• Today is: Sunday, February 25, 2024

အာဏာရှင်အလွန် တစ်ခေတ်အတွက် သင်ခန်းစာ

အာဏာရှင်အလွန် တစ်ခေတ်အတွက် သင်ခန်းစာ

—————————————————–

ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးတယ်။စစ်တပ်က ရွာဝင်ပြီဟေ့ဆို တစ်ရွာလုံး ဝရုန်းသုန်း ကား ပြေးရလွှားရတဲ့ ဘဝတွေအကြောင်းဖြစ်တယ်။အဲဒီခေတ် ဆက်သွယ်ရေးဆိုတာကလည်း ပါးစပ်ပေါက်ချင်း ဆက်ဆံရေးကိုသာ အားပြုနေရတာကြောင့် ရွာနီးချုပ်စပ်ကပါးစပ်ပေါက်တွေက ကိုယ့်ရွာအရောက်အမြဲ တမ်းပြောနိုင်ဖို့က ဖြစ်မှမဖြစ်နိုင်။

ကြိုတင်သတင်းရတဲ့အခါမျိုးဆို ကိုယ့်ရှိစုမဲ့စုအဖိုးတန်တာလေး ချွေးခံထဲ ကျစ်ကျစ်ပါထည့်၊လှော် ထား တဲ့ထမင်းခြောက်ကြော်တွေ ဝါးဆစ်ဗူးထဲ သိပ်နေအောင်ထိုးထည့်။ဒေသခံတွေသာသိတဲ့ ချောင်ကျ ကျနေရာ ဆီ သက်သောင့်သက်သာသွားလိုက်ရုံ။အိမ်မွေးတိရစာ္ဆန်တွေကတော့ သူတို့ရဲ့ကံကိုယ့်ရဲ့ကံအဖြစ် ကံကိုသာ ပုံ အပ်ထားလိုက်ရုံပါပဲ။သူတို့ရဲ့ကံဆိုတာက မသေသင့်သေးတဲ့အချိန် သေ၊မသေ။ကိုယ့်ရဲ့ကံဆို တာကတော့ ကိုယ့်မိသားစုပိုင်ဆိုင်မှု၊ကိုယ့်ရင်းနှီးမြှုပ်နှံထားမှုဟာ စစ်တပ်လက်ချက်နဲ့ အရင်းတစ်ကျပ် တောင်ပြန်မရ တာ မျိုးတွေရှိတော့။

‘ငါတို့ရွာတွေမှာအဲဒါကြောင့် နွားတွေဝက်တွေမမွေးကြတာ’လို့ စစ်ပြေးဒုက္ခသည် သူငယ်ချင်းက ပြောပြတော့ ကျနော်ငယ်သေးတာကြောင့်များလား၊သိပ်နားမလည်။

အလစ်အငိုက်မှာ ရွာထဲကို စစ်တပ်ဝင်လာတယ်ဆိုရင်တော့ ယောကျာ်းသားတွေ၊လူငယ်တွေ လွတ် နိုင်ရင်အမြန်ပြေးကြ။စစ်တပ်ကရွာထိပ်ရောက်တာလှမ်းမြင်ရတာနဲ့ တစ်ရွာလုံးအလုံးအရင်းနဲ့အသံတွေထွက် လာကြတာမို့ ရွာသားတွေလုပ်လက်စအမြန်ချ ပြေးသာပြေးကြ။ငယ်ဘဝကတည်းက ကျင့်သားရပြီးသားဘဝ ပေးမို့ ဘယ်အပေါက်ကနေဘယ်ကိုပြေးရမလဲဆိုတာ ကယောင်ကတမ်းမဖြစ် အလိုလိုလုပ်မိလျက်သား။

မပြေးနိုင်လို့ ကျန်ခဲ့တဲ့ယောကျာ်းသားတွေကတော့ မစားသာ။သူတို့ခိုင်းတာအကုန်လုပ်၊သူတို့မေးသ မျှ ဖြေတတ်အောင်ဖြေ။သူတို့မြိုကြဆို့ကြဖို့ ကိုယ့်အိမ်မွေးတိရစာ္ဆန်တွေကို ကြည်ကြည်ဖြူဖြူနဲ့ ချက်ပြုတ် ကျွေးမွေးသလို မျက်နှာနဲ့ ချက်ပြုတ်ရ။သူတို့ရွာကနေအပြန် ပေါ်တာလိုက်ခဲ့ဆိုရင်လည်း ရွာပြန်ရောက်ချင်မှ ရောက်တော့မယ်မှန်းသိတဲ့စိတ်နဲ့ လိုက်ကြရ။ကံဆိုးသူတွေကျ သူပုန်အားပေးဆိုပြီး တစ်ခါတည်း အသတ်ခံခဲ့ ရတယ်။တချို့ကျတော့လည်း ပေါ်တာခေါ်သွားပြီး သူတို့လိုဘပြည့်တော့ ပစ်သတ်ခံရ၊သူတို့ထက်ကံဆိုးသူတ ချို့ကတော့ တောထဲ မျှစ်ချိုးဝါးခုတ်ရင်း မိုင်းနင်းမိလို့ ရာသက်ပန်ဒုက္ခိတဘဝရောက်ရ။ပေါ်တာပါသွားရင်း မိုင်းနင်းမိတဲ့ဘဝတွေလည်း မနည်းလှ။

ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ အမဲရောင်နယ်မြေ ကရင်ပြည်နယ်က ရင်နာစရာအဖြစ်အပျက် တွေပါ။ကျနော့်သူငယ်ချင်းက ငယ်ဘဝမှာပင် စစ်ပြေးဒုက္ခသည်အဖြစ် သူတို့ဇာတိနဲ့နှိုင်းယှဉ်ရင် အေးချမ်းတဲ့ ကျနော်တို့ဇာတိက ဘုန်း တော်ကြီးကျောင်းမှာ ဘုန်းကြီးကျောင်းသား။သူတို့ဟာမွေးဖွားလာကတည်းက စစ် တပ်ရဲ့ဒဏ်ကို ကောင်းကောင်းသိခဲ့ကြသူပါ။သူတို့ရဲ့မွေးရာပါအသိအရ နှုတ်စောင့်စည်းရမယ်မှန်းလည်း ကောင်း ကောင်းသိကြပါတယ်။

ဒါ့ကြောင့် သူတို့ဟာ ကျနော်တို့ရပ်ရွာကို ရောက်လာတာကြာပေမဲ့ သူတို့ရင်ထဲတဆတ်ဆတ်နာရတဲ့ စစ်တပ်မ ကောင်းကြောင်းကို မေးတဲ့လူရှိတောင်မပြောရဲကြဘူး။ကျနော်တို့ရပ်ရွာကလည်း တောသူတောင် သား တွေမို့ စစ်တပ်ကောင်း၊မကောင်းဆိုတာလည်း မမေးရဲကြပါဘူး။ဒါပေမဲ့၊အားလုံးတူညီတဲ့အချက်က စစ် တပ်မြင်ရင် ခပ်ဝေးဝေးကနေရှောင်တာ အန္တရာယ်ကင်းတယ်ဆိုတာပါပဲ။

ကျနော့်သူငယ်ချင်းဟာ ဟိုး..ငယ်ငယ်လေးကတည်းက စစ်တိုက်တမ်းကစားမယ်ဆို ဘယ်တော့မှ ပါ လေ့မရှိဘူး။သူငယ်ချင်းအရင်းဖြစ်တဲ့ကျနော်ခေါ်တာတောင် ငြင်းလေ့ရှိတယ်။မင်းကစစ်ဗိုလ်ကြီးလုပ်၊ငါတို့က သူပုန်လုပ်မယ်ဆိုလဲ မရ၊စစ်တိုက်တာမကောင်းဘူးလို့သာ သူတွင်တွင်ပြောလေ့ရှိတယ်။

နည်းနည်းအရွယ်ရောက်လာ၊နှစ်ယောက်တည်းသာရှိတဲ့အချိန်မျိုး သူတို့ရပ်ရွာအကြောင်း ကျနော် မေးကြည့်မှ တစစနဲ့ စစ်တပ်ရဲ့ ယုတ်မာပက်စက်မှုတွေကို သူပြောပြလာခဲ့တယ်။စစ်တပ်အကြောင်းသူပြော ပြလို့ပြီးတဲ့အခါတိုင်း ‘မင်းဘယ်သူမှ ပြန်မပြောနဲ့’ဆိုတာ နဲ့ သူအဆုံးသတ်လေ့ရှိတယ်။

စစ်တပ်ကိုပေါ်တာဆွဲတာလောက်သိပြီး နာကျည်းနေတဲ့ကျနော် သူငယ်ချင်းတို့ဖြတ်သန်းခဲ့တဲ့ဘဝကို ကြားရတော့ ရင်ဘတ်ထဲဟုန်းခနဲမီးထတောက်သလို ကျနော် အထိတ်တလန့် မီးပွင့်ခဲ့ရတယ်။ရိုးသားလွန်းတဲ့ သူငယ်ချင်းကို မင်းပိုပြောနေတာလားလို့ မေးစရာမလိုဘဲ ကျနော်စိတ်ချလက်ချယုံခဲ့တယ်။

အဲဒီယုံကြည်စိတ်နဲ့ စစ်တပ်ကိုကျနော်တူးခါးခဲ့တယ်။စစ်တပ်ရဲ့ ဓားပြဆန်မှုတွေကို ဟိုး..ငယ်စဉ်က တည်းက ကျနော်သိခဲ့ရတယ်။အဲဒီစိတ်နဲ့ပဲ အာဏာရှင်စစ်တပ်ကို တော်လှန်ရမယ်မှန်း ၁၆နှစ်မပြည့်သေးခင် မှာပဲ သိရှိ၊ရှစ်လေးလုံးအရေးတော်ပုံကြီးထဲ ကိုယ့်သိမှုသေးသေးလေးနဲ့ ခြေစုံပစ်ဝင်လို့။ထောင်တွေဘာတွေ ကျတော့လည်း ထောင်ကိုကျောင်းတော်ကြီးအဖြစ် စိတ်ပါလက်ပါပျော်ဝင်လို့ပေါ့။

၂၀၁၀ဒီဘက်ကိုရောက်တော့ စစ်တစ်ပိုင်းဒီမိုကရေစီဟာ မြန်မာပြည်သူတို့အတွက် ခံတွင်းချဉ်ပြေရုံ သာတတ်နိုင်ကြောင်း ကောင်းကောင်းသဘောပေါက်ခဲ့ပေမဲ့ လွှတ်တော်လမ်းကြောင်းကနေ စစ်တစ်ပိုင်းဒီမို ကရေစီကို ကျော်ဖြတ်နိုင်မလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။

ဘာပဲဖြစ်ဖြစ် NLD အစိုးရလက်ထက်၊တိုင်းရင်းသားဒေသများစွာမှာ ငြိမ်းချမ်းရေးရောင်ခြည်သန်း လာသလို အထူးသဖြင့် ကျနော့်သူငယ်ချင်းတို့ကရင်ဒေသတွေမှာ တိုက်ပွဲသံတွေဆိတ်၊သူငယ်ချင်းတို့လိုချင် လွန်းတဲ့ ဘဝမျိုးလေးမို့ ကျနော်ကျေနပ်ခဲ့မိတယ်။NLD အစိုးရလက်ထက်၊သူငယ်ချင်းနဲ့ အမှတ်တမဲ့ဆုံတော့ သူ့ရွာကခြံဧကကျယ်ကျယ်မှာ သူတို့ဒေသထွက်သစ်သီးဝလံတွေစိုက်ပျိုးရင်း သက်သောင့်သက်သာ နေထိုင်စား သောက်နိုင်ပြီ၊သူတို့ရွာကလည်းငြိမ်းချမ်းနေပြီဆိုတော့ ကျနော့်ကိုသိပ်လာစေချင်ခဲ့တာ။

ခုတော့ အာဏာရူးတွေကြောင့် ဖေဖေါ်ဝါရီ၁မှာ တိုင်းပြည်လည်းတက်ကျိုးခဲ့ရ။ငြိမ်းချမ်းရေးရောင် ခြည်ဟာ ချက်ချင်းဆိုသလို ကွယ်ပသွားရုံတင်မက တစ်တိုင်းပြည်လုံးအနှံ့ စစ်မီးတောက်လောင်ခဲ့ရတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန် မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် စပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပြည်တွင်းစစ်မီးက ဘယ်လောက်ထိအောင်တောက်လောင်နေပြီလဲဆိုတော့ မြို့ကြီးပြကြီးတွေမှာ နေ့တိုင်းကို ဗုံးမကွဲတဲ့နေ့၊ကျည်မထွက်တဲ့နေ့မရှိတဲ့အထိပါပဲ။ပြီးတော့အခုလိုအခြေအနေမျိုးဟာ သူ့ကျွန်ဘ ဝ အင်္ဂလိပ်လက်ထက်ကစလို့ ၂၀၂၁ဖေဖော်ဝါရီ အာဏာမသိမ်းမီအချိန်ထိ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ်ခါမှ မ ပေါ်ပေါက်ခဲ့တဲ့အခြေအနေမျိုးပါ။လွတ်လပ်ရေးရပြီးခါစ ရန်ကုန်အစိုးရဆိုတဲ့အခြေအနေမျိုးမှာတောင်  နယ် မြေဆုံးရှုံးတာသာရှိပြီး အစိုးရအာဏာသက်ရောက်တဲ့နေရာတွေမှာ ဗုံးကွဲ၊မိုင်းကွဲ၊အပစ်ခံရ ဆိုတဲ့ပုံစံမျိုး မရှိခဲ့ပါဘူး။

ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေကို စစ်တပ်ကဝင်ဖျက်ဆီးတာ၊လူကိုဖမ်းရင်း ရွှေငွေပစ္စည်းတွေကိုပါ လုယက်တာမျိုးလည်း ဘယ်ခေတ်မှာမှ မရှိခဲ့ပါဘူး။NUGနဲ့ပတ်သက်လို့၊ NLDနဲ့ပတ်သက်လို့၊ CRPH နဲ့ ပတ်သက်လို့ PDFနဲ့ပတ်သက်လို့ဆိုပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာမျိုးဟာလည်း ဘယ်ခေတ်မှာမှ မရှိခဲ့ ဖူး ပါဘူး။အခုနိုဝင်ဘာလဆန်းအထိ နိုင်ငံပိုင်သိမ်းလိုက်တဲ့ အိမ်၇၀လောက်ရှိပြီလို့ RFA ကပြောပါတယ်။အောက် တိုဘာ၃၁ရက်နေ့မနက်၁နာရီတုန်းကဆိုရင်PDF နဲ့ပတ်သက်လို့ ချိတ်ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် က တိုင်းလွှတ်တော်အမတ်ရဲ့အိမ်ကို စစ်တပ်ကရောက်လာပြီး အိမ်တွင်းပရိဘောကတွေအကုန်ရိုက်ချိုးဖျက် ဆီးတယ်ဆိုတာမျိုးဟာ ဂျပန်ဖက်ဆစ်တွေတောင် ဗမာပြည်မှာ မလုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေပါ။

ဒီနွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူတွေ အကောင်းဆုံးသိရှိခံစားတတ်တဲ့ နောက်တစ်ချက်က တော့ အမှောင်ကျနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းရှည်ကြာ ကျနော်တို့တိုင်းရင်းသားတွေခံစားခဲ့ ကြရတဲ့ စစ်အုပ်စုရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို သိရှိစာနာတတ်လာခြင်းပါပဲ။

အထက်မှာကျနော်ပြောခဲ့တဲ့ ကျနော့်သူငယ်ချင်းတွေ ခံစားခဲ့ရတဲ့ စစ်ဘေးဒုက္ခဆိုးတွေကို အခု မင်း အောင်လှိုင်လက်ထက်၊မြန်မာဒေသအချို့မှာ ခံစားခဲ့ရတာ နဲ့ အဲဒီခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကို စကား လုံးတွေ၊ဓာတ်ပုံအထောက်အထားတွေတင်မက ရုပ်သံမှတ်တမ်းတွေနဲ့ပါ ချက်ချင်းဆိုသလို သိရှိခဲ့ကြတယ်။

ဥပမာ-ဒီနှစ်ဇွန်၁၅ရက်နေ့မှာ စစ်တပ်က တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ မကွေးတိုင်း၊ပေါက် မြို့နယ်၊ကင်းမရွာအဖြစ်အ ပျက်ဟာ စစ်ဘေးသင့်တိုင်းရင်းသားဒေသတွေမှာ မနေခဲ့ဖူးတဲ့ များစွာသော ပြည်သူတွေအတွက် အံ့ဩတကြီးဖြစ်ခဲ့ရသလို ဒီလိုအဖြစ်အပျက်မျိုးတွေဟာ စစ်ဘေးသင့်တိုင်းရင်းသားဒေ သတွေမှာ နှစ်များစွာကြာဖြစ်ပျက်ခဲ့မှန်းထပ်သိခဲ့လေတော့ တိုင်းရင်းသားတွေအပေါ် ပိုစာနာမိလာပါတယ်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တောင်ပေါ်ရွာတွေဆိုရင်လည်း အဲဒီလိုပါပဲ။စစ်တပ်လာပြီဆို ရွာသား တွေဟာ ရွှေတိုငွေစလေး ချွေးခံထဲထည့်လို့ပြေးကြရတယ်။မပြေးရင်ဘာဖြစ်မလဲဆိုတော့ ကျည်ဆန်နဲ့တွေ့ ဖို့များပါတယ်။အချိန်ရရင် ကိုယ့်ပိုင်ဆိုင်မှုနည်းနည်းကြီးတဲ့ နွားတွေဝက်တွေကိုပါ ကိုယ်နဲ့တပါတည်း ခေါ် သွားရတယ်။

စစ်တပ်ဟာ ရွာကိုရောက်ရင် တံခါးပိတ်ထားတဲ့အိမ်ရိုက်ဖျက်၊အိမ်ထဲကိုဝင်၊သယ်လို့ရပြီးကောင်းတာ မှန်သမျှအကုန်ယူ။မယူချင်တာရိုက်ချိုးဖျက်ဆီး။ကျန်နေတဲ့ကြက်တွေနဲ့ စားလို့ရတာတွေကို ချက်ပြုတ်စား သောက်။အားလုံးဟာ သူတို့အပိုင်ပစ္စည်းပမာ၊သူတို့ဟာ ဘာမဆို စိတ်ကြိုက်လုပ်ခွင့်ရှိသူပမာ လူပါးဝကြတာ ပါ။

အောက်တိုဘာလအတွင်းက ပုလဲမြို့နယ်၊ပုလဲ-ဂန့်ဂေါကားလမ်းဘေး၊ ၅၆မိုင်စခန်းရွာဆို စစ်တပ်က ဘာအကြောင်းပြချက်မှ မ ရှိဘဲ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။အခုဆို စစ်တပ်ကအချိန်မရွေး ရောက်လာနိုင်တဲ့ ပုလဲ-ဂန့်ဂေါကားလမ်းဘေးက ရွာတွေဟာ ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ တောထဲမှာသာ ဖြစ်သလို တဲထိုးနေပြီး ကိုယ့်ရွာကိုယ် ဧည့်သွားဧည့်လာလုပ်နေရပါတယ်။

အခုနောက်ဆုံးပေါ်ကတော့ ချင်းပြည်နယ်၊ထန်တလန်မြို့ပါပဲ။အောက်တိုဘာ၂၉ရက်နေ့မှာ မြို့ထဲကို လက်နက်ကြီးနဲ့ပစ်တယ်။အိမ်တွေကို မီးရှို့တယ်။ဘုရားကျောင်းနှစ်ကျောင်းနဲ့ အိမ်၁၆၀ကျော်မီးလောင်တိုက် အသွင်းခံရတယ်။စစ်အုပ်စုရဲ့အဲဒီလုပ်ရပ်ကို တစ်နိုင်ငံလုံးရောနိုင်ငံတကာကပါ ဝိုင်းဝန်းကန့်ကွက်နေတာ တောင် နိုဝင်ဘာ၆ရက်နေ့မှာ လက်နက်ကြီးနဲ့ထပ်ပစ်လို့ မိဘမဲ့ဂေဟာအပါအဝင်အိမ်၄လုံး မီးလောင်ခဲ့တယ်။

ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေခံစားခဲ့ရတဲ့ စစ်ဘီလူးတွေရဲ့လုပ်ရပ်ကို အခုပြည်သူများစွာဟာ တိုက်ရိုက်မခံစားဖူးတောင် ကိုယ်တိုင်ခံစားရသလို မြင်ရတွေ့ရခဲ့ခြင်းဟာ ကျနော်တို့အတွက် တကယ့်အ မြတ်ကြီးပါပဲ။

ဒီလိုသိရှိခံစားမှုတွေဟာ ကျနော်တို့အားလုံးအတွက်အင်အားဖြစ်ခဲ့သလို ဒီတောင်ကိုကျနော်တို့ ကျော်ဖြတ်ပြီးတဲ့အချိန် ဖက်ဒရယ်ဒီမိုကရေစီခရီးကိုဆက်ဖို့ နားလည်မှုတစ်စုံတစ်ရာရရှိစေမယ်လို့ ယုံကြည် ပါတယ်။

မင်းကိုမင်း

 

 

 

 

 

 

 

အာဏာရွင္အလြန္ တစ္ေခတ္အတြက္ သင္ခန္းစာ

—————————————————–

က်ေနာ္ငယ္ငယ္တုန္းက ၾကားခဲ့ဖူးတယ္။စစ္တပ္က ႐ြာဝင္ၿပီေဟ့ဆို တစ္႐ြာလုံး ဝ႐ုန္းသုန္း ကား ေျပးရလႊားရတဲ့ ဘဝေတြအေၾကာင္းျဖစ္တယ္။အဲဒီေခတ္ ဆက္သြယ္ေရးဆိုတာကလည္း ပါးစပ္ေပါက္ခ်င္း ဆက္ဆံေရးကိုသာ အားျပဳေနရတာေၾကာင့္ ႐ြာနီးခ်ဳပ္စပ္ကပါးစပ္ေပါက္ေတြက ကိုယ့္႐ြာအေရာက္အၿမဲ တမ္းေျပာႏိုင္ဖို႔က ျဖစ္မွမျဖစ္ႏိုင္။

ႀကိဳတင္သတင္းရတဲ့အခါမ်ိဳးဆို ကိုယ့္ရွိစုမဲ့စုအဖိုးတန္တာေလး ေခြၽးခံထဲ က်စ္က်စ္ပါထည့္၊ေလွာ္ ထား တဲ့ထမင္းေျခာက္ေၾကာ္ေတြ ဝါးဆစ္ဗူးထဲ သိပ္ေနေအာင္ထိုးထည့္။ေဒသခံေတြသာသိတဲ့ ေခ်ာင္က် က်ေနရာ ဆီ သက္ေသာင့္သက္သာသြားလိုက္႐ုံ။အိမ္ေမြးတိရစာၦန္ေတြကေတာ့ သူတို႔ရဲ႕ကံကိုယ့္ရဲ႕ကံအျဖစ္ ကံကိုသာ ပုံ အပ္ထားလိုက္႐ုံပါပဲ။သူတို႔ရဲ႕ကံဆိုတာက မေသသင့္ေသးတဲ့အခ်ိန္ ေသ၊မေသ။ကိုယ့္ရဲ႕ကံဆို တာကေတာ့ ကိုယ့္မိသားစုပိုင္ဆိုင္မႈ၊ကိုယ့္ရင္းႏွီးျမႇဳပ္ႏွံထားမႈဟာ စစ္တပ္လက္ခ်က္နဲ႔ အရင္းတစ္က်ပ္ ေတာင္ျပန္မရ တာ မ်ိဳးေတြရွိေတာ့။

‘ငါတို႔႐ြာေတြမွာအဲဒါေၾကာင့္ ႏြားေတြဝက္ေတြမေမြးၾကတာ’လို႔ စစ္ေျပးဒုကၡသည္ သူငယ္ခ်င္းက ေျပာျပေတာ့ က်ေနာ္ငယ္ေသးတာေၾကာင့္မ်ားလား၊သိပ္နားမလည္။

အလစ္အငိုက္မွာ ႐ြာထဲကို စစ္တပ္ဝင္လာတယ္ဆိုရင္ေတာ့ ေယာက်ာ္းသားေတြ၊လူငယ္ေတြ လြတ္ ႏိုင္ရင္အျမန္ေျပးၾက။စစ္တပ္က႐ြာထိပ္ေရာက္တာလွမ္းျမင္ရတာနဲ႔ တစ္႐ြာလုံးအလုံးအရင္းနဲ႔အသံေတြထြက္ လာၾကတာမို႔ ႐ြာသားေတြလုပ္လက္စအျမန္ခ် ေျပးသာေျပးၾက။ငယ္ဘဝကတည္းက က်င့္သားရၿပီးသားဘဝ ေပးမို႔ ဘယ္အေပါက္ကေနဘယ္ကိုေျပးရမလဲဆိုတာ ကေယာင္ကတမ္းမျဖစ္ အလိုလိုလုပ္မိလ်က္သား။

မေျပးႏိုင္လို႔ က်န္ခဲ့တဲ့ေယာက်ာ္းသားေတြကေတာ့ မစားသာ။သူတို႔ခိုင္းတာအကုန္လုပ္၊သူတို႔ေမးသ မွ် ေျဖတတ္ေအာင္ေျဖ။သူတို႔ၿမိဳၾကဆို႔ၾကဖို႔ ကိုယ့္အိမ္ေမြးတိရစာၦန္ေတြကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ ခ်က္ျပဳတ္ ေကြၽးေမြးသလို မ်က္ႏွာနဲ႔ ခ်က္ျပဳတ္ရ။သူတို႔႐ြာကေနအျပန္ ေပၚတာလိုက္ခဲ့ဆိုရင္လည္း ႐ြာျပန္ေရာက္ခ်င္မွ ေရာက္ေတာ့မယ္မွန္းသိတဲ့စိတ္နဲ႔ လိုက္ၾကရ။ကံဆိုးသူေတြက် သူပုန္အားေပးဆိုၿပီး တစ္ခါတည္း အသတ္ခံခဲ့ ရတယ္။တခ်ိဳ႕က်ေတာ့လည္း ေပၚတာေခၚသြားၿပီး သူတို႔လိုဘျပည့္ေတာ့ ပစ္သတ္ခံရ၊သူတို႔ထက္ကံဆိုးသူတ ခ်ိဳ႕ကေတာ့ ေတာထဲ မွ်စ္ခ်ိဳးဝါးခုတ္ရင္း မိုင္းနင္းမိလို႔ ရာသက္ပန္ဒုကၡိတဘဝေရာက္ရ။ေပၚတာပါသြားရင္း မိုင္းနင္းမိတဲ့ဘဝေတြလည္း မနည္းလွ။

က်ေနာ္ငယ္ငယ္တုန္းက ၾကားခဲ့ဖူးတဲ့ အမဲေရာင္နယ္ေျမ ကရင္ျပည္နယ္က ရင္နာစရာအျဖစ္အပ်က္ ေတြပါ။က်ေနာ့္သူငယ္ခ်င္းက ငယ္ဘဝမွာပင္ စစ္ေျပးဒုကၡသည္အျဖစ္ သူတို႔ဇာတိနဲ႔ႏႈိင္းယွဥ္ရင္ ေအးခ်မ္းတဲ့ က်ေနာ္တို႔ဇာတိက ဘုန္း ေတာ္ႀကီးေက်ာင္းမွာ ဘုန္းႀကီးေက်ာင္းသား။သူတို႔ဟာေမြးဖြားလာကတည္းက စစ္ တပ္ရဲ႕ဒဏ္ကို ေကာင္းေကာင္းသိခဲ့ၾကသူပါ။သူတို႔ရဲ႕ေမြးရာပါအသိအရ ႏႈတ္ေစာင့္စည္းရမယ္မွန္းလည္း ေကာင္း ေကာင္းသိၾကပါတယ္။

ဒါ့ေၾကာင့္ သူတို႔ဟာ က်ေနာ္တို႔ရပ္႐ြာကို ေရာက္လာတာၾကာေပမဲ့ သူတို႔ရင္ထဲတဆတ္ဆတ္နာရတဲ့ စစ္တပ္မ ေကာင္းေၾကာင္းကို ေမးတဲ့လူရွိေတာင္မေျပာရဲၾကဘူး။က်ေနာ္တို႔ရပ္႐ြာကလည္း ေတာသူေတာင္ သား ေတြမို႔ စစ္တပ္ေကာင္း၊မေကာင္းဆိုတာလည္း မေမးရဲၾကပါဘူး။ဒါေပမဲ့၊အားလုံးတူညီတဲ့အခ်က္က စစ္ တပ္ျမင္ရင္ ခပ္ေဝးေဝးကေနေရွာင္တာ အႏၲရာယ္ကင္းတယ္ဆိုတာပါပဲ။

က်ေနာ့္သူငယ္ခ်င္းဟာ ဟိုး..ငယ္ငယ္ေလးကတည္းက စစ္တိုက္တမ္းကစားမယ္ဆို ဘယ္ေတာ့မွ ပါ ေလ့မရွိဘူး။သူငယ္ခ်င္းအရင္းျဖစ္တဲ့က်ေနာ္ေခၚတာေတာင္ ျငင္းေလ့ရွိတယ္။မင္းကစစ္ဗိုလ္ႀကီးလုပ္၊ငါတို႔က သူပုန္လုပ္မယ္ဆိုလဲ မရ၊စစ္တိုက္တာမေကာင္းဘူးလို႔သာ သူတြင္တြင္ေျပာေလ့ရွိတယ္။

နည္းနည္းအ႐ြယ္ေရာက္လာ၊ႏွစ္ေယာက္တည္းသာရွိတဲ့အခ်ိန္မ်ိဳး သူတို႔ရပ္႐ြာအေၾကာင္း က်ေနာ္ ေမးၾကည့္မွ တစစနဲ႔ စစ္တပ္ရဲ႕ ယုတ္မာပက္စက္မႈေတြကို သူေျပာျပလာခဲ့တယ္။စစ္တပ္အေၾကာင္းသူေျပာ ျပလို႔ၿပီးတဲ့အခါတိုင္း ‘မင္းဘယ္သူမွ ျပန္မေျပာနဲ႔’ဆိုတာ နဲ႔ သူအဆုံးသတ္ေလ့ရွိတယ္။

စစ္တပ္ကိုေပၚတာဆြဲတာေလာက္သိၿပီး နာက်ည္းေနတဲ့က်ေနာ္ သူငယ္ခ်င္းတို႔ျဖတ္သန္းခဲ့တဲ့ဘဝကို ၾကားရေတာ့ ရင္ဘတ္ထဲဟုန္းခနဲမီးထေတာက္သလို က်ေနာ္ အထိတ္တလန႔္ မီးပြင့္ခဲ့ရတယ္။႐ိုးသားလြန္းတဲ့ သူငယ္ခ်င္းကို မင္းပိုေျပာေနတာလားလို႔ ေမးစရာမလိုဘဲ က်ေနာ္စိတ္ခ်လက္ခ်ယုံခဲ့တယ္။

အဲဒီယုံၾကည္စိတ္နဲ႔ စစ္တပ္ကိုက်ေနာ္တူးခါးခဲ့တယ္။စစ္တပ္ရဲ႕ ဓားျပဆန္မႈေတြကို ဟိုး..ငယ္စဥ္က တည္းက က်ေနာ္သိခဲ့ရတယ္။အဲဒီစိတ္နဲ႔ပဲ အာဏာရွင္စစ္တပ္ကို ေတာ္လွန္ရမယ္မွန္း ၁၆ႏွစ္မျပည့္ေသးခင္ မွာပဲ သိရွိ၊ရွစ္ေလးလုံးအေရးေတာ္ပုံႀကီးထဲ ကိုယ့္သိမႈေသးေသးေလးနဲ႔ ေျခစုံပစ္ဝင္လို႔။ေထာင္ေတြဘာေတြ က်ေတာ့လည္း ေထာင္ကိုေက်ာင္းေတာ္ႀကီးအျဖစ္ စိတ္ပါလက္ပါေပ်ာ္ဝင္လို႔ေပါ့။

၂၀၁၀ဒီဘက္ကိုေရာက္ေတာ့ စစ္တစ္ပိုင္းဒီမိုကေရစီဟာ ျမန္မာျပည္သူတို႔အတြက္ ခံတြင္းခ်ဥ္ေျပ႐ုံ သာတတ္ႏိုင္ေၾကာင္း ေကာင္းေကာင္းသေဘာေပါက္ခဲ့ေပမဲ့ လႊတ္ေတာ္လမ္းေၾကာင္းကေန စစ္တစ္ပိုင္းဒီမို ကေရစီကို ေက်ာ္ျဖတ္ႏိုင္မလားလို႔ စိတ္ကူးယဥ္ခဲ့ဖူးတယ္။

ဘာပဲျဖစ္ျဖစ္ NLD အစိုးရလက္ထက္၊တိုင္းရင္းသားေဒသမ်ားစြာမွာ ၿငိမ္းခ်မ္းေရးေရာင္ျခည္သန္း လာသလို အထူးသျဖင့္ က်ေနာ့္သူငယ္ခ်င္းတို႔ကရင္ေဒသေတြမွာ တိုက္ပြဲသံေတြဆိတ္၊သူငယ္ခ်င္းတို႔လိုခ်င္ လြန္းတဲ့ ဘဝမ်ိဳးေလးမို႔ က်ေနာ္ေက်နပ္ခဲ့မိတယ္။NLD အစိုးရလက္ထက္၊သူငယ္ခ်င္းနဲ႔ အမွတ္တမဲ့ဆုံေတာ့ သူ႔႐ြာကၿခံဧကက်ယ္က်ယ္မွာ သူတို႔ေဒသထြက္သစ္သီးဝလံေတြစိုက္ပ်ိဳးရင္း သက္ေသာင့္သက္သာ ေနထိုင္စား ေသာက္ႏိုင္ၿပီ၊သူတို႔႐ြာကလည္းၿငိမ္းခ်မ္းေနၿပီဆိုေတာ့ က်ေနာ့္ကိုသိပ္လာေစခ်င္ခဲ့တာ။

ခုေတာ့ အာဏာ႐ူးေတြေၾကာင့္ ေဖေဖၚဝါရီ၁မွာ တိုင္းျပည္လည္းတက္က်ိဳးခဲ့ရ။ၿငိမ္းခ်မ္းေရးေရာင္ ျခည္ဟာ ခ်က္ခ်င္းဆိုသလို ကြယ္ပသြား႐ုံတင္မက တစ္တိုင္းျပည္လုံးအႏွံ႔ စစ္မီးေတာက္ေလာင္ခဲ့ရတယ္။ စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္းအေျခအေနနဲ႔ပတ္သက္ၿပီး ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးခဲ့တဲ့ ျမန္ မာဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Burgener က ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ စၿပီလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ျပည္တြင္းစစ္မီးက ဘယ္ေလာက္ထိေအာင္ေတာက္ေလာင္ေနၿပီလဲဆိုေတာ့ ၿမိဳ႕ႀကီးျပႀကီးေတြမွာ ေန႔တိုင္းကို ဗုံးမကြဲတဲ့ေန႔၊က်ည္မထြက္တဲ့ေန႔မရွိတဲ့အထိပါပဲ။ၿပီးေတာ့အခုလိုအေျခအေနမ်ိဳးဟာ သူ႔ကြၽန္ဘ ဝ အဂၤလိပ္လက္ထက္ကစလို႔ ၂၀၂၁ေဖေဖာ္ဝါရီ အာဏာမသိမ္းမီအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ တစ္ႀကိမ္တစ္ခါမွ မ ေပၚေပါက္ခဲ့တဲ့အေျခအေနမ်ိဳးပါ။လြတ္လပ္ေရးရၿပီးခါစ ရန္ကုန္အစိုးရဆိုတဲ့အေျခအေနမ်ိဳးမွာေတာင္  နယ္ ေျမဆုံးရႈံးတာသာရွိၿပီး အစိုးရအာဏာသက္ေရာက္တဲ့ေနရာေတြမွာ ဗုံးကြဲ၊မိုင္းကြဲ၊အပစ္ခံရ ဆိုတဲ့ပုံစံမ်ိဳး မရွိခဲ့ပါဘူး။

ၿပီးေတာ့ ျပည္သူပိုင္ပစၥည္းေတြကို စစ္တပ္ကဝင္ဖ်က္ဆီးတာ၊လူကိုဖမ္းရင္း ေ႐ႊေငြပစၥည္းေတြကိုပါ လုယက္တာမ်ိဳးလည္း ဘယ္ေခတ္မွာမွ မရွိခဲ့ပါဘူး။NUGနဲ႔ပတ္သက္လို႔၊ NLDနဲ႔ပတ္သက္လို႔၊ CRPH နဲ႔ ပတ္သက္လို႔ PDFနဲ႔ပတ္သက္လို႔ဆိုၿပီး ပိုင္ဆိုင္မႈေတြ သိမ္းဆည္းတာမ်ိဳးဟာလည္း ဘယ္ေခတ္မွာမွ မရွိခဲ့ ဖူး ပါဘူး။အခုႏိုဝင္ဘာလဆန္းအထိ ႏိုင္ငံပိုင္သိမ္းလိုက္တဲ့ အိမ္၇၀ေလာက္ရွိၿပီလို႔ RFA ကေျပာပါတယ္။ေအာက္ တိုဘာ၃၁ရက္ေန႔မနက္၁နာရီတုန္းကဆိုရင္PDF နဲ႔ပတ္သက္လို႔ ခ်ိတ္ပိတ္ထားတဲ့ စစ္ကိုင္းတိုင္း၊ေရဦးၿမိဳ႕နယ္ က တိုင္းလႊတ္ေတာ္အမတ္ရဲ႕အိမ္ကို စစ္တပ္ကေရာက္လာၿပီး အိမ္တြင္းပရိေဘာကေတြအကုန္႐ိုက္ခ်ိဳးဖ်က္ ဆီးတယ္ဆိုတာမ်ိဳးဟာ ဂ်ပန္ဖက္ဆစ္ေတြေတာင္ ဗမာျပည္မွာ မလုပ္ခဲ့ဖူးတဲ့ လုပ္ရပ္ေတြပါ။

ဒီေႏြဦးေတာ္လွန္ေရးမွာ ျမန္မာျပည္သူေတြ အေကာင္းဆုံးသိရွိခံစားတတ္တဲ့ ေနာက္တစ္ခ်က္က ေတာ့ အေမွာင္က်ေနတဲ့ တိုင္းရင္းသားေဒသေတြမွာ ႏွစ္ေပါင္းရွည္ၾကာ က်ေနာ္တို႔တိုင္းရင္းသားေတြခံစားခဲ့ ၾကရတဲ့ စစ္အုပ္စုရဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြကို သိရွိစာနာတတ္လာျခင္းပါပဲ။

အထက္မွာက်ေနာ္ေျပာခဲ့တဲ့ က်ေနာ့္သူငယ္ခ်င္းေတြ ခံစားခဲ့ရတဲ့ စစ္ေဘးဒုကၡဆိုးေတြကို အခု မင္း ေအာင္လႈိင္လက္ထက္၊ျမန္မာေဒသအခ်ိဳ႕မွာ ခံစားခဲ့ရတာ နဲ႔ အဲဒီခံစားခဲ့ရတဲ့အျဖစ္အပ်က္ေတြကို စကား လုံးေတြ၊ဓာတ္ပုံအေထာက္အထားေတြတင္မက ႐ုပ္သံမွတ္တမ္းေတြနဲ႔ပါ ခ်က္ခ်င္းဆိုသလို သိရွိခဲ့ၾကတယ္။

ဥပမာ-ဒီႏွစ္ဇြန္၁၅ရက္ေန႔မွာ စစ္တပ္က တစ္႐ြာလုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့တဲ့ မေကြးတိုင္း၊ေပါက္ ၿမိဳ႕နယ္၊ကင္းမ႐ြာအျဖစ္အ ပ်က္ဟာ စစ္ေဘးသင့္တိုင္းရင္းသားေဒသေတြမွာ မေနခဲ့ဖူးတဲ့ မ်ားစြာေသာ ျပည္သူေတြအတြက္ အံ့ဩတႀကီးျဖစ္ခဲ့ရသလို ဒီလိုအျဖစ္အပ်က္မ်ိဳးေတြဟာ စစ္ေဘးသင့္တိုင္းရင္းသားေဒ သေတြမွာ ႏွစ္မ်ားစြာၾကာျဖစ္ပ်က္ခဲ့မွန္းထပ္သိခဲ့ေလေတာ့ တိုင္းရင္းသားေတြအေပၚ ပိုစာနာမိလာပါတယ္။

စစ္ကိုင္းတိုင္း၊ပုလဲၿမိဳ႕နယ္က ေတာင္ေပၚ႐ြာေတြဆိုရင္လည္း အဲဒီလိုပါပဲ။စစ္တပ္လာၿပီဆို ႐ြာသား ေတြဟာ ေ႐ႊတိုေငြစေလး ေခြၽးခံထဲထည့္လို႔ေျပးၾကရတယ္။မေျပးရင္ဘာျဖစ္မလဲဆိုေတာ့ က်ည္ဆန္နဲ႔ေတြ႕ ဖို႔မ်ားပါတယ္။အခ်ိန္ရရင္ ကိုယ့္ပိုင္ဆိုင္မႈနည္းနည္းႀကီးတဲ့ ႏြားေတြဝက္ေတြကိုပါ ကိုယ္နဲ႔တပါတည္း ေခၚ သြားရတယ္။

စစ္တပ္ဟာ ႐ြာကိုေရာက္ရင္ တံခါးပိတ္ထားတဲ့အိမ္႐ိုက္ဖ်က္၊အိမ္ထဲကိုဝင္၊သယ္လို႔ရၿပီးေကာင္းတာ မွန္သမွ်အကုန္ယူ။မယူခ်င္တာ႐ိုက္ခ်ိဳးဖ်က္ဆီး။က်န္ေနတဲ့ၾကက္ေတြနဲ႔ စားလို႔ရတာေတြကို ခ်က္ျပဳတ္စား ေသာက္။အားလုံးဟာ သူတို႔အပိုင္ပစၥည္းပမာ၊သူတို႔ဟာ ဘာမဆို စိတ္ႀကိဳက္လုပ္ခြင့္ရွိသူပမာ လူပါးဝၾကတာ ပါ။

ေအာက္တိုဘာလအတြင္းက ပုလဲၿမိဳ႕နယ္၊ပုလဲ-ဂန႔္ေဂါကားလမ္းေဘး၊ ၅၆မိုင္စခန္း႐ြာဆို စစ္တပ္က ဘာအေၾကာင္းျပခ်က္မွ မ ရွိဘဲ ႐ြာလုံးကြၽတ္မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။အခုဆို စစ္တပ္ကအခ်ိန္မေ႐ြး ေရာက္လာႏိုင္တဲ့ ပုလဲ-ဂန႔္ေဂါကားလမ္းေဘးက ႐ြာေတြဟာ ႐ြာနဲ႔တစ္မိုင္ေလာက္ေဝးတဲ့ ေတာထဲမွာသာ ျဖစ္သလို တဲထိုးေနၿပီး ကိုယ့္႐ြာကိုယ္ ဧည့္သြားဧည့္လာလုပ္ေနရပါတယ္။

အခုေနာက္ဆုံးေပၚကေတာ့ ခ်င္းျပည္နယ္၊ထန္တလန္ၿမိဳ႕ပါပဲ။ေအာက္တိုဘာ၂၉ရက္ေန႔မွာ ၿမိဳ႕ထဲကို လက္နက္ႀကီးနဲ႔ပစ္တယ္။အိမ္ေတြကို မီးရႈိ႕တယ္။ဘုရားေက်ာင္းႏွစ္ေက်ာင္းနဲ႔ အိမ္၁၆၀ေက်ာ္မီးေလာင္တိုက္ အသြင္းခံရတယ္။စစ္အုပ္စုရဲ႕အဲဒီလုပ္ရပ္ကို တစ္ႏိုင္ငံလုံးေရာႏိုင္ငံတကာကပါ ဝိုင္းဝန္းကန႔္ကြက္ေနတာ ေတာင္ ႏိုဝင္ဘာ၆ရက္ေန႔မွာ လက္နက္ႀကီးနဲ႔ထပ္ပစ္လို႔ မိဘမဲ့ေဂဟာအပါအဝင္အိမ္၄လုံး မီးေလာင္ခဲ့တယ္။

ဘာပဲျဖစ္ျဖစ္ တိုင္းရင္းသားေတြခံစားခဲ့ရတဲ့ စစ္ဘီလူးေတြရဲ႕လုပ္ရပ္ကို အခုျပည္သူမ်ားစြာဟာ တိုက္႐ိုက္မခံစားဖူးေတာင္ ကိုယ္တိုင္ခံစားရသလို ျမင္ရေတြ႕ရခဲ့ျခင္းဟာ က်ေနာ္တို႔အတြက္ တကယ့္အ ျမတ္ႀကီးပါပဲ။

ဒီလိုသိရွိခံစားမႈေတြဟာ က်ေနာ္တို႔အားလုံးအတြက္အင္အားျဖစ္ခဲ့သလို ဒီေတာင္ကိုက်ေနာ္တို႔ ေက်ာ္ျဖတ္ၿပီးတဲ့အခ်ိန္ ဖက္ဒရယ္ဒီမိုကေရစီခရီးကိုဆက္ဖို႔ နားလည္မႈတစ္စုံတစ္ရာရရွိေစမယ္လို႔ ယုံၾကည္ ပါတယ္။

မင္းကိုမင္း