• Today is: Tuesday, September 26, 2023

“ခေတ်သစ်အာဇာနည်”

“ခေတ်သစ်အာဇာနည်”

ကိုးဦးခေတ်လွန် စစ်ကျွန်မခံ
တော်လှန်နေသော ရဲဘော်ဟူသမျှ
ထာဝရအာဇာနည်
(သို့မဟုတ်)
ခေတ်သစ်အာဇာနည်…

ကိုယ်ကျိုးမဖက် စေတနာမပျက်
လက်နက်ကိုင်စွဲ တိုက်ပွဲဝင်များ
ထာဝရအာဇာနည်
(သို့မဟုတ်)
ခေတ်သစ်အာဇာနည်…

ရန်သူတွန်းလှန် အမှန်တရားရှာဖွေ
ပြည်သူ့အကျိုးရွယ် သယ်ပိုးသူတိုင်း
ထာဝရအာဇာနည်
(သို့မဟုတ်)
ခေတ်သစ်အာဇာနည်…

နွေဦးအလင်းရောင် ဖော်ဆောင်လမ်းပြ
ရှေ့ကကြယ်ပွင့် ကြွေလွင့်သူအပေါင်း
ထာဝရအာဇာနည်
(သို့မဟုတ်)
ခေတ်သစ်အာဇာနည်…

– သဟိုင်း
၁၉ ဇူလိုင် ၊ ၂၀၂၃
(အလေးနီပြုပြီး ရေးသားသည်)