• Today is: Thursday, May 30, 2024

ဖယ်ခုံမြို့နယ်က စစ်ကောင်စီ စခန်းကုန်းသိမ်း တိုက်ပွဲမှာ အင်းလေး PDF ရဲဘော် ၂ဦးကျဆုံး

ဖယ်ခုံမြို့နယ်က စစ်ကောင်စီ စခန်းကုန်းသိမ်းတိုက်ပွဲမှာ အင်းလေး PDF ရဲဘော် ၂ဦးကျဆုံး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၉၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်က စစ်ကောင်စီစခန်းကုန်းသိမ်းတိုက်ပွဲမှာ အင်းလေးPDFရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
 
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၁ရက်က မဟာမိတ်တပ်ပေါင်းစုတွေဆင်နွှဲခဲ့တဲ့ ဆောင်နန်းခဲ စခန်းကုန်း သိမ်း တိုက်ပွဲမှာ အင်းလေးPDFက ရဲဘော် တပ်ခွဲ-၃(ပ)တပ်ခွဲမှူး Oneနဲ့ တပ်စိတ်၂၆(ပ)စိတ်မှူး Mikeတို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ကျဆုံးရဲဘော် ၂ဦးရဲ့ ဈာပနာကို ဒီဇင်ဘာလ ၁၂ရက်က ပြုလုပ်ခဲ့ပြီး ရဲဘော် တပ်ခွဲမှူးOneနဲ့တပ်စိတ်မှူး Mikeတို့ရဲ့ ပေးဆပ်မှုကို အင်းလေးPDFကနှမျောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးနီပြု ပါတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီတိုက်ပွဲကို MB PDF-1၊ PK PDF-1၊ PKS PDF၊ PK PDF-2၊ MB PDF-2၊ KNDF B-03၊ B-11နဲ့ B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး၊ ဗျူဟာ ၂ရဲ့ ၁၀၀၃တပ်ရင်း၊ ၁၀၀၈SSRYတပ်ရင်း၊ အင်းလေးPDFတို့ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
စခန်းသိမ်းတိုက်ပွဲကို မနက် ၈နာရီ၊ ၅၂မိနစ်ကနေ ညနေ ၃နာရီ၊ ၂၅မိနစ်အထိဆင်နွှဲခဲ့တာဖြစ်ပြီး တိုက်ပွဲဆင်နွှဲနေတဲ့ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ၉၂ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဓါတ်ပုံ -IPDF