• Today is: Friday, March 29, 2024

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ PPST ခေါင်းဆောင်ပြော

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ PPST ခေါင်းဆောင်ပြော

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၂၊ ၂၀၂၁

လက်ရှိအကျပ်အတည်းတွေကို အဖြေရှာဖို့အရေး မြန်မာအရေးအာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာ ညှိနှိုင်းနေတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အလုပ်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့ NCA စာချုပ် အသိသက်သေ နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ဒီနေ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်ဟာ လက်ရှိမှာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မူ(၅) ချက်ကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေလို့ ရလဒ်ကောင်းတွေကို မျှော်လင့်တဲ့အကြောင်းကိုလည်း ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို အောက်တိုဘာ ၁၂ရက် နံနက် ပိုင်းကစပြီး မနက်ဖြန် အောက်တိုဘာ ၁၃ ရက်အထိ ပြုလုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။