• Today is: Saturday, February 24, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

လူမျိုးပေါင်းစုံသတင်း

(No. 72, September 8, 2023)

၁။ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်
    September 7, 2023

ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား လမ်းကြောမှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းကစ စစ်ကောင်စီတပ်နဲ့ KIA တို့ အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဒီနေ့မနက် လိုင်ဇာ အနီး မဒီးယန်နဲ့ ဂျာပူ၊ ဆမား လမ်းဆုံဘက် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်နေတယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။ စက်တင်ဘာ ၅ ရက် ညနေပိုင်း ၄ နာရီခွဲ ဝန်းကျင်ကလည်း ဆမားလမ်းဆုံအနီးမှာ မြစ်ကြီးနားဘက်က စစ်ကောင်စီ ဟတ်စကီး တစ်စီးနဲ့ ဗုံး လာကြဲသွားတယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ ဗုံး လာကြဲသွားပြီးနောက် မနေ့ညနေ ၆ နာရီဝန်းကျင် ကစ စစ်တပ်နဲ့ KIA တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်နေကြပြီး နမ်ဆန်ယန် စစ်မျက်နှာနဲ့ မဒီးယန် စစ်မျက်နှာတွေ ဘက်မှာလည်း အပြန်အလှန် လက်နက်ကြီးနဲ့ပစ်ခတ်နေကြောင်းသိရပါတယ်။ “ဘွမ်ရေ၊ ခါ့ယာမှာ စခန်းချနေတဲ့ စစ်ကောင်စီ တွေ လိုင်ဇာအနီးနားဝန်းကျင်ဘက် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ထည့်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စားနပ်ရိက္ခာနဲ့ စစ်အသုံးအဆောင်တွေ တင်ပြီး ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကား ၁၁ စီးပါ ယာဉ်တန်းကို KIA တပ်ရင်း ၁၅ နဲ့ ၂၅ ပူးပေါင်းအဖွဲ့ ည ၉ နာရီခွဲ ခန့်က ဒါဆိုင်းနဲ့ တာခေါ် ချောင်းတံတားကြား စောင့်ကြိုတိုက် ခိုက်ရာ စစ်ကား ၁ စီးထိပြီး လမ်းဘေးမှာ မှောက်သွားကြောင်း နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။ နောက်ကားတစ်စီးကလည်း တာခေါ်ချောင်းထဲ ထိုးကျသွားပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင်ကဆန်းပိုင်းကစ လိုင်ဇာအနီး၊ နမ်ဆန်ယန်မှာ တကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့အပါအဝင် နမ်ဆန်ယန်ဘက် ဗန်းမော် လမ်း ကြောင်းနဲ့ မြစ်ကြီးနား လမ်းကြောင်းတွေ ဘက်က နေ့စဉ်နီးပါး ထိုးစစ်ဆင် အင်အားဖြည့်နေသလို့ တိုက်ပွဲလည်း ဖြစ်နေပါတယ်။ https://www.facebook.com/photo/?fbid=62889 8226084112&set=pcb.628898276084107

၂။ ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်
   September 8, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ လူသောမြို့နယ် ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ (၆)ရက်နေ့ နံနက် ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် -KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။ တပ်အင်အား ၅၀ ကျော်ရှိ အဆိုပါ စစ်ကောင်စီတပ်စခန်းသည် ဒေသခံပြည်သူလူထု နေထိုင်သည့် နေရာ နှင့်နီးသည့်စခန်း တစ်ခု ဖြစ်သလို သွားလာနေကြသော ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ပြည်သူလူထုများကို စစ်ဆေးမေးမြန်းခြင်းနှင့် ကျေးရွာ အတွင်း ခြိမ်းခြောက်ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသည့် စခန်းတစ်ခုဖြစ်သည်ဟု KNU မူတြော်ခရိုင်၊ တပ်မဟာ ၅ က ပြော သည်။ KNU တပ်မဟာ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ ပထမမှာ သူတို့စခန်းကို တက် ရောက်ပစ်ခတ် တာပေါ့။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတဲ့အတွက် အပြင်ဘက်ကို ထွက်ပြေးတော့ ဒီဘက်က သွားပြန်ဝိုင်းပြီး သိမ်းလိုက်တာပေါ့။ အဲဒါတိုက်ခိုက်ပြီးတော့ မနေ့က အဲဒီစခန်းအနီးဝန်းကျင်ရွာမှာ လေယာဉ်နဲ့လာပစ်သေးတယ်။ လူထုထိခိုက် တာရှိတယ်၊ သေးစိတ်တော့ မရသေးဘူး”ဟု ပြောသည်။ ဆာ့လော်ကျိုးစစ်ကောင်စီတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က လာရောက်တည်ဆောက်ထားသည့် စစ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါ စစ်စခန်းကို တက်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်ကြီးလက်နက်ငယ်နှင့် ကျည်ဆံများလည်း သိမ်းဆည်းထားကြောင်း၊ KNLA ပူး ပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း မူတြော်ခရိုင်ဘက်က ပြောသည်။

ထိုစခန်းကိုသိမ်းပိုက်ပြီးနောက် ယမန်နေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် လူသောမြို့နယ် ကော်လို့ဘောထရွာ၊ သေ့သူခီးကျေးရွာနှင့် ဒေးပူနို့ကျေးရွာအုပ်စုများတွင် စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်(၂)စင်းသည် လာရောက်ဗုံးကြဲတိုက် ခိုက်မှု များလုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူမူတြော်ခရိုင် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်တွင်လည်း မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်း မြို့နယ်ခွဲထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် စစ်ကောင်စီ လက်အောက် ခံဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲချခံရ၍ ရပ်ကွက်(၄)၏ အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူ ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က‌ သတင်းထုတ်ပြန်ခဲ့သည်။ https://kicnews.org/2023/09/%e1 %80%81%e1%80%b1%e1%80%b8%e1%80% 95%e1%80%b0%e1%80%80%e1

၃။ မူဆယ်၊ ကွတ်ခိုင်မှာ စစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်
   September 7, 2023

ရှမ်းမြောက် မူဆယ်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ မူဆယ်မြို့နယ် တာလုံကျေးရွာအနီးမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ TNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၄၁)တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ သတင်းရင်းမြစ်င်းမြစ်တစ်ဦးက တာလုံကျေးရွာအနီးမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ TNLA တပ်ဖွဲ့ ရှိတဲ့နေရာကို စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက် အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဟာ ကား တစ်စီးနဲ့တက်လာရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ်ဘက်က ၂ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

“ရွာအနီးမှာ TNLA ရှိနေတာ။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက တက်လာတာ။ သူတို့ တက်လာတော့ TNLA ပစ်လိုက် တာ။ သူတို့ (စစ်ကောင်စီ)ကားက လမ်းဘေးကို ထိုးကျသွားတယ်။ စစ်ကောင်စီ ၂ ဦး ဒဏ်ရာရတယ်” မနေ့ နေ့လယ်ပိုင်းမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ကားတစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကစပြီး မနေ့ စက်တင်ဘာ ၇ ရက်အထိ စစ်တပ်နဲ့ TNLA တို့အကြား ရှမ်းမြောက်မှာ တိုက်ပွဲပေါင်း ၃၄ ကြိမ်အထိ ဖြစ်ပွား ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=62931 2632709338&set=pcb.629312726042662

၄။ ပြည်တွင်း၊ပြည်ပရှိ ချင်းစစ်ဘေးရှောင်ပြည်သူများထောက်ပံ့ကူညီမှုမရကြသည့်အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်       နေကြရ
   September 7, 2023

ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံး၍ ရိက္ခာ၊ လူသုံးကုန်ပစ္စည်းအားလုံးနှင့် တချို့နေရာတွင် ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း အကုန်လုံးပိတ်ပင်ထားပြီး ပြည်တွင်း၊ ပြည်ပနှင့် အဆက်သွယ်မရအောင် ပြုလုပ်နေ ကြောင်းချင်းလူမှုအဖွဲ့အစည်းများထံမှ သိရသည်။ ပြည်တွင်းရှိ ချင်းစစ်ဘေးရှောင်များထံသို့ လူသုံးကုန်နှင့် စားသောက် ကုန်များ မရောက်နိုင်ရန် စစ်ကောင်စီက အဝင်မခံဘဲ (လုံးဝ)ဖြတ်တောက်ထားပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်များအနေ ဖြင့် စားနပ်ရိက္ခာ ပိုင်းတွင် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်းသိသည်။“စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးထားတဲ့အတွက် ပြည်တွင်းမှာရှိ တဲ့ ဒေသခံတွေနဲ့ စစ်ဘေး‌ရှောင်တွေအတွက် စားဝတ်နေရေးစိန်ခေါ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးနဲ့ အခြားအခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၊ Program Manager ဆလိုင်းတေရ က ပြောကြားသည်။ ပြည်တွင်း၊ ပြည်ပတွင် ချင်းတိုင်းရင်းသားစုစုပေါင်း တစ်သိန်းကျော်စစ်ဘေးရှောင်နေကြပြီး ပြည်ပဘက်တွင် ခြောက်သောင်းကျော်နှင့် ပြည်တွင်းဘက်တွင် လေးသောင်းကျော်စစ်ဘေးရှောင်နေကြကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့အစည်းထံမှ သိရသည်။

ချင်းတိုင်းရင်းသားများသည် ပြည်ပဘက်အပါအဝင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီမြို့ တို့တွင် စစ်ဘေးရှောင်နေကြရပြီး အလုပ်အကိုင်နှင့် ထောက်ပံ့ကူညီမှုများလုံလောက်စွာ မရရှိကြောင်းသိရသည်။ “အိန္ဒိယမှာ နေတာကလည်း အားလုံးသိတဲ့အတိုင်း အိန္ဒိယအစိုးရက စစ်ဘေးရှောင်တွေကို ရီဖူဂျီအနေနဲ့ အသိအမှတ်မပြုဘူး။ အိန္ဒိယအစိုးရ ဆီက ဘာအထောက်အပံ့မှ မရှိဘူး။ အဲ့ဒါကြောင့် တချို့စစ်ဘေးရှောင်တွေက အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်။ ဝင်ငွေလည်း မရှိဘူး။ ဝင်ငွေလမ်းကြောင်းလည်း မရှိဘူး။ ပြီးတော့ အရင်တုန်းက ထောက်ပံ့ကြတဲ့ အဖွဲ့အစည်းတွေကလည်း ကြာလာတော့ အရင်လိုမျိုးထောက်ပံ့ဖို့ အခက်အခဲရှိလာတယ်”လို့ ဆလိုင်းတေရက ဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်၊ ချင်းကာကွယ် ရေးတပ်ဖွဲ့က လုံခြုံရေးကို အကြောင်းပြ၍ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် NGO/INGO အဖွဲ့အစည်းများကို လွတ်လပ်စွာ သွားလာခွင့်များပိတ်ပင်ထားပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့လိုပါက ကြိုတင်ညှိနှိုင်း၍ ခွင့်ပြုချက်ရမှသာလျှင် ထောက်ပံ့ခွင့်နှင့် ဝင်ထွက်သွားလာခွင့်ရမည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးခြင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့က လူမှုအဖွဲ့အစည်းများဝင်ထွက်သွားလာခြင်း တို့ကို ကန့်သတ်ခြင်းတို့ကြောင့် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ ကူညီထောက်ပံ့မှုများလည်း လက်ရှိချိန်အထိ ဒေသခံများမရရှိခဲ့ ကြောင်းသိရသည်။ https://www.facebook.com/photo?fbid=632645692337787&set=pcb.632645872337769

၅။ အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်အမူအကျင့်ပြုလုပ်လာပါက ဖယ်ထုတ်ရမည်ဟု ယာယီသမ္မတဒူဝါလရှီးလ      ပြော
   September 7, 2023

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်များ၏ အမူအကျင့်နှင့် အတွေးအခေါ် များ ဝင်လာပါက ပြတ်ပြတ်သားသား ဖယ်ထုတ်ရမည်ဟု ပြည်သူ့ခုခံတော်လှန်စစ်‌ကြေညာခြင်း (၂) ပြည့်တွင် ယာယီသမ္မတ ဒူဝါ လရှီးလ က ပြောကြားခဲ့သည်။ စက်တင်ဘာ(၇) ရက်နေ့တွင်ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ်‌ကြေညာခြင်း (၂) နှစ်ပြည့် မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက “တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေကို အထူးသတိ ပေးလိုတာက စစ်အာဏာရှင်ကိုဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေး အခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။ ပြည်သူကိုဝန်ဆောင်မှုပေးသော ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တရားရေးမဏ္ဍိုင်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော် များအနေဖြင့် ပြည်သူလူထု၏ အသံကိုနားစွင့်ကာ အုပ်ချုပ်ရေး ယန္တရားကိုလည်း အကောင်းဆုံးလုပ်ဆောင်ကြရန်လည်း မိန့်ခွန်း တွင် ပြောကြားခဲ့သည်။ နှစ်နှစ်တာကာလအတွင်း အသက်ပေးစွန့်လွတ်ခဲ့ကြသူများ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသူများ၊ စစ်ကောင်စီအကျဉ်းထောင်အသီးသီးတွင် ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေကြသူများနှင့် အာဏာဖီဆန်လုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ ကြသူများကို ဂုဏ်ပြုကြောင်း ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီ၏ အလုံခြုံဆုံးနေရာဟု ယုံကြည်နေကြသည့် နေပြည်တော်ကိုလည်း မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေးရဲဘော်များက စွမ်းဆောင်ပြနိုင်နေပြီကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကောင်စီကလည်း နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ လေးထောင်ကျော်ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရ သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲလိုအပ်ချက်များအတွက် လက်နက်ခဲယမ်းများကို ကိုယ်တိုင် ထုတ်လုပ်လာနိုင် သဖြင့် စစ်ရေးအရ အောင်မြင်မှုများ တစ်စထက်တစ်စ ပိုမိုရရှိလာနေပြီဖြစ်ကြောင်း ပြောခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက် ကြပါ”ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ခုခံတော်လှန်စစ်ကို စတင်ကြေညာခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=62175763681 8575&set=pcb.621757866818552

၆။ ရခိုင်တွင် လူဦးရေ ကျဆင်းမှုသည် အကြီးမားဆုံး ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုတစ်ခုဟု AA  စစ်ဦးစီးချုပ်ပြော
    September 8, 2023

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများအနေဖြင့် လူဦးရေကျဆင်းလာမှုပြဿနာကို သတိမထားမိကြဘဲ ထိုပြဿနာမှာ အသံ တိတ်ကပ်ဆိုးကြီးအနေဖြင့် ကျရောက်လျက်ရှိနေသည်ဟု ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်ဖြစ်သူက ပြောကြားလိုက်သည်။ ရခိုင်လူမျိုးများအနေဖြင့် လက်ရှိရခိုင်ပြည်တွင်းတွင်ဆင်းရဲမွဲတေခြင်း၊ စစ်ဘေးနှင့် မလုံခြုံမှုစသည့်ပြဿနာများ ကိုသာ အများ ဆုံးသတိထားမိနေကြပြီး လူဦးရေနည်းပါးလာမှုပြဿနာကိုမှု သတိမထားမိဘဲရှိနေကြသည်ဟု ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။ “ဆင်းရဲတာ၊ စစ်ဘေးအန္တရာယ်နဲ့ လုံခြုံမှုမရှိတာတွေ ကြုံနေရတာကို သေချာ သိကြပေမယ့် လူတွေသတိမထားတာက လူငယ်တွေတော်တော်များများ နိုင်ငံခြားကိုသွားတယ်။ ဆင်းရဲတဲ့အတွက် သားသမီး များများမယူကြတော့ဘူး။ ယူထားတဲ့ကလေးတွေကိုလည်း ကျန်းမာအောင်မထားနိုင်တာတွေရှိနေတာကိုပဲ။ ဒီလိုနဲ့ ကိုယ်တို့တ တွေဟာ လူဦးရေကျဆင်းမှုကပ်ကြီးကို အသံတိတ်ရင်ဆိုင်နေကြရပြီဖြစ်တယ်” ဟုပြောသည်။

တပ်တွင်းစစ်သည်များနှင့် တွေ့ဆုံစဉ် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုသို့သောအခြေနေမျိုးကို ဆက်လက်မထိန်းချုပ်နိုင်ပါက ရခိုင်ပြည်အနာဂါတ်အတွက် အကြီးမား ဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဗိုလ်ချုပ်က ဆက်လက်ပြောကြားထားသည်။ “ဒါဟာ ရခိုင်ပြည်အနာဂါတ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ လာမယ့် နှစ် ၂၀ ကနေ ၃၀ အတွင်းမှာ ဒီပြဿနာကိုသာ မပြုပြင်နိုင်ခဲ့ ရင် ရခိုင်ဆိုတဲ့ အနာဂါတ်ဟာလည်းရှိတော့မှာ မဟုတ်ဘူး” ဟုဆက်ပြောသည်။ ရခိုင်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် လူးဦးရေ ၃ သန်းကျော် နေထိုင်လျှက်ရှိကြောင်းနှင့် ကျားဦးရေထက် အမျိုးသမီးဦး ရေပိုများကြောင်း သိရသည်။ https://www.facebook.com/photo?fbid=740673471405415&set=a.682731967199566

၇။ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်
   September 7, 2023

တနင်္သာရီမြို့နယ် အော်ကြီးကျေးရွာနားအနီးတွင် စစ်ကောင်စီယာဥ်နှင့် ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က (စက်တင်ဘာ ၆ရက်)နေ့လယ်တွင် တိုက်ခိုက်ခဲ့သည်။ တနင်္သာရီမြို့နယ်အခြေစိုက် အမှတ် (၃၀၆) အမြောက် တပ်ရင်းမှ ထွက်လာသည့် ယာဥ်တစ်စီးနှင့် ခြေလျင်စစ်ကြောင်းကို ပုလော(ပကဖ)၊ ရိုးမကာကွယ်ရေးတပ်ဖွဲ့၊ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့နှင့် တောပုန်းကြီးတပ်ဖွဲ့တို့က နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။ ယာဥ် မှာ မိုင်းထိမှန်ခဲ့ပြီး ထိခိုက်မှုများနိုင်ကြောင်း တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။” ၃၀၆ အမြောက်တပ်ထဲ ကနေ ထွက်လာတာ။ Vigo တစ်စီးတည်းပဲ။ ကားတစ်စီးလုံး လုံးဝအငြိမ်ပဲ”ဟု ၎င်းက ပြောသည်။ ထို့အပြင် ခြေလျင်စစ်ကြောင်း လည်း အထိနာသွားသည်ဟု ဆိုသည်။ https://www.facebook.cm/ photo/?fbid=642000151332114&set=a.559396182 925845

၈။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်မှာ စာသင်ကျောင်းများ ပိတ်ထားရ
    September 7, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး စာသင်ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ကျောက်ကြီးမြို့နယ်အတွင်းက လော်မူသောကျေးရွာအတွင်းနဲ့ ဘုရားလေးကုန်းဘုန်းကြီးကျောင်းနားကို စစ်ကောင်စီက စက်တင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လော်မူသောရွာက နေအိမ်(၁)လုံးနဲ့ ဘုန်းကြီးကျောင်း (၁)လုံး ပျက်စီးခဲ့ရတယ်လို့  KNU က ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် လော်မူသောရွာနဲ့ လော်မူပယ်ရွာက ကျောင်းသား ၃၃ ဦးသင်ကြားနေတဲ့ မူလတန်း ကျောင်းနဲ့ ‌ကျောင်းသား  ၂၇၂ ဦး သင်ကြားနေတဲ့ အထက်တန်းကျောင်းတွေကို ယာယီပိတ်ထားလိုက်ရပြီး အဲ့ဒီရွာတွေက ဒေသခံ (၇၀၀) နီးပါးဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က သိရပါတယ်။ လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့ အတွက် စစ်ဘေးရှောင်တွေအနေနဲ့ တော၊တောင်တွေထဲမှာ ခက်ခဲစွာ ရှင်သန်နေထိုင်နေကြရလို့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေကြောင်း KNU က အသိပေးထားပါတယ်။ https://www.facebook.com/photo/?fbid=691965212972171&set=pcb.691824089652950

၉။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်နေတဲ့ တော်လှန်ရေး အရှိန်မြှင့်တော့မယ်လို့ KNPP ပြော
    September 8, 2023

ကရင်နီပြည်နယ်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ စစ်အာဏာရှင် တော်လှန်ရေးကို အရှိန်မြှင့်မယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ-KNPP က ပြည်သူတွေကို အသိပေး ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်ပြည့် ကရင်နီ အာဇာနည်နေ့ အတွက် KNPP ဗဟိုဌာနချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ သ၀ဏ်လွှာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်က စတင်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး ခရီးကြမ်းအတွင်း သူရဲကောင်း မြောက်များစွာ ပေါ်ထွန်းခဲ့သလို လက်ရှိ တော်လှန်ရေး ကာလမှာလည်း ပေါ်ထွန်းလာတဲ့ သူရဲကောင်းတွေ အနေနဲ့ မိမိတို့ လိုလားတဲ့ ပန်းတိုင် မရောက်မချင်း ဆက်လက် တိုက်ပွဲ၀င်ကြဖို့ KNPP က တိုက်တွန်းပါတယ်။

ကရင်နီပြည်နယ်အတွင်း လက်ရှိ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့် ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၂ သိန်းကျော် အတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးနဲ့ လက်တွဲ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ စက်တင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်ပြည့် ကရင်နီ အာဇာနည်နေ့ အခမ်းအနားကို ကရင်နီ တပ်မတော် ဌာနချုပ်မှာ ကျင်းပရာ KNPP ဗဟိုအတွင်းရေးမှူး (၂)၊ KA စစ်ရေးချုပ်၊ KA တပ်ရင်း (၂) နဲ့ (၃)၊ ကရင်နီ အမြဲတမ်း ပြောက်ကျား တပ်ဖွဲ့၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF နဲ့ ပြည်သူတစ်ချို့ တတ်ရောက် ခဲ့ပြီး ကျဆုံး အာဇာနည်တွေကို ဂုဏ်ပြု အလေးပြုကာ လွမ်းသူ့ပန်းခွေချခဲ့တယ်လို့ ကရင်နီတပ်မတော် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=333083172411467&set=pcb.333083722411412

၁၀။ ကုန်စည်သယ်ယူတဲ့ပေါ် အခွန်ပေးရတာတွေကြောင့် ပလက်ဝဒေသမှာ ကုန်ပစ္စည်း စျေးမြင့်တတ်နေဆဲလို့ သိရ
     September 7, 2023

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းက ဂိတ်တွေမှာ အခွန်ပေးဆောင်ရတာ တွေကြောင့်နဲ့ စစ်ကောင်စီမှ ချမှတ်ထားတဲ့ ကုန်စည်ကန့်သတ်ချက်တွေကြောင့် ကုန်စျေးနှုန်း အဆမတန် ဆက်လက်မြှင့်တက် လျှက်ရှိတယ်လို့ သိရပါတယ်။ ပလက်ဝမြို့နယ် ဆမီးမြို့က ဒေသခံတစ်ဦးပြောတာက “လောလောဆယ် စားနပ် ရိက္ခာတွေကို စာရင်းတင်သလောက်ကိုတော့ သယ်ယူလို့ရတယ် နောက်ပြီး သူတို့ကခွင့်ပြုတယ်လို့သာပြောတာ အဲဒီပစ္စည်းပေါ်မှာ သူတို့ လမ်းမှာရှိတဲ့ ဂိတ်တိုင်းမှာ အခွန်ပေးရတာ ဆမီးအထိဆိုရင် ဂိတ်ပေါင်း (၃) ဂိတ်ရှိတယ် နှစ်ဂိတ်ကို စက်လှေတစ်စီးက  ၅ သိန်း ပေးရတယ် နောက်တစ်ဂိတ်ကိုတော့ ၄ သိန်းပေးရတယ် အဲဒါကြောင့်လည်း ကုန်စျေးနှုန်းမြင့်တဲ့ အဓိကကြောင်းပါ”လို့ ပြောပါ တယ်။ ပလက်ဝမြို့နယ်ဒေသက အခြေခံစားသောက်ကုန်စည်အားလုံးနီးပါးကို ရခိုင်ပြည်နယ်ကနေပြီး ရေလမ်းကြောင်းကနေ သယ်ယူရတာဖြစ်ပြီး ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စဉ်ကာလ အတွင်းက စစ်ကောင်စီဖက်ကနေ ရေလမ်း ကြောင်းတွေကို ပိတ်ထားခြင်းနဲ့ ကန့်သတ်ကုန် ထားရှိခြင်းတို့ကို လုပ်ခဲ့တာဖြစ်ပြီး အဲဒီထဲက ကုန်စည်ကန့်သတ်ချက်ကို လက်ရှိ အချိန်ထိ ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိပလက်ဝမြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေ အများစုဟာ ဖျားနာတာတွေ အဖြစ်များနေပြီး ဆေးဝါး စရိတ်ကလည်း အရင်ကထက် အဆမတန်ကြီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပလက်ဝမြို့ဒေသခံတစ်ဦးက “ကျတော် ကလေး သုံးယောက်စလုံး ငှက်ဖျားဖြစ်လို့ အခုထိ မသက်သာနိုင်သေးဘူး တခြားကလေးတွေလည်း တော်တော်များများ ဖျားနာ နေကြတယ် ဆေးတွေကလည်း စျေးအရမ်းကြီးတယ် သုံးရက်သောက်စာကို သောင်းဂဏန်းကျော် အဲလောက်ထိ စျေးက အဆ မတန် တတ်သွားတယ် ဆေးဝါးပဲစျေးကြီးတာတော့ မဟုတ်ဘူး ဆန်၊ ဆီ၊ ဆားအကုန် စျေးကအရမ်းတတ်နေတော့ မလွယ်ကူ ဘူး”လို့ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေတင်မကပဲ ဆေးဝါး စျေးနှုန်းတွေကလည်း စျေးမြင့်နေ တာဖြစ်ပြီး စစ်ကောင်စီဘက်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ဆက်လက် ကန့်သတ်ထား ဆဲဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=699873598841641&set=a.273500801478925

၁၁။ စစ်ရေးတင်းမာမှုများကြောင့် ဒေါ့ဖုန်းယန်မြို့ဘက် တိမ်းရှောင်လာရသည့် စစ်ရှောင်များအတွက် အစားအသောက်      နှင့် ဆေးဝါးများလိုအပ်
    September 7, 2023

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေ ရှိနေပါတယ်။ ဇူလိုင်လ ပထမပတ်ကနေစပြီး ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက် နှစ်ဖက်တပ်ရဲ့ လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ သိသိသာသာ ကြားလာရတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ နယ်မြေနဲ့ နီးကပ်တဲ့ ဒင်ဂါ၊ နောင်ဝမ့်နဲ့ ခလားရွာက ပြည်သူတွေဟာ တစ်မိုင်ကျော်လောက်ဝေးတဲ့ ဒေ့ါဖုန်းယန်မြို့ဘက် ဇူလိုင်လ ၁၆ ရက်နေ့ကနေစပြီး စတင်ထွက်ပြေးခိုလှုံလာကြတာ ဖြစ်ပါ တယ်။ လတ်တလောမှာပဲ စစ်ဘေးရှောင်လာတဲ့ ကလေးနဲ့ လူကြီးတွေ တုပ်ကွေးဖျားနာမှုတွေရှိခဲ့ပြီး သက်သာပျောက်ကင်း လာပြီ ဖြစ်ပေမဲ့ ၁၀ ဦးထက်မနည်းတဲ့ သက်ကြီးပိုင်းဖျားနာသူတွေအတွက် အားဆေးတွေ လိုအပ်နေတာလို့  ဒေါ့ဖုန်းယန် ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။ “ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ခုက တုပ်ကွေး ဖြစ်နေ တာ။ အသက်ကြီးတဲ့ သူတွေကိုတော့ အားဆေးပြန်တိုက်ရမှာ”လို့ ဒေသခံက ပြောပါတယ်။

ဒေါ့ဖုန်းယန်မြို့က သက်ဆိုင်ရာ ဘုရားကျောင်းတွေဆီ ထွက်ပြေးတိမ်းရှောင်လာသူ အယောက်၁၀၀ ကျော်ရှိတဲ့အထဲ စစ်ဘေးရှောင်ပြည်သူအချို့ကတော့ သမံသလင်းလိုနေရာမှာ ဝါးထရံခင်းပြီး အဆင်ပြေတဲ့နည်းနဲ့ နေနေရတယ်လို့လည်း သိရပါ တယ်။ လက်ရှိ စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို အသက်ဆိုင်ရာ အသင်းတော်တွေကနေ ကူညီထောက်ပံ့မှုတွေရှိနေတဲ့ အပြင် အခြားပြင်ပအဖွဲ့အစည်းတွေကလည်း လာရောက်ကူညီမှုတွေ ရှိနေပေမဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးလုံလောက်မှု အတွက် အကူအညီတွေလိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လယ်ယာစပါးခင်းတွေ ပြီးစီးအောင် မလုပ်နိုင်ခဲ့တဲ့ အတွက် နေရပ်ပြန်ပြီး လယ်ပြန်လုပ်ဖို့ စစ်ရေးအခြေအနေအရ ခက်ခဲနေတာကြောင့် လာမယ့်နှစ်မှာ စားဝတ်နေရေး ခက်ခဲလာ မှာကိုလည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ” လယ်တွေ ကောင်းကောင်း မလုပ်ပြီးနိုင်ခဲ့ ဘူးပေါ့။ တောထဲဝင်လို့လည်း မရဘူး။ အရမ်းအခက်အခဲ ဖြစ်နေတယ်”လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။ လက်ရှိ ဒေါ့ဖုန်း ယန်မြို့အနီးတစ်ဝိုက် နှစ်ဖက်တပ်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ဗန်းမော် အချုပ်ထောင်အနီး အမှတ်၂၁ စစ်ကောင်စီတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကားအစီး၂၀ကျော် ဒေါ့ဖုန်းယန်မြို့ စစ်တပ်ဝင်းထဲ ဝင်ရောက်မှု ရှိခဲ့ပါတယ်။ https://www.face book.com/photo?fbid=317685490938451&set=pcb.317686947604972

၁၂။ ကမမောင်းထွေအုပ်ရုံး အစည်းအဝေးလုပ်နေစဉ် ဗုံးကြဲချခံရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံး
    September 7, 2023

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲ ထွေအုပ်ရုံး အစည်းအဝေးခန်းမတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲချခံရ၍ ရပ်ကွက်(၄)၏ အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူ ပွဲချင်းပြီးသေဆုံး သွားကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က‌ သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား တွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ထွက်ခွာပေး ရန်ထုတ်ပြန်ထားမှုကို လိုက်နာခြင်းမရှိသဖြင့် စစ်ကောင်စီ ထောက်တိုင် များအား ယခုလို သတိပေးခြင်းဖြစ်ကြောင်း (PPDF)သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ ၎င်းဗုံးကြဲချတိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဖာပွန်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ Bridgade 1- Bridage Drone Force(B1BDF)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်လာသူများ ထိခိုက်ဒဏ်ရာရကြကာ ရပ်ကွက် ၄ ၏ အုပ်ချုပ် ရေးမှူးမှာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း (PPDF)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ-မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများအား မိမိတို့ရာထူးမှထွက်ခွားပေးရန် KNU မူ‌တြော်ခရိုင်မှ ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့တွင် ထပ်ဆင့်အသိပေးစာ ထုတ်ပြန်ထားသေးသည်။ အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်တွင်လည်း မြဝတီမြို့ခရိုင်ရဲ စခန်းဒရုန်းဖြင့် ဗုံးသီးချခံရမှုကြောင့် မြဝတီစစ်ဒေသရှေ့တန်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါ အဝင် (၆) ဦးသေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ https://kicnews.org /2023/09/%e1%80%80%e1%80%99%e1%80%99 %e1%80%b1%e1%80%ac% 

၁၃။ ဒီးမော့ဆိုမြို့နယ် က စစ်ရှောင်စခန်းတချို့မှာ မိုးကာလိုအပ်မှုရှိနေဆဲ
    September 8, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာ မိုးကာလိုအပ်နေဆဲဖြစ်ပြီး၊ ယခုရက်ပိုင်း အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် စစ်ရှောင်တွေဟာ ပေါက်ပြဲနေတဲ့ တဲအိမ်တွေမှာ နေထိုင်ကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ မိုးကာ မလုံလောက်တာကြောင့် မိုးကာအဟောင်းကိုသာ ပြန်ထပ်ကာ အသုံးပြုရသလို၊ မိုးရွာတဲ့ အချိန် မိုးကာမလုံတဲ့အတွက် အိပ်စက်ချိန်နဲ့ ချက်ပြုတ်စားသောက်ချိန်တွေမှာ အခက်အခဲရှိတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ ဥက္ကဌ က ပြောပါတယ်။ “အခက်ခဲကတော့ အများကြီးကြုံနေရတယ်ပေါ့။ ကျနော်တို့က နေပူတယ်နေသာတယ်ဆိုတဲ့ ရက်က တော့ သိတဲ့အတိုင်းပဲ တဲတိုင်းလိုလိုကလည်း မိုးကာတွေလိုအပ်နေကြတယ် ပေါက်ကြတယ်ပေါ့။ မိုးကာအဟောင်းတွေနဲ့ပဲ ထပ် ထပ်နေကြတယ်။ နေသာတဲ့ရက်ဆိုတော့ အဆင်ပြေပါတယ်။ ခုကမိုးတွင်းကာလဆိုတော့ မိုးရွာတော့ကျနော်တို့ ထပ်ထားတဲ့ မိုး ကာလည်း အဟောင်းတွေပဲဖြစ်နေတယ်။ ကျနော်တို့ထပ်သလောက်လည်း တချက်လောက်ပဲ ယာယီလောက်ပဲ သူပိတ် ထားနိုင် တယ်။ အဲ့ဒီကြားမှာဆို မိုးရွာရင်တော့ သူဝပ်ဝပ်ပြီးမှတော့ သူစီးဆင်းတယ် ပြီးတော့ စိမ့်ကျတာပါပဲ။ အထူးသဖြင့် ည အချိန်ဆို ပိုဆိုးတယ် အိပ်ကောင်းနေချိန်တန်းလန်းနဲ့ မိုးကရွာတော့ မိုးတွေယိုလာတယ်။” လို့ စစ်ရှောင်ဥက္ကဌက ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အပြင်၊ စားသောက်ရေးအတွက်သာ အဓိက စုဆောင်းဝယ်ယူနေရတာ ကြောင့် မိုးကာမဝယ်ယူနိုင်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ မိုးကာတထည်ကို ခြောက်လဝန်းကျင်သာ ကောင် းကောင်း အသုံးပြုလို့ရပြီး၊ အရင် သုံးထားတဲ့ မိုးကာတွေက ဆွေးမြည့်ပြီး ပြဲသွားတဲ့အတွက် အမိုးမလုံတော့ဘူးလို့ ဆိုကြပါတယ်။ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်းမှာ လိုအပ်ချက်ရှိတဲ့အပြင်၊ မိုးရာသီကာလမှာလည်း မိုးကာ လိုအပ်ချက် က မြင့်မားနေတယ်လို့ ဥက္ကဌက ဆက်ပြောပါတယ်။ “ဒီမိုးရာသီကာလဆိုတော့ အများအားဖြင့်ကတော့ ကျနော်တို့ မိုးကာပိုင်းနဲ့ ပတ်သက်ပြီး‌တော့ တဲတွေအမိုးလုံမှပဲ ကျနော်တို့အိပ်စက်လို့အဆင်ပြေတယ်ပေါ့။ ကျနော်တို့ တောတောင်ကြားမှာဆိုတော့ အဓိက က မိုးကာတွေ အဓိက နံပါတ်တစ်အချက်ဖြစ်နေတယ် လောလောဆယ် မိုးကာတွေလိုအပ်နေပါတယ်။” လို့ စစ်ရှောင် စခန်း ဥက္ကဌက ဆိုပါတယ်။ ယခုလက်ရှိ မိုးကာတထည်ဈေးမှာ ၁၅ ပေ ပတ်လည်ကို (၃၀၀၀၀)၊ ၁၈ ပေ ပတ်လည်ကို (၄၀၀၀၀)၊ ၂၄ ပေ ပတ်လည်ကို‌ (၆၀၀၀၀)ကျပ် ပေးဝယ်ရတယ်လို့ သိရပါတယ်။ အရင်က အလှူရှင်တွေ လာရောက်လှူဒါန်းပေးတာရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေ လာရောက်လှူဒါန်းပေးတာ နည်းပါးလာတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ https://www.kantarawaddytimes. org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၁၄။ ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ
     September 8, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ လ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ် တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PDF  နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ကိုပြော သည်။“ဒီနားတစ်ဝိုက်မှာ နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှု ရှိနေတာကတော့ ပြီးခဲ့တဲ့ လကတည်းကပါ။ မနေ့က ပစ်ခတ်မှုကတော့ နာရီဝက်လောက်ကြာတယ်၊ ထိခိုက်ကျဆုံး မှုတွေလည်း ရှိတယ်၊ သတင်းထုတ်ပြန် လာတာတော့ မတွေ့ရသေးဘူး”  ဟု PDF နှင့် နီးစပ်သူက ပြောသည်။ နှစ်ဖက်တိုက်ပွဲကြား အရပ်သားနေအိမ် မီးရှို့ခံရသည့်အပြင် ဒေသခံ (၁၀၀) ကျော်လည်း တောထဲ သို့ ခေတ္တစစ်ရှောင်ထွက်ပြေးရ ကြောင်းလည်း ဖြစ်စဥ်ကို သိရှိရသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“မီးရှို့ခံရတဲ့ အရပ်သား အိမ် (၂) လုံးထက် မနည်းဘူးတဲ့၊ အဲ့ဘက်က ခေါင်လည်းခေါင်၊ မြို့နဲ့လည်း ဝေးတော့ သတင်းတွေက တက်မလာဘူး၊ ကျောက်ပချုပ်ရွာခံတွေဆို တိုက်ပွဲဖြစ်လို့ တောထဲ စစ်ရှောင်သွားရတယ်၊ ခုတော့ ပြန်ရောက်လာကြပြီ၊ မနေ့က တိုက်ပွဲမှာ ထပ်ပြေးကြရသေးလားတော့ မသိဘူး” ဟု ဖြစ်စဥ်ကို သိရှိရသူ ရွာငံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်အတွင်း၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) လှုပ်ရှားနေသည့် စွပ်စွဲချက်ဖြင့် စစ်ကြောင်းထိုးကာ မြေပြင် စစ်ဆေးရေး နှင့် စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကို စစ်အာဏာရှင် စနစ်ကျဆုံး၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့များ စုပေါင်းဖော် ဆောင်သွားမည် ဟုဆိုပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်လာ ခြင်းဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်တပ် နှင့် လက်အောက်ခံအဖွဲ့များ က ဒေသခံ ပြည်သူ့နေအိမ် စုစုပေါင်း (၁၈၇) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုအထဲမှ ရွာငံမြို့နယ်ရှိ ဒေသခံ နေအိမ် (၂၀) ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဇွန်လ အတွင်းတွင် ထုတ်ပြန်ထားသည်။ https://burmese.shan news.org/archives/36624

၁၅။ ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ဖမ်းဆီးမှုပြန်စ
    September 8, 2023

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့စစ်ကောင်စီတပ်တို့ကြား သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်ဖမ်းဆီးမှုတွေ ပြန် လည်းစတင်နေကြပြီလို့ ရခိုင်ပြည်သူတွေကဆိုကြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ် တော် (ULA/AA)ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာလ ၇ ရက်၊ နေ့လည်က ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလိုဖမ်းဆီးခံလိုက်ရသူ ကိုဟန်လင်းဟာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ လိပ်ခမော်အုပ်စု၊ ဂေါ်တူရွာကဖြသ်တယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။ ”ရခိုင်မှာ စစ်ကောင်စီက လူဖမ်းပွဲပြန်စချင် နေသလိုပါ။ ဒီနေ့တော့ ကျောက်ဖြူမှာ စစ်တပ်နဲ့အေအေကို သူတို့လူတွေကို အပြန်အလှန်ဖမ်းဆီးတာတွေ ပြန်စနေကြပါပြီ။ ”လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒါကြောင့်ကျောက်ဖြူမြို့နယ်မှာရှိတဲ့အာဏာသိ မ်းစစ်တပ်ရဲ့ စစ်တပ်အရာရှိ တစ်ဦးနဲ့ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရခိုင်က ရန်ကုန်သို့အလုပ်သွားလုပ်တဲ့အ သက် ၁၉ နှစ်အရွယ်၊လူငယ်နှစ်နှစ်ဦးကို စက်တင် ဘာလ ၆ ရက်နေ့ က ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေဆိုပြီး စစ်ကောင်စီကဖမ်းဆီးထားပါတယ်။ ရခိုင်တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ က ရက္ခိုင့်တပ်တော် (AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား နှစ်ဘက်နားလည်မှုနဲ့ အပစ်ရပ်ခဲ့ကြပေမယ့် အာဏာ သိမ်းစစ်တပ်က အပစ်ရပ်ကတိကို အကောင်အထည်မဖော်ဘူးလို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ဖော်ပြောဆိုထားပါတယ်။ ”ရခိုင်မှာတကျော့ပြန် တိုက်ပွဲတွေရပ်လိုက်ပေမယ့် စစ်ကောင်စီဖမ်းထားသူတွေကို မလွှတ်ပေးဘူး။ နောက်ပြီး စစ်ဆေးရေး တွေလည်း ပိုလုပ်နေတယ်။ မိုခါနောက်ပိုင်း ကူညီရေးအဖွဲ့တွေကို တားဆီးတာကအစပေါ့။ ခုတော့အပြန်အလှန် ဖမ်းတာတွေ ထိပေါ့။ နောက်ပိုင်းပိုဖမ်းလာနိုင်ပါတယ်။”လို့ ရခိုင်လွှတ် တော်အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။ ရခိုင်မှာ အာဏာသိမ်း စစ်ကောင်စီက ဒေသခံရခိုင်ပြည်သူတွေကို စစ်ဆေးတားမြစ်တာတွေပြုလုပ်နေသလို စစ်အင်အားဖြည့်တင်းတာတွေလည်း ပြု လုပ်နေသလို ဖမ်းဆီးမယ့် ရခိုင်ပြည်သူစာရင်းကိုလည်း ပြန်လည်ပြုလုပ်ထားတယ်လို့ စုံစမ်းသိရှိထားကြသူတွေက အတည်ပြုပြောကြပါတယ်။ https://www.facebook.com/photo/?fbid=633417152260641&set=a.583120797290277

၁၆။ စစ်ဒေသ(၃)ခုတွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် တည်ဆောက်ထားနိုင်ပြီး EAOs များနှင့်အတူ တိုက်ပွဲ           ဝင်နေသည် ဟု ယာယီသမ္မတပြော
    September 7, 2023

စစ်ဒေသ(၃)ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၀၀)ကျော်ကို စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် မဟာမိတ်အင်အားစုများနှင့် အတူလက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ကျ ရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ ထို့အပြင် တပ်ရင်းအဖြစ် အသိအမှတ်ပြု ရန် စိစစ်နေသည့်တပ်ရင်း(၆၈)ရင်းရှိကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း (၂၅၀)ကျော်တွင် ဖွဲ့စည်းထား နိုင်ခဲ့ပြီး ပြည်နယ် (၅)ခုတွင် တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့(၂၂)ဖွဲ့  ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ဟု သိရသည်။“လက်လုပ် တူမီးသေနက်တွေနဲ့ စတင်ခဲ့ပေမယ့် အခုအချိန်မှာတော့ မဟာဗျူဟာကျကျ တပ်ရင်း၊ တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုကိုင်ဆောင်ပြီး အကြမ်း ဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လာနိုင်ပြီဖြစ်ပါတယ်။ ထို့ထူ G-z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းစစ် တီထွင်မှုများကြောင့် နည်းပညာဖြင့် ဒရုန်းများကို အသုံးပြုပြီး အကြမ်း ဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ခြေမှုန်းနေနိုင်ပြီ ဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ပြန့်ကြဲနေသည့် တော်လှန်ရေးအင်အားစုများကို အမိန့်ပေးကွပ်ကဲမှုစနစ်တစ်ခုတည်းအောက်တွင် ရောက်ရှိရန် ကြိုးစား ခဲ့ပြီး လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများအတွက် အခြေခံစစ်သင်တန်း၊ အကြပ်အဆင့် စစ်သင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါ၊ ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ဆေးတပ်ဖွဲ့သင်တန်း၊ စစ်ဦးစီးသင်တန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာအဆင့်သင်တန်း၊ PDF အရာရှိအဆင့်(တပ်ခွဲမှူး)သင်တန်းများကို နိုင်ငံနှင့်အဝှမ်းတွင် မဟာမိတ် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် လေ့ကျင့်သင်းကြားနိုင်ခဲ့သည်ဟု သိရသည်။ (၂)နှစ်အတွင်း လက်နက်ငယ်၊ ဒရုန်း၊ လေယာဉ်ပစ်စက်လက်နက် ကြီးများကို စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့်အညီ ဒေသအလိုက် အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ကာ တိုက်ပွဲပေါင်း (၉၉၀၀)ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။ ထို့အပြင် NUG ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထု ဝန်ဆောင်မှုစသည့် ကဏ္ဍများကိုလည်း စနစ်တကျဆောင်ရွက်လာနိုင်ပြီဖြစ်ကာ တစ်ဖက်တွင်လည်း စစ်ပွဲ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင်ထုတ်လုပ်လာနိုင်ခြင်းမှာလည်း တော်လှန်ရေးအတွက် အရေး ပါသည်ဟု ယာယီသမ္မတက ပြောသည်။ https://ww w.facebook.com/photo?fbid=694865236020130&set=a.588245110 015477

၁၇။ စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်၊ ကျပ်သိန်း ၅၀ ပေးအပ်
     September 7, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၂) မှ တပ်သား တစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံကို စက်တင်ဘာ ၄ ရက်နေ့မှာ လက်နက်နဲ့အတူ အလင်း ဝင်လာတယ်လို့ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ KNLA တပ်ရင်း ၁၇၊ တပ်ခွဲ ၂ ဆီ လက်နက်နဲ့ အတူ လာရောက်အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြား ရေးက ဒီနေ့ထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အလင်းဝင်တဲ့ တပ်သားနဲ့အတူ MA-1 (၁) လက်၊ ကျည်ဘောက် (၅) ဘောက်၊ ၅.၅၆ ကျည် တောင့် (၇၅) တောင့်နဲ့ အီကွေးမင့် (၁) စုံ တို့ပါလာကြောင်း သိရပါတယ်။ ပူးပေါင်းခဲ့တဲ့ တပ်သားဟာ အာဏာရှင်စနစ်ချုပ်ငြိမ်း သည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းပြီး ကူညီသွားမယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းမယ့် မည့်သည့် စစ်သားမဆို KNU က ကြိုဆိုနေပြီး ဘဝဆက်လက်ရပ် တည်ဖို့အတွက်လည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ https://www.face book.com/photo/?fbid=3327201624477 68&set=pcb.332722959114155

၁၈။ ဒီးမော့ဆို ကုန်းသာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KRU တိုက်ခိုက်ပြီး လက်နက်တွေရ
     September 8, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်‌ရေး တပ် ပေါင်းစု-KRU က စက်တင်ဘာလ ၂ ရက်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိပြီး လက်နက်ခဲယမ်း တွေ ရရှိခဲ့တယ်လို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။ ကုန်းသာကျေးရွာမှာ လနဲ့ချီ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်မနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။“အဲ့စခန်းက ဒီးမော့ဆိုဘက်မှာ တပ်စွဲ ထားတာ လနဲ့ချီနေပြီ။ လအတိအကျ‌တော့ ကျွန်တော်လည်း မသိတော့ဘူး။ စကစ ၂၀ ကျော်လောက်တော့ ရှိမယ်။ တိုက်ပွဲမှာ သေသွားတာတော့ စာရင်းကောက်နေတုန်းပါပဲ။ လက်နက်တွေအရ ဆိုရင်တော့ အနည်းဆုံး လေးငါးယောက်ပဲ၊ ခန့်မှန်းပဲ ပြောနိုင်မယ်” လို့ သူကရှင်းပြပါတယ်။ ကုန်းသာ စစ်တပ်စခန်းကို KRU၊ DMO PDF တပ်ရင်း (၄)၊ KNDF တပ်ရင်း (၁)တို့ ပူးပေါင်း စီးနင်းခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတစ်ချို့ရခဲ့ပေမဲ့ စခန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီက မိုင်းကွင်းအများအပြား ပြုပလုပ် ထားတာကြောင့် စခန်းသိမ်းဖို့ မလွယ်ကူဘူးလို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာတာကြောင့် စက်တင်ဘာလ ၃ ရက်မှာ အင်အား လာဖြည့်တဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ တိုက်ပွဲငြိမ်နေပြီလို့ ဆိုပါတယ်။ အလားတူ စက်တင်ဘာလ ၂ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲနဲ့ ပူးဖားကျေးရွာက စစ်တပ်စခန်း ၂ ခုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲနေတဲ့ကြားက စခန်း ၂ ခုနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းယူနိုင် ခဲ့တယ်လို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။ ကရင်နီပြည်နယ် တ၀ှမ်း ပြီးခဲ့တဲ့ မတ်လ အစောပိုင်းက စတင်ကာ စစ်ကောင်စီ  ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး ပြည်သူတွေ အနေနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေကို ဆက်လက်ကူညီပေးကြဖို့ KRU က မေတ္တာရပ်ခံ ထားပါတယ်။ https://www.facebook.com /photo/?fbid=333067619079689&set=a. 285900490463069

၁၉။ မိုင်းပေါက်မှာ တရားမဝင် ကျားဖြန့် လုပ်သူများကို UWSA ဖမ်းပြီး တရုတ်ဆီပြန်လည်အပ်နှံ
    September 7, 2023

သျှမ်းပြည် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့နယ်အတွင်းသို့ တရားမဝင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်လူ မျိုးများကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က ဖမ်းဆီးပြီး တရုတ်အစိုးရထံသို့ ပြန်လည် အပ်နှံလိုက် ကြောင်း သိရသည်။ စက်တင်ဘာလ ၅ ရက်တွင် မိုင်းပေါက်မြို့မှ ဖမ်းဆီးရမိသည့် ကျားဖြန့် တရားခံများကို UWSA တာဝန်ရှိသူ များက တရုတ်အစိုးရဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ဖြစ်စဥ်ကို သိရသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။“ကားအများကြီး နဲ့ လူတွေကို သယ်လာတယ်၊ တချို့ကိုလည်း “ဝ” တရားစီရင်ရေး ဌာနမှာပဲ စစ်ဆေး နေတယ်လို့လည်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကလည်း လာကြိုတာပေါ့။ အဲ့မှာ စုစုပေါင်း (၁၀၀) နီးနီး က အားလုံး ကျားဖြန့်သမားတွေလို့လည်း သိရတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူ အများစုသည် တရုတ်ပြည်မှ မိုင်းပေါက် ၊ ပန်ဆုံး နှင့် မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြပြီး လက်အောက်ငယ်သား ဝန်ထမ်းများသာ ဖြစ်ကြသည်။

“ဖမ်းဆီးရတဲ့ တော်တော်များများကတော့ လက်အောက်ငယ်သားတွေပဲ ဖြစ်ကြတယ်၊ အလုပ်ရှင် သူဌေးတွေကတော့ ဖမ်းမိတာမရှိဘူး၊ ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်တဲ့သူတွေက ပြည်သူ့စစ်တွေ၊ တရုတ်လောပန်းတွေ၊ ဖြစ်ကြတယ်။ အဲ့ကြောင့် ပဲ မဖမ်းမိကြတာလား မသိဘူး” ဟု အထက်ပါ ဒေသခံ က ဆက်ပြောသည်။ ယင်းကဲ့သို့ ကျားဖြန့်သမားများကို ဖမ်းဆီး ရမိခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် ဖြစ်စဥ်ကိုသိရှိနိုင်ရန်အတွက် UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင်လည်း တရုတ် ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံဘက်က လုံခြုံရေး တာဝန်ရှိသူများ ပူးပေါင်းပြီး မြန်မာပြည်မြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှု လုပ်ငန်း (ကျားဖြန့်) လုပ်နေသည့် နေရာ ၁၁ နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ သံသယ တရားခံ ၂၆၉ ဦးကို ဖမ်းဆီးရမိကြောင်း လည်း သိရသည်။ https://burmese.shannew s.org/archives/36608

၂၀။ တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက် ဇဝဲဂိတ်ဖြတ်သန်းခွင့် စစ်ကောင်စီပိတ်ထား
    September 8, 2023

တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ဒီကနေ့ မှာ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ရက်က စစ်ကောင်စီတပ်ကားနဲ့ ခြေလျင် စစ်ကြောင်းတွေ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒီနေ့မှာ ဇဝဲရွာလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ချလိုက် တာပါ။ ဂိတ်ကိုဖြတ်တဲ့ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေနဲ့ ဆိုင်ကယ်တွေအပါအဝင် ဘယ်ယာဥ်အမျိုးအစားကိုမှ ဒီနေ့ (စက်တင်ဘာ ၈ ရက်)မှာ ဖြတ်ခွင့်ပေးမှာမဟုတ်တဲ့အကြောင်း ဂိတ်မှာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖြတ်သန်း သွားလာသူတွေကို မနေ့မွန်းလွဲပိုင်းကတည်းက ပြောဆိုလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်မှာ ကားတချို့ စမ်းသွားကြည့်ပေမဲ့ ဖြတ်ခွင့်မပေးလို့ ပြန်လှည့်လာခဲ့ရတာ ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  အခုပိတ်ဆို့မှု ဟာ ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာမျိုး ပြောဆိုထားတာတော့ မရှိဘူးလို့ သိရပါတယ်။

ဖြတ်သန်းခွင့်ပိတ်ခံရတဲ့ ဇဝဲရွာလမ်းဆုံဂိတ်ဟာ မြိတ်မြို့နယ်ကနေ တနင်္သာရီမြို့နယ်ကို လာရင် အဓိကဖြတ်ကျော်ရတဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်း၊ အပေါ်ပိုင်းတစ်ခုလုံးကကုန်တွေ တနင်္သာရီမြို့နယ်ကို အဓိက ဝင် ရောက်ရာ ဂိတ်ပေါက်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဂိတ်ပိတ်လိုက်တဲ့ သတင်းက ကျေးရွာတွေမှာပျံ့နှံ့နေပြီး ပိတ်ရက် ကြာရှည်မှာကို ဒေသခံတွေစိုးရိမ်မှု ရှိနေပါတယ်။ “ကုန်စျေးနှုန်းတွေ တက်လာပြန်တော့မယ်ဆိုပြီး စိတ်ပူနေကြတာ။ အဓိက ဆန်စျေးတွေပူနေကြတာ” လို့ တကူတိုက်နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တနင်္သာရီမြို့နယ်အတွက် အရေးပါ တဲ့ ဇဝဲဂိတ်ကို စစ်ကောင်စီက အခုနှစ် အတွင်းမှာ ပိတ်တာ၊ ကုန်သယ်ယူခွင့်တားမြစ်တာတွေကို တစ်ကြိမ်မက လုပ်ခဲ့ပါတယ်။ မေလကလည်း တစ်ပတ်ခန့်ဖြတ်သန်းခွင့်ပိတ်မယ်လို့ စစ်ကောင်စီတပ်က နှုတ်အမိန့်နဲ့ကန့်သတ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ဖြတ်သန်းခွင့် ပြန်ပြုခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။  https://www.face book.com/photo?fbid=330812359336520&set=a.196 212682796489

၂၁။ မိုင်းနင်းမိတဲ့ ကလေးအတွက် ခြေတုတပ်ဖို့ အရေးပေါ် အလှူငွေလိုအပ်နေ
    September 8, 2023

ကရင်နီပြည် ဖားဆောင်းမြို့နယ်က ၁၄ နှစ်အရွယ် ကလေးတစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ညာခြေထောက် ဆုံးရှုံးလိုက် ရပြီး ခြေတုတပ်ဆင်ဖို့ အလှူငွေလိုအပ်နေတယ်လို့ သိရပါတယ်။“ကလေးက ၈တန်းကျောင်းသားလေးပါ။ ဖားဆောင်း တိုက်ပွဲ တွေဖြစ်ပြီးတော့ ကလေးကသူ့အဖေနဲ့ နွားပျောက်လို့သွားလိုက်ရှာရင်း ဖားဆောင်း မြို့အထွက် စေတီ နားမှာ ကလေးအဖေက ရှေ့ကသွားတာလွတ်သွားပြီး ကလေးက မိုင်းနင်းမိသွားတော့ ခြေထောက် ပြတ်ချိန်မှာ သွေးပူနေတုန်း ကလေးစိတ်က ရတယ် အဖေ လို့ပြောတော့ ဖားဆောင်း ဆေးရုံ ပဲတက်ခဲ့တယ်။ ကုမရတော့ ဖားဆောင်းကနေ လွိုင်ကော် ကို ကားနဲ့လာဖို့ခက်တော့ စစ်တပ်က ကလေးကို ပို့ခ မယူပဲ လွိုင်ကော် ဆေးရုံကို ဟတ်စကီးနဲ့လာပို့ လို့ ဆေးရုံ တပတ်တက်တယ်။ ခြေဖြတ် ပြီးဆင်းခိုင်း တယ်။ ပြီး တရက်ခြား ဆေးရုံပြနေရတယ်။”လို့ အဆိုပါကလေး မိသားစုရဲ့ နီးစပ်ရာဆွေမျိုးတစ်ဦးက ပြောပါတယ်။

အဆိုပါ ကလေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်မှာ နွားပျောက်ရှာရင်းနဲ့ မိုင်းနင်းမိတာဖြစ်ပြီး ညာ ခြေထောက် တစ်ဖက်ကို ဖြတ်ထားလိုက်ရတာဖြစ်ပါတယ်။ မိသားစုဝင် ၅ ဦးအနက် ဒုတိယမြောက်သားဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ အဆိုပါ ကလေးနဲ့ မိဘတွေဟာ လွိုင်ကော်မြို့မှာ စစ်ရှောင်ရင်း လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါ တယ်။ ဆေးကုသမှုကုန်ကျစရိတ်တွေကို တစ်ယောက်နည်းနည်းဆီ လာလှူကြတာရှိတယ်လို့ ထိခိုက်သွားတဲ့ အဆိုပါကလေးရဲ့ အစ်မတော်စပ်သူထံကနေ သိရပါတယ်။“သူတို့က ဖားဆောင်းမှာနေတာပါ။ ဖားဆောင်းဖက်မိုင်းနင်းမိပြီး ဖားဆောင်းဆေးရုံကို ၄ ရက်တက်ပြီးမှ လွိုင်ကော်ဖက်ကိုယူတက်လာတာပါ။ ဆေးကုသမှုက အဖွဲ့လိုက်တော့မရှိဘူး။ တစ်ယောက်နည်းနည်းလှူကြ တယ်”လို့ ဆိုပါတယ်။ အဆိုပါကလေးဟာ ခြေထောက် တဖက်ဖြတ်လိုက်ရတဲ့အပြင် နောက်ခြေတဖက်နဲ့ လက်တွေပါ ဒဏ်ရာရ ရှိထားတယ်လို့ သိရပါတယ်။ https://www.kantarawaddyt imes.org/%e1%80%99%e1%80%ad%e1%80%af%e1%80 %84%e1%80%ba%e1%80

၂၂။  စစ်ကောင်စီတာဝန်ရှိသူများ စစ်ဆေးမည်ဟု သတင်းထွက်သောကြောင့် ပန်ဝါအနီးဝန်းကျင်ရှိ မြေရှားလုပ်ကွက်         များကို ယာယီပိတ်သိမ်း
     September 7, 2023

စစ်ကောင်စီအရာရှိများ လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက် များကို ပိတ်သိမ်းပြီး သစ်ကိုင်းသစ်ရွက်များဖြင့် လိုက်လံဖုံးအုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ လမ်းမှမြင်ရသောလုပ်ကွက် များကို ယာယီပိတ်ထားခိုင်းခြင်းဖြစ်ပြီး တောင်ပေါ်ရှိလုပ်ကွက်များမှာ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်ဟု အသက် ၂၆ နှစ် ခန့် အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ကို ပြောသည်။“ပန်ဝါက သူတွေကအလုပ်သမားတွေပဲ ဦးဆောင်နေတာတွေမရှိဘူး။ လမ်းဘေးကနေကြည့်ရင်မြင်ရတဲ့ လုပ်ကွက်ကသူတွေကို ပြန်ခိုင်းတယ်။ လမ်းတွေကို သစ်ပင်တွေနဲ့ ပိတ်လိုက်တာတွေ လမ်း လျှောက်ပြီးမြင်နေရတဲ့ မြင်ကွင်းတစ်လျှောက်ဆိုရင် သစ်ပင်စိုက်ထားတာတွေ မြင်ကွင်းက အပန်းဖြေစခန်းလိုလိုနဲ့ ပြင်လိုက် ကြတာ” ဟုပြောသည်။ လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် စစ်ကောင်စီမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဟု ကြားသိရသောကြောင့် လုပ်ကွက်များ ရက်နားထားခြင်းဖြစ်သည်ဟု ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“လူကြီးကလာမယ်လို့ပြောပြီးမှ စစ်ဆေးမယ်လို့ပြောလို့ သတ္ထုတူးစက်တွေရော ကောင်းကောင်းဖုံးကြ။ သတ္ထုဆိုက် တွေ ပိတ်စရာရှိတာပိတ် အဲဒီလိုမျိုးတော့ ပြေတယ်။ သူတို့လူကြီးရောက်လာပြီး ဘယ်လောက်အထိ လာစစ်ဆေးမယ်ဆိုတာ တော့ မသိရသေးဘူးပေါ့” ဟုပြောသည်။ ချီဖွေမြို့နှင့် ပန်ဝါမြို့အနီးတစ်ဝိုက်ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်များမှ အလုပ်သမားများကို အမြန်ပြောင်းရွှေ့ခိုင်းထားပြီး လုပ်ကွက်အတွင်းတွေ့ရှိပါက လူတစ်ဦးလျှင် တရုတ်ယွမ်ငွေ တစ်ထောင် (မြန်မာငွေ ကျပ်ငါးသိန်းကျော်) ခန့်ဒဏ်ရိုက်မည်ဟု ပြောဆိုနေကြကြောင်း သူက ဆက်ပြောသည်။ “တရုတ်တွေကိုကတော့ ဘယ်လောက်အထိလုပ်မယ် ဘယ်လိုဆိုတာတော့မကြားမိဘူး။ အလုပ်လုပ်တဲ့သူတွေကိုကြတော့ ဆိုက်မှာတွေ့လို့ရှိရင် ဒဏ်ရိုက်မယ်ဆိုတော့ တော်တော်လေးပြန်ကြတယ်။ ဆိုင်တိုင်းနီးပါးကတော့ အဲ့လိုပြောနေကြတယ် ဘယ်သူပြောတယ်ဆိုတာ တော့ သူတို့လည်း အတိအကျတော့ မသိရဘူး” ဟုပြောသည်။ မြေရှားသတ္တုရှာဖွေသည့်လုပ်ငန်းတွင် အသုံးပြုသောပစ္စည်းများ သတ္တုဖမ်းသော ရေကန်များကို သစ်ပင်၊ သစ်ကိုင်းများ မိုးကာများဖြင့် လိုက်လံဖုံးအုပ်ခိုင်းပြီး အလုပ်သမားများကိုလည်း ပြန်ခိုင်း နေကြောင်း မြေရှာသတ္တုရှာဖွေရာတွင် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “ရေပိုက်၊ ရေကန်၊ ရေမြောင်း တွေကို ဝါးပင်၊ သစ်ရွက်တွေနဲ့ ဖုံးခိုင်းတာ၊ မိုးကာတွေနဲ့ရောပဲ။ သူတို့ထင်တာ လူကြီးတွေက ကွင်းမဆင်းဘဲ ဒရုန်းနဲ့ပဲကြည့်မယ် လို့ ယူဆထားပုံရတယ်။ နေ့မှာဆိုတဲထဲမှာပဲ နေရတာ လုံးဝ အပြင်မထွက်ရဘူးတဲ့။ မီးခိုးလည်းထွက်လို့ မရဘူးတဲ့။ အလုပ်သမား တွေကိုလည်း ထွက်ပြေးသင့်ရင် ထွက်ပြေးရမယ်လို့ပြောတာ” ဟုပြောသည်။ https://www.facebook.com/photo?fbid=621 8974468045 94&set=pcb.621898843471121

၂၃။ ရေဖြူ၊ နဘုလယ်​​ဒေသတဝိုက် စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေစိုးရိမ်ပြီး တိမ်းရှောင်နေ
    September 7, 2023

စစ်ကောင်စီတပ်စခန်းရှိတဲ့ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ တပ်ဖွဲ့ဝင်တွေ လူချိန်းကာ၊ ရိက္ခာဖြည့်တင်းပြီးနောက် စစ်ကြောင်းထပ်ဝင်မယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်။ နဘုလယ်​ဒေသက ရေနက်ဆိပ်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့က မနက် ၂ နာရီလောက်မှာ မြေတင်ကား ၃ စီးနဲ့ စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီး တပ်သားအပြောင်းအလဲပြုလုပ်တာနဲ့ ရိက္ခာဖြည့်တင်းတာတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တစ်နာရီခန့်အကြာမှာ တပ်စခန်းကနေ စစ်ကောင်စီတပ်သားတချို့ ပြန်လည်ထွက်ခွါသွားပါတယ်။  “လက်ရှိတပ်စခန်းမှာက အင်အား ၄၀ လောက်ရှိနေပြီ ကြားတယ်။ အဓိက ပန်းတင်အင်းဘက်ရောက်နေတဲ့သူတွေ ဝင်လာမယ်လို့ကြားတာ။ အဲဒါကို ကြားပြီး ကြောက်နေကြတာ” လို့​ နဘုလယ်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံပြောတဲ့ လောင်းလုံးမြို့နယ်ထဲက ပန်းတင်အင်းရွာဟာ နဘုလယ်ဒေသနဲ့ ထိစပ်နေတာဖြစ်ပြီး ဒီကနေ့မနက်မှာ မြေတင်ကား ၅ စီးနဲ့စစ်ကောင်စီတပ်သားတွေ အဲ့ဒီရွာကို ရောက်လာခဲ့ကြတာပါ။ သူတို့ဟာ ထားဝယ်မြို့ကနေ အဲ့ဒီနေ့ မနက်ကပဲ ထွက်လာတဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ ထပ်ရောက်လာတာနဲ့ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် နဘူလယ်ဒေသက ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းနဲ့ မူးဒူးရွာက ဒေသခံတချို့ကတော့ စိုးရိမ်ပြီး နေအိမ်စွန့်ခွါတိမ်းရှောင်နေကြပါပြီ။ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောကတော့ “အရင်ကလည်းခံထားရတော့ အသံကြားပြီးရှောင်ကြ တာများတယ်။ စစ်တပ်ကမရောက်သေးပေမဲ့ ဝင်လာနိုင်တယ်ဗျ။ အသေအချာတော့လည်း ပြောလို့မရ​သေးဘူး” လို့ နဘုလယ် ဒေသရဲ့ စစ်ရေးအခြေအနေကို ပြောပါတယ်။ နဘူးလယ်ဒေသက တပ်စခန်းကို မနေ့က အသစ်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလည်း ရေနက်ဆိပ်ကမ်းလမ်းပေါ်က လမ်းသွားလမ်းလာတွေကို ဒီကနေ့မနက်မှာပဲ တား​ဆီး၊ စစ်ဆေးတာ အပြင် နဘုလယ်ဒေသနဲ့ကပ်လျက် မယင်းကြီးရွာဘက်ကိုလည်း ကားတွေနဲ့သွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ https://www.facebook.com/photo?fbid=330380579379698 &set=a.196212682796489

၂၄။ ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၈ ဦးအား တရားဝင်ရာထူးပေးအပ်
    September 7, 2023

ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPF ဗဟိုနှင့် ဖားအံခရိုင်၊ မြို့နယ်များရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဝင် (၈) ဦးကို စက်တင် ဘာ ၇ ရက်နေ့တွင် ကေအဲန်ယူ၊ တပ်မဟာ(၇) နယ်မြေ၊ ဖားအံခရိုင်တွင် အခမ်းအနားဖြင့် တရားဝင်ရာထူးပေးအပ်သည့် အစီ အစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ KNPF (ဗဟို)မှ လုပ်သက်ရင့် ရဲတပ်သား (၃) ဦးနှင့် ဖားအံခရိုင်၊ မြို့နယ်များရှိ ရဲအရာရှိ သင်တန်းတက် ရောက် အောင်မြင်သွားသည့် ရဲတပ်ဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၈) ဦးကို မြို့နယ်ရဲမှူးအ ဖြစ် ဒုရဲအုပ်ရာထူး အသီးသီး ပေးအပ်ခဲ့ပြီး စနစ်တကျတာဝန်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ဖားအံခရိုင်ရဲမှူးကြီး ဒုတိယ ဗိုလ်မှူးကြီး စောမောင်ကြည်က ပြောသည်။ ၎င်းက “အခုလိုကြယ်ပွင့်တွေတပ်ပေးတာကလည်း ရိုးရိုးတပ်ပေးတာမဟုတ်ဘူး။ အဖက်ဖက်ကနေကြည့်ပြီး တပ်ပေးတာ။ နေရာရတဲ့သူကလွယ်လွယ်နဲ့ရတာမဟုတ်ဘူး။ သူတို့ရဲ့ အကျင့် စာရိတ္တ ကောင်းမွန်မှုအပေါ် ကြည့်ပြီးပေးတာ။ ဒါမှ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရပြီး ပြည်သူတွေနဲ့ လက်တွဲ လုပ်ဆောင်ပြီး ပြည်သူ့ ထောက်ခံမှုနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုရော တရားဥပဒေ စိုးမိုးမှု ရှိလိမ့်မယ်လို့ ယုံကြည်တယ် ”ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ရာထူးပေးအပ်သည့် အခမ်းအနားသို့ KNPF-ဗဟို ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဗိုလ်မှူးကြီး စောကြီးနို၊ ဖားအံခရိုင်ရဲမှူးကြီး ဒုတိယ ဗိုလ်မှူးကြီးစောမောင်ကြည်၊ ဖားအံခရိုင် တရားသူကြီး ပဒိုမန်း ပန်သီ၊ တပ်မဟာ(၇)စစ်ဘက် တာဝန်ရှိသူနှင့် နယ်မြေခံ ကေအဲန်ယူတာဝန်ရှိသူများ၊ ကရင့်အမျိုးသားရဲ တပ်ဖွဲ့မှ ရဲတပ်သားများနှင့် ဒေသခံပြည်သူများ အပါ အဝင် စုစုပေါင်း (၄၀)ကျော် တက်ရောက် ဂုဏ်ပြုခဲ့သည်။ ၎င်းအခမ်းအနားတွင် ရာထူးပေးခံရသော ပိုင်ကျုံမြို့နယ်ရဲအုပ် စောထူးကိုလိုက “အခုဒီကနေ့ ရာထူး ပေးတာကြတော့ တာဝန်ရှိလာတာပေါ့။ အဲဒီတော့ လုပ်စရာတွေများလာတာပေါ့။ မြို့နယ် မှာရော ခရိုင်မှာရော နေတဲ့သူတွေက ချမှတ်ထားတဲ့ ကော်သူးလေ ဥပဒေတွေကို လိုက်နာကျင့်သုံး နိုင်အောင် တရားဥပဒေ စိုးမိုးနိုင်အောင် တိုက်တွန်းလုပ်ဆောင်ရမှာပေါ့။” ဟု ပြောသည်။ KNPF အနေဖြင့် ကေအဲန်ယူထိန်းချုပ်ရာ ခရိုင် ၇ ခုလုံးတွင် ကေအဲန်ယူမှ ချမှတ်ထားသည့် ကော်သူးလေ ဥပဒေများအတိုင်း ရာဇဝတ်မှုဆိုင်ရာဥပဒေ၊ တရားမမှုဆိုင်ရာ ဥပဒေ၊” မှော်” ဥပဒေနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများ ချိုးဖောက်မှု မရှိစေရေး ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိစေရေးတို့အတွက် အကောင် အထည် ဖော်လုပ်ဆောင်ရခြင်းဖြစ်သည်။ https://kicnews.org/2 023/09/%e1%80%80%e1%80%9b%e1%80%84%e1%8 0%ba%e1%80%a1%e1%80 

၂၅။ ဖယ်ခုံမြို့နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ စားနပ်ရိက္ခာလိုအပ်
     September 7, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်လာရောက်မှု နည်းပါးတဲ့အတွက် စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ မြေပြင်စစ်ရှောင်အရေး ဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ တခြားစစ်ရှောင်စခန်းတွေထက် လူဦးရေပိုနည်းသလို အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုကလည်း ပိုအား နည်းတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ အားငယ်ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီပေးသူ တစ်ဦးက ပြောပါတယ်။“ပြောရမယ်ဆိုရင် လူဦးရေကတော့နည်းတာပေါ့နော်။ နောက်ပြီးလို့ရှိရင် စိတ်ဓါတ်မြင့်တင်ပိုင်းဆိုင်ရာ ကတော့ Camp (စခန်း) တိုင်းလိုလို တော့ လိုအပ်တာပေါ့နော်။ ဒါပေမဲ့ သူတို့အနေနဲ့ လူနည်းလို့ အလှူရှင်လည်း သိပ်မရောက် လို့ဆိုတဲ့ ဟာမျိုး အားငယ်ပိုင်းမှာတော့ ရှိတယ်ပေါ့နော်။ ပြီးတော့ ဆရာ /ဆရာမတွေ သိပ်မရှိဘူးဆိုတာ သူတို့အတွက် အားငယ် တဲ့အပိုင်းတွေတော့ရှိတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါစစ်ရှောင်စခန်းဟာ ဝေးလံခေါင်ဖျားတဲ့ နေရာမှာရှိနေတဲ့အပြင် မြေပြင် စစ်ရှောင်ကူညီရေး အဖွဲ့တွေအနေနဲ့ လည်း လက်လှမ်းမမီတာကြောင့် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို စိတ်ဓာတ် မြင့်တင်ရေးအပိုင်းမှာ ဆောင်ရွက်ပေးဖို့လိုအပ်ပြီး အလှူရှင်တွေကို လာရောက်ကူညီပေးဖို့ အဆိုပါ စစ်ရှောင်အရေးကူညီ ဆောင် ရွက်ပေးသူက ဆက်ပြောပါတယ်။“စားနပ်ရိက္ခာအပိုင်းမှာကလည်း လက်ရှိအခြေအနေမှာတော့ တတ်နိုင်တဲ့အပိုင်းမှာတော့ ကျမတို့ ကူပေးတာတွေရှိတယ်။ အခြားအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပေးတာတွေလည်းရှိတယ်” လို့ ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ လူဦးရေ ၁၃၀ ဝန်းကျင်နဲ့ အိမ်ခြေ ၄၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအများစုဖြစ်တယ်လို့ သိရပါ တယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာအပြင် လာမယ့် ဆောင်းရာသီကာလအတွက်လည်း အနွေး ထည်တွေ လိုအပ်တာကြောင့် ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။ https://www.kantarawaddytimes.org/%e1%80%9 6%e1%80%9a%e1%80%b a%e1%80%81%e1%80%af%e1%80

၂၆။ ကျောက်ဖြူဆေးရုံတွင် တာဝန်ကျ OG လက်ထောက်ဆရာဝန်မှ လူနာများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု       တို့ရှိ
    September 8, 2023

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ဖြူ‌ပြည်သူ့ဆေးရုံတွင် တာဝန်ကျနေသည့် OG လက်ထောက် ဆရာဝန်မှာ လူနာများအပေါ် ကိုယ်ထိလက်ရောက်န ရိုက်နှက်ကျူးလွန်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းတို့ ရှိနေကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ ရသူ များကပြောသည်။ အဆိုပါ OG လက်ထောက်ဆရာဝန်မှာ ဒေါက်တာထွန်းလင်းအောင်ဖြစ်ပြီး ပြည်မဖက်မှ တာဝန်ကျနေ သူတစ်ဦးဖြစ်ကာ လက်ရှိကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျလျှက်ရှိနေသည်မှာ ၃ နှစ်ခန့်အကြာရှိနေပြီဟု သိရသ ည်။ ဒေါက်တာ ထွန်းလင်းအောင်မှာ တာဝန်ချိန်အတွင်းတွင် အရက်သေစာသောက်စားထားခြင်းတို့ရှိတတ်ပြီး ဝေဒနာ ခံစားနေ ရသည့် လူနာများအပေါ် ရိုင်းစိုင်းသောအပြောအဆိုများပြောဆိုကာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့လည်းရှိသည်ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ကျမအမော ဖောက်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီမှာ တာဝန်ကျဆရာဝန်က ဒေါက်တာ ထွန်းလင်းအောင်ဖြစ်နေတယ်။ ကျမအသက်ရှုမဝ အမောဖောက််နေတာကိုကြည့်ပြီး ဟန်ဆောင်ပြမနေနဲ့ ကောင်မ ဘာညာ ဆဲဆိုပါတယ်။ လူနာစောင့်လိုက်ပါလာတဲ့ အသက် ၆၀ အရွယ်ကျမအမေကိုလည်းရိုင်းရိုင်း စိုင်းစိုင်း ပြောတယ်။ ပြီးတော့ ကျမရင်ဘတ်ကို ၃ ချက်သူ့လက်နဲ့ထုတယ်။ အသက်ရှုမရ အောင်ဖြစ်သွားပါတယ်။ ပြီးတော့ ပါးစပ်ကိုဖျစ်ညှစ်ပီး ပါးကို ၄ ချက်လောက်ထပ်ရိုက်ပါတယ်။ လက်မောင်းကိုလည်း ၄ ချက်ရိုက် တယ်။ နောက် အောက်ဆီဂျင်ပေးဖို့ ကျမနှခေါင်းကိုထိုးတာ ပါးစပ်နဲ့ နှခေါင်းကနေသွေးတွေထွက်တယ်။ ဒါပေမယ့် အဲ့ဆရာဝန် က ဂရုကိုမစိုက်ပါဘူး။ ပြီးတော့ ကျမကို စိတ်ရောဂါခံစားနေရတယ်ဆိုပြီး ဆေးမှတ်တမ်းရေးပြီးတော့ အိပ်ဆေးတွေပဲ ထိုးပေး ထားခဲ့ပါတယ်” ဟုပြောသည်။

ထိုသို့ကြုံတွေ့ရသည့်အခြေနေမှာ လက်ရှိအမျိုးသမီးတစ်ဦးတည်းမဟုတ်ဘဲ တစ်ခြားကြုံတွေ့ရသူအများအပြား ရှိနေပြီး ထိုအထဲမှ ကလေးမွေးဖွားရန်လာသည့် အမျိုးသမီးများလည်းပါဝင်ပြီး အဆိုပါဆရာဝန်၏ လုပ်ရပ်များ ကြောင့် ကလေး ဆုံးရှုံးရသည်အထိရှိခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူ နောက်ထပ်အမျိုးသမီးတစ်ဦးကဆို သည်။ “မွေးခါနီးကျမကိုကြည့်ပြီး အချိုးမပြေဘူးဆိုပြီးပြောတယ်။ ပြီးတော့ ကျမရဲ့မွေးလမ်းကြောင်းကို လက်နဲ့ နှိုက်ပြီး အဲ့လက်နဲ့ကျမပါးကိုရိုက်ချလိုက်တာ။ ပြီးတော့ ကျမဗိုက်ကို လက်နှစ်ဖက်ဖိချတယ်။ နောက်တော့ ကျမဗိုက်ထဲကကလေးကသေသွား‌ရော” ဟုဆိုသည်။ လက်ရှိ ကျောက်ဖြူပြည့်သူဆေးရုံကြီးတွင် အဆိုပါ ဆရာဝန်တစ်ဦးတည်းသာမက တစ်ခြားဆရာဝန်များလည်း လူနာများအပေါ် ဆိုးရွား သည့် အပြုမှုများဖြင့် ဆက်ဆံမှုတို့ရှိနေပြီး တာဝန်အားအလေးမထားမှုတို့ကြောင့် လာရောက်သည့်လူနာများ အသက်ဆုံးရှုံး ရမှုတို့မကြခဏဖြစ်နေရာ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်လျှက်ရှိသည်ဟု ကျောက်ဖြူဆေးရုံတွင် တာဝန် ထမ်းဆောင်ဖူးခဲ့သည့် သူနာပြုတစ်ဦးက ပြောသည်။ https://www.facebo k.com/photo?fbid=741141091358653&set= a.682731967199566

၂၇။ အာဆီယံက ပြင်းထန်စွာရှုတ်ချတာကို စစ်ကောင်စီက တစ်ဖက်သတ် အမြင်ဆိုပြီး ပယ်ချ
     September 7, 2023

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ လိုက်နာမယ်ဆိုပြီးကတိပေးခဲ့ပါလျှက် မြန်မာစစ်ကောင်စီဟာ ပြည်သူအပေါ်ပိုပြီး ရက်စက်နေမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းပြီး လပိုင်းမှာပဲ မင်းအောင်လှိုင်ကိုယ်တိုင်က အာဆီယံရဲ့ လမ်းညွှန် ချက် ၅ ရပ်ကို လက်ခံတယ်ဆိုပြီး မှ ပိုမိုဆိုးရွားတဲ့ ပြည်သူအပေါ် အကြမ်းဖက်ရက်စက်မှုတွေ လုပ်လာခဲ့ကြောင်း၊ စစ်ရာဇဝတ်မှုတွေပါ ပိုကျူးလွန် လာခဲ့ပြီး ပြည်သူ့နေအိမ်တွေ၊ အရပ်ဘက် အဆောက်အအုံတွေ၊ စာသင် ကျောင်း၊ ဆေးရုံ၊ စျေးတွေကိုပါ တိုက်ခိုက် ဖျက်ဆီးမှုတွေ ပိုလုပ်နေတဲ့အတွက် အာဆီယံအဖွဲ့ကြီးက မူဘောင်အသစ်ချမှတ်ပြီး မြန်မာ့အရေးကို ချဉ်းကပ်မှု လမ်းစဉ်ပြောင်း ရတော့မှာဖြစ်ကြောင်းနဲ့ ဒီလိုပြုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အပြင် လာမယ့် ၂၀၂၆ မြန်မာအလှည့်ကျမယ့် အာဆီယံ အလှည့်ကျဥက္ကဌနေရာကိုပါ အစောကတည်း က ကြိုတင်သဘောတူထားတဲ့အတိုင်း ဖိလစ်ပိုင်ကို လွှဲအပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရဲ့ အမြင်တွေဟာ ရည်ရွယ် ချက်မမှန်ကန်ကြောင်းနဲ့ တစ်ဖက်သတ် အမြင် မျိုးနဲ့ ဘက်လိုက်ဆုံးဖြတ်ချက်မို့ လက်မခံနိုင်ကြောင်း မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၆ ရက်နေ့က ဖော်ပြသွားခဲ့ပါ တယ်။ ဒီဖော်ပြမှုမှာ ၂၀၂၆ အာဆီယံ အလှည့်ကျဥက္ကဌ ရာထူးကို တာဝန်ယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာဖြစ်ကြောင်း လည်း ထည့်သွင်းဖော်ပြခဲ့ ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်က စစ်ကောင်စီလက်ထက်မှာပဲ အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင် လာခဲ့ပြီး အာဆီယံ အလှည့်ကျဥက္ကဌနေရာကို ပထမဆုံး အရပ်ဘက် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါ သေးတယ်။ https://www.facebook.com/photo/?fbid=332546755798 442&set=a.285900490463069

၂၈။မွေးရာပါ နှုတ်ခမ်းအာခေါင် ကွဲနေသူ ၄ ရက်သားအရွယ် ကလေးငယ် ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်နေ
     September 7, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးမန်ပြိန်းကျေးရွာအုပ်စု ပန်နိမ်ရွာမှာ မွေးရာပါ နှုတ်ခမ်းအာခေါင် ကွဲနေသူ မွေးကင်းစ (၄ ရက်သား) ကလေးငယ်ဟာ မိခင်နို့ စို့လို့မရတာကြောင့် ကုသစရိတ်အတွက် အကူအညီ လိုအပ်နေတယ်လို့ ကလေးဖခင်က ပြောပါတယ်။ ကလေးငယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က မွေးဖွားခဲ့တာဖြစ်ပြီး မိဘတွေလည်း စားဝတ်နေ ရေးအတွက် အခက်အခဲ ကြုံတွေ့နေရသူတွေ ဖြစ်ပါတယ်။ ကလေးဖခင်က “ကလေးက ဒီနေ့မှ လေးရက်ဘဲ ရှိသေးတယ်။ ပါးစပ် က နှာခေါင်းထဲအထိ ကွဲနေတာ။ နို့လည်း စို့လို့မရဘူး။ ခွက်ထဲထည့်ပြီး ဒီအတိုင်းဘဲ တိုက်တာ။ ကျနော်တို့ မိသားစုလည်း အဆင် မပြေဘူး။ ကလေးအတွက်လည်း အဟာရမုန့် လိုအပ်နေတယ်” လို့ ပြောပါတယ်။

ကလေးမိဘက အဆင်မပြေတာကြောင့် တခြားသူရဲ့ခြံမှာ ခြံစောင့်အဖြစ် လုပ်ပေးနေပြီး တစ်နေ့လုပ် တစ်နေ့စားနဲ့သာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ ကူညီပေးတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “သူတို့က အစစအရာရာ အဆင်မ ပြေဘူး။ သူများခြံက တဲတွေမှာ တစ်နေရာပြီး တစ်နေရာ သွားနေတာ။ ဒီတိုင်းနေတာတော့ မဟုတ်ဘူး။ သူများခြံ စောင့်ပေးတဲ့ သဘောပေါ့။ တစ်နေ့လုပ် တစ်နေ့စား အဲလိုဘဲ လုပ်နေတာ” ရက်သားအရွယ်သာ ရှိသေးတဲ့ ကလေးငယ်အတွက် ကူညီပေးလိုသူ တွေအနေနဲ့ ဖုန်း 09-696 159 898, 09-407 729 537 သို့ ဆက်သွယ်မေးမြန်းကာ ကူညီပေးနိုင်ပါတယ်။ https://www.facebook.com/photo/?fbid=629337092706892&set=pcb.6 29337766040158

၂၉။ လမ်းဘေးရှိဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်တွင် အမျိုးသားတစ်ဦးသေဆုံး
     September 7, 2023

မိုးသည်းထန်စွာရွာသွန်းသောကြောင့် လမ်းဘေးဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်မြို့ ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မောင်နှမနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်သို့ လမ်းဘေးရှိဓာတ်တိုင်လဲကျခဲ့သောကြောင့် ဆိုင်ကယ်မောင်းနင်သူ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ် သည်ဟု ကျေးရွာနေ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။“မိုးကြမ်းတော့ တိုင်ကလှဲကျတာနဲ့ ဆိုင်ကယ်ဖြတ် သွားတာနဲ့ကွက်တိကိုကျသွားတာ။ မောင်းတဲ့သူကတော့ ပွဲချင်းပြီးဆုံးတာပဲ၊ သယ်သွားကြတာတော့ တွေ့တယ်” ဟုပြောသည်။ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကာ ဆိုက်ကယ်နောက်တွင် လိုက်ပါစီးနင်းသည့် ညီမဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း အသက် ၄၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“ကောင်လေးကတော့ ဆုံးသွားပြီ၊ တိုင်က အရှိန်နဲ့ကျိုးကျလာပြီး ပိသွားတော့ အဲ့နေရာမှာတင်ပွဲချင်းပြီး ဆုံးသွား တယ်။ ညီမဖြစ်တဲ့သူကတော့ ကံကောင်းလို့ ဘာမှမဖြစ်သွားဘူး၊ အခုအချိန်ထိ ဘယ်လူကြီးမှ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူး” ဟုပြောသည်။ သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ စန်းရွှင်နတ်မှောကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယနေ့ နံနက် က မော်ရှန်ကျေးရွာနှင့် ဘုရားကုန်းအနီးရှိ ဓာတ်တိုင်များလှဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က လည်း ဖားကန့်မြို့နယ်တွင် မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခဲ့သဖြင့် သစ်ပင်နှင့် ဓါတ်တိုင်များလှဲကျခဲ့ကာ ဆိပ်မူ ကျေးရွာ အုပ်စု မမုံကျေးရွာက အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ကိုရွှေသိန်းဆိုသူနှင့် လုံးခင်းကျေးရွာအုပ်စု ဂေါက်ကွင်းအနီးရှိ ကထန်မှော်လုပ်ကွက်မြေစာပုံ ကင်းစောင့်သည့် အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဦးစိုင်းမောင်မြင့်ဆိုသူတို့ဖြစ်သည်။ https://www.facebook.com/photo?fbid=621923023468703&set=pcb.6219234 26801996

၃၀။ သရက်ချောင်းမှာ ဖမ်းမိထားတဲ့ WY အလုံးရေ ခုနစ်ထောင်နီးပါးကို သိန်းဌက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့        ဖျက်ဆီး
   September 8, 2023

သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့လက ဖမ်းမိထားတဲ့ မူးယစ်ဆေးပြား ခုနစ်ထောင်နီးပါးကို သိန်းဌက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ( Falcol TYC PDF)က ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမူးယစ်ဆေးတွေဟာ ပြီးခဲ့တဲ့သြဂုတ်လ ၃ ရက်နေ့က သရက်ချောင်းဘက်ကနေ ပုလောဘက်ကိုသွားတဲ့ ဆိုင်ကယ်စီးအမျိုးသားနှစ်ယောက်ဆီက ဖမ်းမိထားတဲ့ WY အလုံးရေ ၆၈၀၀ နဲ့ ICE အမျိုးအစား မူးယစ်ဆေး ၂ ထုပ်တို့ဖြစ်ပါတယ်။ “ဆေးတွေကိုဖမ်းပြီးကတည်းက ထိန်းသိမ်းထားတာ။ ရာသီဥတုဒဏ်ကြောင့် ထိန်းသိမ်းရခက်လာတယ်။ အပေါ်ကလည်း ညွှန်ကြားချက်ဘာမှ မရလို့ မီးရှို့လိုက်တာပါ” လို့ သိန်းငှက် ပြောက်ကျားအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

တာဝန်ရှိသူပြောတဲ့ “အပေါ်က” ဆိုတာက သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို ဆိုလိုတာ ဖြစ်ပါတယ်။ မူးယစ်​ဆေးနဲ့အတူ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးကိုတော့ နှစ်ရက်ခန့် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ ကာ မိဘဆွေမျိုးတွေဆီကို ခံဝန်ကတိလက်မှတ်တွေနဲ့ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ သိန်းငှက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သရက်ချောင်းမြို့နယ်ဧရိယာထဲက ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ မူးယစ်ဆေးအပြင် စစ်ကောင်စီထုတ် အရက် ဘီယာတွေကိုလည်း ဖမ်းဆီးတာ၊ ဖျက်ဆီးတာတွေ မကြာခဏလုပ်ဆောင်နေပါတယ်။ ကျွန်းစုမြို့နယ်မှာလည်း အမျိုသားသုံးဦး ဆီကဖမ်းမိထားတဲ့ WY ဆေးပြား တစ်ထောင်ကျော်ကို အခုလအစမှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါ တယ်။ https://www.facebook.com/photo/?fbid=33085836 9331919&set=pcb.330858425998580

၃၁။တောင်လေးလုံးမှ နိုင်/ကျဥ်းများကို နေရာအပြောင်းအရွှေ့ပြုလုပ်
     September 7, 2023

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသား အချို့ကို ထောင်ပိုင် တာဝန်ရှိသူများမှ နေရာအပြောင်းအရွှေ့ဖြင့် နေရာအသီးသီးသို့ ပို့ဆောင် နေကြောင်း စုံစမ်းသိရသည်။ နိုင်/ကျဥ်းများကို ထောင် ပြောင်းရွှေ့လုပ်ခြင်း နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ အတွင်းမှ စတင်ကာ လက်ရှိ စက်တင်ဘာလ အထိ အကန့်အသတ် ဦးရေဖြင့်ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကိုသိရှိသူ ရှေ့နေတစ်ဦးက ပြောသည်။“မတ်လထဲမှာ တောင်လေးလုံးက ထောင် ဖောက်မှု ဖြစ်ခဲ့တယ်လေ။ အဲ့ဒီထောင် ဖောက်မှု မဖြစ်ခင် ဒီက နိုင်/ကျဥ်း တစ်သုတ်ကို အင်းစိန်ထောင်ပို့ ခဲ့ဖူးတယ်။ ထောင် ဖောက်မှု ဖြစ်ပြီးတဲ့နောက် အင်းစိန် ထောင်ရော၊ သာယာဝတီရော၊ အိုးဘိုထောင် စတဲ့နေရာတွေကို ဦးရေအကန့်အသတ်နဲ့ တစ်သုတ်ပြီး တစ်သုတ်ပို့တာ” ဟု ဖြစ်စဥ်ကို သိရှိသည့် ရှေ့နေ တစ်ဦးက ပြောသည်။

ထို့အပြင် နိုင်/ကျဥ်း မဟုတ်သည့် တခြားပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် တောင်လေးလုံးမှ အကျဥ်းကျနေသူများကို လည်းနာမည်ကြီး ရဲစခန်းများထံသို့ပို့ဆောင်ခြင်းခံရကြောင်းလည်း အထက်ပါရှေ့နေကဆက်ပြောသည်။ လက်ရှိ တောင်လေး လုံး မှ မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခြင်း ခံရသည့် နိုင်/ကျဥ်းများထဲမှ ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ် တစ်ဦးလည်း အပါ အဝင်ဖြစ်ပြီး တခြား နိုင်/ကျဥ်းများလည်းပါဝင်ကြောင်း နိုင်/ကျဥ်း မိသားစုဝင်တစ်ဦးကပြောသည်။“မော်စီး (ရွှေ့လင်းသစ်) က တော့ တစ်ဦးအပါအဝင်ပေါ့။ တခြား နိုင်/ကျဥ်းတွေကိုလည်း စာပို့ အကြောင်းကြားတာ ရှိတယ်။ တချို့ကျတော့လည်း လူကြုံ အကြောင်းကြားတာမျိုးပေါ့။ မော်စီး ကကျတော့ သူ့အမှုက ၁၀ နှစ် ချမှတ်ခံထားရတယ်လေ။ သူ နဲ့ အတူ ပြောင်းခံရတဲ့ တခြား သူတွေက ဘယ်သူတွေလဲ ဆိုတာတော့ မသေချာဘူး”ဟု နိုင်/ကျဥ်းမိသားစုဝင် တစ်ဦးက ပြောသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ (၆) ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျဆုံးသူ စုစုပေါင်း (၄,၀၄၇) ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၁၉,၄၂၄) ဦးရှိနေပြီး (၇,၂၆၂) ဦးက ထောင်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။ https://burmese.shannews.or g/archives/36606

၃၂။ မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို စည်းရုံးရေးကွင်းဆင်းမှုဆောင်ရွက်မည်ဆိုပါက မြို့နယ် ပ.အ.ဖ နှင့်      CDF-Matupi တို့၏ ခွင့်ပြုချက်ရယူရမည်
    September 7, 2023

ချင်းပြည်နယ် မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို စည်းရုံးရေးကွင်းဆင်းမှုဆောင်ရွက်မည်ဆိုပါက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ (CDF-Matupi ဌာနချုပ်) တို့၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြရန် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။  ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြု လုပ်သော မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအ‌ဝေးတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။  ယခု ကိစ္စနှင့်ပတ်သက်၍ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) ပြန်ကြားရေးတာဝန်ခံ ဆလိုင်း KLB က “ကျွန်တော် တို့က NGO ပဲဖြစ်ဖြစ်၊ တော်လှန်ရေးအချင်းချင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့  လက်ဦးဆရာ CNA/CNF ပဲဖြစ်ဖြစ် ဒါက တစ်ဖွဲ့နဲ့တစ် ဖွဲ့ လေးစားမှုရှိအောင်ပါ။ ဒါက ကျွန်တော်တို့ လုံးဝခွင့်မပြုဘူးဆိုတာမရှိပါဘူး။ ခွင့်တော့ပြုပါတယ် ဒါပေမဲ့ ကျွန်တော်တို့မသိပဲနဲ့ မလုပ်ခိုင်းစေချင်ဘူးပေါ့နော်။ အဲ့လိုမျိုးကျွန်တော်တို့မသိပဲနဲ့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ နယ်မြေမှာရှိတဲ့ ပြည်သူလူထုက ကျွန်တော်တို့အပါ်မှာယုံကြည်မှုတွေအားနည်းလာတယ်။ တစ်ဖက်မှာသူတို့အဲ့လိုမျိုးစည်းရုံးရေးလုပ်တဲ့အခါကြတော့ ကျွန်တော် တို့ မကောင်းကြောင်းတွေ၊ ကျွန်တော်တို့ တော်လှန်ရေးမကောင်းကြောင်းတွေ ပြောတယ်။ သူတို့ဖက်မှာ စည်းရုံးတယ်။ အဲ့လို မျိုးဖြစ်လာတဲ့အခါမှာကြတော့ ကျွန်တော်တို့ နယ်မြေထဲမှာ ကျွန်တော်တို့ ကာကွယ်ထားတဲ့ပြည်သူကိုယ်နိုက်ကိုက ကျွန်တော် တို့ကို မယုံကြည်တဲ့အသံတွေက ထွက်လာတဲ့အခါကြတော့၊ ကျွန်တော်တို့အတွက် အဆင်မပြေတဲ့အခါမှာ နောက်နောင် အဲ့လိုမျိုးတွေမဖြစ်လာအောင်၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်‌လေးစားမှုရှိအောင် ပူးပေါင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ပဲ အဲ့ဒီစာကို ထုတ်တာပေါ့။”ဟုပြောသည်။

မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်ကျန်းမာရေးအသင်း၊ မြို့နယ်တရားရေးဌာနစသည့် တော်လှန်ရေးအင်အားစုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော် လျှက်ရှိသည်ဟုဆိုသည်။ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ အများပြည်သူ၏လုံခြုံရေး၊ တော်လှန်ရေးအင်အားစုများ၏ ကျေးရွာ အဆင့်မှ မြို့နယ်အဆင့်ထိယန္တယားလည်ပတ်မှုအပေါ် တာ၀န်ယူမှု တာ၀န်ခံမှုရှိစေရေးအတွက် အကောင်အထည် ဖော်ဆောင် ရွက်ကြသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်သော မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ ဒေသအတွင်း ကွင်းဆင်းစည်းရုံးရေး ပြုလုပ်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို (CNA/CNF နှင့် MP အစု အဖွဲ့စသည်ဖြင့်) စည်းရုံးရေးမဆင်းမီအပြန်အလှန်လေးစားသောအားဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့-မတူပီ၏ ဌာနချုပ်အဖွဲ့ထံ အကြောင်းကြားပြီး ပူးပေါင်း၍သာ ကွင်းဆင်းစည်းရုံးရန်ဖြစ်သည်ဟု မတူပီ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  https://www.facebook.com/photo/?fbid=7838632 00409402&set=pcb.783863333742722

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။