• Today is: Tuesday, March 19, 2024

လောက်ကိုင်မြို့အဝင်တွင် မင်းသုံးပါး ရုပ်တု တည်ဆောက်နေ

လောက်ကိုင်မြို့အဝင်တွင် မင်းသုံးပါး ရုပ်တု တည်ဆောက်နေ

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃၊ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အဝင်တွင် မင်းသုံးပါး ရုပ်ထုကို တည်ဆောက်လျှက်ရှိသည်။

ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယမြန်မာနိုင်ငံတည်ထောင်သူဟု မြန်မာ့သမိုင်းတွင် ညွှန်းဆိုထားသော အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်း မင်းတရား ရုပ်တုသုံးခုကို စစ်ကောင်စီက တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်နေသည်မှာ သုံးလကျော် ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မြို့အဝင် လေးမျက်နှာဘုရားရဲ့ မျက်နှာချင်းဆိုင်ပေါ့။ ဆောက်မယ်လို့ ပြောတော့ပြောတယ်။ အဲလောက် မြန်မယ်လို့ မထင်ထားဘူး” ဟု ၎င်းဒေသခံ က ဆိုသည်။

တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီး အဆိုပါ မင်းသုံးပါးရုပ်တု ဆောက် လုပ်နေသည်ကို မြို့ခံအများစုက သတိမထားမိကြဟု ပြောသည်။

ရုပ်ထု တည်ဆောက်နေသည့် နေရာသို့ စက်တင်ဘာလ ၂၀ ရက်၌ ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသစီမံအုပ် ချုပ်ရေးအဖွဲ့တို့က လာရောက် ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မင်းသုံးပါးရုပ်တုကို ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်းရှေ့တွင်လည်း တည်ဆောက်ထားပြီး ပုံတူပွားတည်ခြင်းကို လောက်ကိုင်တွင် ပထမဆုံးဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကိုးကန့်ဒေသအား စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်ထိ အဆိုပါ အမိန့်တည်နေဆဲဖြစ်သည်။

Photo- Credit (ASL)