• Today is: Saturday, April 20, 2024

မွန်ပြည် ကာကွယ်ရေးတပ်(MSDF) ဖွဲ့စည်း

မွန်ပြည် ကာကွယ်ရေးတပ်(MSDF) ဖွဲ့စည်း

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၁

 

အကြမ်းဖက်စစ်ကောင်စီ နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းဖို့ မွန်ပြည်နယ်ကာကွယ်ရေးတပ် MSDF ကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းကြောင်း MSDF က ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။

 

မွန်ပြည်နယ် ကာကွယ်ရေးတပ် MSDF ကို မွန်ပြည်နယ် အတွင်းမှာထိုင်တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ စုစည်းဖွဲ့စည်းထားတာဖြစ်ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ အညီ စစ်ကောင်စီကို ရရာလက်နက် ဆွဲကိုင်ပြီး တော်လှန်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မွန်ပြည်နယ် ကာကွယ်ရေးတပ် MSDF အနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ယန္တရား ထောက်တိုင်တွေကို အဓိကထား တိုက်ခိုက်သွားမှာဖြစ်ပြီး ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသားတွေကိုလည်း အကာအကွယ်ပေး သွားမယ်လို့ ဆိုထားသည်။