• Today is: Sunday, April 14, 2024

“အရှိတရားကို လက်ခံနိုင်စွမ်းရှိခြင်းမှ …အောင်ပွဲခံစေမည့် စည်းလုံးခြင်းဆီသို့ …”

“အရှိတရားကို လက်ခံနိုင်စွမ်းရှိခြင်းမှ…အောင်ပွဲခံစေမည့် စည်းလုံးခြင်းဆီသို့ …”

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၇၊ ၂၀၂၃

ချင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ India For Myanmar အဖွဲ့ရဲ့ တည်ထောင်သူတဦးလည်း ဖြစ်တဲ့ ဆလိုင်း ဒိုခါရ် ရေးသားပြုစုထားတဲ့ “အရှိတရားကို လက်ခံနိုင်စွမ်းရှိခြင်းမှ…အောင်ပွဲခံစေမည့် စည်းလုံးခြင်းဆီသို့ …” ဆိုတဲ့ ချင်းနိုင်ငံရေး သုံးသပ်ချက် စာအုပ်ကို ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အခု စာအုပ်ဖြန့်ဝေလိုက်တာနဲ့ ပတ်သက်ပြီး ဆလိုင်း ဒိုခါရ် ပြောတာက “လက်ရှိ ချင်းနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး တော်လှန်ပြည်သူများကို လေ့လာ သိရှိခွင့် ရရှိစေဖို့ ရည်ရွယ်သလို ချင်းတော်လှန်ရေး အားကောင်း လာရေးတို့ အတွက် အစည်းအဝေး (သို့မဟုတ်) ဆွေးနွေးပွဲများတွင် အချိန်ကန့်သတ် ချက်များကြောင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ခြင်း မရှိသည့် ချင်းတော် လှန်ရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား တည်ဆောက်ရေးတို့အတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ယူဆသော မိမိ၏ ခံယူချက်များနှင့် သုံးသပ်ချက်များကို ရည်ရွယ်ဦးတည်ပြီး ရေးသားထုတ်ဝေလိုက်ခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

အခု ထွက်ရှိထားတဲ့ စာအုပ်ကိုတော့ လက်တလော် E-BOOK အနေဖြင့် ဖတ်ရှုခွင့် ရရှိအောင် အွန်လှိုင်းနဲ့ သတင်းမီဒီယာတွေကနေ တဆင့် စတင် ဖြန့်ဝေလိုက်တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်တွင်း တော်လှန် ပြည်သူ အင်အားစုများနဲ့ စာဖတ်ပရိသတ်များ ဆီသို့ စာအုပ်အဖြစ် အခမဲ့ ထုတ်ဝေ ဖြန့်ချီပေးသွားနိုင်ဖို့ ရည်မှန်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု ချင်းနိုင်ငံရေး သုံးသပ်ချက်စာအုပ်နဲ့စပ်လျဉ်းပြီး အကြံပေး မှတ်ချက် များ စာရေးသူ ဆလိုင်း ဒိုခါရ် ဘက်က ကြိုဆိုလျှက်ရှိပြီး စာအုပ် ဖြန့်ချီရေးမှာလည်း ပါဝင်မျှဝေ ကူညီပေးဖို့ တိုက်တွန်းထားသလို အခုစာအုပ်ကနေ ချင်းပြည်သူများနဲ့ ချင်းမဟုတ်တဲ့ လူမျိုးများကလည်း အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆောင်ရန်၊ရှောင်ရန် အတွေးအမြင် အသစ်များ ရရှိနိုင်လိမ့်မယ်လို့ သူက သတင်းစကား ပြောထားပါတယ်။

သိမ်းဆည်းဖတ်ရှုလိုက်ပါက – အခမဲ့ ဒေါင်းလုတ်လင့်ခ်

https://drive.google.com/file/d/1P2U2KiyONeVH_C8iATZnvMn8f18P-JIl/view?fbclid=IwAR0j9NMRdBC87GcgaoHYjmzM41cRJMxsX1ikBM2uLwC5fnPtRERYde_5t5s