• Today is: Tuesday, September 26, 2023

ရက်ပေါင်း၂၀ မှာတိုက်ပွဲ ၄၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၃၅ ဦးသေဆုံး၊ ၅၁ ဦးဒဏ်ရာရလို့ KNU ပြော

ရက်ပေါင်း၂၀ မှာတိုက်ပွဲ ၄၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၃၅ ဦးသေဆုံး၊ ၅၁ ဦးဒဏ်ရာရလို့ KNU ပြော

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၁) နယ်မြေမှာ ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်နှင့် KNDO တပ်ဖွဲ့အကြား တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၃၅ ဦးကျဆုံးပြီး ၅၁ ဒဏ်ရာရရှိခဲ့တယ်လို့ KNU ပြန်ကြားရေးဌာနက စက်တင်ဘာလ ၂၀ ရက်နေ့မှာ သတင်းထုတ် ပြန်ထားသည်။

အဲဒီတိုက်ပွဲတွေဟာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံလွင်မြစ်ကမ်းရှိ ကျရှုံးခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့ KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီး ကိုကိုးကားပြီး KNU ပြန်ကြားရေးဌာနက ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာဒေသများတွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ BGF တပ်များမှ ထိုးစစ်ဆင်နေပြီး နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ – KNDO စစ်သားတချို့ကိုတွေ့ရစဉ်။