• Today is: Thursday, April 18, 2024

အာဏာသိမ်းစစ်ကောင်စီ၏ ၄ ကြိမ်မြောက် ၆ လ သက်တမ်းထပ်တိုး

အာဏာသိမ်းစစ်ကောင်စီ၏ ၄ ကြိမ်မြောက် ၆ လ သက်တမ်းထပ်တိုး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၃၁ ရက်၊ ၂၀၂၃။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းကာလ တစ်နှစ် ပြည့်ပြီးနောက်မှာ ၄ကြိမ်မြောက် သက်တမ်းတိုးဖို့အတွက် ဇူလိုင်လ ၃၁ရက်နေ့ မှာ ကာလုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးလိုက်ကြောင်း သိရပါတယ်။
ဒီနေ့ကာလုံအစည်းအဝေးကို နံနက် ၁၀နာရီခွဲကျော်ခန့်တွင် ပြုလုပ်ပြီးစီး သွားခဲ့ပြီး ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံရဲ့အခြေအနေဟာ သာမန် မဟုတ် တဲ့အခြေအနေအဖြစ်သတ်မှတ်ရမှာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ၄၂၁(ခ)၊ ၄၂၅ နဲ့အညီ ကာချုပ်ကို ၆ လသက်တမ်းကိုထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။
” အစကတည်းက အာဏာသိမ်းတာကို အာဏာထိမ်းပါတယ်လို့ ဇွတ်လုပ်နေ တာဖြစ်တယ်။ အာဏာသိမ်းတာကို ၆လ ပဲ သက်တမ်းတိုးတိုး။ အစကတည်း က ဥပဒေနဲ့မညီတဲ့ ကိစ္စကို ဒီကိစ္စကျတော့မှ ညီပါတယ်၊ မညီပါဘူး ပြောနေ လည်း မထူးပါဘူး။ ဒါကြောင့် ဘယ်လိုပဲ သက်တမ်းတိုးတိုး ဥပဒေနဲ့ မညီဘူး ” လို့ ခံယူထားကြောင်း ပြည်သူတစ်ဦးမှ FJMM ကိုပြောပါတယ်။
NUG ရဲ့ တရားရေးဝန်ကြီး ဦးသိန်းဦးကတော့ အရေးပေါ်ကာလမှာ အကန့် အသတ် ရှိလို့ ၁နှစ်အတွင်း တာဝန်တွေပြီးမြောက်အောင် ဆောင်ရွက်နိုင် ခြင်းမရှိရင် နောက်ထပ် ၆ လ သက်တမ်း ၂ကြိမ်သာ တိုးခွင့်ရှိပြီး စစ်ကောင်စီ ကအခုလိုသက်တမ်းထပ်တိုးတာဟာ သူတို့အသုံးပြုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ Myanmar Now သတင်းဌာနကို ပြောဆိုထားပါတယ်။
ယနေ့ ‌ကျင်းပတဲ့ ကာလုံအစည်းအဝေးကို NLD အစိုးရ လက်ထက်က ဒုတိယ သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ပြီး စစ်ကောင်စီရဲ့သက်တမ်းတိုးတာကို ထောက်ခံခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
လတ်တလောမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဥ်း ထောင်မှ နေအိမ်ကို ရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းများလည်း ထွက် ပေါ်နေပြီး စစ်ကောင်စီမှ နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ခုကို ပုံဖော် လာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ ခန့်မှန်းချက် များလည်း ထွက်ပေါ်နေပါတယ်။

Photo – social media