• Today is: Saturday, April 20, 2024

မိုင်းကိုင်မြို့နယ် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်းက မိုင်းကိုင်တိုက်ပွဲအရှိန်လျော့ချပေးရန် တောင်းဆို

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲ အရှိန်လျော့ချပေးရန် မိုင်းကိုင်မြို့နယ် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်းက တောင်းဆိုလိုက်သည်။

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

လက်ရှိ မိုင်းကိုင်မြို့နယ်တွင် သျှမ်းတပ် (၂) တပ် RCSS နှင့် SSPP တိုက်ပွဲကြောင့် ပြည်သူများ ထောင်ချီထွက်ပြေးနေရပြီး စိုးရိမ်ပူပန် ဒုက္ခပေါင်းစုံကြုံတွေနေရသောကြောင့် တိုက်ပွဲ အရှိန်ကိုလျော့ချပေးရန်အတွက် မိုင်းကိုင်မြို့နယ် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်းက မေတ္တာရပ်ခံထားကို တွေ့ရသည်။