• Today is: Saturday, March 2, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ
လစဉ် အစီရင်ခံစာ (၂၀၂၃ ခုနှစ် နိုဝင်ဘာလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်၊ မြန်မာက လစဉ်လေ့လာ ပြုစု ပေါင်းချုပ်ပြီး ထုတ်ပြန်လျှက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် နိုဝင်လအတွင်း အာဏာသိမ်းမှု နှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဖက်ထိခိုက် သေဆုံးမှု၊ စစ် ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သား ပြည်သူ့ အိုးအိမ် ပျက်စီးမှု၊ နေရပ်စွန့်ခွာများကို စုစည်းတင်ပြထားပါသည်။

အပိုင်း (၁)

တိုက်ပွဲဖြစ်ပွားမှု နှင့် နှစ်ဖက်ကျသေဆုံးမှု

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း (၃၇၄)ကျော်ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်တွင် (၁၁၂) ကျော်ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်နယ်တွင် (၁၀၀)ကြိမ်ခန့်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တစ်လတာအတွင်း စစ်ကောင်စီ တပ်သား‌ပေါင်း (၆၀၄)ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့မှရဲဘော်ကျဆုံးမှု (၁၀၂)ဦးခန့်ရှိခဲ့ပါသည်။

(၁) ကချင်ပြည်နယ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIAနှင့် ပူးပေါင်း တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၈)ကြိမ် နှင့် စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ KIA တပ်ဖွဲ့ဖက်မှ ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများသည် ကချင် ဒေသများထဲက ဗန်းမော်ခရိုင်ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်တို့အပြင် ကချင်-စစ်ကိုင်းနယ် စပ်ဒေသများဖြစ်သော ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသောမြို့နယ်များနှင့် ကချင်-ရှမ်းမြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသောမြိုနယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေး ကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင်လျှက်ရှိပါသည်။

(၂) ချင်းပြည်နယ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၃)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၆)ဦးခန့်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ကျဆုံးမှု (၄)ဦးခန့်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး(CNF)နှင့် မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့(CDFs)များ ပူးပေါင်းစစ်ဆင်မှုသည် အဓိကကျပါသည်။ ချင်းလဲန်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ် နှင့်ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကောဒေသတစ်ဝိုက်နှင့် စစ်ကိုင်းတိုင်းမြောက်ဖက် ကလေး ကဘော်ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

(၃) ရှမ်းပြည်နယ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၁၅၇)ကြိမ်ဝန်းကျင်၊ စစ်ကောင်စီတပ်သား သေဆုံးမှု (၁၇၀)ဦးခန့်နှင့် တော်လှန်ရေးတပ်သားကျဆုံးမှု (၂၆) ဦးဝန်းကျင်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် ကိုးကန့်(MNDAA)၊ တအောင်း(TNLA)၊ ဒေသအခြေပြုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှုများနှင့် ရှမ်းလူမျိုးအခြေပြု လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် RCSS/ SSA နှင့် SSPP/SSA တို့ ကြား ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့သည်။

(၄) ကယား(ကရင်နီ)ပြည်နယ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီနှင့် ကရင်နီကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇၄)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၃၄၄)ဦးကျော် နှင့် ပြည်သူ့ ပူးပေါင်းတပ်ဖွဲ့ဖက်မှ ရဲဘော်ကျဆုံးမှု (၅၄)အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီ တပ်မတော် (KA)တို့ကြား တိုက်ပွဲ ဖြစ်ပွား မှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြား ကရင်နီ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် ကရင်နီအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသ များဖြစ်သော ဖယ်ခုံမြို့နယ် နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ ရှမ်းပြည်နယ်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တစ်ချို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။

(၅) ကရင်ပြည်နယ် (ကော်သူးလေအုပ်ချုပ်နယ်မြေ)

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီနှင့် ကော်သူးလေ အုပ်ချုပ်နယ်မြေရှိပူးပေါင်း တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၀၀)ကြိမ်၊ စစ်ကောင်စီ တပ်သား သေဆုံးမှု (၅၇)ဦးကျော်နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်သားကျဆုံးမှု (၁၄)ဦးရှိခဲ့ကြောင်း မှတ် တမ်းတင် နိုင်ခဲ့ပါသည်။

(၆) မွန်ပြည်နယ်

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်တစ်ဝိုက်တွင် စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂)ကြိမ်ခန့်နှင့် စစ်ကောင်စီတပ်သားနှင့် အစေအပါးမှားသေဆုံးမှု (၂)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ စစ်ကောင်စီတပ်သားသေဆုံးမှု (၄)ဦးခန့်ရှိခဲ့ကြောင်း မှတ်တမ်း တင် နိုင်ခဲ့သည်။ တော်လှန်ရေးရဲဘော်များ၏ ထိခိုက်ကျဆုံးမှုအား မှတ်တမ်းတင်နိုင်မှုမရှိခဲ့ပါ။

မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်းနှင့်ကျိုက်ထို စသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ(ခေါ်) KNU/KNLA ထိန်းချုပ်နယ်မြေများ ဖြစ် သည့် အလျောက် ၎င်းမြို့နယ်အခြေခံသော ကာကွယ်ရေးတပ်ဖွဲ့များသည် KNLA ၏ စစ်ရေး ကွပ်ကဲမှု ဖြင့် ပူးပေါင်း စစ်ဆင်လျှက်ရှိနေသည်။

အပိုင်း (၂)

ပဋိပက္ခနောက်ဆက်တွဲ၊ အရပ်သားများ ထိခိုက်မှု

(၁) အရပ်သားပြည်သူသေဆုံးမှု

၂၀၂၃ နိုဝင်ဘာလအတွင်း တိုင်းရင်းသားပြည်နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက် ပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုများကြောင့် တိုင်းရင်းသားဒေသများတွင် အရပ်သားပြည်သူများ စုစု ပေါင်းသေဆုံးမှု (၁၀၂) ဦးဝန်းကျင်ရှိခဲ့သည်။

စက်တင်ဘာလအတွင်း ဖက်ဒရယ်ဂျာနယ်၊ မြန်မာမှ မှတ်တမ်းတင်နိုင်သောအရပ်သား သေဆုံးမှုများ မှာ ရှမ်းပြည်နယ်တွင် (၉၄) ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ကရင်နီပြည်နယ်တွင် (၆၃)ဦး၊ ကရင်ပြည်နယ် တွင် (၁၅) ဦး၊ ချင်းပြည်နယ်တွင် (၁၁) ဦးနှင့် ကချင်ပြည်နယ်တွင် (၁) ရှိခဲ့ကြောင်း မှတ်တမ်း တင်နိုင် ခဲ့သည်။

(၂) အိုးအိမ်ပျက်စီးမှု

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီး မှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး၊ လေကြောင်းပစ်ခတ်ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၅၂၂)လုံး ပျက်စီးမှုရှိခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

အရပ်သား အိုးအိမ်ပျက်စီးမှုများမှာ ကရင်နီပြည်နယ်တွင် အများဆုံးဖြစ်ပြီး (၂၉၆)လုံး၊ ချင်းပြည်နယ် တွင် (၁၀၅)လုံး၊ ကရင်ပြည်နယ်တွင်(၅၉)လုံး၊ ရှမ်းပြည်နယ်တွင် (၅၇)လုံးနှင့် ကချင်ပြည် နယ်တွင် (၅)လုံးခန့်ထိ အသီးသီးပျက်စီးမှုရှိခဲ့သည်။

ကိုးကားချက်များ –
(၁) လွတ်လပ်သော သတင်းမီဒီယာများ
(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
(၃) ဖက်ဒရယ်ဂျာနယ်၊ မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ စုစည်းတင်ပြသည်။