• Today is: Thursday, April 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 78, September 29, 2023)

၁။        ရပ်စောက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဓနုတပ်က တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

September 28, 2023

ရှမ်းတောင် ရပ်စောက်မြို့နယ် အလယ်ချောင်ကျေးရွာ ဘုရားကိုးဆူကုန်းမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ ၅၅ နဲ့ ၆၆ ကို ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိ သူက ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦး သေဆုံး တာအပြင် ပြင်းထန်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ DPLF ရဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။ “ကျဆုံးတဲ့ စာရင်းကတော့ ရဲဘော်တွေ မျက်မြင်ပေါ့။ ဒါပေမဲ့ အတည်ပြုပေးတာက ရွာသားတွေပါ။ သူတို့ခြိမ်းခြောက်ပြီးတော့ ကားနဲ့ အလောင်း သယ်ခိုင်းတဲ့ ရွာသားတွေ ရှိတယ်လေ။ သူတို့ လုံခြုံရေးအရ ဘယ်ရွာရယ်လို့ ထည့်မပြောဘဲ ကျနော်တို့က တမင်ထိန် ချန်ထားတာပေါ့” အဲဒီနောက်မှာ နှစ်ဖက်တပ်အကြား ၁၅ မိနစ်ခန့် ပစ်ခတ်မှု ဆက်ဖြစ်ပြီးနောက် DPLF တပ်ဖွဲ့ဝင်တွေဟာ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မစ်ရှင် (စစ်ဆင်ရေး)က ကြိုတင်ပြင်ဆင်တာရှိတယ်။ အခေါက်တိုင်းကတော့ မအောင်မြင်တဲ့ မစ်ရှင်တွေလည်းရှိ တယ်။ မအောင်ဘူးဆိုတာက ဘာမှလုပ်မရတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့တွေက ပြည်သူတွေရဲ့ ကားကို အတင်းအကျပ် ယူပြီး သုံးတယ်။ ပြီးရင် ကားပိုင်ရှင်ကိုပဲ ခြိမ်းခြောက်ပြီး မောင်းခိုင်းတာတွေ ရှိတယ်။ ဥပမာ ထော်လာဂျီတွေ ကားတွေ သူတို့က အဲမှာရှိတဲ့ ဒေသခံဟာကို အတင်းယူသုံးတာပေါ့။ ပေါ်တာဆွဲတဲ့သဘောမျိုး။ အဲဒါကြောင့်မို့ ကျနော်တို့က လုပ်လို့အဆင်မပြေ တာနဲ့ ကြာသွားတာပါ”လို့ ၎င်းက ဆက်ပြောပါတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရပ်စောက်-ကောင်းဘို့-ပင်းတယ လမ်းမကြီးတစ်လျှောက်မှာ စစ်တပ်က လမ်းသွားလမ်းလာသူတွေကို စစ်ဆေးမှု တင်းကြပ်နေပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် DPLF က စည်းရုံးရေး ဆင်းခဲ့တဲ့ ရပ်စောက်မြို့နယ် ကောင်းဘို့ရွာကိုလည်း စစ်တပ်က စက်တင်ဘာ ၁၈ ရက်ကစပြီး လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။ https://www.facebook.com/photo?fbid=640408314933103&se t=a.404503215190282

၂။         မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ထောင်ထားသောမြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရ

September 28, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မြို့အဝင်ရှိ ဦးဝမ္မသူးမောင်းပန်းခြံအနီးတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ် မိုင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒေသခံလင်မယားနှစ်ဦးက နင်းမိကြောင်းသိရသည်။ အဆိုပါမြေမြှုပ်မိုင်းနင်းမိ သည့်အတွက် အသက်(၅၀)နှစ်အရွယ်အမျိုးသားသေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော အမျိုးသမီးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။“လင်မယားနှစ်ဦးတောင်ယာသွားရင်း မြို့အဝင်နားမှာ မိုင်းနင်းမိတာပါ။ လူနာတင်ကားနဲ့ သွားရောက်သယ်ဆောင်ခဲ့ပေမယ့် သွေးထွက်လွန်သွားတဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။ အမျိုးသမီးကလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း  ဖလမ်းမြို့၊ ဗားရ်ချောင်းတွင် ငါးမျှားရန် သွားသည့် ဒေသခံ ဦးငွန်ကိပ်ခွဲ(၅၁)နှစ်သည် ဗားရ်တံတားအနီးတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိသည့်အတွက် သေဆုံး ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၂၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၈ ဦးရှိပြီဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးမြို့နယ်ထဲတွင် မင်းတပ်မြို့နယ်လည်း ပါဝင်နေပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂၂ ဦးအနက်မှ ၂၀ ဦးသည် စစ်ကောင်စီတပ်ထောင်ထားသော မြေမြှုပ်မိုင်းကြောင့်သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။ https://ww w.facebook.com/photo/?fbid=643798917889131&set=a.583120797290277

၃။  ဆန် ရိက္ခာပြတ်လပ်မှုကြောင့် ကလေးတွေကို ဦးစားပေးကျွေးမွေး၊ မိဘထမင်းလျှော့စားနေရ

September 28, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာမှာရှိတဲ့ ဒေသခံနဲ့ စစ်ရှောင်တွေဟာ ဆန်ရိက္ခာပြတ်လပ်တာ ကြောင့် ကလေးငယ်တွေကို ဦးစားပေးကျွေးမွေးနေရပြီး မိဘတွေကတော့ ထမင်းလျှော့စားနေရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။“ အခုက စစ်ရှောင်တွေက ထမင်းလျှော့စားရတဲ့ အခြေနေ တော့ရှိသွားပြီ။ ကလေးဦးစားပေးပြီးတော့ မိခင်တွေက လျှော့စားရတဲ့ အခြေအနေ အများကြီးသွားတာပေါ့နော်။ အရင်က ၃၊ ၄၊ ၅ လလောက်က မိခင်တွေက ၃နပ်စားရတယ်။ ဒါပေမဲ့ အဲ့လောက်ထိ မလျှော့စားရဘူး။ အခုက မိခင်တွေက၂နပ်ပဲစားရပြီးတော့မှ  ၂ နပ်တောင်မှ လျှော့စားရတယ် အဲ့လိုဖြစ်သွားတာ ပေါ့နော်။” လို့ ဒေါရောက်ခူ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဆိုပါ ကျေးရွာ နဲ့ စစ်ရှောင်စခန်း ဘက်ကို အလှူရှင်မရောက်လာတာ ၁နှစ်ဝန်းကျင်ရှိပြီဖြစ်ကြာင်း သူကဆက်ပြောပါတယ်။

အလှူရှင် ဆန်လာပေးဝေမှုမရှိတဲ့ တစ်နှစ်အတွင်းမှာ စစ်ရှောင်တွေဟာ ဒေါရောက်ခူ ရွာဒေသခံတွေရဲ့ တောင်ယာ အငှားလိုက်ပြီး ဆန်တွေနဲ့ လဲလှယ်သလို၊ ရွာခံတွေက စစ်ရှောင်တွေကို ဝေငှစားသောက်နေခဲ့ရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။“ဒီမှာ ရွာခံတွေရဲ့ တောင်ယာတွေရှိတော့ သူတို့အဲ့လိုမျိုးသွားပြီးတော့မှ လိုက်ကြတယ်။ ၃ရက်ပေါ့နော် ၃ရက်ဆို ဆန်တစ်ဘုံးရမယ်အဲ့လိုမျိုးပေါ့။ အဲ့လိုမျိုးပြန်လိုက်ကြတယ်လေ”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ လူဦး ရေများတဲ့ မိသားစုနဲ့မသန်စွမ်းသူတွေအတွက် ဦးစားပေးပြီး အလှူရှင်သီးသန့် ရှာပေးရတာမျိုးလည်းရှိတယ်လို့ စစ်ရှောင် ကော်မတီထံကနေ သိရပါတယ်။ အဆိုပါ ဒေါရောက်ခူကျေးရွာမှာ ပါဒေါဒူ၊ ဒေါတမငယ်၊ ၆မိုင်၊ ဒေါငံရောက်၊ ဒေါကော့၊ ‌ဒေါဖာ စတဲ့ ကျေးရွာက ဒေသခံတွေ လာရှောင်ကြတဲ့ စစ်ရှောင်ဖြစ်ပါတယ်။ လက်ရှိမှာ ကျေးရွာက ဒေသခံနဲ့ စစ်ရှောင်စုစုပေါင်း ၅ ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/tvah

၄။  အစိုးရနှစ်ရပ်ကြားတွင် ရခိုင်ပြည် တရားဥပဒေစိုးမိုးရေး ကြားညှပ်နေဟုဆို

September 28, 2023

ရခိုင်ပြည်၏ တရားဥပဒေစိုးမိုးရေးမှာ အာဏာရှင်အစိုးရနှင့် တော်လှန်ရေးအစိုးရတို့ကြားတွင် ထိရောက်မှုမရှိဘဲ ကြားညှပ်နေကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်တွင် ဒုစရိုက်မှုများပြားလာပြီး ယခုနှစ်တွင် ဒုစရိုက်မှုနှင့်အတူ ရာဇဝတ်မှုများ ပို၍များပြားလာကာ ပြစ်မှုကျူးလွန်သူများအား အရေး ယူမှု အလွန်အားနည်းနေသည်ဟု ကျောက်ဖြူဒေသခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။  “အာဏာသိမ်း ပြီးနောက် ပြည်သူတွေက စီးပွားရေးအဆင်မပြေတာ အလုပ်အကိုင်အခွင့်အလမ်းမရှိတာနဲ့ ကုန်ဈေးနှုန်းက ကြီးတာကြောင့် မရှိဆင်းရဲသားတွေက ခိုးဖို့၊ ဝှက်ဖို့၊ လုယက်ဖို့ ဖက်ကို တွေးလာကြတယ်။ ကိုယ့်မိသားစု ထမင်းငတ်နေတော့ ရရာနည်းလမ်းနဲ့ ဖြေရှင်းလာကြတယ်။ တစ်ဖက်မှာလည်း အရေးယူမှုတွေ အလွန်အားနည်းတာကို။ ဒုစရိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် အောက်ခြေ က ပြည်သူတွေကို စားဝတ်နေရေးအဆင်ပြေအောင် လုပ်ပေးဖို့ပဲ”ဟု ပြောသည်။ ဒုစရိုက်မှု၊ ရာဇဝတ်မှုများမှာ ရခိုင်တပြည်လုံး က မြို့နယ်တိုင်းလိုလိုတွင် ဖြစ်ပွားနေပြီး လုယက်ကာ လူသတ်မှုနှင့် အကြောင်းမဲ့ လူသတ်မှုမှာ စစ်တွေမြို့၊ တောင်ကုတ်မြို့၊ ရသေ့တောင်မြို့တို့ အများဆုံးဖြစ်နေကြောင်း စုံစမ်းသိရသည်။

စစ်တွေဒေသခံတစ်ဦးက “ရခိုင်ပြည် မြောက်ပိုင်းမှာဆိုရင် စစ်တွေမြို့က လုယက်မှု၊ ဓါးမြတိုက်တာ၊ ခိုးတာ၊ ဝှက်တာ အများဆုံးလို့ ပြောလို့ရတယ်။ နေ့စဉ်ဆိုသလို ဖြစ်နေကြတာ။ တချို့ဆို ဓါးထောက်ပြီး ဆိုင်ကယ်ကို လုတာ။ လမ်းသွားနေရင်း မိန်းကလေးတွေ ရွှေကြိုးလုယက်ခံရတာ၊ ဖုန်းလုယက်ခံရတာရှိတယ်။ သူတို့တောင်းတာ မပေးရင် အသက်အန္တရာယ်တွေ တောင် ရှိနိုင်တယ်” ဟု ပြောသည်။ ဒုစရိုက်မှု၊ ရာဇဝတ်မှုများ ပပျောက်အောင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရုံဖြင့် မလုံလောက်ဘဲ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်ပြီး လက်ရှိ ရခိုင်ပြည်၏ တရားဥပဒေ စိုးမိုးရေးမှာ အစိုးရနှစ်ရပ်ကြားတွင် ကြားညှပ်နေကြောင်း ရခိုင်ပါတီနိုင်ငံရေးအသိုင်းအဝိုင်းထဲက နိုင်ငံရေး သမားတစ်ဦးက ပြော သည်။ စစ်ကောင်စီ၏ အာဏာပိုင်အဖွဲ့အစည်းများမှ ဒုစရိုက်မှု၊ ရာဇာဝတ်မှုများကို လျစ်လျူရှုပြီး ရက္ခိုင့်တပ်တော် ULA/AA ၏ နိုင်ငံရေးမှူးများကို ဖမ်းဆီးရေးနှင့် ယန္တရားများအား ဖျက်ဆီးရေးကို ပိုလုပ်နေကြောင်း ရခိုင့်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ မြို့ပေါ်ကို စစ်ကောင်စီက တာဝန်ယူပြီး ကျေးလက်ဒေသဖက်ကို ရက္ခိုင့်တပ်တော် ULA/AA မှ တာဝန်ယူကာ တရား ဥပဒေစိုးမိုးရေးကိုဖြေရှင်းသင့်ကြောင်းနှင့် ကျေးလက်ထက်မြို့ပေါ်တွင် ဒုစရိုက်မှုနှင့် ရာဇဝတ်မှုများအဖြစ်များနေ၍ တရား ဥပဒေ စိုးမိုးရေးအတွက် စစ်ကောင်စီမှာ အဓိက တာဝန်ရှိကြောင်း ဦးဖေသန်းက ဆိုသည်။ သို့သော်လည်း ရက္ခိုင့်တပ်တော် ULA/AA မှ ကိုင်တွယ်ဖြေရှင်းနေသော ရသေ့တောင်မြို့နယ်က ကျောင်းဆရာမအမှုတွင် သံသယတရားခံ ထွက်ပြေးသည့် ဖြစ်စဉ် ရှိခဲ့၍ AA ၏ အုပ်ချုပ်ရေးယန္တရားကို ပြည်သူများက ဝေဖန်မှုရှိခဲ့သည်။ https://www.facebook.com/photo/?fbid=753407 500132012&set=a.682731967199566

၅။ စစ်အာဏာရှင်ကို အမြစ်ပျက်တော်လှန်တိုက်ပွဲဝင်ရန် မူဝါဒနှင့်လမ်းစဉ်များ CDF-Hakha ဗဟိုကောင်စီ ချမှတ်

September 28, 2023

CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယ်အကြိမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ ပြီးစစ်အာဏာရှင်ကို အမြစ်ပျက်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်ရန် လူဝါဒနှင့်လမ်းစဉ်များချမှတ်နိုင်ခဲ့လို့ ဆိုပါ တယ်။ CDF-Hakha ဗဟိုကောင်စီရဲ့ ပထမအကြီမ် လူထုညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့၊  ၂၀၂၂ ခုနှစ်ကကျင်းပခဲ့ပြီး ယခုနှစ်ကျင်းပတဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် အရင် CDF-Hakha ကောင်စီ နာမည်ကို CDF-Hakha ဗဟိုကောင်စီဟု ပြောင်းလဲကာ ဗဟိုကောင်စီခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF-Hakha ဗဟို ကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် ကိုယ်စားလှယ် ၃၅၈ ဦး တက်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပတ်သက်သူ များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်လို့ ညီလာခံက ထုတ်ပြန်လိုက်ပါတယ်။

CDF-Hakha ဗဟိုကောင်စီရဲ့နယ်မြေများဖြစ်သော ဟားခါးမြို့နယ်အတွင်း ဇိုခွါဒေသ၊ ဆဲန်ထန်းဒေသ၊ မီဧဒေသနှင့် ဟားခါးမြို့ပေါ်တွင် အခြားသောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များအား လက်မခံကြောင်းနှင့် ရည်မှန်း ချက်တူသော ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/A)၊ CJDC၊ Chinland Council၊ NUG နှင့် အခြားသော တော်လှန်ရေးအဖွဲ့ များနှင့် ချိတ်ဆက်ပြီး တိုက်ပွဲ၀င်နေကြောင်း CDF-Hakha ဗဟိုကောင်စီက ထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးတွင် အသတ်ပေးခဲ့ကြသော အာဇာနည်သူရဲကောင်းများနှင့် တော်လှန်ရေးတွင်ပေးဆပ်သူအားလုံးကို လေးစားဂုဏ်ပြုရင်း ပြည်သူ တွေအားလုံးကလည်း မိမိတက်နိုင်သည့်ဖက်က နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ကြရန် CDF-Hakha ဗဟိုကောင်စီရဲ့က ဖိတ်ခေါ်လိုပ်ပါတယ်။ https://www.facebook.com/photo/?fbid=847553920710563&set=a.716654973800459

၆။ တနင်္သာရီမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF က သွားရောက် ပစ်ခတ်၊ အရာခံ ဗိုလ် ၁ ဦး အပါဝင် ၂ ဦးသေဆုံး

September 28, 2023

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် (၅၆၁) ခြေမြန် တပ်ရင်းကို PDF ပူးပေါင်း တပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်က အရာခံ ဗိုလ် တစ်ဦး အပါဝင် နှစ်ဦး သေဆုံးကာ တစ်ဦး ပြင်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ၆ နာရီ အချိန်ခန့်တွင် အမှတ် (၅၆၁) ခြေမြန် တပ်ရင်းကို PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးအပါဝင် နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ “တိုက်ပွဲက ဒီနေ့ မနက်မှာ ဖြစ်တာပါ။ အရာခံ ဗိုလ် တစ်ဦး ကျတယ် သိရတယ်။ အလောင်းကို တပ်ရင်းထဲကို ချက်ချင်း သယ်သွားတာပါ အခြားထိခိုက် ဒဏ်ရာရရှိတဲ့ သူတွေလည်း ရှိနေပါသေး တယ် ” ဟု စစ်ကောင်စီ တပ်အတွင်း အရင်းမြစ် တစ်ဦးက ဆိုသည်။

အဆိုပါ တပ်ရင်းကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) ၏ တပ်ခွဲ (၁) နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း၍ အလစ်ငိုက် သွားရောက်တိုက်ခိုက်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးနှင့် ရဲဘော်တစ်ဦးသေဆုံးက တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော် ပြထားသည်။ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက “အရာခံဗိုလ် သေဆုံးတာ တပ်ဖက်ကထွက် လာတဲ့ သတင်းဖြစ်လို့ အတည်ပြုနိုင်ပါတယ်။ နောက်ပြီး အဲ့ဒီ အရာခံဗိုလ် အလောင်းကိုသယ်သွားတဲ့အချိန်မှာ ထပ်ပြီး ပစ်ခတ်ခံ ရလို့ တပ်ထဲ ရောက်တဲ့ အချိန်မှာ နောက်တစ်ဦးထပ်သေ။ တစ်ဦး ဒဏ်ရာရတယ်”ဟု ပြောသည်။ အထက်ပါ တိုက်ခိုက် မှု တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ https://www.facebook.com/photo/?fbid=75320730348536 5&set=a.682731967199566

၇။        မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

September 28, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်ဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ယာဉ် ၆ စီးကို မနေ့က ညနေ ၇ နာရီ ဝန်းကျင်မှာ ၁၀၅ မိုင်နဲ့ တုန်ခံ‌ကျေးရွာကြား TNLA ချုံခို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲ နာရီ ဝက်ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ များပြားတယ်လို့ TNLA မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။ “စယ်လန့် ဘက်မှာ အင်အားဖြည့်ဖို့ သွားတာ ထင်တယ်။ ကျနော်တို့က သတင်းကြိုရလို့ သွားစောင့်ပြီး တိုက်တာ။ ကားတွေကိုပစ်ပြီး နောက်ဆုတ်ခဲ့တယ်။ သူတို့ဘက်က ဆေးရုံတင်ထားရတာတွေ လည်း ရှိနေတယ်” လို့ သူကပြောပါတယ်။

ဒီစစ်ကောင်စီတပ် ယာဉ် ၆ စီးဟာ ကိုးကန့် တပ်မတော်- MNDAA နဲ့ စစ်ရေးတင်းမာနေတဲ့ မုံးကိုးမြို့ကနေ မူဆယ်မြို့ နယ်၊ စယ်လန့်ကျေးရွာအုပ်စုဘက် အင်အားဖြည့်တင်းဖို့ ဦးတည်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ယာဉ်တန်း ချုံခို တိုက်ခိုက်ခံခဲ့ရပြီးနောက် တုန်ခံကျေးရွာ အနီး စစ်ကောင်စီတပ်က မနေ့ ည ၈ နာရီ ဝန်းကျင် အထိ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲက ရွာနားလေးမှာပဲ ဖြစ်တယ်။ တိုက်ပွဲငြိမ်ပြီးတဲ့ နောက်မှာ စစ်တပ်က တစ်ဖက်သတ် ရမ်းပစ်တာ။ ရွာကလူတွေကို ထိမထိတော့ အခုထိ မကြားမိသေးဘူး” လို့ တုန်ခံရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။ TNLA ဘက်ကတော့ စစ်ကောင်စီ ယာဉ်တန်း ချုံခိုတိုက်ခိုက်မှုနဲ့ စစ်ကောင်စီဘက်က သေဆုံးမှုကို တစ်စုံတစ်ရာထုတ်ပြန်တာ မရှိ သေးပါဘူး။ https://www.facebook.com/photo?fbid=34382331800411 9&set=a.285900490463069

၈။        ကျိုက်မရောတွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

September 28, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာထဲမှာ စက်တင်ဘာ ၂၇ ရက်ညပိုင်းက လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မနေ့ည ၉ နာရီခွဲလောက်က  ကနာလိုကျေးရွာရှိ ဒေသခံနေအိမ် နှစ် လုံးအပေါ် လက်နက် ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် မောင်မင်းကို နဲ့ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးပန်အေးနဲ့ ဒေါ်ဖီတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

ဒေသခံတစ်ဦးက“ဒီရွာမှာက ဘယ်တုန်းကမှတိုက်ပွဲဖြစ်တာမရှိဘူး၊ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ လက်နက်ကြီး နှစ်လုံး ကျလာတာ၊ သုံးယောက် ဒဏ်ရာရတယ်၊ ကလေးတယောက်ကတော့ ဒဏ်ရာပြင်းတယ်”လို့ ပြောပါတယ်။ ဘယ်ဘက်မျက်နှာ တစ်ခြမ်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးကိုတော့ လူမှုကယ်ဆယ်ရေး အဖွဲ့အကူအညီနဲ့ ကျိုက်မရောဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် နှစ်လုံး ကြွေမွပျက်စီးခဲ့ပြီး နောက်ထပ် နေအိမ်ခြောက်လုံးနဲ့ ကားတစ်စီးကလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ မွန်လူမျိုး အများစုနေထိုင်တဲ့ ကနာလိုကျေးရွာဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် ကျေးရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ https://burmese.dvb.no/post/617167

၉။        စစ်ကောင်စီတပ်က လမ်းပိတ်ထားလို့ တကူကျေးရွာအုပ်စုမှာ ဆန်ပြတ်လပ်ပြီး စားသောက်ကုန်တွေ စျေးမြင့်တက်လာ

September 28, 2023

တနင်္သာရီမြို့နယ်ထဲက လမ်းသုံးခွဆုံမှတ်ဖြစ်တဲ့ ဇဝဲရွာစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်ပိတ်ဆို့ထားတာကြောင့် တကူကျေးရွာအုပ်စုမှာ ဆန်ပြတ်လပ်တာတွေနဲ့ ကြုံနေရပြီး စားသောက်ကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။“လွန်ခဲ့တဲ့ သုံးရက်လောက်ကဆို တကူဘက်မှာလုံးဝဆန်ပြတ်သွားတယ်။ ပြီးတာနဲ့ စျေးကလည်းထိုး တက်လိုက်လာတာပဲ။” လို့ တကူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဇဝဲရွာစစ်ဆေးရေးဂိတ်ဟာ မြိတ်မြို့နယ်ကနေ တနင်္သာရီမြို့နယ်ထဲကိုဝင်ရင် တွေ့ရတဲ့ ဂိတ်ဖြစ်ပြီး ဇဝဲရွာ၊ တနင်္သာရီမြို့ဘက်နဲ့ တကူကျေးရွာအုပ်စုတွေကို ဆက်သွယ်ထားတဲ့ လမ်းဆုံနေရာဖြစ်ပါတယ်။ အဓိကပိတ်ထားတာက စစ်ကောင်စီတပ်တွေမကြာခဏတိုက်ခိုက်ခံရလေ့ရှိတဲ့ တကူကျေးရွာအုပ်စု တွေဆီ သွားတဲ့လမ်းဘက်ပါ။ ဒါကြောင့် တကူ၊ သာရဘွင်၊ သိန္ဓော၊ ကော့မပြင်း စတဲ့ကျေးရွာအုပ်စုတွေမှာ ဆန်ပြတ်လပ်တာ တွေနဲ့ စျေးနှုန်းမြင့်တက်တာတွေ ကြုံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။ တကူဘက်မှာ ဆန်ပြတ်သွားတဲ့ အတွက်အနီး အနားရွာက မုန့်တီခြောက်တွေဝယ်ပြီးစားသောက်ရတာရှိသလို၊ တချို့အိမ်ထောင်စုတွေကတော့ အိမ်မှာ ကြိုတင်သိုလှောင်ထား တာတွေနဲ့ စားသောက်ခဲ့ရတယ်လို့ ဒေသခံ အမျိုးသားက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကိုကျပ် ခုနှစ်သောင်းခွဲလောက်ရှိရာကနေ တစ်သိန်းငါးထောင် ဝန်းကျင် လောက်ထိစျေးတက်သွားပြီး တစ်ပြည်ကိုလည်းကျပ် ၄,၂၀၀ ကနေ ကျပ် ၄,၅၀၀ လောက်ထိစျေးတက်သွားတယ်လို့ သိရပါတယ်။ လမ်းပိတ်ခံရတဲ့အထဲမပါတဲ့ ကျေးရွာအုပ်စုတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုဂယက်တွေကြောင့် ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်ကို ကျပ်တစ်သောင်းနီးပါးလောက် စျေးထပ်တက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇဝဲဂိတ်ကို အခုလိုမကြာခဏပိတ်လိုက်၊ ဖွင့်လိုက်လုပ်နေတာကြောင့် ဒေသတွင်းမှာ ဆန်အပြင် တခြားစားသောက်ကုန်တွေ လည်း စျေးတက်လာတယ်လို့ သိရပါတယ်။ “စျေးကို ကြေးပြား တစ်သောင်းနဲ့သွားလို့မရ။ အခုက စျေးတအားကြီးလာတယ်။ ချဥ်ပေါင်ရွက်ဆိုလည်း နှစ်စီးလောက်ဝယ်မှ ဟင်းတစ်ခွက်ရတာ။ ပဲသီးတစ်စည်းကလည်း ကိုးတောင့်လောက်ပဲပါတယ်။” လို့   ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အရင်ကဆိုရင် ပိုက်ဆံငါးထောင်လောက်နဲ့စျေးသွားရင်တစ်ရက်စာဖူလုံပေမဲ့ အခုက တော့ တစ်သောင်းနဲ့တောင်မှ လောက်ငှအောင်မရတော့ဘူးလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။ https://www.facebo ok.com/photo/?fbid=341075304976892&set =a.196212682796489

၁၀။      ကန်ပက်လက် စစ်ကောင်စီရုံး ၂ ခုတိုက်ခိုက်ခံရ၊ တော်လှန်ရေးအဟန့်အတားဖြစ်စေမည့် လုပ်ရပ်များကို CDF-ပလက်ဝ အရေးယူမည်

September 28, 2023

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ပညာရေးရုံးတို့ကို CDF-Kanpetlet တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet တပ်မဟာမှူးဆီက သိရပါတယ်။ ကန်ပက်လက်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ လောက် တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို မနေ့ မနက် ၆ နာရီကနေ ၁၁ နာရီအထိ သွားရောက်တိုက်ခိုက်ခဲ့သလို နေ့လယ် ၂ နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက်လောက် တပ်စွဲထားတဲ့ ပညာရေးရုံးကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောပါတယ်။ “ထွေအုပ်ရုံးက မြို့ရဲ့အရှေ့ဘက်၊ ပညာရေးရုံးကတော့ မြို့ လယ်ပိုင်းကျတယ်၊ ကတုတ်ကျင်းနဲ့ အနီးဆုံးကို ရောက်ရှိခဲ့ကြတယ်။ လက်ရှိမှာ လက်နက်ကြီး၊ Sinper၊ Drone နဲ့ ကျည်တွေလို အပ် နေတယ်ဗျ။ ဒီနေ့ပွဲက စခန်းသိမ်းအခွင့်အရေးရရှိခဲ့ကြတာပါ၊ လက်နက်ကြီးမရှိတာ၊ ကျည်ဆန်မလုံလောက်တာ၊ မောင်းပြန် ကိုယ်စီမရှိတာနဲ့ ဒရုန်းတွေ မတပ်ဆင်နိုင်တာကြောင့် မသိမ်းနိုင်ခဲ့ပေမဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ မှတ်တမ်းဓာတ်ပုံ တွေက ရှေ့တန်းကနေ မရသေးပါဘူး။” တိုက်ပွဲဖြစ်ပွားစဥ်အတွင်းမှာ စနိုက်ပါနဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပွား နိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ကာင်စီတပ်စခန်းနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ CDF-Kanpetlet ရဲ့ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” သိန်း (၅၀၀၀) Campaign မှာ ပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခြေစိုက်တဲ့ CDF-ပလက်ဝ (Chinland defense force -Paletwa) အနေနဲ့ တော်လှန် ရေး မှာ အဟန့်အတားဖြစ်စေမယ့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနေချိန်မှာ CDF-ပလက်ဝကို ထောက်ခံအားပေး တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝန်းရံဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အဖျက်အမှောက် ပြုလုပ်တာ၊ စိတ်ဝမ်းကွဲစေမယ့် သတင်းအချက် အလက်တွေနဲ့ ဝါဒမှိုင်းတိုက်တာတွေ လုပ်ဆောင်နေတဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။ CDF ပလက်ဝ တာဝန်ရှိသူက “ပလက်ဝမြို့မှာက လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက် တော်လှန်ရေးမှာ ထိထိရောက်ရောက် ပါဝင်သူတွေရှိသလို နှောင့်ယှက်နေတဲ့ ပြည်သူတွေလည်း ရှိတယ်။ နှစ်ဖက်ချွန်တဲ့ အခွင့်အရေးသမားတွေပေါ့၊ အဲ့လိုလူတွေက တခြားပြည်သူတွေကို သွေးထိုးတဲ့အခါ သဘောထားတွေ ကွဲလွဲသွားပြီး ကျနော်တို့အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ လျော့နည်းသွားတယ်၊ ထိခိုက် နစ်နာမှုတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။ ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို သွေးခွဲပြီး တော်လှန်ရေးကို အဟန့်အတား ဖြစ်စေမယ့် လုပ်ရပ်တွေကို နောက်နောင်မပြုလုပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက CDF-ပလက်ဝအနေနဲ့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြင်းထန်ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ https://burmese.dvb.no/post/ 617131

၁၁။      မချမ်းဘော့တွင် CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်ကောင်စီတပ်က လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး

September 28, 2023

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာနေ CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယမန့်နေ့ည ကိုးနာရီခွဲခန့်က နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ ဒလန်သတင်းပေးမှုကြောင့် နေအိမ် ရောက်ရှိသည်နှင့် ဖမ်းခံရခြင်းဖြစ်ကြောင်း နမ်းခမ်းကျေးရွာနေ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။“CDM ဝင်ထားလို့ရွာမ ပြန်လာဘဲအောက်ပိုင်းမှာပဲနေတာ။ အရင်နေ့ကမှပြန်လာတာ ရွာကဒလန်တွေသတင်းပေးပုံရတယ်။ ပြန်ရောက်တာနဲ့ ချက်ချင်း ဖမ်းသွားတယ်။ ဆရာပြန်လာတာ ကျွန်တော်တို့တောင်မသိဘူး။ ဆရာကတိတ်တိတ်လေး ပြန်လာတာ။ ညကအိမ်ကို စစ်သား တွေဝိုင်းပြီးဖမ်းသွားမှသိတာ။ ဆရာက CDM ဝင်တာကလွဲလို့ နိုင်ငံရေးလှုပ်ရှားတာမျိုး မကြားဖူးဘူး” ဟုပြောသည်။ ဆရာကြီး သည် ဆီးချိုသွေးချိုနှင့် ကျောက်ကပ်ရောဂါခံစားနေသောကြောင့် သူ၏ကျန်းမာရေးအတွက် စိတ်ပူမိကြောင်း သူကဆက်ပြော သည်။“ကိုယ့်ရွာသားအချင်းချင်းကိုမှ လုပ်ရက်တာ။ ရွာမှာလည်း တကယ်လေးစားရတဲ့ ဆရားတစ်ပါးပဲ။ ဆရာက ကျန်းမာရေး မကောင်းဘူး။ ထောင်ထဲရောက်ရင် ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာလည်း သိသိနဲ့လုပ်ရက်ကြတာ” ဟု ပြော သည်။

ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းမှ လက်နက်အပြည့်အစုံ အင်အားနှစ်ဆယ်ခန့်ဖြင့် လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာခံ အမျိုးသားတစ်ဦးကပြောသည်။“ငါတို့လည်း ဆရာပြန်လာတာမသိလိုက်ဘူး။ ကားနဲ့လာ ပြီးဖမ်းသွားတာ။ ကားကိုတော့ ဆရာအိမ်မရောက်ခင် ရပ်ထားပြီး ခြေကျင်နဲ့ဝင်ဖမ်းသွားတာ။ လက်နက်အပြည့်အစုံနဲ့လာဖမ်း သွားတာ။ အင်းအားကတော့ အရမ်းများတယ်။ မနှစ်တုန်းက အားလူးခြံလုပ်တဲ့နေရာမှာ၊ ဒီနှစ်လည်းခြံပြန်လုပ်မယ်ဆိုပြီး ပြန်လာတာဟုတ်တယ်တဲ့” ဟုပြောသည်။ ဖမ်းဆီးခံရသူမှာ ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ် ဆရာကြီးဖြစ်သော အသက် ၆၀ ခန့်အရွယ် ဦးဟေဆန်း ဖြစ်ပြီး လက်ရှိအချိန်တွင် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။ အာဏာသိမ်းပြီး နောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများက CDM လှုပ်ရှားမှု တွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် CDM အချို့မှာ ဝန်ခံကတိထိုးကာ ရုံးပြန်တက်နေကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=633636868

၁၂။       ထိုင်းဘက်မှာ ခိုလှုံနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေ အခက်အခဲများကြောင့် အရဲစွန့်ပြီး နေရပ်ပြန်

September 28, 2023

ကရင်နီပြည် အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရာက ခက်ခဲ ကြပ်တည်းလာတဲ့ အတွက် နေရပ်ဒေသကို ပြန်လည် ဝင်ရောက် နေထိုင်မှုတွေ များလာတယ်လို့ ထိုင်း- မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းတွေက သိရပါတယ်။ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ ရှားတော၊ မယ်စဲ့ စတဲ့ တိုက်ပွဲပြင်းထန်နဲ့ မြို့နယ်တွေက ဒေသခံ ပြည်သူ တွေဟာ ထိုင်း-မြန်မာနယ်စပ်၊ စစ်ရှောင်စခန်း တစ်ခုမှာ တိမ်းရှောင်နေရာ လူသောင်းဂဏာန်း နီးပါးအထိ ရှိလာတယ်လို့ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရှောင်ကူညီရေးအဖွဲ့ တစ်ခုကပြောပါတယ်။ “အခု လောလောဆယ် ကျနော်တို့ ထိုင်း-ကရင်နီ နယ်စပ် တကြောမှာတော့ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဦးရေက စုစုပေါင်း ခန့်မှန်းခြေ ၇,၅၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ပြည်တွင်းကနေ ထွက်ပြေးလာကြ သူတွေပါပဲ။ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ ရှားတော၊ မယ်စဲ့ ဘက်တွေကပဲပေါ့။ ထပ်တိုးမယ့် အနေအထားကတော့ စစ်ရေး အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်” လို့ အဲဒီ စစ်ရှောင်စခန်းကို ကူညီထောက်ပံ့ ပေးနေသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ ထိုင်း – မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ တည်ရှိပြီး ထိုင်းအာဏာပိုင် ခရိုင်၊ မြို့နယ် အဆင့် နဲ့ လဝက၊ ရဲ၊ နယ်ခြားတပ်တွေရဲ့ အဆင့်ဆင့် စိစစ်မှုများကြောင် စစ်ရှောင် စခန်းနေ ခိုလှုံသူတွေ အဆင်မပြေလို့ ကိုယ့်အရပ် ဒေသကို အရဲစွန့် ပြန်သွားသူတွေ များနေတယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ သက်စွန့်ဆံဖျားနဲ့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပြည်တွင်းကို ပြန်ဝင်နေကြတာလည်း ရှိပါတယ်။ ထိုင်းဘက်ခြမ်း ဖြစ်နေတဲ့အခါမှာ သဘာဝ အရတော့ သူတို့အနေနဲ့ သူတို့ဘက် မှာ အကြာကြီး ဘယ်နေစေချင်မလဲနော်။ ဒါပေမဲ့လည်း တချို့ သဘောကောင်းတဲ့ အာဏာပိုင်တွေကလည်း လူသားချင်း စာနာမှု အရ နားလည်မှုနဲ့ မသိချင်ယောင်ဆောင်ပေးတာမျိုးတွေလည်း တခါတရံတော့ ရှိတယ်” လို့ စစ်ရှောင် ကယ်ဆယ်ရေး တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။ အခုလို စစ်ရှောင်ဦးရေ များပြားမှုနဲ့အတူ အာဟာရ ချို့တဲ့မှု၊ ယားနာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ချောင်း ဆိုး အော့အန်မှုတွေ အဖြစ်များနေတယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ဘေးရှောင်တွေ အတွက် စားသောက်ဖွယ်ရာ စီမံမှု အခက် အခဲတွေအပြင် အစားအသောက် မပျက်စီး မပုတ်သိုးစေဖို့ ရေခဲပုံးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ https://www.face book.com/photo/?fbid=343659788020472&set=pcb.34365988 4687129

၁၃။      AA နှင့် အပစ်ရပ်ထားသည့် ရခိုင်တွင် စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ပိုလုပ်လာနေ

September 28, 2023

ရက္ခိုင့်တပ်တော် ULA/AA နှင့် အပစ်အခတ်ရပ်နားထားသည့် ရခိုင်ပြည်အတွင်း စစ်ကောင်စီက လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှု ပိုလုပ်လာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ မေလကနေ ယခု စက်တင်ဘာလအထိ ရခိုင့်ပင်လယ်ပြင် နှင့် တပ်ရင်းများတွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ရှိကြောင်း သိရသည်။ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်၌ စစ်ကောင်စီ ရဲတပ်မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်နေကြောင်း မာန်အောင်ရေလုပ်သားတစ်ဦးက ပြောသည်။ “ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိဘဲ လာပြီး စမ်းသပ်ပစ်ခတ်နေတာ။ ပင်လယ်ထဲမှာ ငါးဖမ်းသမားတွေ အများအပြားရှိတယ်။ ထိခိုက်သွားရင် ဘယ်သူက တာဝန်ယူမလဲ။ နောက်ဆိုရင် ပြည်သူတွေ ကို အသိပေးချပြသင့်ပါတယ်။ ဒါမှ ရှောင်တိမ်းလို့ ရမှာဖြစ်ပါတယ်”ဟု ပြောသည်။ မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တပ်ရင်းမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးပင်၊ ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးချောင်းကြီး၊ ဘားဘူတောင်၊ င/တင်ဗျင်း စသည့်ကျေးရွာအနီးတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့သည်။

မင်းပြားအခြေစိုက် ခမရ ၃၇၉ တပ်ရင်းနှင့် ခမရ ၃၈၀ တပ်ရင်းကြားရှိ သင်းချပ်မြောင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ပိုင်းကလည်း လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၁ ရက်က ကျောက်တော်မြို့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးအနားမှ နဂရာကျေးရွာ၊ ရုတ်သားကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာတို့က ပစ်ခတ်သံကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။  မြောက်ဦးမြို့တွင် လည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ ၁၉၊ ၂၀ ရက်တို့တွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ကို ဒေသခံများက ကန့်ကွက်မှုကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ စစ်ကောင်စီက ရခိုင်ပြည်အတွင်း လက်နက်ကြီးများ၊ လက်နက် ငယ်များ စမ်းသပ်ပစ်ခတ်နေခြင်းသည် တိုက်ပွဲကို ပြန်လည်ခေါ်ယူနေသလို ဒေသခံပြည်သူများကိုလည်း စိုးရိမ်မှုမြင့်တက် စေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမ်းသားကြီးက ပြောသည်။  “AA နဲ့ အပစ်ရပ်နားထားလို့ ဒေသ ငြိမ်နေတာကို ပြန်လှုံ့ဆော်တာနဲ့တူတယ်။ ဖြစ်နိုင်ရင် လက်နက်စမ်းသပ်ပစ်ခတ်မှု စစ်ကောင်စီကို မလုပ်စေချင်ဘူး။ ဒီလို လုပ်နေတာက စစ်ပွဲ ကို ပြန်အစဖော်နေသလို ဒေသခံပြည်သူတွေအတွက် စိုးရိမ်မှုမြင့်တက်စေပါတယ်” ဟု ပြောသည်။  https://www.facebook. com/photo?fbid=752713653534730&set=a.6 82731967199566

၁၄။      ငွေတောင်းကြမ်းတယ်လို့ နာမည်ကြီးတဲ့ တနင်္သာရီက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

September 28, 2023

တနင်္သာရီမြို့နယ်ထဲက တံတားတစ်ခုမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းရွာ တံတား စစ်ဆေးရေး ဂိတ်ဟာ ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်က အလစ်ငိုက်တိုက်ခိုက်ခံရတာဖြစ်ပြီး လာရောက်ပစ်ခတ်တဲ့ တော်လှန် ရေး တပ်ဖွဲ့တွေနဲ့ မိနစ် ၂၀ ဝန်းကျင်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်မှာ ပျူစောထီး အဖွဲ့ဝင် တွေနဲ့ ညောင်ပင်ကွင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၆၁)က စစ်ကောင်စီတပ်သားတွေ ပူးပေါင်းစစ်ဆေးလေ့ရှိတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း အရာခံဗိုလ်တစ်ဦးကျတယ်လို့ ဒေသ အခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကပြောသလို တပ်နဲ့နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။ “ဗိုလ်ကျတော့ ခမရ(၅၆၁) တပ်ရင်းထဲကိုသယ်လာပြီး အဲဒီထဲမှာပဲ မြှုပ်လိုက်တယ်။” လို့ အလောင်းကို မျက်မြင်တွေ့ခဲ့ရတဲ့ တပ်နဲ့နီးစပ်သူက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ညောင်ပင်ကွင်းတံတားဟာ ညောင်ပင်ကွင်းရွာအရှေ့ကမ်းနဲ့ အနောက်ကမ်းကို ဆက်သွယ်ထား တာ ဖြစ်ပါတယ်။“အဲဒီဂိတ်က တအားဆိုးဆိုးဝါးဝါးထဲတော့မပါဘူး။ ပျူနဲ့စကစတွေပေါင်းပြီးဖွင့်နေတဲ့ဂိတ်ပေါ့ဗျာ။ ပိုက်ဆံက တော့ကောက်တယ်။ တော်တော်ကောက်ကြမ်းတယ်။ တအားရစ်တာမျိုးတော့မရှိဘူး။”လို့ ညောင်ပင်ကွင်းရွာဒေသခံ အမျိုးသား တစ်ဦးက ပြောတယ်။ တချို့ကားသမားတွေဆိုရင် မပေးနိုင်လို့ ဒီလမ်းကြောင်းကိုမလာဘဲ တခြားလမ်းကပဲ ရှောင်ကွင်း သွားကြ လေ့ရှိတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။ ညောင်ပင်ကွင်းရွာတံတားတိုက်ခိုက်ခံရပြီးနောက်မှာတော့ အဲဒီဂိတ်မှာ လမ်း သွားလမ်းလာတွေကို အရင်ကထက် အစစ်အဆေးတင်းကြပ်နေတယ်လို့ သိရပါတယ်။ ဒီညောင်ပင်ကွင်းတံတားစစ်ဆေးရေး ဂိတ်ဟာ အခုနှစ် သြဂုတ်လနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွေမှာ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။  https://www.facebook.com/photo/?fbid=341423978275358&set=a.19 6212679463156

၁၅။      ကျုံဒိုး၊ တောင်ကြာအင်းတွင် ဖြစ်ပွားသော ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးခဲ့

September 28, 2023

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO ဦးစီးသည့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဖြစ်ပွား သည့် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာ ခရိုင်က သတင်းထုတ်ပြန်ထားသည်။ တောင်ကြာအင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ(၅၄၆)၊ ခြေလျင်တပ်ရင်း -ခလရ(၂၃၀)၊ ခလရ(၂၀၈) တပ်ရင်းနှင့် ကေအဲန်ယူ -တပ်မဟာ (၆) KNDO တပ်ရင်း (၆)၊ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာလ ၂၂ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၆) ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိုသို့ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် KNDOနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ (၂) ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်ဘက်က ထုတ်ပြန်ထားပြီး ထိုနှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်း ဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ် များသည် ၎င်းကျေးရွာသို့ ဝင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားကာ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်အားဖောက်ထွင်း မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများအား ယူဆောင်သွားခြင်း၊ ဘုန်းကြီးကျောင်းမှ သာသနာပိုင် ပစ္စည်းများအား ခိုးယူခြင်းနှင့် ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျက်ရှိ နေသည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ပြော ဆိုထားသည်။ https://kicnews.org /2023/09/%e1%80%80%e1%80%bb %e1%80%af%e1%80%b6%e1%80%92%e1%80%ad%e1

၁၆။      စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ ရင်းငြိမ်ဒေသခံတွေ နှစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရ

September 28, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာက စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ ဒေသခံ (၈) ဦး နှစိပတ်ကျော်ကြာတဲ့ အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ကတည်းက ဖမ်းခံလိုက်ရတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က သထုံတပ်နယ်ကို ခေါ်ဆောင်သွားပြီး စစ်ဆေးခံနေရတာပါ။ ဖမ်းဆီးခံရသူတွေသည် အမျိုးသားတွေကြီးဘဲဖြစ်ပြီး အဆက်အသွယ်မရတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ “ကြာနေပြီဆိုတော့ စိတ်ပူနေကြတယ်။ ဘယ်လိုက်လို့ ဘယ်မှာ မေးရမလဲမသိဖြစ်နေရတယ်”လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦး က​ပြောပြပါတယ်။ ရင်းငြိမ်တောင်ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးကျားကြီးကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်မှာ ဝင်ပစ်သွားပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ရွာထဲ ဝင်လာပြီး ဒေသခံ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အဆိုပါ ဒေသခံ ၈ ဦးကို သထုံမြို့နယ်အတွင်းရှိ တပ်နယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်ဟုသာ ကြားသိရပြီး မည်သည့် တပ်နယ်သို့ ခေါ်ဆောင်သွားသည်ကို မသိရဖြစ်နေပါတယ်။ အလားတူ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး ပစ်သတ် ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တို့မှ ပေါင်မြို့နယ် ဥတ္တံတားကျေးခံ (၁၀) ဦးထက်မနည်းကို ဖမ်းဆီးတာပါ။ ထိုဖမ်းဆီးခဲ့သူ များအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၂) ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ PDF ကို ငွေကြေးနဲ့ စားနပ်ရိက္ခာများထောက်ပံ့ထားသည့် အထောက်အထားတွေ့သည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ပေါင်မြို့မရဲစခန်းမှာ  အမှုဖွင့်အရေးယူခံထားရတာပါ။ https://www.facebook.com/photo/?fbid=665555219 012965&set=a.606834898218331

၁၇။      လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ

September 28, 2023

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ် လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ စက်တင် ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကဇူးခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် အမျိုးသား ၈ ဦးကို ဖမ်းဆီးသွားပြီးနောက် ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“မနေ့ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့တယ်။ သူတို့ကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မခိုင်းတယ်တဲ့။ ရှေ့တန်းမှာ တစ်နေရာမှာ နားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တစ်ယောက်ကတော့ ခြေထောက်မှာ ထိခိုက်လာတယ်။ ရွာက လူကြီးတွေနဲ့ စစ်ရှောင်ကူညီနေတဲ့ အသင်းတော်ခေါင်းဆောင်တချို့ လိုက်ပြီး ညှိနှိုင်းတောင်းဆိုပြီး သူတို့ ညနေ ပြန်လာပို့ တယ်။” လို့ ပြောပါတယ်။ စစ်ကောင်စီ နဲ့ ပြည်သူ့စစ် စစ်ကြောင်းတွေက နမ်ဆန်ယန်ဘက်ကို အင်အားဖြည့် ထိုးစစ်ဆင်ဖို့ ကဇူး ဘုရားကျောင်းက စစ်ရှောင်အမျိုးသား ၈ ဦးကို ကားနဲ့ဝင်ရောက်ဖမ်းခေါ်သွားပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒဘတ်ယန်ကျေးရွာတစ်ဖက်ကမ်းကိုချီတက် လာစဉ် ဘတ်နန်ကျေးရွာအထက် ဆမားလမ်းကွေ့အနီးတဝိုက်မှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ် ပွားခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ ဦးရွှေမင်းပြည်သူ့စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့ အကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီဘက်က ဆက်တိုက်ထိုးစစ်ဆင်နေသလို ပြည်သူ့ စစ်တပ်ဖွဲ့ဘက်ကလည်း အင်အားဖြည့်ကူ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီ တပ်တွေက ဗန်းမော်–ဒေါ့ဖုန်းယန် ကားလမ်းဘက်ကနေ ထိုးစစ်ဆင်နေသလို ဝိုင်းမော်ဘက်ကနေလည်း ထိုးစစ်ဆင်နေပြီး အဲဒီ စစ်ကြောင်းတွေမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လေ့ရှိနေတဲ့အတွက် စိုးရိမ်နေရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ကျနော်တို့က အခုလို ဖြစ်လာတော့ အရမ်းတွေဝေခြောက်ခြားသွားတယ်။ ဘယ် လို ဆက်လက်နေနေကြမလဲ၊ ပြီးခဲ့တဲ့လတွေ ရက်တွေတုန်းကတော့ ရွာအနီးပတ်ဝန်းကျင် သေနတ်သံတွေ လက်နက်သံတွေ ကြားရပေမဲ့ နေလို့ရပါသေးတယ်ဆိုပြီး၊ စိုးရိမ်ပေမဲ့လို့ တစ်ခါပြန်လည် ထူထောင်ထားပြီဆိုတော့ လွယ်လွယ်ပြန်ထားခဲ့လို့မရဘူး ဆိုတဲ့ စိတ်နဲ့ နေနေကြတာပေါ့။ ဒါပေမဲ့ အခုလို စစ်ကြောင်းက လူသားဒိုင်းဖမ်းခေါ်တာတွေ၊ ပေါ်တာဆွဲတာတွေ လုပ်လာတော့ အားလုံးထိတ်လန့်ကုန်တာပေါ့။” လို့ ဆက်ပြောပါတယ်။ https://burmese.kachinnews.com/2023/09/28/ld1-67/

၁၈။      အလုပ်ကနေ နေအိမ်သို့ ပြန်လာတဲ့ ကွတ်ခိုင်က အမျိုးသားတစ်ဦး စစ်ကောင်စီစစ်ကြောင်း သွားလာတဲ့တစ်ဝိုက်မှာ ပျောက်ဆုံးနေ

September 28,2023

တောထဲက မီးသွေးကျင်းကနေ အိမ်ဘက်ပြန်လာတဲ့ ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာက အမျိုးသားတစ်ဦးဟာ စစ်ကောင်စီစစ်ကြောင်း သွားလာနေတဲ့ လမ်းမှာတင် ၁၀ ရက်ကြာ သတင်းအစအနမရပဲ ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ည ၇ နာရီဝန်းကျင်မှာ အသက် ၃၀ ဝန်းကျင်ရှိ ဦးညီသန်း ဆိုသူဟာ မီးသွေးကျင်းကနေ ဆိုင်ကယ်နဲ့ပြန် လာချိန် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ပျောက်ဆုံးသွားတာလို့ ဒေသခံတွေက ‌ပြောပါတယ်။ “အဲနားတစ်ဝိုက်မှာ မီးသွေးဖုတ် တဲ့သူတွေကအဲလမ်းမပြန်ဖို့ သူ့ကိုပြောသေးတယ်။ သူပြန်သွားတော့ ဗမာစစ်ကြောင်းတွေရှိတဲ့နားရောက်တဲ့အချိန် သူ့ဆိုင်ကယ် သံကရပ်သွားတယ်။ အဲနေ့ကတည်းက သူမပြန်လာတော့ဘူး ဒီနေ့အထိပဲ။ တခြားသူတွေတော့ စစ်ကြောင်းရှိတဲ့ အဲလမ်းမအ တိုင်း မပြန်ဘူး။ တောလမ်းပတ်ပြီး ပြန်လာတော့ အကုန်ရောက်လာကြတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဦးညီသန်း ကို အဲဒီတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲဌာနချုပ် (စကခ ၁၇)လက်အောက်ခံ ခမရ(၅၇၄)၊ (၅၇၇)တို့က ဖမ်းဆီးထားတယ်လို့ ယူဆနေကြပြီး လက်နက်ကိုင်တွေနဲ့ ဘာမှပတ်သက်ဆက်နွယ်မှုမရှိတဲ့ ဦးညီသန်း ကို ပြန်လွှတ်ပေးဖို့ သူနဲ့နီးစပ်သူတွေက တောင်းဆိုနေကြပါတယ်။ နောက်ထပ် ရွာခံအမျိုးသမီးတစ်ဦးကလည်း “အဲနေ့က ရွာကလူတွေလည်း အဲဗမာစစ်သားတွေရဲ့ပစ္စည်းတွေ လိုက်ပို့ရသေးတယ်။ ပေါ်တာ ဆွဲခံရတာပေါ့။ ဒါ‌ပေမဲ့ သူတို့ ပြန်လွှတ်လာပေးတယ်။ ညီသန်းလည်း သူမပျောက်ခင် အဲစစ်ကြောင်းတွေနဲ့တိုးပြီး ရေတွေ ခပ်ပေးရသေးတယ်။ ပြီးတော့ ပြန် လွှတ် ပေးတယ်။ သူလည်း သူတို့အဲလိုဖမ်းထားမယ်မထင်လို့ အဲလမ်းကနေ ပြန်လာတာ” လို့ ‌ပြောပါတယ်။ ဦး‌ညီသန်း ပျောက် ဆုံးသွားတဲ့နေ့ဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၅၇၄)၊ (၅၇၇)နဲ့ လုံထန် ပြည်သူ့စစ်တွေ ပူးပေါင်းပြီး တအာင်းတပ်မတော် (TNLA)ကို တိုက်ခိုက်တဲ့အချိန်လည်း ဖြစ်ပါတယ်။  https://www.facebook.com/photo?fbid=640845248222743&set= a.404503215190282

၁၉။      ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

September 28, 2023

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည်ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေလက်ရှိ အချိန်ထိ မိုးရွာသွန်းမှု နည်းသွားတာ၊ ရေသိုလှောင်ဖို့ လိုအပ်တဲ့ မိုးကာစတွေ မရှိတာနဲ့ စခန်းနေရာ မကြာခဏ ရွှေ့ပြောင်းရတာ တွေ ကြောင့် အခုလို ရေရှားပါးမှုတွေ ကြုံတွေ့လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။“ရေပြတ်တောက်တဲ့ ပြဿနာက စစ်ရှောင် စခန်းတိုင်း အမြဲကြုံတွေ့နေရတဲ့ ပြဿနာလို့ပြောရမယ်။ မိုးရွာနည်းတာလည်းပါတယ်။ ပြီးတော့ မိုးရွာလို့ ရေခံမယ်ဆိုရင် တောင် လိုအပ်တဲ့ ကန်လုပ်ဖို့ မိုးကာစတွေ မရှိတာကြောင့်လည်းပါတယ်” လို့ သူကရှင်းပြပါတယ်။

ရေသိုလှောင်ဖို့ အခက်အခဲတွေအပြင် စစ်ကောင်စီက စစ်ရှောင်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်း က ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် စခန်း နေရာ မကြာခဏ ပြောင်းရွှေ့ရတဲ့ အခြေအနေတွေကြောင့် အခုလို ရေရှားပါးမှုတွေ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေအနေနဲ့ နေရာပြောင်းရွှေ့ရာမှာ ရေအရင်း အမြစ်နဲ့ ‌ဝေးကွာတဲ့ နေရာတွေမှာ စခန်းချရတာတွေ ကြုံတွေ့ရလေ့ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ရှင်းပြပါတယ်။ လက်ရှိ ရေရှားပါးတဲ့ စစ်ရှောင် စခန်းတွေကို ကားတွေနဲ့ ရေပို့ဆောင်ပေး နေပေမဲ့ လိုအပ်တဲ့ ကားစက်သုံးဆီတွေ၊ မိုးကာစတွေနဲ့ အထွေထွေ အသုံးစရိတ်တွေ နည်းပါးနေတာကြောင့် ပြည်သူတွေ အနေနဲ့ ၀ိုင်း၀န်းကူညီ ပေးကြဖို့ ကူညီပေးနေသူ တွေက မေတ္တာရပ်ခံ ထားပါတယ်။ https://www.facebook.com/photo?fbid=343797011340083&set=a.2859004903069

၂၀။      အရပ်သားများကို ထိုးကြိတ်ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကို ထိရောက်စွာအရေးယူလျက်ရှိကြောင်း KTLA ပြော

September 27, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန)အရှေ့ဘက်ခြမ်း၊ မော်ခီး ကျေးရွာအုပ်စု၊ ခေါဖိုးခီးကျေးရွာတွင် ဗိုလ်စလုံးဦးစီးသည့် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များမှ ဒေသခံရွာသားများကို ထိုးကြိတ်ရိုက်နှက် မှုများပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်စလုံးက ပြောသည်။ ခေါဖိုးခီး ကျေးရွာရှိ (KTLA) စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၂၄ ရက် နေ့ ည ၈ နာရီခွဲအချိန်တွင် KTLA တပ်ဖွဲ့ဝင်များမှ ရွာသား များကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် ပါဝင်ခဲ့သူ KTLA အထူးကွန်မန်ဒိုတပ်ရင်း တပ်ခွဲ(၂) တပ်ခွဲမှူး ဒီမို ဆိုသူကို ရာထူးမှ ထုတ်ပယ်ပြီး အခြားတပ်ဖွဲ့ဝင်များကို အချုပ်တစ်လထိန်းသိမ်းထားလိုက်ကြောင်း ဗိုလ်စလုံးက ပြောသည်။ ၎င်းက “တပ်ခွဲ(၂) တပ်ခွဲမှူးဒီမိုကို ရာထူးမှထုတ်လိုက်တယ်။ သူ့အဖွဲ့သားတွေကိုလည်း ထောင်တစ်လချလိုက်တယ်။ ဖြစ်စဉ်က ထိုင်း ဘက်ခြမ်းမှ လာတဲ့ ရွာသားလေးယောက်က အရက်လာသောက်ကြတယ်။ သူတို့က အမြဲလာနေကြလူတွေပဲ၊၊ ဒါပေမဲ့အဲ့ဒီရက် မှာ အရက် သောက်ရင်း ရွာသားတွေက သေနတ်တောင်းပစ်တယ်။ ပြီးတော့ရွာထဲသွားလည်တယ်။ ပြီးတော့ ထိုင်းဘက်ခြမ်းကို ပြန်တဲ့ အချိန်မှာ မျက်နှာဖုံးနဲ့ဆိုတော့မျက်နှာဖုံးကိုချွတ်ခိုင်းတယ်။ မချွတ်တော့အငြင်းပွားပြီးထိုးကြကြိတ်ကြတယ်။”ဟု ပြောသည်။

ရိုက်နှက်ခံရသည့် ရွာသားများထဲတွင် ထိုင်း-မြန်မာနယ်စပ် အနီးရှိ တိုပယ်ဖူးကျေးရွာသားနှစ်ဦး၊ ဝါးဘွေထမှ ရွာသား နှစ်ဦးနှင့် ခေါဖိုးခီးရွာသားနှစ်ဦးတို့ပါဝင်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက် စက်တင် ဘာလ ၂၅ ရက်နေ့တွင် ခေါဖိုးခီးကျေးရွာ၊ ဖောဘူး လထကျေးရွာနှင့် ကလော်ဝေါကျေးရွာ ၃ ရွာရှိ ဒေသခံရွာသားများ ပူးပေါင်း ကာ ဗိုလ်စလုံး အပါအဝင် KTLA တပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်း မရှိစေချင်ကြောင်း ရွာသားများက ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့ကြသည်။ ထိုသို့ ဒေသခံရွာသားများ၏ တောင်းဆိုဆန္ဒဖော်ထုတ်မှုများမှာ ၎င်းတို့အပေါ် မလိုလားသူများက ကုန်းတိုက်မှု တစ်ခုသာဖြစ်ကြောင်း ဗိုလ်စလုံးက ပြန်လည်တုန့်ပြန် ပြောဆိုသည်။ ၎င်းအပြင် ၎င်းစစ်ဆေးရေးဂိတ်သည် ထိုင်း-နယ်စပ်နှင့် နီးကပ်လျက်ရှိပြီး ရိုက်နှက်ခံရသည့် ဒေသခံခြောက်ဦးထဲမှ လေးဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများတွင် နေထိုင်ခြင်း ကြောင့် ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော်ခွင့်ကို အကြပ်ကိုင်လာမည်ကို စိုးရိမ်ကြကြောင်းလည်း ဒေသခံရွာသား တစ်ဦး က ပြောသည်။ https://kicnews.org/2023/09/%e1%80%a1%e 1%80%9b%e1%80%95%e1%80%ba%e1%80%9e%e 1%80%ac%e1

၂၁။       နမ္မတူမြို့နယ်အတွင်း TNLA မှ တပ်သားသစ် စုဆောင်း ဒေသခံများ ထွက်ပြေးနေရ

September 28, 2023

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သား သစ်အတွက် လိုက်လံစုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေး နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ ဆိုင်းခေါင် ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၁၉) ရက် နှင့် (၂၃) ရက်တို့သည် TNLA တပ်မှ တပ်သားသစ် အတွက် ဒေသခံများကို ဝင်ရောက်ဖမ်းဆီးခြင်း ပြုလုပ်ခဲ့ ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “သားနှစ်ယောက် မရှိတဲ့ အိမ်ထောင်စုတွေဆို အဖေကို ခေါ်သွားတယ်၊ တချို့က သား ၂ နှစ်ယောက်ရှိပေမဲ့ အိမ်ထောက်ကျပြီး ခွဲနေကြလည်း သမီး ဖြစ်သူ ဖခင်ဖြစ်သူကို ဖမ်းခေါ်သွားကြတာ၊ အဲ့တာတွေကြောင့် ကျန်တဲ့ အိမ်ထောင်စု တော်တော်များများက ထွက်ပြေးနေကြ ပြီ”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် ဆိုင်းခေါင်အုပ်စုမှ ကောင်းဆာကျေးရွာနေ နန်းအေးမွန်း၏ အမျိုးသားကို နေအိမ်၌ မတွေ့ရသည့် အတွက် နန်းအေးမွန်းကို TNLA တပ်ဖွဲ့က ဖမ်းခေါ် သွားခဲ့ကြောင်း သိရသည်။

အလားတူပင် စက်တင်ဘာလ ၁၉ ရက်၌ ကောင်းဆာကျေးရွာနေ အသက် (၅၀) ကျော်ရှိ လုံးယီကို စစ်သားလုပ်ရန် အတွက်ဟုဆိုကာ အင်အား (၁၀) ယောက်နီးပါး ရှိသည့် TNLA တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ TNLA တပ်မှ ဒေသခံများကို တပ်သားသစ်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ကျန်ရှိသည့် ဒေသခံများက စစ်မှုမထမ်းလိုသည့်အတွက် ထွက်ပြေးတိမ်းရှောင်ခြင်းရှိနေကြောင်း အသက် (၄၀) ဝန်းကျင် တအာင်း အမျိုးသား တစ်ဦးက ပြောသည်။“ကျား ၂ ယောက်မရှိတဲ့ အိမ်ရော၊ သမီးနှစ်ယောက်ပဲ ရှိတဲ့ အိမ်ရော သူတို့လိုချင်တိုင်း ဖမ်းခေါ် သွားတော့ တခြားသူတွေလည်း ကြောက်ပြီး ထွက်ပြေးကြတာ၊ အဲ့လိုထွက်ပြေးတဲ့ အချိန်မှာဆိုရင် ကျောင်းနေတဲ့ ကလေးတွကိုပါ ခေါ်ပြီး သွားကြတော့ ကလေးတွေရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးရတာပေါ့၊ နောက်တခုက သူတို့ ယာတွေ၊ ပြောင်းတွေဆိုလည်း ပစ်ပြီးသွားရတယ်” ဟု ဒေသတွင်းက တအာင်း အမျိုးသား တစ်ဦးက ပြောသည်။ ဆိုင်းခေါင်အုပ်စုမှ ကောင်းဆာကျေးရွာသည် တအာင်းလူမျိုး နှင့် သျှမ်းလူမျိုး အများစု နေထိုင်ကြသည့် အိမ်ခြေ ၅၀ နီးပါး၊ ကျား (၉၉) ဦး၊ မ (၁၂၃) ဦး စုစုပေါင်း လူဦးရေ ( ၂၂၂ ) ဦး ရှိနေသည့်ရွာ ဖြစ်နေကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/36915

၂၂။       စစ်ဘေးဒုက္ခ‌သည်များ၏ BiometricBiographic ကောက်ယူမည်မဟုတ်ကြောင်း မီဇိုးရမ်းပြန်ကြားရေးဝန်ကြီး Pu Lalruatkima မှပြောကြား

September 28, 2023

မီဇိုရမ်ရွိ စစ်ဘေးရှောင်ပြည်သူများ၏ Biometric၊ Biographic ကောက်ယူမည်မဟုတ်ကြောင်းကို (၂၇ စက်တင်ဘာလ ၂၀၂၃)ရက်နေ့က ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး  Pu Lalruatkima က အတိအလင်း ပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ၏ ဇီဝအချက်အလက်မှတ်တမ်းများ ကောက် ယူရန် ဗဟိုအစိုးရကပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရကိုအကြောင်းကြားခဲ့ပြီးနောက် ၂၀၂၃ ဇူလိုင်လကုန် ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီဝအချက်အလက်မှတ်တမ်းကောက်ယူခြင်းကို စတင်လုပ်ဆောင်ခဲ့ကြတာတွေရှိ တယ်လို့သိရပါ တယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးတော့ ” မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးများအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန (ဗဟို) ၏ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သွေးရင်းညီအစ်ကို စစ်ဘေးဒုက္ခသည်များ၏ biometric နှင့် biographic ကောက်ယူ မှတ်တမ်းတင်ရန် ဖိအားပေးမှုနှင့်စပ်လျဉ်း၍ မိမိတို့နှင့် သွေးချင်းညီအစ်ကိုများအကြား နောက်ဆက်တွဲပြသနာ ဖြစ်နိုင်သည် ကို ရှေးရှူလျှက် စစ်ဘေးဒုက္ခသည်များ၏ biometric နှင့် biographicအား ကောက်ယူမှတ်တမ်းတင်မည် မဟုတ်ကြောင်း။ ” Pu Lalruatkima ကပြောကြားခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=791739069622535&set=pcb.79173933 2955842

၂၃။       ကော့ကရိတ်မြို့ရှိ (လဝက)ရုံးမီးရှို့ဖျက်ဆီးခံရ

September 28, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရပ်ကွက်(၇)ထဲရှိ ဗိုလ်ချုပ်ပန်းခြံအနီး စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)ရုံးသည် ယမန်နေ့ည (၁၀)နာရီ ဝန်းကျင်တွင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း မြို့ခံပြည်သူများက ပြောသည်။ ကော့ကရိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသည် ဝန်ထမ်းများ ရုံးတက်အလုပ်လုပ်ကိုင်ခြင်းမရှိ တော့ သည်မှာ တစ်လကျော်ခန့်ရှိပြီးဖြစ်ကာ ယမန်နေ့ညက မီးရှို့ဖျက်ဆီးခံရမှုတွင် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်က ပြုလုပ် သွားသည်ကိုမသိရှိရကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။ “ကော့ကရိတ်မှတ်ပုံတင်ရုံး လဝကရုံးက မနေ့ည မှာမီးရှို့ခံလိုက်ရတယ်။ ဒီမနက် သွားတာ အကုန်ပြောင်နေပြီး။ ရုံးမှာဝန်ထမ်းတွေမရှိတော့တာကြာပြီး။ ဝန်ထမ်းတွေ အိမ်မှာပဲ နေပြီး အလုပ်လုပ်တာ တစ်လ ကျော်နေပြီး” ဟု ၎င်းမြို့ခံက ပြောသည်။

ကော့ကရိတ် (လဝက)ရုံး မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန် ခြင်းမရှိ သေးသ လို မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်က ပြုလုပ်သွားသည်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အဆို ပါ (လဝက) ရုံးစိုက်ရာ ကော့ကရိတ်မြို့မြောက်ဘက်ခြမ်းသည် အာရှလမ်းတောင်ဘက်ခြမ်း တွင်ရှိပြီး ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၈) လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။ ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများအနေဖြင့် (KNLA)ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်‌လေ့ရှိသလို လက်ရှိကော့ကရိတ် မြို့အနီးပတ်ပတ်လည်လည်တွင်လည်း တော်လှန်ရေး ပူးပေါင်းတပ်မှ နေရာချထားလျက်ရှိကြောင်း ဒေသခံများကပြောသည်။ https://www.facebook.com/photo/?fbid=707601031396778&set=pcb.707601664730048

၂၄။       စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကုလအစီရင်ခံစာ ဖော်ပြ

September 28, 2023

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ယခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ ပြည်သူ ၂၈၁ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ၏ အစီရင်ခံ စာကဖော်ပြသည်။ စစ်တပ်က အာဏာသိမ်းချိန်မှ  ၂၀၂၂ ခုနှစ်မတ်လအထိ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်ဧပြီကနေ ၂၀၂၃ ခုနှစ် ဇူလိုင်အထိ ၁၅ လအတွင်း ၂၅၆ ဦးအထိ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သော အကြိမ်ရေသည် အာဏာသိမ်းကာလရှေ့တစ်နှစ်တွင် အကြိမ် ၃၀၁ ကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီနောက်ပိုင်းကာလများတွင် အကြိမ်ရေ ၆၈၂ ကြိမ်အထိ တိုက်ခိုက်မှု နှစ်ဆ တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ ပြည်သူ ၂၁၆ ဦးအထိ သေဆုံးခဲ့ရပြီး နိုင်ငံအနောက်မြောက်ဒေသမှာ ၂၅ ဦး၊ အရှေ့ တောင်ပိုင်းမှာ ၂၁ ဦး၊ အရှေ့မြောက်ပိုင်းမှာ ၁၉ ဦး သေဆုံးခဲ့ရသည်ဟု OHCHR အစီရင်ခံစာက ဖော်ပြထားသည်။ စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၈၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်များ ကျောင်းများ ဆေးရုံများအပါ အဝင် ဘာသာရေးအဆောက်အအုံများ ဗုံးကြဲခံနေရခြင်း၊ အရပ်သားပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေရခြင်းသည် ခိုင်လုံ သော အရင်းအမြစ်များက အတည်ပြုချက် ရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။ ယခု အစီရင်ခံစာသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်နေ့မ အောက်တိုဘာ ၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေခြင်း ဖြစ်သည်။ https://www.facebook.com/photo/?fbid=753236483482447&set=a.682731967199566

၂၅။      စစ်ကောင်စီကျောင်းက ကျောင်းသား ၄၀၀၀၀ ကျော် ကေအန်ယူ KECD ကျောင်း၌ ပြောင်းရွှေ့ ပညာသင်

September 29, 2023

ကေအန်ယူ နယ်မြေရှိ  စစ်ကောင်စီလက်အောက်ခံ အခြေခံပညာစာသင်ကျောင်းပေါင်း ၃၇၀ ကျော် လုံးဝပိတ်သိမ်းခဲ့ရ တာကြောင့် ကျောင်းသားကျောင်းသူ ၄၀,၀၀၀ ကျော် ကေအန်ယူပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ ပညာသင်ကြားနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကေအန်ယူနယ်မြေ အတွင်း စစ်ကောင်စီ ပညာရေးဌာနအောက်က ပညာရေးဝန်ထမ်းတွေ အာဏာဖီဆန် CDM ပြုလုပ်တာတွေကြောင့် စာသင် ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။ ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် စစ်ကောင်စီက ထောက်ပံ့မှုတွေ မရှိတော့လို့ စာသင် ကျောင်း ၃၇၀ ကျော် လုံးဝပိတ်သိမ်းခဲ့ရပါတယ်။ ကျောင်းသားကျောင်းသူတွေဟာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကေအန်ယူပညာရေးနှင့် ယဉ်ကျေးမှု ဌာန လက်အောက်က စာသင်ကျောင်းတွေကို  ပြောင်းရွှေ့ပညာသင်ကြားခဲ့ရပါတယ်။

ကရင်ကျောင်းဆရာများအလုပ်အဖွဲ့ (KTWG) လက်ထောက်ညွှန်ကြားရေးမှူး စောကိုလိုထူးက “၂၀၂၂-၂၀၂၃ ပညာသင် နှစ်က ကျောင်း ၃၇၀  ကျောင်းသားတွေအားလုံးက ပြန်လာတက်တယ်။ အခက်အခဲက အများကြီးရှိတယ်။ ပြန်လာတာများတော့ ကျေင်းသားများလေလေ အထောက်အပံ့အကူအညီတွေ လိုအပ်လေပဲ”လို့ ပြောပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပညာရေး ဌာနကနေ ကျောင်းသား ကျောင်းသူ ၄၀,၀၀၀ ကျော်ဟာ KECD အောက်က စာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်းကြား နေတာကြောင့် သင်ကြားရေးစွမ်းရည်ပြည့်ဝတဲ့ ဆရာ ဆရာမ ၂,၀၀၀ ကျော်နဲ့ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေပါ တယ်။ ဒါ့အပြင် သင်ကြားရေးအပိုင်းမှာလည်း ကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာအပြင် အခြေခံပညာကျောင်းတွေက သင်ရိုးညွှန်း တမ်းနည်းတူ သင်ကြားပေးနေတာပါ။ ကေအန်ယူ နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် ကျောင်းသား ကျောင်းသူတွေဟာ စာသင်ကြားရာမှာ လုံခြုံမှုမရှိတဲ့အပြင် စိုးရိမ်ကြောက်လန့်နေရတယ်လို့ KECD အထက်တန်း ကျောင်းရဲ့ ကျောင်းကော်မတီတာဝန်ရှိသူက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က ကေအန်ယူပညာရေးနှင့်ယဉ်ကျေးမှုဌာန လက်အောက်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စာသင်ကျောင်းပေါင်း ၁၁၀၀ ကျော်ရှိခဲ့ရာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၁၅၀၀ နီးပါး တိုးချဲ့ဖွင့်လှစ်ခဲ့ရပါတယ်။ https://burmese.dvb.no/post/617293

၂၆။      ထားဝယ် ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင်ကို ခံဝန်ဖြင့် ပြန်လွှတ်

September 28, 2023

ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်  ဦးနိုင်မျိုးသွင်ကို ထားဝယ်ပကဖ DDT နဲ့ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က စက်တင်ဘာ ၂၆ ရက်မှာ ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ အဆို ပါတပ်ဖွဲ့တွေက ပြောပါတယ်။‌ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပီတာက“မနက်  ၅ နာရီလောက်မှာ သူ့အဖွဲ့သား တွေလာကြိုနိုင်မယ့်နေရာအထိ ပို့ပေးခဲ့တယ်။ သူ့အဖွဲ့သားတွေနဲ့လည်းဆက်သွယ်ပေးခဲ့တယ်”လို့ ပြောပါတယ်။ ဦးနိုင်မျိုးသွင် ဟာ နေအိမ်နဲ့ရုံးကို စက်တင်ဘာ ၂၆ ရက်ကတည်းက ပြန်ရောက်လာပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့နဲ့နီးစပ်တဲ့ ထားဝယ်မြို့ခံ ပရဟိတအဖွဲ့တခုရဲ့ အဖွဲ့ဝင်တဦးက အတည်ပြု​​ပါတယ်။ “ပြန်ရောက်နေပါပြီ။ ရုံးကိုတောင် စစ်တပ်ကလာစစ် သွားသေးတယ်။ ပြန်လွတ်လာတဲ့နေ့က စစ်ဆေးခံနေရတယ်ကြားတယ်။ “ဦးနိုင်မျိုးသွင်ကို စက်တင်ဘာ ၁၆ ရက်က လောင်းလုံးမြို့နယ်၊ ကြယ်တောင်အနီး ကျောက်နီမော်ရွာမှာ ကယ်ဆယ်ရေးပြုလုပ်ပြီးပြန်လာစဥ် စစ်ဆေးမေးမြန်းဖို့ ထားဝယ် ပကဖနဲ့ ထားဝယ်မြို့ ပြပြောက်ကျားတပ်ဖွဲ့တို့က ဖမ်းဆီးပြီးနောက် ၁၁ ရက်အကြာ စက်တင်ဘာ ၂၆ မှာ ခံဝန်ကတိနဲ့ပြန်လွှတ် ပေးခဲ့တာပါ။

ကိုပီတာက “ချုပ်နှောင်ထားဖို့ နေရာအခက်အခဲလည်းရှိတယ်။ ပရဟိတသမားဖြစ်လို့ တခြားထောက်ထားရမယ့် အခြေနေတွေလည်းရှိလို့ ခံဝန်ကတိထိုးခိုင်းပြီး လွှတ်လိုက်တာပါ။ နောက်တကြိမ် စစ်ကောင်စီနဲ့ ကိုယ်ကျိုးစီးပွားအတွက် ထပ်ပူးပေါင်းတာမျိုး လုပ်နေဦးမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ခံဝန်ထိုးခိုင်းလိုက်တာပါ” လို့ ပြောပါတယ်။ လိုင်စင်မဲ့ကားကိစ္စ၊ လူမှုရေးကိစ္စ၊ စစ်ကောင်စီနဲ့ဆက်သွယ်တဲ့ ကိစ္စတွေကြောင့် ဦးနိုင်မျိုးသွင်ကို စစ်ဆေးရတာလို့ ထားဝယ် ပကဖနဲ့ ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က စက်တင်ဘာ ၁၈ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ သက်သေခံအနေနဲ့ ဦးနိုင်မျိုးသွင်ရဲ့ လက်ကိုင်ဖုန်း ၂ လုံးကို စက်တင်ဘာလ ၂၇ ရက် ညအထိ သိမ်းဆည်းထားပြီး အချက်အလက်တွေ ကူးယူပြီး တာနဲ့ ပိုင်ရှင်ဆီ ပြန်ပို့ပေးမယ်လို့ ကိုပီတာက ဆက်ပြောပါတယ်။ ဦးနိုင်မျိုးသွင် ဖမ်းဆီးခံထားရစဥ်မှာ အသတ်ခံလိုက်ရပြီဖြစ် ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။ ထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ကိုပီတာက “ဖမ်းထားတဲ့တလျှောက် ကြိုးနဲ့လည်းမတုပ်ဘူး၊ နှိပ်စက်တာလည်းမရှိဘူး။ တာဝန်ယူမှုတာဝန်ခံမှု ရှိရှိပဲ။ အစားအသောက် အဝတ်အထည်တွေအားလုံး အပြည့်အစုံနဲ့ထားတာပါ။ ရုံးအဖွဲ့နဲ့ မိသားစုတွေကိုလည်း ဆက်သွယ်ခွင့်ကို ကန့်သတ်ခွင့်ပြုခဲ့တယ်” လို့ တုံ့ပြန်ပြောဆိုပါတယ်။ https://burmese.dvb.no/post/617146

၂၇။      စစ်တွေ-စစ်တကောင်း ကုန်သင်္ဘောလိုင်းပြေးဆွဲမည့်အစီအစဉ် တစ်နှစ်ကျော်ကြာ အကောင်အထည်မဖော်နိုင်သေး

September 28, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အထိ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောလိုင်း(Coastal Shipping Line)ပြေးဆွဲမည့် အစီအစဉ်မှာ တစ်နှစ် ကျော်ကြာသည့်တိုင် အကောင်အထည်မဖော်နိုင်သေးဟုသိရသည်။ စစ်တွေ-စစ်တကောင်းသင်္ဘောလိုင်း ပြေးဆွဲနိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်များသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လမှစတင်ကြိုးစားနေကြခြင်းဖြစ်ပြီး  လက်ရှိတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နှစ်နိုင်ငံသဘော တူညီချက်များကို ပြန်လည်ဆန်းစစ် နေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(RSCCI) ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။ “အခြေအနေကတော့ ထူးခြားမှုမရှိသေးပါဘူး။ ဆန်းစစ်ရေးပြုလုပ်နေဆဲပါပဲ” ဟု ပြောသည်။ အဆိုပါသင်္ဘောလိုင်းပြေးဆွဲနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်နှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်တို့ ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည် ၉ ဦးနှင့် ရခိုင်မှ RSCCI ဦးဆောင် သောကုန်သည် ၂၇ ဦးတို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် စစ်တွေဟိုတယ်ခန်းမ၌ စတင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါသင်္ဘောလိုင်းကို စစ်တွေတွင် အိန္ဒိယအစိုးရကတည်ဆောက်ပေးထားသည့် စစ်တွေဆိပ်ကမ်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတို့ တိုက်ရိုက်ဆက်သွယ် ကူးသန်းနိုင်ရန် ကြိုးစားနေကြခြင်းလည်းဖြစ်သည်။ လက်ရှိတွင် မြန်မာ နိုင်ငံမှ ကုန်ပစ္စည်းများကို ရခိုင်ပြည်အတွင်းရှိ မောင်တော(ကညင်ချောင်း) နယ်စပ်ကုန်သွယ်ရေးစခန်း၊ စစ်တွေရွှေမင်းဂံ နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက် (ကယုချောင်း) ဆိပ်ကမ်းတစ်ခုတည်းဖြင့်သာ ကုန်သွယ်မှု များ လုပ်ဆောင်နေကြရသည်။ ထိုသို့နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်ရသည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ကုန်သည်များအတွက် ကုန်ကျစရိတ်များပြားခြင်း၊ သယ်ယူပို့ဆောင်ရေးပိုင်းများတွင် အခက်အခဲများ ရှိနေကြသည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။ “နယ်စပ် တက်ကနက်က ကုန်ပစ္စည်းတွေကို စစ်တကောင်း အထိ ကားတွေနဲ့ တင်ပို့ရတာ စရိတ်တွေ အကုန်အကျ များတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပိုင်းဆိပ်ကမ်းအထိ ရေကြောင်း ကနေ ပို့ဆောင်ခွင့် ရမယ်ဆိုရင်တော့ ဈေးကွက်ထဲကို တိုက်ရိုက်ရောက်နိုင်တယ်။ ပိုအဆင်ပြေတာပေါ့။ ကျွန်တော်အနေနဲ့ ပြော ရရင် အဲ့ဒီကမ်းရိုးတန်းသွားသင်္ဘောလိုင်း အမြန်ပြေးဆွဲခွင့်ရရင်တော့ ပိုကောင်းတာပေါ့” ဟုပြောသည်။ https://burmese.na rinjara.com/…/6514f8d909b5dc9b064a613f

၂၈။      လားရှိုး DENKO ဆီဆိုင် ပေါက်ကွဲမှုမှာ ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

September 28, 2023

ရှမ်းမြောက် လားရှိုးမြို့ပြင် လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ DENKO စက်သုံးဆီဆိုင် ပေါက်ကွဲမှုမှာ အမျိုးသား ၂ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်က ပြည်ထောင်စု လမ်းမကြီးပေါ် နမ့်ခိုက်ရွာရှိ DENKO ဆီဆိုင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “ကျနော်ကြားမိသ လောက်က ဆိုင်ကယ်တစ်စီး ဆီလာဖြည့်ချိန်မှာပေါက်ကွဲမှုဖြစ်သွားတာ။ အဲထဲဗုံးရှိထားလို့ထင်တယ်။ အဲနားမှာရှိတဲ့ ကားတစ်စီး ရော မီးလောင်သွားတယ်။ ပြီးတော့ ဆိုင်ကဝန်ထမ်းရော ကားမှာပါလာတဲ့ခရီးသည်တွေရော ထိခိုက်သွားတယ်”လို့ ပြောပါ တယ်။ ဒဏ်ရာရရှိခဲ့တဲ့ ၁၁ ဦးကို လားရှိုးမြို့ရှိ ပရဟိတအသင်းတွေက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး တစ်ဦးဟာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုသူ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက “လားရှိုးမှာ အခုနောက်ပိုင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေတယ်။ အများစုက ဒီဟိုတယ်တွေမှာ ဖြစ်တာများတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက်(၂)ရှိ CS ဟိုတယ်ရှေ့မှာ ဗုံးပေါက်ကွဲပြီး ၅ ဦး ဒဏ်ရာရကာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါ တယ်။  ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းကလည်း လားရှိုးမြို့မစျေးရှိ ဇွဲထက်ရွှေဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်း တစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://www.facebook.com/photo?fbid=640823694891565&set=pcb.

၂၉။      ဘူးသီးတောင်၊ မောင်တောဘက်တွင် အကြမ်းဖက် သောင်းကျန်းသူများကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထား

September 29, 2023

ရခိုင်ပြည်၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် ရက္ခိုင့်တပ်တော် ULA/AA မှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေ သည်မှာ နှစ်ပတ်ကျော်ခန့်ရှိနေပြီး သောင်းကျန်းသူအချို့ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိထားကြောင်း ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ ပြီးခဲ့သည့် လအနည်းငယ်ကနေ ဘူးသီးတောင်၊ မောင်တော ဒေသတို့တွင် အကြမ်းဖက်အဖွဲ့ ARSA လက်နက်ကိုင် အဖွဲ့မှာ ဒေသခံမွတ်ဆလင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဒေသခံများ၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးသည့် အကြမ်း ဖက်လုပ်ရပ်များကို ကျူးလွန်နေသည်။ ARSA မှ ယင်းကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်နေ၍ ရက္ခိုင့်တပ်တော် ULA/AA မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိ သေးပေ။ AA ပြောခွင့်ရ ဦးခိုင်သုခက “ဘူးသီးတောင်၊ မောင်တောမှာ အကြမ်းဖက်ကျူးလွန်နေတဲ့ အဖွဲ့တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတာရှိပါတယ်။ မွတ်ဆလင်တွေအပါအဝင် ဒေသခံလူထုတွေနဲ့ ကျနော်တို့ရဲ့ အာရက္ခပြည်သူ့အစိုးရ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေလုပ်နေတာရှိပါတယ်။ ရာဇဝတ်ကိုင်းသားတစ်ချို့ကို ဖမ်းမိထားတာရှိတယ်။ ဘယ်နှစ် ယောက်ဖမ်းမိထားသလဲဆိုတာက ကျနော့်ဆီ ရောက်မလာသေးဘူး ” ဟု ပြောသည်။

အထူးသဖြင့် မောင်တောဒေသတွင် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများ၊ အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံ ပေးနေသူများကို ရှာဖွေဖမ်းဆီးသည့်အပြင် မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြည်သူလူထုများအနေဖြင့် စိုးရိမ်စရာမလို ကြောင်း ဦးခိုင်သုခက ဆိုသည်။ “ဒေသခံပြည်သူတွေအနေနဲ့ လိုအပ်တာထက် မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။ အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သတင်းတွေကို ရရှိလို့ရှိရင်လည်း ကျနော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေဆီကို အချိန်နဲ့တပြေးညီ ပို့ပေးပြီးတော့မှ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် “ဟု ဆက်လက်ပြောသည်။  စစ်ကောင်စီ၏ တပ်ဖွဲ့များမှလည်း ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များကို ရှာဖွေဖမ်းဆီးခြင်းရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ARSA လက်နက်ကိုင်အဖွဲ့ကို စစ်ကောင်စီက ကျောထောက်နောက်ခံပြုပြီး လက်နက်များ၊ စစ်ပညာများ သင်ကြားပေးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA လက်နက်ကိုင်အဖွဲ့ကလည်း ၎င်းတို့ကို ဆန့်ကျင်သော မွတ်ဆလင်များအား လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ထောက်ခံ အားပေးခြင်းများပြုလုပ်ရန် မွတ်ဆလင်လူမျိုးများအား စည်းရုံးနေကြောင်း ဒေသခံမွတ်ဆလင်များက ပြောသည်။  https://ww w.facebook.com/photo?fbid=753875513418544&set=a.682731967199566

၃၀။      ရေဖြူမှာ သုံးရက်အတွင်း PDF စခန်းသုံးခု စီးနင်း သိမ်းပိုက်ခံရ

September 28, 2023

ရေဖြူမြို့နယ်မှာ သုံးရက်တွင်း တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွါးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စခန်း​သုံးခု စီးနင်းသိမ်းပိုက်ခံလိုက်ရတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ စီးနင်းခံရတာစခန်းတွေက ရေဖြူ အနောက်ဖက်ကမ်းမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတဝိုက်က စခန်းနှစ်ခုနဲ့ ကလိန်အောင်မြို့အခြေစိုက် စခန်းတစ်ခု တို့ ဖြစ်ပါတယ်။ ရေဖြူမြို့နယ်အနောက်ဖက်ကမ်းကိုတော့ စစ်ကောင်စီတပ်ဟာ အခုလ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုး လာပြီး ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကန်နဲ့ ဝဇွမ်းတောရွာတွေတဝိုက်ကို တောနင်းကာ စခန်းနှစ်ခုကိုစီးနင်းခဲ့တာပဲ ဖြစ်ပါ တယ်။ “ဝင်စီးခံရတဲ့ထဲကစခန်းတစ်ခုဆိုရင် လွယ်လွယ်မရောက်နိုင်တဲ့နေရာမှာ ရှိတာပါ။ အခုကအသိမ်းခံရပြီး ပစ္စည်းတွေ လည်းပါသွားတယ်။ သတင်းပေးတဲ့သူကြောင့်လို့ပဲယူဆတယ်” လို့ ရေဖြူဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါ တယ်။ ပထမဆုံးစီးနင်းခံရတာကတော့ ခမောင်းချောင်းရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်သား တွေက အခုလ ၂၄ ရက်မှာ ရွာထဲကနေအိမ်တွေကိုမီးရှို့ပြီနောက် စခန်းကိုလည်း ဝင်စီးနင်းခဲ့တာပါ။ စစ်ကောင်စီဝါဒဖြန့် သတင်း တွေမှာတော့ အဲဒီစခန်းကနေ လက်လုပ်သေနတ်၊ မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းမိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် ၂၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွါးပြီး နောက် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ရွေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်က စီးနင်းသိမ်း ပိုက်ခဲ့ပါတယ်။ ဝင်ရောက်စီးနင်းပြီးချိန် စခန်းကရိက္ခာတွေကိုမီးရှို့ဖျက်ဆီးပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း စစ်ကောင်စီ တပ်က သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ မနေ့ကနေ့လယ်ပိုင်းမှာလည်း ဝဇွမ်းတောရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စခန်း တခု ထပ်မံသိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီစခန်းကနေလည်း လက်လုပ်သေနတ် ၁၀ လက်၊ လူနေတဲ ၁၆ လုံး၊ ၉ လုံးကျည် ၃၉ တောင့်၊ မိုင်း၊ ကျည်ကာအင်္ကျီနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းမိတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေကတော့ လက်ရှိအချိန်ထိ ရေဖြူမြို့နယ်အတွင်းဆက်ရှိနေပြီး တောနင်းတာ၊ စခန်းချနေထိုင်တာတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရေဖြူ ဒေသခံစစ်ဘေးရှောင်တစ်ဦးကတော့ “သူတို့ကင်းပုန်းက နေရာအစုံမှာ ရှိနေတာ။ အင်အားဘယ်လောက်လဲတောင် သေချာမသိဘူး။ အခုရှောင်နေရင်းတောင် နေ့တိုင်းပစ်သံတွေကြားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာတော့ ရေဖြူအနောက်ဖက်ကမ်းတစ်ခုတည်းမှာ တိုက်ပွဲ ၄ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲ တွေ အတွင်း နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=34110 1901640899&set=pcb.341102091640880

၃၁။      စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးပြီး တပ်ဖွဲ့တစ်ချို့ ထိခိုက်ဒဏ်ရာရ ရှိကြောင်း AA ပြော

September 29, 2023

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင့် AA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကချင်ပြည်၊ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခုအတွင်း ကျရောက် ပေါက်ကွဲ၍ ရက္ခိုင့်တပ်တော် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တချို့လည်းရှိခဲ့ကြောင်း ဦးခိုင်သုခ ကပြောသည်။ “ခါယာတောင်ကြောမှာအခြေပြုထားတဲ့ မြန်မာစစ်တပ်က ၁၂၀ မမ လက်နက် ကြီးနဲ့ လှမ်းပစ်တယ်။ အဲ့ဒီမှာ ကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုင်ခမ်း စစ်စခန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာရှိတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့တစ်ချို့ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးတစ်ယောက်ကတော့ ညနေ ၄ နာရီလောက်မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရင်းသေဆုံးသွားတယ်”ဟုပြောသည်။ အဆိုပါအနီးတစ်ဝိုက် တွင် တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် တပ်ဖွဲ့ တစ်ချို့ ထိခိုက်မှုတစ်ချို့ ရှိသော်လည်း အရေအတွက်ကိုမှု ပြောခွင့်ရ ပုဂ္ဂိုလ်မှ သီခြားအတည်ပြုခြင်းမရှိခဲ့ပေ။ “တိုက်ပွဲ ဖြစ်တာ တော့ မရှိဘူးဗျ။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူး။ ကျနော်တို့ဆီကိုတော့ ထိခိုက်ဒဏ်ရာရှိတဲ့ စာရင်းတော့ ရောက်မလာသေး ဘူး “ဟု ဦးခိုင်သုခက ဆက်လက်ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ် လုပ်ဆောင်သွားမည်ဆိုသည် ကိုမှု ညွန်ကြားချက် တစ်စုံတစ်ရာ ရောက်လာခြင်းမရှိသေးကြောင်း ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ  ဗိုလ်လောင်း သင်တန်းကျောင်း တစ်ခုကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရသည်။ ယင်းသေဆုံးမှုတွင် ရက္ခိုင့် တပ်တော် AAမှ တပ်ဖွဲ့ဝင် ဗိုလ်လောင်း ၈ ဦး ပါဝင်သည်။ အလားတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင် အမျိုးသား အစည်းအရုံး KNU နယ်မြေ တပ်မဟာ (၅)၌ ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်း စစ်ကောင်စီ တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက် မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ https://www.facebook.com/photo/?fbid=753 818223424273&set=a.682731967199566

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။