• Today is: Wednesday, April 24, 2024

ကိုဗစ်-၁၉ သောက်ဆေး စမ်းသပ်မှု ၅၀% အောင်မြင်

ကိုဗစ်-၁၉ သောက်ဆေး စမ်းသပ်မှု ၅၀% အောင်မြင်

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၂၊ ၂၀၂၁

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု နဲ့ ဆေးရုံတက် ရတဲ့ အခြေအနေ မျိုးကို တဝက်လျှော့ချ သက်သာစေ နိုင်မယ့် သောက်ဆေး တမျိုးကို စမ်းသပ် အောင်မြင်ပြီ ဖြစ်ကြောင်း အမေရိကန် ပူးတွဲ ဆေးကုမ္ပဏီ ၂ ခုက ပြောကြားလိုက်ပါတယ်။

Merck နဲ့ Ridgeback Biotherapeutics ဆိုတဲ့ ကုမ္ပဏီ ၂ ခုက ပူးတွဲထုတ်လုပ်ပြီး၊ အခု ထုတ်ဖေါ် ပြောကြားလို က်တဲ့ ဒီဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံကွပ်ကဲရေး အဖွဲ့ FDA က ခွင့်ပြုချက်ပေး ပြီဆိုရင် ဒါဟာ ကိုဗစ်-၁၉ ကုသရေး ပထမဦးဆုံး သောက်ဆေး ဖြစ်လာမှာပါ။

‘’ ကြားဖြတ် လေ့လာစမ်းသပ်မှုတွေ အရ molnupiravir ဆေးဟာ သေဆုံးခြင်း ဒါမှမဟုတ် ဆေးရုံတက် ရမယ့် အန္တရာယ်ကနေ ၅၀% လောက် လျှော့ချခဲ့တယ်’’ လို့ Merck ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Merck ကုမ္ပဏီ ကတော့ ဒီဆေးကို အရေးပေါ် ကုသနိုင်ရေး ဖြစ်နိုင်သမျှ အမြန်ဆုံး ခွင့်ပြုချက် ရဖို့ ကြိုးပမ်းဆောင်ရွက် မယ်လို့ ပြော ပါတယ်။
ဒီဆေးဟာ ကာကွယ်ဆေးမဟုတ်ဘဲ၊ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အခုလို ဆေးဝါးမျိုးဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အတွက် နောက်ထပ် အခွင့်အလမ်း တခု ဖြစ်လာ နိုင်ပါတယ်။

ကိုဗစ်-၁၉ Positive ဖြစ်ပြီ ဆိုတာနဲ့ ဒီဆေးကို သောက်မယ် ဆိုရင် ရောဂါ ခံစားရတဲ့ အဆင့်ကို မရောက်အောင် အလျင်အမြန် ကာကွယ် တာဆီး နိုင်ရေး ရည်ရွယ် ထားတဲ့ ဆေးဖြစ်ပါတယ်။

အိမ်ဖြူတော် ကတော့ အခုလို Merck ကုမ္ပဏီရဲ့ ကြေညာချက်ဟာ သတင်းကောင်း ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဒုဝန်ကြီး မော်ထွန်းအောင်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ကို ဗစ် ကုသ သောက်ဆေးနဲ့ ပတ်သက်ပြီး  “Covid ကုသဆေး ပေါ်ပြီလို့ ပြောလို့ ရပါပြီ Vaccines တွေ စပြီး emergency Authorization နဲ့ သုံးသလို စသုံးကျမယ်တဲ့ ဒီဘက်မှာတော့ generic သုံးနိုင်ဖို့ ကတော့ ၆ လ လောက်တော့ကြာမယ် ထင်တယ်” ဟု မှတ်ချက်ပြုရေးသား ထား ပါတယ်။

ကိုးကား – CNN