• Today is: Thursday, March 28, 2024

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေး ဖဖိတ်ကြားဖို့ ကိစ္စ အာဆီယံ ဥက္ကဌ စနေနေ့ ကြေညာချက်ထုတ်မယ်

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေး ဖဖိတ်ကြားဖို့ ကိစ္စ အာဆီယံ ဥက္ကဌ စနေနေ့ ကြေညာချက်ထုတ်မယ်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၆၊ ၂၀၂၁
ဒီလကုန် ကျင်းပမယ့် အ‌ရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး အစည်းအဝေး အတွက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ခေါ်ပဲ ချန်လှပ်ထားဖို့ ဒီကနေ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ကနေ သဘောတူလိုက်တယ်လို့ သတင်းရင်းမြစ် ၅ ခု အရ သိရပါတယ်။
အခုလို မြန်မာစစ်ခေါင်းဆောင် ကို ချန်လှပ်ထားဖို့ ကိစ္စ အာဆီယံ အနေနဲ့ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေမယ့် မနက်ဖြန် စနေနေ့မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ဘရူနိုင်း နိုင်ငံ ကနေ ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။
ဗီဒီယို ကွန်ဖရန့် နဲ့ ပြုလုပ်တဲ့ သောကြာနေ့ အစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဧပြီလ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီ က အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တဲ့ အပေါ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်အစား တခြား အရပ်ဖက် ကိုယ်စားလှယ် တဦးကို ထိပ်သီးအစည်းအဝေး ဖိတ်မယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
အာဆီယံ ဟာ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေး မစွက်ဖက် ရေး ဆိုတဲ့ ပဋိဉာဏ် အရ အခုလို ချန်လှပ်ထားမယ် ဆိုတဲ့ အာဆီယံ ရဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်ခဲလှတဲ့ အခြေအနေ တခုပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကလည်း မြန်မာနိုင်ငံဟာ အာလုံး ပါဝင်တဲ့ လမ်းကြောင်းကနေ ဒီမိုကရေစီ ပြန်မဖေါ်ဆောင် မချင်း အာဆီယံ နိုင်ငံရေး စင်မြင့် ကနေ ဘေးဖယ်ထားရေးကို ထောက်ခံတယ်လို့ သူ့ရဲ့ တွစ်တာ ကနေ ရေးသား ဖေါ်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အာဆီယံရဲ့ ဒီဆုံး ဖြတ်ချက် နောက်ကွယ်မှာ အမေရိကန်ပါတာ မဆန်းပေမဲ့ တရုတ်ကြီးလဲ ပါမယ်ထင်တယ်လို့ ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာတဆင့် သုံးသပ် ထားသာ တွေ့ရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာလည်း လာမယ့် သတင်းပတ် အထိ မြန်မာကို သွားရောက်မှာ မဟုတ်သေးဘူးလို့ လည်း သတင်းရင်း မြစ် ၃ ခုက ဆိုပါတယ်။ 
ဓါတ်ပုံ – ASEAN