• Today is: Monday, May 27, 2024

အပတ်စဉ် လူမျိုးပေါင်းစုံသတင်း စုစည်းတင်ဆက်ချက်

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 57, July 18, 2023)

၁။  ဘီးလင်းတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ဒေသခံ(၃)ဦးသေဆုံး၊ တစ်ထောင်ကျော် စစ်ဘေး တိမ်းရှောင်       နေရ
    July 17, 2023

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ များသို့ ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး တစ်ထောင်ကျော်စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ပြောဆိုမှုအရသိရသည်။ စစ်ကောင်စီ တပ်များသည် ဘီးလင်းမြို့နယ်အတွင်းရှိ ငှက်ပျောတော၊ ကရဝေးဆိပ်၊ ရှမ်းစု၊ ချမ်းမြေ့နှင့် ဇီးကုန်း စသည့် ကျေးရွာများဘက်သို့ အဆိုပါနေ့က အင်အားအများအပြားဖြင့် စစ်ကြောင်း ထိုးဝင် ရောက်လာ၍ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ကရဝေးဆိပ်နှင့် ဇီးကုန်းရွာတို့တွင် တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ(၃)ဦး ထိမှန်သေဆုံးခဲ့သည်ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ “ပထမက စစ်ကြောင်းထိုးလာတော့ အဲ့ရွာတွေက အကုန်ရှောင် ကြတယ်။ လက်နက်ကြီးပစ်တာ ဈေးသည် လင်မယားနဲ့ရွာသားတစ်ယောက် သေသွားတယ်။ ဇီးကုန်းရွာ လမ်းမပေါ်မှာ တစ်ယောက် ဆိုင်အဝင်ဝမှာ တစ်ယောက် ဘယ်သူမှတော့ သွားပြန်ကြည့်မရဲသေးဘူး။ ဒေသခံတွေက ညတွင်းချင်း မိုးထဲရွာထဲ ပြေးရတော့ လောလောဆယ် လိုအပ်ချက်တွေရှိတာပေါ့” ဟု အဆိုပါဒေသခံက ဆိုသည်။

ထို့အပြင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ ရွာမှပြန်ထွက်ခွာသွားပြီအထင်နှင့် ဇူလိုင် လ ၁၆ ရက်နေ့က ရွာသို့ပြန်လာသောဒေသခံများနှင့် ရွာအတွင်း ပုန်းအောင်းကျန်ရှိနေသော ဒေသခံ အချို့ အား စစ်ကောင်စီ မှ ဖမ်းဆီးခဲပြီးနောက် ညနေပိုင်းတွင် ခြိမ်းခြောက်ပြောဆို၍ပြန်လွှတ်ပေးခဲ့ကြောင်း နယ်ခံများ၏ပြောကြားချက်အရ သိရသည်။ “အခုထိ ကရဝေးဆိပ် တံတားမှာရှိနေကြတုန်းပဲ။ အဲ့ဘက်တောက်လျှောက်ကို အင်အားတိုးချထားတယ်။ အဖမ်းခံထားရလို့ ပြန်လွတ်လာတဲ့သူတွေ ပြောတာ တော်လှန်ရေးအင်အားစုတွေရဲ့စခန်းတွေ အားလုံးကို တက်သိမ်းပြမယ်၊ လမ်းတစ် လျှောက်လုံး အကုန် မိုင်းတွေထောင် ထားမယ် စောင့်ကြည့်နေဆိုပြီး” ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၁)ရက်နေ့ ကလည်း စစ်ကောင်စီ၏အမြှောက်တပ်ရင်း (အမတ-၃၁၄) မှ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျေးရွာများ အတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာမှ ဒေသခံများ၏ နေအိမ်(၂)လုံးထိခိုက်ပျက်စီးခဲ့ရသလို ဇူလိုင်လ(၇) ရက်နေ့က ရွှေရောင်ပြ ကျေးရွာ အတွင်းသို့ ပစ်ခတ် ခဲ့သည့် လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့သော ဒေသခံ(၆)ဦးအနက် နော်တင်အေးအမည်ရှိ အမျိုးသမီးတစ်ဦးသည် ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnews.org/2023/07 /%e1%80%98%e1%80%ae%e1%80%b8%e1%80% 9c%e1%80%84%e1%80%ba%e1

၂။  အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ မစွပ်ဖက်ရန်နဲ့ တရားမ၀င်လုပ်ငန်းများ မလုပ်ကိုင်ရန် CNF က ချင်းပြည်သူ         တွေကို တိုက်တွန်း
     July 17, 2023

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးတွေအနေနဲ့ မိမိခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စမှာ ၀င်ရောက်စွပ်ဖက်ခြင်းမပြုလုပ်ရန်နဲ့ အဆိုပါနိုင်ငံရဲ့ နိုင်ငံသားစီစစ်ရေးကဒ်များကို တရားမဝင်သော နည်းလမ်းဖြင့် ရယူပိုင်ဆိုင်မှုမျိုး မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းပြည်သူတွေကို တိုက်တွန်းပါတယ်။ ထို့အပြင် သူများနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပတ်သက်ခြင်း မပြု လုပ်ကြရန်လည်း CNF က တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ချင်းလူမျိုးများခိုလှုံရာ အိမ်နီးချင်းနိုင်ငံသို့ မှုးယစ်ဆေးဝါး တင်သွင်းခြင်းကို CNF နဲ့မိတ်ဖက်အဖွဲ့အစည်းတွေက လုံး၀သည်းခံမှာ မဟုတ်ဘူးလို့ ‌CNF ကအသိပေးပါတယ်။  အိမ်နီးချင်းနိုင်ငံ များတွင် ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံနေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်သောဆက်ဆံရေးတည်‌ ဆောက်နိုင်ရန် CNF မှ ကြိုးစားအားထုတ်လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် တရားမ၀င်‌သောလုပ်ငန်း လုပ်ကိုင်သူများကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ CNF က ဇူလိုင် ၁၆ ရက်စွဲနဲ့ အသိပေးထုတ် ပြန်ပါတယ်။

ယခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေထိုင် ကြသော ချင်းလူမျိုးများအနေနဲ့ မိမိခိုလှုံနေထိုင်ရာ လူမှုအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြလုပ် ကြရန် မြို့နဲ့ ရပ်ရွာအလိုက်ဖွဲ့စည်းထားသော ချင်းစစ်ဘေးရှောင်ကူညီရေးကော်မတီတွေက အသိပေးတိုက်တွန်းတာလည်း ပြုလုပ်ကြပါတယ်။ https://www.facebook.com/photo?fbid=796565629142726&set=a.716 654970467126

၃။   AA နှင့် စစ်ကောင်စီတို့ ရသေ့တောင်မြို့နယ်တွင် စစ်ရေးတင်းမာမှု ဖြစ်ပွား
      July 17, 2023

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA စိုးမိုးထားသည့်နေရာသို့ စစ်ကောင်စီက ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်မှုကြောင့်  နှစ်ဖက် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲပြီး အခြေအနေဆိုးရွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင် ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ်က ဦးဂါကျေးရွာသို့ စစ်ကောင်စီက ULA /AA ၏ ခွင့်ပြချက်မရှိဘဲ ယူနီဖောင်းအပြည့်အစုံနှင့် ကျေးရွာသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြော သည်။ “ဦးဂါတောင်ကျောင်းမှာ တွေ့ဖို့ စစ်ကောင်စီက ကျေးရွာသားတွေကိုပြောထားတယ်။ တွေ့ဆုံဖို့ကို AA ကို အသိပေး မထားဘူး။ မနေ့က စစ်ယူနီဖောင်းနဲ့ လာတယ်။ အဲ့ဒါကို AA က ခွင့်မပြုဘူး။ လာချင်ရင် စစ်ယူနီဖောင်းမပါဘဲ အရပ်သား အဝတ် နဲ့ လာဖို့ပြောတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး။ အဲ့ဒီမှာ တင်းမာကြတယ်။ ပစ်ခတ်မှု ဖြစ်ဖို့ ဖြစ်သွားတယ်။ နောက်ပိုင်း စစ်ကောင်စီက လက်လျှော့ပြီးတော့ ပြန်သွားကြတယ်” ဟုပြောသည်။

ရသေ့တောင်မြို့နယ်က ကျေးရွာများသို့ ယူနီဖောင်းအပြည့်အစုံဖြင့် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် လာ ရောက်စည်းရုံးမှုများရှိခဲ့ပြီး ယင်းကဲ့သို့ ဝင်ရောက်မှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုဖြစ်သွားခဲ့ကြောင်း ဒေသခံများကပြော သည်။ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မနေ့က ဆိုရင် တိုက်ပွဲ ဖြစ်ပွားဖို့အထိ အနေအထား ရှိခဲ့တယ်။ အရမ်းတင်းမာခဲ့ တယ်။ နှစ်ဖက်လုံးပဲ။ AA ကလည်း လက်နက်အပြည့်အစုံနဲ့။ စစ်ကောင်စီကလည်း အသိမပေးဘဲ စစ်ယူနီဖောင်းနဲ့လာတယ်။ အဲ့ဒီမှာ တွေ့ကြတာပါ။ စစ်ကောင်စီဖက်ကတော့ ပြန်လှည့်သွားတယ်။  ဒီကနေ့ နေ့လယ်ပိုင်းမှာ မနေ့ကလို့ စစ်ယူဖောင်နဲ့ မလာ တော့ဘူး။ အရပ်ဝတ်တွေနဲ့ ဦးဂါကျေးရွာနဲ့ နောက်တစ်ရွာကို လာတယ်။ သူတို့ အဓိက လာတာက စည်းရုံရေးလာတာဖြစ်တယ်။ အရပ်သားကားသုံးစီးနဲ့ လာတာ”ဟုပြောသည်။ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် စစ်ယူနီဖောင်းဖြင့် ဝင်ရောက်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သား ၂၀ ခန့် က အရပ်သား ကားသုံးစီးဖြင့် ကျေးရွာ အတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၂၆ ရက်နေ့ က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားပြီး လက်ရှိ အချိန် ပစ်ခတ်မှု တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသည်မှာ  ၇ လကျော်လာပြီးလည်း ဖြစ်သည်။ https://www.facebook.com/pho to/?fbid=7060736448 65398&set=a.682731967199566

၄။   ရေဖြူက ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခံရပြီး ရဲဘော်နှစ်ဦးကျဆုံး
     July 17, 2023

ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေ အလစ်ငိုက် တိုက်ခိုက်ခံရလို့ ရဲဘော်နှစ်ဦး ကျဆုံးပြီး ထိခိုက်မှုတွေ လည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ အခုလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဧကနိရွာ ဘက်ကိုတိတ်တဆိတ် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ တာပါ။ အဲဒီပစ်မှုအတွင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က အသက် ၂၃ နှစ်အရွယ် ရဲဘော်တွတ်ပီနဲ့ နောက် ထပ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးတို့ကျဆုံးခဲ့တာပါ။  “ကျနော်တို့ ကင်းယူဖို့အသွားမှာ သူတို့ (စစ်ကောင်စီတပ်သားတွေ) က ကျနော်တို့ထက်အရင် ကြိုရောက်နေတာပါ။ အဲဒီအချိန်မှာ ချောင်းပစ်ခံရတာပါ” လို့ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (KBDF) ရဲ့တာဝန်ခံကပြောပါတယ်။  ကျဆုံးရဲဘော်နှစ်ဦးအနက် အသက် ၃၀ ဝန်းကျင်အရွယ်ရဲဘော်ကိုတော့ စစ်ကောင်စီ တပ်သားတွေက ကျောက်တုံးနဲ့ခေါင်းကို ထုသတ်ခဲ့တာလို့သိရပါတယ်။

“စာသင်ကျောင်းနားကလမ်းပေါ်မှာတောင် သွေးတွေကျန်နေသေးတယ်။ ကျောက်တုံးနဲ့ထုသတ်ခဲ့တာ” လို့ အလောင်း ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောပါတယ်။ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း အသက် ၃၀ အရွယ် ရဲဘော်မှာ သေနတ်ဒဏ်ရာမတွေ့ဘဲ ဖမ်းပြီးမှ ကျောက်တုံးနဲ့မသေသေအောင်ထုသတ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အဲဒီပစ်ခတ်မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စခန်းနဲ့အနီးအနားကရွာတွေမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ https://www.faceboo k.com/photo?fbid=305259071891849&set=a.1962126 82796489

၅။   တကျော့ပြန် နမ်ဆန်ယန် စစ်ဘေးရှောင်များ ထောက်ပံ့ကူညီမှုများလိုအပ်
      July 17, 2023

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာက တကျော့ပြန် စစ်ဘေးရှောင်အချို့ ထောက်ပံ့မှုများ အပြည့် အဝမရဘဲ ကူညီမှုများလိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ နမ်ဆန်ယန်ရွာအနီးတဝိုက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အလုံးအရင်းနှင့်စစ်‌ကြောင်းထိုးလာသောကြောင့် နန်ဆန်ယမ်ရွာခံ တစ်ထောင်ကျော်ခန့်မှာ လိုင်ဇာနှင့် ဝိုင်းမော်မြို့များ သို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းဖြစ်သည်။ အချို့သော စစ်ဘေးရှောင်များက မိမိအစီအစဉ်ဖြင့် နေထိုင်ကြပြီး ကူညီ ထောက်ပံ့မှုများ လိုအပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ” ကျန်းမာရေးနဲ့ အဝတ်အစားတွေကတော့ လာလှူနေတဲ့သူ တွေရှိတယ်။ ဆန်တွေဘာတွေကတော့ အားလုံးကိုမပေးနိုင်ဘူးဖြစ်နေတယ်။တချို့ကရတယ်၊တချို့ကကျမရဘူး။ ခေတ္တခိုလှုံခွင့် ပေးထားတဲ့ နေရာမှာထားထားတဲ့ သူတွေကိုပဲ ဦးစားပေးအနေနဲ့ ပေးတာ “ဟု ဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများပစ်ကာ စစ်ကြောင်းထိုးလာသည့်အပြင် KIA တပ်ဖွဲ့ ဝင်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်နေသောကြောင့် တစ်ကျော့ပြန်စစ်ဘေးရှောင်ရာတွင် နေထိုင်ရေး အခြေခံလိုအပ်များရှိနေ သည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။ ” နေရာထိုင်ခင်းကတော့ မိုးယိုတာလေးတွေရှိတယ်။ ထမင်း က တော့ ကိုယ့်အစုနဲ့ကိုယ် ချက်စားနေကြတာတော့ မီးသွေးတို့ဘာတို့လိုတာပေါ့။ ဆေးပေးခန်းလေးတစ်ခုတော့ရှိတယ်။ ဆေးဝါး တော့မပြည့်စုံပေမယ့် ဖျားတာနာတာလောက်တော့အဆင်ပြေပါတယ်”ဟု ဆိုသည်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် စစ်ပွဲများ ကြောင့် နမ်ဆန်ယန်ရွာစစ်ရှောင်များမှာ ၂၀၁၈ ခုနှစ်တွင် နေရပ်ပြန်အခြေချနေထိုင်ပြီးနောက် ယခုအခါတကျော့ပြန် တိမ်းရှောင် နေရခြင်းဖြစ်သည်။ လတ်တလောတွင် နမ်ဆန်ယန် ပတ်ဝန်းကျင်ဒေသများဖြစ်သည့် မလန့်ယာန်၊ ဂျာပူ၊ မဒီးယာန်၊ ခာယာယာန်၊ ခလားတောင်၊ အောင်ဂျာ၊ နွမ်လန့်ရွာ စသည့် နေရာအနီးတဝိုက်တွင် KIA နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ များဖြစ်ပွားနေသည်။ https://www.facebook.com/photo?fbid=645307844299847&set=a.583749337122 365

၆။  အလှူရှင် ရှားပါးလာတာကြောင့် ဆီဆိုင်က စစ်ရှောင်တွေ စားဝတ်နေရေး ခက်ခဲလာလို့ အကူအညီ လိုအပ်နေ
     July 17, 2023

အလှူရှင် ရှားပါးလာတာကြောင့် ရှမ်းတောင် ဆီဆိုင်မြို့မှာ ရှိနေတဲ့ စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ “အလှူရှင်တွေလည်း မရောက်တာ ကြာပြီဆိုတော့ တော်တော်ခက်ခဲတယ်။ လုပ်စားရမယ်ဆိုလည်း ကိုယ့်အိမ် ကိုယ့်ခြံ မဟုတ်တော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ပြန်လို့ရပြီဆို တာနဲ့ အိမ်တန်းပြန်မယ်။ အဲဒါပဲ မျှော်နေရတာ” ဆိုပြီး သူက ပြောပါတယ်။ ဆီဆိုင်မြို့မှာ စစ်ရှောင်စခန်း ၄၀ နီးပါးအတွက် အခြေခံ စားသောက်ကုန်အပြင် မိုးတွင်းကာလ ဖြစ်တာကြောင့် ဖျားနာနေတဲ့ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေအတွက် ​ဆေးဝါး အကူအညီလည်း လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်က အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညိနှိုင်းရေးရုံး (AHA)အစီအစဥ်နဲ့ မြန်မာနိုင်ငံ သို့ ရောက်လာတဲ့ သံတမန်ယာဥ်တန်းဟာ ဟိုပုံး-ဆီဆိုင် လမ်းမပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံပြီးနောက် စစ်ရှောင်တွေကို ကူညီ ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း သိပ်မလာကြတော့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် လာရောက် ကူညီပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းတာ ကြမ်းသလို သွားလာခွင့် ကန့်သတ်ထားတာ ကြောင့် စစ်ရှောင်တွေအတွက် ပိုခက်ခဲစေတယ်လို့ ဆိုပါတယ်။ https://www.facebook.com/ph oto/?fbid=602636435 376958&set=pcb.602637442043524

၇။  ကွတ်ခိုင်-သိန္နီကြားမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်၊ လမ်းမှာလည်း စစ်ကား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံရ
     July 17, 2023

ဇူလိုင် ၁၇ ရက် မနက် ၈ နာရီကျော်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ကနေ သိန္နီမြို့သို့ ဆင်းသွားတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ ထိပ်တိုက်တွေ့ပြီး နာရီဝက်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကွတ်ခိုင်မြို့ အထွက် နမ့်ပါချီးရွာအောက်ဘက်မှာ ထိပ်တိုက်တွေ့တာဖြစ်ပြီး TNLA ဘက်က ထိခိုက်ဒဏ်ရာရတာ ရှိသလို စစ်တပ်ဘက်က လည်း ထိခိုက်တာ ရှိတယ်လို့ မြေပြင်မှ TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့အဖွဲ့က ပန်ကျမ်ကနေ လာတာ။ ကွတ်ခိုင်ကနေ သူတို့ဆင်းတဲ့အချိန် ရှေ့ကနေ လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ဖြစ်သွားတာ။ သူတို့အင်အား ၃၀ လောက်ရှိမယ်။ ကျနော်တို့ဘက်က တစ်ယောက်နှစ်ယောက် ဒဏ်ရာရသွားတာရှိတယ်။ သူတို့ဘက်လည်း ထိတာရှိတယ်။ သူတို့ လူ သယ်သွားတာတွေ ရှိတယ်။ တိတိကျကျတော့ မသိရဘူး” စစ်ကောင်စီတပ်ဟာ သိန္နီမြို့မှာ အခြေစိုက်တဲ့ ခြေလျင်တပ်ရင်း (ခလရ ၆၉)ကဖြစ်ပြီး နေ့လယ် ၃ နာရီခွဲမှာလည်း ကောင်းခမ်ရွာအထက်နားမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကောင်းခမ်ရွာခံတစ်ဦးက “အစောပိုင်းက စစ်ကားသုံးစီး ဆင်းသွားတယ်။ ခုဏက နောက်ထပ် ဘယ်နှစ်စီး ဆင်းလာလဲ မသိဘူး။ ဆင်းလာတော့ ကန်စွန်းဥဖုတ် ကျွေးခံရတယ်။ ဘာတွေ ထိသွားလဲတော့ ကျနော်တို့လည်း သွားမကြည့်ရဲဘူး။ အဲနားက မီးဖိုဆောင်တစ်ခုတော့ မိုင်းစတွေ မှန်သွားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာလည်း လားရှိုးကနေ ကွတ်ခိုင်ဘက် တက်သွားတဲ့ စစ်ကောင်စီ ယာဉ်တန်း ၂၀ စီး တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ် မကြာ ခဏ တိုက်ခိုက်ခံခဲ့ရတဲ့ အဲဒီတစ်ကြောမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကိုးကန့် MNDAA၊ ကချင် KIA၊ တအာင်း TNLA တို့ သွားလာတဲ့နေရာ ဖြစ်ပါတယ်။ https://www.facebook.com/ph oto/?fbid=603065382000730&set=a.40450321 5190282

၈။  ဌက်ပျောတောကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှုအပြင် အရပ်သားတွေပါ ထိခိုက်
    July 17, 2023

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်၊ ဌက်ပျောတောကျေးရွာ ဇီးကုန်းမှာတိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှု အပြင် အရပ်သားတွေပါ ​သေဆုံးထိခိုက်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ဆင်ရေးလုပ်ဖို့ ကားတွေ နဲ့ ထွက်လာတဲ့ KNLA ပူးပေါင်းတပ်ကို ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က တွေ့ပြီး အလစ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားလို့ KNLA တပ်ဖွဲ့ဝင် တဦး ထိခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးထိခိုက်ခဲ့သလို အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တာပါ။ “တိုက်ပွားဖြစ်တော့ လမ်းသွားလမ်းလာ အရပ်သား ၁ ဦးက ကျည်ထိသေတယ်။ လက်နက် ကြီးထိလို့ အရပ်သား ၂ ဦးဒဏ်ရာရတယ်။ KNU ဘက်ကကော စကစ ဘက်ကော ထိခိုက်တာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲကြားသေဆုံးတဲ့ အရပ်သားဟာ အသက် ၂၅ နှစ်အရွယ် ပိတောက်ကုန်းရွာသားဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးက ဌက်ပျောတောကျေးရွာက ဖြစ်ပါတယ်။ စစ်ကောင်စီထော​က်ခံတယ်လီဂရမ်တွေကတော့ အဆိုပါ တိုက်ပွဲမှာ  KNU/PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြကြပါတယ်။ ထိုသိမ်းဆည်းရရှိသည်များမှာ KNU/PDF အလောင်း ၁ လောင်း၊ hijet အမျိုးစားယာဉ် ၂ စီးရှိပြီး (၁ စီးမှာ မီးလောင်ပျက်စီး)၊ Wave 100 ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည် ၅၂ တောင့်၊ ၅. ၅၆ ကျည် ၇ တောင့်၊ အီနာ ဂါဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ FRB စာတန်းပါ တံဆိပ် ၁ ခု၊ တပ်ကြပ် အဆင့် တံဆိပ် ၂ စုံ ၊KNLA တပ်မဟာ ၁ စိစစ်ရေးကဒ် ၁ ခု၊ ပျောက်ကျား အင်္ကျီ/ပုခက်၊ ကျောပိုးအိတ် ၂ လုံး၊ လည်စည်း အနီ ၁ ထည်၊ ဘန်ကာတဲတို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=62844882939 0271&set=pcb.628448942723593

၉။  ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ အင်အားတိုးမြင့်ထား
     July 17, 2023

ရှမ်း-(ကယား)ကရင်နီနယ်စပ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က အင်အား တိုးမြင့်ထားကြောင်း ဒေသခံထံမှ သိရသည်။ ပင်လောင်း ဘက်လမ်းကြောမှတဆင့် စစ်ကောင်စီတပ် အင်အားအများအပြား တိုးမြင့်သည်ကို ယခုရက်ပိုင်းပိုမိုတွေ့ရှိကြောင်းသိရသည်။ “စစ်ကောင်စီဖက်က အထိများပုံရတယ် အခုဆို ပင်လောင်းလမ်း ကြောင်းဖက်ကနေ နေ့တိုင်းလိုလို ဆင်းလာကြတယ် အင်အားလည်းများတယ် ကားတွေလည်း အများကြီးပါပဲ တစ်ချို့ရက်တွေ ဆိုရင် သူတို့စစ်ကားလို ဆင်းတာမဟုတ်ပဲနဲ့ ဒေသခံကားအသုံးပြုပြီးတော့ ဖယ်ခုံဖက်ကို ဆင်းလာတာတွေ့ရတယ်”ဟု ပင်လောင်းဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ စတင်ပြီး တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း PDF Pekhon ထံမှ သိရသည်။

စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇွန်လမှစပြီးတစ်လအတွင်း စစ်ကောင်စီ တပ်သား ၁၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း PDF Pekhon နှင့်အတူ KRU၊ SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့)၊ LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစုအဖွဲ့ (1003၊ 1005၊ 1008၊ 1009 – IPDF၊ SSLRU၊ NPT(ပကဖ) ) စသည့်တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ စစ်ကောင်စီက ကရင်နီပြည်နယ် အတွင်း စစ်အင်အား တိုးချဲ့ ပြီး စစ်ကြောင်းထိုး၊ တပ်ဖြန့်မှုများ နေ့စဉ်ပြုလုပ်နေပြီး ပြည်သူများ နေထိုင်သည့်နေရာကို ဗုံးကြဲတိုက်ခိုက်​ခြင်းနှင့် လက်နက် ကြီး ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ https://ww w.facebook.com/photo?fbid=660728412757009&set=pcb.660728479423669

၁၀။  သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၀၀ ကျော် ရာသီတုပ်ကွေးဖြစ်နေ
       July 17, 2023

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၀၀ ကျော် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ “ရာသီဥတုက မိုးရွာလိုက်နေပူလိုက်နဲ့ နေရတာအဆင်မပြေဘူး။ မိုးယို ပြီး အိပ်ခန်းတွေက အကုန်လုံးစိုစွတ်နေတော့ အအေးမိရာကနေ ဖြစ်ကြတာများပါတယ်။ ပထမတစ်ယောက် ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးကူးစက်ပါတယ်”ဟု စခန်းတာဝန်ခံ ဦးဂျာကြရပ် ကပြောသည်။  အသက် ၁၀ နှစ်အောက်ကလေးငယ်နှင့်သက်ကြီးပိုင်း များတွင် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ ပျော့အန်ခြင်းစသည့် ဝေဒနာများကို ခံစားနေကြရကြောင်း စခန်းတာဝန်ခံကပြော သည်။ တုပ်ကွေးဖြစ်နေသူများမှာ သက္ကယ်ပြင် ကျေးရွာရှိ ပုဂ္ဂလိကဆေးခန်းနှင့် စစ်တွေမြို့ပေါ်ဆေးခန်းများသို့ သွာ းရောက်ကုသကြပြီး ငွေကြေးမတတ်နိုင်သူများမှာ ဆေးဆိုင် များမှ ဆေးများကို ဝယ်ယူသောက်သုံးနေရသည်။  “ကလေးတစ်ယောက် စဖြစ်တာကနေ အခုဆိုရင် ကျမတို့မိသားစုတစ်စုလုံး ဖျားနေပါတယ်။ ကျမဆိုရင် ခန္ဓာကိုယ်တစ်ခုလုံး လေးလံပြီးတော့ အိပ်ရာကထလို့မရဘဲ ဖြစ်နေတယ်”ဟု ဒေါ်သိန်းမြက ပြောသည်။

ယခင်ကဆိုလျှင် ကျန်းမာရေးဌာနနှင့် နိုင်ငံတကာအဖွဲ့များက စခန်းသို့လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သော်လည်း မုန်တိုင်းအလွန် လက်ရှိကာလတွင် ထိုသို့လာရောက်မှုများ မရှိတော့ကြောင်း ဒုက္ခသည်များက ပြောသည်။ စခန်းအတွင်း တုပ်ကွေးရောဂါကူးစက်မှု များပြားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးလာပေးရန် မွတ်ဆလင် ဒုက္ခသည်များက လိုလားနေကြသည်။  “ဆေးလာကုပေးသူလည်း မရှိပါဘူး။ ပိုက်ဆံမရှိတဲ့သူတွေဆို စပ်ဆေးသောက်ပြီး နေရ တယ်။ ငှက်ဖျားဖြစ်ရင် အသက်ဆုံးရှုံးတာလည်းရှိတော့ စိုးရိမ်မိပါတယ်” ဟု စခန်းတာဝန်ခံအဖွဲ့ဝင် ဦးမောင်လေးက ပြောသည်။  သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၆,၀၀၀ ကျော်ရှိပြီး မုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီး လက်ရှိအချိန် အထိ မပြုပြင်နိုင်သေး၍ မိုးရာသီကာလ အခက်အခဲများနှင့် ရင်ဆိုင်နေကြသည်။  “မုန်တိုင်းဒဏ်ကို ခံခဲ့ရသူတွေဟာ ကိုယ်ခံ အားတွေ အရင်လောက်မရှိတော့ ရောဂါကူးစက်ဖို့ ပိုမြန်တယ်။ အဲဒီထဲ ကလေးတွေက ပိုပြီးဖြစ်ကြတယ်။ လသားကလေးတွေ လည်း တွေ့ရတယ်။ လူကြီးတွေလောက် အဆုတ်ခုခံအား မကောင်းတော့ ကလေးတွေက ပိုဖြစ်ကြပါတယ်”ဟု သူက ပြော သည်။ မုန်တိုင်းတိုက်ခတ်မှု နှစ်လကျော်ကြာမြင့်လာသော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ အမိုးအကာလုံခြုံမှုအောက်သို့ မရောက်နိုင်သေးသည့်အပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်။ https://ww w.facebook.com/photo?fbid=665865038920429&set=pcb.665865625587037

၁၁။   အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူ အညီ တောင်းခံ
       July 17, 2023

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာမှုအကူ အညီများ ပေးအပ်နိုင်ရေးနှင့် လက်နက်မဟုတ်သော အကူအညီများအတွက် ဒေါ်လာသန်း ၅၀၀ ကျော်အား အမေရိကန်အစိုးရထံ အကူ အညီတောင်းခံထားကြောင်း အမေရိကန်အခြေစိုက် VOA သတင်းက ဖော်ပြခဲ့သည်။ စစ်လက်နက်မဟုတ်သော အကူအညီများ အနေဖြင့် ဒရုန်းများ၊ မော်တော်ယာဉ်များ၊ ရေဒါစောင့်ကြည့်ရေးကိရိယာများအပြင် ဆက်သွယ်ရေးပစ္စည်းများအတွက် ဒေါ်လာ သန်း၂၀၀ နှင့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထွက်ပြေးနေရသည့် ပြည်သူ ၁ ဒသမ ၅ သန်းအား ကူညီထောက်ပံ့ ရေးအပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၅ သန်းအား အကူအညီတောင်းခံထားခြင်းဖြစ် ကြောင်းလည်း သိရသည်။ အမေရိကန် အစိုးရအနေဖြင့် ယမန်နှစ် ဒီဇင်ဘာလက၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေး အသုံး စရိတ် အက်ဥပဒေ (NDAA) အား အတည်ပြုခဲ့ရာတွင် မြန်မာ့ဒီမိုကရေစီအရေး အားပေးသည့် Burma Act အား ထည့်သွင်း အတည်ပြုခဲ့သည်။

အဆိုပါ အက်ဥပဒေတွင် NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAO) များ အပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအား နည်းပညာနှင့် စစ်လက်နက် မဟုတ်သောပစ္စည်းများ အကူအညီပေးရေးတို့အား ထည့်သွင်းပြဋ္ဌာန်းထားသည်။ ဒီမိုကရေစီအရေး လုပ်ဆောင်နေသူများအား အကူအညီပေးရေး အတွက် အမေရိကန်အစိုးရအနေဖြင့် အမျိုးသားကာကွယ်ရေးဥပဒေတွင် ထည့်သွင်းအတည်ပြုသည့်လုပ်ရပ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကကန့်ကွက်ခဲ့ပြီး အကြမ်းဖက်မှုကိုအားပေးခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်းရေးအားဝင်ရောက်စွက်ဖက် ခြင်းဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နှစ် ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။ https://www.fac ebook.com/photo/?fbid=666070665566124&se t=a.600722618767596

၁၂။   AHA နဲ့ PNLO ပူးပေါင်းပြီး ကရင်နီပြည်မှ စစ်ဘေးရှောင်လာသူတွေကို စားနပ်ရိက္ခာ ကူညီ
       July 18, 2023

စစ်ဘေးရှောင် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ သွားရောက်စဉ် ယာဉ်တန်း အပစ်ခံရလို့ မအောင် မြင်ခဲ့တဲ့ ခရီးစဉ်ကို ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီ ပစ္စည်း ပေးအပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အာယဆီယံ လူသားချင်းစာနာမှုအကူ အညီညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန-AHA နဲ့ PNLO ပူးပေါင်းစီစဉ်တဲ့ စစ်ဘေးရှောင်ပြည်သူများ လူသားချင်းစာနာမှုအကူအညီ ပေးရေး ပစ္စည်းတွေကို PNLO အဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့မှာ ကရင်နီပြည်ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ပေးအပ် ခဲ့ပါတယ်။ အဲ့ဒီအကူအညီပစ္စည်းတွေကို ကရင်နီပြည်ကနေ ရှမ်း-ကရင်နီနယ်စပ်၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာကို စစ်ဘေး ရှောင်လာတဲ့ ပြည်သူ ၁၄၅၀ ဦးကို PNLO က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်မှာ ပေးအပ်တဲ့ အဲ့ဒီ လူသားချင်းစာနာမှု အကူအညီတွေကတေ့ာ ဆန်အိတ် ၄၀၀၊ Family Kit ၄၀၀ နဲ့ Hygiene Kit ၁၄၅၀ တို့ဖြစ်တယ်လို့ PNLO တာဝန်ရှိသူက ပြောပါ တယ်။

“ပထမတစ်ခေါက် အပစ်ခံရလို့ စစ်ရှောင်ပြည်သူတွေကို ကူညီဖို့ မအောင်မြင်ခဲ့တာကို AHA နဲ့ PNLO ပူးပေါင်းပြီး ဆက်လုပ်တဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေပေါ့။ အကူအညီတွေကတော့ ဆန်ရယ် မိသားစု အသုံးအဆောင် ပစ္စည်းတွေ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်” လို့ PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မြင့်သိန်း ကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်မှာ အာဆီယံ သံတမန်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ကိုယ်စားလှယ်တွေ ပါဝင် တဲ့ ယာဉ်တန်း ပအိုဝ်းဒေသအတွင်း ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို  လူသားချင်းစာနာမှု အကူအညီပေးဖို့ သွားရောက် စဉ် ဆီဆိုင်မြို့အနီးမှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ စစ်ကောင်စီလက်အောက်ခံ ဌာနေ ပြည်သူ့စစ်တွေက နောက်ကွယ်ကနေ စေခိုင်းတဲ့ လူတွေရဲ့ အမိန့်အရ ပြုလုပ်တာ တွေ့ရတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC က ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=307354534984331&set=pcb.307355251650926

၁၃။  ကြာအင်းဆိပ်ကြီးတွင် ရဲစခန်း၊‌ ‌မြေစာရင်းရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
      July 18, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊‌ ‌မြေစာရင်းရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ ဒရုန်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ကနေ သိရပါတယ်။ ဇူလိုင် ၁၆ ရက် ည ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ မြေစာရင်းရုံးနဲ့ ထွေအုပ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံးချပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Cloud Wings ဒရုန်းတပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းက “သေဆုံးသတင်းက မျက်မြင် အတည်ပြုနိုင်ခဲ့လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ သူတို့အလောင်း ကိုးလောင်းကို မြေမြှုပ်သွားတယ်။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲစခန်းထဲက ရဲတပ်သားတဦး သေတယ်။ အဆောက်အဦ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့က တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ မြေစာရင်းရုံးနဲ့ ထွေအုပ်ရုံးတို့ကို တိုက်ခိုက်နေချိန်မှာပဲ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ခမရ ၅၅၈ က တပ်ရင်းမှူး ဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ခလရ ၄၃၂ တပ်ရင်း စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အခုတိုက်ခိုက်မှုကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးဆင်ဆင်ရေးတပ်ဖွဲ့-SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါ တယ်။ https://burmese.dvb.no/post/604473

၁၄။  လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသော ကိုကျော်နိုင်ဦးနှင့် ပတ်သက်မှုမရှိကြောင်း ALP ထုတ်ပြန်
      July 17, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ မတရားဖမ်းဆီးချုပ်နှောင်ထားသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားထားသော ကိုကျော်နိုင်ဦး ကိစ္စနှင့်ပတ်သက်ပြီး ALP အနေဖြင့် ဖမ်းဆီးထားခြင်းမရှိသလို လုံးဝ ပတ်သက်မှုမရှိကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ALP မှ ထုတ်ပြန်ထားသည်။ စစ်တွေမြို့ မင်းဘာကြီးလမ်း အောင်မင်္ဂလာရပ် ကွက် (အင်ဘာလာ) ဒေသခံ အသက် ၃၃ နှစ်အရွယ် ကိုကျော်နိုင်ဦးမှာ ရွှေပြည်သစ်ကားဝပ်ရှော့ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့က ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဖမ်းဆီး ထားခြင်းဟုဆိုသည်။ ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးနောက် မိသားစုဝင်များဖြင့် အဆက်အသွယ်မရရှိသောကြောင့် မိသားစုဝင်များမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ကိုကျော်နိုင်ဦးကို ညအချိန်တွင် စစ်ကောင်စီ၏ စရဖတစ်ချို့နှင့် ALP တပ်ဖွဲ့ဝင် ၄ ဦးတို့က ကားဝပ်ရှော့မှနေ၍ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအချိန်အထိ အဆက်အသွယ်မရဘဲ မိသားစုဝင်များက အလွန်စိုးရိမ်နေကြကြောင်း သိရသည်။

ကိုကျော်နိုင်ဦး ပျောက်ဆုံးနေသည်မှာ ရက်ပေါင်း ၁၀ ကျော်ရှိနေပြီဖြစ်ပြီး အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်းနှင့် စစ်တွေမြို့မ ရဲစခန်းထံ လူပျောက်တိုင်ကြားထားကာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသော် လည်း ထူးခြားမှုမရှိသေးကြောင်း ဖခင်ဖြစ်သူ ဦးထွန်းအေးမောင် ကဆိုသည်။ အမှုတစ်ခုခုဖြင့် ဖမ်းဆီးထားသော်လည်း စစ်ကောင်စီပဲဖြစ်ဖြစ်၊ ALP ဘဲဖြစ်ဖြစ် အခြားသော အဖွဲ့အစည်းများဖြစ်ဖြစ် မိသားစုဝင်များနှင့် အဆက် အသွယ်ပြုလုပ်စေချင် ကြောင်း ဦးထွန်းအေးမောင် က တောင်းဆိုထားသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ပြီးသည့် ဇူလိုင်လ ၁ ရက်နေ့ က ထိပ်ပိုင်းခေါင်းများ ပစ်သတ်ခံရမှုဖြင့် ဒေသခံအများအပြားကို ဖမ်းဆီးခြင်းနှင့် စစ်ဆေးမှုများပြုလုပ်နေသည်ဟု အတွင်းရေး မှူး ခိုင်သူရိန်က ပြောဆိုထားသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ပစ်သတ်မခံရခင်က တည်းက ရခိုင်ဒေသခံအများအပြားကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ စစ်ကောင်စီပေါင်း၍ လက်နက်အားကိုးဖြင့် ပြည်သူများအား အာဏာပါဝါပြခြင်းတို့ရှိနေသည့်အတွက် ရခိုင်ပြည်သူများကြားတွင် လိုလားမှုမရှိကြဘဲ သတင်းဆိုးဖြင့် ပျံ့နှံ့လျှက်ရှိနေသည်။ https://www.facebook.com/photo/?fbid=706543408151755&set=pcb.706544351484994

၁၅။  SSPP နယ်ထဲက ပြည်သူ့စစ်တွေကို စစ်တပ်က ရုံးတွေတိုးချဲ့ဖွင့်ပေးနေ
       July 17, 2023

ရှမ်းပြည်မြောက်ပိုင်း SSPP ထိန်းချုပ်နယ်မြေတွေဘက်မှာ ရှိနေတဲ့ ပြည်သူ့စစ်တွေကို အာဏာသိမ်းစစ်တပ်က ရုံးခန်း တွေတိုးချဲ့ဖွင့်ပေးနေတယ်လို့ ရှမ်းပြည်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ရုံးခန်းတွေတိုးချဲ့ဖွင့်ပေးတာနဲ့အတူ လူသစ်စုဆောင်းရေးနဲ့ လက်နက်တပ်ဆင်ရေး ကိစ္စတွေပါ လုပ်ပေးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။ “မိုင်းဟင်၊​ မိုင်းဟပြည်သူ့စစ်၊ SSS မဟာကြာ၊ မန်ပန်ပြည်သူ့စစ်၊ ဒါတွေအကုန်လုံးက MTA လက် ကျန်တွေပဲ။ စစ်ကောင်စီက ဒါတွေကို အသုံးချပြီး စစ်ရေးကို ကစားနေတာ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်ထဲမှာ ပြုလုပ်တဲ့ မိုင်းဟင်မိုင်းဟ ပြည်သူ့စစ်အဖွဲ့ရဲ့ ဆက်ဆံ ရေးရုံးသစ်ဖွင့်ပွဲကို စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။  မိုင်းရယ်မြို့ နယ်၊ မန်မုံဒေသမှာ ဇူလိုင်လ ၁၃ ရက်က ကျင်းပတဲ့ အဲဒီပြည်သူ့စစ်ရုံးခန်းဖွင့်ပွဲကို စစ်ကောင်စီဝန်ထမ်းတွေဖြစ်တဲ့ ထွေအုပ်နဲ့ စရဖတို့ တက်ရောက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများနေပြီး များသောအား ဖြင့် ပြည်သူတွေကို နှိပ်စက်ကြတာများတယ်လို့ မန်ပန်ဒေသခံတစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo/ ?fbid=306935395026245&set=pcb.306935538359564

၁၆။  ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စွဲချက်တင်
      July 17, 2023

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ် ရေးမှူးနှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ – ၁၇ (၁) (၂)တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။ ထိုသို့ စွဲချက် တင်ခံရသူ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနှင့် မီးကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး အာမိန်းဟူးဆောင် တို့ဖြစ်ကြသည်။ “အုပ်ချုပ်ရေးမှူး နှစ်ဦးလုံးကို တရားစွဲဆိုထားတဲ့ မတရားအသင်း ဆက် သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) (၂)နဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၅ ရက် လာမယ့်ရုံးချိန်းမှာ အမှုကို စစ်ဆေးသွား မယ်လို့ သိရတယ်”ဟု ဘူးသီးတောင်မြို့နယ်တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရက္ခိုင့်တပ်တော်(AA)ကို ထောက်ပံ့မှု၊ ဆက်သွယ်မှုတို့ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းတွင် ဘူးသီးတောင်မြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို စွဲချက်တင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဘူးသီးတောင်အခြေစိုက် ဗျူဟာတပ်ရင်း စရဖတပ်မှ ဗိုလ်ကြီး နေမင်းဦးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်။ ဦးကျော်လှမှာ ဖမ်းဆီးခံရစဉ်က စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် ကျန်းမာရေး မကောင်းဖြစ်နေကြောင်းနှင့် ဖခင်ဖြစ်သူ ဦးကျော်လှကို ပြန်လွှတ်ပေးရန် သားဖြစ်သူက တောင်းဆိုသည်။ ဦးကျော်လှ၏ သားဖြစ်သူ ကိုမောင်ကျော်ဝင်းက “အဖေ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရတော့ မိသားစုမှာတော့ အခက်အခဲတွေရှိတာပေါ့။ နောက်ပြီး အဖေက အသက်လည်းကြီး လာပြီ AA နဲ့လည်း ဆက်စပ်မှုတွေမရှိတော့ ပြန်လွှတ်ပေးစေချင်တယ်”ဟုပြောသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းသိရသည်။ https://www. facebook.com/photo?fbid=665997322240534&set =a.643b209801185953

၁၇။  နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းခန့်ရှိလာ၊ အရေးပေါ်အကူအညီ လိုအပ်နေ
      July 18, 2023

ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းနီးပါးထိ ရှိလာနေပြီး အရေးပေါ် အသက်ကယ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ပြောပါတယ်။ အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေဟာ မရေရာတဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာလည်း အင်အားပြင်း မိုခါဆိုင် ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး ၂ လအကြာ မုန်တိုင်းဒဏ်သင့် ထိခိုက်ခံရသူတွေကို ကူညီထောက်ပံ့မှုတွေ တိုးချဲ့ပေး အပ်နိုင်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုဘက်က လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်(TAs) တွေ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေး အကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားတာက ပြည်နယ်တဝန်း ဆောင်ရွက်ဆဲ မိုခါမုန်တိုင်းတုံ့ပြန် ကူညီမှုလုပ်ငန်းတွေကို ထိခိုက်နေသလို ဒါက မုန်တိုင်းဒဏ်သင့်ဒေသခံလူထုရဲ့ ဆိုးရွားပြီးသား စားဝတ်နေထိုင်ရေးအခြေအနေ တွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ၂၀၂၃ ခုနှစ် ၆ လတာကာလအထိ ရောက်ရှိလာပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်နဲ့ မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်မှု ပေါင်းစည်းမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ ဒသမ ၇ သန်းက လိုအပ် နေတဲ့ ရန်ပုံငွေရဲ့ ၁၇ ရာခိုင်နှုန်းသာ ရရှိနေသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်  မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန် ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ UNOCHA Myanmar က ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန် ထားခဲ့တာပါ။ ဒီအကူအညီတွေကိုတော့ အင်အားပြင်း မိုခါဆိုင်ကလုန်းသင့်ဒဏ် အခံရဆုံးဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေက ထိခိုက်လွယ်သူတွေကို ထောက်ပံ့ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ရန်ပုံငွေ အရေးပေါ်ရရှိနိုင်ဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ https://burmese.dvb.no/pos t/604451

၁၈။  မုန်တိုင်းဒဏ်သင့် ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြော
       July 18, 2023

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်တွင် အရေးပေါ်အကူအညီ များ လိုအပ်နေဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော်မှ ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက သတင်းထုတ် ပြန်ထားသည်။ မုန်တိုင်းတိုက်ခတ်ခဲ့မှုသည် ၂ လပြည့်ခဲ့ပြီဖြစ်သော်လည်း နေအိမ်ပျက်စီးသွားသူများအားလုံးသည် အမိုးအကာ အောက်သို့ မရောက်နိုင်ကြသေးကြောင်းနှင့် အရေးပေါ်လိုအပ်နေသည့် အကူအညီများနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များလည်း များစွာရှိနေသဖြင့် အကူအညီများပေးကြရန်လည်း ယင်းထုတ်ပြန်ချက်တွင် တောင်းဆိုထား သည်။ “AA အနေနဲ့ မုန်တိုင်းအဓိက တိုက်ခတ်သွားတဲ့ မြို့နယ်တွေမှာ အရေးပေါ်ကယ် ဆယ်ရေး အကူအညီတွေကို ပြည်တွင်း၊ ပြည်ပ အလှူငွေတွေနဲ့ စနစ်တကျဆောင်ရွက်နေပါတယ်။ မုန်တိုင်းဒဏ်သင့်တဲ့ သူတွေထဲက ၇၅ ရာခိုင်နှုန်းပဲ အမိုးအကာတွေရဲ့ အောက်ကို ရောက်သေးတာပါ။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်း အမိုးအကာ အောက်ကို ရောက်ဖို့အတွက်လည်း ကြိုးစားနေပါတယ်”ဟု ရက္ခိုင့်တပ်တော် (AA) ၏ မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီမှ ပြောကြားထားသည်။

“ကိုယ့်အိမ်နဲ့ကိုယ် ပြန်နေနိုင်တဲ့သူတွေလည်းရှိတယ်။ စပါးတွေ စိုက်နိုင်နေကြတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒီလိုပဲ မနေ နိုင်သေးတဲ့သူတွေရော စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေးတာတွေလည်း ရှိတယ်။ ပြောရရင်တော့ အကုန်လုံးက ပြန်အဆင်မပြေကြ သေးပါဘူး။ ပြန်လည်ထူထောင်ဖို့ဆိုတဲ့ ကိစ္စက ပိုဝေးပါတယ်။ နိုင်ငံတကာရော အစိုးရရဲ့ အကူအညီရော မရတော့ ပြည်သူတွေ က ပိုပြီး အတိဒုက္ခလည်း ရောက်ကြတာပေါ့”ဟု ဒေသတွင်း ပရဟိတလုပ်ကိုင်ပေးနေသည့် မြောက်ဦးမြို့မှ လူငယ်တစ်ဦးက ပြောသည်။ “ဒုက္ခတွေနဲ့က ယဉ်နေပါပြီ။ စစ်ပွဲ၊ စစ်ပွဲပြီးတော့ သဘာဝဘေး၊ ဟော အခုလည်း နောက်တခါ စစ်ပွဲက ပြန်ဖြစ်လာ မလားတော့ မသိဘူး။ ကိုယ်တွေမှာ မုန်တိုင်းကြောင့် ဘာမှ ပြန်မလုပ်နိုင်သေးတဲ့အချိန်မှာ အခုလိုတွေ ထပ်ဖြစ်လာတော့ စိတ်ပူ တာ၊ စိုးရိမ်တာတွေထက် ပြောရမယ့် စကားလုံးတွေလည်း မရှိတော့ပါဘူး။ အမိုးအကာတွေအောက်လည်း မရောက်နိုင်သေး၊ သူများတွေ လယ်တွေစိုက်လို့လည်း ကိုယ့်မှာ မစိုက်နိုင်။ စစ်ကောင်စီက ပေးတဲ့ မျိုးစပါးတို့ လယ်ထွန်စက် အငှားတို့ဆိုတာ ကလည်း မရဆိုတော့။ ဘာမှလည်း မလုပ်ချင်တော့လောက်အောင် စိတ်ဓါတ်တွေလည်း ကျနေပါပြီ”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ်သတ် မှတ်၍ အရေးပေါ်ကာလ ၆ လနှင့် ပြန်လည်ထူထောင်ရေးကာလ ၃ နှစ်သတ်မှတ်ထားခဲ့သည်။ https://www.facebook.co m/photo/?fbid=835272847962105&set=pcb.835272884628768

၁၉။  ဖားဆောင်းမြို့မှာ အသက် (၁၂)နှစ် ဝန်းကျင်အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး
       July 17, 2023

ဇူလိုင်လ (၁၅)ရက်နေ့ မွန်းလွဲ(၂)နာရီဝန်းကျင်အချိန် ဖားဆောင်းမြို့နယ်မှာ အသက်(၁၂)ဝန်းကျင်အရွယ် ဒေသခံ ကလေးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ကလေးဟာ နွား ကျောင်းရင်း မိုင်းနင်းမိတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “သူက ညနေပိုင်းလောက် သူ့အဖေက နွား ကျောင်း လွတ်တယ်လေ ။အဲ့ဒါနဲ့သူက ပုံမှန်ပဲနွားကျောင်းရင်းနဲ့ နွားလိုက်ဆွဲတာထင်တယ် အဲ့ဒါမိုင်းနင်းမိသွားတာကလေးက ” လို့ သူက ပြောပါတယ်။ မိုင်းနင်းမိတဲ့ကလေးကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။ မိုင်းနင်းမိတဲ့ နေရာမှာ ဖားဆောင်းမြို့အထွက် အမှိုက်ကျင်းရှိရာဖက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား စဥ်က စစ်ကောင်စီတပ်သားတွေ သွားလာဖူးခဲ့တဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.kantarawad dytimes.org/%e1%80%96%e1%80%ac%e1%80%b8%e1 %80%86%e1%80%b1%e1%80

၂၀။  ဒေါ့ဖုန်းယန်မြို့တွင်လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်
      July 18, 2023

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ အပြန်လှန်ပစ်ခတ်သည့် လက်နက်ကြီး ယမန်နေ့က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ နှစ်ရက်ဆက်တိုက် ဒေါ့ဖုန်းယန်မြို့ နောင်ဝမ်းကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ့ဖုန်းယန်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်နက်ကြီးကျည်တချို့ ကျေးရွာ ထဲကိုကျရောက်ပေါက်ကွဲတယ်။ အိမ်ရှေ့မှာလာကျတာတော့ရှိတယ်။ ဒေသခံတွေထွက်ပြေးတဲ့အချိန်ဖြစ်လို့ လွတ်သွားတာ။ (ယမန်နေ့က) ပစ်လိုက်တာလဲ ကျေးရွာအဝင်မှာလာကျတယ်”ဟုပြောသည်။ ဒေါ့ဖုန်းယန်မြို့အနီးတဝိုက်တွင် ဇူလိုင်လ ၆ ရက် နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် လက်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေပြီး ယခုရက်ပိုင်းတွင် အကြိမ်ရေ စိတ်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း နောင်ဝမ်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စိတ်လာတာက သုံးရက်လောက်ပဲရှိသေးတယ်။ ဒေသခံတွေထိခိုက်တာတော့ မရှိသေးဘူး။ စစ်ရှောင်တာက တစ်ရွာ လုံးဟုတ်တယ်။ အခုရှောင်နေသူတွေက လယ်လုပ်တော့ အခုစပါးစိုက်ချိန်ဆိုတော့ ဒုက္ခရောက်နေကြတယ်” ဟုပြော သည်။ ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဒေါ့ဖုန်းယန်မြို့နှစ်ခြင်းဘုရားကျောင်းသို့ လာရောက်ခိုလှုံနေကြပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများဆုံးဖြစ်ကြောင်း နောင်ဝမ်းဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။ “လက်နက်ကြီးကျလာလို့ စရှောင်လာတာ အသက်ကြီးတဲ့သူနဲ့ ကလေးတွေကို အရင်စရွှေ့ထားပြီ။ (လက်နက်ကြီး) အိမ်တစ်အိမ်နားမှာ လာကျတာ မအောင်သွားဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ရင်လည်း စစ်ကောင်စီစခန်းနဲ့ တော်တော်နီးတော့ မရွှေ့ရင်မဖြစ်တော့တဲ့ အခြေအနေ စခန်းက ရွာနဲ့ခြံပဲခြားတာ” ဟုပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသော နေရာကိုလည်း သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိကြောင်း သူကဆက်ပြောသည်။ နောင်ဝမ်းကျေးရွာတွင် အိမ်ထောင်စု ၁၉ စု လူဦးရေ ၁၀၀ ကျော်နေထိုင်ပြီး ၈၀ ကျော်မှာ လက်ရှိ ဒေါ့ဖုန်းယန်ဘုရာကျောင်းတွင် ခိုလှုံနေကြောင်း သိရသည်။ https://www.facebook.com/photo?fbid=59547995611 3010&set=a.535867405407599

၂၁။  စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့လှေ ထားဝယ်မြစ်ဝမှာမြုပ်
      July 17, 2023

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့လှေတစ်စီးဟာ လောင်းလုံးမြို့နယ်နဲ့ ထားယ်မြို့နယ်အကြားမှာရှိတဲ့ မြစ်ဝမှာ နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီလှေဟာ မနေ့ည ၇ နာရီဝန်းကျင်မှာ ကျောက်နီမော်ရွာအနီးက ကသဲမကျွန်း နဲ့ ရဘဲရွာနဲ့ကြားထဲက ထားဝယ်မြစ်အတွင်း နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ နစ်မြုပ်သွားတဲ့ လှေပေါ်မှာ စစ်ကောင်စီတပ်သား တွေလည်း လိုက်ပါလာပြီး ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ပျူ စောထီးတွေဘက်က ရှာဖွေတာတွေ လုပ်ဆောင်နေ တယ်လို့သိရပါတယ်။ “အခုမနက် ကျောက်နီမော်ရွာထဲမှာ ပွတ်လောရိုက်နေကြတယ်။ ပျူစောထီးအဖွဲ့တွေက ရွာထဲက လှေ တွေနဲ့ပါသွားရှာနေတာ။ လှေမြုပ်တဲ့နေရာက ရေဝဲရှိတဲ့နေရာပါ” လို့ ကျောက်နီမော်ရွာ ဒေသခံက​ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေလည်း  ထားဝယ်မြစ်အတွင်းပေါ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီ ပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ဒါ့အပြင်လှေနစ်မြုပ်တာကြောင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေပါ ရေထဲနစ်မြုပ်သွားတယ်လို့ သိရပါတယ်။ နောက်ထပ်ဒေသခံတစ်ဦးကတော့ “အလောင်းတချို့ပဲ တွေ့သေး တယ်လို့ပြောတယ်။ ထပ်ရှာနေကြတယ်” လို့ဆိုပါတယ်။ စစ်ကောင်စီတပ်သား ၃၀ လောက်အထိ ရေနစ်သေဆုံးတယ် ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာပါ။ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ အခုလ ၁၅ ရက်နေ့မွန်းလွဲပိုင်း ကတည်းက ထားဝယ်ဘက်ကနေ စက်လှေကြီးနှစ်စီး၊ စပိဘုတ်တစ်စီးနဲ့ လောင်းလုံးမြို့နယ်အောက်ဘက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။  https://www.facebook.com/photo?fbid=305304218 554001&set=a.196212679463156

၂၂။   ဖမ်းဆီးခံရသည့် KTV ပိုင်ရှင်၏နေအိမ်ကို စစ်ကောင်စီဝင်ရောက်စီးနင်း
       July 18, 2023

မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဖားကန့်မြို့ Sky KTV ပိုင်ရှင် ဦးအိုင်ရီ၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီ ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ မှော်စီစာကျေးရွာရှိ နေအိမ်ကို အင်အား ၅၀ ကျော်ခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ခုနှစ်စီးခန့်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ယူနီဖောင်းအပြည့်အစုံနဲ့ ရောက်ချလာတာ၊ ဝင်မွှေတယ်ဆိုတဲ့နေရာ က ကျောက်တွေဆေးတဲ့နေရာပြောရရင် ရုံးသဘောမျိုးပေါ့ JK ဆိုဒ်လို့လည်းခေါ်တယ်။ အဲ့အထဲမှာတော့ ဝန်ထမ်းနည်းနည်းပဲရှိ တယ်” ဟုပြောသည်။ မည်သည့်အကြောင်းကြောင့် ဝင်ရောက်စီးနင်းသည်ကို မသိရသော် လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံအခြားတစ်ဦးကပြောသည်။ “သူတို့က ဘာကိုရှာချင်တာလည်းမှ မသိ တာ။ သူတို့လိုချင်တာမရရင်တော့ ဖမ်းမှာပဲလေ။ အခုဆိုလမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေအပြည့် အကုန်မောင်းပြေးကုန် ကြပြီ။ နိုင်ငံရေးမကောင်းဘူးဆိုလို့” ဟုပြောသည်။

ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်နေပြီး နေရာကွက် ကြား စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ SKY KTV ပိုင်ရှင် ဦးအိုက်ရီ သည် ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည့်သည့်အကြောင်းကြောင့် ဖမ်းဆီး ခံခဲ့ရသည်ကိုမသိရပါ။ https://www.facebook.com/photo/?fbid=595473976113608 &set=a.535867405407599

၂၃။  ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ၊ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
      July 18, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ယာဒိုကျေးရွာအနီးမှာ ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မနက် ၉ နာရီကျော်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။ “ယာဒိုမှာ ကလေတ စခန်းကုန်းရှိတယ် စကစရဲ့စခန်းကုန်းပေါ့။ အဲ့စခန်းကုန်းနဲ့မျက်နှာချင်းဆိုင်ပေါ့နော ဟိုဖက်က ဝါသောခိုရွာဖက်ကနေ ဒီဖက်ကို လှမ်းပစ်တာပေါ့။ ဒီဖက်ကလည်း ဟိုဖက်ကို ပစ်တော့ လေယာဉ်တော့ ဝါသောခို ဖက်ကို အကြိမ်ကြိမ် သွားကြဲနေတာပေါ့နော။ ဝါသောခိုနဲ့ကပ်လျက်ပေါ့နော ဖရူဆိုအနောက်ဘက်ခြမ်းပေါ့နော။ ကာပရူးတို့ ရော်ဒေါ်ခေါတို့ ဆီးမီးဒီးတို့ရှိတယ်။ အဲ့ဖက်က စစ်ရှောင်တွေလည်း ရှောင်နေရပြီပေါ့။ လောလော ဆယ်တော့ အဲ့လောက်ပဲသိ သေးတယ်။ လေယာဉ်လာကြဲတာတော့ ၄ ကြိမ် ၅ ကြိမ် မကတော့ဘူး။ ဖျက်အားပြင်းတဲ့ဗုံးတွေလာကြဲတယ်ပေါ့နော။ လေး ငါး ဆယ်မိုင်လောက်က ရွာတွေတောင်မှ တုန်တယ်ပေါ့နော။ ပျက်စီးစာရင်းကတော့ မသိရသေးဘူး။ လက်ရှိကတော့ တိုက်ပွဲတွေ က ပြင်းထန်နေဆဲပေါ့နော။” လို့ ယာဒိုကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်၊ အပျက်အစီးစာရင်းကို မသိရှိရသေး ဘူးလို့ သူက ပြောပါတယ်။ ယာဒိုကျေးရွာအနီးမှာ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြေား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် အနီးနား ကျေးရွာ ၅ ရွာက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၊ ကလေးငယ်တွေအပါအဝင် အနည်းဆုံး ဒေသခံဦးရေ ၁၅၀၀ ကျော်ဟာ နီးစပ် ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “တော်တော်အခက်အခဲဖြစ်တယ်။ ဘယ်လိုလှူရမှန်း တောင်မသိဘူးပေါ့နော ကျနော်တို့ပေါ့နော။ အ့လိုအနေအထားရှိတယ်။ သောက်ရေခပ်တို့ဖက်မှာက အဖွဲ့အစည်းက နကိုယ်ရှိ ပြီးသား ဆန်လေးတွေနဲ့ လတ်တလောပြေးလာတဲ့သူတွေကို ကူညီထောက်ပံ့တာရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးယူပေး ပြီးတော့ အဝတ်အစား စားနပ်ရိက္ခာ သွားယူပေးတာတို့ရှိပါတယ်။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။ https://www.ka ntarawaddytimes.org/%e1%80%9a%e1%80%ac%e1% 80%92%e1%80%ad%e1%80%af%e1%80%

၂၄။   ဇူလိုင်လအတွင်း ရခိုင်မှာ သွေးလွန်တုတ်ကွေးဖြင့် သေဆုံးသူ ကလေးငယ် ၃ ဦးရှိလာ
       July 17, 2023

ရခိုင်ပြည်မှာ ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်းရာသီတုတ်ကွေးဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါဖြင့် သေဆုံး သူကလေးငယ် ၃ ဦးရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သွေးလွန်တုတ်ကွေးဖြင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ မှာ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့က သေဆုံးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်ကျေးရွာမှ အသက် ၈ နှစ်အရွယ် သုံးတန်းကျောင်းသူ တစ်ဦး၊ ဇူလိုင်လ ၁၀ ရက်နေ့က သေဆုံးခဲ့သည့် တောင်ကုတ်မြို့နယ် ဖောင်းခါး‌ကျေးရွာမှ ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး၊ ဇူလိုင်လ ၇ ရက်နေ့က သေဆုံးခဲ့ရသည့် မြေပုံမြို့နယ် ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းက လေးငယ်တစ်ဦး စုစုပေါင်း ၃ ဦးရှိပြီဖြစ်သည်။  သွေးလွန်တုတ်ကွေးရောဂါသည် ရာသီတုတ်ကွေးထဲက ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး ခြင်ကျားအကိုက်ခံရာကနေကူးစက်နိုင်ကြောင်း ကျန်းမာရေးသုတေသီများက ပြောဆိုထားကြသည်။ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ချောင်းမြောင်းအင်းအိုင်များ ညစ်ပတ်ခြင်း၊ သစ်ပင်သစ်ရွက်များကြောင့် ပတ်ဝန်းကျင် မသန့်ရှင်းခြင်း၊ ရာသီဥတုက မိုးရွာလိုက်နေပူလိုက်ဖြစ်ခြင်းတို့ကြောင့် ခြင်များပေါများလာပြီး အထူးသဖြင့် ခြင်ကျားများ အလွန်ပေါများကြောင့် စုံစမ်းသိရှိရသည်။

“အဖြစ်အများဆုံးက စစ်တွေနဲ့ ကျောက်ဖြူပေါ့။ အဲဒီအထဲမှာ အသက် ၁၅ နှစ်ရွယ်အောက်ပေါ့။ သူတို့မှာ အဖြစ်များ ပါတယ်။ ကျောင်သားအရွယ် ဖြစ်တာများတယ်။ ကျောင်းတွေကတဆင့် ကူးစက်တာလည်း ဖြစ်နိုင်ပါတယ်။ အခုလော လောဆယ် ကျနော်တို့ဆီမှာ ရောဂါဖြစ်ပွားမှုပေါင်း ၅၀၀ ကျော် ရှိနေပါပြီ။ ဒါပေမယ့် ဆေးရုံဆေးခန်းတွေမှာ ကောင်းအောင်ကုပေးနိုင် တဲ့ အနေအထားမှာ ရှိနေပါတယ်။ အခုထိတော့ သေဆုံးမှု မရှိသေးပါဘူး ” ဟု ပြောသည်။ ဒေါက်တာ ကြည်လွင်က သွေးလွန် တုတ်ကွေးရောဂါဖြင့် သေဆုံးမှုမရှိဟု ပြောထားသော်လည်း အထက်ပါ စာရင်းအရ သွေးလွန်တုတ်ကွေးဖြင့် သေဆုံးသူ တိုးလာ သည်ကို တွေ့ရသည်။ သွေးလွန်တုတ်ကွေး ကူးစက်မှုနှင့် သေဆုံးမှု အများစုမှာ ကျောင်းနေအရွယ် ကလေးငယ်များဖြစ်သည့် အတွက် ခြင်ကျားကိုက်ခံရခြင်းမှ အနည်းဖြစ်အောင် ကာကွယ်ကြရန် ဆရာ၊ ဆရာများက ပူးပေါင်းဆောင်ရွက်ရမည်ဟု ဒေါက်တာကြည်လွင် က တိုက်တွန်းထားသည်။ ကလေးအထူးကုဆရာဝန်တစ်ဦးက အဆုတ်ရောင် လေပြွန်ရောင်စေသော ဗိုင်းရပ်စ် ပျံ့နေ၍ ဖြစ်နိုင်လျှင် ကလေးများကို ကျောင်း မပို့ရန်၊ လူများသည့်နေရာများသို့ မသွားစေရန် လမ်းညွှန်လိုက်ကြောင်း လည်း သိရသည်။ သွေးလွန်တုတ်ကွေးရောဂါသည် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာဖြစ်ပွားပါက လူကိုသေစေနိုင်သည့် ရောဂါဖြစ်ကာ အထူးသဖြင့် ကလေးငယ်များ ဖြစ်ပွားပါက အချိန်မီ ဆေးကုသမှုမခံယူလျှင် သေဆုံးမှု ဖြစ်တက်သည်။  https://www.facebook.com/photo/?fbid=706573 908148705&set=a.682731967199566

၂၅။  စကစတပ်သားတစ်ဦး CDF-Hakha ထံလက်နက်နဲ့ အလင်း၀င်
      July 17, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၂၆၆ တပ်ရင်းမှ တပ်သားတစ်ဦးဟာ ဇူလိုင် ၁၇ ရက် နေ့တွင် လက်နက်အပြည့်အစုံနဲ့ CDF-Hakha ထံသို့ အလင်း၀င်လာကြောင်း CDF-Hakha က ထုတ်ပြန်ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် MA-1 သေနတ်တစ်လက်၊ ကျည်အိမ် ၄ ခုနဲ့ ကျည်ဆံ ၁၂၆တောင့် ယူဆောင်ကာ အလင်း၀င်လာခြင်းဖြစ်တယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။ ပြည်သူနဲ့ပူးပေါင်းပြီး အလင်း၀င်လာသော အဆိုပါ ရဲဘော်ကို CDF-Hakha က ကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ https://www.faceb ook.com/photo/?fbid=796598559139433&set=pcb.79 6598625806093

၂၆။  တနင်္သာရီ ရေဖြူမြို့တွင် နှစ်ရက်အတွင်း ဒေသခံ ၉ ဦး ဖမ်းဆီးခံရ
      July 17, 2023

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ မြို့ပေါ်ရပ်ကွက်တွင် ဇူလိုင်လ ၁၅ နှင့် ၁၆ ရက် အတွင်း အမျိုးသမီးများအပါအဝင် ဒေသခံ ၉ ဦးကို စစ်ကောင်စီ၏ မောရဝတီရေတပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရ သည်။ ဇူလိုင်လ ၁၅ ရက်နေ့က မဂ္ဂင်ရပ်ကွက်မှ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင် လေးဦးနှင့် အလုပ်သမား နှစ်ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း ကံပေါက်ကျောက်တိုင်အနီးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို စစ်ကားနှစ်စီးဖြင့် စီးနင်းကာ ဆိုင်ပိုင်ရှင်နှင့် သမီးဖြစ်သူ၊ ဆိုင်အကူဝန်ထမ်း စုစုပေါင်း ၃ ဦးကို ဖမ်းဆီးသွားသည်။  မြန်မာစစ်တပ် မှ ဖမ်းဆီးသွားသော မဂ္ဂင်ဒေသခံများမှာ ဒေါ်စန်းမြင့် (ခ) ဒေါ်ဒီးဒုတ်၊ ဒေါ်မီးချို (ခ) ဒေါ်ချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော်၊ ကိုမင်းသူအောင်နှင့် ကိုကျန်ကျောင်းတို့ဖြစ်သည်။ ကံပေါက်ကျောက်တိုင်းအနီး လျှပ်စစ်အရောင်းဆိုင်မှ ဖမ်းသွားသောသူများမှာ ဆိုင်ပိုင်ရှင် (အမည်မသိရသေး)၊ သမီးဖြစ်သူ မအေးအေးသူနှင့် ဝန်ထမ်း မသဇင်လွင်တို့ ဖြစ်သည်။

ကံပေါက်ဒေသခံ တစ်ဦးက ” ဘာကြောင့် အခုလို လာဖမ်းဆီးသွားတယ်ဆိုတာ မသိဘူး။ အိမ်တွေကိုလည်း စစ်ကား တွေနဲ့ ဝင်ဝိုင်းကြတယ်။ ပြီးတာနဲ့ စစ်ဆေးမေးမြန်းစရာရှိတယ် ခဏလိုက်ခဲ့လို့ ပြောပြီး ခေါ်သွားကြတယ်” ဟု ပြောသည်။ အဆိုပါ ဒေသခံ ၉ ဦးမှာ အခြေခံလူတန်းစား သာမန်ပြည်သူများသာဖြစ်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူများဖြစ်ကာ အကြမ်းဖက်မှု၊ လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပတ်သက်မှုမရှိကြောင်း အနီးအနားက ဒေသခံများက ဆိုကြသည်။  ဒေသခံ နောက်တစ်ဦးက “ ဒီကနေ့ မနက်ပိုင်းကလည်း ကံပေါက်ဒေသ သစ်တောရုံး လမ်းဆုံက လမ်းတွေကို စစ်ကောင်စီက လမ်းပိတ် ပြီး စစ်ဆေးရေး တင်းကြပ်နေတယ်” ဟု ပြောသည်။ ယခုရက်ပိုင်း ကံပေါက်ဒေသတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးအများ အပြားဖြင့် ကင်းလှည့်စစ်ဆေးခြင်း ဆက်တိုက် လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးခြင်းများလည်းရှိနေကြောင်း ဒေသပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ https://www. facebook.com/photo/?fbid=706745544798208&set=pcb.706747 208131375

၂၇။  မုံးကိုးမှာ တဲထိုးနေထိုင်ကြတဲ့ တအာင်းစစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီ               လိုအပ်နေ
      July 17, 2023

ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးမြို့ပေါ်က တအာင်းစစ်ဘေးရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူ အညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး  ၂၀၂၁ ခုနှစ် ဩဂုတ် လကုန်ပိုင်းမှာစတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသက ကျေးရွာ ၁၀ ရွာကျော် လူဦးရေ (၇၀၀)ကျော်ဟာ ၂၀၂၁နှစ်ကုန်ပိုင်းမှာ မုံးကိုးမြို့ပေါ်ကို တိမ်းရှောင်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးက ဖိအားပေးခံရမှုတွေကြောင့် စစ်ရှောင်တွေဟာ ပြန်လည် ထူထောင်ရေး စတင်လုပ် ဆောင်ခဲ့ပါတယ်။ “ အားလုံး စစ်ရှောင်စခန်းမှာ မရှိကြတော့ဘူး။ သူတို့ဟာ သူတို့ ကိုယ်ထူ ကိုယ်ထ နေရာတွေ ရွေ့ပြောင်းနေကြ တာပါ” လို့ မုံးကိုးစစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ လူဦးရေ (၇၀၀)ကျော်ထဲက ထက်ဝက် ကျော်ခန့် ဟာ ပြန်လည်ထူထောင်ရေးနေရာရွေ့ပြောင်းခဲ့ပေမယ့် ကျန်စစ်ရှောင်တွေဟာ မုံးကိုးမြို့ပေါ်မှာ အိမ်ခန်းငှားပြီး အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေဟာ မုံးကိုးမြို့အရှေ့ပိုင်းရှိ မြေနေရာတစ်ခုမှာ မြေငှားရမ်းပြီး တဲထိုး နေထိုင်နေကြရပါတယ်။ “အိမ်ကတော့ ဘယ်သူမှ မဆောက်ရသေးဘူး။ မိုးကာတဲကလေးထဲဘဲ နေနေကြတာ။ စားသောက်ရေးက အလုပ်ရှိမှရတာ။ အခုတော့ တော်တော်ခက်ခဲနေတယ်။”လို့ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသူ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ စားဝတ် နေရေးဖြေရှင်းဖို့ ၎င်းတို့ဟာ ရရာအလုပ်မှာ နေ့စားဝင်လုပ်နေကြသလို မြေနေရာငှားရမ်းပြီး တောင်ယာစိုက်ပျိုးနေကြရပါတယ်။ အသစ်ပြောင်းရွှေ့နေထိုင်တဲ့ နေရာမှာ မိသားစု (၆၀)ကျော် လူဦးရေ (၄၀၀)ကျော်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် စစ်ရှောင် တွေက အကူအညီတောင်းဆိုနေကြပါတယ်။ မုံးကိုးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ စစ်ရှောင်တွေရဲ့ နေရပ်ရွာတွေမှာ စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့ နေရာယူထားဆဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=6030 35612003707&set=pcb.603035815337020

၂၈။   ဒေသတွင်းကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသောကြောင့် နေရပ်မပြန်ရဲသည့် ယာဒိုစစ်ရှောင်များ စားသောက်ရေး           ခက်ခဲလာနိုင်
       July 17, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုဒေသတွင် စစ်ကောင်စီမှ ကုန်စည်စီးဆင်းမှုကို တား မြစ်ပိတ်ဆို့ ထားဆဲဖြစ်သောကြောင့် တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေးသည့် ယာဒိုကျေးရွာမှ စစ်ဘေး ရှောင်များ စားသောက်ရေးခက်ခဲ လာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့က ယာဒိုကျေးရွာအထက်ရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေး အင်အားစုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ယာဒိုကျေးရွာအပါအဝင် ရွာပေါင်းလေးရွာမှာ ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရခြင်းဖြစ်သည်။ “လိပ်သိုဂိတ်က ပိတ်ထားတာ လေးလလောက်ရှိပြီး။ စစ်တပ်ကလူတွေနဲ့ တချို့အဖွဲ့လောက်ပဲသွားလို့ရ တယ်။ ပြည်သူကသွားလို့ရပေမယ့် အစစ်အဆေးရှိတယ်။ ကျနော်တို့လို စစ်ရှောင်ကူတွေ ဆန်အိတ် များများသယ် ပြီး သွားဖို့ကျ တော့ အဆင်မပြေဘူး။ အခုနေတဲ့သူတွေက တောထဲက ချောင်ကျတဲ့ရွာလေးတွေမှာ ခိုကပ်နေရတယ်။ ပေးစာကမ်းစာနဲ့စားရ တာပေါ့။ ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ လှူမယ့်အဖွဲ့တွေမရှိသေးဘူး လေ” ဟု ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် နယ်နိမိတ်ဖြစ်သောအဆိုပါ ယာဒိုဒေသ စစ်ဘေးရှောင် များကို သက်ဆိုင်ရာတာဝန်ရှိသူအချို့မှ လတ်တလောနေထိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စားနပ်ရိက္ခာ စီစဥ် ပေးထားသော်လည်း ကိုယ်ဝန် ဆောင်အမျိုးသမီးနှင့်ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါရှိသောကြောင့် ဆေးဝါစောင့်ရှောက်မှု လိုအပ်နေကြောင်း လည်း စစ်ဘေးရှောင်ကူညီပေးသူများက ဆိုသည်။ ထို့အတူ အဆိုပါ စစ်ရှောင်ပြည်သူများကို လတ်တလော စားနပ်ရိက္ခာ ထောက်ပံ့ပေးရာတွင်လည်း စစ်ကောင်စီ၏ ဂိတ်စခန်းများမှ ပိတ်ဆို့တားမြစ်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများကို ကြုံတွေ့ ရ ကြောင်းလည်း နောက်ထပ် ဒေသခံစစ်ဘေးရှောင်ကူညီပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဇူလိုင်လ (၁၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ယာဒိုတပ်စခန်းအား တိုက်ခိုက်မှုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA၊ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့-NTDF တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့-KNDF က ပစ်ကူတိုက်ခိုက် ပေးခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ (၂)ဦးကျဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ https://kicnews.org/2023/07/%e1%80 %92%e1%80%b 1%e1%80%9e%e1%80%90%e1%80%bd%e1%80%84%e1

၂၉။  လားရှိုးမြို့ တစ်ပတ်အတွင်း ရုပ်အလောင်း ၂ လောင်းတွေ့
      July 17, 2023

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂ လောင်း တွေ့ရှိကြောင်း ၎င်းကိုသွားရောက် ကူညီခဲ့သည့် လူမှုကူညီရေး အသင်းထံမှ စုံစမ်းသိရသည်။ ဇူလိုင် ၁၆ ရက် ညပိုင်းအချိန်တွင် လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရှိ ဘောလုံးကွင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသား၏ အလောင်းကို တွေ့ရခြင်းဖြစ်ပြီး သေဆုံးသူသည် ပြင်ဦးလွင်မြို့မှ ဒေသခံ ဖြစ်ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် တွင်လည်း လားရှိုးမြို့ ရေကန်တောင်၊ ရေကန်အမှတ် (၄) နှင့် (၅) ကြားတွင် သေဆုံးနေလျက်ရှိသည့် အမျိုးသား၏ အလောင်း ကို တွေ့ရှိထားသည်။ “များသောအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲပြီး နေစရာမရှိတဲ့ လူတွေပါ။ အလုပ်တွေလည်း မလုပ်နိုင်ဘူးပေါ့။ လားရှိုးမှာ ဒီလိုနေနေတဲ့သူတွေ အရမ်းများလာတယ်။ ဘယ်သူမှတာဝန်မယူနိုင်ဘူး၊ ဘာမှလည်းမလုပ်ပေးနိုင်ဘူး”ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေထူထပ်များပြား လာသော ကြောင့် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုများလည်း မကြာခဏဖြစ်ပွားနေသည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လတွင်လည်း လားရှိုးမြို့ တွင် ယာဉ်တိုက်မှုများ၊ ဓားခုတ်မှုများနှင့် မူးယစ်ဆေးသုံးစွဲမှုများကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/35805

၂၉။  KRU တပ်ပေါင်းစုက “မြေပြင်အတွက်  ကျည် အတောင့် ၁၀,၀၀၀ ” ကမ်ပိန်းပြုလုပ်
       July 17, 2023

ကရင်နီပြည်နယ် အခြေစိုက်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က “မြေပြင်အတွက် ကျည်အတောင့် ၁၀,၀၀၀” ကမ်ပိန်းကို ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ပြုလုပ်ခဲ့နေတယ် KRU တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ “တိုက်ပွဲတွေပိုပြီး ပြင်းထန်လာပြီဆိုရင် တကယ်လိုအပ်တဲ့အရာက ခဲယမ်းတွေပေါ့နော်၊ လက်နက်ရှိရုံနဲ့တော့ ဘာမှ ကြိုးစားလို့ မရဘူးပေါ့နော်၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ကျည်ဖြည့်ချင်တယ်”လို့ သူကပြောပါတယ်။ ကရင်နီပြည်ရဲ့ ရောင်နီကို မြင်လာရပြီး တိုက်ပွဲ တွေ ပိုမိုပြင်းထန်လာလို့ ရဲဘော်တွေအတွက် ကျည်အင်အားဖြည့်တင်းထားဖို့လိုတာကြောင့်  သိန်း ၅၀၀ ရရှိဖို့ ခန့်မှန်း ထားပြီး ရက်ကန့်သတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဖြည့်တင်းချင်တဲ့ ကျည်အမျိုးအစားတွေက 16 ကျည်၊ AK ကျည်၊ 79 ကျည်၊ ငါးကြင်းမြီးကျည်၊ ၆ဝမမ၊ RPG ကျည် ဖူး တို့ကို တိုက်ပွဲတွေ အတွက် လုံလောက်မှုရှိအောင် ဖြည့်တင်းချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြည်ပက ထောက်ပို့တွေ အနေနဲ့လည်း ဒီကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။ KRU တပ်ပေါင်းစုက ကရင်နီပြည် မြေ​​ပြင်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပြီး ဒေသကာကွယ်ရေးတပ်တွေကို စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=306877748365343&set =pcb.306877938365324

၃၀။ ရပ်စောက်မြို့နယ်မှာ မူးယစ်တပ်ဖွဲ့ မိုင်းဆွဲခံရလို့ ရဲနဲ့ စရဖ ၄ ဦး ဒဏ်ရာရ
      July 17, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ၁၁ မိုင် ကျေးရွာအနီး ရပ်စောက် – အင်တော ကား လမ်းဘေး၊ ညောင်ပင်အောက်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးရှာဖွေနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲကျော်က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့ စစ်ဆေး ရှာဖွေနေစဉ် လက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲ ၃ ယောက်နဲ့ စစ်ဘက် ရေးရာ လုံခြုံရေးတပ်(စရဖ)က စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“သူတို့ သတင်းရလို့ လာပြီး စစ်ဆေးနေတုန်း ပေါက်တာ။ ထိတဲ့ ၄ ကောင်စလုံး ဆေးရုံ တင်ထားရတယ်။ လက်လုပ်မိုင်း အဆွဲခံရတာပါ။ ဖမ်းဆီးမှုတွေတော့ ဘာမှ မရှိသေးဘူး။ ကားလမ်းဘေးမှာ ပေါက်တာ ဆိုတော့ ဘယ်သူတွေ ထောင် ထားလဲ မသိဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို အမှတ် (၄) တပ်မတော် စစ်ဆေးရုံ ကုတင် ၁၀၀ သို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ https://www.facebook.com/p hoto?fbid=3068355717028 94&set=a.285900490463069

၃၁။   ကလေးမြို့တွင် ချင်းအမျိုးသား ၁ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး
       July 17, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးလေဆိပ်နဲ့ မျက်နှာချင်းဆိုင် ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ Arart hotel ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး ချင်းအမျိုးသားတဦးကို ဖမ်းဆီးသွားတယ်လို့ ဟိုတယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဇူလိုင် ၁၅ ရက် ‌မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဟိုတယ်အတွင်းမှာ အရပ်ဝတ်တွေနဲ့ လာရောက်စောင့် ဆိုင်းစဉ် ဟိုတယ်ကို တည်းခိုဖို့လာတဲ့ ချင်းတိုင်းရင်းသား အမျိုးသားတဦးကို ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဟိုတယ်နဲ့ နီးစပ်သူတဦးက “စစ်သားတွေမှန်းလည်း မသိကြဘူး။ ဟိုတယ် ဧည့်သည်‌တွေစောင့်တဲ့ နေရာမှာ အရပ်ဝတ်တွေနဲ့ ထိုင်နေကြ တာ။ ဟိုတယ်တည်းဖို့ လူတယောက်လာတော့ ၃ ယောက် လက်နက်တွေထုတ် ဝိုင်းပြီး လက်ထိတ်ခတ်ပြီး ထိုးကြိတ်ဖမ်းသွား တာ” လို့ ပြောပါတယ်။

တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ Arart hotel မှာ PDF အဖွဲ့ဝင် ဗျက်ကျုံးနှုံးကို လက်နက်ခဲယမ်း တွေနဲ့ အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဗျက်ကျုံးနှုံး ကို စစ်ကောင်စီတပ်သားတွေက ကလေးဒေသကွပ်ကဲမှု စစ်ဌာနချုပ်က စစ်ကြောရေးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ကလေး PDF တာဝန်ရှိသူတဦးကတော့ မိမိတို့အနေနဲ့ အဖမ်းခံခဲ့ရတဲ့ အဖွဲ့ဝင်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ https://burmese.dvb.no/post/604381

၃၂။       တနင်္သာရီတိုင်းဝန်ကြီးများအိမ်ရာ ဒုတိယအကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

July 18, 2023

ထားဝယ်မြို့က တနင်္သာရီတိုင်းဝန်ကြီးအိမ်ရာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ ကမြော ကင်းတံတားက စစ်ကောင်စီတပ်သားတွေကို ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က ‌‌ပြောပါတယ်။ အခုလ ၁၆ ရက်နေ့ ည ၁၁ နာရီလောက်မှာ ၈၁ မမလက်နက်ကြီး ဆယ်လုံးခန့် အသုံးပြုပြီး ပစ်ခတ်ခဲ့တာလို့သိရပါတယ်။ “ကျွန်တော်တို့ ချိန်နေတာကြာပြီ။ အဲဒီနေ့ညကတော့သုံးနေရာလုံးကို တစ်ပြိုင် တည်း ဆော်ခဲ့တာပါ” လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအုန်းအုန်းက ပြောပါတယ်။ အဲဒီ လက်နက်ကြီးကျည်တွေဟာ ဝန်ကြီးအိမ်ရာထဲကို ၃ လုံး၊ အနီးအနားက နယ်စပ်ရေးရာဌာနရုံးထဲကို ၂ လုံးနဲ့ ကမြောကင်းတံတား က စစ်ကောင်စီတပ်သားတွေရှိရာကို ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

နောက်ထပ်လက်နက်ကြီးကျည်နှစ်လုံးကတော့ ဝန်ကြီးအိမ်ရာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲ ခဲ့တာလို့သိရပါ တယ်။ အခုပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကိုအုန်းအုန်း ကဆိုပါ တယ်။ ဝန်ကြီးအိမ်ရာဟာ စစ်ကောင်စီဘက်ကလုံခြုံရေးအထူးတင်းကြပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုကို တော့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ညပိုင်းကလည်း ထားဝယ်မြို့ကဝန်ကြီးအိမ်ရာနဲ့ ကမြောကင်းတံတားက စစ်ကောင်စီ တပ်သားတွေကို ၈၁ မမ လက်နက်ကြီးတွေနဲ့ လောင်းလုံး PDF ကပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ https://www.facebook .com/photo/?fbid=305780541839702&set=a.196212679463156

၃၃။  ထားဝယ်-ထီးခီးနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို တော်လှန်ရေးအဖွဲ့များက သွားလာခွင့်ပိတ်
       July 17, 2023

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် တနင်္သာရီတိုင်းရှိ ထားဝယ်-ထီးခီး လမ်းပိုင်းနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ကော်သူးလေးတပ်မတော် (KTLA) တို့က ဇူလိုင် ၁၆ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းထုတ်ပြန်သည်။ အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီ၏ မသင်္ကာဖွယ်ရာ လှုပ်ရှား မှုများတွေ့လျှင် ဒေသခံများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ကြရန်နှင့် ထုတ်ပြန်ချက်များကို လိုက်နာကြရန် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။ “အဓိကအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက် ကြား တိုက်ပွဲများလာတာရယ်။ စစ်ကောင်စီ တပ်သားတွေအနေနဲ့ အရပ်ကားတွေကို ပြန်ပေးဆွဲပြီးတော့ အရပ်သားယောင် ဆောင်ပြီး သွားလာတာတွေ တွေ့ရှိရတဲ့အတွက် အခုလိုမျိုး အသွားအလာ ပိတ်ပင်လိုက်တာဖြစ်တယ်”ဟု ကော်သူးလေ တပ်မတော် (KTLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 “ကားတွေကို အကုန်စစ်ဆေးပြီးတော့ မြို့ထဲ ပြန်ခိုင်းနေတယ်။ ကုန်တင်ကားတွေက မြို့ထဲကိုပဲ အကုန်ပြန်လှည့်လာ ရတယ်။ လောလောဆယ်ကတော့ လုံးဝ သွားလာခွင့်မရှိတော့တာ”ဟု ထားဝယ်မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။ ထို့အပြင် တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း သွားလာခွင့် ယာယီပိတ်ထားသဖြင့် ကုန်ကားအများ စုမှာ တနင်္သာရီနှင့် မောတောင်မြို့တွင်း၌ ပိတ်မိနေကြောင်း မောတောင်မြို့ ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် ဒေသတွင်း အဓိကအသုံးပြုနေသည့် ထိုင်းကုန်စည်များ စျေးနှုန်း မြင့်တက်လာနိုင်ပြီး ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။ “အခုလို လမ်းကြောင်းသွားလာခွင့် ပိတ်ပင်ထားတာ အချိန်ကြာရင်တော့ ထိုင်းကုန်စည်တွေ စျေးနှုန်းမြင့်လာတာတို့ စားနပ် ရိက္ခာတွေ စျေးမြင့်လာနိုင်တယ်” ဟု တနင်္သာရီမြို့ခံ ကုန်သည်တစ်ဦးက သုံးသပ်သည်။ လက်ရှိတွင် အဆိုပါလမ်းပိုင်းများ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲများ ပြန်ဖြစ်လာသဖြင့် သွားလာခွင့်ကို ထပ်မံပိတ်ပင်လာခြင်းဖြစ်သည်။ https://www.facebook.com/phot o?fbid=665946565578943&set=a.643209 801185953

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။