• Today is: Thursday, April 18, 2024

စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် AA မှ အရာရှိတစ်ဦးသေဆုံးပြီး၊ တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရ

စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် AA မှ အရာရှိတစ်ဦးသေဆုံးပြီး၊ တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၂၉ ၊ ၂၀၂၃

ကချင်ပြည်၊ လိုင်ဇာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာမှာရှိတဲ့ ရက္ခိုင့် တပ်တော် (AA) တပ်စခန်းကို မနေ့ နံနက် ၁၀ နာရီအချိန်က လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲမှုကြောင့် တပ်တော်မှ အရာရှိတစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မနေ့က ကချင်ပြည် ခါယာတောင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးကျည်တွေဟာ ရက္ခိုင့်တပ်တော်စခန်းရှိရာသို့ ‌ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

လက်နက်ကြီးကျည်ကြောင့် ရက္ခိုင့်တပ်တော်မှ အရာရှိတစ်ဦးဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး မနေ့ ညနေ ၄ နာရီအချိန်လောက်က သေဆုံးသွားတယ်လို့ Arakan Princess Media (APM) သတင်း မှာ ဖော်ပြထားပါတယ်။

ကချင်ပြည်တွင် KIA အပါအဝင် K-PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ဟာ မနေ့က တိုက်ပွဲ အ ပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များလည်း နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း ကရင်ပြည် KNU နယ်မြေအတွင်း ရက္ခိုင့်တပ်တော် (AA) တပ် စခန်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ KIA ဌာနချုပ်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရက္ခိုင့် တပ် တော်မှ ဗိုလ်လောင်း ၈ ဦီးအပါအဝင် စုစုပေါင်း ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရပါ။