• Today is: Thursday, April 18, 2024

လူမျိုးစုလူနည်းစုများကို လိုက်လျောညီထွေဖြစ်စေမည့် ဖက်ဒရယ်စနစ် – မြန်မာနိုင်ငံအတွက် စဉ်းစားစရာများ သုတေသနစာတမ်း ဖတ်ရှုနိုင်ပြီ

လူမျိုးစုလူနည်းစုများကို လိုက်လျောညီထွေဖြစ်စေမည့် ဖက်ဒရယ်စနစ် – မြန်မာနိုင်ငံအတွက် စဉ်းစားစရာများ သုတေသနစာတမ်း ဖတ်ရှုနိုင်ပြီ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၃၁ ရက်၊ ၂၀၂၃။

တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC) သုတေသနအဖွဲ့က ထုတ်ပြ န်တဲ့ လူမျိုးစုလူနည်းစု များကို လိုက်လျောညီထွေဖြစ်စေမည့် ဖက်ဒရယ်စနစ် – မြန်မာနိုင်ငံအတွက် စဉ်းစားစရာများ သုတေသနစာတမ်း ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC)ရဲ့ အခုဒီကနေ့ မနက်ပိုင်းက အွန်လှိုင်းကနေ ပြုလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲကနေ တဆင့် ထုတ်ပြန်လိုက် တာပါ။

အခုစာတမ်းမှာတော့ မြန်မာနိုင်ငံကဲ့သို့သော လူမျိုးပေါင်းစုံ (သို့) တိုင်းရင်းသား ပေါင်းစုံရှိသည့် နိုင်ငံတွင် ဖက်ဒရယ်စနစ်ဖော်ဆောင်သည့်အခါ လူမျိုးစု လူ နည်းစုများကို လိုက်လျောညီထွေ ဖြစ်စေမည့် ဖက်ဒရယ်ဆိုင်ရာ အစီအစံ များကို ရှာဖွေဖော်ထုတ်ကာ ရေးသားတင်ပြထားတာ ဖြစ်တယ်လို့ စာတမ်းက မိတ်ဆက်ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံကိုလည်း ခြုံငုံသုံးသပ်ထားပြီး မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်း သား လူနည်းစုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အသိအမှတ်ပြုထားမှုနှင့် ပတ်သက်၍ လေ့လာ ဆန်းစစ် ထား သလို မြန်မာနိုင်ငံ၏ လူမျိုးစုလူနည်းစုများအား လိုက်လျောညီထွေ ဖြစ်စေရန် အထူးအစီအမံများ ရွေးဆွဲချမှတ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန် အကြံပြု တိုက်တွန်းချက်အချို့လည်း ပါဝင်တာ ဖြစ်ပါတယ်။

သုတေသန စာတမ်းကို ဖတ်ရှုလိုပါက ဖော်ပြထားတဲ့ https://www.burmaenac.org/?p=2836 လင့်ခ်ကနေ တဆင့် အခမဲ့ ဒေါင်းလုတ်ရယူ နိုင်ပါတယ်။

(တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC) ဟာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ မိတ်ဖက် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။)