• Today is: Thursday, September 21, 2023

PPST အစည်းအဝေး ထုတ်ပြန်ချက်

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ရဲ့ PPST အစည်းအဝေးမှာ အမြင်သဘောထား မတူတာရှိပေမယ့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းပြော

ဖက်ဒရယ်ဂျာနယ် ၊အောက်တိုဘာ ၁၃၊ ၂၀၂၁

၂ ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေး ဦးတည်ချက် ၇ ချက်ကို အထောင်အထည်ဖေါ်ဖို့နဲ့ NCA သက်သေများ အကြား ကြားဝင်ဖျန်ဖြေနိုင်ရေး တိုးတက်မှုရှိ ကြောင်းလည်း နိုင်အောင်မင်းက နိဂုံးချုပ် မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် PPST က ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက် (၇)ချက်ကို အကောင်အထည်ဖော်ဖို့ EAO UPDJC အဖွဲ့ကို ဆက်လက် တာဝန်ပေးနိုင်ခဲ့ကြောင်းလဲ ပြောပါတယ်။

မနေ့က အောက်တိုဘာ ၁၂ ရက်နေ့ အစည်းအဝေး အဖွင့်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ PPST ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း နိုင်အောင်မင်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေး အရှိန်မြှင့်လိုက်ပြီး နောက် ဖြစ်လာတဲ့ အခြေအနေတွေကိုလည်း အနီးကပ်သတိထား စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။