• Today is: Saturday, March 2, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်းတင်ပြခြင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်းတင်ပြခြင်း

(No. 96, December 28, 2023)

၁။  ဝိုင်းမော်ဒေသခံ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား

၂။ ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

၃။ လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ

၄။ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

၅။ ခရစ္စမတ်နေ့မှာ စစ်ကောင်စီက လွိုင်ကော်ကို လေယာဥ်နဲ့ ၃၄ကြိမ် ဗုံးကြဲခဲ့

၆။ ဒီးမော့ဆိုစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ဈေးကြီးပေးပြီး ဝယ်သုံးနေရ

၇။ နယ်စပ်က စစ်ကောင်စီရဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည်တပ်မတော် ဝင်ရောက်ရှင်းလင်း

၈။ မယ်စဲ့မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စာသင်ဆောင်နှင့်ကျောင်းသုံးပစ္စည်း မလုံလောက်တာ ကြောင့် စာသင်ကြားတဲ့အတန်းကို အကန့်အသတ်ဖြင့် ဖွင့်လှစ်နေရ

၉။ ထားဝယ်မြို့ပေါ် ရပ်ကွက်ရှိ အမျိုးသား ၂၀ ဦးကျော် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

၁၀။ ကော့ကရိတ်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

၁၁။ ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့

၁၂။ မြဝတီ-မဲဆောက် အမှတ် (၂)တံတားလုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ၂၃ ဦးလုပ်အားခ တစ်သိန်းကျော်ပြန်ရ

၁၃။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

၁၄။ ချင်းပြည်က စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည့် CJDC ကို အပြီးဖျက်သိမ်း

၁၅။ “ချင်းလဲန်းကောင်စီကနေတစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့လိုချင်တဲ့ ပက်ကားအစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်”

၁၆။ ဖလမ်းမြို့ထဲ ပစ်ခတ်မှုဖြစ်ပွား စစ်ကောင်စီတပ်အရာရှိတစ်ဦးသေဆုံး

၁၇။ ရေးမြို့နယ်မှာ PDF သတင်းလိုက်လံစုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ဖမ်ဆီးရမိ

၁၈။ လောင်းလုံမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

၁၉။ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် လုံးဝအယုံအကြည်မရှိတော့ဘူးလို့ KNU တုံ့ပြန်

၂၀။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

၂၁။ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်ဆွဲတိုက်ခိုက်ခံရ

၂၂။ AA မှ စစ်ကောင်စီ ဗျူဟာနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်

၂၃။ မြောက်ဦးမြို့ ခရိုင်ရဲစခန်း ရက္ခိုင့်တပ်တော် သိမ်းပိုက်လိုက်ပြီ

၂၄။ မြောက်ဦးတွင် ဒီဇင်ဘာ ၂၆ တစ်ရက်တည်းအတွင်း ကလေး ၃ ဦးအပါအဝင် ၅ ဦးသေဆုံး၊ လူပေါင်း ၁၀ ခန့် ဒဏ်ရာရရှိ

၂၅။ သိန္နီမြို့နယ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံ ဗုံးကြဲတိုက်ခိုက်

၂၆။ နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

၂၇။ စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် ညီနောင် (၃)ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ

၂၈။ သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား

၂၉။ ရခိုင်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေ

၃၀။ပင်လုံမြို့မှာ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံရ

 ———–

၁။ ဝိုင်းမော်ဒေသခံ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား

December 28, 2023

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တွေက အမျိုးသား ၂ ယောက်ကို အတင်းအဓမ္မ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် ဒီကနေ့ နံနက်ပိုင်း ၈ နာရီလောက်မှာ မနက်စျေးထဲ ဦးလရှီးနော်လွန်ဆိုသူကို ပြည်သူ့စစ်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အောင်မြေ(၁)ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

“မနေ့ညက တစ်ယောက် ၊ ဒီကနေ့ မနက်စျေးမှာ တစ်ယောက် ဖမ်းဆီးခံရတဲ့သူ ၂ ယောက်ရှိသွားပြီ။ ဘာလို့ ဖမ်းဆီးသွားကြလဲတော့မသိဘူး။ ကြားရသလောက်က KIA နဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောပြီးတော့ ဖမ်းဆီးသွားတယ်လို့ ပြောနေကြတယ်”လို့ပြောပါတယ်။

https://burmese.kachinnews.com/2023/12/28/yl1-151/

၂။ ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

December 28, 2023

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ခကွမ်ရပ်ကွက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝိုင်းမော်ဒေေသခံတွေထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ညနေ  ၄နာရီခွဲလောက်မှာ ခကွမ်ရပ်ကွက် စစ်ကောင်စီတပ်ရဲ့ တပ်ရင်း(၅၈) အနားမှာ နွားကျောင်းနေချိန် မြေမြုပ်မုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“တပ်ရင်း(၅၈)ဘေးနားမှာ နွားသွားကျောင်းတာ နွားတွေသွားနေတဲ့နေရာက ဗုံးပေါက်ကွဲပြီး နွားသုံးကောင်တော့ သေသွားတယ် သူက ဗုံးစမှန်ပြီး ဒဏ်ရာရခဲ့တယ်”လို့ ပြောပါတယ်။

https://burmese.kachinnews.com/2023/12/27/dsa1-7/

၃။ လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ

December 28, 2023

စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေတယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး လဟယ်မြို့နယ်မှာရှိတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအဓ္ဓမအခြေခံစစ်သင်တန်းပေးခဲ့ရာကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ Non-CDM တွေကို သင်တန်းဆင်းပေးပြီး နောက်ထပ် လဟယ်မြို့နယ်မှာရှိတဲ့ ရပ်ကျေးထဲက လူငယ်တွေကို ဒုတိယအသုတ်အနေနဲ့ စစ်သင်တန်းထပ်ပေးနေတာဖြစ်တယ်လို့ လဟယ်မြို့ခံတစ်ဦးက ပြောပါတယ်။

 

“ဝန်ထမ်းတွေက ပြီးသွားဘဲ ခုနောက်ထပ်လူငယ်တွေကို ပြန်ပေးနေတယ်လို့ သိရတယ်။ ခုရပ်ကျေး ထဲက လူငယ်တွေ တစ်နေ့ကို နေ့စားခ ၇၀၀၀ ပေးပြီး စစ်သင်တန်းပေး နေတာ”လို့ပြောပါတယ်။

https://burmese.kachinnews.com/2023/12/28/zm1-141/

၄။ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

December 28, 2023

ကချင်ပြည်နယ် ဖားကန်​မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေး ဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။

ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

“ပုံမှန်စစ်ဆေးနေကြနေရာတွေမှာ အခုအစစ်အဆေးမရှိတာ ကြာပြီဗျ။ သူတို့တွေငြိမ်နေတာကြာပြီ အပြင်ကို မထွက်လာကြတော့တာ သူတို့ရဲ့တပ်ပြင်က အင်အားတွေကိုတပ်တွင်းမှာစုပြီး တပ်တွင်း အောင်းနေတာ ကြပြီ။ အရင်ဆို ရဲစခန်းရှေ့တို့ ၊ကျောက်စိမ်းတောင် တံတားပေါ်တို့မှာ ဆိုပုံ မှန်စစ် တယ်လေး အခုတော့အဲ့တာတွေမရှိတာကြာပြီ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။

https://burmese.kachinnews.com/2023/12/28/zz1-42/

 

 

၅။ ခရစ္စမတ်နေ့မှာ စစ်ကောင်စီက လွိုင်ကော်ကို လေယာဥ်နဲ့ ၃၄ကြိမ် ဗုံးကြဲခဲ့

December 28, 2023

ခရစ္စမတ်နေ့ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တစ်ရက်အတွင်း လွိုင်ကော်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ၃၄ ကြိမ် ဗုံးကြဲခဲ့ပြီး ပေါင် ၅၀၀ဗုံးသီးတွေကိုလည်း အသုံးပြုပြီး တိုက်ခိုက်တာရှိတယ်လို့ ကရင်နီပြည်တပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ၂၅ ရက်နေ့မှာ လေယာဥ်ကြဲနှုန်း တစ်ရက်သာအတွင်းက ကြဲနှုန်း ၃၄ ကြိမ်ရှိတယ်။”လို့ ကရင်နီပြည် တပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ) မှာလည်း ပေါင် ၅၀၀ ဗုံးသီး ၄ လုံး အသုံးပြုပြီး လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ယနေ့အထိ လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

https://www.kantarawaddytimes.org/%e1%80%81%e1%80%9b%e1%80%85%e1%80%b9%e1%80%85%e1%80%99%e1%80%90%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/

 

 

၆။ ဒီးမော့ဆိုစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ဈေးကြီးပေးပြီး ဝယ်သုံးနေရ

December 28, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေကို ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဂါလံ ၁ထောင်ပါတဲ့ ရေကားတစ်စီးကို ၆သောင်းကျပ်ကနေ ၈သောင်းကျပ်အထိ ပေးဝယ်ပြီး ဝယ်ယူ သုံးစွဲရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဒီကားမှာ ဂါလံတစ်ထောင်လောက်ပဲပါတာပေါ့နော် အဲ့ဒါကို တစ်ကြိမ်ဆို ၈ သောင်း လောက်ပေးရ တာပေါ့။ အရင်တုန်းက ၃ ၊၄ သောင်းပဲပေါ့ အခု စက်သုံးဆီဈေးတွေတက်တော့ အဲ့လောက်ဖြစ်သွားပြီ “ လို့ စစ်ရှာင်ကူညီသူတစ်ဦးက ပြောပါတယ်။

ရေအရင်းအမြစ်ရှားပါးတဲ့အပြင် စစ်ရှောင်ဦးရေများပြားလာပြီး စစ်ရှောင်စခန်းမှာ ရေမလုံလောက် တော့ တာကြောင့် ဝယ်သုံးနေရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

https://www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94-3/

၇။ နယ်စပ်က စစ်ကောင်စီရဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည်တပ်မတော် ဝင်ရောက်ရှင်းလင်း

December 28, 2023

ထိုင်း-ကရင်နီနယ်စပ် BP 12 (ဘီပီ ၁၂) အနီးက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည် တပ်မတော် (KA) တပ်ရင်း (၁) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ကရင်နီပြည် တပ်မတော်(KA)ရဲ့စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“၂၅ ရက် နေ့မှာ ဟွေခမောက် ၁၄၄၁ စခန်းကို တပ်ရင်း(၁) ရဲဘော်တွေ ဝင်ရှင်းတယ်။ လက်နက်ခဲယမ်းတချို့ရတာပေါ့။ တိုက်ပွဲက မရှိဘူး။ နန်းပန်ချောင်း တောင်ခြမ်း မယ်စဲ့တကွေ့လုံး ရန်သူက မရှိတော့ဘူး။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

စစ်ကောင်စီ ဆုတ်ခွာသွားပြီဖြစ်တဲ့ အဲ့ဒီတပ်စခန်းကို ဝင်ရောက်ရှင်းလင်းရာမှ လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ခုနှစ်အတွင်း ဟွေခမောက်တပ်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ ရိက္ခာပို့ဖို့ ကြိုးစားတာကို ကရင်နီပြည်တပ်မတော် (KA) ကနေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

https://www.kantarawaddytimes.org/%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80-%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9f%e1%80%bd/

၈။ မယ်စဲ့မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စာသင်ဆောင်နှင့်ကျောင်းသုံးပစ္စည်း မလုံလောက်တာ ကြောင့် စာသင်ကြားတဲ့အတန်းကို အကန့်အသတ်ဖြင့် ဖွင့်လှစ်နေရ

December 28, 2023

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ဆောင်နဲ့ ကျောင်းသုံး ပစ္စည်းတွေ မလုံလောက်တာကြောင့် စာသင်တဲ့အတန်းတွေကို အကန့်အသတ်နဲ့သာ ဖွင့်လှစ်သင်ကြား နေကြရပါတယ်။

လူဦးရေ တထောင်ကျော်ရှိပြီး ထက်ဝက်လောက်က ကျောင်းနေအရွယ် ကလေးငယ်တွေဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်း အမှတ် ၈ မှာဆိုရင် စာသင်ကြားဖို့အတွက် စာသင်ဆောင်၊ ဆရာ၊ ဆရာမဦးရေနဲ့ ကျောင်းသုံးပစ္စည်းတွေ မလုံလောက်တာကြောင့် စာသင်တန်းကို Grade 7 ( ၇ တန်း) အထိသာ ဖွင့်လှစ်သင်ကြားပေးနိုင်တယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ ကျောင်းကော်မတီတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ ကျောင်းဖွင့်တာကတော့ အစတုန်းကတော့ ကျနော်တို့ ၈ တန်း ၉ တန်းထိပေါ့နော်။ ဆိုတော့ Grade-9 ကျနော်တို့ အဲ့အထိစဉ်းစားတယ်။ ဒါပေမဲ့ ဒီစာရေးကိရိယာတွေပေါ့နော်၊ ဖတ်စာအုပ် တွေရယ်၊ ကျောင်းသုံးတဲ့ ဒီကိရိယာအားလုံးက မပြည့်စုံလို့ ကျနော်တို့ Grade-7 ဘဲပေါ့နော် ၇ တန်းထိဘဲ ကျနော်တို့ ဖွင့်လှစ်နိုင်တယ်ပေါ့။ “ လို့ အဆိုပါ ကျောင်းကော်မတီတာဝန်ခံတဦးက ပြောပါတယ်။

https://www.kantarawaddytimes.org/%e1%80%99%e1%80%9a%e1%80%ba%e1%80%85%e1%80%b2%e1%80%b7%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%91%e1%80%b2%e1%80%80-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be/

၉။ ထားဝယ်မြို့ပေါ် ရပ်ကွက်ရှိ အမျိုးသား ၂၀ ဦးကျော် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

December 28, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ရှိ စစ်ရှောင်များ ငှားရမ်းနေထိုင်သည့် ကြက်စားပြင် ရပ်ကွက်ဆိပ်ကမ်းတွင် အမျိုးသားအယောက်နှစ်ဆယ်ကျော်ကို ဒီဇင်ဘာလ ၂၇ရက် ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွား ကြောင်း မြို့ခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ဒေသအသီးသီးမှ စစ်ဘေးရှောင်အများစု လာရောက် ငှားရမ်းနေထိုင်လျက်ရှိသည့် ကြက်စားပြင်ရပ်ကွက်ဆိပ်ကမ်း အနီးတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အမျိုးသားအယောက်၂၀ ကျော်ကို မြေတင်ကား(၆)စီးဖြင့် အကြောင်းမဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နေဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “မနေ့ညနေကလာပြီးတော့ မြေတင်ကားတွေနဲ့လာပြီး ဖမ်းသွားတယ်။ ယောက်ျားလေး တော်တော် များများ ပါသွားတယ်။ အသက်လတ်ပိုင်းတွေရော။ အသက်ကြီးပိုင်း၊ လူငယ်ပိုင်းအရွယ် တွေလည်း ပါသွားတယ်။ ဘယ်ကို ခေါ်သွားတာလည်းတော့ မသိဘူး။ ပေါ်တာ လာဆွဲတာလို့ ထင်တာပဲ။ အများစုက ငါးဖမ်းသမားတွေ ပါသွားတာများတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

https://kicnews.org/2023/12/%e1%80%91%e1%80%ac%e1%80%b8%e1%80%9d%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%80%e1%80%ba/

၁၀။ ကော့ကရိတ်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

December 28, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး ဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ထိတွေ့မှုတိုက်ပွဲများ ယနေ့ ဒီဇင်ဘာလ၂၈ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖော်ဆောင်နေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ အထိ ဆက်လက်ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း နယ်မြေခံစစ်ရေးသတင်းအရေးအမြစ်က ပြောသည်။

“လက်ရှိ ကော့ကရိတ်မြို့က တော်လှန်ရေးတပ်ဖွဲ့တွေ ပတ်ပတ်လည်ဝိုင်းထားနေတယ်။

မြို့ပတ်ပတ်လည်နှင့်မြို့တွင်း နေရာတော်တော်များများမှာ တော်လှန်ရေးတပ်ဖွဲ့ နေရာချထားတယ် ။ မြို့ထဲမှာ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေ(၉၇)စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့က ဆက်လက်ရှင်းလင်းနေတယ်။ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲပဲ”ဟု တော်လှန်တော်သတင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

https://kicnews.org/2023/12/%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%94%e1%80%be%e1%80%85-2/

၁၁။ ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့

December 28, 2023

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည် သူများအား ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အရေးပေါ်စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့ကြောင်း မြို့နယ်ခေါင်းဆောင်များက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကူညီထောက်ပံ့မှုသည် ကော့ကရိတ်မြို့အတွင်း လတ်တလော စစ်ရှောင်လာသူများကို အရေးပေါ်ကူညီထောက်ပံ့ခြင်းဖြစ်ပြီး မိမိမြို့နယ်အတွင်းရှိ စစ်ရှောင်ဦးရေမှာ ကူညီပေးနိုင်မှု ထက်များစွာများ‌ပြားနေသဖြင့် ဝိုင်းဝန်းကူညီလှူဒါန်းရန် လိုအပ်‌ကြောင်း ကေအဲန်ယူ-ကော့ကရိတ်မြို့ နယ်အတွင်းရေးမှူး ပဒိုမန်းမြအေးက ယခုလို ပြောသည်။

“အခုအများစု‌ ကူညီထောက်ပံ့ဖို့ ကောက်ခံတဲ့စာရင်း (၆၀၀)ဝန်းကျင်မှာ ကော့ကရိတ်မြို့က စစ်ရှောင် လာသူဖြစ်တယ်။ မြို့နယ်ထဲမှာ စစ်ရှောင်ဦးရေနဲ့ကူညီနိုင်တာမမျှတဘူး။ စစ်ရှောင်ဦးရေ ၃ သောင်း ကျော်ရှိတာ ကျနော်‌တို့ အနည်းငယ်ပဲ ကူညီထောက်ပံ့နိုင်တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှ အလှူရှင်တွေ ဝိုင်းဝန်းကူညီဖို့ လိုအပ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

https://kicnews.org/2023/12/%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%85-2/

၁၂။ မြဝတီ-မဲဆောက် အမှတ် (၂)တံတားလုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ၂၃ ဦးလုပ်အားခ တစ်သိန်းကျော်ပြန်ရ

December 28, 2023

မြဝတီနှင့် မဲဆောက်မြို့ကို ဆက်သွယ်ထားသော အမှတ်(၂) ချစ်ကြည်ရေး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ပြီး လုပ်အားခမရရှိကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦးသည် အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ကူညီမှုဖြင့် ဒီဇင်ဘာလ ၂၇ရက် ယမန်နေ့တွင် စုစုပေါင်းလုပ်အားခအဖြစ် ဘတ်ငွေ (၁၂၉,၅၇၀) ပြန်လည်ရရှိကြောင်း သိရသည်။

အဆိုပါ အမှတ် (၂) ချစ်ကြည်ရေးတံတားအောက်ရှိ လုပ်ကိုင်နေသည့် ပန်းရံအလုပ်သမား ၂၃ ဦးကို ဆောက်လုပ်ရေးတာဝန်ရှိသူဘက်မှ လုပ်အားခများ မပေးသည့်အတွက် အလုပ်ရှင်၊ အလုပ်သမားပြ ဿနာများကို ထိုင်းအလုပ်သမားရုံးမှတစ်ဆင့် ရင်ဆိုင်ကာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေး သည့်အဖွဲ့ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးသည့်အတွက် တရားရုံးအမိန့်ချမှတ်ချက်ဖြင့် ပြန်လည်ရ ရှိခြင်းဖြစ်ကြောင်း မြန်မာပြည်သားများအ‌ရေးပူး‌တွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

 

၎င်းက “ အမှတ်(၂)တံတားတည်ဆောက်ရေးလုပ်းငန်းမှာ လွန်ခဲ့တဲ့ ၂ လက ဆောက်လုပ်ရေးကုမ္ပဏီက လုပ်အားခမပေးဘဲထားတော့ အလုပ်ရှင်အလုပ်သမားရုံးမှာ သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ JACBAအဖွဲ့က ခေါ်ပြီးတော့ ပြောတယ်။ အဲဒီ ၂၃ ယောက်လုံး စုံညီ နှစ်ခါခေါ်တယ်။ အခု သုံးခါမြောက်မှာ ၂ လပြည့်တော့ အလုပ်ရှင်အလုပ်သမားပြဿနာကို ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ မရတဲ့အခါကျတော့ အလုပ်သမားရုံး တရားရုံးကို တင်လိုက်တယ်။ တရားရုံးက အမိန့်ချလိုက်တော့ ပေးစေဆိုပြီးသူတို့ ပေးလိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

https://kicnews.org/2023/12/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae-%e1%80%99%e1%80%b2%e1%80%86%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba-%e1%81%82%e1%80%90%e1%80%b6%e1%80%90/

၁၃။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

December 28, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ လေကြောင်းဖြင့် ၅ ရက်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က ဘုန်းကြီးကျောင်း အပါအ၀င် လူနေအိမ် အလုံး ၃၀ ကျော် မီးလောင်ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ခမ်းပတ်မြို့က အမျိုးသားတစ်ဦးက “အမှတ် ၁ ရပ်ကွက် ကားလမ်းအရှေ့ဖက် ဘုန်းကြီးကျောင်းနားဝန်းကျင် အိမ်ခြေ ၃၀ လောက်ရှိမှာ၊ အပေါ်ကနေ ဗုံးလာကြဲလို့လောင်သွားတာ တအိမ်ပြီးတအိမ် ကူးသွားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး မြေပြင်စစ်ကြောင်းသာမက လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ၅ ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

https://khonumthung.org/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%81%8f-%e1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90-7/

၁၄။ ချင်းပြည်က စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည့် CJDC ကို အပြီးဖျက်သိမ်း

December 28, 2023

ချင်းအမျိုးသားတပ်မတော် (CNF/CNA)၊ မြို့နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် ချင်းကာကွယ်ရေး အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို အပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း CJDC တာဝန်ရှိသူများက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်း ကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များသည် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနအောက်တွင် CJDC ကို ထည့်သွင်းမည်ကို ညှိနှိုင်း၍ မရသောကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု CNO/CNDF မှ ဒု-ဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။

https://khonumthung.org/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%80-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%9b-%e1%80%95%e1%80%b0%e1%80%b8%e1%80%95/

၁၅။ “ချင်းလဲန်းကောင်စီကနေတစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့လိုချင်တဲ့ ပက်ကားအစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်”

 December 28, 2023

ပထဆုံးအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၊ Victoria Base တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ချင်းလူမျိုးများ ကိုယ်တိုင်ရေးဆွဲ ပြဌာန်းသည့် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ကြသည်။ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်း တူရေး၊ အာမခံချက် ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရန် နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရန် စသည့် ရည်မှန်းချက် ၃ ခုနှင့်လည်း ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြပါသည်။

ချင်းပြည်ကောင်စီက လွှတ်တော်၊ အစိုးရနှင့် တရားလွှတော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်း သွားမည်ဖြစ်သည်။

ချင်းပြည်ကောင်စီညီလာခံမှာ အစုအဖွဲ့ (၃) ခု ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ် တော်ကိုယ်စားလှယ်အစု အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များမှ ၁၄ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)နှင့် ကန်ပက်လက် မြို့နယ်ကောင်စီ/ CDF-ကန်ပက်လက်တို့က တက်ရောက်ခြင်းမရှိခဲ့ပေ။

 

ဤသို့ ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် တော်လှန်ရေး အရှိန်အဟုန် မြှင့်နေသည့် ကာလ ချင်းပြည်ညီလာခံမှ တဆင့် ချင်းပြည်ကောင်စီနှင့် ချင်းပြည် အုပ်ချုပ်ရေး ယန္တရားများကို ဖွဲ့စည်း နိုင်မှုက ချင်းတော်လှန်ရေးကို ဘယ်လိုအရွေ့တွေ ဖြစ်ပေါ်လာနိုင်မလဲ ချင်းပြည်ကောင်စီ တွဲဖက် အတွင်းရေးမှူး ၁ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။

https://khonumthung.org/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b2%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%80%e1%80%94%e1%80%b1%e1%80%90/

၁၆။ ဖလမ်းမြို့ထဲ ပစ်ခတ်မှုဖြစ်ပွား စစ်ကောင်စီတပ်အရာရှိတစ်ဦးသေဆုံး

December 28, 2023

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်းပြည်သူများနှင့် ကုန်တင်ကားများအား အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းကပြောသည်။

“သူတို့က မြို့တွင်းမှာပြည်သူတွေကို ဒုက္ခပေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆို‌တော့ ဒီမဟာမြိုင်လမ်းပိတ်တော့ ဒီမန္ဒလေးဖက်က ကားကြီးတွေ ဒီချင်းပြည်နယ် ဟားခါးဖက်ကနေ ကလေး အဲ့လိုသွားကြတာ။ အဲ့မှာ သူတို့ ကားကြီး တွေကို တစ်စီးကို တစ်သိန်း နှစ်သိန်း အဲ့လိုကောက်တာမျိုးတွေရှိတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ တွေ့တဲ့ကားတွေကို ချောဆွဲပြီးတော့ သူတို့ကြိုက်တဲ့ဟာအတင်းအဓမ္မခိုင်းတာမျိုးရှိတယ်၊ နောက်ပြီးတော့ ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ အဲ့ကားသမားတွေကပဲ ဝယ်ပေးရတာ။ နောက်ပြီးတော့ တွေ့တဲ့လူကို ပိုက်ဆံဘယ်လောက်ပေးပါ ဟင်းသွားဝယ်ပေးပါ ဆိုပြီး အတင်းအဓမ္မခိုင်းတာမျိုးရှိတဲ့အတွက် ကျွန်တော်တို့က ခုလို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

https://khonumthung.org/%e1%80%96%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%91%e1%80%b2-%e1%80%95%e1%80%85%e1%80%ba%e1%80%81%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%96/

၁၇။ ရေးမြို့နယ်မှာ PDF သတင်းလိုက်လံစုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ဖမ်ဆီးရမိ

December 28, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ကျောင်းရွာကျေးရွာအနီးဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်း လိုက်လံစုံစမ်းတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသိန်းငှက်အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အရပ်ဝတ်ဝတ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ သတင်းလိုက်လံ စုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား နိုင်လင်းကို ရေးသိန်းငှက်အဖွဲ့က ကျောင်းရွာလမ်းပိုင်းမှာ ပိတ်ဆို့စစ်ဆေး နေစဉ် ဖမ်းဆီးရမိခဲ့တာပါ။

လတ်တလော စစ်ဆေးမှုတွေအရ အသက် ၂၈ အရွယ် တပ်သားနိုင်လင်းဟာ ရေးမြို့နယ်ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းက ဖြစ်တယ်လို့ ရေးသိန်းငှက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

https://burmese.thanlwintimes.com/2023/12/28/%e1%80%9b%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-pdf-%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%ad/

၁၈။ လောင်းလုံမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ  

December 28, 2023

တနင်္သာရီတိုင်း၊ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေလှုပ်ရှားမှု အားကောင်းတဲ့ သဗြာ၊ စပ် ပြဲအပါအဝင် ဝေဒီကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအချို့မှာ ကင်းပုန်းဝပ်တာတွေရှိနေ တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင် နေရပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

https://burmese.thanlwintimes.com/2023/12/28/%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%af%e1%80%b6%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%80%e1%80%bb/

 

၁၉။ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် လုံးဝအယုံအကြည်မရှိတော့ဘူးလို့ KNU တုံ့ပြန်

December 28, 2023

ငြိမ်းချမ်းရေးအတွက် အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် လုံးဝအယုံအ ကြည်မရှိတော့သလို စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်သာ ဆက်လက် ကြိုးပမ်း သွားမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ခရစ္စမတ်နေ့ ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားမှာ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကား ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်လှစ်ထားသလို တပ်မတော် ကလည်း ငြိမ်းချမ်းရေအတွက် အမြဲအသင့်ရှိနေကာ ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း ပြောကြားသွားခဲ့တာပါ။

https://burmese.thanlwintimes.com/2023/12/28/%e1%80%85%e1%80%85%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%84%e1%80%bc%e1%80%ad%e1%80%99-3/

၂၀။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

December 28, 2023

“စစ်တပ်ကလစာကောင်းကောင်း မပေးနိုင်လို့လား ဘာလားတော့ မသိဘူး။ ရွာထဲကိုဝင်ပြီးတော့ စစ်သားတွေက ဓားပြတိုက်စားဖို့ လုပ်နေတယ်။ ထမင်းတည်တဲ့ ထမင်းပေါင်းအိုးကအစ သူတို့ယူတယ်”

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ အခုလကစပြီး ဒေသခံပြည်သူ့ နေအိမ်တွေထဲ ပေါ်ပေါ်တင်တင် ဝင်ရောက်လာပြီးနောက် ရွှေ၊ ငွေ၊ ဆိုင်ကယ်အပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ် ထောက်ခံတဲ့ ကျေးရွာဖြစ်စေ၊ မထောက်ခံတဲ့ကျေးရွာဖြစ်စေ ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်ပြီး ဆန္ဒပြမှုတွေရှိခဲ့တဲ့ ကျေးရွာတွေဆိုရင် PDF အားပေးထောက်ခံရင် သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းမယ်၊ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်က ထားဝယ်ခရိုင်အတွင်း ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု၊ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် လုပ်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

https://burmese.thanlwintimes.com/2023/12/23/%e1%80%91%e1%80%ac%e1%80%b8%e1%80%9d%e1%80%9a%e1%80%ba%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99/

၂၁။ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်ဆွဲတိုက်ခိုက်ခံရ

December 28, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ယနေ့ နံနက်က  မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ ရန်ကုန်-စစ်တွေ ကားလမ်း၊ ဓာတ်အားခွဲစက်ရုံရှေ့မှာ ဒီကနေ့ မနက် ၁၁နာရီ ၄၀မိနစ်ခန့်က ဖြစ်တာပါ။  အင်အား၂၀ခန့်ပါတဲ့  စစ်တပ် စစ်ကြောင်းတစ်ခု ရက္ခိုင့်တပ်တော်က မိုင်းဆွဲ တိုက်ခိုက်လိုက်တာပါ” ဟု  နိရဉ္စရာသတင်းဌာနကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်း အဝေးပြေးကားလမ်းမမှာ မိုင်းသုံးလုံးပေါက်ကြောင်း၊ အင်အား ၂၀လောက်ပါသည့် စစ်ကြောင်းသည် ရပ်ကွက်ထဲကို လမ်းလျှောက်ပြီး ဝင်လာကြကြောင်း၊  ပြန်အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

https://burmese.narinjara.com/news/detail/658d1ee53760fd43639b09c2

၂၂။ AA မှ စစ်ကောင်စီ ဗျူဟာနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်

December 28, 2023

“ပေါက်တောမြို့ကို နေဗီလေးစီးဖြင့် တစ်ပြိုင်နက်တည်းပစ်ခတ်၍ မြို့အတွင်း မီးလောင်မှုများဆက်ဖြစ်ပွား”

ရက္ခိုင့်တပ်တော် ( AA)က စစ်ကောင်စီ၏ ဗျူဟာကုန်းနှစ်ခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး စစ်ကောင်စီကလည်း လေတပ်ကို အသုံးပြုပြီး ခုခံကာကွယ်နေသည်ဟု  သိရသည်။

ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ကောင်စီဗျူဟာကုန်း ၂ ခုမှာ ပလက်ဝမြို့အနီးမှ “ခဝဲဗျူဟာကုန်း” နှင့် ကျောက်တော်မြို့နယ်မှ “တင်းမ တောင်ရှည်တောင်ဗျူဟာကုန်း” တို့ ဖြစ်ကြသည်။

 

ဒီဇင်ဘာလ (၂၆) ရက် ရခိုင်စစ်ရေးနှင့် ပတ်သက်သောသတင်းများကို ညီနောင်သုံးဖွဲ့က ထုတ်ပြန်ရာတွင် ပလက်ဝအတွင်းမှ “ခဝဲဗျူဟာကုန်း” အားလည်း အပြီးသတ် သိမ်းပိုက် ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။

https://burmese.narinjara.com/news/detail/658b7151d7093232b8c82bb1

၂၃။ မြောက်ဦးမြို့ ခရိုင်ရဲစခန်း ရက္ခိုင့်တပ်တော် သိမ်းပိုက်လိုက်ပြီ

December 28, 2023

မြောက်ဦးခရိုင်ရဲစခန်းကို စစ်ကောင်စီက လေယာဉ်များ၊ အမြောက်ကြီးများဖြင့် ပစ်ခတ် ခုခံကာကွယ်နေသည့် ကြားထဲက ရက္ခိုင့်တပ်တော် (AA)က အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဖြစ်သည်။

မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက်ရှိ ငွေတောင်ပေါက်တွင် တည်ရှိသည့် သူတော်မတောင်စစ်စခန်းနှင့် မြောက်ဦးရဲခရိုင်စခန်းတို့ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၄ ရက် နံနက် ၃ နာရီ ၅၅ မိနစ်တွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးခရိုင်ရဲစခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်းကို ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ညီနောင်သုံးဖွဲ့က ယခုလို ထုတ်ပြန်ထားသည်။

“ ရက္ခိုင့်တပ်တော်အနေဖြင့်  “မြောက်ဦး ခရိုင်ရဲစခန်း” အား ဒီဇင်ဘာလ (၂၆) ရက် ညနေ (၉) နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://burmese.narinjara.com/news/detail/658b346dd7093232b8c7864d

 

၂၄။ မြောက်ဦးတွင် ဒီဇင်ဘာ ၂၆ တစ်ရက်တည်းအတွင်း ကလေး ၃ ဦးအပါအဝင် ၅ ဦးသေဆုံး၊ လူပေါင်း ၁၀ ခန့် ဒဏ်ရာရရှိ

December 28, 2023

(မြောက်ဦးတိုက်ပွဲ ၃ ရက်တာကာလအတွင်း အရပ်သားသေဆုံးသူ ၉ ဦးရှိသွားပြီ) 

မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၂၆ ရက် တစ်ရက်တည်းအတွင်း သေဆုံးသူ ကလေးငယ် ၃ ဦး အပါအဝင် လူ ၅ ဦးရှိပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပု (၅၄) နှစ်၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်းက မယုလှိုင်မိုး(၁၀)နှစ်၊ မအေးသန်းကြည်(၁၁) နှစ်၊ မောင်ကျော်မင်းစိုး (၉ )နှစ်နှင့်  ဒေါ် စိန်ဝါနု (၅၂) နှစ်တို့ ဖြစ်ကြသည်

လက်ကောက်ဈေးအုပ်ချုပ်ရေးမှူးမှာယနေ့ဒီဇင်ဘာ၂၆ရက်နံနက်ကတည်းကသေဆုံးနေပြီး အလောင်းကို  နေ့လယ် ၂နာရီခန့်က တွေ့ရှိခဲ့သည်ဟု မြောက်ဦးဒေသခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

https://burmese.narinjara.com/news/detail/658b094754e016291216060b

၂၅။ သိန္နီမြို့နယ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံ ဗုံးကြဲတိုက်ခိုက်

December 28, 2023

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) ခရစ္စမတ်နေ့ညအချိန်တွင် စစ်ကောင်စီတပ်မှ သိန္နီမြို့အနီးသို့ လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း သိန္နီဒေသခံများက ပြောသည်။

“မနေ့က ညနေပိုင်းရော၊ ညအချိန်ရော လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ မြို့နဲ့ မနီးမဝေးမှာပါ။ ပန်လော့တိုးဂိတ်၊ ဝိန်းလျှန်၊ မိုင်းယမ်း၊ လုံမောက်ရွာတွေမှာ ချသွားတာ။ ကြောက်နေရလို့ အိမ်ပြင်မထွက်ရဲတော့ ဘယ်သူအိမ်ထိမှန်း မသိရဘူး။ ဖုန်းလိုင်းကလည်း အမြင့်တက်မှ လိုင်းမိတယ်”ဟု သိန္နီမြို့မှ လားရှိုးမြို့သို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

https://burmese.shannews.org/archives/39020

၂၆။ နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

December 28, 2023

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှ စတင်ကာ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) တပ်အမှတ် (၃၂၄) ကို TNLA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီး/ ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ လက်နက်ကြီး/ငယ် သုံးကျတယ်။ ရပ်ကွက်ထဲကိုလည်း လက်နက်ကြီးကျကွဲတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူး၊ မနေ့ကလည်း ရွာထဲ လက်နက်ကြီး ကျလို့ အိမ်တွေ ပျက်စီးတယ်၊ ပြီးတော့ လူကိုလည်း ထိသေးတယ်လေ” ဟု နမ္မတူမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

https://burmese.shannews.org/archives/39017

၂၇။ စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် ညီနောင် (၃)ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ

December 28, 2023

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြင်းထန်နေသည့် စစ်ရေးရှိန်လျော့ ရေးအတွက်ကို တရုတ်နိုင်ငံက ဒုတိယအကြိမ် နွေး‌ဆွေးပွဲကို ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ – NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တက်‌ရောက်ပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဘက်က ကိုးကန့်တပ် – MNDAA ၊ တအာင်း (ပလောင်)တပ် – TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့တက်ရောက်ခဲ့သည်။

MNDAA မှ လောက်ကိုင်ထဲတွင်ပိတ်မိနေသူတို့၏ လုံခြုံစွာနှင့် အပြင်ထွက်နိုင်မယ့် (Humanitarian Passage – လူသားစာနာထွက်ခွာခွင့်ပြုရေးလမ်းကြောင်း) ကို ခွင့်ပြုပေးရန် အဓိကဆွေးနွေးခဲ့ပြီး စစ်တပ်ဘက်တွင်လည်း လောက်ကိုင်ကိုဝင်မတိုက်ရန်ဆိုသည့် အချက် ကိုဆွေးနွေးခဲ့သည်။

စစ်ကောင်စီ မှမြောက်ပိုင်း စစ်‌ရှိန်လျှော့ရေး( De-escalation)ကို အဓိကထားဆွေးနွေးခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြန်စနိုင်ရန်နှင့် မြောက်ပိုင်းမှ တခြားဒေသကို စစ်ဘောင်မကျယ်ရေး ဆိုသည့်အချက်ကိုဆွေးနွေးခဲ့သည်။

https://burmese.shannews.org/archives/39015

၂၈။ သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား

December 28, 2023

သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက်  တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF များ၏ ပြောက်ကျား တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီ အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ‌‌ခြောက်ခြားဖွယ်ရာ ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

PDF များ၏ ပြောက်ကျားစစ်ကြောင့် စစ်ကောင်စီတပ် အထိနာနေသည်မှာ ငြင်းမရသည့် အချက်ဖြစ်သော်လည်း PDF အနေဖြင့် စစ်ကောင်စီတပ်ကို မဟာဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်လောက်သည့် လေ့ကျင့်မှုနှင့် လက်နက်ခဲယမ်း မရှိသည်မှာ ထင်ရှားသည်။ သို့သော် စစ်ကောင်စီတပ်အား နိုင်ငံအနှံ့အပြား စစ်အင်အား ဖြန့်ခွဲထားရသည့် အခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။

https://burmese.shannews.org/archives/38766

၂၉။ ရခိုင်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေ

December 28, 2023

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်ပြည်သူဟာ သိန်းချီမြှင့်တက်လာခဲ့ပါတယ်။

 

စစ်ကောင်စီတပ်မှ ရက္ခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှုတွေ‌ကို ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်း ကုန်စည်ဈေးနှုန်းတွေမှာလည်း အဆမတန် ထိုးတက်လျက်ရှိနေပါတယ်။

https://www.federaljournalmm.org/fj-mm-17253-2/

၃၀။ ပင်လုံမြို့မှာ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံရ

December 28, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ရက်၊ ညပိုင်းအချိန်က ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပင်လုံဈေးအရှေ့ဘက်ရှိ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို မနေ့ည ၇နာရီ ဝန်းကျင်က အမျိုးသား ၂ဦးရောက်ရှိလာပြီး ဆိုင်ပိတ်သိမ်းနေတဲ့ ဝန်ထမ်းအမျိုးသမီး ၂ဦးကို စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ဆိုင်အတွင်းရှိ ဆိုင်ပိုင်ရှင်ဦးတင်ထွန်းနဲ့ သမီးဖြစ်သူကိုပါ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ခံရသူ ၄ဦးစလုံးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

https://www.federaljournalmm.org/fj-mm-17250-2/

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။