းမိတာလဲ ရှိတယ်၊ အဓိကတော့ ဒီထောင်ဝန်ထမ်းတွေက လုပ်နေကြတာပဲ၊ ဒီဆေးတွေက အထဲဝင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သလို လွယ်လဲမလွယ်ဘူး၊ လုံခြုံရေးအရမ်းတင်းကြပ်တဲ့ ထောင်တခုပါ။”လို့ ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာဆိုရင် မွန်၊ ကရင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် ဒေသအသီးသီးက နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား/သူ (၄၀၀)နီးပါးရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ အဆိုပါအကျဉ်းထောင်ထဲကို မူးယစ် ဆေးဝါးဖြန့်ဖြူးနေတဲ့သူဟာ ပါဆယ်ဌာနတာဝန်ခံ ဒုကြီးကြပ်ရေးမှူးနဲ့အတူ ထောင်တွင်း ဝန်ထမ်းတချို့က ပူးပေါင်းလုပ်ဆောင် နေတာဖြစ်ပြီး အဲဒီထဲကို (WY)လို့ခေါ်တဲ့ စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို အဓိက ရောင်းဝယ် နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ (WY) စိတ်ကြွရူးသွပ်ဆေးပြားတစ်လုံးကို အမျိုးအစားအပေါ်မူတည် ပြီး တလုံးကို ငွေကျပ်(၅၀၀၀)ကနေ (၁၀၀၀၀)အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။ “ အခုက ထောင်ထဲမှာက နိုင်ကျဉ်းတွေ အပြင် တခြား ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်အမှုကလူတွေလဲ ရှိလာတယ်၊ သူတို့ရဲ့ ပစ်ခတ်မှတ်က နိုင်ကျဉ်းရယ်လို့မဟုတ်ဘူး၊ စီးပွားအဖြစ်လုပ်နေတဲ့သဘောမှာ ရှိတယ်။ ဈေးကလည်း ၅၀၀၀ ကနေ ၁၀၀၀၀ ကြား အထိဆိုတော့လေ။” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။ လက်ရှိမှာတော့ ထောင်တွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုဟာ ပိုမိုများပြားလာသလို ရေရှည်မှာ ထိန်းချုပ် အရေးယူမှုမရှိရင် နိုင်ငံရေးအကျဉ်းသားတွေလည်း ဆိုးဝါးတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ်မှ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ဥပဒေကျွမ်းကျင်သူတဦးက မှတ်ချက်ပေးပါတယ်။ https://www.facebook.com/ photo/?fbid=645820977590983&set=a.6 05723148267433

၃၂။    မိုးဗြဲမြို့အား စစ်ကောင်စီတပ်မှမထိန်းနိုင်ခဲ့လျှင် မြို့ဖျက်မည်ဟုဆိုကာ အင်အားဖြည့်ပြီးစစ်ကြောင်းထိုးရန်                ပြင်ဆင်နေ
       June 5, 2023

ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့အား စစ်ကောင်စီတပ်မှ မထိန်းနိုင်ခဲ့လျှင် မြို့ဖျက်မည်ဟုဆိုကာ တင့်ကားများ အင်အား ဖြည့်ပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း  ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။ (ဇွန်လ ၄ ရက်)မနက်ပိုင်းမှ စတင် ပြီး မိုးဗြဲမြို့အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်အသုံးပြုကာ ဗုံးကြဲခဲ့ကြောင်း  ခိုင်မာသည့်သတင်းရင်းမြစ်က ပြောသည်။ “ခမရ ၄၂၂ နဲ့ မိုးဗြဲမှာစစ်ကြောင်းထိုးနေတာ။ မနေ့ညကစတာပေါ့။ လက်နက်ကြီး တွေဆက်တိုက်ပစ်တယ်။ လေကြောင်းနဲ့ပစ်တယ် ။အခု လွိုင်ကော်ကနေ တင့်ကားတပ်ကူတွေရော စစ်ကူအင်အား ၁၀၀ကျော်နဲ့ မိုးဗြဲဘက်ကို ထွက်လာနေပြီ ။ဒီညမိုးဗြဲကိုမရရင် မြို့ကို ဖျက်ဖို့ အမိန့်ပေးထားတယ်ကြားတယ်။ ဒီနေ့နဲ့ဆို မိုးဗြဲက နှစ်ရောက် မြောက်ပြီ”ဟု ၎င်းက ပြောသည်။

ဇွန်လ ၄ ရက်က မိုးဗြဲတိုက်ပွဲသည် မနက် ၆ နာရီခန့်မှစတင်ကာ ည ၁၁ နာရီကျော်သည်အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်မှ လက်နက်ကြီး ရာဂဏန်းအထိသုံးကာ လေကြောင်းမှလည်း ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲဒေသခံတစ်ဦးက ပြောသည်။ “မနေ့ညက လေကြောင်းသုံးတယ်။ ဒီနေ့လည်း မိုးဗြဲမြို့ထဲကို ရေကာတာကနေ လက်နက်ကြီးလှမ်းပစ်နေတယ်။ အခုလဲ လွိုင်ကော်ဘက်က စစ်ကူတွေလာနေပြီဆိုတော့ သတိထားရနေရတာ။ အခု အမြှောက်တပ်ပါ ပါလာတယ်ကြားတယ်။ ဒေသခံ တွေကတော့ အကုန်ဘေးလွတ်ရာမှာ နေနေကြတယ်။ မြို့ထဲမှာ မပြေးတဲ့သူတွေလည်း ကျန်သေးတယ်”ဟု မိုးဗြဲဒေသခံတစ်ဦး က ပြောသည်။ ကယား(ကရင်နီ)ပြည်နယ်နှင့် ရှမ်း-ကယား(ကရင်နီ)နယ်စပ်တစ်လျောက်ရှိ မြို့များတွင် မေလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၁၀၀ ရှိခဲ့ပြီး ၎င်းထက်လည်း များနိုင်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ဖော်ပြထားသည်။ https://www.facebook. com/photo/?fbid=229757583149952&set=a.121904670601911

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။