• Today is: Monday, September 25, 2023

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် သေဆုံးသူ ၉၃ ဦးရှိပြီဖြစ်ကြောင်း PKPF သတင်းထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် သေဆုံးသူ ၉၃ ဦးရှိပြီဖြစ်ကြောင်း PKPF သတင်းထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊  စက်တင်ဘာ ၁၉၊ ၂၀၂၁

ကရင်နီပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ လ ၁ရက်နေ့မှ ယခုအချိန်အထိ သေဆုံးသူပေါင်း (၉၃)ဦးရှိပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီအင်အားစု Progressive Karenni People Force(PKPF)က ထုတ်ပြန်ထားသည်။

သေဆုံးသည့်ပြည်သူများမှာ သပိတ်အတွင်းသေဆုံးသူ (၂)ဦး၊ စစ်ကောင်စီတပ်မှ အရပ်သားအကြောင်းမဲ့ သတ်ဖြတ်ခံသူ (၇၁)ဦး၊ စစ်ဘေး တိမ်းရှောင်နေစဥ် သေဆုံးသူ (၅)ဦး ရှိကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ လက်နက်ကိုင်တပ်ဖွဲ့များသေဆုံးသူ (၁၆)ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်မှ အဖမ်းခံရသည့် လူ (၁၂၄)ဦး သိရသည်။

စစ်ကောင်စီ တပ်များနှင့် ကရင်နီတပ်မတော် KA၊KNDF တို့ တိုက်ပွဲ ပေါင်း (၇၃)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်များမှာ ဒီးမော်ဆိုမြို့နယ်တွင် (၂၃)ကြိမ်၊ လွိုင်ကော်မြို့နယ် (၁၃)ကြိမ်၊ ဖယ်ခုံမြို့နယ်တွင် (၉)ကြိမ်၊ လွိုင်လင်လေးမြို့နယ် (၈)ကြိမ်၊ မိုးဗြဲမြို့နယ် (၅)ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၅)ကြိမ်၊ ဖရုဆိုမြို့နယ်တွင် (၉)ကြိမ်နှင့် ဖားဆောင်းမြို့နယ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။