• Today is: Thursday, April 18, 2024

သတင်းထောက်ဟောင်း တစ်ဦးအပါအဝင် ထောင်ဖောက် ပြေးတယ်လို့ စွပ်စွဲခံရသူ ၄၀ ဦးကို တောင်လေးလုံးထောင်က အိုးဘိုထောင်ကို ပြောင်းရွေ့ထား

သတင်းထောက်ဟောင်း တစ်ဦးအပါအဝင် ထောင်ဖောက်ပြေးတယ်လို့ စွပ်စွဲခံရသူ ၄၀ ဦးကို တောင်လေးလုံးထောင်က အိုးဘိုထောင်ကို ပြောင်းရွေ့ထား

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၂၊ ၂၀၂၃။
 
သတင်းထောက်ဟောင်း တစ်ဦးအပါအဝင် ထောင်ဖောက်ပြေးတယ်လို့ စွပ်စွဲခံရသူ ၄၀ဦးကို ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ တောင်လေးလုံး(ညောင်ရွှေ) ထောင်က အိုးဘိုထောင်ကို စက်တင် ဘာလ၊ ပထမပါတ်အတွင်းက ပြောင်းရွေ့ထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှ သတင်းထောက်ဟောင်း တစ်ဦးဖြစ်သူ ကိုခိုင်မြင့်ထွန်း(ခ) ရွှေလင်းသစ်အပါအဝင် အကျဉ်းသား ၄၀ဦးကို အိုးဘိုထောင်ကို ပြောင်းရွေ့ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားအများစုပါဝင်နေတယ်လို့ ဆိုပါတယ်။
 
“ရွှေလင်းသစ်လည်းပါတယ်၊ အများစုက နိုင်ငံရေးအကျဉ်းသားတွေပါ။ ထောင်ဖောက်ပြေးတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေပေါ့။ အခုချိန်ထိတော့ နောက်ဆက်တွဲ အခြေအနေ မသိရသေးဘူး”လို့ FJMM သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
သူတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်လေးလုံး ထောင်ဖောက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ စွပ်စွဲခံထားရသူတွေဖြစ်ပြီး ထောင်ဝန်ထမ်း တစ်ဦးကို အကျဉ်းသားတွေက ကတ် ကြေးနဲ့ထိုးတဲ့ ဖြစ်စဥ်ဖြစ်ပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီက အဖြစ်မှန်ကိုဖုံးကွယ်ပြီး ထောင်ဖောက်ပြေးမှုလို့ ဝါဒဖြန့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
စွပ်စွခံရသူတွေအားလုံးကို အဲဒီဖြစ်စဉ်ပြီးကတည်းကနေ လက်ရှိအချိန်ထိ ထောင်ဝင်စာ ပေးပို့ခွင့် ပိတ်ပင်ထားပြီး ထောင်ပြောင်းရွေ့တာနဲ့ပါတ်သက်လို့ မိသားစုဝင် တွေထံကိုလည်း အသိပေး အကြောင်းကြားတာမရှိဘူးလို့ သိရပါတယ်။
 
အဲဒီထောင်ဝန်ထမ်းနဲ့ ကတ်ကြေးထိုးမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ SYM-UGPDF အဖွဲ့ဝင် ပစ်ခတ်ခံခဲ့ရပြီး နှစ်ဦးဖြစ်တဲ့အထဲက ဆရာသော်ဆိုသူဟာ ပွဲချင်းပြီးသေဆုံးခဲ့သလို ရိုက်နှက နှိပ်စက်ခံရတဲ့ ကိုနန်းဝင်း အောင်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၁၇ရက်နေ့က သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။