• Today is: Friday, March 29, 2024

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများကို လျှော့ချရပ်စဲရန် SNDP တိုက်တွန်း

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများကို လျှော့ချရပ်စဲရန် SNDP တိုက်တွန်း

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၁

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် RCSS/SSAနှင့် SSPP/SSAတို့အကြား ဖြစ်ပွားနေသော အချင်းချင်း ပစ်ခတ်တိုက် ခိုက် နေမှုများကို လျှော့ချရပ်စဲရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ခေါ် ကျားဖြူပါတီက တိုက်တွန်း တောင်းဆို လိုက်သည်။

ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့ ဌာနနေတိုင်းရင်းသားများ၏ နိုင်ငံရေးဆိုင်ရာ တန်းတူ မှုရရှိရေး၊ ဖက်ဒရယ်အရေးနှင့် ဒီမိုကရေစီအရေးအတွက် နိုင်ငံရေးရည်မှန်းချက်ထား တိုက်ပွဲဝင်ကြသည်ဟု ယုံကြည်ယူဆ ထားကြောင်း၊ သို့သော် ယခုအခါ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းကြီး ၂ ဖွဲ့သည် မိမိတို့နိုင်ငံရေး ရည် မှန်းချက်အတွက် မဟုတ်သည့် အချင်းချင်းပစ်ခတ်တိုက်ခိုက်နေမှုများ အကြီးအကျယ် ဖြစ်ပွားနေသဖြင့် ဌာနေ တိုင်း ရင်းသား ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်မပေးနိုင်သည့်အပြင် ဌာနေတိုင်းရင်းသားပြည်သူများအပေါ် စစ် ရေးဆိုင်ရာ ဒုက္ခပေါင်းစုံ ကျရောက် စေလျက်ရှိသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြားသိနေရကြောင်း စက်တင်ဘာ ၂၄ ရက်စွဲဖြင့် SNDP၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့နိုင်ငံရေး ရည်မှန်းချက်မှ သွေဖယ် နေသည့် အချင်းချင်းပစ်ခတ်တိုက်ခိုက်နေမှုများကို လျှော့ချရပ်စဲ၍ ဌာနေပြည်သူများအား လုံခြုံအေးချမ်းစွာဖြင့် ရာသီချိန်အမီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြုနိုင်ရေး၊ ကပ်ရောဂါအား ရှောင်ရှားနိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း SNDPက ဆိုသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကလည်း သောင်းဂဏန်း ချီတိုးပွားလာသည့် စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများကို COVID-19ရောဂါ ကာ ကွယ် ကုသ ရေး နှင့် ၎င်းတို့၏ စားဝတ် နေရေးအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် SNDPက မေတ္တာ ရပ်ခံ တိုက်တွန်း ခဲ့သည်။

အလားတူ မိုင်းကိုင်မြို့နယ်သံဃာ့ဩဝါဒခံနာရေးကူညီမှုအသင်းကလည်း ရှမ်းပြည်တိုင်းရင်းသားများအားလုံး၏ လူ့အခွင့်အရေးကို ငဲ့ညှာပြီး RCSS/SSAနှင့် SSPP/SSA အပါမဟာမိတ် များ အကြား တိုက်ပွဲများလျော့ချပေးရန် စက်တင်ဘာ ၂၂ ရက်စွဲဖြင့် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။