• Today is: Sunday, December 10, 2023

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာနဲ့ ဥပဒေအကြောင်း မိတ်ဆက် | အပိုင်း ၂

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာနဲ့ ဥပဒေအကြောင်း မိတ်ဆက် | အပိုင်း ၂

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၄၊ ၂၀၂၃

အဓိကာရ Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ် Episode 5 မှာတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတို့နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဆရာမ Ruth ကို ဖိတ်ခေါ်ပြီး အဓိကာရက ဆွေးနွေးထားပါတယ်။

Episode 5 ရဲ့ Part 1 မှာတော့ နိုင်ငံတကာတရားရုံး (ICJ) နဲ့ နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) တို့မှာ ဘယ်လို အမိန့်တွေကို ချမှတ်တတ်လဲ၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်လုပ်ငန်း (Human rights documentation)နဲ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ ကြောင်းအရ စုံစမ်းစစ်ဆေးမှု (Criminal investigation) တို့ရဲ့ ကွာခြားပုံနဲ့ နိုင်ငံအချို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ကျင့်သုံးပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နေမှု စတဲ့အကြောင်းအရာတွေကို ရှင်းလင်း ဆွေးနွေး ပေးထားပါတယ်။

အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိစေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက် ပေးတာ ဖြစ်ပါတယ်။

အခုတင်ဆက်နေတဲ့ အစီအစဉ်များကိုတော့ အဓိကာရ(Adhikāra)ရဲ့ မိတ်ဖက် သတင်း မီဒီယာများရဲ့ သတင်းကွန်ရက် စာမျက်နှာများမှာလည်း သွားရောက် နားဆင်နိုင်ပြီ ဖြစ် ပါတယ်။

#adhikara #podcast #Episode5 #humanrights #InternationalCrimes #InternationalCriminalLaw #federaljournalmyanmar