• Today is: Monday, September 25, 2023

CRC မဟာမိတ်များအကြား သဘောတူညီချက်ထုတ်ပြန်

CRC မဟာမိတ်များအကြား သဘောတူညီချက်ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၊ ၂၀၂၁

မြန်မာတစ်နိုင်ငံလုံးရှိ Local PDF အဖွဲ့ပေါင်း ၇၀ပါဝင်သည့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး မဟာမိတ်များအကြား သဘောတူညီချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

၁) တော်လှန်ရေး သဘောထား စစ်မှန်ပြီး ခွဲခြားဆက်ဆံခြင်း မရှိရပေ။ တော်လှန်ရေးတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ပါတီမရွေး၊ လိင်မရွေး ပါဝင်သဖြင့် အပြန်အလှန် လေးစားရမည်။

၂) ဤကာလအတွင်း အာဏာရှင်ကို ဖီဆန်သော လုပ်ငန်းစဥ်များအား တစိုက်မတ်မတ် လုပ်ဆောင်နေရမည်။ မလုပ်ဆောင်နိုင်ပါက သင့်အား အကြောင်းကြားပြီး အဖွဲ့ဝင်အဖြစ်မှ ရပ်စဲမည်။

၃) မဟာမိတ်၏ ခွင့်ပြုချက်မရှိဘဲ နာမည် နှင့် အမှတ်အသား သုံးစွဲခွင့် မပြုပေ။ သာမန်ကိစ္စ ဖြစ်ပေါ်ပါက တိုက်ရိုက်ခွင့်တောင်းရမည်။ အရေးပေါ်ကိစ္စ ဖြစ်ပေါ်ပါက တဆင့်ခွင့်တောင်းလည်းရသည်။

၄) မိမိသည် အာဏာရှင်ကို တိုက်ခိုက်နေရသော်လည်း ပြည်သူများ မထိခိုက်အောင် အစဥ်အမြဲ ကြိုးစားရမည်။ သို့ဖြစ်၍ တိကျသော စစ်ဆင်ရေးကိုသာ လုပ်ဆောင်သင့်သည်။

၅) ရွေးကောက်ထားသော ဦးဆောင်ကော်မတီကို ပြောင်းလဲလိုပါက ထောက်ခံမဲ ၅၁% နှင့်အထက် လိုအပ်သည်။ အဖွဲ့ဝင်ခြင်း/ထုတ်ခြင်းကို ၁ ရက် မှ ၃ ရက် ကြိုဆွေးနွေးရမည်။
Civilian resistance coalition (CRC)