• Today is: Tuesday, September 26, 2023

Crime Against Humanity

လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime Against Humanity) ဆိုတာဘာလဲ?

လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများဆိုသည်မှာ စစ်ပွဲကာလဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိခိုက်မည့်အကြောင်းကိုသိရှိပြီး မည်သည့်အရပ်သားလူထုကိုမဆို ဦးတည်၍ စနစ်တကျတိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန် မှုများ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုမြောက်သည့် ပြစ်မှုအမျိုးအစား တွေက ဘာတွေလဲ။

လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့်

ရာဇဝတ်မှုမြောက်သည့်ပြစ်မှုအမျိုးအစား(၁၂)မျိုးရှိပါတယ်။

-လူသတ်ခြင်း

-မျိုးဖြုတ်ခြင်း

-ကျွန်ပြုခြင်း

-ပြည်နှင်ဒဏ်ပေးခြင်း(သို့)အတင်းအကြပ်ရွှေ့ပြောင်းခြင်း

-ထောင်သွင်းအကျဥ်းချခြင်း

-ညှင်းပန်းနှိပ်စက်ခြင်း

-မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ်ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်၀န်ရှိစေခြင်း၊ ကိုယ်၀န်မရရှိစေခြင်း၊ အခြားဆိုးရွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။

-သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှဉ်းပန်းနှိပ်စက်(သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင် စသည့်အုပ်စုများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊

-လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊

-လူမျိုး၊အသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်သော ရာဇဝတ်မှုများပြုလုပ်ခြင်း၊

-တမင်တကာရည်ရွယ်၍ ကြီးစွာသောဆင်းရဲမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း

စသည့်အသေးစိတ်ဆွေးနွေးမှုများကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါတယ်။

လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှု (Crime Against Humanity) အကြောင်း အရာကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်လွှင့်မှုကို စာဖတ် ပရိတ်သတ် များ၊ အများပြည်သူ ဆီသို့ ကျယ်ပြန့်စွာ လေ့လာသိရှိနိုင်ဖို့ FJMM ကလည်း ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

#CrimesAgainstHumanity
#NUG
#MOHR
#humanrights
#federaljournalmyanmar